အခန်း (၁၇၂)
Vol. 12 Ch. 172
လီယုဟွာ သည် လုံကျိဟန် ၊ လင်းယွမ်ရွှယ် တို့နှင့်အတူ ဂိုဏ်းတာဝန်ကို ထမ်းဆောင်ပြီး ပြန်လာသည့်နောက် ဂိုဏ်းချုပ်၏ ကန်ကျောက်မှုကို ခံခဲ့ရသည်။
ထို့ထက်ဆိုးဝါးသည်မှာ စီနီယာအစ်ကို ရှောင်ကျီသည် သူ့အား ခန္ဓာကိုယ်ပိုမို သန်မာလာစေရန် အပြင်းအထန် လေ့ကျင့်ပေးတော့သည်။ ကြွက်သားတည်ဆောက်ခြင်းအခန်းထဲမှာ ဆိုလျှင် အနည်းဆုံး ရှစ်နာရီလောက် နေခဲ့ရ၏။
ညနေ နေဝင်ခါနီးတွင် စားသောက်ပြီး အိပ်ရန် စဉ်းစားထားသော်လည်း စီနီယာအစ်ကို စုရှောင်မိုသည် သူ့အား အတင်းဆွဲခေါ်ကာ ဘောလုံးကွင်း၌ ဂိုးစောင့်ခိုင်းပြန်သည်။
အားလုံးကလည်း ဂိုဏ်းချုပ်၏ ဆိုလိုရင်းကို သိရှိကြသောကြောင့် ဘောလုံးအား ဂိုးထဲဝင်အောင် ကန်ရန် မည်သူမှ စိတ်မဝင်စားကြချေ။ ဂိုးသမားကိုသာ ထိအောင် ကန်ကျောက်လျက်ရှိကြ၏။
ဤလိုနှင့် လီယုဟွာသည် နာကျင်ဖွယ်ရာ ဘဝကို ဖြတ်သန်းနေရသည်။ လေ့ကျင့်မှု၏ လုပ်ငန်းစဉ်များသည် ရက်စက်ပြီး အညှာအတာ ကင်းမဲ့လှသော်လည်း သူ၏ အားအင်အဆင့်မှာတော့ ပိုပို၍ တိုးတက်လာသည်။
ရက်အနည်းငယ်ကြာမြင့်ချိန်မှာတောာ့ …
သူ၏ ခန္ဓာကိုယ် နှင့် တုံ့ပြန်နိုင်မှုသည် တမဟုတ်ချင်း တိုးတက်လာသည်။
ယခု စုရှောင်မိုနှင့် တခြားသူများသည် သူ့အား နာကျင်စေရန် ဘောလုံးနှင့် ကန်မည်ဆိုပါက ခြေထောက်တွင် အားအတော်စိုက်ထုတ်နေရပြီ ဖြစ်၏။
ဂိုဏ်းတွင် သူတစ်ယောက်တည်း ကျင့်ကြံနေသည် မဟုတ်ပေ။
လီချင်းယန်၏ ဦးဆောင်မှုအောက်တွင် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်အမြစ် ကို ပိုင်ဆိုင်သော ဂိုဏ်းသား ဆယ်ယောက်တို့သည် ချီစုစည်းခြင်း ဆေးလုံး ၊ စိတ်ဝိညာဉ်စွမ်းအင် အစီအရင် တို့အား အသုံးပြု၍ ကျင့်ကြံလျက်ရှိသည်။
လုချင်းချင်း ၊ ရီရှင်းချန် နှင့် တခြားသူများသည်လည်း ကိုယ်ပိုင်နည်းလမ်းဖြင့် ကျင့်ကြံနေကြ၏။
ဂိုဏ်းတာဝန်များ ထုတ်ပြန်ပြီး ခုနှစ်ရက် လွန်မြောက်ချိန်မှာတော့ …
ပထမဆုံး တာဝန်ကို လက်ခံရယူထားသော တပည့်များသည် တာဝန်ပြည့်စုံသွားခဲ့ကြပြီ ဖြစ်သည်။ တခြားတပည့်များသည်လည်း တစ်ယောက်ပြီး တစ်ယောက် တာဝန် ပြည့်မြောက်သွားကြ၏။ စုစုပေါင်း တာဝန် နှစ်ဆယ်ကျော် ပြီးစီးသွားပြီ ဖြစ်သည်။
ကျွင်းချောင်ရှောင်းသည် စနစ်အား ဖွင့်ကြည့်လိုက်တော့ ဂိုဏ်းအောင်မြင်မှုအမှတ်သည် ၁၀၀ မှ ၂၀၀ သို့ တိုးတက်သွားကြောင်း သတိပြုမိလိုက်သည်။ သူ၏ ဂိုဏ်းစုဆောင်းမှတ်သည်လည်း ၃၄၀ မှ ၄၄၀ သို့ ရောက်ရှိသွားခဲ့သည်။
တခြားသော တာဝန်များ ကျန်ရှိနေသည်မို့ အားလုံးသာ ပြည့်စုံသွားလျှင် အမှတ်တွေ ပိုလျှံသွားမှာ သေချာသည်။ ထို့ကြောင့်သူ အလယ်အလတ်အဆင့် စိတ်ဝိညာဉ်အမြစ် အတွက် ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်း စွမ်းရည် ဆေးပုလင်းအား ဝယ်ယူလိုက်သည်။ ပြီးနောက် ထျန်းချီ နှင့် လီဖေးတို့အား ပေးလိုက်၏။
“ဂလု ….”
