← Chapters

အခန်း (၁၇၄)

Vol. 12 Ch. 174

အခန်း (၁၇၄)

Vol. 12 Ch. 174

တပည့်များသည် ဒိုင်းကာများအား ယူဆောင်ကာ ထွက်ခွာသွားပြီးသည့်နောက် လင်းယွမ်ရွှယ် တစ်ယောက်ထဲသာ ကျန်ရစ်ခဲ့သည်။

စာကြည့်ခန်းထဲတွင် သူမ နှင့် ကျွင်းချောင်ရှောင်းတို့သာ ကျန်ရှိနေတော့၏။

လင်းယွမ်ရွှယ်သည် သူမ၏ခေါင်းကိုငုံထားပြီး သူမ၏သေးငယ်သော လက်ကလေးများသည် အနည်းငယ် တုန်ရင်လျက်ရှိ၏။ သူမအနေဖြင့် ဂိုဏ်းချုပ်နှင့် နှစ်ယောက်တည်း ကျန်ခဲ့ရသည်မှာ ပထမဦးဆုံးအကြိမ်ပဲ ဖြစ်သည်။

သူမသည် ရှက်ရွံ့နေသည်။ ထို့အပြင် အလွန်အမင်းလည်း ကြောက်လန့်နေ၏။

"ဘုတ်" ရုတ်တရက်ဆိုသလိုပဲ အသံတစ်ခု ထွက်ပေါ်လာသည်။

လင်းယွမ်ရွှယ် ကြောင်သွား၏။ ပြီးနောက် အမှတ်တမဲ့နှင့် အနောက်သို့ ခြေနှစ်လှမ်းဆုတ်လိုက်မိ၏။

ကျွင်းချောင်ရှောင်း ထိုအရာကို မြင်သည့်အချိန်မှာတော့ ဆွံ့အသွားလျက်ရှိသည်။

ငါ ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်းဆေးရည်ကို စားပွဲပေါ်တင်ပေးတာ မင်းက ဘာလို့ အရမ်းကြောက်သွားရ တာတုန်း။

"ယွမ်ရွှယ်" သူသည် မေးထောက်ကာ ပြောလိုက်သည်။

"မင်းရဲ့အိပ်မက်ကဘာလဲ။"

ဂိုဏ်းချုပ် အဘယ့်ကြောင့် သူမရဲ့အိပ်မက်အကြောင်းကို ထပ်၍ မေးရသနည်း။

လင်းယွမ်ရွှယ် တီးတိုးရေရွတ်လိုက်သည်။ "ကျွန်မရဲ့အိပ်မက်က သိုင်းပညာကိုလေ့ကျင့်ဖိုနဲ့ ဂိုဏ်းချုပ်ကို သက်သေပြဖို့အတွက်ပါ။"

ကျွင်းချောင်ရှောင်း လေးလေးနက်နက်ပြောလိုက်သည်။ "သိုင်းပညာကို ကျင့်ကြံတယ်ဆိုတာ တစ်ခြားလူတွေကို သက်သေပြဖို့မဟုတ်ဘူး။ကိုယ့်ကိုယ်ကို သက်သေပြဖို့ပဲ နားလည်ရဲ့လား။"

"နားလည်ပါပြီ။"

"ဘုန်း"

ကျွင်းချောင်ရှောင်းသည် စားပွဲခုံအား ထုနှက်၍ ခပ်တင်းတင်းပြောလိုက်သည်။

"ကျယ်ကျယ်ပြော"

လင်းယွမ်ရွှယ်သည် မျက်ရည်ကျလုမတတ် ကြောက်လန့်သွားပြီး မျက်လုံးကို မှိတ်ကာ ကျယ်လောင်စွာ အော်လိုက်၏။ "နားလည်ပါပြီ။"

ကျွင်းချောင်ရှောင်း၏ လေသံသည် ပြန်လည်၍ နူးညံ့သွားသည်။ "သိုင်းပညာကို လေ့ကျင့်တယ်ဆိုတာ သတ္တိရှိရတယ်။ ငါတို့ သေမင်းတောင်ကြားလမ်းကို သွားတဲ့အချိန်ကျရင် မင်းကို ရဲရင့်ပြီးတော့ အားကောင်းတဲ့လူတစ်ယောက်အဖြစ် မြင်ချင်တယ်။"

"နားလည်ပါပြီ။" လင်းယွမ်ရွှယ် ပြောလိုက်၏။

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ဒီဆေးပုလင်းကိုသောက်လိုက်။"

