အခန်း (၁၆၈)
Vol. 12 Ch. 168
ဆေးသန့်စင်ဟောခန်း တည်ဆောက်ပြီးသည့်နောက်မှာတော့ သံမဏိအရိုးဂိုဏ်းသည် ပိုမိုအားကောင်းသော ဂိုဏ်းတစ်ခုအဖြစ် ရောက်ရှိရန် ခြေတစ်လှမ်း တိုးတက်လာခဲ့ပြီဖြစ်သည်။
သူတို့အနေနှင့် လျှောက်စရာလမ်းမှာ အဝေးကြီးလိုအပ်နေသေးသည်။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် သူလျှောက်မည့်လမ်းအား တစ်ဆင့်ချင်းစီ လျှောက်လျက်ရှိသည်။
သူ့အနေနှင့် ဂိုဏ်းအတွက် လိုအပ်သော အရာများအား တစ်ဖြည်းဖြည်းနှင့် ထည့်သွင်းသွား၏။
ထိုမှသာ ပိုမို၍ ပြည့်စုံစေဖို့ ချဲ့ထွင်လာနိုင်မည်ဖြစ်သည်။
သူ လျှောက်ရမည့်လမ်းစဉ်သည် ပိုမို၍ ဝေးသော ခရီးတစ်ခု အဖြစ် လျှောက်လှမ်းရမည်ဆိုသော်လည်း သူ့တွင် ယုံကြည်မှု အပြည့်အဝရှိနေ၏။ အဘယ့်ကြောင့်ဆိုသော် သူ့တွင် စနစ်ရှိနေသောကြောင့် ဖြစ်၏။
ရှောင်ကလန်၏ ဆေးပင်နှင့် ဆေးလုံးများအား အိုက်ကလန်ကို စီမံခိုင်းပြီးသည့် နောက်မှာတော့ လီလိုရှု သည် မိုင်းတွင်းနှင့် ပတ်သက်သည့် တာဝန်များကို ယူထားရ၏။
ကျွင်းချောင်ရှောင်းသည် အားလပ်နေသောကြောင့် သူ၏ သိုင်းပညာကိုပဲ အာရုံစိုက်ကာ ကျင့်ကြံလျက်ရှိ၏။
နဂါးစိမ်း လခြမ်းဓားမော့အား ဝယ်ယူပြီးသည့်နောက်မှာတော့ သူ၏ သိုင်းတပည့်ထပ်ဆုံးအဆင့်ဟူသော အားအင်သည် ဘာမှမဟုတ်သော သောက်တလွဲအရာလေး တစ်ခုမှန်း နားလည် သိရှိသွား၏။ ထို့ကြောင့် ဖြစ်နိုင်သမျှ အမြန်ဆုံးအဆင့်တက်ရန် လိုအပ်နေသည်။
မည်ကဲ့သို့ အဆင့်တက်ရမည်နည်း။
သူ့အနေနှင့် အထူးတာဝန်ကို ပြည့်စုံရန် လိုအပ်နေ၏။ ထိုအရာသာလျှင် မပြည့်စုံပါက သူ၏အဆင့်သည် ဖိနှိပ်ခံထားရမှာ ဖြစ်၏။
"ချီးတဲ့မှ။"
ကျွင်းချောင်ရှောင်းသည် စနစ်အား ဖွင့်၍ အထူးတာဝန်ဆိုသည့်နေရာအား ဖိနှိပ်ကြည့်လိုက်၏။
ပြီးနောက် တီးတိုးရေရွတ်လိုက်၏။
"တာဝန်ပြီးမြောက်ဖို့အတွက် ရက်သုံးဆယ်ကျော်လောက် လိုသေးတယ်။ ဒီအချိန်အတွင်း ကောင်းကောင်းပြင်ဆင်ရမှာပဲ။"
ဤကဲ့သို့သော တာဝန်သည် တောင်ကြားထဲရှိ များပြလှသော သားရဲများကို သတ်ဖြတ်ရန် ဖြစ်၏။ ထို့ကြောင့် ကြီးမားကျယ်ပြန့်သောတာဝန်ဟုဆိုရမည်။ သူ့အနေနှင့် တပည့်အများအပြားကို ခေါ်ဆောင်သွားရန် လိုအပ်နေသည်။
"ဂိုဏ်းချုပ်"
