← Chapters

အခန်း (၁၇၅)

Vol. 12 Ch. 175

အခန်း (၁၇၅)

Vol. 12 Ch. 175

အထူးတာဝန်အတွက် သတ်မှတ်ထားသော အချိန်နှစ်လ ပြည့်ရန်အတွက် ဆယ်ရက်ကျော်ကျော် ကျန်ရှိနေသေး၏။ သေမင်းတောင်ကြားသည် အလွန်ဝေးကွာသော နေရာတွင် တည်ရှိသည်။ ထို့ကြောင့် သူတို့သည် အချိန်အတော်ကြာ ခရီးထွက်ရမည် ဖြစ်သည်။

ထို့ကြောင့်ပင် ကျွင်းချောင်ရှောင်း သည် မနက်ဖြန်မှာ ခရီးထွက်ခွာရန် ဆုံးဖြတ်ခဲ့၏။

တပည့်နှစ်ဆယ့်ငါးယောက်သည် အတော်အသင့် တိုးတက်လာကြပြီဖြစ်သည်။

အထူးသဖြင့်အားဖြင့် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်သော တပည့်ဆယ်ယောက် တို့ဖြစ်သည်။ ထိုသူများအားလုံးသည် သိုင်းတပည့်အဆင့်ငါး ကျင့်ကြံသူများပင် ဖြစ်လာကြ၏။

သူတို့သည် ဆယ်ဆပိုမို အားကောင်းသော ချီစုစည်းခြင်း ဆေးလုံးများကို အသုံးမပြုထားသောကြောင့် လီချင်းယန်တို့အားတော့ မမှီသေးချေ။

သို့ပေမဲ့ ထိုသူများအားလုံးသည် ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့မှ ဂိုဏ်းတစ်ခုခုသို့ ဝင်ရောက်သည်ဆိုပါက ဤကဲ့သို့ စွမ်းအင်ဖွင့်ခြင်းအဆင့်မှသည် သိုင်းတပည့်အဆင့်သို့ အချိန်ကာလတိုအတွင်း ရောက်ရှိနိုင်ဖို့ ဆိုသည်မှာ အိပ်မက်ထဲမှာပင် မဖြစ်နိုင်သော ကိစ္စဖြစ်သည်။

လက်ရှိမှာတော့ အလယ်အလတ်အဆင့် စိတ်ဝိညာဉ်အမြစ်များကို ပိုင်ဆိုင်သော တပည့်ဆယ်ယောက်တို့သည် သူတို့၏ ဂိုဏ်းနှင့် ဂိုဏ်းချုပ်အပေါ်တွင် အလွန်အမင်း ကျေးဇူးတင်လျက်ရှိ၏။

လုံကျိရန်နှင့် လီယုဟွာတို့သည်မှာလည်း အလွန်အမင်း တိုးတက်လာကြ၏။ တစ်ယောက်သည် သိုင်းတပည့် အဆင့်ငါးအဆင့်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်ပြီး အခြားတစ်ယောက်မှာတော့ သိုင်းတပည့် အဆင့်လေး သို့ ရောက်ရှိသွားခဲ့သည်။

အထူးသဖြင့် လီယုဟွာဖြစ်ပြီး တစ်လကြာ လေ့ကျင့်ပြီးသည့်နောက်မှာတော့ သူသည် သန်မာအားကောင်းလှသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားရုံတင်မက အလွန်အမင်း ဖျက်လတ်သွက်လက်သည့် လူတစ်ယောက်အဖြစ်လည်း ပြောင်းလဲသွားခဲ့၏။

စုရှောင်မိုနှင့် တစ်ခြားလူများသည် သူ့အား ဘောလုံးနှင့် ကန်ကျောက်မည်ဆိုလျှင် အနည်းဆုံးအားဖြင့် သူတို့၏အားအင်များကို ခုနစ်ဆယ်မှ ရှစ်ဆယ်အထိ ထုတ်သုံးရပေလိမ့်မည်။

လင်းယွမ်ရွှယ်သည်လည်း ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်းဆေးရည်ကို သောက်သုံးပြီးသည့်နောက် ချီလေပွေဆေးလုံးကို အသုံးပြုကာ သိုင်းတပည့်အဆင့်သို့ ချိုးဖျက်ရောက်ရှိခဲ့သည်။ လက်ရှိအချိန်မှာတော့ သူမသည် သိုင်းတပည့် တတိယအဆင့်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်၏။

