← Chapters

အခန်း (၁၈၃)

Vol. 13 Ch. 183

အခန်း (၁၈၃)

Vol. 13 Ch. 183

လုချင်းချင်းသည် ရေခဲဓာတ် ကျင့်ကြံသူတစ်ယောက် ဖြစ်မည်မှန်း မည်သူကမှ မထင်မှတ်မိခဲ့ချေ။

ဤသို့ ဘယ်သူမှ မထင်မှတ်ထားမိသလိုပဲ သူမသည် ရေခဲဆူးချောင်းများကို ဖန်တီး၍ အဆင့်ငါး အလယ်အလတ်အဆင့် လူဝံကြီးအား တစ်ခါတည်း သတ်ဖြတ်ပစ်ခဲ့၏။

လူဝံကြီး၏ခန္ဓာကိုယ်မှာ ထိုးစိုက်လျက်ရှိသော ရေခဲဆူးချောင်းများဆီမှ သွေးများတစက်စက် ကျလျက်ရှိသည်။

နောက်မှလိုက်ပါလာကြသော သာမန်ကျင့်ကြံသူ သုံးဆယ်ကျော်တိုအားလုံးသည် အိပ်မက်မက်နေသည် မဟုတ်ပဲ အစစ်အမှန်ဖြစ်နေကြောင်း မြင်လိုက်ကြရ၏။

သံမဏိအရိုးဂိုဏ်းတပည့်သည် သူမ၏ရေခဲသိုင်းပညာဖြင့် လူဝံကြီးအား သတ်ဖြတ်ပစ်ခဲ့၏။

သံမဏိအရိုးဂိုဏ်းသည် အဘယ်ကြောင့် ကြက်သွေးရောင် မီးဝံပုလွေများအား နှိမ်နင်းနိုင်ခဲ့သည်ဖြစ်ကြောင်း သူတို့ နောက်ဆုံးတွင် နားလည်သွားကြ၏။

ဤအမျိုးသမီးတပည့်ကဲ့သို့သော ကျင့်ကြံသူတစ်ယောက် ရှိနေသည်ဆိုသောကြောင့် ကြက်သွေးရောင် မီးတောက်ဝံပုလွေတစ်ရာကျော်လောက် ရှိသည်ဆိုလျှင်ပင် သံမဏိအရိုးဂိုဏ်းအတွက် မှုစရာမလိုချေ။

တကယ်အစစ်အမှန်အားဖြင့် လုချင်းချင်းသည် ကြက်သွေးရောင် မီးဝံပုလွေများကို တိုက်ခိုက်သည့် အချိန်တုန်းက တစ်ချက်ကလေးမှ ဝင်မပါခဲ့ချေ။ သူမ၏အဝတ်အစားများတွင် သွေးတစ်စက်တောင် မစွန်းထင်းခဲ့။

တကယ်တန်း တိုက်ခိုက်ခဲ့ကြသူများမှာ ရှောင်ကျီ၊စုရှောင်မို၊လီဖေးနှင့် တစ်ခြားသောသူများ ဖြစ်ကြ၏။

"ဝိုး"

လင်းယွမ်ရွှယ်သည် ချီးကျူးလိုက်၏။

"ငါတို့ရဲ့ စီနီယာအစ်မကြီးက အရမ်းကို အားကောင်းလွန်းတာပဲ။"

ရီရှင်းချန်သည် အသာကြိတ်ကာ သုံးသပ်လိုက်၏။ "ဒီမိန်းမကို အထင်သေးလို့တော့ မဖြစ်ဘူး။"

လီချင်းယန်နှင့် တစ်ခြားသူများ အားလုံးသည်လည်း အံ့အားသင့်မိနေကြ၏။ သူတို့၏စီနီယာအစ်မကြီး ပီသစွာပဲ သူမသည် အလွန်အမင်း အားကောင်းလှ၏။

ရေခဲစွမ်းအင်များကို ပိုင်ဆိုင်ရုံမက ရေခဲတိုက်ခိုက်ရေး နည်းစနစ်များကိုလည်း ထုတ်သုံးနိုင်ပေသည်။

