← Chapters

အခန်း (၁၈၁)

Vol. 13 Ch. 181

အခန်း (၁၈၁)

Vol. 13 Ch. 181

စုချောင်မို၏ ရန်စမှုနှင့်အတူ လီဖေး ၏ စွမ်းအားမြင့် တိုက်ခိုက်မှုသည် ကြက်‌သွေးရောင် မီးဝံပုလွေများအား အငိုက်မိစေသည်။ သူတို့သည် ကြက်သွေးရောင် မီးဝံပုလွေတို့၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့၏။

ကြက်သွေးရောင် မီးဝံပုလွေများသည် ခန္ဓာကိုယ်ဆီမှ မီးတောက်များ ထွက်ပေါ်လာပြီး ကြမ်းကြမ်းတမ်းတမ်းတိုက်ခိုက်ရန် စတင်ပြီး ပြင်ဆင်လိုက်ကြသည်။

ဤအချိန်သည် တိုက်ခိုက်ရန် အခွင့်ကောင်း ဖြစ်၏။

ဝှစ်။

ရီရှင်းချန်သည် ရှေ့သို့ ခုန်တက်ပြီး ရှောင်ကျီ၏ ရှေ့သို့ ရောက်ရှိသွားသည်။

သူသည် လက်တစ်ဖက်မှ ဓားလက်ကိုင်အား ကိုင်ဆောင်၍ ကြက်သွေးရောင်မီးဝံပုလွေဆီသို့ လျောက်လှမ်း သွားလိုက်သည်။ သူ၏ မျက်လုံးကျဉ်းများထဲတွင် အေးစက်သည့် အရိပ်အယောင်တို့နှင့် ပြည့်နက်နေ၏။

စီနီယာအစ်ကိုရီသည် ထပ်မံ၍ တိုက်ခိုက်တော့မည်။

အပြင်စည်းတပည့်များအားလုံးသည် သူ့အား ချီးကျူးသလို ကြည့်မိလိုက်ကြ၏။

အသက်တစ်ရှိက်စာတွင် ဓားချက်သုံးဆယ်အား ထုတ်ဖော်၍ ဒုတိယအဆင့်ရှိ‌သော တောင်နက်ဝက်ဝံကြီးအား သတ်ဖြတ်ခဲ့သည်။ ထိုအရာသည် သူတို့အား တုန်လှုပ်စေခဲ့သည်။

ဤတစ်ကြိမ်မှာတော့ အလွန်ကောင်းမွန်သည့် ဓားနည်းစနစ်အား သူတို့၏ မျက်လုံးဖြင့် မြင်ရတော့မည် ဖြစ်၏။

ကျိုးဟုန်သည် အများကြီး မျော်လင့်မိ၏။

ရီရှင်းချန်သည် အားလုံး၏ ရှေ့၌ မတ်တပ်ရပ်လိုက်ချိန်မှာတော့ ကြက်သွေးရောင်မီးဝံပုလွေများနှင့် မီတာဒါဇင်အနည်းငယ်သာ ဝေးကွာတော့သည်။

စုချောင်မိုနှင့် လီဖေးတို့သည် လေးလေးနက်နက် ပြုမူဆောင်ရွက်လျက်ရှိကြသည်။

သို့ပေမဲ့ ကြက်သွေးရောင်မီးဝံပုလွေများသည် စုချောင်မိုနှင့် လီဖေးတို့အား အားရုံစိုက်ထားပြီး ဆယ်မီတာကျော် အကွာတွင် ရပ်လျက်ရှိသော ညအင်ပါယာကို တစ်ချက်ကလေးမှ မကြည့်ကြပေ။

"ငါ့ကို ဘာမှ မရှိတဲ့ လူတစ်ယောက်လို ဆက်ဆံချင်တာလား။" မာနကြီးလွန်းသော ရီရှင်းချန်သည် ပို၍ အေးစက်လာသည်။ သူ၏ လက်ကောက်ဝတ်ကို လှုပ်ရှားပြီး ဓားအား ဓားအိမ်ထဲမှဆွဲထုတ်လိုက်၏။