သို့ပေမဲ့ ထိုသူတို့အားလုံးသည် အပြင်စည်း ဂိုဏ်းတပည့်များသာ ဖြစ်၏။

အတွင်းစည်းတပည့်များမှာတော့ ထုံးစံအတိုင်းပဲ ပိုမို၍ အားကောင်းလာကြသည်။

ရီရှင်းချန်သည် သိုင်းတပည့် အဆင့်ကိုးအဆင့်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်ပြီး လီချင်းယန်နှင့်ပင် တူညီသွားခဲ့၏။

စုရှောင်မို၊လီဖေး နှင့် ထျန်းချီတို့အားလုံးသည် သိုင်းတပည့်အဆင့်ရှစ် ကျင့်ကြံသူများ ဖြစ်သွားကြပြီး ရှောင်ကျီသည် သိုင်းတပည့်အဆင့်ခြောက် ကျင့်ကြံသူ ဖြစ်သွားသည်။

လုချင်းချင်းမှာတော့ သူမ၏စကားအရဆိုလျှင် သူမသည် သိုင်းတပည့် အဆင့်လေး ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။

သို့ပေမဲ့ စိတ်ဝိညာဉ်စွမ်းအင်များကို လက်သီးများကဲ့သို့ အသုံးပြု၍ ဟောင်ချီဂိုဏ်းကို တိုက်ခိုက်ခဲ့သည်ကို ကြည့်ရှုကတည်းက သူမ၏အဆင့်သည် သိုင်းတပည့်အဆင့်လေး ကျင့်ကြံသူတစ်ယောက်ဟု မည်သူမှ သတ်မှတ်ကြလိမ့်မည် မဟုတ်ပေ။

လွန်ခဲ့သည့် တစ်လအတွင်း တစ်ခြားသော တပည့်များသည်လည်း တော်တော်ကြီး တိုးတက်လာခဲ့ပြီ ဖြစ်သည်။

သာမန် စိတ်ဝိညာဉ်အမြစ်ကိုသာ ပိုင်ဆိုင်သော လီထျန်းထျန်း နှင့် စီမာကျုံးတ တို့သည်တောင်မှ သိုင်းတပည့် အဆင့်နှစ် နှင့် အဆင့်သုံး ကျင့်ကြံသူများ ဖြစ်လာကြ၏။

ဂိုဏ်းအတွင်းသို့ နောက်ဆုံးမှ ဝင်လာသော ကျင့်ကြံသူများ အားလုံးသည် ရီကျင်ကျင်း ကျင့်ကြံခြင်းနည်းစနစ်၊ခန္ဓာကိုယ် ကြံ့ခိုင်ခြင်းဆေးလုံး၊မရီဒန်ဖွင့်ခြင်းဆေးလုံးတို၏ အကူအညီကြောင့် မရီဒန်ဖွင့်ခြင်း အဆင့်တစ်ဆယ်သို့ ရောက်ရှိသွားခဲ့သည်။ သူတို့သည် မရီဒန်ဖွင့်ခြင်း အဆင့်ဆယ့်နှစ်သို့ ရောက်ရှိရန် မဝေးကွာတော့ချေ။

သူတို့အနေနှင့် ဂိုဏ်း၏အဆင့် ကို ထပ်၍ တိုးအောင် ပြုလုပ်ရတော့မည်လား။

မဖြစ်နိုင်သေးချေ။

အဆင့်ခုနစ်အတွက် ဂိုဏ်းအသိအမှတ်ပြုခွင့်အတွက် လိုအပ်သည့်အချက်မှာ ဂိုဏ်းချုပ်အနေနှင့် သိုင်းဆရာအဆင့် ဖြစ်ရန်လိုပြီး တပည့်များအနေနှင့် သိုင်းတပည့် အယောက်ငါးဆယ် ၊ အဆင့်ဆယ့်နှစ် စွမ်းအင်ဖွင့်ခြင်း အဆင့် တပည့်ငါးရာ ရှိရန်လိုသည်ဟု ရေးသားထားသည်။

ထို့ကြောင့် သူ့အနေနှင့် ထိုအခြေအနေများနှင့် မကိုက်ညီသေးပေ။

ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် သူ သိုင်းဆရာအဆင့်ကို ဖြစ်လာစေရန် အထူးတာဝန်ကို ကျေပွန်အောင် ပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။