လုချင်းချင်း၏ တိုက်ခိုက်ရေးစွမ်းရည်အား သာမန် ကျင့်ကြံသူသုံးဆယ်ကျော်တို့တင် အံ့အားသင့်သည်မဟုတ် သံမဏိအရိုးဂိုဏ်းတပည့်များသည်လည်း အံ့အားသင့်မိနေကြ၏။

ကျွင်းချောင်ရှောင်းသည် အလွန်တရာ တည်ငြိမ်နေသည်။

သူ၏အကြီးဆုံးတပည့်သည် အအေးဓာတ်စင် ကျင့်ကြံသူတစ်ယောက် ဖြစ်နေသည့်အတွက်ကြောင့်တော့ သူ အံ့အားသင့်မိ၏။ သို့ပေမဲ့ အဆင့်ငါး အလယ်အလတ်အဆင့် သားရဲကြီးကို သတ်ဖြတ်နိုင်သည့် အတွက်ကြောင့်တော့ အံ့အားမသင့်ချေ။

ထို့ပြင် သူမသည် ဂိုဏ်းထဲသို့ စဝင်လာကတည်းက သူမ၏အားအင်အဆင့်ကို ဖုံးကွယ်ထားခဲ့သည်ဖြစ်ကြောင်း သူ သိရှိခဲ့ပြီးဖြစ်၏။

"ဒင်

"လူဝံ သတ်ဖြတ်ခြင်း - ၁/၁၀"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ရှောင်ကျီ သလင်းအမြုတေကို သွားယူလိုက်။ပြီးရင် သားရေ နဲ့ အရိုးတွေကို တစ်ခါထဲယူ"

"ကောင်းပါပြီ။

ရှောင်ကျီသည် မြန်မြန်ဆန်ဆန်ဆိုသလိုပဲ ထွက်ခွာပြီး သပ်သပ်ရပ်ရပ် လုပ်ကိုင်ပြီးသည့်နောက် လူဝံ၏ အသားတုံးကြီးသာ ကျန်ရှိနေတော့သည်။

ကျွင်းချောင်ရှောင်းသည် တပည့်များကို ခေါ်ဆောင်၍ ရှေ့မှ ဦးဆောင်၍ ထွက်သွားခဲ့ပြီဖြစ်၏။

တစ်ကိုယ်တော် ကျင့်ကြံသူများအဖွဲသည် လက်နက်များကိုထုတ်၍ အနောက်မှ မြန်မြန်ဆန်ဆန်ပဲ လူဝံကြီး၏ အသားတုံးများကို စတင်လှီးဖြတ်ကြတော့သည်။

အဆင့်ငါး အလယ်အလတ်အဆင့် သားရဲကြီး၏ အသားသည် အလွန်တရာ အရည်အသွေးကောင်းသော ပစ္စည်းဖြစ်၏။ ချမ်းသာသောသူများသည်သာ ထိုအရာကို ဝယ်စားနိုင်ပေလိမ့်မည်။

တစ်ပေါင်လျှင် ငွေတေးလ် အများကြီးနှင့် ရောင်းချနိုင်သောကြောင့် သူတို့အနေနှင့် ထိုအရာကို ယူသွားမှ ဖြစ်ပေလိမ့်မည်။

ကျွင်းချောင်ရှောင်းသည် အသားများကို မလိုချင်ပေ။ အဘယ့်ကြောင့်ဆိုသော် ဤအရာများသည် သူ၏သိုလှောင်လက်စွပ် တည်နေရာကို ကန့်သတ်ချက် ဖြစ်ပေါ်လာနိုင်၏။

စနစ်မှပေးထားသော သိုလှောင်လက်စွပ်ထဲတွင် ထည့်သိမ်းမည်ဆိုလျင်တောင်မှ လူဝံလေးကောင် လောက်ဆိုလျှင် တည်နေရာတစ်ခုလုံး ပြည့်သွားပေလိမ့်မည်။

သူတပည့်များတွင်ရှိသော သိုလှောင်လက်စွပ်များသည်လည်း အဆင့်နိမ့် သိုလှောင်လက်စွပ်များဖြစ်၏။ ထို့ကြောင့် သိုလှောင် ထိန်းသိမ်းနိုင်သော ပမာဏသည် အလွန်သေးငယ်လှသည်။