သူ တွေးနေတုန်းမှာပဲ လီချင်းယန်သည် စာကြည့်ခန်းထဲသို့ လျှောက်လာပြီး ပြောလိုက်၏။ "အပြင်မှာ ဂိုဏ်းထဲဝင်ချင်တဲ့သူတွေ အများကြီးပဲ တန်းစီစောင့်နေတယ်။"
"ဘယ်လောက်များလဲ။"
"အနည်းဆုံး ငါးရာကနေ ခြောက်ရာကြား ရှိမယ်နဲ့တူတယ်။"
ကျွင်းချောင်ရှောင်းသည် ထိုမျှ များပြားသော လူများ ဂိုဏ်းထဲဝင်ရန် တန်းစီနေသည်ကို မအံ့ဩမိချေ။
ထို့အပြင် ဟောင်ချီဂိုဏ်းအား အနိုင်ယူပြီးနောက် မည်သို့သော ဦးနှောက်ရှိသူမဆို သံမဏိအရိုးဂိုဏ်းဆီ ဝင်ရောက်မှာ ကျိန်းသေ၏။
"သွားကြစို့။"
ကျွင်းချောင်ရှောင်း မတ်တပ်ရပ်ကာ ပြောလိုက်သည်။ "တပည့်တွေ လက်ခံကြမယ်။"
ကျွီ။
တင်းတင်းပိတ်ထားသော သံမဏိအရိုးဂိုဏ်း၏တံခါးသည် ရုတ်တရက်ဆိုသလိုပဲ ပွင့်လာ၏။ ကျွင်းချောင်ရှောင်း လျှောက်ထွက်လိုက်၏။
သူလှေကားထစ်များသို မဆင်းသက်ရသေးခင်မှာပဲ ရာချီအောင် များပြားလှသော လူငယ်များသည် ဒီရေတိုက်သည်အလား ပြေးလာပြီး ဂိုဏ်းထဲသို့ ဝင်ရောက်ချင်ကြောင်း တောင်းဆိုကြတော့၏။
ဤလူငယ်အများအပြားသည် ဂိုဏ်းလူခေါ်သည့်အကြောင်းကို လွန်ခဲ့သည့်တစ်လကတည်းက သိရှိခဲ့ကြပြီး ဖြစ်၏။
သူတို့သည် ဂိုဏ်းအား ဝင်ရောက်ချင်ကြသည်။ သို့ပေမဲ့ အဘယ့်ကြောင့် ယခုမှ ဝင်ရောက်ကြသနည်း။
အဘယ့်ကြောင့်ဆိုသော် သူတို့၏ မိဘများ သည် သံမဏိအရိုးဂိုဏ်းထဲသို့ ဝင်ရောက်မည့်ကိစ္စအား ပြင်းပြင်းထန်ထန် ပိတ်ခဲ့ကြသောကြောင့်ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် သံမဏိအရိုးဂိုဏ်းသည် ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့အား အပြစ်ပြုမိခဲ့သလို ဟောင်ချီဂိုဏ်း အားလည်း စိန်ခေါ်ခဲ့သေးသည်။ ထိုကဲ့သို့သော ဂိုဏ်းမျိုးကို ဝင်ရောက်ခြင်းသည် သေလမ်းရှာခြင်းနှင့်ပင် ဆင်တူသည်။
ထို့ကြောင့် မိဘများ တားဆီးခဲ့သည်မှာ အံ့အားသင့်စရာတော့ မရှိပေ။
ဟောင်ချီဂိုဏ်းနှင့် ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့များသည် ချင်းယန်နိုင်ငံတွင် တကယ့်ကို ကြီးမားသည့် ဂိုဏ်းဟုသတ်မှတ်ကြသည်။ ထို့ကြောင့် စွန့်စားမှုကို ပြုလုပ်၍ သူတို့ကလေးများကို ကျားပါးစပ်ထဲသို့ မည်သူက ပို့ လွှတ်ချင်မည်နည်း။
ယခုအခြေအနေမှာတော့ အခြေအနေများသည် အလုံးစုံ ကွာခြားသွားခဲ့ပြီဖြစ်သည်။
