← Chapters

အခန်း (၁၇၉)

Vol. 13 Ch. 179

အခန်း (၁၇၉)

Vol. 13 Ch. 179

လင်းကျန့်ဓားကွက်ကို အသုံးပြုခဲ့သော ရီရှင်းချန် သည် အသက်တစ်ရှိုက်စာအတွင်း တောင်နက်ဝက်ဝံအား သတြ်ဖတ်နိုင်ခဲ့သည်။ သူသည် အလွန်အမင်းအားကောင်းလှသည်ဟုဆိုရမည်။

ထွက်ပြေးဖို့ ကြိုးစားနေကြသော သာမာန်ကျင့်ကြံသူတို့သည် ထိုမြင်ကွင်းကိုမြင်တော့ ထိတ်လန့်တုန်လှုပ်သွားကြ၏။

ဟုတ်ပေသည်။

သူတို့သည် ရီရှင်းချန်တစ်ယောက် ဝက်ဝံကြီးပိ၍ မြေကြီးထဲတွင် ပျောက်ဆုံးသွားကြောင်းလည်း သူတို့ မြင်ခဲ့ရသည်။

“မြန်မြန်ဖယ်ပေးလိုက်ကြ။ မဟုတ်ရင် မြေတွင်းထဲမှာ အသက်ရှုပိတ်ပြီး သေနေအုံးမယ်” ကျွင်းချောင်ရှောင်း မြန်မြန်ပဲ ပြောလိုက်၏။

လီယုဟွာသည် အားကုန်သုံးပြီး တောင်နက်ဝက်ဝံကြီးအား ဖယ်ရှားလိုက်သည်။ တောင်နက်ဝက်ဝံကြီးသည် ပေါင်တစ်ထောင် နီးပါး လေးလံလှသူ ဖြစ်သည်။ ပက်လက်ပြန်လန်သွားချိန်မှာတော့ အိပ်ပျော်နေသည့်အလားပင်။

သနားစရာဝက်ဝံကြီးသည် ကြောက်မက်ဖွယ်ရာကောင်းသော လူတစ်အုပ်နှင့် တွေ့ဆုံကာ သေဆုံးသွားခဲ့ရပြီ ဖြစ်သည်။

ဝှစ် …

ရီရှင်းချန်သည် မြေကြီးထဲမှ ခုန်ထွက်လာပြီးနောက် သူ့ခန္ဓာကိုယ်ပေါ်ရှိ ဖုံများအား သုတ်ခါလိုက်သည်။ သူသည် ရှုပ်ပွနေသော ဆံပင်များအား အသာသပ်တင်လိုက်ပြီး ပြောလိုက်သည် “သာမာန် သားရဲလေးပဲ”

သူ၏ အခြေအနေသည် ရှက်စရာကောင်းလှသည် ဆိုသော်လည်း ဟန်ကိုယ့်ဖို့ သရုပ်ဆောင်ရမည်လေ။

အဝူး ..။

တောင်နက်ဝက်ဝံကြီး သေဆုံးသွားသည်ကို မြင်တော့ ကြက်သွေးရောင်မီးဝံပုလွေများသည် ချက်ချင်းပဲ သံပြိုင် အူလိုက်ကြသည်။ ချက်ချင်းဆိုသလိုပဲ သူတို့သည် သူတို့ မီးတွေတောက်နေသော ခြေချေုာင်းများကို အသုံးပြု၍ ရှေ့သို့ တိုးလာကြသည်။

ရှောင်ကျီသည် ဒိုင်းကို ကိုင်ဆောင်ပြီး ရှေ့ဆုံးမှ ထွက်ရပ်လိုက်သည်။ သူ၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုများဖြင့် တောက်ပလျက်ရှိ၏။

သူသည် ဤကဲ့သို့ အန္တရာယ်တွေနှင့် ရင်ဆိုင်တိုက်ခိုက်ရသည်ကို ဂိုဏ်းမှာ ငြိမ်ငြိမ်လေး ကျင့်ကြံရသည်ထက် ပို၍ ကြိုက်နှစ်သက်သည်။ ဤ အတောအတွင်း သူ၏ အားအင်ကို အပြည့်အဝ စမ်းသပ်ရပေလိမ့်မည်။

