အခန်း (၁၆၉)
Vol. 12 Ch. 169
ပထမအကြိမ် တာဝန်များ ခွဲဝေခဲ့စဉ်တုန်းက ကျွင်းချောင်ရှောင်းသည် တပည့်များကို စုစည်း၍ တစ်ယောက်ချင်းစီအား သင့်တော်သည့်တာဝန်များ ပေးအပ်ခဲ့၏။
သို့ပေမဲ့ ယခုအချိန်တွင် ပေါ်ပေါက်လာသော တာဝန်များမှာ အလွန်အမင်း များပြားလှသည်။ ထို့ကြောင့် တစ်ယောက်ချင်းစီအား တစ်ခုချင်းစီ ခွဲခြားပေးရန် မလွယ်ကူလှချေ။
ထိုကဲ့သို့သော အခိုက်အတန့်မျိုးတွင် စနစ်သည် ဂိုဏ်း၏တာဝန်ခွဲဝေခြင်းဘုတ်ပြား ရှိသည်ကို သတိပေးခဲ့၏။
ဂိုဏ်းတာဝန်ခွဲဝေခြင်းဘုတ်ပြားသည် ဂိုဏ်း၏တာဝန်များကို အလိုအလျောက် ဖော်ပြပေးနေမှာဖြစ်ပြီး နှစ်ဆယ့်လေးနာရီလုံး အလုပ်လုပ်နေမှာဖြစ်သည်။ တပည့်များသည် သူတို့ဘာသာ သင့်တော်သည့်တာဝန်များကို ရွေးချယ်၍ ရယူနိုင်စွမ်းရှိ၏။
သို့ပေမဲ့ စတိုးဆီမှ refreshလုပ်၍ ရယူရန်တော့ လိုအပ်နေသေး၏။
"ရဖို့ခက်လား။"
"လက်ခံသူဆီမှာ ဂိုဏ်းစုဆောင်းမှတ်တွေ အများအပြားရှိတယ်ဆိုရင် ရဖို့ခက်ခဲလှတယ်တော့ မဟုတ်ပါဘူး။"
ကျွင်းချောင်ရှောင်း မျက်လုံးများချာချာလည်သွား၏။ "မင်း ပေါက်ကရတွေ လျှောက်ပြောနေတာလား။ဒီလောက် ဂိုဏ်းစုဆောင်းမှတ်တွေ အများကြီးရှိနေမှတော့ မရပဲ ဘယ်နေပါ့မလဲ။"
"ကံဆိုးတာက လက်ခံသူဆီမှာ ဂိုဏ်းစုဆောင်းမှတ်တွေ အများအပြား ရှိမနေပါဘူး။" စနစ်မှပြောလိုက်သည်။
ကျွင်းချောင်ရှောင်းသည် စနစ်အား လျစ်လျူရှုလိုက်၏။ ပြီးနောက် တီးတိုးရေရွတ်လိုက်သည်။ "ဒီဂိုဏ်းစုဆောင်းမှတ်တွေ အများအပြား အသုံးပြုရမယ်ဆိုတာက ငါ့စိတ်ထဲမှာ မကောင်းတဲ့ခံစားချက်တွေ ရနေတယ်။"
"ဂိုဏ်းချုပ်"
ဤအချိန်မှာတော့ စီနီယာဝေသည် သူ့အား လာရောက်တွေ့ဆုံ၏။
"ဂိုဏ်းတစ်ခုအနေနဲ့ ဆေးပင်သန့်စင်တဲ့လူက တစ်ယောက်ထဲရှိနေလို့ မဖြစ်နိုင်ဘူး။"
"အကြီးအကဲဝေ ဘာကိုဆိုလိုတာလဲ။" ကျွင်းချောင်ရှောင်းမေးလိုက်၏။
စီနီယာဝေပြောလိုက်သည်။ "ကျုပ်အနေနဲ့ ဂိုဏ်းထဲမှာရှိတဲ့ သင့်တော်တဲ့တပည့်တွေကို ရွေးချယ်ချင်သေးတယ်။ ဒါမှ သူတို့ကို ဆေးပင်ဘယ်လိုမျိုး စိုက်ပျိုးရတယ်ဆိုတာကို ကိုယ်တိုင်ကိုယ်ကျ သင်ပေးနိုင်မှာ။"
