← Chapters

အခန်း (၁၇၃)

Vol. 12 Ch. 173

အခန်း (၁၇၃)

Vol. 12 Ch. 173

ပန်းပဲခန်းမဆောင်တွင် ပစ္စည်းများ လုံလုံလောက်လောက် ရှိရုံသာမက မီးမျိုးစေ့ပါရှိမည်ဆိုလျှင် လက်နက် များအား လွယ်လွယ်ကူကူနှင့် သွန်းလုပ်နိုင်၏။

သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် ပထမဦးဆုံး သံမဏိဒိုင်း အား သွန်းလုပ်ချိန်မှာတော့ နာရီဝက်ခန့်ကြာမြင့်ခဲ့၏။ သူစိတ်ပျက်လက်ပျက်ဖြစ်သွားမိသည်။ "နှေးလိုက်တာ"

စနစ်မှ ပြောလိုက်သည်။ "ဒီစကားကို ကြယ်ကြွယ်ကုန်းမြေတိုက်ကြီးမှာရှိတဲ့ ကျွမ်းကျင်ပန်းပဲဆရာတွေသာ ကြားရင်တော့ လက်ခံသူရဲ့ခေါင်းကို အုတ်ခဲနဲ့ ကျိန်းသေပေါက်ထုကြမှာပဲ။"

"ဘာလို့လဲ။" ကျွင်းချောင်ရှောင်း မေးလိုက်သည်။

စနစ်မှ ရှင်းပြလိုက်၏။ "ကျွမ်းကျင်လွန်းတဲ့ ပန်းပဲဆရာတွေတောင်မှ အဆင့်နိမ့်တဲ့ လက်နက်တစ်ခုကို သွန်းလုပ်ဖို့ အနည်းဆုံး နှစ်ရက်လောက်ကြာတယ်။သူတို့က သံရိုင်တုန်းတွေကို အရည်ပျော်ပြီး အထပ်ထပ် ထုနှက်ရတယ်။လက်ခံသူကတော့ နာရီဝက်အတွင်း အားလုံးကို ပြီးစီးအောင် ပြုလုပ်နိုင်တယ်။ဒါကိုတောင်မှ နှေးတယ်လို ထင်နေရင် သူတို့ကို စော်ကားတာနဲ့အတူတူပဲ။"

“ဪ…”

ကျွင်းချောင်ရှောင်း တီးတိုးရေရွတ်လိုက်သည်။ "နှစ်ရက်ထက်စာရင်တော့ ဒါက မနှေးဘူးပဲ။"

မနှေးရုံတင်မက မြန်လွန်းသည်ဟုပင်ဆိုရမည်ဖြစ်သည်။

ရွှီ။

အတွေးတစ်ချက်နှင့်ပင် သူသည် သံမဏိဒိုင်းကာအား ထုတ်ယူလိုက်သည်။

ဒိုင်းကာသည် သာမန် ဒယ်အိုးဖုံးတစ်ခု အရွယ်အစားသာရှိပြီး သံနှင့် ပြုလုပ်ထားသော်လည်း အလွန်အမင်း ပေါ့ပါးလှ၏။ ဒိုင်းကာ၏ အလယ်တွင် ကွဲကြောင်းရာလေးတစ်ခု ရှိနေ၏။

ကျည်ဆံများ ဖြည့်သွင်းသည့် အတွေ့အကြုံကို ရရှိပြီးဖြစ်သောကြောင့် ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ ခန့်မှန်းလိုက်သည်။ “ဒီဒိုင်းကာက သလင်းအမြုတေတွေရဲ့ စွမ်းအင်တွေနဲ့ ပေါင်းစပ်ရတာပဲ ဖြစ်လိမ့်မယ်”

"ကောင်းတယ် မလား။" စနစ်ကပြောလိုက်သည်။

ကျွင်းချောင်ရှောင်းသည် ပန်းပဲ ခန်းမဆောင်အား ဒုတိယမြောက် ဒိုင်းကာအား ဆက်လက်၍ သွန်းလုပ်စေသည်။

ပြီးနောက် သူသည် အဆင့်နိမ့် သလင်းအမြူတေအား ထုတ်ယူပြီး စွမ်းအင် နှင့် ပေါင်းစပ်လိုက်၏။