"ဟုတ်ကဲ့"

လင်းယွမ်ရွှယ်သည် ရှေ့သို့ တစ်လှမ်းချင်းတိုးလာ၏။

ပြီးနောက် ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်းဆေးရည်အား ယူဆောင်၍ အဖုံးဖွင့်ကာ တစ်ကြိုက်တည်း မော့သောက်လိုက်တော့သည်။

ခဏကြာတော့ သူမ၏မျက်နှာသည် နီရဲလာ၏။

သူမ၏စိတ်ဝိညာဉ်အမြစ်သည် အဆင့်နိမ့်အဆင့်မှသည် သာမန်အဆင့်ဆီသို့ ပြောင်းလဲသွားတော့သည်။ သူမ၏ ကျင့်ကြံခြင်းအဆင့်သည်လည်း အဆင့်တစ်ဆယ် စွမ်းအင်ဖွင့်ခြင်းအဆင့်မှသည် အဆင့်တစ်ဆယ့်နှစ် စွမ်းအင်ပြောင်းလဲခြင်းအဆင့်ဆီသို့ ပြောင်းလဲသွားတော့သည်။

"ဒါက"

လင်းယွမ်ရွှယ် တည်နေရာမှာတင် မတ်မတ်ရပ်၍ ဆွံအလျက်ရှိ၏။

………

တပည့်နှစ်ဆယ့်လေးယောက်အား သံမဏိဒိုင်းကာများ တပ်ဆင်ပေးပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်း သည် သူတို့အားလုံးကို သေမင်းတောင်ကြားလမ်းသို့ သွားရောက်ရန် ပြင်ဆင်သည့် အနေနှင့် ကျင့်ကြံခြင်းများအား အဆက်မပြတ် ကျင့်ကြံကြရန် အမိန့်ပေးလိုက်သည်။

ချင်းယန်နိုင်ငံအတွင်းမှာတော့ သံမဏိအရိုးဂိုဏ်း၏ ဟောင်ချီဂိုဏ်းအပေါ် အနိုင်ယူလိုက်သည့်ဖြစ်ရပ်အား ပြောဆိုနေကြတုန်းပင် ရှိသေး၏။ သို့ပေမဲ့ ထိုသတင်းသည် ကြီးမားလှသည့် သတင်းကြီးတစ်ခု၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရသည်။

အဘယ်သို့သော သတင်းကြီးဖြစ်သနည်း။

ခုနစ်ရက်ကြာပြီးသည့်နောက်မှာ အိုက်မိသားစုသည် ခန္ဓာကိုယ်ဖြစ်တည်ခြင်း ဆေးလုံးကို လေလံဆွဲမည် ဆိုသော သတင်းပင် ဖြစ်၏။

တစ်စုံတစ်ယောက်၏ ခန္ဓာကိုယ်အားအင်ကို တိုးတက်စေသော ဆေးအမျိုးအစားသည် သံမဏိအရိုးဂိုဏ်းအနေနှင့် ဟောင်ကျီဂိုဏ်းသို့သွား၍ စိန်ခေါ်ခဲ့သည့်အချိန်တုန်းကတည်းက သတင်းသဲ့သဲ့ ပျံ့နှံ့နေသည့် ဆေးလုံးဖြစ်၏။ သို့ပေမဲ့ ဤသတင်းသည် ရုတ်တရက်ဆိုသလိုပဲ ပျောက်ကွယ်သွားသည်။

ထို့ကြောင့် လူတော်တော်များများသည် ထိုအရာကို မေ့လျော့သွားခဲ့ပြီဖြစ်၏။

သို့ပေမဲ့ သူတို့သည် ဤအချိန်မှာတော့ ပြန်လည်သတိရလာကြ၏။ အဘယ့်ကြောင့်ဆိုသော် လေလံပွဲကျင်းပမည့် နေ့စွဲအား အိုက်မိသားစုမှ အတည်ပြုခဲ့ခြင်းကြောင့် ဖြစ်သည်။

ထို့အပြင် လေလံပွဲနှင့် ပတ်သက်၍ လူများအားလုံးသည်လည်း အုတ်အော်သောင်းနင်း ဖြစ်လျက်ရှိသည်။

အဘယ်သို့ အရာက အုတ်အော်သောင်းနင်း ဖြစ်စေသနည်း။

ဤတစ်ကြိမ် ကျင်းပမည့် အိုက်မိသားစု၏ လေလံပွဲသည် အရင်တုန်းက လေလံပွဲနှင့် ယှဉ်လျှင် များစွာခြားနားခဲ့၏။