ပြင်ပဆီမှ ဆေးပင်စိုက်ပျိုးသန့်စင်သည့်သူအား ငှားရမ်းခြင်းသည် ဆေးပင်များ စိုက်ပျိုးသန့်စင်ရန်အတွက်သာ ဖြစ်၏။ သို့ပေမဲ့ သံမဏိအရိုးဂိုဏ်းတွင် ဆေးပင်သန့်စင် ခန်းမဆောင် တည်ဆောက်ပြီးပြီဖြစ်သောကြောင့် သူတို့အနေနှင့် လိုက်ဖက်တင့်တယ်လှသော တာဝန်များကို ပြုလုပ်ရန် လိုအပ်နေ၏။
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "မနက်ဖန်ကျရင် တပည့်တွေကို စုစည်းလိုက်မယ်။စီနီယာဝေ ကြိုက်တဲ့လူ ကိုယ်တိုင်ရွေးပေါ့။"
"ကောင်းပါပြီ။"
စီနီယာဝေ ဆေးပင်များ စိုက်ပျိုးရန်အတွက် ထွက်ခွာသွားတော့သည်။
ကျွင်းချောင်ရှောင်းသည် တစ်လကြာမြင့်ပြီးသည့်နောက်မှာတော့ အထူးတာဝန်ကို ဆောင်ရွက်ရန် ပြင်ဆင်လျက်ရှိ၏။
သူသည် တပည့်နှစ်ဆယ့်ငါးယောက်ကိုခေါ်၍ သေမင်းတောင်ကြားဆီသို့ သွားရောက်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။
အတွင်းစည်းတပည့် ခုနစ်ယောက်သည် ကျိန်းသေပေါက် လိုက်ပါရမည်ဖြစ်ပြီး ကျန်သည့်တပည့်များမှာတော့ အလယ်အလတ်အဆင့် စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်သည့်သူများ ပါဝင်မည်ဖြစ်၏။ ထို့ပြင် ကျန်သော ခေါ်ဆောင်သွားမည့်သူများမှာ ကျိုးဟုန်၊လုံကျိဟန်နှင့် တစ်ခြားသောသူများဖြစ်၏။
ကျွင်းချောင်ရှောင်းသည် စာကြည့်ခန်းဆီသို့ ပြန်ရောက်ပြီးသည့်နောက် စဦးစတိုးအား ဖွင့်လိုက်၏။
သူသည် ဟောင်ချီဂိုဏ်းမှာတုန်းက refreshလုပ်ခဲ့သေး၏။ သို့ပေမဲ့ နဂါးစိမ်းလခြမ်းဓားမော့ကိုသာ ဝယ်ယူခဲ့ပြီး စေ့စေ့ငှငှ အလုံးစုံ မကြည့်ခဲ့ကြပေ။
သူသည် စတိုးအား သေချာကြည့်ရှုလိုက်၏။
"အမလေး"
ရုတ်တရက်ဆိုသလိုပဲ ကျွင်းချောင်ရှောင်း မတ်တပ်ထရပ်လိုက်မိ၏။
စတိုး၏ ဒုတိယတန်းမှာတော့ မှော်ပညာနှင့် အဆင့်မြှင့်တင်ထားသော စနိုက်ပါရိုင်ဖယ်၏ အသံတိတ်ပြောင်းဝ ဟူသော အရာတစ်ခုကို သူမြင်လိုက်ရသည်။
ထိုအရာသည် စနိုက်ပါရိုင်ဖယ်အတွက် အသံမထွက်စေရန် တပ်ဆင်ရသည့်အရာလည်း ဖြစ်နေ၏။ စနိုက်ပါပစ်ခတ်သူများအတွက် အနှစ်သက်ဆုံးအရာပင် ဖြစ်တော့၏။
