← Chapters

အခန်း (၁၈၄)

Vol. 13 Ch. 184

အခန်း (၁၈၄)

Vol. 13 Ch. 184

ကျွင်းချောင်ရှောင်းသည် ပင့်ကူများရှိရာ ဦးမင်လှိုဏ်ခေါင်းဆီသို့ အရှေ့မှဦးဆောင်၍ ဝင်သွားလိုက်၏။

သာမန်ကျင့်ကြံသူသုံးဆယ်ကျော်တို့သည် အနောက်မှ လိုက်မသွားကြပေ။ အဘယ့်ကြောင့်ဆိုသော် အထဲတွင် ပင့်ကူများ ရှိသည်ကို သူတို့ သိရှိပြီး ဖြစ်၏။ ပင့်ကူအရေအတွက်သည် များပြားလွန်းသောကြောင့် ကြက်သွေးရောင်မီးဝံပုလွေများထက်ပင် ပို၍ ကြောက်မက်ဖွယ်ရာကောင်းသည့် အကောင်များ ဖြစ်ကြသည်။

ဟုတ်ပေသည်။ ဤသို့နှင့်ပဲ သူတို့၏ ငွေတစ်ထောင်သည် ကုန်သွားခဲ့ပြီးဖြစ်၏။

ကျွင်းချောင်ရှောင်း၏ စိတ်ဓာတ်အရဆိုလျှင် သူတို့တွေ အနောက်မှလိုက်ပါသွားရမည်ဖြစ်သည်။ သူတို့တွေ မလိုက်နိုင်ဘဲ နောက်တွင် ပြတ်ကျန်ခဲ့သည်ဆိုပါက နောက်တစ်ကြိမ်အတွက် ငွေတစ်‌ထောင်ကို ထပ်ပေးရလိမ့်မည်။

ဦးမင်လှိုဏ်ခေါင်းထဲသို့ ဝင်သွားရာလမ်းမှာ သေမင်းတောင်ကြားထဲသို့ စတင်ဝင်ရောက်ရာလမ်းနှင့် ဆင်တူပြီး အလွန်အမင်း ကျဉ်းမြောင်းနေသည်။

လမ်းတစ်လျောက်မှတော့ သစ်ပင်ပန်းပင်များ ဝေဆာလျက်ရှိပြီး တစ်ခါတစ်ရံတွင် သားရဲ နှင့် လူသားများ၏ အရိုးများအား မြင်နေရ၏။

ဝူး။

အတွင်းဘက်ဆီမှ အေးစက်သည့် လေများ တိုက်ခတ်လာပြီး ညှီစို့စို့အနံ့များ ပေါ်လာ၏။

ရှောင်ကျီနှင့် လီယုဟွာ တို့သည် သူတို့၏ ဓားကို ကိုင်ပြီး အရှေ့မှလျှောက်လျက်ရှိသည်။ များပြားလှသော တပည့်များအားလုံးသည် ဤအချိန်မှာတော့ သတိအပြည့်နှင့် ရှိနေကြ၏။ တစ်ချို့ဆိုလျှင် သူတို့၏ ခြေထောက်အောက်ဆီသို့ အမြဲတမ်းကြည့်လျက်ရှိသည်။

သေးငယ်သော သတ္တဝါလေးများသည် ရုတ်တရက်ပေါ်ပေါက်လာပြီး သူတို့၏ ခြေထောက်အား ကိုက်ခဲလိုက်မည်ကို စိုးရိမ်မိကြ၏။

လီယွမ်ရွှယ်သည် အလယ်၌ လမ်းလျှောက်လျက်ရှိသည်။ သူမ၏ မျက်လုံးထဲတွင်တော့ ကြောက်လန့်မှု အရိပ်အယောင် များနှင့် ပြည့်လျက်ရှိသည်။

အမျိုးသမီးများသည် ပိုးဟပ်၊ ပင့်ကူ စသည့်အကောင်လေးများကို ကြောက်ရွံ့တတ်သည်မှာ သဘာဝပင်ဖြစ်သည်။

"ဂိုဏ်းချုပ်။"