ကျွင်းချောင်ရှောင်းသည် သူ၏ တပည့်များကို ခေါ်ယူ၍ ဟောင်ချီဂိုဏ်းတစ်ခုလုံးအား အနိုင်ယူခဲ့၏။ ထို့ကြောင့် သူတို့၏ အားအင်သည် အလွန်အမင်းသန်မာအားကောင်းကြောင်း သက်သေပြခဲ့ပြီးပြီဖြစ်သည်။
အဆင့်သတ်မှတ်ချက်အနေဖြင့် ရေရေရာရာ သတ်မှတ်ချက်မရှိသော ဂိုဏ်းတစ်ခုသည် ရုတ်တရက်ဆိုသလိုပဲ အားအင်အရာတွင် ဂုဏ်သိက္ခာမြင့်တက်သွားခဲ့ပြီး အဆင့်ခြောက်ဂိုဏ်းတစ်ခုနှင့်ပင် လက်ရည်ချင်း ယှဉ်ပြိုင် တိုက်ခိုက်နိုင်သော ဂိုဏ်းအဆင့်သို့ ရောက်ရှိသွားခဲ့သည်။ ထိုအရာသည် ကြီးမားသည့် အလားအလာရှိသည်ဟု သတ်မှတ်ရမှာ ဖြစ်။
အမြင်ရှိလှသော မိဘများသည် သူတို့ကလေး၏ ဆုံးဖြတ်ချက်ကို သဘောတူရုံသာမက ဂိုဏ်း၏ ဂိတ်တံခါးဆီသို့ ကိုယ်တိုင်ပင် လိုက်ပါ ပိုဆောင်ကြတော့သည်။
တစ်ချို့သည် တောင်ခြေ၌ သူတို့၏ သားသမီးများအား သံမဏိအရိုးဂိုဏ်းမှ လက်ခံပါစေရန် ဆုတောင်းမှုပင် ပြုလုပ်နေကြ၏။
သနားစရာကောင်းလှသည်မှာ များပြားလှသော မိဘများသည် ကျိန်းသေပေါက် စိတ်ပျက်ရမှာ သေချာသည်။
အဘယ့်ကြောင့်ဆိုသော် သံမဏိအရိုးဂိုဏ်း၏ လွတ်လပ်နေသော နေရာသည် ၂၆၀သာ ရှိနေသည်။
"တန်းစီကြ … တစ်ယောက်ချင်းစီ။"
လီချင်းယန် အမိန့်ပေးလိုက်သည်။
များပြားလှသော လူငယ်ငါးရာကျော်တို့သည် သပ်သပ်ရပ်ရပ်နှင့် တစ်ယောက်ချင်းစီ တန်းစီလိုက်ကြတော့သည်။
“မင်း နာမည်ဘယ်လိုခေါ်လဲ။”
ကျွင်းချောင်ရှောင်းသည် ပထမဦးဆုံး စိန်ခေါ်ပွဲ သို့ ရောက်ရှိလာသော လူငယ်အား မေးလိုက်၏။
လူငယ်သည် စိတ်လှုပ်ရှားလွန်းသောကြောင့် ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြောလိုက်၏။ "သ … သ … သတင်းပို့ပါတယ် ဂိုဏ်းချုပ် … ကျွန် ….ကျွန်တော် "
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "မင်းလျှာကို တည့်တည့်ထားပြီးတော့ ပြော။"
ဟူး။
လူငယ်သည် သက်ပြင်းအရှည်ကြီးချလိုက်၏။ ပြီးနောက် သူ၏ ခံစားချက်များကို ထိန်းချုပ်ကာ ပြောလိုက်သည်။ "သတင်းပို့ပါတယ် ဂိုဏ်းချုပ်။ ကျွန်တော့်ရဲ့နာမည်က ဟိုင်ကွန်းရှန်ပါ။"
ကျွင်းချောင်ရှောင်းသည် ပြောလိုက်သည်။
"မင်းက အကန့်အသတ်မဲ့ နတ်ဆိုးဂိုဏ်းက သခင်လေးဟိုင်လား"
"အကန့်အသတ်မဲ့ နတ်ဆိုးဂိုဏ်း ဟုတ်လား။"
ဟိုင်ကွန်းရှန် ကြောင်အအနှင့် ပြန်ပြောလိုက်သည်။