အသေးစိတ်အချက်အလက်များကို ကြည့်ရှုပြီးသည့်နောက်မှာတော့ မှော်ပညာဖြင့် အဆင့်မြှင့်တင်ထားသော စနိုက်ပါရိုင်ဖယ်မျိုးစုံအတွက် အသုံးပြုရန် သင့်တော်ကြောင်း တွေ့လိုက်ရသည်။။ ပစ်ခတ်ရာတွင် အသံမထွက်အောင် အသုံးပြုရသော အရာလည်း ဖြစ်သည်။။
ဈေးနှုန်းမှာ ဂိုဏ်းစုဆောင်းမှတ် နှစ်ဆယ်ပင်ဖြစ်သည်။
"ဂိုဏ်းစုဆောင်းမှတ် နှစ်ဆယ်တဲ့လား။ဒါက ဈေးမကြီးပါဘူး။"
"ဒင်"
"လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် နှစ်ဆယ်အား အသုံးပြု၍ မှော်ပညာဖြင့် အဆင့်မြှင့်တင်ထားသော အသံတိတ်ပြောင်းဝအား ရယူခဲ့သည်။ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပိုဆောင်ပြီးပါပြီ။"
"ဒင်"
"ဂိုဏ်းစုဆောင်းမှတ် - ၅၀၀/၅၀၀"
အသံတိတ်ပြောင်းဝအား ဝယ်ယူပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ပစ္စည်းများအား ထပ်မံ၍ ကြည့်ရှုလိုက်၏။ ကံဆိုးစွာဖြင့် တစ်ခြားသော ပစ္စည်းများမှာ အသုံးမဝင်လှချေ။
ထို့ကြောင့် သူသည် refresh လုပ်လိုက်သည်။
"ဂိုဏ်းစုဆောင်းမှတ် - ၄၉၀/၅၀၀"
ဤတစ်ကြိမ် refresh လုပ်ရသည်မှာ သူ့အနေနှင့် ကံမကောင်းလှချေ။
အထဲတွင်ရှိသော ပစ္စည်းများသည် နေ့စဉ်သုံးပစ္စည်းများသာ ဖြစ်ပြီး ဘက်စုံအသုံးပြုနိုင်သော သွားတိုက်တံ နှင့် ဘက်စုံအသုံးပြုနိုင်သော ဆပ်ပြာများအား တွေ့လိုက်ရ၏။
ကျွင်းချောင်ရှောင်းသည် ဂိုဏ်းစုဆောင်းမှတ် ဆယ်မှတ်သာ ကုန်ကျပြီး ဈေးအနည်းဆုံးဖြစ်သော ဘက်စုံအသုံးပြုနိုင်သော ဆပ်ပြာအား ဝယ်ယူလိုက်၏။
ပြောနေစရာမလိုပေ။ ဘက်စုံအသုံးပြုနိုင်စွမ်းရှိသော ဆပ်ပြာဖြစ်သည်။
ခေါင်းလျှော်ရာတွင် အသုံးပြုနိုင်သလို ကိုယ်တိုက်ရာတွင်လည်း အသုံးပြုနိုင်သည်။ အဆုံးစွန်ဆုံးအနေဖြင့် ဖင်ဆေးရာတွင်တောင် အသုံးပြုနိုင်စွမ်းရှိသေး၏။
ထူးဆန်းလှချေသည်တစ်ကား။
"ဂိုဏ်းစုဆောင်းမှတ် - ၄၇၀/၅၀၀"
ထပ်မံ၍ refresh လုပ်လိုက်၏။
ဤတစ်ကြိမ်ပါဝင်သော ပစ္စည်းတော်တော်များများသည် အသုံးမဝင်ဘူးဆိုသော်လည်း ခန္ဓာကိုယ် လျှင်မြန်မှု ကျင့်ကြံခြင်းအခန်းဆိုသည့်အရာမှာ ဝယ်ယူ၍တော့ ထိုက်တန်လှသည်။
ထိုအရာ၏ လုပ်ဆောင်နိုင်စွမ်းသည် ကြွက်သားတည်ဆောက်ခြင်း အခန်းနှင့် ဆင်တူ၏။
