← Chapters

အခန်း (၁၇၀)

Vol. 12 Ch. 170

အခန်း (၁၇၀)

Vol. 12 Ch. 170

ဂိုဏ်းတာဝန်ဘုတ်ပြားရှိနေသောကြောင့် တပည့်များသည် သူတို့ဘာသာ တာဝန်များအား လက်ခံ ရယူနိုင်နေသည်။

ကျွင်းချောင်ရှောင်းသည် တစ်ယောက်ချင်းစီအား တာဝန်ခွဲဝေပေးရန် မလိုအပ်သောကြောင့် အလွန်အမင်း ဒုက္ခများစရာ သက်သာလျက်ရှိ၏။

နောက်တော့ သူသည် စုချောင်မို ၊ ထျန်းချီနှင့် လီဖေးတို့အား ခေါ်၍ သူတို့၏ သက်ဆိုင်ရာ စိတ်ဝိညာဉ်အမြစ် နှင့် ပတ်သက်၍ ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်း ဆေးပုလင်းများအား ပေးလိုက်သည်။

သူတို့သုံးယောက်သည် ဆေး၏ ချိုမြိန်မှု အရသာကို သိရှိပြီးဖြစ်သောကြောင့် ချက်ချင်းဆိုသလိုပဲ ကောက်မော့ကာ သောက်လိုက်ကြ၏။

ထျန်းချီနှင့် လီဖေး တို့၏ စိတ်ဝိညာဉ်အမြစ်များသည် အလယ်အလတ် စိတ်ဝိညာဉ်အမြစ်ဆီသို့ တိုးတက်ပြောင်းလဲသွားပြီး သူတို့၏ ကျင့်ကြံခြင်းအဆင့်သည်လည်း သိုင်းတပည့်အဆင့်ခြောက်ဆီသို့ ရောက်ရှိသွားခဲ့သည်။

စုချောင်မိုသည်လည်း အဆင့်မြင့် စိတ်ဝိညာဉ်အဆင့်ဆီသို ရောက်ရှိသွားခဲ့ပြီး သူ၏ ကျင့်ကြံခြင်းသည် သိုင်းတပည့်အဆင့်ခုနစ်သို့ ချိုးဖြတ်ရောက်ရှိသွားခဲ့၏။

ပြောရမည်ဆိုလျှင် သံမဏိအရိုးဂိုဏ်းတွင် အဆင့်မြင့် စိတ်ဝိညာဉ်အမြင့်ရှိသော လူအရေအတွက်သည် သုံးယောက်မှ လေးယောက်ဆီသို့ တိုးတက်သွားခဲ့ပြီဖြစ်သည်။

ဂိုဏ်းသည် အဆင့်ရှစ် ဂိုဏ်းတစ်ခုသာ ဖြစ်သော်လည်း အဆင့်မြင့် စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်သော လူသုံးယောက်သာရှိသည့် အဆင့်ခြောက်ဟောင်ချီဂိုဏ်းထက်ပင် ပို၍ သာလွန်သွားခဲ့ပြီဖြစ်၏။

အဆင့်မြင့် စိတ်ဝိညာဉ်အမြစ်ရှိသောကြောင့် ထိုသူတို့၏ အားအင်များသည် လုံးလုံလောက်လောက် ပို၍ တိုးတက်လာပေလိမ့်မည်။

"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်။" စုချောင်မိုနှင့် တစ်ခြားနှစ်‌ယောက်တို့သည် လက်သီးကို ဆုပ်ကာ ပြောလိုက်ကြသည်။

ကျွင်းချောင်ရှောင်းပြောလိုက်သည်။

"ကိုယ့်ရဲ့ ကျင့်ကြံခြင်းကို ပြင်းပြင်းထန်ထန် လေ့ကျင့်ကြ ။ တစ်လကြာရင် ငါ မင်းတို့ကို လေ့ကျင့်ဖို့အတွက် သေမင်းတောင်ကြားဆီကို ခေါ်သွားမယ်။"