ထျန်းချီ နှင့် လီဖေးတို့သည် ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်းဆေးရည်ကို သောက်သုံးပြီးနောက်မှာတော့ သူတို့၏ စိတ်ဝိညာဉ်အမြစ်များသည် အလယ်အလတ်အဆင့်မှသည် အဆင့်မြင့်သို့ ပြောင်းလဲ ရောက်ရှိသွားကြသည်။ ကျင့်ကြံခြင်းအဆင့်သည်လည်း သိုင်းတပည့် အဆင့်ခုနှစ် အထိ ရောက်ရှိသွား၏။
လက်ရှိတွင် အတွင်းစည်းတပည့်အားလုံးသည် အဆင့်မြင့် စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်သူများ ဖြစ်သွားကြသည်။
အဆင့်မြင့် စိတ်ဝိညာဉ်အမြစ် ခုနှစ်ယောက် ရှိသော ဂိုဏ်းတစ်ခု …။ ဤသတင်းသည်သာ ကျင့်ကြံခြင်းလောကထဲ ပျံ့နှံ့သွားမည် ဆိုလျှင် ကြီးမာသော ဂယက်ကြီး ဖြစ်လာမှာသေချာသည်။
သူ ဟောင်ချီဂိုဏ်းမှာတုန်းက ဝယ်ထားသော ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်းဆေးရည် များ ကျန်ရှိနေသေးသည်။ ထိုသုံးပုလင်းအား မည်သူ့ကို ပေးရင် ကောင်းမည်နည်းဟု ကျွင်းချောင်ရှောင်း စဉ်းစားနေမိသည်။
ခဏလောက် စဉ်းစားပြီးနောက် ကျွင်းချောင်ရှောင်းသည် လီယုဟွာကို ခေါ်ပြီး သာမာန်အဆင့်နှင့် အလယ်အလတ်အဆင့် ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်း ဆေးရည်နှစ်ခုလုံး ပေးလိုက်၏။
ဤကောင်လေး၏ ခန္ဓာကိုယ်သည် အလွန်ကောင်းမွန်သည်။ ပင်ကိုယ်စွမ်းရည် စိတ်ဝိညာဉ်အမြစ် တိုးတက်သည်နှင့်အမျှ သေမင်းတောင်ကြားထဲ ဝင်ရောက်လျှင် အသုံးဝင်လာမှာ ဖြစ်သည်။
လီယုဟွာသည် ဆေးပုလင်းနှစ်လုံးကို သောက်သုံးပြီးနောက်မှာတော့ သူ၏ စိတ်ဝိညာဉ်အမြစ်သည် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်အမြစ်သို့ ပြောင်းလဲရောက်ရှိသွားပြီး ကျင့်ကြံခြင်းအဆင့်မှာလည်း စွမ်းအင်ဖွင့်ခြင်းအဆင့်ကိုးမှသည် ဆယ့်နှစ်သို့ ရောက်ရှိသွား၏။ သူမသည် တည်နေရာမှာတင် ငြိမ်ငြိမ်ကြီး ရပ်လျက် အံ့အားသင့်မိနေသည်။
လူတော်တော်များများသည် စိတ်ဝိညာဉ်အမြစ်များ တိုးတက်လာသောကြောင့် ကျင့်ကြံခြင်း အဆင့်သည်လည်း ရုတ်တရက် တိုးတက်သွားကြ၏။