လီချင်းယန် ၊ စုရှောင်မို နှင့် တခြားသူများသည်လည်း အနောက်မှာ ရပ်၍ သူတို့၏ ဒိုင်းများအား မြှောက်ကိုင်ထားလိုက်ကြသည်။ ရှောင်ကျီ သည် ပထမဆုံး ရှေ့မှာ ရှိနေပြီး သူတို့ကတော့ ဒုတိယ ခံစစ်တန်းတွင် ဖြစ်သည်။

ထိုအချိန်မှာတော့ ကြက်သွေးရောင် မီးတောက် ဝံပုလွေ နှစ်ကောင်သည် ရှေ့သို့ တိုးလာကြသည်။ သူတို့၏ လက်ဆီမှ ရှည်လျားလှသော လက်သည်းကြီးများ ထွက်ပေါ်လာ၏။

ရှောင်ကျီသည် ဒိုင်းကို မြှောက်၍ တွန်းထုတ်လိုက်သည်။

ဝှစ် …

ထိုအချိန်မှာပဲ နောက်ထပ် ကြက်သွေးရောင် မီးဝံပုလွေကြီးတစ်ကောင် ပေါ်လာပြီး ချွန်ထက်လှသော လက်သည်းရှည်ကြီးများဖြင့် မာကျောလှသော သံမဏိ ဒိုင်းကာအား ကုတ်ခြစ်လိုက်တော့သည်။

တကျွီကျွီ နှင့် သွားကျိန်းလောက်သည့်အသံကြီးများ ပေါ်ထွက်လာ၏။

အကာအကွယ် အစီအရင်အား အသက်မသွင်းသေးပေမဲ့ သံမဏိဒိုင်းကာ သည် အလွန်အမင်း အားကောင်းနေတုန်းပင်။ ဒိုင်း၏ မျက်နှာပြင်တွင် ခြစ်ရာလေး တစ်ခုလောက်တောင် ပေါ်မလာသေးချေ

တခြားတစ်ဖက်မှာတော့ ကြက်သွေးရောင်မီးဝံပုလွေ သည် ကုတ်ခြစ်မှုကြောင့် သူ၏ လက်သည်းများပင် နာကျင်လာပြီး အော်ဟစ်နေမိသည်။

ဝှစ်…။

အခွင့်အရေးကိုအရယူပြီး ရှောင်ကျီသည် သံမဏိဒိုင်းကာ အား မြှောက်၍ ကျန်လက်တစ်ဖက်နှင့် ဓားကိုင်ကာ ကြက်သွေးရောင်မီးဝံပုလွေ ကို ခုတ်ပိုင်းလိုက်တော့သည်။

တစ်ပြိုင်နက်တည်းမှာပဲ သူ့ဆီ ခုန်ဝင်လာသော တခြား ကြက်သွေးရောင်မီးဝံပုလွေနှစ်ကောင်အား သံမဏိ ဒိုင်းကာဖြင့် ပြန်ကာလိုက်၏။ ရှောင်ကျီသည် အားအင် ကောင်းလှသောကြောင့် ခြေတစ်လှမ်းမျှပင် နောက်ရောက်မသွားချေ။

မျက်စိတစ်မှိတ်အတွင်းမှာပဲ တခြားသော ကြက်သွေးရောင်မီးဝံပုလွေများသည် သူတို့၏ အားကောင်းလှသော ခန္ဓာကိုယ်အားကိုအသုံးပြု၍ တစ်ကောင်းချင်း ပြေးဝင်ကာ သံမဏိ ဒိုင်းကာအားဖြိုလျက်ရှိသည်။

ဉာဏ်ကောင်းလှသော ကြက်သွေးရောင်မီးဝံပုလွေ နှစ်ကောင်သည် ရှောင်ကျီအား ခုန်ကျော်၍ အနောက်ဘက်မှ တိုက်ခိုက်ရန် ကြိုးစားလာသည်။ သို့ပေမဲ့ ခုန်လိုက်ချိန်မှာပဲ အအေးဓားနှစ်ချောင်းသည် ရုတ်တရက် ပေါ်လာပြီး သူတို့၏ ဦးခေါင်းများအား ခုတ်ဖြတ်သွား၏။

သွေးတွေ လေထဲတွင် ပြန့်နှံ့သွားသည်။ လီချင်းယန် နှင့် စုရှောင်မိုတို့သည် သူတို့၏ ဓားများအား သိမ်းပြီး လက်ထဲရှိ သံမဏိဒိုင်းကာဖြင့် မြှောက်ကာ သူတို့ ခန္ဓာကိုယ်အား ကာကွယ်လိုက်ကြသည်။

