အခန်း (၁၈၅)
Vol. 13 Ch. 185
သေးငယ်လှသော အဆိပ်ပြင်း ပင့်ကူများ ထွေးလွှတ်လိုက်သော အဆိပ်ရည်များအားလုံးသည် အကာအကွယ် အတားအဆီးပေါ်တွင် အငွေ့များ တထောင်းထောင်း ထစေသည်အထိ ပြင်းထန်လွန်းလှသည်။
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ရှောင်မို … လီဖေး … လခြမ်းဓားကွက်ကို အသုံးပြုပြီး သူတို့ကို ရှင်းလိုက်။"
စုရှောင်မိုနှင့် လီဖေးတို့သည် သူတို့၏ ဒိုင်းကာနှင့် ဓားများကို ရုတ်သိမ်းလိုက်၏။
ပြီးနောက် ကျောက်နံရံအား ကန်ကာ အရှိန်ယူ ခုန်လိုက်ချိန်မှာတော့ သူတို့၏ ခန္ဓာကိုယ်များသည် လေထဲသို့ ရောက်ရှိသွားကြသည်။
နှစ်ယောက်သား ခုန်ထွက်ပြီးသည့်နောက်မှာတော့ သူတို့၏ ဘယ်ညာလက်များအားလုံးသည် လခြမ်းဓားကွက်အား ထုတ်ဖော်လျက်ရှိ၏။
လခြမ်းဓားကွက်ပုံစံ အလင်းတန်းများသည် ရုတ်တရက်ဆိုသလိုပဲ ထွက်ပေါ်လာသည်။
ရွှီး …. ရွှီး …. ရွှီး။
ချက်ချင်းဆိုသလိုပဲ လခြမ်းဓားကွက်၏ တိုက်ခိုက်မှု အောက်မှာတော့ ပင့်ကူ ဆယ့်သုံးကောင်သည် သတ်ဖြတ်ခံလိုက်ရ၏။
“ဒင် … အဆိပ်ပြင်း ပင့်ကူအား သတ်ဖြတ်ခြင်း - ၇၅/၃၀၀”
ဤခံစားမှုသည် အမှန်ပင် ကောင်းလှ၏။
ကျွင်းချောင်ရှောင်း ရယ်လိုက်သည် "ပင့်ကူ ငါးရာဟုတ်လား တစ်ကောင်ချင်းစီသတ်ရင် အချိန်ကို ဖြုန်းတီးတာနဲ့ အတူတူပဲ။"
သူ၏ လူသားဒိုင်းနှစ်ကောင်ကို အရှေ့မှ သွားစေ၍ ပင့်ကူများအား လိုက်လာအောင် ပြုလုပ်ပြီးမှ သူတို့သည် ကျဉ်းမြောင်းလှသော တည်နေရာထဲသို့ ဆွဲခေါ်၍ ရူးရူးမူးမူး သတ်ဖြတ်ပစ်မည်။ ထိုအရာသည် အကောင်းဆုံးနည်းလမ်းပင်ဖြစ်သည်။
ဟူး။
ရှောင်ကျီနှင့် လီယုဟွာတို့သည် သက်ပြင်းအရှည်ကြီး ချလိုက်မိကြ၏။
သူတို့၏ နှဖူးပေါ်တွင်ရှိသော ချွေးစေးများအား သုတ်လိုက်ကြ၏။ ပင့်ကူများလိုက်လာစေရန် ဆွဲဆောင်ရသည်မှာ အလွန်အန္တရာယ်များသလို စိတ်လှုပ်ရှားစရာလည်း ကောင်းလှသည်။
ရီရှင်းချန်သည် ခြေချိတ်ကာ ထိုင်လိုက်၏။ ပြီးနောက် ရီကျင်ကျင်း ကျင့်ကြံခြင်း နည်းစနစ်နှင့် ထိုက်ရွှန်ကျမ်းအား တစ်ကြိမ်တည်းမှာပဲ အသက်သွင်း လှည့်ပတ်လိုက်၏။