ခန္ဓာကိုယ် လျှင်မြန်မှု ရရှိစေဖို့ လေ့ကျင့်ရန်အတွက် အကောင်းဆုံးအသုံးပြုနိုင်သည်။
ကျွင်းချောင်ရှောင်းသည် ဂိုဏ်းစုဆောင်းမှတ် နှစ်ဆယ်ကား အသုံးပြုကာ ဝယ်ယူလိုက်၏။
သူသည် သူကိုယ်တိုင်သာ အသုံးပြုရန်သာ မဟုတ်ပဲ စုရှောင်မို နှင့် မိုးဆွေဟောခန်းအတွင်းမှ အဖွဲ့ဝင်များ အားလုံး လေ့ကျင့်နိုင်ရန် စဉ်းစားထားသည်။
"ဂိုဏ်းစုဆောင်းမှတ် - ၄၄၀/၅၀၀"
တတိယအကြိမ် refreshလုပ်ပြီးသည့်နောက်မှာတော့ သူ၏ကံဇာတာအစွမ်းသည် ပြသလာခဲ့ပြီဖြစ်၏။
ဂိုဏ်းတာဝန်ခွဲဝေခြင်း ဘုတ်ပြားဟူသော အရာတစ်ခုအား စတိုး၏ကုန်ပစ္စည်းများထဲတွင် မြင်လိုက်ရသည်။
စနစ်မှ ပြောလိုက်သည်။ "ဒါပဲ … ဒါပဲ။"
ကျွင်းချောင်ရှောင်းသည် ပျော်ရွှင်စွာဖြင့် ပစ္စည်းအားထောက်၍ ကြည့်ရှုလိုက်သည်။
"ဂိုဏ်းတာဝန်ခွဲဝေခြင်း ဘုတ်ပြား"
"မိတ်ဆက်ခြင်း - အသက်သွင်းပြီးသည့်နောက်မှာတော့ ဂိုဏ်းတာဝန်များအား စနစ်သည် အလိုအလျောက် ပြဋ္ဌာန်းသွားမည်ဖြစ်ပြီး တပည့်များအနေဖြင့် မိမိရယူချင်သော ဂိုဏ်းတာဝန်များအား နှိပ်၍ ရယူနိုင်စွမ်းရှိကြသည်။"
"ဂိုဏ်းစုဆောင်းမှတ် - တစ်ရာ"
"ဈေးကြီးလိုက်တာ။"
ဈေးနှုန်းကို မြင်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် အနည်းငယ် ဆွံ့အသွားလိုက်၏။
စနစ်သည် ပြောလိုက်သည်။ "ဂိုဏ်းတာဝန်ဘုတ်ပြားက လက်ခံသူအနေနဲ့ အလုပ်တွေအများကြီး လုပ်ရနိုင်စွမ်းကို လျှော့ချပေးနိုင်တယ်။ဒါကြောင့် ဈေးကြီးတယ်ဆိုရင်တောင်မှ ဝယ်ဖို့ ထိုက်တန်ပါတယ်။"
"ဒါကတော့အမှန်ပဲ။"
ကျွင်းချောင်ရှောင်းသည် ဂိုဏ်းစုဆောင်းမှတ်တစ်ရာနှင့် ဝယ်ယူလိုက်သည်။
ဤကဲ့သို့ အသုံးပြုပြီးသည့်နောက်မှာတော့ သူ့တွင် ဂိုဏ်းစုဆောင်းမှတ် သုံးရာ့လေးဆယ်သာ ကျန်ရှိတော့၏။
ကျွင်းချောင်ရှောင်းသည် အပြင်ဘက်ခြံဝန်းဆီသို့ သွားလိုက်ပြီး ကြွက်သားတည်ဆောက်ခြင်း အခန်း၏ဘေးတွင် ခန္ဓာကိုယ် လျှင်မြန်မှု လေ့ကျင့်ခြင်းအခန်းအား ထားခဲ့လိုက်သည်။
ပြီးနောက် အခန်းကျယ်တစ်ခုကို ရွေးယူ၍ ဂိုဏ်းတာဝန်ဘုတ်ပြားအား ထုတ်ယူလိုက်တော့သည်။