ထို့အပြင် ပထမဦးဆုံးတာဝန်ကို သူပြည့်စုံသွားပြီဆိုသည်နှင့် ဒုတိယအထူးတာဝန်ကို ပြည့်စုံအောင် ပြုလုပ်ပြီး နောက်အဆင့်သို့ တိုက်ရိုက်ပဲ ချိုးဖျက်ရောက်ရှိသွားနိုင်၏။

နောက်တစ်ရက်မှာတော့ တပည့် နှစ်ဆယ့်ငါးယောက်လုံးသည် လျိုဝမ်ရှစ် ပြင်ဆင်ပေးသော မနက်စာအား စားသုံးပြီးသည့်နောက် ကျွင်းချောင်ရှောင်း၏ ဦးဆောင်မှုနှင့်အတူ သံမဏိအရိုးဂိုဏ်းထဲမှ ထွက်ခွာလာတော့သည်။

တစ်ခြားတပည့်များ အားလုံးသည် သူတို့အား လိုက်လံပိုဆောင်ပြီး ပြန်လည်၍ ကျင့်ကြံနေကြတော့၏။

သူတို့အနေနှင့် ဂိုဏ်းချုပ်နှင့်အတူ လိုက်ပါသွားသော စီနီယာအစ်ကိုများကဲ့သို့ ဖြစ်စေရန်အတွက် သူတို့ပိုမို အားကောင်းရန် လိုအပ်သည်ဟု သိရှိသွားကြသည်။ ထို့ကြောင့် အလွန်အမင်း အပြင်းအထန် ကျင့်ကြံမည်ဟု သံဓိဌာန် ချမှတ်လိုက်ကြ၏။

လီလိုရှုသည် ဂိုဏ်းအား ခေတ္တတာဝန်ယူ ထိန်းသိမ်းထားသည်။

သို့ပေမဲ့ ကျွင်းချောင်ရှောင်းတို့ ထွက်ခွာသွားသည်ကို ကြည့်ရှုပြီးသည့်နောက် သူမဘာသာ တီးတိုးရေရွတ်လိုက်မိ၏။ "သေမင်းတောင်ကြားဆိုတာ အန္တရာယ်တွေအများကြီးပဲ။အန္တရာယ်ကင်းကင်းနဲ့ ပြန်လာနိုင်စေဖို မျှော်လင့်မိတယ်။"

သေမင်းတောင်ကြားသည် အလွန်အမင်း ကြမ်းတမ်းလွန်းလှ၏။

သူမသည် များပြားလှသော လူများကိုခေါ်၍ ထိုနေရာတွင် လေ့ကျင့်ရန် သွားခဲ့ဖူးသည်။ သို့ပေမဲ့ အချို့သော တပည့်များသည် သူမနှင့်အတူ ပြန်လိုက်မလာနိုင်တော့ချေ။

…….

"ကြောက်နေကြတာလား။"

လမ်းမှာတော့ ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

"မကြောက်ပါဘူး။"

တပည့်များအားလုံးသည် သံပြိုင်အော်ဟစ်လိုက်ကြ၏။

ဤခရီးသည် အလွန်အမင်း အန္တရာယ်များလှသည် ဆိုသည်ကို သူတို့ သိရှိကြသော်လည်း အနည်းငယ်သော ကြောက်ရွံ့မှုကိုမှ မခံစားရပေ။ အဘယ့်ကြောင့်ဆိုသော် သူတို့ ရင်ထဲတွင် သံမဏိနှလုံးသားများ တည်ရှိနေသောကြောင့် ဖြစ်သည်။

သေမင်းတောင်ကြားသည် ချင်းယန်နိုင်ငံ၏ တောင်ဘက်ခြမ်းတွင် တည်ရှိ၏။ ချင်းယန်မြို့နှင့်ဆိုလျှင် အနည်းဆုံး မိုင်ထောင်ချီ ဝေးကွာသည်ဟု ဆိုရမည်။ အချိန်တွေ အများကြီးရှိသောကြောင့် ကျွင်းချောင်ရှောင်းသည် အလောတကြီး မသွားခဲ့ပေ။ ရံဖန်ရံခါဆိုသလို လမ်းခရီးတွင် ရပ်တန့်၍ လှပသည့် ရှုခင်းများကို ရှုစားလျက်ရှိ၏။

ဤကမ္ဘာကြီးသည် စိတ်ဝိညာဉ်စွမ်းအင်များနှင့် ပြည့်စုံနေသောကြောင့် မြင်ကွင်းများအားလုံးသည်လည်း လှပပြီး ငေးကြည့်လိုက်ရုံနှင့် မျက်စိမလွှဲချင်လောက်သည့် သဘာဝရှုခင်းများကို မြင်နိုင်သည်။