ကျွင်းချောင်ရှောင်းသည် သူ ပခုံးကို ပုတ်ကာ ပြောလိုက်သည် “ကောင်းကောင်းလေ့ကျင့် .. ယုဟွာ. . င့ါကို စိတ်မပျက်ရစေနဲ့”
လိယုဟွာ သတိပြန်ဝင်လာချိန်မှာတော့ ထအော်လိုက်မိသည် “ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်”
သာမာန်အဆင့် ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်း ဆေးရည်အားတော့ သူသည် လင်းယွမ်ရွှယ် အား ပေးရန် စဉ်းစားထားသည်။ ဤအတောအတွင်း သူမသည် အပြင်းအထန် လေ့ကျင့်နေပြီး စီနီယာအစ်မများနှင့်လည်း အလွှမ်းသင့်နေ၏။
အရာအားလုံးသည် အစီအစဉ်အတိုင်း ဖြစ်တည်နေသည် ။
သူသည် တပည့်များတာဝန်များ ပီးမြောက်မည့် အချိန်ကိုသာ အာရုံစိုက်ကြည့်ရှုနေ၏။ ဂိုဏ်းအောင်မြင်မှုအမှတ် ပြည့်စုံသွားလျှင် သူသည် ဂိုဏ်းအား အဆင့်မြင့်တင်၍ ရပြီဖြစ်၏။
“အဆင့်နှစ်က ဆေးခန်းမဆောင် ၊ အဆင့်သုံးက ပန်းပဲဆောင် ဆိုတော့ ငါ လက်နက်တွေ သွန်းလုပ်နိုင်တော့မှလား”
ကျွင်းချောင်ရှောင်း ပန်းပဲဆောင်အား မျှော်လင့်နေမိသည်။
…….
ခုနှစ်ရက်ကြာပြီးသည့်နောက် ..
တပည့်များသည် ဂိုဏ်းတာဝန် ပြည့်စုံသွားကြသည်မို့ ဂိုဏ်းအောင်မြင်မှု အမှတ်သည်လည်း ၁၀၀ မှ ၅၀၀ သို့ ရောက်ရှိသွားသည်။ ကျွင်းချောင်ရှောင်းသည် တိကျလှသူဖြစ်သည်။ ဂိုဏ်းအောင်မြင်မှုအမှတ် တစ်မှတ်တောင် ပိုမတိုးချင်ပေ။
ဂိုဏ်းအောင်မြင်မှုအမှတ် ၄၀၀ တိုးလာသည်ဆိုသည်မှာ ဂိုဏ်းစုဆောင်းမှတ် ၄၀၀ တိုးသည်နှင့် ဆင်တူလှသည်။
ဂိုဏ်းစုဆောင်းမှတ်များ ပိုလျှံသွားမည်ကို စိုးရိမ်သောကြောင့် သူသည် ၁၈၀ ကို အသုံးပြု၍ စနိုက်ပါ၊ ရှစ်ဆ မှန်ဘီလူး ၊ ပခုံးကာ နှင့် အသံတိတ်ပြောင်းဝ တို့ကို ဝယ်ယူလိုက်သည်။
“ကျေးဇူးပါ ဂိုဏ်းချုပ် …”
လီလိုရှုသည် လက်ထဲရောက်ရှိလာသော လက်နက်နှင် ဆက်စပ်ပစ္စည်းများအား ချစ်ခင်နှစ်သက်စွာဖြင့် ပွတ်သပ်လျက်ရှိ၏။
ဤအတောအတွင်း သူမသည် ဂိုဏ်းတာဝန် တော်တော်များများကို ပြည့်စုံစေခဲ့သည်။ ထို့ကြောင့် ဆုအဖြစ်သတ်မှတ်ပေးရမည် ဖြစ်သည်။
“စမ်းပစ်ကြည့်အုံးမလား။”
“စမ်းရမှာပေါ့”
လီလိုရှုသည် စနိုက်ပါရိုင်ဖယ်အား ကိုင်ဆောင်ပြီး တောင်အနောက်ဘက်ဆီသို့ ဦးတည်လိုက်သည်။