မူလက ပျော်ရွှင်နေကြသော သုံးယောက်သားသည် သေမင်းတောင်ကြားဟူသော စကားကို ကြားလိုက်ချိန်မှာတော့ ချက်ချင်းပဲ ငြိမ်သက်သွားကြသည်။

"ဘာဖြစ်လို့လဲ။" ကျွင်းချောင်ရှောင်း မေးလိုက်သည်။

စုချောင်မို ထိပ်လန့်တကြား ပြောလိုက်သည်။

"ဂိုဏ်းချုပ် သေမင်းတောင်ကြားဆိုတာ ချင်းယန်နိုင်ငံရဲ့ ကန့်သတ်ထားတဲ့ နေရာတစ်ခုပဲ။ အဲ့ဒီမှာ သိုင်းစစ်သူကြီးအဆင့်နဲ့တောင် နှိင်းယှဉ်လို့ရတဲ့ သားရဲတွေရှိနေတယ်လို့ဆိုရမယ်။ နေရာတိုင်းမှာကို ရှိနေတာ။"

ထျန်းချီနှင့် လီဖေးတို့၏ မျက်လုံးများတွင်လည်း ကြောက်လန့်ခြင်း အရိပ်အယောင်များနှင့် ပြည့်နက်လျက်ရှိ၏။

သူတို့သုံးယောက်လုံးသည် သူတို့၏ မိဘ ဆွေမျိုး အကြီးအကဲများမှ သေမင်းတောင်ကြား၏ ကြောက်မက်ဖွယ်ရာမျိုးစုံကို ကြားဖူးခဲ့ကြ၏။

ထို့ကြောင့် သူတို့အနေနှင့် သူတို့၏ စိတ်အာရုံတွင် သေမင်းတောင်ကြားသည် အရိပ်မဲကြီးတစ်ခုလို ခြောက်လန့်လျက်ရှိသည်။

ချင်းယန်နိုင်ငံမှာရှိသော သိုင်းပြိုင်ရှင် တော်တော်များများသည် သေမင်းတောင်ကြားဟုသော အသံကို ကြားလိုက်သည်နှင့် အမူအရာများ ချက်ချင်း ပြောင်းလဲသွားပေလိမ့်မည်။

သေမင်းတောင်ကြား … ထိုအရာသည် ဟာသလုပ်စရာ မဟုတ်ပေ။

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "အဲ့လိုခက်ခဲလို့လည်း ငါ မင်းတို့ကို လေ့ကျင့်ဖိုအတွက် ခေါ်သွားတာပေါ့။ ဒါဆိုရင် မင်းတို့အနေနဲ့ အားအင်တွေပိုပြီး တိုးလာလိမ့်မယ်။"

ဤအရာသည် အထူးတာဝန်ကို ပြီးပြည့်စုံအောင် လုပ်ရမည့် အရာဖြစ်၏။ ထို့ကြောင့် သူ့အနေနှင့် မဖြစ်မနေပြုလုပ်ရပေလိမ့်မည်။

"ဂိုဏ်းချုပ် … သူတို့က သွားဆိုတော့လည်း သွားကြတာပေါ့။" စုချောင်မိုသည် သူ၏ အမူအရာကို ပြောင်းလဲ၍ ပြောလိုက်၏။

ထျန်းချီနှင့် လီဖေးတို့ကလည်း သဘောတူလိုက်ကြသည်။

စိတ်ပိုင်းဆိုင်ရာအရ သူတို့ကို ခြောက်လန့်နေသည့် အရိပ်အမဲကြီးလား။ ထိုအရာကို သူတို့ ကျော်ဖြတ်ရပေ လိမ့်မည်။

ထိုသတင်းကို ကြားလိုက်ချိန်မှာတော့ အတုန်လှုပ်ဆုံးသူမှာ လီချင်းယန်ပင် ဖြစ်သည်။ ကြားကြားချင်းမှာပဲ မြေပေါ်ကို လဲကျလုမတတ်ဖြစ်သွားခဲ့၏။