ကျွင်းချောင်ရှောင်းသည် တပည့်များကို ခေါ်ပြီး ရေတံခွန်ရှိရာသို့ သွားခဲ့သည်။

ပြီးနောက် သူ၏စိတ်ထဲမှာ ဖြစ်လာသော ခံစားချက်များကို မဖုံးဖိနိုင်တော့သောကြောင့် ချက်ချင်းဆိုသလိုပဲ ကဗျာတစ်ပုဒ်ကို ရွတ်ဆိုလိုက်မိ၏။

"နေလုံးကြီးက တောက်ပတယ်။

အမွေးတိုင်မီးခိုးငွေ့တွေက

ခရမ်းရောင် အခိုးအငွေ့တွေအဖြစ်

ကောင်းကင်ပေါ်သို့ ပျံတက် …..

ပေသုံးထောင်အမြင့်ကို လွင့်ပျံသွားချိန်မှာတော့

ဘုံကိုးပါးမှ နဂါးငွေ့တန်းလို့တောင် ထင်မှတ်မိရ။"

တပည့်များအားလုံး ကြောင်သွားကြသည်။

ဂိုဏ်းချုပ်သည် ကဗျာကို မည်ကဲ့သို့ ဆက်ဆိုရမည်ဖြစ်ကြောင်း သိရှိနေ၏။

စုရှောင်မိုနှင့် တစ်ခြားသောသူများသည် ကြီးမားသော မိသားစုကြီးမှ လာခဲ့ကြသူများ မဟုတ်သောကြောင့် သူတို့၏ ဗဟုသုတသည် အကန့်အသတ်တစ်ခုအဖြစ် ရှိနေကြသည်။ ထို့ကြောင့် ကဗျာသည် နားထောင်၍ ကောင်းသည်ဟုသာ သူတို့ ခံစားမိကြသည်။

"ပေသုံးထောင်အမြင့်သို့ လွင့်ပျံသွားချိန်မှာတော့ ဘုံကိုးပါးမှ နဂါးငွေ့တန်းလို့တောင် ထင်မှတ်မိရ"

လုံကျိဟိုင် သည် သေသေချာချာ ပြန်လည်ရွတ်ဆိုပြီး တဖြောင်းဖြောင်းနှင့် လက်ခုပ်တီးလိုက်သည်။

"ကောင်းတယ်။အရမ်းကောင်းတယ်။"

အမြဲတမ်း အေးစက်စက် နေလျက်ရှိသော လုချင်းချင်းသည် ကျွင်းချောင်ရှောင်း၏ကဗျာကို ကြားချိန်မှာတော့ သူမ၏မျက်လုံးများတွင် အံ့အားသင့်မှုများနှင့် ပြည့်နှက်သွား၏။

ကြယ်ကြွေကုန်းမြေတိုက်ကြီးသည် သိုင်းပညာရှင်များနှင့် ပြည့်နှက်လျက်ရှိ၏။ သို့ပေမဲ့ ဤကဲ့သို့ စာတတ်ပေတတ် ကဗျာသမားများကိုတော့ ရှာဖွေတွေ့ရှိရန် မလွယ်ကူလှချေ။

"ဂိုဏ်းချုပ်က အံ့အားသင့်စရာပဲ။"

လင်းယွမ်ရွှယ်သည် တစ်ခြားသူများကဲ့သို့ မဟုတ်ပေ။ ချက်ချင်းပဲ ဂိုဏ်းချုပ်အား ကိုးကွယ်ချင်စိတ်တွေ ပေါက်သွား၏။

လက်ရှိအချိန်တွင် စနစ်သည် သရုပ်ဆောင်အမှတ်ကိုသာ ပေးမည်ဆိုပါက လီပိုင်း၏ ကဗျာကို ခပ်တည်တည်နှင့် ဟန်လုပ်ပြီး ရွတ်ဆိုနေသော ကျွင်းချောင်ရှောင်းသည် များပြားလှသော အမှတ်များ ရရှိမှာ သေချာ၏။

"ရွှီ …. ရွှီ ….. ရွှီ"

လှပလှသော တောနက်ထဲမှာတော့ ရှောင်ကျီသည် သူ၏စနိုက်ပါသေနတ်ကို ထုတ်ယူပြီး ရှေ့ကို လှမ်းတက်သွားသည်။