လူဝံကြီးနှင့် တောင်နက်ဝက်ဝံတို့၏ အရိုးများနှင့်အရေခွံများနဲ့တင်ပင် ရှောင်ကျီ၏ သိုလှောင်လက်စွပ်သည် ပြည့်လုနီးပါး ဖြစ်နေပြီဖြစ်၏။

လေ့ကျင့်မှုသည် ပြန်လည်စတင်ပြီဖြစ်၏။

တောင်ကြားထဲမှာတော့ များပြားလှသော စွမ်းအားမြင့် သားရဲရိုင်းများ ရှိနေသေးသည်။ ထို့ကြောင့် တန်ဖိုးသိပ်မကြီးသော အရာများကို ယူဆောင်သွားရန် မစဉ်းစားထားချေ။

သာမန်ကျင့်ကြံသူ သုံးဆယ်ကျော်တို့မှာတော့ အလွန်တရာ ပျော်ရွှင်လျက်ရှိ၏။

ဤလူဝံကြီးအသားသည် ပေါင်နှစ်ထောင်လောက် လေးလံလှသည်။

တစ်ပေါင်ကို တစ်ဆယ်နှင့် ရောင်းမည်ဆိုလျှင်တောင် သူတို့အနေနှင့် များပြားလှသော ပိုက်ဆံများကို ရရှိပေလိမ့်မည်။ နောက်ပိုင်းတွင် ပိုမိုစွမ်းအားမြင့်မားသော သားရဲများနှင့် ကြုံရသည်ဆိုပါက သူတို့သည် သံမဏိအရိုးဂိုဏ်းအား ပေးထားသော ငွေနှစ်ထောင်ဖြင့် အကျိုးအမြတ်ပို၍ ရရှိနိုင်၏။

သာမန် ကျင့်ကြံသူများ လူဝံကြီးအသားကို လှီးဖြတ်နေသည်ကို မြင်သည့်ချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် သူ၏ခေါင်းကို ရမ်းခါကာ ပြောလိုက်သည်။ "အစောကြီးတည်းကသိရင် ငါ သိုလှောင်လက်စွပ်တွေ ကြိုပြီး ပြင်ဆင်ထားပါတယ်။ မရောင်းနိုင်ဘူးဆိုရင်တောင်မှ တုတု ကို စားလို့ကောင်းအောင် လုပ်ခိုင်းလို့ရသေးတယ်။"

စနစ်မှ မေးလိုက်၏။ "လူဝံရဲ့အရသာက ကောင်းတယ်လို့ ထင်လား။"

"မကောင်းဘူးလေ။" ကျွင်းချောင်ရှောင်းပြောလိုက်သည်။

စနစ်မှ ပြောလိုက်သည်။ "ဒါဆိုရင် အဲ့ဒီ့အသားအကြောင်းကို မစဉ်းစားနဲ့တော့လေ။"

………

ကျွင်းချောင်ရှောင်းသည် တပည့်များကို ဦးဆောင်၍ ရှေ့ကို ဆက်လျှောက်သွား၏။ ပြီးနောက် ရေကန်တစ်ခုဆီသို့ ရောက်လာကြသည်။

တပည်များအား ခန္ဓာကိုယ်ပေါ်တွင်ရှိသော သွေးများကို သန့်ရှင်း၍ အနားယူကြရန် အမိန့်ပေးလိုက်၏။

ရှောင်ကျီသည် သစ်ပင်တစ်ပင်ပေါ်သို့တက်၍ စနိုက်ပါဖြင့် ချိန်ရွယ်ကာ ကင်းစောင့်လျက်ရှိသည်။

မကြာခင်မှာပဲ အားလုံးသည် ခန္ဓာကိုယ်ပေါ်တွင်ရှိ ဝံပုလွေသွေးများအားလုံးကို ဆေးကြောပြီးဖြစ်၏။

ပြီးနောက် ထိုင်၍ ကောင်းကင်နှင့်မြေကြီး အတွင်းမှာရှိသော စိတ်ဝိညာဉ်စွမ်းအင်များကို စုပ်ယူကာ အားဖြည့်လျက်ရှိကြသည်။