ဒိုင်းမြှောက်ချိန် မရလိုက်ကြသော နောက်ဘက်ရှိ တပည့်များကတော့ သွေးတွေတစ်ကိုယ်လုံးပေပွကာ ညစ်ပတ် သွားကြ၏။

ဘုန်း ..ဘုန်း..။

တခြား ကြက်သွေးရောင်မီးဝံပုလွေများသည် ရှေ့မှ ဝင်ရောက် တိုက်ခိုက်ကြသည်။ သို့ပေမဲ့ ရှောင်ကျီ၏ ခုခံခြင်းကို မကျော်ဖြတ်နိုင်ကြချေ။

သူတို့ရောက်ရှိနေရာ နေရာသည် ကျဉ်းမြောင်းပြီး လမ်းသည်လည်း တစ်လမ်းတည်း ရှိနေသည်မို့ သံမဏိအရိုးဂိုဏ်းသားများသည် စက်ဝိုင်းပုံသဏ္ဍန် ပိတ်ဆို့ခြင်းကို မခံရချေ။

“ရှောင်ကျီ.. ယုဟွာ….”

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “မင်းတို့ နှစ်ယောက် ရှေ့က သွားပြီး လမ်းဖွင့်အောင် လုပ်”

“ကောင်းပါပြီ”

လီယုဟွာသည် အနောက်မှ ရှေ့သို့ တက်သွားလိုက်သည်။ သူ၏ ဒိုင်းကိုမြှောက်၍ ရှောင်ကျီ ၏ ဘေးသို့ ရောက်ရှိသွားသည်။ ချက်ချင်းဆိုသလိုပဲ ဝင်ရောက်လာသော ကြက်သွေးရောင်မီးဝံပုလွေအား ဒိုင်းနှင့် ဖြတ်ကာ တားဆီးလိုက်သည်။

လီချင်းယန်နှင့် စုရှောင်မိုတို့သည် ရှေှု့သို့ လိုက်ပါတိုးသွားပြီး ဘေးတစ်ဖက်သို့ တက်လာသော ဝံပုလွေအား ဒိုင်းဖြင့် ရိုက်ကာ ဓားဖြင့် ခုတ်ပိုင်းလိုက်ကြ၏။

ကျိုးဟုန်၏ လက်သည် ဓားလက်ကိုင်ပေါ်သို့ ရောက်ရှိသွားသည်။

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “မင်း ဘာမှ လုပ်စရာမလိုဘူး။ ဒီတိုင်းထားလိုက်။”

သူတို့သည် သေမင်းတောင်ကြားသို့ လာရောက်သည်မှာ အထူးတာဝန်ကို ပြည့်စုံစေချင်သောကြောင့် ဖြစ်သလို တပည့်များအား လေ့ကျင့်ပေးရန်လည်း ဖြစ်သည်။

ဤ ဓားပါရမီရှင်သည်အလွန်အားကောင်းသည်။ သူသာ ကြက်သွေးရောင်မီးဝံပုလွေများအား သတ်ဖြတ်လိုက်မည် ဆိုလျှင် တပည့်များသည် မည်သို့ လေ့ကျင့်ရမည်နည်း။

ကျိုးဟုန်သည် နားလည်သွားသောကြောင့် လက်ပြန်ရုတ်လိုက်သည်။

…..

အဓိက ခုခံသူဖြစ်သော ရှောင်ကျီ နှင့် လီယုဟွာတို့သည် ရှေ့မှ ဒိုင်းနှင့် ကာပြီး ရှေ့သို့တိုးသွားလိုက်သည်။ လမ်းပွင့်သွားပြီ ဖြစ်သောကြောင့် လီချင်းယန်၊ စုရှောင်မို နှင့် တခြားသူများသည် ရှေ့သို့ ထွက်လာနိုင်ကြပြီ ဖြစ်သည်။

ထို့ကြောင့်ပဲ ခုခံသည့် ပုံစံသည် သုံးမြှောင့်ပုံ အဖြစ် ပြောင်းလဲသွားသည်။

ကံကောင်းစွာဖြင့် သံမဏိအရိုးဂိုဏ်းသားများသည် အလွန်အားကောင်းကြသည်။ ထို့ကြောင့်ပင် ရှေ့သို့ တက်လာသမျှ ဝံပုလွေများအား ဓားဖြင့် ခုတ်ပိုင်းနေနိုင်၏။