ပြီးနောက် သစ်ပင်ကြီးတစ်ခုရှေ့၌ ရပ်တန့်ပြီး သေနတ်ကိုချိန်ကာ သေနတ်မောင်းအား ဖြုတ်ချလိုက်၏။

"ရွှီ"

အသံတိတ်ပြောင်းဝကို တပ်ဆင်ထားသည် ဖြစ်သောကြောင့် ကျည်ဆံသည် တိတ်ဆိတ်စွာနှင့် ထွက်ခွာသွားသည်။

ပြီးနောက် အဝေးနေရာ၌ ပြေးလွှားနေသော ဆိတ်တစ်ကောင်အား တိုက်ရိုက်ပဲထိမှန်သွားတော့၏။

စုရှောင်မိုသည် ချက်ချင်းဆိုသလိုပဲ ပြေးသွားပြီး စမ်းချောင်းလေးအနားတွင်ရှိသော ဆိတ်အား သွားသယ်သည်။ ပြီးနောက် သူသည် ကျွမ်းကျင်စွာပဲ အရေခွံခွာလိုက်၏။ ပြီးနောက် သေသေချာချာ ရေဆေးလိုက်သည်။

ကျိုးဟုန်သည် ရှေ့သို့လှမ်းလျှောက်လာပြီး သူ၏ဓား ကို လေပေါ်တွင် ရမ်းကာဖြင့် ဆိတ်အား အပိုင်းပိုင်းဖြစ်အောင် ခုတ်ထစ်လိုက်၏။

တပည့်များသည် ဝါးများကိုယူပြီး ရေများခပ်ကာ သေသေချာချာ ဆေးကြောလိုက်ကြပြန်သည်။

ပြီးနောက် ဝါးချွန်လေးများပြုလုပ်၍ ပိုင်းဖြတ်ထားသော ဆိတ်အသားများတွင်း ထိုးစိုက်ကာ ဂိုဏ်းချုပ်ဆီသို့ ယူဆောင်လာခဲ့၏။

ကျွင်းချောင်ရှောင်းသည် အသင့်ပြင်ဆင်ထားသော အကင်ကင်ရာ နေရာပေါ်သို့ ဆိတ်သားများကိုတင်ကာ သူ၏ သပ်ရပ်မီးမျိုးစေ့အား ထုတ်၍ ကင်တော့သည်။

"ရှောင်မို"

ကျွင်းချောင်ရှောင်း အော်လိုက်၏။ "ကျောက်ကပ်က ဘယ်မှာတုန်း။"

စမ်းချောင်းလေးနားတွင် မတ်တပ်ရပ်လျက်ရှိသော စုရှောင်မိုက ပြောလိုက်သည်။ "ဂိုဏ်းချုပ် အထဲမှာရှိတဲ့ အတွင်းကလီစာတွေအကုန်လုံးကို ကျွန်တော် လွင့်ပစ်လိုက်ပြီ။"

"ချီးတဲ့မှ။"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ဒီကောင် တော်တော် ဖြုန်းတီးတဲ့ကောင်။"

လီချင်းယန်၏ နှူတ်ခမ်းများသည် တဆတ်ဆတ်တုန်ရင်သွား၏။

ဂိုဏ်းချုပ် … ဒီအသားကို စားရဖို့အတွက်ကို သပ်ရပ်မီးကိုတောင် ထုတ်ပြီး အသုံးပြုသေးတယ်လေ။ ပြီးတော့ သလင်းအမြုတေနဲ့ ပြုလုပ်ရတဲ့ကျည်ဆံကို သုံးပြီးလည်း သတ်ဖြတ်ခဲ့သေးတယ်။ဘယ်ဟာကို ဖြုန်းတီးတယ် ခေါ်တာတုန်း။

"ပျင်းစရာကောင်းလိုက်တာ။"

အဝေးတစ်နေရာမှာ ထိုင်နေသော ရီရှင်းချန်သည် မည်သည့်အရာကိုမှ ဂရုမစိုက်ချေ။ ဟိုဘက်ခြမ်းသို့ လှည့်၍ အဝေးတွင်ရှိသောရှုခင်းများအား ကြည့်ရှုလျက်ရှိ၏။

ကျွင်းချောင်ရှောင်းသည် အမွှေးနံ့သာများကို အကင်ပေါ်တွင် ဖြူးလိုက်၏။ မကြာခင်မှာပဲ အကင်အနံ့များသည် မွှေးကြိုင်၍ လာတော့သည်။