ဂိုဏ်းတာဝန်ခွဲဝေခြင်း ဘုတ်ပြားသည် ၁၄၀× ၈၀ပမာဏရှိသော တီဗွီ ကြီးတစ်ခုနှင့်ပင် ဆင်တူလှ၏။
ကျွင်းချောင်ရှောင်းသည် နံရံအပေါ် တစ်မီတာအမြင့်တွင် ထိုဘုတ်ပြားအား ချိတ်ဆွဲထားလိုက်သည်။ ပြီးနောက် အတွေးတစ်ချက်နှင့်ပင် သူအသက်သွင်းလိုက်သည်။
ဘုတ်ပြား၏ မျက်နှာပြင်သည် ရုတ်တရက်ဆိုသလိုပဲ လင်းထိန်သွား၏။
ပြီးနောက် အလိုအလျောက်ဆိုသလိုပဲ ဂိုဏ်းတာဝန်များသည် မြင်ကွင်းပေါ်တွင် ပေါ်လာတော့သည်။ ဘုတ်ပြားပေါ်တွင်ရှိသော တာဝန်များမှာ များပြားလှသည်တော့ မဟုတ်ပေ။ အမျိုးအစား နှစ်ဆယ်သာလျှင် ရှိ၏။
အောက်တွင် သေးငယ်သော စာတန်းများနှင့် ရေးသားထားသည်များလည်း ရှိသေး၏။
ဂိုဏ်းတာဝန်ဘုတ်ပြားသည် နေ့စဉ်နေ့တိုင်း၏ မနက်ခင်းတွင် ပြန်လည်ပြောင်းလဲသွားမည်ဖြစ်သည်။ ထို့အပြင် တစ်ဦးချင်းတာဝန်၊အဖွဲအစည်းတာဝန်၊အုပ်စုတာဝန်အဖြစ် ခွဲခြားထားသေး၏။ ထိုတင်မက တာဝန်၏ခက်ခဲမှုနှင့် ကျင့်ကြံခြင်းအပေါ် အကြံပြုချက်များလည်း ပါဝင်နေသည်။
ပို၍ စိတ်ဝင်စားစရာကောင်းသည်မှာ တာဝန်ပြီးမြောက်ပြီးသည့်နောက်တွင် ဘုတ်ပြား၏ အပေါ် ညာဘက်ထောင့်တွင် ဖော်ပြပေးသွားမည် ဖြစ်၏။
သို့ပေမဲ့ လက်ရှိအချိန်တွင် မည်သူမှ တာဝန်မထမ်းဆောင်ရသေးသောကြောင့် ထိုနေရာသည် ဗလာအဖြစ် တည်ရှိနေသည်။
"ဂရုစိုက်ကြ။" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
သူသည် လီချင်းယန်နှင့် တစ်ခြားသူများအား ခေါ်ယူ၍ အခန်းတစ်ခုအား တာဝန်ခွဲဝေဆောင်ဟူ၍ နာမည်ပေးလိုက်၏။ ပြီးနောက် ပြင်ဆင်သင့်သည်များအား ပြင်ဆင်လိုက်၏။
နောက်တရက် မနက်ခင်းလေ့ကျင့်ခန်းများ ပြုလုပ်ပြီးသည့်နောက်တွင် ကျွင်းချောင်ရှောင်းသည် တာဝန်ခွဲဝေခြင်းဟောခန်း၏ တာဝန်ဘုတ်ပြားအား အားလုံးကို မိတ်ဆက်ပေးလိုက်သည်။
တာဝန်ရယူရာတွင် အလွန်အမင်းခက်ခဲလှသည် မဟုတ်ပေ။ တစ်စုံတစ်ယောက်သည် ကိုယ်လိုချင်သော တာဝန်အား လက်ဖြင့်နှိပ်၍ ရယူလိုက်ရုံသာ ဖြစ်သည်။
အုပ်စုဖွဲ့တာဝန်များမှာတော့ ကြယ်အရေအတွက်လည်း များပြားလှ၏။ ထို့အရာတွင် ပါဝင်မည့် တပည့်များထဲမှ အဆင့်မြင့်ဆုံး လူတစ်ယောက်က လက်ခံရယူရုံသာလိုသည်။
များပြားလှသော တပည့်သစ်များ၏ မျက်လုံးများသည် လင်းထိန်သွားကြ၏။