‌ဓားထုတ်သည့်အသံသည် ပေါ်လာ၏။

စုချောင်မိုနှင့် လီဖေးတို့အား တိုက်ခိုက်ရန် ပြင်နေကြသော ကြက်သွေးရောင်မီးဝံပုလွေများအားလုံးသည် လှည့်ကြည့်လိုက်ကြသည်။

လူသားပဲ …. သူ့ကို သတ်မယ်။

ကြက်သွေးရောင်မီးဝံပုလွေများသည် သူတို့၏ ခေါင်းကို လှည့်၍ ကြည့်လိုက်ချိန်မှာပဲ ရီရှင်းချန်သည် လင်းကျန် ဓားသိုင်းအား ထုတ်ဖော်လိုက်တော့သည်။

ဝှစ် … ရွှစ် ရွှစ်။

ချက်ချင်းဆိုသလိုပဲ ဓားချက်သုံးဆယ်သည် ထွက်ခွာသွားသည်။ ထိုဓားချက်သုံးဆယ်နှင့်အတူ ဓားချီသုံးဆယ်သည်လည်း လိုက်ပါသွား၏။

သူသည် ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဝါများကို ထုတ်ဖော်လျက်ရှိသည်။

ဓားအော်ရာများသည် လေထုတစ်ခုလုံးထဲတွင် ထိုးခွဲသွားလာနေပြီး အေးစက်သည့် လေများအဖြစ် ဖြစ်ပေါ်စေ၏။

ဓားကိုင်ထားသော ရီရှင်းချန်၏ အမဲရောင်ဆံပင်များသည် လေထဲတွင် လွင့်သွားပြီး သူ၏ အေးစက်စက် မျက်နှာပေးသည် အားလုံး၏ အမြင်၌ ပေါ်ပေါက်လာ၏။

သူသည် ပြိုင်စံရှား သိုင်းပညာရှင်ကြီးတစ်ယောက်ကဲ့သို့ ဟန် လုပ်လျက်ရှိသည်။

ဓားချီသုံးဆယ်တို့သည် ပန်းတစ်ပွင့်ကဲ့သို့ ဖြစ်ပေါ်လာတော့၏။ အလွန်လှပသလို အလွန်ထက်ရှသည့် ဓားချီများပင်။

သံမဏိအရိုးဂိုဏ်းတပည့်များအားလုံးသည် ရီရှင်းချန်အား ချီးကျုးသလို ကြည့်မိလိုက်ကြသည်။ အနားမှာသာ ရှိလျှင် ချီပွေ့၍ မြှောက်ကာ ဂုဏ်ပြုမိပေလိမ့်မည်။

ရီရှင်းချန်သည် အသက်တစ်ရှိက်စာအတွင်း ဓားချက်သုံးဆယ်ကို ထုတ်ဖော်လိုက်သည်ကို မြင်ချိန်မှာတော့ သူတို့အားလုံး လင်းကျန့်ဓားသိုင်းအား သင်ယူချင်စိတ်တွေ ပေါ်ပေါက်လာတော့သည်။

ဝှစ် … ရွှစ်။

ဓားချီသုံးဆယ်တို့သည် မြေ‌ပြင်ပေါ်နှင့် နီးစပ်သွားပြီး ကြက်သွေးရောင်မီးတောက်ဝံပုလွေ သုံးဆယ်ကောင်အား ခုတ်ပိုင်းသွားတော့သည်။

ဤလင်းကျန်ဓားသိုင်းနှင့် ပတ်သက်၍ စကားလုံးတစ်လုံးဖြင့် ညွှန်းဆိုရမည်ဆိုလျှင် အဓိပ္ပာယ်တစ်ခုတည်းသာ ရှိသည်။ - အမြန်နှုန်း။