လီချင်းယန် တီးတိုးပြောလိုက်သည်။ "အရှေ့မှာ ပင့်ကူမျှင်ကြီး တစ်ခုရှိတယ်။"

လှိုဏ်ခေါင်း၏ အဆုံးသတ်မှာတော့ ဓာတ်ငါးပါးပုံးပန်းသဏ္ဍာန်ပုံစံ ပင့်ကူမျှင်ကြီးတစ်ခုသည် ပိတ်ဆို့၍ စည်းခတ်ထားသလို ပုံစံဖြစ်နေသည်။

ရွှီ …. ရွှီ။

ရုတ်တရက်ဆိုသလိုပဲ တစ်ဖက်ခြမ်းဆီမှ ထူးဆန်းလှသော အသံကြီးတစ်ခု ထွက်ပေါ်လာသည်။

တစ်ခြားသူများ လှမ်းကြည့်လိုက်သည့်အချိန်မှာတော့ လူသားတစ်ယောက် ကုန်းကုန်းကြီး လမ်းလျှောက်လာသည့် အရွယ်အစားရှိသော အစိမ်းရောင် ပင့်ကူကြီးတစ်ကောင်အား သူတို့ မြင်လိုက်ရ၏။

"ချီးထဲမှ …. ဒီပင့်ကူကြီးက တော်တော်ကို ကြီးတာပဲ။"

ဒေါင်။

ထျန်းချီသည် သူ၏ အအေးဓားအား မြှောက်၍ ပင့်ကူကြီးအား ထိုးစိုက်လိုက်တော့သည်။

ရွံ့စရာကောင်းလောက်သော အစိမ်းရောင်အရည် များသည် ဓားဒဏ်ရာဆီမှ ပန်းထွက်လာသည်။

ရီရှင်းချန် မျက်မှောင်ကုတ်လိုက်သည်။ "ဒီသွေးတွေက အဆိပ်တွေ ။ မထိစေနဲ့။"

ထျန်းချီ ချက်ချင်းဆိုသလိုပဲ သူ၏ ဓားကို ဆွဲထုတ်၍ ရှောင်ရှားလိုက်သည်။

ဒင်။

“သေးငယ်သော အဆိပ်ပြင်း ပင့်ကူအား သတ်ဖြတ်ခြင်း ၁/၅၀၀။”

စနစ်သံကိုကြားဝောာ့ ကျွင်းချောင်ရှောင်း ကြောင်သွားသည်။ ပြီးနောက် သူ၏ စိတ်ထဲမှ အော်ဟစ်လိုက်၏ ။ ဒါက လူကြီးတစ်ယောက်အရွယ်အစားလောက်ရှိတယ်။ ဘယ်လိုလုပ် သေးငယ်တဲ့ အဆိပ်ပြင်းတဲ့ ပင့်ကူဖြစ်ရတာလဲ။

ဤသေးငယ်ပြီး အဆိပ်ပြင်းသော ပင့်ကူဆိုသည်မှာပင် အလွန်အမင်း ကြီးမားလျက်ရှိနေသည်။ ကြီးမားပြီး အဆိပ်ပြင်းသော ပင့်ကူသာဆိုလျှင် တောင်လောက်ကြီးများ ကြီးနေမည်လား မသိနိုင်ပေ။

“ဒင် …သီးခြားတာဝန်အသက်ဝင်သည်။

ကျွင်းချောင်ရှောင်းသည် စနစ်အား ဖွင့်ပြီး ကြည့်လိုက်ချိန်မှာတော့ အဆိပ်ပြင်း ပင့်ကူဘုရင်အား သတ်ဖြတ်ရန် ဝ/၁ ။ အထူးတာဝန်......”