သူတို့သည် ခန္ဓာကိုယ် ဖြစ်တည်ခြင်း ဆေးလုံးအတွက် စဦးဈေးနှုန်းကိုပင် တိုက်ရိုက်ပဲ ကြော်ငြာခဲ့လေသည်။

မည်မျှနည်း။

ခန္ဓာကိုယ် ဖြစ်တည်ခြင်း ဆေးလုံးတစ်လုံးအတွက် စဦးဈေးနှုန်းသည် တစ်သန်းပင် ဖြစ်၏။

"တစ်သန်းဟုတ်လား ။ ဒါက အရမ်းများလွန်းအားကြီးတယ်။"

"အဆင့်မြင့်ဆေးလုံးတွေကို လေလံဆွဲမယ်ဆိုရင်တောင်မှ ဒီလောက်ဈေးနှုန်းရမှာမဟုတ်ဘူး။"

"ဒါအရမ်းများလွန်းအားကြီးတယ်။ငါ မတတ်နိုင်ဘူး။"

ကျွင်းချောင်ရှောင်းသည်သာ ဤနေရာသို့သွား၍ ဈေးနှုန်းအား စတင်ကြေး တစ်သန်းဟူ၍ လေလံခေါ်မည်ဆိုလျှင် မည်သည့်သိုင်းပညာရှင်များကမှ ဝင်ရောက်၍ လေလံဆွဲလိမ့်မည် မဟုတ်ပေ။ ကျွင်းချောင်ရှောင်းအား ကျိန်းသေပေါက် ပိုက်ဆံအတွက် ရူးသွပ်နေပြီဟု ထင်မိကြလိမ့်မည်။

သို့ပေမဲ့ အိုက်မိသားစုမှာတော့ ခြားနားလှ၏။ ရှေးတုန်းကတည်းက တည်ဆောက်ခဲ့သော မိသားစုကလန်ကြီးတစ်ခုလည်း ဖြစ်၏။ ထို့အပြင် အရင်တုန်းကလည်း ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးကို ရောင်းချခဲ့ပြီး ဖြစ်သည်။

များပြားလှသော ကျင့်ကြံသူများသည် ဤသတင်းကို ကြားမိချိန်မှာတော့ ခန္ဓာကိုယ် ဖြစ်တည်ခြင်းဆေးလုံး အား မည်သို့မှ သံသယမရှိကြချေ။

အိုက်ရှန်းရီအနေဖြင့် သံမဏိအရိုးဂိုဏ်း ဟောင်ချီဂိုဏ်းအား အနိုင်ယူရာတွင် ထိုဆေးလုံးအား အသုံးပြုခဲ့သည်ဟူသောသတင်းကိုသာ ဖြန့်လိုက်မည်ဆိုပါက ပို၍ ဈေးတက်လာပေလိမ့်မည်။ သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်းသည် ထိုသို့ပြုလုပ်ရန် ခွင့်ပြုမထားချေ။

မည်သို့ပင်ဆိုစေကာမူ ငွေတစ်သန်းဆိုသည်မှာ အစောကတည်းက များပြားလှသော ငွေပမာဏဖြစ်၏။

ချင်းယန်နိုင်ငံအတွင်းမှာရှိသော များပြားလှသည့် ကလန်များ နှင့် ဂိုဏ်းများသည် အိုက်မိသားစု၏ လေလံပွဲသတင်းကို ရရှိပြီးသည့်နောက်မှာ ပိုက်ဆံများ စတင် ရှာဖွေနေကြပြီဖြစ်၏။

ကျွင်းချောင်ရှောင်း ထိုသတင်းကို ကြားမိချိန်မှာတော့ အားရပါးရ ရယ်လိုက်မိ၏။"စတည်တဲ့ဈေးနှုန်းက ငွေတစ်သန်းဟုတ်လား။လေလံပွဲ စရင် နောက်ဆုံးဈေးနှုန်း ဘယ်လောက်ဖြစ်မယ်ဆိုတာ ငါ မှန်းလို့တောင် မရနိုင်ဘူး။"