နှစ်ချက် ပစ်ချက်ဖူးသည်မို့ ဤ လက်နက်သည် မည်မျှပြန်ကန်အားကောင်းမွန်သည်ကို သူမ သိရှိပြီးဖြစ်သည်။ ထို့ကြောင့် ပခုံးကာအား ကောက်ဝတ်လိုက်၏။
ရွီး …။
နှစ်ချက်ပစ်ခတ်ပြီးနောက်မှာတော့ အဝေးရှိ သစ်ပင်ပေါ်မှ သစ်သီးနှစ်လုံးသည် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားခဲ့သည်။
ဤအမျိုးသမီး၏ ပစ်ခတ်ခြင်းစွမ်းရည်သည် ရှောင်ကျီ ထက် မည်သို့မှ အားမနည်းချေ။ ပို၍ပင် သာလွန်နိုင်သေး၏။
“ဘာသံမှ မထွက်ဘူးပဲ” လီလိုရှု မျက်လုံးပြူးသွားသည်။
သမာန်အသံတိတ်လက်နက်ဆိုလျှင် လှုပ်ရှားမှု အသံအနည်းငယ်ကို ကြားရနိုင်သည်။ သို့ပေမဲ့ လက်ရှိ အသံတိတ်ပြောင်းဝသည် မှော်ပညာဖြင့် အဆင့်မြင့်တင်ထားသည်မို့ မည်သည့်အသံကိုမှ မထွက်ချေ။ ထို့ကြောင့် လျှက်တပြက် တိုက်ခိုက်ရာတွင် အသုံးပြုနိုင်၏။
လီလိုရှုသည် ချက်ချင်းပဲ သဘောကျသွားသည်။ သူမသည် တောင်အောက်သို့ ဆင်း၍ ရန်သူတစ်ယောက်ယောက် ရှာကာ လက်စတုန်းချင်စိတ်တွေပင် ပေါက်နေသည်။
…..
စာကြည့်ခန်းထဲမှာတော့ ကျွင်းချောင်ရှောင်းသည် သူ၏ လက်နှစ်ဖက်ကို ပွတ်သပ်ပြီး စနစ်ကို ဖွင့်လိုက်သည်။ ဂိုဏ်းအဆောက်အအုံ - အဆင့်နှစ် ဆိုသော နေရာ၏ ဘေးတွင် အဆင်မြင့်တင်နိုင်ကြောင်း စာတမ်းပေါ်နေ၏။
ကလစ် …။
“ဒင် . ဂိုဏ်းအဆောက်အအုံ .. အဆင့်သုံး”
“ဒင် …. ဂိုဏ်းသား ၊ ဂိုဏ်းစုဆောင်းမှတ် ၊ အောင်မြင်မှုအမှတ်များ အကန့်အသတ်တိုးသွားသည်။”
“ဒင် .. ပန်းပဲဆောင် ပွင့်လာသည်။”
သတိပေးချက်အသံများ ပေါ်လာပြီး စနစ်၏ မြင်ကွင်းသည် ပြောင်းလဲသွား၏။
ဂိုဏ်း - သံမဏိအရိုးဂိုဏ်း။
ဂိုဏ်းချုပ် - ကျွင်းချောင်ရှောင်း။
အဆင့် - အဆင့်ရှစ်။
ဂိုဏ်းအဆောက်အအုံ - အဆင့်သုံး။
ဂိုဏ်းလုပ်ဆောင်နိုင်မှုများ - ဆေးခန်းမဆောင် ၊ ပန်းပဲဆောင်။
ဂိုဏ်း၏ နည်းစနစ်များ - ရီကျင်ကျင်း ၊ လခြမ်းဓားကွက် ၊ ပေါက်ကွဲလက်သီး။
ဂိုဏ်းသား - ၅၀၀ / ၁၀၀၀။
ဂိုဏ်းစုဆောင်းမှတ် - ၄၅၀ / ၁၀၀၀။
ဂိုဏ်းအောင်မြင်မှုအမှတ် - ၀ / ၁၀၀၀။
ဂိုဏ်းအဓိက တာဝန် -နှစ်တစ်ရာ အတွင်း ….။
…..