လှည့်ကာ ထွက်ပြေးရန် ပြင်လိုက်ကြသော ကြက်သွေးရောင်မီး ဝံပုလွေများသည် ဓားချီများ၏ ခုတ်ပိုင်းခြင်းကို ခံလိုက်ရ၏။

ဝှစ် …. ရွှစ်။

ပြီးနောက် ဓားချီများ အားလုံးသည် လေထဲတွင် ပျောက်ကွယ်သွားတော့သည်။

ကြက်သွေးရောင် မီးဝံပုလွေသုံးဆယ်တို့၏ ခန္ဓာကိုယ်ပေါ်တွင် အက်ကွဲကြောင်းကြီး ပေါ်လာတော့၏။ ပြီးနောက် သူတို့၏ ခန္ဓာကိုယ်များသည် နှစ်ပိုင်းပြတ်ပြီး မြေပေါ်သို့ ပြုတ်ကျသွား၏။

သွေးနှင့် အတွင်းကလီစာများ အားလုံးသည် ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာတော့သည်။

အလွန်အမင်း အားကောင်းလှ၏။

"ငါတို့ရဲ့ အစ်ကိုရီက တကယ့်ကို အားကောင်းလှတဲ့ လူပဲ။"

အခြားတစ်ဖက်တွင် ရှိနေသော စုချောင်မိုသည်လည်း အလကားမနေပေ။ သူ၏ ခြေပုတိုများကို အသုံးပြု၍ ကြက်သွေးရောင် မီးဝံပုလွေများ၏ အာရုံကို ဆွဲဆောင်သည့် အနေဖြင့် ပတ်ပြေးလျက်ရှိသည်။

သံမဏိအရိုး … အရိပ်မဲ့ကန်ချက်။

လီဖေးသည်လည်း သူ၏ သိုလှောင်လက်စွပ်ထဲမှ ထွက်ပေါ်လာသော ကျောက်တုံးများနှင့် ကြက်သွေးရောင် မီးဝံပုလွေများကို တစ်ကောင်ပြီး တစ်ကောင်အား ကန်လျက်ရှိသည်။

ကြက်သွေးရောင် မီးဝံပုလွေများအားလုံးသည် တိုက်ပွဲထဲမှာတော့ သားကောင်များအဖြစ်သို့ ပြောင်းလဲသွားတော့၏။

"တိုက်။"

ကျွင်းချောင်ရှောင်း အော်လိုက်၏။

လီချင်းယန် ၊ ရှောင်ကျီ နှင့် လီယုဝါတို့ အားလုံးသည်လည်း အကာအကွယ် အတားအဆီးများအား ဖယ်ရှားလိုက်သည်။

အခြားသူများအားလုံးသည်လည်း သူတို့၏ ခေါင်း‌ပေါ်တွင် ရှိနေသော သံမဏ်ဒိုင်းကာများအားလုံးကို သိမ်းဆည်းလိုက်ကြသည်။ ပြီးနောက် ရှေ့ကို တိုးကာ တိုက်ခိုက်သတ်ဖြတ်ကြတော့၏။

…………

‌ဝင်ပေါက်၏ အထွက်နားမှာတော့ တစ်ကိုယ်တော် ကျင့်ကြံသူသုံးဆယ်ကျော်တို့သည် အနောက်သို့ ပြန်လည်ဆုတ်လာကြသည်။

သူတို့သည် တစ်ခါတည်း ထွက်ခွာမသွားကြချေ။

အဲ့အစား ဤနေရာတွင် စောင့်၍ သံမဏိအရိုးဂိုဏ်းတပည့်များ ထွက်လာမည်ကို စောင့်လျက်ရှိကြသည်။

တစ်ချို့က သူတို့၏ ပိုက်ဆံများ ပြန်ရလေမလားဟု စဉ်းစားနေကြသေး၏။ ထို့အပြင် သူတို့သည် မည်သည့်အရာကိုမှလည်း မသိမ်းဆည်းရသေးချေ။ သံမဏိအရိုးဂိုဏ်းအား ငွေ တစ်ထောင်ပေးလိုက်ရ သည်ဆိုသည်မှာ သူတို့အတွက် ကြီးမားသည့် ဆုံးရှုံးမှုပင်ဖြစ်သည်။