မီတာ ဒါဇင်အဝေးနားမှာရှိသော သာမန်ကျင့်ကြံသူအားလုံးသည် အဝေးကြီးမှာတော့ မနေရဲကြချေ။

သူတို့အနေနှင့် ကြမ်းတမ်းပြီး အားကောင်းလှသော သားရဲရိုင်းများ၏တိုက်ခိုက်မှုကို ခံရမည်ကို စိုးရိမ်လျက်ရှိကြသည်။

"ဘောက် …. ဘောက်"

သစ်ပင်ကြီးတစ်ပင်ကြီးရှေ့တွင် အနားယူလျက်ရှိသော သာမန်ကျင့်ကြံသူ တစ်ယောက်သည် တစ်စုံတခု သူ့ကိုယ်ပေါ်သို့ ကျဆင်းလာသည်ကို ခံစားမိလိုက်သည်။

ချက်ချင်းဆိုသလိုပဲ ကျလာသည့်အရာများကို လက်နှင့် ထိကြည့်လိုက်တော့ စေးကပ်ကပ် ဖြစ်နေသည်ကို သိလိုက်ရသည်။ သူ့မျက်နှာသည် ပြောင်းလဲသွား၏။

ချက်ချင်းဆိုသလိုပဲ အပေါ်သို့ မော့ကြည့်လိုက်သည်။

"ရွှီ"

စိမ်းနက်ရောင် စပါးကြီးမြွေကြီးတစ်ကောင်သည် သူ၏နီရဲလှသော ပါးစပ်ကြီးကို ဖွင့်၍ တစ်ခါတည်း မြိုချသွား တော့သည်။

"အား …." အော်ဟစ်သံကြီးသည် တိတ်ဆိတ်နေသော တည်နေရာတစ်ခုလုံးတွင် ကျယ်လောင်စွာ ထွက်ပေါ်လာတော့၏။

"မျက်လုံးပြာမြွေပဲ။ ဟိုပေါင် ကို စားသွားပြီပဲ။ အားလုံးပဲ သူ့ကို သတ်ကြစို့။"

"ရွှီ"

သာမန်ကျင့်ကြံသူ သုံးဆယ်ကျော်တို့သည် ကြောက်ရွံ့နေကြသည် ဆိုသော်လည်း ထိတ်ထိတ်ပြာပြာတော့ မဖြစ်ကြပေ။ အားလုံးသည် ဓားများကိုဆွဲယူ၍ ထွက်ပြေးရန် ပြင်နေသော မျက်လုံးပြာမြွေကြီးအား ရူးရူးမူးမူး ခုတ်ပိုင်းလိုက်ကြတော့သည်။

ထိုသူများ အားလုံးထဲတွင် သိုင်းဆရာ ပထမအဆင့်၊ ဒုတိယအဆင့် အနည်းငယ်ပါဝင်ကြသောကြောင့် သူတို့၏စွမ်းအင်၊ အားအင်အဆင့်များသည် မဆိုးလှချေ။

ထို့ကြောင့် မကြာခင်မှာပဲ အဆင့်သုံး အလယ်အလတ်အဆင့်ရှိသော မြွေသားရဲကြီးအား ခေါင်းဖြတ်နိုင်ခဲ့ပြီ ဖြစ်သည်။

မြွေ၏ဝမ်းဗိုက်ကြီးကို ခွဲလိုက်ပြီးသည့်နောက် ဟိုပေါင်ဟုခေါ်သော သာမန်ကျင့်ကြံသူ၏ ခန္ဓာကိုယ်အား တွေ့လိုက်ရ၏။ သို့ပေမဲ့ ထိုသူသည် အသက်ရှူနိုင်စွမ်းမရှိတော့ပေ။

"ဟင်း ….."