“ဟားဟားဟား.. နောက်ဆုံးတော့ အကန့်အသတ်က တစ်ထောင်ထိ ရောက်လာပြီပဲ” ကျွင်းချောင်ရှောင်း ရယ်လိုက်သည်။
ဂိုဏ်းအဆောက်အအုံ၏ အဆင့်သုံးဆီသို့ ရောက်ရှိလာသည်ဆိုသည်မှာ နောက်ထပ် ခြေတစ်လှမ်းလှမ်း လိုက်နိုင်ခြင်းပင် ဖြစ်သည်။ သူ ပျော်ရွှင်ရဖို့ ထိုက်တန်သည် မဟုတ်လား။
ကျွင်းချောင်ရှောင်းသည် အသစ်ပေါ်လာသော ဆေးခန်းမဆောင်ကို နှိပ်ကြည့်လိုက်သည်။ သုံးဖက်မြင် ပန်းပဲဖိုတစ်ခု ပေါ်လာ၏။
အောက်မှာတော့ သန့်စင်နိုင်သော လက်နက်အမျိုးအစားများ ရေးသားထားသည်။ တစ်ခုမှာ စဦးအအေးဓား ဖြစ်ပြီး ဒုတိယ တစ်ခုမှ အဆင့်မြင့် လှံ ဖြစ်ကာ တတိယတစ်ခုမှာတော့ အဆင့်မြင့် သံမဏိ ဒိုင်းကာပင်ဖြစ်သည်။
“ဒါက ဆေးသန့်စင်ဆောင် နဲ့ တူတူပဲကိုး”
ကျွင်းချောင်ရှောင်း ပျော်သွားသည် “ပန်းပဲဆောင် ကြောင့် လက်နက်တွေ ပိုသန့်စင်လာနိုင်ပြီ။”
သူ စဦးအအေးဓား ဆိုသည့်နေရာအား နှိပ်လိုက်သည်။
ပစ္စည် - အအေးသံ ၅၀၀ ကီလိုဂရမ် ၊ အအေးစမ်းရေ ၅၀၀ ကီလိုဂရမ်။
မီးမျိုးစေ့ - သပ်ရပ်မီးမျိုးစေ့။
“ပစ္စည်းနည်းနည်းလေးပါလား။” ကျွင်းချောင်ရှောင်း တုန်လှုပ်သွားသည်။
ဆေးခန်းဆောင်၏ ဆေးဖော်စပ်ရာ ပစ္စည်းများသည်များပြားလှသည် ဆိုသော်လည်း ပန်းပဲဆောင် အတွက်မူ စဦးအဆေးဓားအတွက် အအေးသံ ၅၀၀ ကီလိုဂရမ် နှင့် အအေးစိမ်းရေ တစ်ဗုံးမျှသာ လိုအပ်၏။
စနစ်မှ ပြောလိုက်သည် “အဆင့်မြင့်လက်နက်တွေဆိုရင် ဒီ့ထက် ပိုပြီး လိုနိုင်ပေမဲ့ လက်ရှိမှာတော့ ဒီလောက်ဆို လုံလောက်ပါပြီ”
ကျွင်းချောင်ရှောင်းမေးစေ့ကို ပွတ်သပ်လိုက်သည် “အအေးသံက ဈေးမပေါဘူး”
ပြောပြီးသည့်နောက် လှံ၏ အချက်အလက်များအား ကြည့်လိုက်သည်။
ပိုမို၍ပင် ရိုးရှင်း၏။ မီးတောင်ကျောက် ၅၀၀ ကီလိုဂရမ်သာ လိုအပ်၏။
ကျွင်းချောင်ရှောင်းသည် သံမဏိဒိုင်းကာ အား ထောက်ကြည့်လိုက်တော့ စပ်ဖြီးဖြီးနှင့် ဖြစ်သွားသည်။ အဘယ့်ကြောင့် ဆိုသော် လိုအပ်သည့် အရာမှာ သံကျောက်ဖြစ်နေသောကြောင့်ပင်။
သူ့တွင် အအေးသံနှင့် မီးတောင်ကျောက်တို့ မရှိပေမဲ့ လီလိုရှု ရှောင်မိသားစု မိုင်းတွင်းမှ ယူလာပေးသော သံကျောက် တစ်ထောင်တောင် ရှိနေသည်။
ထိုပမာဏသည် သံမဏိ ဒိုင်းကာ တစ်ထောင် အတွက် လုံလောက်သည်။
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ဒီကျောက်တွေက တခြားလည်း သုံးစရာမရှိဘူး။ တပည့်ငါးရာအတွက် လုပ်ပြီး တစ်ခုစီ ပေးရမယ်။”
စနစ်မှ သတိပေးလိုက်သည် “ံသံကျောက်က တခြားလက်နက်တွေ လုပ်ရာမှာလည်း အသုံးပြုတယ်။ လက်ခံသူ အနေနဲ့ သေချာစဉ်းစားသုံးစေချင်တယ်။”
“အဲလိုလား”
ကျွင်းချောင်ရှောင်း ခဏလောက် စဉ်းစားပြီး ပြောလိုက်သည် “ဒါဆို ၂၅ ခု အရင် လုပ်လိုက်မယ်။ သေမင်းတောင်ကြားထဲ သွားရင် တပည့်တွေ ယူသွားလို့ရပြီ”