စွမ်းအင်များ ဖြည့်ဆည်းပေးပြီးသည့်နောက်မှာတော့ အလယ်ဗဟိုဆီမှ အလင်းတန်းများ ထွက်ပေါ်လာပြီး ဓားငါးပါးနှင့် ဆင်တူသော ပုံရိပ်များ ဖြစ်တည်လာ၏။

"မိုက်တယ်ဟ။" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

သူ့အသံထွက်ပေါ်လာချိန်မှာပဲ အလင်းတန်းများသည် ရုတ်တရက်ဆိုသလိုပဲ မှေးမှိန်သွား၏။

ဒိုင်းကာပေါ်တွင် ရှိသော ပုံရိပ်များ၏ အရောင်သည်လည်း ငွေရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ဒါဘယ်လို ဖြစ်တာလဲ။"

စနစ်မှ ပြောလိုက်သည်။ “လက်ခံသူအနေနဲ့ ဒိုင်းကာကို ကောက်ယူပြီး ကိုယ့်ရဲ့စိတ်နဲ ပေါင်းစပ်။ ဒါဆိုရင် အကာအကွယ် အစီအရင်ကို အသက်သွင်းလိုရပြီ။”

"အကာအကွယ်အစီအရင် ဟုတ်လား။"

ကျွင်းချောင်ရှောင်းသည် ဒိုင်းကာအား သူ၏ လက်ဖြင့် လှမ်းကိုင်ပြီး သူ၏ စိတ်နှင့် တစ်ခါတည်း ပေါင်းစပ်လိုက်၏။

သူ ထိကိုင်ပြီးပြီးချင်းမှာပဲ စက်ဝိုင်းပေါ်မှ အကာအကွယ် အတားအဆီး အစီအရင်တစ်ခု ပုံစံမျိုး ဖြစ်တည်လာ၏။

အလင်းအတားအဆီးသည် သူ့အား ကာကွယ်ပေးနေသည်ကို မြင်တော့ ကျွင်းချောင်ရှောင်း တုန်လှုပ် မိသွားသည်။ "ဒါက အရမ်းကောင်းလွန်းအားကြီးတယ်။"

စနစ်မှ ပြောလိုက်သည်။ "သံမဏိဒိုင်းကာက အကာအကွယ် အစီအရင်ကို အသက်သွင်းလိုက်တာပဲ။ သူ့ရဲ့ ခုခံနိုင်မှုအားအင်က တော်တော်ကြီးကို ကောင်းမွန်တယ်။"

အမ်။

ထိုအချိန်မှာဝောာ့ လီလိုရှု သည် အထဲသို့ လျှောက်ဝင်လာ၏။ ပြီးနောက် ပြောလိုက်သည်။ "ဂိုဏ်းချုပ် ….. ဒါ ဘာကြီးလဲ။"

"ဒိုင်းကာလေ။" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

ဟုတ်ပေသည်။ ဒါသည် ဒိုင်းကာတစ်ခုဖြစ်သည်ကို လီလိုရှု သိပြီးဖြစ်၏။

သူမသည် အစစ်အမှန်လိုလို ၊ ပုံရိပ်ယောင်လိုလို ဖြစ်တည်နေသော အလင်းအတားအဆီးအား လက်ညိုးထိုး ကာ ပြောလိုက်သည်။ "ဒါကို ပြောနေတာ။ ဒါက ဘာလို့ အစီအရင်တစ်ခုလိုပုံစံနဲ့ တူနေတာတုန်း။"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ဒါက အကာအကွယ် အစီအရင်လေ။ လာ …. လာ။"

သူသည် ဒိုင်းကာအား မြှောက်၍ တစ်ဖက်လှည့်လိုက်သည်။ "မင်းကန္တာရလင်းယုန် ကို ထုတ်ပြီး ငါ့ရဲ့ ဒိုင်းကာကို ပစ်ကြည့်လိုက်။"

လီလိုရှု ရယ်ကာ ပြောလိုက်၏။ “ဒိုင်းကာကို ဖောက်ပြီး ဂိုဏ်းချုပ်ကို ပစ်မိသွားရင် ဘယ်လို လုပ်မတုန်း။"

"အဲ့လိုမျိုး ဖြစ်မှာ မဟုတ်ဘူး။" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

"တကယ်လား"

"တကယ်ပြောနေတာ။"