အားလုံးသည် ခေါင်းကိုခါရမ်းကာ သက်ပြင်းချလိုက်မိကြ၏။

သေမင်းတောင်ကြားထဲကို ဝင်ရောက်ပြီးသည့်နောက် ကြမ်းတမ်းလှသော သားရဲရိုင်းများ၏ တိုက်ခိုက်မှုများကို ခံရသည်မှာ သာမန်ပင်ဖြစ်သည်။

လင်းယွမ်ရွှယ်သည် မြွေဗိုက်ထဲမှ ထွက်လာသော အလောင်းကို မြင်ရချိန်မှာတော့ ကြောက်လန့်တကြားဖြင့် သူမ၏မျက်လုံးကို စုံမှိတ်ထားလျက်ရှိ၏။

"သေချာနားထောင်ကြ။"

ကျွင်းချောင်ရှောင်း တည်ငြိမ်စွာဖြင့် ပြောလိုက်၏။ "ဒါက သေမင်းတောင်ကြားပဲ။အချိန်မရွေး အခါမရွေး အန္တရာယ်တွေ့လာနိုင်တယ်။မင်းတို့အနေနဲ့ ဂရုစိုက်ပြီး ကိုယ့်ကိုယ်ကို ကာကွယ်ရမယ်။"

သူသည် သာမန်ကျင့်ကြံသူများ၏ သေခြင်းရှင်ခြင်း ကိစ္စနှင့် ပတ်သက်၍ တစ်ချက်ကလေးမှ ဂရုမစိုက်ချေ။ ထို့ပြင် သူတို့သည် သူငယ်ချင်းများ မဟုတ်သလို အမျိုးအဆွေများလည်း တော်ကြသည်မဟုတ်။

သို့ပေမဲ့ သူ၏တပည့်များကတော့ သူ၏အရေပြား ၊ အရေခွံ့ နှင့် ခန္ဓာကိုယ် အစိတ်အပိုင်းများဟု သတ်မှတ်ရမည် ဖြစ်၏။ ထို့ကြောင့် တစ်ယောက်ချင်းစီတိုင်း၏ အသက်အား သူတန်ဖိုးထားသည်။

"ဟုတ်ကဲ့ပါ။"

တပည့်များအားလုံး ခေါင်းညိတ်လိုက်ကြ၏။

"ရွှီ"

လီချင်းယန်၏ အေးစက်သော ဓားတစ်ခုသည် လင်းယွမ်ရွှယ် ခြေထောက်နားတွင်ရှိသော ကင်းမြီးကောက်တစ်ကောင်အား နှစ်ပိုင်းဖြတ်သွားခဲ့၏။ ထိုကင်းမြီးကောက်သည် မြေပြင်၏အရောင်နှင့် တစ်ပုံစံထဲ တူညီနေသည်။

"အမလေး"

လင်းယွမ်ရွှယ်သည် ရုတ်တရက် ထအော်လိုက်မိ၏။

အားလုံး၏ နှုတ်ခမ်းများသည် ရှုံ့မဲ့သွားကြသည်။

သူတို့၏ ဂျူနီယာညီမလေးသည် အလွန်အမင်း ကြောက်ရွံ့တတ်ပုံပေါ်သော်လည်း သူမ၏ဒိုင်းကြီးကိုမြှောက်ကာ မြေကမ္ဘာမီးဝံပုလွေကို ရိုက်သတ်ခဲ့သည်ကိုလည်း သူတို့ မြင်ခဲ့ပြီးဖြစ်၏။

သေမင်းတောင်ကြားထဲတွင် ကြမ်းတမ်းအားကောင်းလှသော သားရဲရိုင်းများ ရှိသည်သာ မဟုတ် သေးငယ်ပြီး အဆိပ်ပြင်းလှသော သားရဲရိုင်းများလည်း ရှိကြ၏။ (ဥပမာအားဖြင့် ကင်းမြီးကောက်၊ကင်းခြေများ စသည့်အကောင်များ)

သေမင်းတောင်ကြားထဲသို့ဝင်ရောက်၍ လေ့ကျင့်ကြသော သိုင်းပညာရှင် လေးဆယ်ရာခိုင်နှုန်းတို့သည် အဆိပ်ကြောင့် သေဆုံးခဲ့ကြခြင်းဖြစ်သည်။

ဤအရာသည် သေမင်းတောင်ကြား၏ အစစ်အမှန် ကြောက်မက်ဖွယ်ရာပင်ဖြစ်၏။

ပထမဦးဆုံးအနေဖြင့် ကြမ်းတမ်းလှသော သားရဲရိုင်းများအား ဂရုတစိုက် တိုက်ခိုက်ရမည်။ ဒုတိယအနေဖြင့် သေးငယ်လှသော အဆိပ်ပြင်းသတ္တဝါများကိုလည်း သတိထားရပေလိမ့်မည်။