ကောင်းမွန်သည့် လက်နက်များရှိခြင်းကလည်း သူတို့အားတပန်းသာစေသည်။

သူတို့တွင်သာ လက်နက်များမရှိပါက ဝံပုလွေများ၏ အမဲလိုက်ခြင်းကိုသာ ခံရပေလိမ့်မည်။

သံမဏိအရိုးဂိုဏ်း၏ ခံစစ်ပုံစံအသစ်ကို အထင်သေးကြသော ကြက်သွေးရောင်မီးဝံပုလွေနှစ်ဆယ်ကျော်တို့ သည် သေဆုံးသွားခဲ့ရပြီဖြစ်၏။

အဝူး…။

ကျယ်လောင်သော အူသံကြီး ထွက်ပေါ်လာသည်။ ထိုအသံသည် အမိန့်ပေးသံနှင့် ဆင်တူသည်။

အဝေးမှာရပ်တန့်နေသော ကြက်သွေးရောင်မီးဝံပုလွေနှစ်ဒါဇင်ကျော်တို့၏ ခန္ဓာကိုယ်များသည် သွေးကဲ့သို့ နီနီရဲသွား၏။

“ဟူး..ဟူး…”

အပူလှိုင်းများသည် နေရာအနှံ့သို့ ပြန့်နှံ့သွားသည်။

လီချင်းယန် လေးလေးနက်နက် ပြောလိုက်၏ “မီးတောက်တွေ စုစည်းနေတာ ၊ အားလုံး သတိထားကြ”

“ရှောင်ကျီ .. ငါ့ကို သေနတ်ပေး”

ကျွင်းချောင်ရှောင်းသည် ရှောင်ကျီဆီမှ သေနတ်အား လှမ်းယူလိုက်သည်။ ပြီးနောက် သူ သေနတ်အား မြှောက်၍ ရှစ်ဆ မှန်ဘီလူးနှင့် ချိန်လိုက်သည်။

စောနက အူနေသော ဝံပုလွေသည် ကြက်သွေးရောင်မီးဝံပုလွေဘုရင်ပင်ဖြစ်ရမည်။

ရှာ၍ သတ်ပစ်မှ ဖြစ်မည်။

ရှစ်ဆမှန်ဘီလူးကြောင့် သူသည် မီတာရာချီ ဝေးကွာသောနေရာရှိ သစ်ရွက်များကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

မကြာမီမှာပဲ သစ်ပင်ကြီးတစ်ပင်ပေါ်တွင် ရှိနေသော ကြက်သွေးရောင်မီးဝံပုလွေကို သူမြင်လိုက်ရသည်။. ထိုအကောင်ကြီးသည် တောင်နက်ဝက်ဝံကြီးထက် မည်သို့မှ အားမနည်းလှချေ။

ချီးတဲ့မှ … သံမဏိအရိုးဂိုဏ်းကို ပြဿနာလာရှာရဲတယ် ဟုတ်လား။

သေချာစစ်ဆေးပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် သေနတ်မောင်းအား ဆွဲလိုက်တော့သည်။

ရွှစ်..။

ကျည်ဆံသည် အသံတစ်ချက်မှ မထွက်ဘဲ ထွက်ခွာသွား၏။

သို့ပေမဲ့ ရှစ်ဆ မှန်ဘီလူးနှင့် လှမ်းကြည့်လိုက်ချိန်မှာတော့ အန္တရာယ်၏ အငွေ့အသက်ကို ကြိုတင် ရရှိနေသော ကြက်သွေးရောင်မီးဝံပုလွေဘုရင်သည် အနားရှိ သစ်ပင်တစ်ပင် ပေါ်သို့ ခုန်ကူးသွားသည်။

ချီးတဲ့မှ .. ဒီကောင် မလွယ်ဘူးပဲ။

ကျွင်းရှောင်ချောင်း အံ့အားသင့်သွားမိသည်။ သူ သေနတ်မောင်းအာ ထပ်မံ ဆွဲလိုက်သည်။ သူ အချက်အနည်းငယ် ထပ်ပစ်လိုက်သည် ဆိုပေမဲ့ ကျည်ဆံတွေ သာ ကုန်သွားသည်။ တစ်ဖက်သတ္တဝါသည် သူ့ထက် ပို၍ လျှင်မြန်နေ၏။