သူတို့သည် နတ်ဘုရားအဆင့် ကျင့်ကြံခြင်း နည်းစနစ်များအား ရရှိခဲ့သည့်အပြင် ဂိုဏ်းသို့ဝင်ရောက်ပြီး ဂိုဏ်းတာဝန်များကို အောင်မြင်မည်ဆိုပါက များပြားလှသည့် အရင်းအမြစ်များပင် ရရှိအုန်းမည်ဟု ကြားသိလိုက်ရသောကြောင့် ဖြစ်သည်။
ဂိုဏ်းတာဝန်ဘုတ်ပြားအား မိတ်ဆက်ပေးပြီးသည့်နောက် စီနီယာဝေသည် တပည့်ငါးယောက်အား ရွေးချယ်လိုက်၏။
ဆေးပင်စိုက်ပျိုးသူ ဖြစ်လာရန်အတွက် တစ်စုံတစ်ယောက်သည် အဆင့်မြင့် စိတ်ဝိညာဉ်အမြစ်များ ရှိရန်မလိုပေ။ သေချာဂရုစိုက်မှု နှင့် အလေးအနက်ထားမှု ရှိရန်သာ လိုအပ်သည်။
"ငါ နောက်ဆုံးတစ်ကြိမ်ပြောမယ်။"
ကျွင်းချောင်ရှောင်း လေးလေးနက်နက်ပြောလိုက်၏။ "မင်းတို့ရဲ့ စွမ်းရည်အရ ဂိုဏ်းတာဝန်တွေကို ပြုလုပ်ကြပါ။ပြီးတော့ အချိန်အတာ တစ်ခုအတွင်းမှာ တာဝန်ကို မပြည့်စုံဘူးဆိုရင် အပြစ်ပေးခံရလိမ့်မယ်။"
"ကောင်းပါပြီ။"
"ဒါဆိုရင် တန်းဖြုတ်မယ်။"
"ဝှစ် …."
ပြောပြောပြီးချင်းမှာပဲ တပည့်ရာကျော်တို့သည် တာဝန်ခွဲဝေခြင်းဟောခန်းဆောင်ဆီသို့ အလျင်အမြန်နှင့် ပြေးသွားကြတော့သည်။
သူတို့သည် ဘုတ်ပြားရှေ့တွင်ရပ်၍ စိတ်ဝင်တစားနှင့် ကြည့်ရှုလိုက်ကြ၏။ တီဗွီ ကဲ့သို့သော အရာမျိုးကို သူတို့ တစ်ခါမှ မမြင်ဖူးချေ။
တစ်ချို့တပည့်များသည် သီးသန့်တာဝန်တစ်ခုချင်းစီအား နှိပ်ကြည့်ရန် ကြိုးစားနေကြ၏။ ပြီးနောက် အတည်ပြုခြင်းနှင့် ငြင်းပယ်ခြင်းဟူသော ခလုတ်များပေါ်လာသည်ကို မြင်လိုက်ကြရ၏။
"အတည်ပြုမယ်။"
"တပည့် လီထျန်းထျန်သည် ကြယ်နှစ်ပွင့် ဂိုဏ်းတာဝန်အား လက်ခံရယူခဲ့သည်။ ချင်းယန်ရွာထဲမှ ရွာသားများအတွက် စာများ ပို့ဆောင်ပေးရန်ဖြစ်ပြီး ဆယ်ရက်အတွင်း ငါးကြိမ်ပို့ဆောင်ပေးရမည်။"
ဘုတ်ပြားဆီမှ အသံတစ်ခုထွက်ပေါ်လာပြီး အားလုံးသည် အလန့်တကြားဖြင့် နောက်သို့ ဆုတ်လိုက်မိကြ၏။
"အာ …. သေမတတ်ကြောက်သွားတာပဲ။”
“ဒါက ဂိုဏ်းတာဝန်လက်ခံလိုက်ပြီလို့ ဆိုလိုတာလား။"
"ဟား ဟား ဟား"
လီထျန်းထျန်သည် ချက်ချင်းဆိုသလိုပဲ အားလုံးအား လက်ဝှေ့ရမ်းပြ၍ ပြောလိုက်သည်။ "စီနီယာနဲ့ ဂျူနီယာညီလေးတို့ ကျုပ် တာဝန်အရင်ဆုံး သွားလုပ်ပါပြီ။"