သို့ပေမဲ့ ဤအရာသည် သူတို့၏ စိတ်ကူးသက်သက်သာ ဖြစ်၏။ ဂိုဏ်းချုပ်ကျွင်း၏ အိပ်ကပ်ထဲသို့ ရောက်ရှိသွားသော ပိုက်ဆံသည် ဘယ်တော့မှ ပြန်မထွက်လာနိုင်တော့သည်ကို သူတို့ မသိရှိကြချေ။

"ထူးဆန်းလိုက်တာ … ဘာလို့ သံမဏိအရိုးဂိုဏ်းတပည့်တွေ တစ်ယောက်မှ ထွက်မလာသေးတာလဲ။သူတို့ အဝိုင်းခံထားရတာများလား။ သူတို့ရဲ့ အားအင်အဆင့်အရဆိုရင် ထွက်ပြေးဖို့အတွက် လွယ်ကူလောက်ပါတယ်လေ။"

"ဒါပေမဲ့ လူတွေ အများကြီးပဲလေ။ နှေးနေရင်တော့ ကံမကောင်းနိုင်တဲ့ကိစ္စတွေ ဖြစ်သွားနိုင်တယ်။"

အတော်ကြာစောင့်ပြီးသည့်နောက် သံမဏိအရိုးဂိုဏ်းတပည့်များ ထွက်လာသည်ကို မမြင်ရသေးချေ။

ထို့ကြောင့် သံမဏိအရိုးဂိုဏ်းတပည့်များသည် ကြက်သွေးရောင် မီးဝံပုလွေများ၏ ဝိုင်းပတ်ခြင်းကို ခံထားရသည်မှာ သေချာသည်ဟု သူတို့ တွေးလိုက်မိကြသည်။

"သာမန်ကြက်သွေးရောင် မီးဝံပုလွေ ဆိုရင်တောင်မှ မြေကမ္ဘာမီး ဝံပုလွေထက် အများကြီး အားကောင်းတယ်။ပြီးတော့ အခု ကြက်သွေးရောင် မီးဝံပုလွေတွေက အများကြီးပဲလေ။ သံမဏိအရိုးဂိုဏ်းတပည့်သားတွေ ဝိုင်းခံထားရပြီဆိုရင်တော့ ကျိန်းသေပေါက် သေမှာပဲ။အဆင့်ရှစ်ဂိုဏ်းတစ်ခု မပြောနဲ့ မဟာမိတ်ခေါင်းဆောင်ချင်ရဲ့ တပည့်တွေ ဆိုရင်တောင် ဒီနေရာမှာ ဒုက္ခရောက်သွားနိုင်တယ်။"

"ဒီလိုဖြစ်မယ်မှန်းသိရင် ငါအစောကြီးကတည်းက ငွေတစ်ထောင်ကို မပေးလိုက်ပါဘူး။အခု သူက ဝံပုလွေတွေ ကြားထဲမှာ သေသွားပြီ။သူတို့ရဲ့ အလောင်းတွေကိုလည်း ဝံပုလွေတွေက တစ်ခါတည်း ယူသွားမှာပဲ။ ငါတို့ကတော့ ဘာမှ ရှာမတွေ့နိုင်တော့ဘူးထင်တယ်။"

အားလုံးက စိတ်ပျက်လက်ပျက်ဖြစ်မိသွားသည်။

သူတို့အားလုံးသည် သံမဏိအရိုးဂိုဏ်းတပည့်များအား စိတ်မဝင်စားကြချေ။ သူတို့ စိတ်ဝင်စားသည်မှာ သူတို့၏ ပိုက်ဆံပင်ဖြစ်၏။