"ဂိုဏ်းချုပ် …"

လီချင်းယန် လေးလေးနက်နက် အမူအယာဖြင့် ပြောလိုက်သည်။ "သေမင်းတောင်ကြားဆိုတာ ကြောက်စရာကောင်းလွန်းတဲ့ သားရဲတွေနဲ့ ပြည့်နေတာ။သိုင်းစစ်သူကြီး ကျင့်ကြံခြင်း အဆင့် မရှိဘဲနဲ့ အထဲကို ဝင်သွားမယ်ဆိုရင် လူဆယ်ယောက်မှာ သုံးယောက်လောက်ပဲ အသက်ရှင်လျက် ပြန်ထွက်လာနိုင်လိမ့်မယ်။"

"အဲ့လောက် အန္တရာယ်များတာလား။ တော်တော်ကြီး အန္တရာယ်များတာပေါ့။"

ကျွင်းချောင်ရှောင်းသည် သူ၏ မေးစေ့အား ပွတ်သပ်ပြီး ပြုံးကာ ပြောလိုက်သည်။

"အန္တရာယ်ရှိလေ စိန်ခေါ်မှုက ပို၍ တိုးလာလေပဲ။ဒီတော့ ကောင်းကောင်း ပြင်ဆင်ထား။ ငါတို့ တစ်လအတွင်း သေမင်းတောင်ကြားကို သွားကြမယ်။"

လီချင်းယန် ငြိမ်သက်သွား၏။

တပည့်တစ်ယောက်အနေနှင့် သူသည် ဂိုဏ်းချုပ်၏ ဆုံးဖြတ်ချက်အား ငြင်းဆန်၍ မရချေ။ ထို့ကြောင့် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်အမြစ်ရှိသော ဂျူနီယာညီလေးများကို စုဝေးကာ အထူးလေ့ကျင့်ရေး အစီအစဉ်ကို စတင်လိုက်သည်။

သေမင်းတောင်ကြားတွင် အန္တရာယ်များနှင့် ရင်ဆိုင်တိုက်ခိုက်ရမည်ကို သိရှိပြီဖြစ်သောကြာင့် ကျွင်းချောင်ရှောင်းသည် သူ့တပည့်များ၏ အသက်ကို ဟာသတစ်ခုလိုပင် မသတ်မှတ်ချင်ပေ။

ထို့ကြောင့် များပြားလှသော စိတ်ဝ်ညာဉ်စုစည်းခြင်း ဆေးလုံးများကို ပေးစွမ်းပြီး တစ်လအတွင်း များပြားလှသော စိတ်ဝိညာဉ်အဆင့်ဆီသို့ ရောက်ရှိရန် မျှော်လင့်နေ၏။

"ဒီခွေးလေး လီယုဟွာ ရဲ့ ခန္ဓာကိုယ်က အရမ်းအားကောင်းတယ်။ ဒီတော့ ရှောင်ကျီကို ခေါ်ပြီး အထူးလေ့ကျင့်ခန်း အစီအစဉ်ကို ခေါ်ပြီးတော့ လေ့ကျင့်ခိုင်းအုံးမှ။ အချိန်ရောက်လာပြီဆိုလျှင် သူ့အနေနဲ့ မွန်းစတားတွေနဲ့ တိုက်ခိုက်နိုင်လိမ့်မယ်။"

လီချင်းယန်းသည် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်အမြစ်ရှိသော တပည့်ဆယ်ယောက်အား လေ့ကျင့်ပေးခဲ့ပြီး ရှောင်ကျီမှာတော့ လီယုဝါကို တစ်ဦးတည်း သီးသန့်လေ့ကျင့်ပေးနေသည်။