"ချီးထဲမှ ငါ အခုလေးတင် စဉ်းစားနေတုန်းရှိသေး။ လုပ်လိုက်ပြန်ပြီ။"

ဘာပဲဖြစ်ဖြစ် ဥမင်လှိုဏ်ခေါင်းထဲသို့ ဝင်ပြီးပြီးဖြစ်သောကြောင့် သူသည် အရွေးမှန်ခဲ့သည်ဟုဆိုရမည်။ အထဲတွင် တွေ့ချင်နေသော သားရဲများအားလည်း တွေ့နေပြီဖြစ်၏။

သို့ပေမဲ့ သူသည် တပည့်များအား အလျင်စလို ထပ်မဝင်စေချင်ပေ။

အရွယ်အစားအစုံနှင့် အဆိပ်ပြင်းလှသော ပင့်ကူများသည် ဘယ်လောက်များများ ရှိသည်ဆိုသည်ကို သူ မသိရှိပေ။

အားလုံးအား အလန့်တကြားဖြစ်စေလျှင် ဒုက္ခရောက်ကုန်ပေလိမ့်မည်။။

ထို့ကြောင့် သူသည် သေချာအစီအစဉ်ဆွဲ၍ ဆောင်ရွက်ရန် လိုအပ်နေသည်။

တစ်ခုခုမှားယွင်းသွားလျှင်ပင် လုံလုံခြုံခြုံနှင့် နောက်ပြန်ဆုတ်၍ရအောင် စီစဉ်ထားချင်သည်။

ကျွင်းချောင်ရှောင်းသည် သူ၏ လက်ကို ပွတ်သပ်ကာ ပြောလိုက်သည်။ "ကျန်းဝေ … အကုန်လုံးကို အနောက်ကိုခေါ်ပြီး ဒိုင်းတွေနဲ့ ကာခိုင်းထား။"

"ကောင်းပါပြီ။"

ကျန်းဝေနှင့် တစ်ခြားသော အလယ်အလတ်အဆင့် စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်သူအားလုံးသည် အနောက်သို့ ဆုတ်ခွာသွားကြသည်။

ပြီးနောက် သူတို့၏ ဒိုင်းကာများက်ု မြှောက်ယူ၍ အကာအကွယ်တစ်ခုအဖြစ် ဖန်တီးထားကြ၏။

"ယွမ်ရွှယ် … အနောက်မှာ သွားပြီး ပုန်းနေ။"

ပင့်ကူများသည် အလွန်တရာ ရွံ့စရာကောင်းလှ၏။

သူမ၏ ကြောက်လန့်မှုများသည် သူမ၏ တိုက်ခိုက်နိုင်စွမ်း အပေါ် သက်ရောက်သွားမည်ကို ကျွင်းချောင်ရှောင်း စိုးရိမ်မိသည်။ ထို့ကြောင့် လင်းယွမ်ရွှယ်အား အားလုံး၏ အနောက်သို့ ပိုဆောင်လိုက်ခြင်း ဖြစ်သည်။

လုချင်းချင်းမှာတော့ သူမရပ်နေရာနေရာတွင်သာ ရှိနေ၏။

ဤအမျိုးသမီး၏ အေးစက်သည့် အမူအယာကို ကြည့်လိုက်သည် ဆိုသည်နှင့် သူမသည် ပင့်ကူမပြောနှင့်။ ပိုးဟပ်ကိုပင် ကြောက်ရွံ့လိမ့်မည် မဟုတ်ချေ။

ကျွင်းချောင်ရှောင်းသည် တပည့်အနည်းငယ်ကို ထပ်ခေါ်၍ အနောက်ဘက်တွင် အကာအကွယ်တစ်ခု ထပ်မံဖန်တီးထားရန် ခိုင်းစေလိုက်သည်။

ဤအချိန်မှာဝောာ့ အတွင်းစည်း တပည့်ခုနစ်ယောက်အပြင် လုံကျိရန် ၊ လီယုဟွာနှင့် ကျိုးဟုန်တို့အားလုံးသည် အရှေ့၌ ရှိနေကြ၏။ သူအပါအဝင် အားလုံးပေါင်း လူဆယ့်တစ်ယောက်ဖြစ်၏။

ကျဉ်းမြောင်းလှသော လမ်းလေးတစ်ခုထဲတွင် ဤမျှ များပြားသော လူများ ဝင်သွားမည်ဆိုလျှင် အကျိုးမရှိနိုင်ပေ။ ထို့ကြောင့် သေသေချာချာ စီမံတတ်မှုက အရေးကြီးသည်။