"ငါတို့ ဒီမှာ ခဏလောက်စောင့်လိုက်ရအောင်။ကြက်သွေးရောင် မီးဝံပုလွေတွေ နောက်ပြန်ဆုတ်သွားပြီဆိုရင် ငါတို့သွားကြည့်နိုင်တယ်လေ။ ဒါဆိုရင် ငါတို့ တစ်ခုခုတော့ ရနိုင်လောက်တယ်။"

သံမဏိအရိုးဂိုဏ်းတပည့်တွေက ဒီဝံပုလွေအုပ်ကြီးတွေကို ပြန်ပြီး မတိုက်ခိုက်နိုင်ဘူးဆိုရင်တောင် အနည်းဆုံး မသေခင်တော့ တစ်ကောင်နှစ်ကောင်လောက်ကို သတ်နိုင်ခဲ့လောက်သည်။

"ဒါဆိုရင် ကြက်သွေးရောင်မီးဝံပုလွေရဲ့ သားရေကို ရနိုင်သေးတယ်။ဒါကို ရောင်းရင် ဈေး ကောင်းကောင်းရလိမ့်မယ်။"

"မဆိုးဘူး … မဆိုးဘူး။"

အားလုံးသည် တောင်ကြားထဲမှ မထွက်ခွာသွားကြချေ။

သူတို့သည် ငြိမ်ငြိမ်သက်သက်နှင့် စောင့်စားလျက်ရှိကြသည်။

ထို့အပြင် ပိုက်ဆံပေးပြီးသည်ဆိုသော်ကြောင့် သူတို့ မည်သည့်အရာကိုမှ မရယူနိုင်ဘူးဆိုလျှင် ကြီးမားသော ဆုရှုံးမှု ဖြစ်ပေလိမ့်မည်။

မကြာမှီမှာပဲ တစ်နာရီကုန်ဆုံးသွား၏။

တစ်ယောက်က ပြောလိုက်၏။

"ပြီးလောက်ပြီလို့ ထင်တယ်။ ငါတို့ သွားကြည့်ရအောင်။"

"အလျှင်မလိုနဲ့ အလျှင်မလိုနဲ့။"

သတိရှိသော ကျင့်ကြံသူတစ်ယောက်က ပြောလိုက်၏။

"နောက်တစ်နာရီလောက် ထပ်စောင့်ကြရအောင်။"

အားလုံးသည် နောက်ထပ်တစ်နာရီကို ထပ် စောင့်စားလိုက်ကြသည်။

ပြီးနောက် လှိုဏ်ခေါင်းထဲသို့ သေသေချာချာ သတိထား၍ ဖြည်းဖြည်းချင်း ဝင်ရောက်သွားကြသည်။

လှိုင်ခေါင်းအဆုံးနားသို ဝင်ပြီးသည့်နောက်မှာတော့ သူတို့သည် အလျှင်စလိုဖြင့် တောင်ကြားထဲသို့ ထပ်မဝင်ခဲ့ချေ။ သူတို့၏နားများကို စွင့်၍ ဝံပုလွေအော်သံများ ရှိသည်ဟု သေသေချာချာ နားစွင့်နေကြ၏။

မည်သည့်အသံမှ မရှိချေ။ လေတိုက်သံကိုသာလျှင် ကြားနေရ၏။

ကြက်သွေးရောင်မီးဝံပုလွေများ ထွက်ခွာသွားခဲ့ကြပြီဟု အားလုံးက အသိအမှတ် ပြုမိလိုက်ကြသည်။ ထို ဝံပုလွေများသာ ရှိနေမည်ဆိုလျှင် လေတိုက်ရာတွင် အပူဓာတ်များ ပါလာလိမ့်မည် ဖြစ်သည်။

သာမန်ကျင့်ကြံသူများအားလုံးသည် သူတို့၏ သတ္တိများကို စုစည်း၍ လှိုဏ်ခေါင်းထဲသို့ ဝင်လိုက်ကြသည်။

သေမင်းတောင်ကြားထဲသို့ ထပ်မံဝင်ရောက်သွားသည့်အချိန်မှာတော့ သံမဏိအရိုးဂိုဏ်းတပည့်များ ရှိနေသည်ကို မြင်လိုက်ရ၏။