လီလိုရှု လက်ကို မြှောက်လိုက်၏။ သူ၏ လက်ထဲမှာတော့ ကန္တာရလင်းယုန် လက်နက် ပေါ်ပေါက်လာသည်။

ဒိုင်း။

သူမသည် လက်နက်ကို မြှောက်ယူ၍ အကာအကွယ်အတားအဆီးအား တစ်ချက်လေးမှ တွန့်ဆုတ်မှု မရှိဘဲ ပစ်ချလိုက်၏။

လုပ်ကြံသတ်ဖြတ်သူ ဖြစ်ခဲ့ဖူးသော ဟောခန်းသခင်လီ သည် ရုတ်တရက်ပစ်ခတ်မှုတွင် အလွန်မြန်ဆန်လှပြီး ပစ်မှတ်အား ထိမှန်မှုတွင်လည်း အလွန်တိကျလှသည်။

သို့ပေမဲ့ သေနတ်အား ပစ်လွတ်လိုက်ပြီးသည့်နောက် သူမ၏ တောက်ပသည့် မျက်လုံးများသည် အံ့အားသင့်မှု များနှင့် ပြည့်နက်သွားသည်။ အဘယ့်ကြောင့်ဆိုသော် ကျည်ဆံသည် အကာအကွယ်အတားအဆီးအား ထိလိုက်မိသည်ဆိုသော်လည်း မည်သည့်အရာမှ မဖြစ်ပေါ်ခဲ့ချေ။

"ဘယ်လိုလဲ။" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

"ဒီအကာအကွယ်က မဆိုးဘူးပဲ။ ဟုတ်တယ်မလား။" လီလိုရှု အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။

"ဂိုဏ်းချုပ် …. ဒီအကာအကွယ်က အလတ်အလတ်အဆင့် အကာအကွယ် ရတနာတစ်ခုလား။"

ကျွင်းချောင်ရှောင်းသည် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ အကာအကွယ်နှင့် ပတ်သက်၍ မည်သည်က အဆင့်နိမ့် ၊ မည်သည်က အဆင့်မြင့်ဆိုသည်ကို နားမလည်ချေ။ သို့ပေမဲ့ သူ လိုက်လျောညီထွေစွာနှင့် ပြောလိုက်သည်။ "အင်း .. ဟုတ်တယ် …. ဒါကအလယ်အလတ်အဆင့်ပဲ။"

လီလိုရှု မျက်လုံးတွေ ပေကလပ် … ပေကလပ်လုပ်ကာ ပြုံး၍ ပြောလိုက်သည်။ "ဂိုဏ်းချုပ် ….. ဒီဒိုင်းကာတွေ အများကြီးရှိလား။ ရှိရင် မိုးဆွေဟောခန်းက အဖွဲ့ဝင်တွေ အတွက် အနည်းငယ်လောက်ပေးပါ့လား။"

ကျွင်းချောင်ရှောင်း သူ၏ သိစိတ်ကို ဒိုင်းကာဆီမှ ပြန်လည်ထုတ်ယူလိုက်ချိန်မှာတော့ အကာအကွယ် အလင်းတန်းသည် ပျောက်ကွယ်သွား၏။ သူပြောလိုက်သည် "မင်းတို့ အနာဂတ်မှာ ဘယ်လိုကောင်းကောင်း လုပ်လဲ ကြည့်ကြတာပေါ့။"

"ကောင်းပြီလေ။" လီလိုရှု ပခုံးတွန့်လိုက်၏။

"အခု ငါ့ကို ဘာလို့ လာရှာတာလဲ။" ကျွင်းချောင်ရှောင်း မေးလိုက်သည်။

လီလိုရှု ပြောလိုက်၏ "ဟောင်ချီဂိုဏ်း ကို စောင့်ကြည့်ခိုင်းထားတဲ့ လူတွေဆီက သတင်းအချက်အလက်တစ်ခု ရလာတယ်။ ချင်ဟောင်ရန်က ချင်းယန်နိုင်ငံထဲကနေ ထွက်သွားတယ်။ သူသွားတဲ့ တည်နေရာအရဆိုရင် နတ်စမ်းချောင်းဂိုဏ်းဆီကို သွားတာ ဖြစ်နိုင်တယ်။"

