← Chapters

အခန်း (၁၈၀)

Vol. 13 Ch. 180

အခန်း (၁၈၀)

Vol. 13 Ch. 180

ရှစ်ဆမှန်ဘီလူးရဲ့ အစွမ်းကို သံသယ ရှိရန် မလိုချေ။

အဘယ့်ကြောင့် ဆိုသော် ပစ်မှတ်ကို ချိန်တွယ်လိုက်ပြီ ဆိုသည်နှင့် ကျည်ဆံသည် ကျိန်းသေပေါက် ပစ်မှတ်ကို ထိမှန်တော့မှာ ဖြစ်သည်။

ကြက်သွေးရောင် မီးဝံပုလွေဘုရင်သည် အန္တရာယ်အငွေ့အသက်ကို ခံစားမိလိုက်ပြီ ဆိုသည်နှင့် ချက်ချင်း လှည့်ပြေးခဲ့သည်။ သို့ပေမဲ့ မလွတ်မြောက်နိုင်ခဲ့ချေ။

ဝှစ် …။

ကျည်ဆံသည် သစ်ပင်များအား ဖြတ်သန်းရောက်ရှိလာပြီး ကြက်သွေးရောင် မီးဝံပုလွေ၏ ဦးခေါင်းအား ဖောက်ထွင်းသွားတော့သည်။

ဘုတ်..။

ကြက်သွေးရောင်မီးဝံပုလွေ၏ ခန္ဓာကိုယ်ကြီးသည် မြေပေါ် ပြုတ်ကျသွားသည်။ သူ၏ မီးဝင်းဝင်းတောက်လျက် ရှိသော မျက်လုံးများသည် မှေးမှိန်သွားတော့သည်။

သူသည် အန္တရာယ်အငွေ့အသက်ကို ရှင်းရှင်းလင်းလင်း ခံစားမိလိုက်သည်။ ထို့အပြင် အလင်တန်း လာရောက်ရာ လမ်းကြောင်းကိုလည်း မြင်ရသည် ။ သို့ပေမဲ့ မရှောင်တိမ်းနိုင်ခဲ့ချေ။

အဝူး …

ကြက်သွေးရောင် မီးဝံပုလွေဘုရင် သေဆုံးပြီးနောက်မှာတော့ ဝံပုလွေများ၏ ဝမ်းနည်းတကြီးအော်မြည်သံသည် တောနက်ထဲ၌ ပေါ်လာတော့သည်။ သူတို့၏ မျက်လုံးများသည် ရဲတွတ်လာကြ၏။

ခဏလောက်ကြာတော့ သံမဏိအရိုးဂိုဏ်း၏ ရှေ့တွင် ကြက်သွေးရောင်မီးဝံပုလွေ နှစ်ရာကျော်တို့သည် ရောက်ရှိနေကြပြီ ဖြစ်သည်။

ကျွင်းချောင်ရှောင်း ၏ နှုတ်ခမ်းများသည် တုန်ရင်သွား၏။

ကြက်သွေးရောင် မီးဝံပုလွေ ဘုရင် ကို သတ်ဖြတ်ပြီးချိန်တွင် ကျန်ဝံပုလွေများအားလုံးကို ပိုမို၍ စိတ်ဆွသလို ဖြစ်သွားခဲ့သည်။

သူတို့၏ ဘုရင် သတ်ဖြတ်ခံလိုက်ချိန်တွင် ကြက်သွေးရောင် မီးဝံပုလွေများသည် အသေခံ၍ တိုက်ခိုက်ကြပါတော့မည်။

ဝှစ် …။

ထိုအချိန်မှာတော့ ကြက်သွေးရောင် မီးဝံပုလွေ တစ်ကောင်သည် သူ၏ စွမ်းအင်များကို စုစည်းကာ မီးတောက်တွေကို ခန္ဓာကိုယ်ပေါ်တွင် ဖြစ်တည်စေသည်။