သူတို့အားလုံး၏ အမူအယာများသည် အေးခဲသွား၏။

ဤနေရာ ဤနေရာတွင်တော့ ကြက်သွေးရောင်မီး ဝံပုလွေနှစ်ရာကျော်တို့သည် မြေပေါ်၌ လဲလှောင်းလျက်ရှိသည်။ သူတို့အားလုံးသည် ခါး သို့မဟုတ် ခေါင်းများမှ ပိုင်းဖြတ်ခံထားရပြီး ပုံသဏ္ဍာန်မျိုးစုံနှင့် သေဆုံးလျက်ရှိနေကြ၏။

သွေးများ ပေရေနေလျက်ရှိနေကြသော သံမဏိအရိုးဂိုဏ်းနှစ်ရာကျော်တို့သည် ဝံပုလွေအလောင်းများပေါ်တွင် ထိုင်၍ အရေခွံများပင် ဆုတ်လျက်ရှိသည်။ သူတို့ကိုယ်လုံးများတွင်လည်း သွေးများ ပေကျံ့လျက်ရှိသည်။

များပြားလှသော ကြက်သွေးရောင်မီးဝံပုလွေများအားလုံးသည် မြေပေါ်တွင် သေဆုံးနေကြပြီးဖြစ်၏။

သံမဏိအရိုးဂိုဏ်းတပည့်နှစ်ဆယ့်ငါးယောက်တို့သည် သေဆုံးသွားခဲ့ကြသည် မဟုတ်ပေ။ ထိုတင်မက ဒဏ်ရာလေးတစ်ခုတောင်မှ မရရှိခဲ့ကြ။ အလွန်အမင်း အံ့အားသင့်စရာ ကောင်းလွန်းလှသည်။

သာမန် ကျင့်ကြံသူများ အားလုံးသည် မျက်လုံးများ ပြူးသွားကြ၏။

ထိုအချိန်မှာတော့ သံမဏိအရိုးဂိုဏ်းတပည့်များသည် သူတို့ကို ခေါင်းလှည့်ကာ သွားဖြီး၍ ရယ်ပြလိုက်ကြသည်။

မျက်နှာတစ်ခုလုံး ဝံပုလွေသွေးများ ပေကျံ့နေပြီး သွားလေးတစ်ခုစာ ဖြူဖြူဖွေးဖွေးလျက်ရှိသော သံမဏိအရိုးဂိုဏ်းတပည့်များကို မြင်တော့ သာမန်ကျင့်ကြံသူများအားလုံးသည် ငရဲပြည်မှ နတ်ဆိုးများကို မြင်လိုက်ရသလို ခံစားလိုက်မိ၏။

သူတို့သည် ကြောက်လန့်တကြားနှင့် နောက်သို့ ‌ခြေလှမ်းအနည်းငယ်ပင် ဆုတ်လိုက်မိကြသည်။

"အားလုံးပဲ။"

ကျွင်းချောင်ရှောင်းသည် ကြက်သွေးရောင်မီး ဝံပုလွေဘုရင်၏ အလောင်းကို ဆွဲယူပြီး ထိုအကောင်ပေါ်သို့ ခြေတစ်လှမ်းလှမ်းတင်ကာ ပြုံး၍ ပြောလိုက်သည်။

"ခင်ဗျားတို့က သေမင်းတောင်ကြားထဲက ထွက်ခွာသွားပြီ။ဒီ‌တော့ ပထမတစ်ခေါက် ပေးထားတဲ့ ပိုက်ဆံတွေအားလုံးက ပြီးသွားပြီလို့ဆိုရမယ်။ဒီတော့ သံမဏိအရိုးဂိုဏ်းနောက်ကို ထပ်ပြီး လိုက်ချင်တယ်ဆိုရင် ကျေးဇူးပြုပြီး ငွေတစ်ထောင် ထပ်ပေးကြပါ။

All Chapters