အရာအားလုံးသည် စီစဉ်ထားခဲ့သည့်အတိုင်း ကျကျနန ဖြစ်ပေါ်လျက်ရှိသည်။

လေ့ကျင့်မှုများ ပြီးစီးသည့်အချိန်ကို ရောက်လျှင် အားလုံးသည် အထူးတာဝန်အတွက် သေမင်းတောင်ကြား တွင် သွားရောက် တိုက်ခိုက်ရမည်ဖြစ်သည်။

တစ်ခြားတပည့်များအတွက်လည်း ကျွင်းချောင်ရှောင်းသည် လျစ်လျူရှု၍ မထားပေ။ အဆင့်သတ်မှတ်ချက်များ လည်း ရှိသောကြောင့် သူ့အနေနှင့် သေချာလေ့ကျင့်ပေးရန် မဖြစ်နိုင်ပေ။

ထိုသူတို့အားလုံးအား အသေးစား ရည်မှန်းချက်လေးတစ်ခု ထားရှိထားသည်။

အချိန်အတိုင်းအတာတစ်ခုအတွင်း တပည့်များအားလုံးသည် မရီဒန်ဖွင့်ခြင်း စနစ်ကို ချိုးဖြတ်၍ သိုင်းတပည့်အဆင့်သို့ ရောက်ရှိစေရန် သူ စီစဉ်ထား၏။

များပြားလှသော မရီဒန်ဖွင့်ခြင်း ဆေးလုံးများသည် သူ့လက်ထဲတွင် ရှိနေပြီဖြစ်သောကြောင့် မည်သည့် ပြဿနာမှ မရှိပေ။

ရွေးချယ်ထားသောတပည့်များသည် အထူးလေ့ကျင့်ရေး အစီအစဉ်အား စတင်၍ လေ့ကျင့်နေကြပြီဖြစ်၏။ သူတို့သည် တစ်လကြာပြီးလျှင် သေမင်းတောင်ကြားဆီသို့ သွားရတော့မည်။

အသစ်ဝင်လာသော တပည့်များသည် လည်း ကျွင်းချောင်ရှောင်း၏ သေချာ လမ်းညွှန်ပေးမှုအောက်တွင် သေချာ ဂဃနဏ လေ့ကျင့်လျက်ရှိကြ၏။

စီနီယာဝေသည်ကလည်း သူ၏ ဆေးပင်စိုက်ပျိုးခြင်းနှင့် ပတ်သက်၍ တပည့်ငါးယောက်အား သေချာ လေ့ကျင့်ပေးလျက်ရှိသည်။

ဂိုဏ်းသားအားလုံးတို့ သည် ကြိုးစားပန်းစားနှင့် သေချာ ပြုမူဆောင်ရွက်လျက်ရှိကြသည်။

တတိယနေ့မှာတော့ လီလိုရှုသည် တပည့်များအားခေါ်၍ ဂိုဏ်းသို့ ပြန်လာခဲ့သည်။

"ဂိုဏ်းချုပ် …"

စာကြည့်ခန်းထဲရောက်ချိန်မှာတော့ ဟောခန်းသခင်လီ သည် စာပွဲပေါ်သို့ သိုလှောင်လက်စွပ်တစ်ကွင်း တင်ပေးလိုက်၏။ ပြီးနောက် ပြုံးကာ ပြောလိုက်သည်။

"ရှောင်မိသားစုရဲ့ မိုင်းတွင်းတွေ အကုန်လုံး ပျက်ဆီးသွားပြီ။ ဒီမှာ သံရိုင်း တစ်ထောင်လောက် သိမ်းလာခဲ့တယ်"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ကောင်းတယ်"

မိုင်းတွင်းမရှိတော့ဘူးဆိုတော့ ရှောင်မိသားစုသည် မည်သည့်အရာကိုမှ တူးထုတ်၍ ရတော့မည် မဟုတ်ချေ။ အချိန်အတိုင်းအတာတစ်ခုအတွင်း သူတိုသည် ကြီးမားသည့် ဆုံးရှုးမှုကို ခံစားနေရမှာ သေချာ၏။