ဝှစ် .. ဝှစ် … ဝှစ် …။

တခြားသော ကြက်သွေးရောင် မီးဝံပုလွေများသည်လည်း ထိုအတိုင်းပြုမူလိုက်ကြ၏။

အားလုံး၏အမြင်တွင် ရူးသွပ်သွားဟန်ရှိသော ကြက်သွေးရောင်မီးဝံပုလွေများသည် ကိုယ့်ကိုယ်ကိုယ် မီးရှို့နေသလိုပင် ဖြစ်နေသည်။

လီၤချင်းယန် တည်ငြိမ်စွာဖြင့် ပြောလိုက်၏ “သူတို့ တိုက်ခိုက်တော့မယ်”

ဝှစ် …။

သူ အသံ ထွက်ပေါ်လာချင်းချင်းမှာပဲ ကြက်သွေးရောင် မီးဝံပုလွေ တစ်ကောင် သည် ပါးစပ်ကိုဟ၍ မီးတောက်များ နှင့် ပစ်လွှတ် တိုက်ခိုက်တော့သည်။

မီးတောက်လာရာ လမ်းတစ်လျောက်ရှိ သစ်ကိုင်း ၊ သစ်ရွက်များအားလုံးသည် မီးကျွမ်းလောင်လေသည်။

ရှောင်ကျီ သည် ခြေတစ်လှမ်း တိုး၍ သူ့ရှေ့တွင် ဒိုင်းကို ထောင်ကာ ခိုင်မာသည့် အကာအကွယ် တစ်ခုအဖြစ် ခုခံရန် ကြံရွယ်လိုက်သည်။

ဘုန်း…

ပေါက်ကွဲအား ကောင်းလွန်းသောမီးတောက်လုံးသည် မာကျောလှသော ဒိုင်းကာ နှင့် ထိမိချိန်မှာတော့ အားအင်များသည် အနည်းဆုံး ဂျင် သောင်းခုနှစ်ထောင် ထိ ရှိလောက်၏။

အဆင့်ခုနှစ် ကြက်သွေးရောင် မီးဝံပုလွေသည် တော်ဝင်ဓားမော့ဂိုဏ်း၏ဂိုဏ်းချုပ် ထက်ပင် ပို၍ အားကောင်းနေသေးသည်။

သို့ပေမဲ့ သာမာန်ခန္ဓာကိုယ်အားအင် မဟုတ်သော ရှောင်ကျီ ရှေ့တွင်တော့ ထိုမျှသော အားအင်သည် ဘာမှမဟုတ်ပေ။ ရှောင်ကျီသည် တောင်ကြီးတစ်တောင် ကဲ့သို့ မလှုပ်မရှား နှင့် ရပ်တန့်လျက်ရှိနေ၏။

သို့ပေမဲ့ ရှောင်ကျီ ခုခံထားနိုင်သည်မှာ တစ်ကောင်တည်း၏တိုက်ခိုက်မှု ဖြစ်လေသည်။ နှစ်ကောင် ၊ သုံးကောင်သာ တိုက်ခိုက်လျှင် မည်သို့လုပ်မည်နည်း။

ဟူး…။

ဟူး….။

တခြားသော ကြက်သွေးရောင်မီးဝံပုလွေ နှစ်ကောင်သည် တစ်ချိန်တည်းမှာပဲ မီးတောက်များအား ထုတ်လွှတ်တိုက်ခိုက်လိုက်သည်။ သူတို့၏ ပစ်မှတ်သည် ရှောင်ကျီသာ ဖြစ်၏။

ဘုန်း .ဘုန်း…။

မီးအလင်းတန်းနှစ်ခုသည် သံမဏိဒိုင်းကာပေါ်သို့ ကျရောက်လာသည်။

အရင်စွမ်းအင်များထက် ပိုမို အားကောင်းလာသည်မို့ ရှောင်ကျီ၏ ဒိုင်းကာထားသောလက်သည်ပင် တုန်ရင် သွား၏။

ထို့အပြင် မီးအလင်းတန်းများ၏ ဆက်တိုက် တိုက်ခိုက်မှုအောက်တွင်တော့ သံမဏိ ဒိုင်းကာ၏ မျက်နှာပြင်သည် နီနီရဲလာပြီ ဖြစ်သည်။