တည်နေရာတစ်ခုကို လမ်းလျှောက်သွားချိန်မှတော့ စုရှောင်မိုသည် သေးငယ်လှသော ပုရွက်ဆိတ်လေးတစ်ကောင်၏ ကိုက်ခဲခြင်းကို ခံလိုက်ရ၏။

သို့ပေမဲ့ အဆိပ်ပါဝင်နေသောကြောင့် လက်တစ်ခုလုံးတွင် ကြီးမားလှသော အဖုကြီးတစ်ဖု ထွက်ပေါ်လာတော့သည်။

"ချီးတဲ့မှ … ဘယ်လိုပုရွက်ဆိတ်မလို့ ဒီလောက်နာအောင် ကိုက်နိုင်ရတာလဲ။"

ပုရွက်ဆိတ်အား ကျိန်ဆဲပြီးသည့်နောက် စုရှောင်မိုသည် အဆိပ်ဖြေဆေးတစ်ခုကို ထုတ်ယူလိုက်သည်။ ပြီးနောက် ဝါးကာ တစ်ခါတည်း မြိုချလိုက်၏။

နာကျင်မှုသည် ချက်ချင်းဆိုသလိုပဲ ယုတ်လျော့သွားလေသည်။

ကျွင်းချောင်ရှောင်း ဤတောင်ကြားသို့ မလာခင်ကတည်းက လီလိုရှုအား မေးမြန်းကာ လိုအပ်သည့် ပစ္စည်းများကို ကြိုတင် ဝယ်ယူခဲ့ပြီးဖြစ်၏။ ဥပမာအားဖြင့် အသုံးအလိုအပ်ဆုံးဖြစ်မည့် အဆိပ်ဖြေဆေးများပင် ဖြစ်သည်။

အလွန်အမင်း ပြင်းထန်လှသည့် အဆိပ်မဟုတ်လျှင် ဤအဆိပ်ဖြေဆေးသည် ကောင်းကောင်းအသုံးပြုနိုင်စွမ်းရှိ ၏။

ကျွင်းချောင်ရှောင်း တွေးလိုက်သည်။ "ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးမှာ အဆိပ်ဖြေနိုင်တဲ့ စွမ်းအင်ရှိလား။"

"မရှိဘူး။"

စနစ်မှပြောလိုက်သည်။

ကျွင်းချောင်ရှောင်းသည် ဤအဖြေပြန်လာမည်ကို သိရှိပြီးဖြစ်၏။ အကယ်၍သာ အဆိပ်ဖြေနိုင်သည့် အစွမ်းရှိသည်ဆိုပါက ရှောင်ကျီ၏စိတ်ဝိညာဉ်အမြစ်အား ဖိနှိပ်ထားသည့် အဆိပ်သည် အစောကြီးကတည်းက ပြေနေလိမ့်မည်။

"ဂိုဏ်းချုပ်"

လီချင်းယန် ပြောလိုက်သည်။ "အရှေ့မှာ ဥမင်လိုဏ်ခေါင်းနှစ်ခု ရှိနေတယ်။ တစ်ခုချင်းစီက မတူညီတဲ့နေရာတစ်ခုစီကို ရောက်သွားမှာပဲ။ဘယ်ကိုသွားရင် ကောင်းမလဲ။"

သေမင်းတောင်ကြားသည် အလွန်အမင်း ရှုပ်ထွေးလှ၏။

များပြားလှသော ဥမင်လိုဏ်ခေါင်းလမ်းများသည်လည်း တစ်ခုနှင့်တစ်ခု ချိတ်ဆက်ကာ တည်ရှိနေ၏။

ကျွင်းချောင်ရှောင်းတို့ တည်ရှိနေသော နေရာသည် ဥမင်လိုဏ်ခေါင်းနှစ်ခုဆီသို့ ချိတ်ဆက်ထားသော တည်နေရာတစ်ခုပင် ဖြစ်သည်။

ထို့ကြောင့် သူတို့အနေနှင့် တစ်စုံတစ်ခုကို ရွေးချယ်၍ သွားရမည်မှာ သေချာ၏။

"ပင့်ကူတွေကို ရှာကြည့်လိုက်။"