"ငါ တစ်စုံတစ်ယောက် ရဲ့ လျှင်မြန်မှု ကို ပိုပြီး တိုးတက်လာစေနိုင်တဲ့ လေ့ကျင့်ရေးခန်းမတစ်ခု ပြင်ဆင်ထား တယ်။ မင်း အချိန်ရတယ်ဆိုရင် မိုးဆွေဟောခန်းက တပည့်တွေကို ခေါ်ပြီး အဲမှာ လေ့ကျင့်ခိုင်းလိုက်။"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

"တစ်စုံတစ်ယောက်ရဲ့ လှုပ်ရှားမှုကို တိုးတက်စေတယ် ဟုတ်လား"

စိတ်လှုပ်ရှားမှုများ အပြည့်နှင့် လီလိုရှု သည် လေ့ကျင့်ရေးခန်းဆီသို့ သွားလိုက်၏။ ကြွက်သားတည်ဆောက်ခြင်း အခန်းတစ်ခု၏ ဘေးမှာတော့ အခန်းတစ်ခုရှိနေသည်ကို သူ မြင်လိုက်ရ၏။

အခန်းထဲတွင် အလင်းများ တစ်ဖြတ်ဖြတ် ပြေးလျက်ရှိပြီး တစ်စုံတစ်ယောက်သည် အထဲတွင် လေ့ကျင့်လျက် ရှိနေပုံပေါ်သည်။

ကျွီ …။

အချိန်ပြည့်သွားသည့်နောက်မှာတော့ အခန်းတံခါး ပွင့်လာပြီး စုရှောင်မိုသည် ရောင်ကိုင်းနေသောမျက်နှာဖြင့် အပြင်သို့လျှောက်ထွက်လာ၏။ ပြီးနောက် သူ ဘုတ်ကနဲပြုတ်ကျသွားပြီး ပါးစပ်ထဲမှ အမြုပ်တွေပင် ထွက်လာ ၏။

လီလိုရှု မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည်။ "ကြည့်ရတာ နည်းနည်းတော့ ကြောက်ဖို့ ကောင်းမယ့်ပုံပဲ။"

ပြောပြီးသည့်နောက် သူမသည် လှုပ်ရှားမှု နည်းစနစ်အခန်းထဲ လျှောက်ဝင်သွားလိုက်သည်။

သူမ၏ ရှေ့တွင် ပေါ်လာသည်မှာတော့ ကျယ်ဝန်းလှသော တည်နေရာတစ်ခုဖြစ်ပြီး တံခါးပိတ်လိုက်ချိန် မှာတော့ သူမသည် ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်ဘဲ စတင်၍ ပြေးနေတော့သည်။

ပုံစံမှာ လေ့ကျင့်ရေး ပြေးစက်တစ်ခုထဲသို ရောက်ရှိသွားပုံနှင့် ဆင်တူလှ၏။

သို့ပေမဲ့ ကွာခြားသည်မှာ လီလိုရှု စတင်ပြေးလွှားချိန်မှာတော့ အခန်းနေရာစုံဆီမှ လက်နက်ပုန်းများသည် သူမဆီသို့ ဝင်ရောက်ရှိလာလျက်ရှိသည်။ သူမအနေနှင့် မဖြစ်မနေ ပြေးနေရင်းမှ လက်နက်ပုန်းများကိုလည်း ရှောင်ရှားနေရသည်။

တစ်နာရီလောက်ကြာပြီးသည့်နောက်မှာတော့ လေ့ကျင့်ရေးအချိန်သည် ကုန်ဆုံးသွားခဲ့၏။

လီလိုရှုသည် ဇောချွေးများ ပြန်၍ အပြင်ဘက်သို့ လျှောက်ထွက်လာခဲ့သည်။

သူမ၏ ခြေထောက်များသည် တဆတ်ဆတ် နှင့် တုန်ရင်လျက်ရှိသည်။ ပြီးနောက် မောကြီးပန်းကြီးနှင့် ပြောလိုက်သည်။ "ကြောက်စရာ ကောင်းလိုက်တာ။"