သို့ပေမဲ့ ရှောင်ကျီကို ကြည့်ရသည်မှာ အလုံးစုံ ခုခံနိုင်နေသေးသည်။

သို့သော်ငြား အချိန်ကြာကြာတော့ ခုခံနိုင်မည် မဟုတ်ပေ။ အဘယ့်ကြောင့် ဆိုသော် မီးအလင်းတန်းများ၏ တိုက်ခိုက်မှုကြောင့် သံမဏိ ဒိုင်းကာသည် ပူခြစ်လာခဲ့ပြီ ဖြစ်၏။

ဟူး…။

ဟူး…။

တခြားသော မီးအလင်းတန်းသုံးခုသည် သူ့ဆီသို့ တိုးဝင်လာပြန်သည်။

ရှောင်ကျီ၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွား၏။

ဤအလင်းတန်း သုံးခု၏ အားအင်သည် ဂျင်တစ်သိန်းကျော်အားအင် ပါဝင်နေတာ ထင်ရှားသည်။ ထိုသို့သော အားအင်များကိုသူ ထိပ်တိုက် ရင်ဆိုင်ကြည့်ချင်နေမိသည်။

သို့ပေမဲ့ မီးတွေက ပူူလောင်လာသည်မို့ ဒိုင်းကာသည် ခုခံနိုင်လိမ့်မည် မဟုတ်ချေ။

ရှောင်ကျီသည် ချက်ချင်းဆိသလိုပဲ သလင်းအမြူတေဆီမှ စွမ်းအင်များအား ထုတ်ယူ၍ ဒိုင်းကာနှင့်ပေါင်းစပ် လိုက်သည်။

ဒွီ ..။

သံမဏိ ဒိုင်းကာ၏ မျက်နှာပြင်တွင် အစီအရင် ပုံစံ ပုံရိပ်တွေ ဖြစ်တည်လာသည်။

ဘန်း..

အလင်းတန်းသုံးခုသည် ဒိုင်းကာ ပေါ် ကျရောက်လာ၏။

သို့ပေမဲ့ ရှောင်ကျီသည် တစ်လက်မမျှ မရွေ့ဘဲ ခုခံနေနိုင်နေ၏။

ခုခံခြင်းအစီအရင် အသက်ဝင်လာပြီးနောက် သူသည် ပို၍ သက်တောင့်သက်သာ ဖြစ်မိနေသည်။

အစီအရင် အသက်ဝင်လာသောကြောင့် သံမဏိဒိုင်းကာ ၏ မျက်နှာပြင်သည် နီရဲနေရာမှ တဆင့် ပြန်လည်၍ မဲနက်သွား၏။

သို့ပေမဲ့ …

မီးတောက်များ၏ ဆက်တိုက် တိုက်ခိုက်မှုအောက်တွင် ဒိုင်းထဲရှိ သလင်းစွမ်းအင်များသည် ပိုမို၍ လျော့ကျလာသည်။ စွမ်းအင် ခုခံမှုအရ ဆိုလျှင် အများဆုံး ဆယ်မိနစ်လောက်သာ ခံနိုင်တော့မည် ဖြစ်သည်။

ဟူး ..။

ကြက်သွေးရောင်မီးတောက် ဝံပုလွေများသည် ဆက်တိုက် ဆိုသလိုပဲ ပစ်လွှတ်တိုက်ခိုက်လျှက် ရှိသည်။

လီယုဟွာသည် ရှေ့သို့ တိုးလာပြီး ရှောင်ကျီ၏ ညာဘက်ခြမ်းသို့ ရောက်လာသည်။သူသည် ဒိုင်းကာ၏ အကာအကွယ် အစီအရင်ကိုအသက်သွင်းပြီး ခုခံလိုက်သည်။

လီချင်းယန်သည်လည်း ဘယ်ဘက်ခြမ်းသို့ တက်ကာ ဒိုင်းကာကို အသက်သွင်းလိုက်၏။

သုံးယောက်လုံးသည် သုံးမြောင့်ပုံ အကာကွယ်တစ်ခုကို ဖန်တီးကာ ကြက်သွေးရောင် မီးဝံပုလွေများ ပစ်လွှတ်တိုက်ခိုက်နေသည်ကို ခုခံလျက်ရှိကြသည်။