"သွားကြစို့"

ကျွင်းချောင်ရှောင်းသည် ရှေ့မှ တပည့်ဆယ်ယောက်ကို ဦးဆောင်ကာ သွား၏။

သူတို့ အထဲသို့ ဝင်ရောက်သွားလေလေ များပြားလှသော ပင့်ကူအိမ်များကို မြင်ရလေ ဖြစ်သည်။

တစ်ချို့သောသတ္တဝါများ၏ အရိုးများသည်လည်း ပင့်ကူမျှင်ထဲတွင် ချိတ်လျက်ရှိ၏။

ကြည့်ရသည်မှာ အသည်းယားစရာ ကောင်းလှချေသည်။

ရွှီ …. ရွှီ။

အသံတစ်ခုထွက်ပေါ်လာပြီးနောက် အစိမ်းရောင် ပင့်ကူ၏ ဖင်ဆီမှ အမွှေးများ ထွက်ပေါ်လာပြီး ပိုးမျှင်များဖြင့် ပင့်ကူအိမ်ဆောက်လျက်ရှိ၏။

ပင့်ကူ၏ ကြီးမားလှသော မျက်လုံးကြီး ရှစ်လုံးသည် တစ်ထိန်ထိန် လင်းလျက် ရှိသည်။

ဝှစ်။

ရှောင်ကျီသည် ချက်ချင်းဆိုသလိုပဲ သူ၏ စနိုက်ပါအား ထုတ်ယူ၍ တိုက်ရိုက်ပင် ပစ်ခတ်လိုက်သည်။

ပင့်ကူသည် အလွန်တရာကြီးမားလှ၏။ သို့ပေမဲ့ အားအင်အဆင့်သည် မြေကမ္ဘာမီးဝံပုလွေထက်ပင် ပို၍ တစ်ဆင့်နိမ့်သေး၏။

ထို့ကြောင့် အကောင်နှစ်ကောင်ဆိုလျှင် သူတို့သည် ကြောက်ရွံ့စရာ မရှိပေ။ သို့ပေမဲ့ များပြားလာလျှင်တော့ အန္တရာယ်ရှိနိုင်သည်။

ဒင်။

“သေးငယ်လှသော အဆိပ်ပြင်းပင့်ကူအား သတ်ဖြတ်ခြင်း ၂/၅၀၀”

ကျွင်းချောင်ရှောင်း ရပ်တန့်ကာ ပြောလိုက်သည်။ "ရှောင်ကျီ … ယုဟွာ …. မင်းတို့နှစ်ယောက် ဒီ ပင့်ကူမျှင်တွေကို ရှင်းလိုက်။ ပြီးတော့ ဆက်သွားလိုက်။ ပင့်ကူတစ်ကောင်ကောင် ပေါ်လာပြီဆိုရင် ချက်ချင်း နောက်ကို ပြန်ဆုတ်ခဲ့။"

သူ၏ အမာခံတပည့်နှစ်ယောက်အား လမ်းရှာခိုင်းသည်မှာ အလွန်ယေဘုယျ ဆန်လှ၏။

ရှောင်ကျီနှင့်လီယုဟွာတို့နှစ်ယောက်သည် အကာအကွယ်အတားအဆီးကို အသက်သွင်းကာ သတိအပြည့်နှင့် လျှောက်လှမ်းသွားကြ၏။

အဆိပ်ပြင်းပင့်ကူလေးများသည် သူတို့အား အဆိပ်ဖြင့် ထွေးလွှတ်နိုင်၏။ ထို့ကြောင့် သူတို့အနေနှင့် မိမိကိုယ်ကို ကာကွယ်ထားသည်က အကောင်းဆုံးဖြစ်သည်။