ပြီးနောက် မြန်မြန်ဆန်ဆန်ပဲ ပြေးထွက်သွားတော့၏။
လီထျန်းထျန် စတင်ပြီးသည့်နောက် တစ်ခြားသော တပည့်များသည်လည်း စိတ်လိုလက်ရဖြင့် စတင်၍ ကြိုးစားကြတော့သည်။
သို့ပေမဲ့ ဂိုဏ်းချုပ်သည် သူတို့အား အထပ်ထပ် သတိပေးမှာကြားထား၏။ ဖြစ်သင့်ဖြစ်ထိုက်ပြီး လက်ခံနိုင်သော တာဝန်များကိုသာ ရွေးချယ်ရန် ဖြစ်သည်။
"စီနီယာအစ်ကိုလုံ ….. ကျွန်တော်တို့ အဖွဲ့ဖွဲ့ပြီးတော့ ကြယ်သုံးပွင့်တာဝန်ကို လက်ခံရယူကြရအောင်။" လီယုဟွာက ပြောလိုက်သည်။
"ကောင်းပြီ။" လုံကျိရန်က မငြင်းချေ။
လင်းယွမ်ရွှယ် သည် ဦးခေါင်းကိုမော့၍ အားပျော့စွာပြောလိုက်သည်။ "စီနီယာအစ်ကိုတို့ ….ကျွန်မကိုကော ခေါ်သွားပါလား။"
"ပြဿနာမရှိဘူး။" သူတို့သုံးယောက်သည် အတည်ပြုမည်ဟူသော ခလုတ်အားနှိပ်လိုက်ကြ၏။
"တပည့်လုံကျိရန်၊လင်းယုဟွာ၊လင်းယွမ်ရွှယ်တို့သည် ကြယ်သုံးပွင့် ဂိုဏ်းတာဝန်အား လက်ခံရယူခဲ့၏။ ငါးရက်အတွင်း ဟွာကျင်းတောင်ဆီသို့ ဦးတည်၍ မြေအောက်သားရဲကြီးအား အမဲလိုက်ရန်ဖြစ်သည်။"
မြေအောက်သားရဲကြီးသည် အဆင့် မြင့်မားလှသည်တော့ မဟုတ်ပေ။
သူတို့၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်အရဆိုရင် ကောင်းကောင်းနှိမ်နင်းနိုင်၏။ ခက်ခဲသည့်ကိစ္စမှာ သားရဲကြီးအား ရှာဖွေရသည့် ကိစ္စပင်ဖြစ်သည်။
"သွားကြစို့။"
လုံကျိရန်၊လီယုဟွာနှင့် လင်းယွမ်ရွှယ်တို့သည် ထွက်ခွာသွားကြသည်။
တစ်ခြားသောတပည့်များသည်လည်း သေချာစဉ်းစားပြီးသည့်နောက် သူတို့၏ လိုအပ်ချက်နှင့် ကိုက်ညီသော တာဝန်များအား လက်ခံလိုက်ကြ၏။
နာရီဝက်လောက် ကြာမြင့်ပြီးသည့်နောက်မှာတော့ တာဝန်ခွဲဝေခြင်းဘုတ်ပြားပေါ်တွင် ရှိနေသော တာဝန်နှစ်ဆယ်ကျော်တို့သည် လက်ခံရယူပြီး ဖြစ်နေကြသည်။
များပြားလှသော တပည့်များသည် ကျင့်ကြံခြင်းအား ဆက်လက်ပြုလုပ်ရင်း နောက်တရက် တာဝန်များပေါ်လာသည်ကို စောင့်စားလျက်ရှိကြ၏။
အဓိကဟောခန်း၏ ကျောက်လှေကားပေါ်တွင်ထိုင်ရင်း ကျွင်းချောင်ရှောင်း တီးတိုးရေရွတ်လိုက်၏။ "တာဝန်ခွဲဝေခြင်းဘုတ်ပြားက တကယ့်ကို အဆင်ပြေတာပဲ။"