အကာအကွယ်အစီအရင်သည် အလွန်အားကောင်းလှ၏။ သို့ပေမဲ့ ပစ်လွှတ်တိုက်ခိုက်နေသော ကြက်သွေးရောင် မီးဝံပုလွေများ၏ မီးအလင်းတန်းများကလည်း များပြားလွန်းလှ၏။

အားလုံးကသာ ထိုကဲ့သို့ တိုက်ခိုက်မည် ဆိုလျှင် အားလုံး ဒုက္ခရောက်ကုန်မှာ သေချာသည်။

“ရှောင်မူ၊ လီဖေး…..”

ကျွင်းချောင်ရှောင်း အမိန့်ပေးလိုက်သည် “လှုပ်ရှားကြ”

တိုက်ပွဲကို ခံစစ်ဖြင့် အနိုင်မယူနိုင်မှန်း သူသိသည်။ ထို့ကြောင့် သူသည် တိုက်စစ်ကို ပြန်လည် အစပျိုးရန် စီစဉ် လိုက်၏။

ရွှစ် … ရွှစ်..။

စုရှောင်မို နှင့် လီဖေးတို့သည် ခြေလှမ်းကွက်များအား ကျွမ်းကျင်ပြီး အလွန်လည်း မြန်ဆန်လှသည်။ ထို့ကြောင့် သူတို့သည် ဂိုဏ်းချုပ်ဆီမှ အမိန့်ရသည် ဆိုသည်နှင့် ရှေ့သို့ ပြေးထွက်သွားကြသည်။

ရှောင်ကျီတို့အား မီးအလင်းတန်းမျာဖြင့် ပစ်လွှတ်တိုက်ခိုက်နေကြသော ကြက်သွေးရောင် မီးဝံပုလွေများသည် ရုတ်တရက် ဆိုသလိုပဲ လူတစ်ယောက် ခုန်ထွက်လာသည်ကို မြင်တော့ ပစ်မှတ်ပြောင်းကာ ပစ်ခတ်တော့၏

ဟူး …။

အလင်းတန်း ဆယ်ခုကျော်သည် လေထဲတွင် ပေါ်လာသည်။

ကံကောင်းစွာဖြင့် စုရှောင်မို နှင့် လီဖေးတိုသည် မြန်ဆန်လွန်သောကြောင့် မီးအလင်းတန်းများအား ကောင်းကောင်း ရှောင်ရှားနေနိုင်သည်။ မြေပေါ်ကို ခုန်ဆင်းပြီးသည့်နောက် နှစ်ယောက်သားသည် ဝိညာဉ်ခြေလှမ်းကွက်ကို အသုံးပြု၍ ဘယ်ညာ နှစ်ဖက်သို့ခွဲပြေးတော့၏။

ကြက်သွေးရောင် မီးတောက် ဝံပုလွေ နှစ်းဆယ်ကျော်တို့သည် ဆက်တိုက်ပဲ ပစ်လွှတ်တိုက်ခိုက်ကြသော်လည်း လူနှစ်ယောက်၏ အမြန်နှုန်းကို မမှီနိုင်ဖြစ်နေသည်။

“လာစမ်း…လာစမ်း..”

စုရှောင်မိုသည် ပြေးရင်း အော်ဟစ်ရန်စ လျှက်ရှိသည်။ “ငါ့ကို ထိအောင်ပစ်စမ်း”

တိုက်ခိုက်ရန်ပြင်ဆင်နေကြသော ကြက်သွေးရောင် မီးတောက် ဝံပုလွေများသည် ဒေါသအကြီးအကျယ်ထွက်သွားကြသည်။ ထို့ကြောင့် စုရှောင်မိုအား ပစ်မှတ်ထားကာ တိုက်ခိုက်ကြတော့သည်။