မကြာခင်မှာပဲ ရှောင်ကျီသည် ပင့်ကူမျှင်တစ်ခုရှေ့၌ ရပ်တန့်လိုက်၏။

ပြီးနောက် သူ၏ စဦးအအေးဓားအား ထုတ်ယူပြီး ခုတ်ပိုင်းကာ ဖျက်ဆီးပစ်လိုက်တော့သည်။

လီယုဟွာသည်လည်း မြေပေါ်တွင်ရှိသော သစ်ကိုင်းတစ်ခုအား ကောက်ယူကာ ထိုးလိမ်၍ ဖျက်ဆီးလိုက်သည်။

ခဏလောက်ကြာသောအခါ ဦးမင်လှိုဏ်ခေါင်းအား ပိတ်ဆို့ထားသော အမျှင်များအားလုံးသည် ရှင်းလင်းပြီး ဖြစ်သွား၏။

သူတို့နှစ်ယောက်သည် ဘေးတစ်ဖက်တစ်ချက်မှ နေ၍ အရှေ့ဆီသို့ ဆက်လက် ရွေ့လျားသွားလိုက်ကြသည်။

ကျွင်းချောင်ရှောင်း လေးလေးနက်နက်ပြောလိုက်သည်။ "အချိန်မရွေးတိုက်ခိုက်နိုင်ဖို့ အဆင်သင့်ပြင်ထား။"

လုချင်းယန် ၊ စုချောင်မိုနှင့် တစ်ခြားသောသူများသည် သူတို့၏ အအေးဓားအား ထုတ်ကိုင်လိုက်ကြသည်။ သူတို့၏ မျက်လုံးထဲတွင် တိုက်ခိုက်ချင်စိတ်များနှင့် ပြည့်နက်လျက်ရှိ၏။

ဟမ့်။

ရီရှင်းချန်သည် ရှေ့သို့ လှမ်းတက်၍ အားလုံး၏ ရှေ့မှ မတ်တပ်ရပ်လိုက်သည်။ သူ၏ မျက်လုံးများသည် အထင်အမြင်သေးသည့် အရိပ်အယောင်များနှင့် ပြည့်နက်လျက်ရှိသည်။

"ဒီပင့်ကူလေးတွေကိုများ အလုပ်ရှုပ်အောင်လို့ ဘာတွေ ဂရုစိုက်နေတာလဲ။"

ရီရှန်းချန်သည် လက်ရှိအချိန်တွင် အလွန်တရာ တက်ကြွလျက်ရှိသည်။ သူသည် ဂိုဏ်းချုပ်၏အမြင်တွင် ကောင်းမွန်သည့် လူတစ်ယောက် ၊ ဂိုဏ်းအတွက် ကြိုးစားတတ်သည့် လူတစ်ယောက် ဖြစ်ချင်နေသည်။။ ထိုမှသာ သူ့အနေနှင့် သိုင်းပညာအရင်းအမြစ်များ ပေါပေါသီသီ ရရှိမည် မဟုတ်လား။

ဝှစ် …. ဝှစ်။

ရုတ်တရက်ဆိုသလိုပဲ ရှောင်ကျီနှင့် လီယုဟွာတို့သည် ဦးမင် လှိုဏ်ခေါင်း၏ အဝင်ဝဆီမှ ပြေးလွှားလာကြသည်။ သူတို့သည် သူတို့ ပြေးနိုင်သလောက် အားကုန်ပြေးလာကြတာဖြစ်ပြီး အလောသုံးဆယ် နိုင်လှ၏။ ကြောက်မက်ဖွယ်ရာကောင်းလှသော အဆိပ်ပြင်းပင့်ကူအား ရှာဖွေတွေ့ရှိခဲ့ပုံပေါ်သည်။

ရီရှင်းချန်သည် သူ၏ လက်တစ်ဖက်အား ဓားလက်ကိုင်ပေါ်သို့တင်၍ ဂုဏ်ယူစွာပြောလိုက်၏ "ကျုပ်နောက်မှာ လာပုန်းနေ။ ကျုပ် ဒီကောင်တွေကို သတ်မယ်။"