"ကျွန်တော် အရင်တုန်းက ဘယ်ဂိုဏ်းကိုမှ မဝင်ဖူးပါဘူး။"
ကျွင်းချောင်ရှောင်း ခေါင်းခါယမ်းလိုက်၏။
"မင်းက ကျင့်ကြံသူတို့ စကားဝိုင်းထဲမှာ သေလမ်းရှာစွန်းလို့ ခေါ်တဲ့ စွန်းရူဟန်ကို ပြဿနာရှာခဲ့တဲ့ကောင်။ ဒီတော့ မင်းက သံမဏိအရိုးဂိုဏ်းနဲ့ မသင့်တော်ဘူး သွားတော့။"
တပည့်အဖြစ် လက်မခံခြင်းသည် နာမည်ကြောင့် ဖြစ်သည်။ နာမည်ကို မကြိုက်သည်နှင့် ဂိုဏ်းမှ လက်မခံဘူးဟူသော စည်းမျဉ်းကိုပင် အသစ်ထုတ်လိုက်သေး၏။ သံမဏိအရိုးဂိုဏ်းသည် သူတို့ လုပ်ချင်ရာကို လုပ်နိုင်သော အခြေအနေကို ရောက်နေပြီဖြစ်၏။
"နောက်တစ်ယောက်"
ကျွင်းချောင်ရှောင်း ပြောလိုက်၏။
ကြည့်ကောင်းလှသော လူငယ်တစ်ယောက်သည် လမ်းလျှောက်လာရင်း ပြောလိုက်သည်။
"ဂိုဏ်းချုပ် … ကျွန်တော့် နာမည်က လင်းကျန်ဟိုင်ပါ။"
ကျွင်းချောင်ရှောင်းသည် ဝင်ခွင့်ဖောင်အား ယူပြီး နာမည်ဖြည့်သွင်းကာ တံဆိပ်တုံးအား ထုနှက်လိုက်သည်။
ပြီးနောက် အနောက်ဘက်ဆီသို့ လက်ညိုးထိုးပြကာ ပြောလိုက်သည်။
"အထဲကို ဝင်သွားလိုက်။ အထဲမှာ တစ်ယောက်ယောက် မင်းကို ကြိုဆိုနေလိမ့်မယ်။"
"ကျေးဇူးပါ ဂိုဏ်းချုပ်။"
လင်းကျန့်ဟိုင် သည် ဦးညွတ်၍ တစ်ခြားသောသူများ၏ မနာလိုသည့် အကြည့်အောက်မှာပဲ သံမဏိအရိုးဂိုဏ်းထဲသို့ လှမ်းဝင်သွားတော့သည်။
မည်သည့်အရာမှ မမေးဘဲနှင့် လက်သင့်ခံခဲ့သည်။ ကြည့်ရသည်မှာ သူတို့အတွက်လည်း များပြားလှသည့် အခွင့်အရေး ရှိသည့်ပုံပေါ်၏။
"ဝင်လာပြီ …. ဝင်လာပြီ။"
စုချောင်မိုသည် လေ့ကျင့်ရေးကွင်းပြင်မှာ ငုတ်တုတ်ထိုင်နေပြီး ပါးစပ်ထဲမှာ မြက်ပင်ကို ကိုက်ကာ ပြောလိုက်သည်။ "လီဖေး ဒီဟာ မင်းကိစ္စပဲ။"
"ကောင်းပါပြီ။"
လီဖေးသည် သူ၏ ခြေထောက်ဖြင့် ဘောလုံးကို ကန်လွှတ်၍ ပြောလိုက်သည်။
ဘောလုံးသည် လေထဲတွင် ဖြတ်သန်းလာပြီး ဘာမှန်းမသိဘဲ လျှောက်ဝင်လာသော လင်ကျန့်ဟိုင် သည် တုံ့ပြန်ချိန်ပင် မရဘဲ မျက်နှာအား ထိမှန်ခံလိုက်ရတော့သည်။
"မဆိုးဘူးပဲ။"
စုချောင်မို ပြောလိုက်သည်။ "လီဖေးရဲ့ ကန်ချက်ကိုထိမိတာတောင် မင်းက လန်ကျမသွားဘူး။ ဒီတော့ အားနည်းနည်းရှိတယ်။"
ဘောလုံးနှင့် မျက်နှာကို ကန်ကြောက်၍ အားအင်စမ်းသပ်ခြင်းကို လုပ်နေကြသည် မှာ အံ့အားသင့်စရာကောင်းလှသည်။
သောက်ကျိုးနည်းစမ်းသပ်မှုပင် ဖြစ်တော့၏။