ကျွင်းချောင်ရှောင်းသည် သူ၏ မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည်။ "ဒီလူက တကယ့်ကို အကြီးအကျယ် ခံခဲ့ရတာပဲ။ နတ်စမ်းချောင်းဂိုဏ်းကို သွားပြီး ကျွမ်းကျင်သူတွေကို ဖိတ်ခေါ်ဖို့ အစီအစဉ်ရှိတာလား မသိဘူး"

လီလိုရှု ပြောလိုက်သည်။ "ဒါ ဖြစ်နိုင်တယ်။"

ကျွင်းချောင်ရှောင်း ခေါင်းခါယမ်းလိုက်မိသည်။ ပြီးနောက် သူ၏ သုံးသပ်ချက်ကို သူ ပြန်လည် ငြင်းပယ်လိုက်၏။

"ငါတို့က နတ်စမ်းချောင်းဂိုဏ်းနဲ့ စိန်ခေါ်ပွဲရှိပြီးသားပဲ။ဒီတော့ သူတို့က တကယ့်ကို လူကြီးလူကောင်းဆန်တဲ့ ဂိုဏ်းတစ်ခုဖြစ်မယ်ဆိုရင် ကျွမ်းကျင်သူတွေကို ကျိန်းသေပေါက် လွှတ်မှာ မဟုတ်ဘူး။လွှတ်လိုက်မယ်ဆိုရင် တစ်ခြားသူတွေရဲ့အတင်းအဖျင်း ပြောစရာ ဖြစ်သွားလိမ့်မယ်။"

"ဒါလည်း မှန်တယ်။" လီလိုရှု ပြောလိုက်၏။

ချင်းယန်နိုင်ငံသည် သူတို့၏ စိန်ခေါ်ပွဲအကြောင်းကို သိရှိပြီးဖြစ်၏။ နတ်စမ်းချောင်ဂိုဏ်းအနေနှင့် ကျိန်းသေပေါက် ဂုဏ်သိက္ခာကျမည့်အလုပ်မျိုးကို လုပ်လိမ့်မည် မဟုတ်ပေ။ သူတို့သည် လူများကို လွှတ်၍ ပြဿနာရှာမည်ဆိုပါက တစ်ခြားသူများ၏ ပြစ်တင်ကဲ့ရဲ့ခြင်းကိုသာ ခံရလိမ့်မည်။

ကျွင်းချောင်ရှောင်း ပြုံးကာ ပြောလိုက်သည်။ "ငါ့အထင်အရတော့ မဟာမိတ်ခေါင်းဆောင်ချင် ရဲ့ ဒီခရီးက သံမဏိအရိုးဂိုဏ်းနဲ့ တိုက်ခိုက်တဲ့အခါမှာ ဂရုစိုက်ဖို့ သွားပြီး ပြောတာ ဖြစ်လိမ့်မယ်။"

"အဆင့်ငါးဂိုဏ်းတစ်ခုက အဆင့်ခြောက် ဂိုဏ်းတစ်ခုရဲ့စကားကို နားထောင်ပါ့မလား။" လီလိုရှု ပြောလိုက်သည်။

"သူတို့ရဲ့နှာခေါင်းအောက် မှာ ပါးစပ်ပါတာပဲလေ။ ပြောချင်သလို လျှောက်ပြောမှာပဲလေ။"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ပြီးတော့ မဟာမိတ်ခေါင်းဆောင်ချင် က အကျိုးအမြတ်တစ်ချို့ကို ပေးလိုက်မယ်ဆိုရင် နတ်စမ်းချောင်းဂိုဏ်းအနေနဲ့ လက်ခံသွားမှာပဲလေ။"

လီလိုရှု အသာမျက်မှောင်ကုတ်လိုက်မိ၏။ "ဒီလိုဆိုရင် ကျွန်မတို့ နတ်စမ်းချောင်းဂိုဏ်းကို သွားမယ်ဆိုရင် အခြေအနေက ပိုပြီးတော့ ခက်ခဲတော့မှာပေါ့။"

"အဲလိုလည်း မဟုတ်သေးဘူး"

ကျွင်းချောင်ရှောင်းသည် ဂရုမစိုက်ပေ။ သူ၏ အမြင်အရဆိုလျှင် ချင်ဟောင်ရန်၏ နည်းလမ်းသည် တစ်ခုမှ အသုံးဝင်မည်မဟုတ်ချေ။

……….