………

ရှောင်မိသားစု၏ တိုက်ရိုက်မျိုးဆက်များဆီမှ သတင်းအချက်အလက်များကို ရယူပြီးသည့်နောက် မိုင်းတွင်း ပျက်ဆီးသွားခဲ့ပြီဖြစ်ကြောင်း ပထမအကြီးအကဲ သိရှိလိုက်ရသည်။ သူသည် မထိမ်းနိုင်ဘဲ သွေးတစ်လုတ်ပင် အန်ထုတ်လိုက်မိ၏။

အိုက်မိသားစုနှင့် ပတ်သက်၍ သူတို့၏ စီးပွားရေး လုပ်ငန်းများသည် တစ်ဝက်လောက်ဆုံးရှုံးခဲ့ပြီးဖြစ်၏။ လက်ရှိအချိန်တွင်သူတို့၏ အဓိက ရနိုင်သည့်ဝင်ငွေသည် ဤမိုင်းတွင်းမှ ဖြစ်သည်။ ယခုမိုင်းတွင်းပျက်ဆီးသွားခဲ့ပြီဆိုတော့ သူတို့တွင် ပိုက်ဆံမရှိတော့ချေ။

"ချီးထဲမှ …. ဒီကိစ္စကို ဘယ်သူ လုပ်တာလဲ။"

"ပထမဦးဆုံး ကျက်သရေခန်းမဆောင် မီးရှို့ခံလိုက်ရတယ်။ အိုက်မိသားစုက ငါတို့နဲ့ စီးပွားရေး လုပ်တဲ့ကိစ္စအားလုံးကို ဖျက်လိုက်တယ်။ အခု မိုင်းတွင်းက ပျက်ဆီးသွားခဲ့ပြီ။ဒီနောက်ကွယ်မှာ လူတစ်ယောက်ယောက် ရှိရမယ်။"

ရှောင်မိသားစု၏ အကြီးအကဲများအားလုံးသည် ဒေါသထွက်နေကြ၏။

ဤစီးပွားရေးလုပ်ငန်းများအားလုံးသည် ရှောင်မိသားစု၏ ဒေါက်တိုင်ဟုပင် သတ်မှတ်ရမလို ဖြစ်နေသည်။ ပိုက်ဆံမရှိလျှင် သိုင်းပညာနှင့်ပတ်သက်သည့် အရင်းအမြစ်များကို ဝယ်ယူနိုင်မည် မဟုတ်ချေ။

ယခုအခြေအနေအတိုင်းဆိုလျှင် တိုက်ရိုက်မျိုးဆက်များအနေနှင့် ဘယ်လိုလုပ် ကျင့်ကြံရမည်နည်း။

အိုက်မိသားစုမှ စီးပွားရေး တွဲလုပ်ခြင်း လုပ်ငန်းများအား တစ်ဖက်သက် ဖျက်သိမ်းလိုက်ကြောင်းနှင့် မိုင်းတွင်း ပျက်ဆီးသွားခဲ့သည့် အကြောင်းသည် လီရန်မြို့တွင် ပျံ့နှံ့သွားခဲ့သည်။

ကျက်သရေခန်းဆောင်ပျက်ဆီးခြင်းနှင့် ပတ်သက်၍ အစောကြီးကတည်းက မူမမှန်ကြောင်း ခန့်မှန်း ထားကြသော အကြီးအကဲများ သည် ရှောင်မိသားစုအနေနှင့် တစ်စုံတစ်ယောက်အား အပြစ်ပြုမိခဲ့ပြီ ဖြစ်ကြောင်း ပိုမိုသေချာသွားတော့သည်။