လီလိုရှု ပြောလိုက်သည်။ "ခန္ဓာကိုယ် ဖြစ်တည်ခြင်း ဆေးလုံးတွေကို ဂိုဏ်းချုပ်ကိုယ်တိုင် သန့်စင်ထားတာ ဖြစ်ပြီး သိုင်းပညာရှင်တွေအတွက် အရမ်းအရေးကြီးတဲ့ အရာဖြစ်တယ်။အိုက်မိသားစုရဲ့ အကူအညီအရဆိုရင် ခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံးက မိုးလောက်မြင့်ဈေးနှုန်းမျိုး ရောင်းချရမှာ ကျိန်းသေတယ်။"

ကျွင်းချောင်ရှောင်းသည် ဂိုဏ်းအား ဆက်လက်၍ တိုးတက်စေချင်၏။ သို့ပေမဲ့ သူသည် ဖြစ်ပေါ်လာမည့် လေလံပွဲတွင် ပါဝင်ဖို့ စိတ်မဝင်စားပေ။

အဘယ့်ကြောင့်ဆိုသော် သူသည် လူမြင်ကွင်းတွင် သူ၏မျက်နှာကိုလည်း မပြချင်ပေ။ အဲအစား ကန်လန့်ကာနောက်ကွယ်မှနေ၍ သက်တောင့်သက်သာဖြင့် ပိုက်ဆံများအား သိမ်းဆည်းချင်မိ၏။

ခုနစ်ရက်ကြာပြီးနောက်မှာတော့ လေလံပွဲသည် ကြေညာထားသည့်အတိုင်း စတင်ကျင်းပခဲ့ပြီဖြစ်သည်။

ခန္ဓာကိုယ် ဖြစ်တည်ခြင်းဆေးလုံးအား ချင်းယန်နိုင်ငံမှ သိုင်းပညာရှင်များကိုသာလျှင် ရောင်းချမည်ဟု အိုက်မိသားစုက ကြိုတင်ကာ ရှင်းရှင်းလင်းလင်း ရှင်းပြထားပြီးဖြစ်၏။ ထို့ကြောင့် တစ်ခြားနိုင်ငံမှ အင်အားစုများအနေဖြင့် လူများလွှတ်ကာ အပျော်သဘော လာရောက် ကြည့်ရှုသည့်အလုပ်ကိုသာ လုပ်ဆောင်နိုင်ကြ၏။

"အားလုံးပဲ …."

လေလံစတင်သည့်အချိန်မှာတော့ အိုက်ရှန်းရီသည် လေလံစင်မြင့်ပေါ်တွင် မတ်တပ်ရပ်ကာ ပြောလိုက်၏။

"ခင်ဗျားတို့အားလုံး ခန္ဓာကိုယ်ဖြစ်တည်ခြင်း ဆေးလုံးအကြောင်းနဲ့ ပတ်သက်ပြီး ကြိုမပြောရင်တောင်မှ သိရှိပြီး ဖြစ်လိမ့်မယ်။ဒီတော့ လေလံပွဲကို စကြစို့။"

သူသည် လေးထောင့်ပုံ သေတ္တာတစ်ခုအား ဆွဲဖွင့်၍ ကျယ်လောင်စွာ ပြောလိုက်သည်။

"ပထမဦးဆုံး ခန္ဓာကိုယ်ဖြစ်တည်ခြင်း ဆေးလုံးအတွက် စတင်တဲ့ လေလံကြေးက ငွေတစ်သန်းပါ။"

"ငွေတစ်သန်းနဲ့ တစ်သောင်း"

"ငွေတစ်သန်းနဲ့ နှစ်သောင်း"

လေလံပွဲသည် စတင်၍ အပြိုင်အဆိုင် ဖြစ်ပေါ်လာကြပြီဖြစ်၏။

ကလန်ကြီးများ နှင့် ဂိုဏ်းများသည် ခန္ဓာကိုယ် ဖြစ်တည်ခြင်းဆေးလုံး ရရှိရန်အတွက် အလွန်အမင်း ကြိုးစားလျက်ရှိကြသည်။

ထို့အပြင် ခန္ဓာကိုယ် ဖြစ်တည်ခြင်းဆေးလုံးသည် လေးလုံးသာရှိ၏။ထို့ကြောင့် ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးထက် ပို၍ ရှားပါးမည်မှာသေချာ၏။

လေလံပွဲ အဆုံးသတ်ပြီးသည့်နောက်မှာတော့ သတင်းသည် သံမဏိအရိုးဂိုဏ်းသို့ ရောက်ရှိလာတော့သည်။