ပန်းပဲခန်းမဆောင်သည် တစ်ညလုံး မရပ်မနား အလုပ်လုပ်ပြီးသည့်နောက်မှာတော့ ဂိုဏ်းကာ နှစ်ဆယ့်လေးခုကို သွန်းလုပ်နိုင်ခဲ့ပြီဖြစ်၏။

ဒိုင်းကာများသည် ကောင်းမွန်လှသည်ဆိုသော်လည်း အတားအဆီး အစီအရင် ဖန်တီးနိုင်ရန် သလင်းအမြူတေများ လိုအပ်နေသည်။

ထို့အပြင် ကန္တာရလင်းယုန် သေနတ်ဖြင့် ပစ်ခတ်ပြီးသည့်နောက်မှာတော့ စွမ်းအင်များသည် ဆယ်ပုံတစ်ပုံ ကုန်ဆုံးသွား၏။

ဆိုလိုသည်မှာ စွမ်းအင်များ ကုန်ဆုံးသွားလျှင် အကာအကွယ် အတားအဆီး၏ သက်ရောက်မှုသည်လည်း ကုန်ဆုံးသွားပေလိမ့်မည်။

ကျွင်းချောင်ရှောင်း တီးတိုးရေရွတ်လိုက်မိ၏။ "သေမင်းတောင်ကြားထဲကို ဝင်ပြီးတဲ့နောက်မှာ တပည့်တွေက သားရဲတွေရဲ့ တိုက်ခိုက်မှုကို ခုခံရမှာပဲ ။ အဲအချိန်မှာ ဒါက ထိရောက်နိုင်တယ်။"

နောက်တစ်ရက်မှာတော့ သူသည် တပည့်နှစ်ဆယ့်ငါးယောက်အား ဆင့်ခေါ်လိုက်၏။

အတွင်းတပည့်များမပါဝင်ပဲ သာမန်စိတ်ဝိညာဉ်အမြစ်ရှိသော တပည့်ဆယ်ယောက်အပြင် တစ်ခြားသော တပည့်ရှစ်ယောက်တို့မှာ ကျိုးဟုန် ၊ လုံကျိဟန် ၊ လီယုဝါ ၊ လင်းယွမ်ရွှယ်နှင့် တစ်ခြားသော သူများ ဖြစ်သည်။

ကျွင်းချောင်ရှောင်းသည် ဒိုင်းကာများအား တစ်ယောက်ချင်းစီ ပေးလိုက်၏။ ပြီးနောက် သလင်းအမြုတေတစ်ခုစီအားလည်း ပေးလိုက်သည်။

စွမ်းအင်များ မည်သို့ ထည့်သွင်းရသည်ကို အသေးစိတ်ရှင်းပြပြီးနောက် သူ ပြောလိုက်၏။

"အရေးကြီးတဲ့ အခိုက်အတန့်မဟုတ်ရင် ဒီအကာအကွယ်အတားအဆီးကို လွယ်လွယ်ကူကူနဲ့ အသက်မသွင်း ကြနဲ့။"

"ကောင်းပါပြီ။" တပည့်များအားလုံးသည် သံပြိုင် အော်ဟစ်လိုက်ကြ၏။

သူသည် ကျိုးဟုန်အား ဒိုင်းကာတစ်ခု မပေးခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော် ကျိုးဟုန်သည် ဓားသမားတစ်ယောက် ဖြစ်သောကြောင့် ဤဒိုင်းအား အသုံးပြုလိမ့်မည် မဟုတ်ချေ။

ဟမ့်။

"ငါက သိုင်းအင်ပါယာတစ်ယောက်လေ။ ဘာလို့ ခုခံကာကွယ်ဖို့ ကြောင်တောင်ဝောာင်နိုင်တဲ့ ဒိုင်းကာကို အသုံးပြုရမှာလဲ။

ရီရှင်းချန်သည် သံမဏိဒိုင်းကာအား သဘောမတွေ့လှချေ။

ထို့အပြင် သူသည် အရင်ဘဝကတည်းက သာမန်စစ်သည်များ အသုံးပြုတတ်သည့် ဒိုင်းကာသုံးပစ္စည်းများအား ဘယ်တုန်းကမှ အသုံးမပြုခဲ့ဖူးချေ။