"ကဲ လာကြ … ငါ့ရဲ့ အကင်စွမ်းရည်ကို မြည်းစမ်းကြည့်ကြပါ။"

ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် နေထိုင်ကြသော တပည့်များသည် အကင်ဆိုသည်ကို အရင်တုန်းက မကြားဖူးကြချေ။ မြင်လည်းမမြင်ဖူးကြချေ။ ထို့ကြောင့် စိတ်ဝင်တစားနှင့် ရှေ့တိုးလာပြီး တစ်ခုချင်းစီ ဆွဲယူကာ စားသောက်ကြတော့သည်။

ပြီးနောက် သူတို့သည် ချီးကျူးမိကြ၏။

"ဂျူနီယာညီလေးရီ" လီချင်းယန်သည် ဆိတ်ကင်တစ်ခုအား လှမ်းပေးလိုက်၏။

"မင်း ဒါလေး စားကြည့်လိုက်။"

"ဟမ့်" ရီရှင်းချန်သည် မယူချင့်ယူချင်နှင့် လှမ်းယူပြီး တစ်ကိုက်ကိုက်လိုက်၏။ ပြီးသည့်အချိန်မှာတော့ သူသည် ကျန်သည့်အရာများအားလုံးကို တစ်ခါတည်း ခေါင်းမဖော်တမ်း စားတော့၏။

ဤမျှအရသာရှိလှသော အစားအစာကို မည်သူမှ မခုခံနိုင်ချေ။

နောက်ဆုံးအေးစက်လှပါသည်ဆိုသော ညအင်ပါယာသည်လျှင် ခေါင်းမဖော်တမ်းလွေးလျက်ရှိ၏။

သူတို့၏ဂ ိုဏ်းချုပ်သည် ကဗျာကို စပ်ဆိုတတ်ရုံသာမက အကင်လည်း ကင်တတ်သေး၏။

တောနက်ထဲတွင် အကင်များ ကင်၍ စားသောက်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် တပည့်များကို ဦးဆောင်၍ ခရီးဆက်တော့သည်။

နောက်တရက်မှာတော့ မြူတွေအုံဆိုင်းလျက်ရှိသော သေမင်းတောင်ကြား၏ရှေ့သို့ သူတို့ ရောက်ရှိသွားကြသည်။

တောင်ကြား၏အဝင်ဝရှိ ကျောက်တုံးပေါ်တွင် "သေမင်းတောင်ကြား"ဟူသော စာတန်းကို ရေးသားထား၏။

အရောင်ကာလာမှာ အနီရောင်ဖြစ်ပြီး သွေးများနှင့် ရေးခြယ်ထားခဲ့သလိုပင် ဖြစ်သည်။ အေးစက်သည့် လေများသည် တောင်ကြားထဲမှ တိုက်ခတ်လာခဲ့သည်။ လေအဟုန်ကြောင့် ထွက်ပေါ်လာသော အသံများသည် သရဲများ အော်ဟစ်နေသလို၊ဝိညာဉ်များအော်ငြီးနေသလို၊ဝံပုလွေများ အူနေသံသလို ခြောက်ခြားဖွယ်ရာ ကောင်းလွန်းလှသည်။

တောင်ကြား၏ အရှေ့မှာတော့ တွန့်ဆုတ်တွန့်ဆုတ်နှင့် ရပ်လျက်ရှိသော တစ်ခြားသော သိုင်းပညာရှင်များ လည်း ရှိနေကြ၏။

သူတို့သည် ကျွင်းချောင်ရှောင်းနှင့် တစ်ခြားသူများဝင်လာသည်ကို မြင်ချိန်မှာတော့ ချက်ချင်းဆိုသလိုပဲ တစ်ယောက်နှင့်တစ်ယောက် တီးတိုးပြောဆိုလိုက်ကြသည်။

"ဟင် … သံမဏိအရိုးဂိုဏ်းပါလား။ ဂိုဏ်းချုပ်ကျွင်းက တပည့်တွေဒီလောက်အများကြီးကို ခေါ်ပြီး သေမင်းတောင်ကြားထဲကို လေ့ကျင့်ဖို့ သွားမလို့လား။"

"သိုင်းစစ်သူကြီးအဆင့်တစ်ယောက်မှ မပါပဲနဲ့ အထဲကိုဝင်သွားတယ်ဆိုတာ ကိုယ့်ကိုယ်ကို သတ်သေတာနဲ့ အတူတူပဲလေ။"

All Chapters