ကျွင်းချောင်ရှောင်းသည် ခန္ဓာကိုယ်ဖြစ်တည်ခြင်း ဆေးလုံးလေးလုံးအား ငွေဆယ်သန်းဖြင့် ရောင်းချခဲ့ရကြောင်း သိရှိခဲ့ရ၏။

"ဆေးလုံးတစ်လုံးကို ငွေနှစ်သန်းခွဲလောက် တန်တယ်လို့ ပြောရမှာပေါ့။" ခေါင်းကို ခါရမ်းပြီး ပြောလိုက်သည်။ "ဒါက သိပ်တော့ဈေးမများသေးဘူး။"

"အိုက်မိသားစုရဲ့ လေလံပွဲက ဒီတစ်ကြိမ်မှာ ချင်းယန်နိုင်ငံအတွက်ပဲ ကန့်သတ်ထားတာ။တစ်ခြားနိုင်ငံတွေကို ဝယ်ယူခွင့်မပေးဘူး။ ဒီနိုင်ငံအတွင်းမှာပဲ ရောင်းတာတောင်မှ ငွေဆယ်သန်းလောက် ရတယ်ဆိုမှ မဆိုးဘူးလို့ ပြောရမယ်။"

ကျွင်းချောင်ရှောင်း စိတ်သက်သာရာရသလို ခံစားမိလိုက်၏။ ငွေဆယ်သန်းအား လေးဆယ် ၊ ခြောက်ဆယ် ခွဲခြားမည်ဆိုလျှင် သူသည် ငွေလေးသန်းကို ရရှိဦးမှာဖြစ်သည်။

ထို့ကြောင့် ဘာပဲပြောပြော ပိုက်ဆံများသည် သူ့အိတ်ထဲသို့ဝင်လာတော့မည် ဖြစ်၏။

ထိုတင်မကသေးပေ။ ခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံးများ ပြီးသည့်နောက်မှာတော့ အိုက်မိသားစုသည် ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးများအတွက် ဆက်လက်၍ လေလံဆွဲခဲ့၏။

တစ်ခြားသော နိုင်ငံများမှ အင်အားစုများအနေနှင့် လေလံပွဲတွင် ပါဝင်ယှဉ်ပြိုင်၍ မရခဲ့သည့်တိုင်အောင် ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးအတွက် ငွေခြောက်သန်းနီးပါးရရှိခဲ့၏။

လီချင်းယန် သတင်းပို့လာသည် “ဂိုဏ်းချုပ် ….အိုက်မိသားစုရဲ့ ခေါင်းဆောင်က ထပ်ပြီး လာလည်ပါတယ်။"

တကယ်တမ်းမှာတော့ အိုက်မိသားစုခေါင်းဆောင်သည် ပိုက်ဆံလာပေးသည်ဟု ပြောရင် ပို၍သင့်တော်ပေလိမ့်မည်။

အိုက်ရှန်းရီ အဓိကဟောခန်းအတွင်းသို့ ဝင်ရောက်ပြီးသည့်နောက်မှာတော့ ငွေခြောက်သန်းအား အရင်ဦးဆုံးလွှဲအပ်ပေးလိုက်သည်။

ကျွင်းချောင်ရှောင်းသည် အိုက်မိသားစုနှင့် အလုပ်လုပ်ရသည်ကို အလွန်အမင်း နှစ်သက်လှ၏။ ထို့ကြောင့် ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံး ပုလင်းပေါင်းငါးဆယ်နှင့် ခန္ဓာကိုယ် ဖြစ်တည်ခြင်းဆေးလုံး ဆယ်ပုလင်းအား ပေးလိုက်၏။

အိုက်ရှန်းရီသည် ဆေးလုံးများကို လက်ခံရယူချိန်မှာတော့ သူ၏လက်များသည် အထိန်းအကွပ်မဲ့စွာဖြင့် တုန်ရင်လျက်ရှိသည်။

ဤမျှများပြားသော ဆေးလုံးများနှင့်ဆိုလျှင် သူ၏လေလံပွဲသည် မခန့်မှန်းနိုင်အောင် များပြားသော ပိုက်ဆံများကို ရှာဖွေနိုင်တော့မှာ ဖြစ်၏။

ရှောင်မိသားစုအတွက် စာချုပ်ဖျက်သိမ်းကြေး ဆယ်ဆပေးလိုက်တယ် ဟုတ်လား။ ချီးတဲ့မှ။ ဂိုဏ်းချုပ်ကျွင်းနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်နိုင်ဖို့ဆိုရင် စာချုပ်ဖျက်သိမ်းကြေး အဆ နှစ်ဆယ် ပေးရရင်တောင်မှ ထိုက်တန်တယ်။