ကြက်သွေးရောင် မီးဝံပုလွေ၏ တိုက်ခိုက်များကို ခုခံနေသော ရှောင်ကျီသည် ဂိုဏ်းချုပ် မည်သူ့ကို ပစ်နေသည် မမြင်ရပေမဲ့ လေးချက်ဆက်တိုက် ပစ်နေသည် ဆိုတော့ တစ်ဖက်ကို မထိမှန်သေး၍သာ ဖြစ်မည်ဟုတွေးလိုက်မိသည်။

ကောင်းကင်ဘုံ …..။

ဂိုဏ်းချုပ်က နတ်ဘုရားလို အပစ်အခတ်စွမ်းရည် ရှိ၏။ ဤမျှအများအပြား ပစ်ခတ်သည် ဆိုသော်လည်း မထိမှန်ဘူး ဆိုတော့ တစ်ဖက်သည် အမှန်ပင် အားကောင်းသူ ဖြစ်ရမည်။

ချီးတဲ့မှ …။

ကျွင်းချောင်ရှောင်း ကြိတ်ကာ ကျိန်ဆဲလိုက်မိ၏။

စနိုက်ပါ သေနတ်အား ရရှိစဉ် ကတည်းက ပထမဆုံးအကြိမ် သူ ပစ်မှတ်အား လွဲချော်ခြင်းဖြစ်သည်။ ထို့ကြောင့် စိတ်ထဲတွင် မည်သို့မှ လက်မခံနိုင်သလို ဖြစ်မိနေသည်

စနစ်မှပြောလိုက်သည် “ကြက်သွေးရောင် မီးဝံပုလွေ ရဲ့ အာရုံခံမှုက အရမ်းအားကောင်းတယ်။ လက်ခံသူ အနေနဲ့ အဝေးကနေ လှမ်းပစ်ရင် ထိနိုင်ဖို့ အခွင့်အလမ်း နည်းနိုင်တယ်”

“ငါ မယုံဘူး။”

ကျွင်းချောင်ရှောင်းသည် မြေကမ္ဘာမီးဝံပုလွေ၏ သလင်းအမြူတေကို ထုတ်ယူပြီး ကျည်ဖြည့်လိုက်သည်။

စနစ်မှပြောလိုက်၏ “သလင်းအမြူတေ ရဲ့ အဆင်မြင့်လေ ပစ်ခတ်နှုန်းနဲ့ အားအင်က တိုးလေပဲ။ ကြက်သွေးရောင် မီးဝံပုလွေ ရှောင်တိမ်းနိုင်ဖို့ ပိုပြီး ခက်ခဲမှာပဲ”

“ဒင် .. လက်ခံသူသည် ရှစ်ဆ မှန်ဘီလူးကို အသက်သွင်းလိုက်သည်။ ဂိုဏ်းစုဆောင်းမှတ် ငါးမှတ် ကုန်ခမ်းသွားသည်။”

“ဒင် … ဂိုဏ်းစုဆောင်းမှတ် … ၄၂၅ / ၁ဝ၀၀”

စနစ် “……….”

ကျွင်းချောင်ရှောင်းသည် ရှစ်ဆမှန်ဘီလူးမှတဆင့် ကြက်သွေးရောင် မီးဝံပုလွေဘုရင်၏ ဦးခေါင်းအား ချိန်ရွယ်လိုက်သည်။ “ငါ မင်းကိုမှ ထိအောင် မပစ်နိုင်ရင် ဒီလောကကြီးမှာ ဘယ်လိုအသက်ရှင်ရမလဲ”

ကြက်သွေးရောင် မီးဝံပုလွေဘုရင်သည် အားကောင်းလှသော အန္တရာယ်အငွေ့အသက်ကို ခံစားမိလိုက်သည်။ ထို့ကြောင့် အလျှင်အမြန် ထွက်ပြေးရန် ပြင်လိုက်သည်။

သို့ပေမဲ့ သူ လှည့်လိုက်ချိန်မှာပဲ အလင်းတန်းသည် သူ၏ ဦးခေါင်းအား ဖြတ်သန်းသွားခဲ့ပြီ ဖြစ်၏။

All Chapters