ဟူး…. ဟူး…..ဟူး။

မတူညီသည့်နေရာ ဆယ်ခုကျော်ဆီမှ အလင်းတန်းဆယ်ခု ထွက်ပေါ်လာ၏။

ချီးတဲ့မှ ..။

စုရှောင်မိုသည် အထိန့်တလန့်ဖြင့် ဘယ်ညာရှောင်ရှားရင်း အမြန်ဆုံးပြေးလျက်ရှိသည်။

အခြားတစ်ဖက်မှာတော့ သတ္တဝါများသည် သူ၏ စီနီယာအစ်ကိုဆီ အာရုံရောက်သွားကြသည်ကို အခွင့်အရေး ယူပြီး သူ၏ ညာခြေဖြင့် ဘောလုံးကန်သလို ကန်လိုက်သည်။ သို့ပေမဲ့ ဘောလုံးတော့ မရှိချေ။

ဝမ် … ဝမ်..။

ထိုအချိန်မှာပဲ တည်နေရာတစ်ခုက တုန်ခါသွားပြီး လက်သီးဆုပ်အရွယ် ကျောက်တုံးများပေါ်လာသည်။

“သံမဏိအရိုး .. အရိပ်မဲ့ကန်ချက်”

ဖောင်း ..။

လီဖေး၏ ရွှေညာခြေသည် ကျဆင်းလာသော ကျောက်တုံး ခြောက်တုံး အား ကန်ကျောက်ပြီး ဖြစ်၏။

ကျောက်တုံးခြောက်တုံးသည် အလင်း၏ အရှိန်နှင့်အတူ ရှေ့သို့ ပြေးထွက်သွားသည်။

ဖောင်း .. ဖောင်း …ဖောင်း။

စုရှောင်မိုအား လိုက်လံ ပစ်ခတ်တိုက်ခိုက်နေသော ကြက်သွေးရောင်မီး ဝံပုလွေ ခြောက်ကောင်သည် ကျောက်တုံး ထိမှန်၍ ဦးခေါင်းပွင့်ကာ တစ်ခါတည်း သေဆုံးသွားတော့၏။

လီဖေး၏ ခြေကန်ချက်သည် ဂျင်နှစ်သောင်းအား ရှိသည်။ ကျောက်တုံးကလည်းကြီးမားလွန်း၏။ ခေါင်းအား ကျည်ဆံကဲ့သို့ ဖောက်ထွင်းမသွားနိုင်သော်လည်း ဦးခေါင်းမှာ ပွင့်ထွက်သွားတော့သည်။

ချီးတဲ့မှ …။

ထိုမြင်ကွင်းကို မြင်တော့ လီယုဟွာ တစ်ယောက် ဇောချွေးတွေပင် ပြန်လာမိသည်။

လေ့ကျင့်ချိန်များတွင် စီနီယာအစ်ကိုများသည် အရှိန်ကို လျော့ချ၍ သူ့အား လေ့ကျင့်ပေး၍သာ တော်တော့သည်။ မဟုတ်ပါက သူသည်လည်း ထိုဝံပုလွေများကဲ့သို့ သေဆုံးနိုင်၏။

“လခြမ်း ..လခြမ်းဓားကွက်”

စုရှောင်မိုသည် ဘယ်မှညာ ရှောင်ရင်း လခြမ်းဓားကွက်ကို ထုတ်ဖော်လိုက်တော့သည်။ လခြမ်းပုံစံ အလင်းတန်းများသည် ကြက်သွေးရောင် မီးဝံပုလွေများအား ထိမှန်ပြီး လွင့်စင်သွားစေသည်

ဝံပုလွေများအားလုံး၏ အာရုံအား စုရှောင်မို နှင့် လီဖေးတို့က ဆွဲဆောင်ထားနိုင်၏။

ထိုအခွင့်အရေးကို အရယူရန် ဆုံးဖြတ်လိုက်သော ကျွင်းချောင်ရှောင်း အမိန့်ပေးလိုက်သည် “ရှင်းချန်… ဒီကောင်တွေ အားလုံးကို သတ်လိုက်တော့”

All Chapters