အိုက်ရှန်းရီ ပျော်ရွှင်စွာနှင့် ထွက်ခွာသွားပြီးသည့်နောက် သူ၏ကြီးမားလှသော လေလံပွဲကြီးအတွက် စတင်ကာ စီစဉ်တော့၏။

လမ်းတစ်လျှောက်မှာတော့ နောက်ထပ်လေလံပွဲတွင် အားလုံးအား ပွင့်ပွင့်လင်းလင်းနှင့် ချပြမည်ဖြစ်ပြီး ချင်းယန်နိုင်ငံ တစ်နိုင်ငံတည်းဟူ၍ ကန့်သတ်ထားတော့မည် မဟုတ်ကြောင်း သူ ဆုံးဖြတ်ခဲ့ပြီး ဖြစ်သည်။

လေလံပွဲ ကိစ္စသည် အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်းနှင့် လူတွေ၏ စိတ်ဝင်စားမှုမှ လျော့ကျသွားတော့၏။

……..

သံမဏိအရိုးဂိုဏ်းသည် လက်သမားများ၏ အကူအညီဖြင့် အပြင်ဘက်ခြံဝန်းကြီးအား ပြန်လည်တည်ဆောက်နေသည်။

အပြင်ဘက်ခြံဝန်း၏ မြေနေရာသည် ပိုမိုကြီးထွားလာပြီး ခန်းမဆောင်များလည်း ပိုမို၍ ထည့်သွင်းတည်ဆောက်ထားကြ၏။

အထူးသဖြင့် အဓိကဟောခန်းဖြစ်၏။ ပို၍ ဆန်းကြယ်ပြီး ခမ်းနားလှသော ဟောခန်းဖြစ်အောင် ပြန်လည်တည်ဆောက်ထားသည်။

ဂိုဏ်း၏အခြေခံသည် အဓိကဟောခန်းပေါ်တွင် အခြေပြုထားသည်မဟုတ်လား။

ဟောင်ချီဂိုဏ်းကို သွားရောက်တိုက်ခိုက်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်း သည် သူ၏ အဓိကဟောခန်းအား အလုံးစုံပြန်လည်ပြင်ဆင်ရန် အစောကြီးထဲက စိတ်ကူးထားပြီဖြစ်၏။

ထိုသို့သော ပြန်လည်ပြင်ဆင်မှုများတွင် လီချင်းယန်၏အကြံအစည်ကလည်း အများကြီးအရေးပါခဲ့သည်။

အဓိကဟောခန်းအား နှစ်ကြိမ်တိုင်တိုင် ပြန်လည်ပြင်ဆင်ပြီးသည့်နောက်မှာတော့ နောက်ထပ်တစ်ကြိမ် ထပ်မံ၍ ပြင်ဆင်ခဲ့ရပြီဖြစ်၏။

"မဆိုးဘူး … မဆိုးဘူး။"

ဖော်ပြ၍ မရနိုင်အောင် ကြီးမားကျယ်ပြန့်ပြီး ခမ်းနားလှသော အဓိဟောခန်းကြီးရှေ့မှာ မတ်တပ်ရပ်ပြီး ကျွင်းချောင်ရှောင်းသည် စိတ်ကျေနပ်စွာဖြင့် ပြုံးလိုက်မိ၏။

"ဂိုဏ်းချုပ်"

လီချင်းယန် ပြောလိုက်သည်။ "တပည့်တွေအကုန်လုံးက ဒီပြင်ဆင်မှုအတွက် သဘောကျနေကြတယ်။နောက်တစ်ကြိမ်ကျရင် ဒီထပ်ကောင်းတဲ့ ပြင်ဆင်မှုတွေ လုပ်ကြတာပေါ့။"

"အရမ်းကောင်းတယ်။"

ကျွင်းချောင်ရှောင်းသည် ခဏလောက်ရပ်တန့်ကာ ပြောလိုက်သည်။

ပြီးတော့ အမိန့်ပေးလိုက်သည်။

"အထူးလေ့ကျင့်ထားတဲ့တပည့်တွေ ဒီညကောင်းကောင်း အနားယူကြဖို့ ပြောလိုက်။ မနက်ြသေမင်းတောင်ကြားကို ငါတို့သွားကြမယ်။"

All Chapters