အလွန်တရာ ဟိတ်ဟန် ကြီးလှသည်။

ရှောင်ကျီနှင့် လီယုဟွာတို့သည် အားနာစကားပင် မဆိုပေ။ ချက်ချင်းဆိုသလိုပဲ ရီရှင်းချန်၏နောက်သို့ ရောက်ရှိလာပြီး အမောဖြေနေလိုက်၏။

ဝှစ် … ရွှစ်။

အူမင်လှိုဏ်ခေါင်း၏ အဝင်ဝတွင်တော့ သေးငယ်လှသော အဆိပ်ပြင်း ပင့်ကူတစ်ကောင် ပေါ်ထွက်လာ၏။ ပြီးနောက် နှစ်ကောင် …. သုံးကောင် …. လေးကောင်။

အချိန်တိုအတွင်းမှာပဲ သေးငယ်လှသော အဆိပ်ပြင်း ပင့်ကူ ခုနှစ်ဆယ်‌ကျော်တို့သည် ကျောက်နံရံကြီး၏ တစ်ဖက်တစ်ချက်ဆီမှာ ပေါ်လာကြသည်။

သူတို့သည် အလွန်အမင်း မြန်ဆန်လွန်းသော အရှိန်ဖြင့် ပြေးလွှားလာကြခြင်း ဖြစ်ပြီး သူတို့၏ မျက်လုံးများသည် အလင်းတန်းများနှင့် တောက်ပလျက်ရှိသည်။

ဟန်ရေးပြလျက်ရှိသော ရီရှင်းချန်သည် များပြားလှသော ပင့်ကူများကို မြင်ရောက်ချိန်မှာတော့ သူ၏ နှုတ်ခမ်းများရှုံ့မဲ့သွားတော့၏။ ချက်ချင်းပဲ အနောက်သို့ ပြန်ပြေးချင်စိတ်ပေါက်သွား၏။

သို့ပေမဲ့ ဟန်ရေးက ပြပြီးပြီးဖြစ်သောကြောင့် မျက်ရည်စက်လက်နှင့် ဆက်ပြီး တိုက်ခိုက်ရန်သာ ရှိတော့သည်။

"ခွေးကောင်တွေ"

ရီရှင်းချန် အသာအော်လိုက်သည်။ ပြီးနောက် ဓားလက်ကိုင်အား ကိုင်ထားသော သူ၏လက်သည် ခပ်တင်းတင်း ဖြစ်သွားသည်။ "သေရမှာ မကြောက်ရင် လာခဲ့ကြ"

သိုင်းပညာရှင်များသာ ဆိုပါက ညအင်ပါယာ၏ ကြောက်မက်ဖွယ်ရာအကြည့်များအား စိုးရွံ့ထိပ်လန့်သွားကြမည်ဖြစ်သော်လည်း အဆိပ်ပြင်းပင့်ကူမျာူကတော့ ဂရုမစိုက်ကြပေ။ သူတို့အား ရန်စသည်ဟုပင် ထင်မှတ်သောကြောင့် အမြန်နှုန်းကို ပိုမို၍ တိုးလာကြတော့သည်။

အနီးသို့ရောက်ချိန်မှာတော့ အအေးဓားသည် ဓားအိမ်ထဲမှ ထွက်ပေါ်လာ၏။

လင်းကျန်ဓားသိုင်းကို ထုတ်ဖော်လိုက်ပြီးသည့်နောက်မှာတော့ ဓားအလင်းသုံးဆယ်ကျော်တို့သည် ဖြတ်သန်းသွား၏။

ပြီးနောက် မတူညီသည့် တည်နေရာ သုံးနေရာသို့ ခွဲခြမ်းကာ ဖြတ်သန်းသွားတော့သည်။

ရွှီး … ရွှီး …. ရွှီး။

ကျောက်နံရံ၏ တစ်ဖက်တစ်ချက်တွင် ရှိနေကြသော ပင့်ကူသုံးဆယ်ကျော်တို့သည် သက်ဖြတ်ခံလိုက်ရ၏။ သူတို့၏ ခန္ဓာကိုယ်ဆီမှ အဆိပ်လို အစိမ်းရောင်အရည်များ ပန်းထွက်လာ၏။ ညှီစို့စို့ အနံ့သည် ပို၍ အားကောင်းလာသည်။