သူ့ကဲ့သို့ ကောင်းကင်ပေါ်တွင် ပျံသန်းနိုင်ပြီး လောကကြီးတစ်ခုလုံးကို လက်ဝါးဖြင့် အုပ်ကာ တိုက်ခိုက်ဖျက်ဆီးပစ်နိုင်သော သိုင်းအင်ပါယာတစ်ယောက်အနေဖြင့် အဘယ့်ကြောင့် သံမဏိဒိုင်းကာ တစ်ခုအား ကိုင်ဆောင်ရမည်နည်း။

ဒါက ကြောင်တောင်တောင် နိုင်လွန်းလှ၏။

အခန်းထဲသို့ ရောက်ရှိသည့်အချိန်မှာတော့ ရီရှင်းချန်သည် သူ၏ ဒိုင်းကာအား အခန်းထောင့်တစ်ခုသို့ ပစ်လွှတ်လိုက်သည်။

အပြင်ဘက်တွင်တော့ စုချောင်မိုသည် ဒိုင်းကာအား စိတ်ဝိညာဉ်များစုစည်း၍ သလင်းအမြုတေစွမ်းအင်များ ပေါင်းစပ်လိုက်ပြီးနောက် အကာအကွယ် အတားအဆီးအား အသက်ဝင်လာသည်။ ပြီးနောက် ထအော်လိုက်၏။ "ဒီဒိုင်းကာက အားကောင်းလွန်းတာပဲ။"

ဟမ့်။

ရီရှင်းချန် အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။ သူလှည့်ကြည့်လိုက်သည့် အချိန်၌ ပြတင်းပေါက် အပြင်ဘက်တွင် အကာအကွယ် အတားအဆီးတစ်ခု ဖြစ်တည်နေသည်ကို မြင်လိုက်ရ၏။ သူ တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။ "ဒါက အကာအကွယ် ရတနာတစ်ခုလား။"

လက်နက်ဆိုသည်မှာ ဘာအဓိပ္ပါယ်မှ မရှိလှချေ။ ဓားမော့၊ လှံ၊ ဓား ၊ ပုဆိန်၊ အရာအားလုံးမှာ ရိုးရှင်းလှ၏။

သို့ပေမဲ့ ရတနာများမှာတော့ ရှုပ်ထွေးလှသည်။ ဥပမာအားဖြင့် ဗုဒ္ဓ ပုတီးစေ့၊ စည်းအစီအရင် စသည့်အရာများသည် ရတနာများ ဖြစ်ကြသည်။ တည်နေရာ စွမ်းအင်များပါဝင်သော သိုလှောင်လက်စွပ်သည်လည်း ရတနာစာရင်းထဲတွင် ပါဝင်သည်။

ထိုအရာများသည်လည်း ရတနာပင်ဖြစ်၏။

သံမဏိဒိုင်းကာသည် အကာအကွယ် အတားအဆီးအား အသက်သွင်းလိုက်နိုင်သည်။ ဆိုလိုသည်မှာ ဤအရာသည် ရတနာတစ်ပါးပင်။

ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် ခုခံခြင်းနှင့် တိုက်ခိုက်ခြင်း ရတနာများသည် အဆင်တူ ရတနာများထက် ပို၍ တန်ဖိုး ကြီးမားလွန်းလှသည်။

ရီရှင်းချန်သည် အလောတကြီးဖြင့် ထောင့်တွင် ပစ်လွှတ်ထားသော သံမဏိဒိုင်းကာအား ကောက်ယူလိုက်၏။

ပြီးနောက် သလင်းအမြုတေ စွမ်းအင်များအား ထည့်သွင်း၍ အကာအကွယ်အတားအဆီး အသက်ဝင်ချိန်မှာတော့ သူ ထအော်လိုက်မိ၏။ "ဒါက ခုခံခြင်း ရတနာတစ်ခုပဲ။"

ဤအရာသည် ကျိန်းသေပေါက် တန်ဖိုးကြီးမားလှသည်။

သို့ပေမဲ့ ဂိုဏ်းချုပ်သည် ဤကဲ့သို့သော ရတနာနှစ်ဆယ့်လေးခုကို ပဲကြီးလှော်များကဲ့သို့ ထုတ်ပေးခဲ့၏။ ဂိုဏ်းချုပ်သည် ထူးခြားသည့် လူတစ်ယောက်ပင် ဖြစ်ပေလိမ့်မည်။

All Chapters