"ဂိုဏ်းချုပ် နေရာတိုင်းမှာ ပင့်ကူတွေရှိတယ်။"

"ဒါဆိုရင် အဆိပ်ပြင်း ပင့်ကူလေးတွေကိုရှာ။"

သေမင်းတောင်ကြားထဲမှာတော့ သူတို့အနေနှင့် ကံတရားကို ဦးစားပေး၍ ကံကိုယုံကာ ဆူးပုံနင်း ၍ မဖြစ်ချေ။ သေသေချာချာ အချက်အလက်နှင့် ရှာဖွေ၍ သွားမှ ဖြစ်ပေလိမ့်မည်။

သူ၏ အထူးတာဝန်တွင် အဆိပ်ပြင်းပင့်ကူ အကောင်ငါးရာကို သတ်ရန်လိုအပ်၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် ထိုအကောင်များကို အရင်ဆုံးရှာဖွေရန် ဆုံးဖြတ်လိုက်သည်။

လီချင်းယန်ပြောလိုက်သည်။ "ဒီပင့်ကူကောင်တွေ အကုန်လုံးက သေမင်းတောင်ကြားထဲကို လျှောက်သွားနေတာပဲ ။ ဘာပဲပြောပြော တစ်ကောင်ကို ရှာတွေ့မယ်ဆိုရင် သူတို့အဖွဲ့လိုက်ကြီးကို တွေ့နိုင်တယ်။"

"ဒါဆိုရင် ငါတို့ရှာကြရအောင်။" ကျွင်းချောင်ရှောင်းသည် သူ၏တပည့်များအား ရှေ့မှ ဦးဆောင်သွားစေ၏။

ပြီးနောက် ဥမင်လိုဏ်ခေါင်းနှစ်ခု ရှိရာ နေရာရှေ့သို့ ရောက်ချိန်မှာတော့ သူရပ်တန့်လိုက်သည်။

တစ်ဖက်သည် လေမတိုက် ၊ တစ်ဖက်က လေတိုက်လျက်ရှိ၏။

"ငါတို့ လေတိုက်တဲ့ဘက်ကို သွားရအောင်။ ဒီလိုလေ အခြေအနေကို ပင့်ကူတွေကြိုက်တယ်။"

ခဏလောက် စဉ်းစားပြီးသည့်နောက် သူသည် လေတိုက်ရာ ဥမင်လှိုဏ်ခေါင်းဘက်ကို ဦးတည်သွားလိုက်၏။

"သွားမယ်။"

"ဂိုဏ်းချုပ်ကျွင်း"

သူတို့ ထွက်ခွာခါနီးမှာတော့ တစ်ကိုယ်တော် ကျင့်ကြံသူတစ်ယောက်သည် အနောက်မှ လှမ်း၍ ပြောလိုက်သည်။ "ခင်ဗျားတို့သွားမယ့်နေရာက အဆိပ်ပြင်းပင့်ကူတွေရဲ့ အသိုက်ရှိတဲ့ နေရာပဲ။အဲ့မှာ ရေတွက်လို့မရအောင် များပြားတဲ့ပင့်ကူတွေ ရှိတယ်။"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "သိတယ်လေ အဲဒါကြောင့်မလို့ အဲကိုသွားမှာ။"

ပြောပြီးတဲ့နောက် သူသည် သူ၏တပည့်များကို ဦးဆောင်၍ ဥမင်လိုဏ်ခေါင်းထဲသို့ တိုးဝင်သွားတော့သည်။

"ဒါက"

တစ်ကိုယ်တော် ကျင့်ကြံသူ ၏ သည် မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွား၏။

အဆိပ်ပြင်းပင့်ကူဆိုသည်မှာ ရွံ့စရာ သတ္တဝါများဖြစ်သည်။ သူတို့၏ပိုးချည်မျှင်များကလွဲ၍ တစ်ခြား ခန္ဓာကိုယ်အစိတ်အပိုင်း မည်သည့်အရာကမှ တန်ဖိုးမရှိလှချေ။

ထိုသို့သော အရာကို သံမဏိအရိုးဂိုဏ်းက အဘယ့်ကြောင့်သွား၍ ရှင်းလင်းချင်ရသနည်း။

All Chapters