ဒင် …ဒင်။

သတိပေးချက်အသံများသည် ကျွင်းချောင်ရှောင်၏ နားထဲတွင် တစ်ဒင်ဒင်နှင့် ပေါ်လာနေ၏။

သတ်ဖြတ်ခဲ့သည့် အဆိပ်ပြင်း ပင့်ကူ နေရာသည် အရေအတွက် နှစ် မှ သုံးဆယ့်နှစ်သို့ ကူးပြောင်းသွားခဲ့သည်။

သို့ပေမဲ့ ဓားတစ်ချက်တည်းနှင့် သုံးဆယ်ကျော်ကို သတ်ဖြတ်ခဲ့ပြီးနောက်မှာ တော့ ကျန်ရှိနေသော အဆိပ်ပြင်း ပင့်ကူများအားလုံးအား ရှေ့သို့ တိုးလာစေသည်။

ရွှီး … ရွှီး။

ရီရှင်းချန်သည် နောက်ထပ် လင်းကျန်ဓားသိုင်းအား ထပ်မံထုတ်ဖော်လိုက်၏။

ထူထဲကာ ပြင်းထန်လှသော ဓားချီ သုံးဆယ်ကျော်တို့သည် ပြေးထွက်သွားပြီး နောက်ထပ် ပင့်ကူ သုံးဆယ်ကျော်တို့အား သတ်ဖြတ်လိုက်ပြန်သည်။

သို့ပေမဲ့ နောက်တစ်ကြိမ် သူ၏ ဓားကို ဆွဲထုတ်လိုက်ချိန်မှာဝောာ့ သူသည် ယိုင်ခနဲဖြစ်သွားပြီး သူ၏ မျက်နှာတစ်ခုလုံးသည်လည်း ဖြူဖျော့သွား၏။

များပြားလှသော ပင့်ကူများသည် ရှေ့သို့ ရောက်ရှိလာပြီဖြစ်ပြီး သူတို့၏ ပါးစပ်များကို ဟ၍ အစိမ်းရောင် အဆိပ်ရည်များဖြင့် ထွေးထုတ်ရန် ပြင်လိုက်သည်။

ရီရှင်းချန်၏ မျက်နှာသည် အနည်းငယ်ပြောင်းလဲသွား၏။

လင်းကျန်ဓားသိုင်းကို ဆက်တိုက်ထုတ်ဖော်ခြင်းသည် စွမ်းအင်များကို ကုန်ဆုံးစေသည်။ ထို့ကြောင့် သူ့အနေနှင့် ရှောင်တိမ်းရန်ပင် မဖြစ်နိုင်တော့ချေ။

ရွှီး … ရွှီး။

ရှောင်ကျီနှင့် လီယုဟွာတို့သည် ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာပြီး သူတို့၏ အကာအကွယ်အတားဆီးကို အသက်သွင်းကာ ဝင်ရောက်လာသော အဆိပ်များကို တားဆီးထားလိုက်၏။ ပြီးနောက် နှစ်ယောက်လုံးသည် သံပြိုင်ဆိုသလိုပဲ မေးလိုက်ကြသည်။ "ဂျူနီယာညီလေး ( စီနီယာအစ်ကို) အဆင်ပြေရဲ့လား။"

ဟမ့်။

ရီရှင်းချန်သည် အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။

ပြီးနောက် သူ၏ အားပျော့နေသော ခန္ဓာကိုယ်ကို အတင်းရုန်းထ လိုက်သည်။

သို့ပေမဲ့ သူ ဒုက္ခရောက်နေချိန်တွင် တစ်စုံတစ်ယောက်သည် ရှိရှိသမျှသော အားအင်တွေကို အသုံးပြု၍ လာရောက်ကယ်ဆယ်သည်ကို မြင်လိုက်ရချိန်မှာတော့ သူ့နှလုံးသားထဲတွင် နွေးထွေးသည့် ခံစားချက်များကို ခံစားလိုက်မိသည်။

All Chapters