မည်သူစီစဉ်နေသနည်း။

များပြားလှသော လူများသည် အမျိုးမျိုး စဉ်းစားလျက်ရှိကြ၏။

"ပိုင်မိသားစုနဲ့ ရှောင်မိသားစုက ရန်ငြိုးရှိကြတယ်။ကျုပ်အထင်အရဆိုရင်တော့ ပိုင်မိသားစုက တိတ်တဆိတ်ကြိတ်ပြီး ဒုက္ခပေးနေတာပဲ ဖြစ်ရမယ်။"

"ကျန်းမိသားစုနဲ့ ဝမ်မိသားစုကလည်း လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက မိုင်းတွင်းနဲ့ ပတ်သက်ပြီးတော့ ရှောင်မိသားစုနဲ့ ပြဿနာအကြီးအကျယ်တတ်ခဲ့တယ်။"

"ဒီမိသားစု နှစ်ခုလည်း ဖြစ်နိုင်တယ်။"

သိုင်းပညာရှင်များသည် အမျိုးမျိုး စဉ်းစားဆွေးနွေးလျက်ရှိကြ၏။

ဖြစ်နိုင်ဖွယ်ရာ ခန့်မှန်းသုံးသပ်ချက်များ အားလုံးသည်လည်း လီရန်မြို့တစ်ခွင်လုံးတွင် ပျံ့နှံ့လျက်ရှိ၏။

ပထမဦးဆုံးအနေနှင့် ပိုင်မိသားစုသည် ထွက်ပေါ်လာသည့် ကောလဟာလများနှင့် ပတ်သက်၍ ဂရုမစိုက်ကြချေ။ သူတို့ လုပ်ခဲ့သည်လည်း မဟုတ်ချေ။ ထို့ကြောင့် ဘာကိုမှ ကြောက်ရွံ့ခြင်း မရှိကြ။

သို့ပေမဲ့ ရှောင်မိသားစု၏ တိုက်ရိုက်မျိုးဆက်များသည် ထိုသတင်းကို ကြားလိုက်သည်နှင့် ပိုင်မိသားစု လုပ်သည်ဟုသာ ယုံကြည်ထားကြ၏။ သူတို့တွေသည် လမ်းတွင် ဆုံချိန်မှာတော့ မျက်လုံးခြင်းဆုံပြီး မကျေနပ်မှုကို ထုတ်ဖော်ကြသည်။

နောက်ဆုံးမှာတော့ မတတ်နိုင်ပဲ လက်များပါ ပါ၍ ရန်ပွဲများ ဖြစ်ပေါ်လာကြတော့သည်။

မူလက အေးချမ်းသာယာသော လီရန်မြိုသည် နေ့စဉ်နေ့တိုင်း စိတ်လှုပ်ရှားစရာတိုက်ပွဲများ ရှိလာ၏။ မိသားစုနှစ်ခုကြား တိုက်ခိုက်မှုသည် ပိုမို၍ ကျယ်ပြန့်လာ၏။

ထို့အပြင် သံသယရှိသော မိသားစုတစ်ချို့သည်လည်း ပါဝင်ပတ်သက်လာပြီဖြစ်သောကြောင့် မြို့ကြီးတစ်ခုလုံးသည် ရှုပ်ရှက်ခတ်လျက်ရှိနေတော့သည်။

ထိုကဲ့သို့သော သတင်း ၊ ကောလဟာလများကို ဖြန့်လျက်ရှိသော ကြီးကျယ်မြင့်မြတ်လှသည့် ဂိုဏ်းချုပ်ကျွင်းကတော့ စာကြည့်ခန်းထဲမှာ ထိုင်၍ လီလိုရှု၏ သတင်းကို နားထောင်နေသည်။ ပြီးနောက် သွားဖြီးကာ ပြောလိုက်သည်။ "ဒါ့ကြောင့် အတွင်းသတင်းတွေက ကြောက်မက်ဖွယ်ရာ ကောင်းတဲ့အရာလို သတ်မှတ်ကြတာပဲ။"

All Chapters