တစ်ဖက်မှာတော့ စုချောင်မိုနှင့် တစ်ခြားသူများသည် ဘောလုံးကို အသုံးပြု၍ အသစ်ဝင်လာသူများ၏ အားအင်ကို စမ်းသပ်နေကြောင်း မသိရှိသော ကျွင်းချောင်ရှောင်းသည် ဝင်ခွင့်ဖောင့်တစ်ခုကို ယူကာ ပြောလိုက်သည်။
"မင်း နာမည်က ဘာလဲ။"
"နာမည်က စွန်းပုကျန်ပါ။"
ဘုတ်။
သူသည် ဂုဏ်း၏ စည်းတံဆိပ်တုံးအား ရိုက်နက်ကာ ပြောလိုက်သည်။
"ဝင်သွားတော့။"
ကျွင်းဂိုဏ်းချုပ်သည် အမှန်တကယ်ပင် သင့်တော်လှသော လူတစ်ယောက်ကို ရွေးချယ်ရာတွင် ကျင့်ကြံခြင်းအဆင့် ၊ စိတ်ဝိညာဉ် အမြစ်များ အကြောင်း ကို တစ်ချက်လေးမှ မမေးမြန်းခဲ့ပေ။ နာမည် မေးမြန်းရန်သာ လိုအပ်နေ၏။
ဘန်း။
သံမဏိအရိုးဂိုဏ်းထဲမှာတော့ အထဲသို့ လျှောက်ဝင်သွားသော စွန်းပုကျန့် သည် မျက်နှာအား ဘောလုံးနှင့် ထိမှန်ခြင်း ခံလိုက်ရတော့သည်။
သူသည် ဘန်းဆိုသည့်အသံကြီးနှင့်အတူ မြေပြင်ပေါ်သို့ လန်ကျသွားပြီး သွေးတွေအန်ထွက်လာတော့သည်။
စုချောင်မို ထိပ်လန့်စွာဖြင့် ပြောလိုက်သည်။ "အားနည်းလိုက်တာ …တစ်ချက်တည်း ကန်ရုံနဲ့တင် သွေးတောင် အန်ထွက်လာတယ်။"
လီဖေးသည် ခေါင်းကို ကုတ်ကာဖြင့် ပြောလိုက်သည်။ စီနီယာအစ်ကို … ကျွန်တော် အားကိုလည်း ထိန်းထားတာပဲ။ ဒါက အရမ်းကြီး အားများလားဆိုတော့လည်း မဟုတ်ပါဘူး။"
စုချောင်မို မျက်လုံးပြူးသွားသည်။ ပြီးနောက် သူသည် လီဖေးအား အသာတွန်းဖယ်၍ စွန်းပုကျန့်အား ပြေးပွေ့လိုက်၏။
ပြီးနောက် ဆေးခန်းမဆီသို့ အလောတကြီး သယ်ဆောင်ပြီး ပြေးဝင်သွားတော့သည်။
"စွန်းပုကုံ …. သူ့ကို ကယ်အုံး … သူ့ကိုကယ်အုံး။"
ကျွင်းချောင်ရှောင်း သည် နာမည် သဘောကျသည်ဆိုသည်နှင့် ဂိုဏ်းသို့ ဝင်ရောက်ရန် လိုက်ခံလိုက်သည်။
အချိန်တိုအတွင်း လူငယ်ငါးရာတို့အား စာရင်းသွင်း စစ်ဆေးပြီးဖြစ်၏။
လူနှစ်ရာ့ခြောက်ဆယ်သည် သံမဏိအရိုးဂိုဏ်းသို့ ဝင်ရောက်ခွင့် ရကြပြီး ကျန်သူများသည် ထုတ်ပယ်ခြင်း ခံလိုက်ရ၏။
တစ်ခြားနည်းလမ်းလည်း မရှိပေ။ သူ့အနေနှင့် လစ်လပ်နေသည့် နေရာမရှိသောကြောင့် ဂိုဏ်းသားအသစ်အဖြစ် အများအပြား လက်မခံနိုင်သေးချေ။
တပည့်သစ်များကို လက်ခံပြီးသည့်နောက်မှာပဲ စနစ်သည် ဂိုဏ်းသားငါးရာ ပြီးမြောက်သွားပြီ ဖြစ်ကြောင်း ပြောသည်။
ဂိုဏ်း၏ စုဆောင်းမှတ်သည်လည်း ၇၂၀ထိ တိုးတက်သွားပြီဖြစ်ကြောင်း ပြသခဲ့၏။ ဤအမှတ်များသည် နှစ်ဆယ့်လေးနာရီအတွင်း ပယ်ဖျက်ခံရမှာ ဖြစ်၏။
သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် စဉ်းစားမနေချေ။ စုချောင်မိုတို့အတွက် ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်း ဆေးပုလင်း လေးပုလင်းအား ဝယ်ယူလိုက်၏။
ကျန်သည့် နှစ်ဆယ်မှတ်အားတော့ ညကျလျှင် ကံစမ်း၍ refresh လုပ်ရန် စီစဉ်ထားသည်။ စတိုးဆိုင်ထဲမှ ပစ္စည်းကောင်းတစ်ချို့တစ်လေကို ရရန် သူမျှော်လင့်နေမိသည်။
“ဒင်။
ဂိုဏ်း၏ အဖွဲ့ဝင်အရေအတွက်သည် အများဆုံးအရေအတွက် အဖြစ်သို့ ရောက်ရှိခဲ့ပြီသည်။ ထို့ကြောင့် ဂိုဏ်းတာဝန်အသက်ဝင်ခဲ့သည်။”
ကျွင်းချောင်ရှောင်းသည် သူ၏ လက်များကို ပွတ်သပ်၍ စနစ်အား ဖွင့်ကြည့်လိုက်သည်။
ဂိုဏ်းတာဝန်နေရာသည် သုံညဆိုသည့် နေရာမှ ဂိုဏ်းတာဝန်ဆိုသော စာတမ်းတစ်ခု ပေါ်လာသည်။ သူသည် အသေးစိတ်အား ထောက်၍ ဝင်ကြည့်လိုက်၏။
များပြားလှသောတာဝန်များသည် တစ်ခုချင်းဆီ ပေါ်လာသည်။
တာဝန်များမှာ တစ်ရာအထိရှိပြီး ကျွင်းချောင်ရှောင်းသည် ထိုတာဝန်များကို ဖတ်ကြည့်ပြီးသည့်နောက် မူးဝေဝေပင် ဖြစ်မိသွား၏။
တော်တော်များများသော ဂိုဏ်းတာဝန်များသည် ကြယ်တစ်ပွင့်တာဝန်များဖြစ်ပြီး ကြယ်နှစ်ပွင့် တာဝန်နှင့် ကြယ်သုံးပွင့် တာဝန်များလည်း ပါဝင်၏။
ကြယ်တစ်ပွင့် တာဝန်ဆိုသည်မှာ ဂိုဏ်းစုဆောင်းမှတ် တစ်မှတ်ကို ဆိုလိုသည်။ ကြယ်နှစ်ပွင့်တာဝန်သည် ဂိုဏ်းစုဆောင်းမှတ် နှစ်မှတ်ကို ဆိုလိုသည်။
တပည့်များအားလုံးသည် တာဝန်များကို ပြည့်စုံအောင် ပြုလုပ်နိုင်မည်ဆိုလျှင် ဂိုဏ်း၏ အောင်မြင်မှု အမှတ်သည်လည်း ပြည့်စုံသွားလိမ့်မည်။ ထိုသို့ဆိုလျှင် ဂိုဏ်းအား အဆင့်မြှင့်တင်၍ ရပြီဖြစ်သည်။
ဂိုဏ်းအဆင့်တက်ပြီးသည့်နောက်တွင် များပြားလှသည့် လုပ်ဆောင်ချက်များကို အသုံးပြု၍ ရနိုင်မှာဖြစ်၏။
သို့ပေမဲ့ များပြားလှသည့် တာဝန်များပြုလုပ်ရန် တစ်ယောက်ပြီးတစ်ယောက် စေလွှတ်ရသည့်တာဝန်မှာ ခက်ခဲလှသည်။
စနစ်မှ ပြောလိုက်သည်။
“လက်ခံသူအနေနဲ့ စနစ်အား refresh လုပ်နိုင်တယ်။ ကံကောင်းရင် ဂိုဏ်းတာဝန်များကို အလိုအလျောက် ပြသပေးနိုင်တဲ့ တာဝန်ခွဲဝေခြင်း ဘုတ်ပြားကို စတိုးကနေ ရနိုင်တယ်”