ပြီးနောက် ကောင်းကင်နှင့် မြေကြီးမှ စွမ်းအင်များကို စုပ်ယူပြီး သူ၏ ဒန်ထျန်လေပွေထဲတွင် ရှိသော စိတ်ဝိညာဉ်စွမ်းအင်များကို ထုတ်ဖော်လိုက်သည်။
သေမင်းတောင်ကြားထဲကို ဝင်ရောက်ပြီးသည့်နောက်မှာတော့ သူသည် လင်းကျန်ဓားသိုင်းအား လေးကြိမ်တိတိ အသုံးပြုခဲ့ပြီးပြီဖြစ်၏။ ထို့ကြောင့် သူ့တွင်ရှိသော စိတ်ဝိညာဉ်စွမ်းအင်အကုန်လုံးသည် ကုန်ဆုံးသွားခဲ့သည်။
သို့ပေမဲ့ ဤကဲ့သို့ ထုတ်သုံးနိုင်သည်မှာ ရီရှင်းချန် ဖြစ်နေသောကြောင့်ပင်။
စုရှောင်မိုနှင့် လီဖေးတို့သာဆိုလျှင် နှစ်ခါလောက် အသုံးပြုလိုက်သည်ဆိုလျှင်ဖြင့် မောပန်းလွန်းသောကြောင့် မြေပေါ်တွင် လဲကျသွားမှာ သေချာသည်။
အဆင့်မြင့်ဓားနည်းစနစ်များသည် စွမ်းအားကောင်းလှ၏။ ထို့အပြင် စွမ်းအင်များလည်း အလွန်အကျွံ့ကုန်ခမ်းစေသည်။ သာမန်ကျင့်ကြံသူများသည် ထိုအရာကို ကောင်းကောင်း အသုံးမပြုနိုင်ပေ။
ခဏလောက်အနားယူပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
"ရှောင်ကျီ … လီယုဟွာ … မင်းတို့ရဲ့ ဒိုင်းကာထဲကို သလင်းစွမ်းအင်တွေ ဖြည့်စီး ပင့်ကူတွေကို သွား ဆွဲခေါ်ခဲ့အုံး။"
"ကောင်းပါပြီ"
ရှောင်ကျီနှင့် လီယုဟွာတို့သည် မြေကမ္ဘာမီး ဝံပုလွေသလင်းအမြုတေများကို ထုတ်ယူလိုက်၏။ ပြီးနောက် ဒိုင်းကာအား စွမ်းအင်များ ဖြည့်စည်းလိုက်တော့သည်။
လီချင်းယန်နှင့် စုရှောင်မိုတို့သည်လည်း အပြင်ဘက်မှ တိုက်ခိုက်ရန် အဆင့်သင့် ပြင်ထားလိုက်၏။
အားလုံးသည်လည်း အဆင်သင့် ပြင်ထားကြသည်။ ရှောင်ကျီ တို့ ပင့်ကူများအား ဆွဲခေါ်လာသည်နှင့် တပြိူင်နက် သူတို့အားလုံးသည် လခြမ်းဓားကွက်ကို အသုံးပြုကာ ဝိုင်းဝန်းတိုက်ခိုက်ကြရန် စဉ်းစားထားကြသည်။
"ကျုပ်လုပ်မယ်။"
ကျိုးဟုန် နောက်မှ ရှေ့သို့ လျှောက်ထွက်လာ၏။
ရီရှင်းချန်သည် လင်းကျန်ဓားသိုင်းကို လေးကြိမ်တိုင်တိုင် ထုတ်ဖော်အသုံးပြုခဲ့သည်ကို မြင်ရစဉ် က သူသည် မနာလိုသောကြောင့် သေမလိုပင် ဖြစ်မိနေသည်။
ဤသေမင်းတောင်ကြားထဲရှိ လေ့ကျင့်ခန်းများတွင် သူသည် အကောင်းဆုံး လုပ်ဆောင်၊ အစွမ်းပြပြီး လင်းကျန်ဓားသိုင်းအား ရရန် မျှော်လင့်နေမိ၏။
"ကောင်းတာပေါ့"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ဒီကိစ္စကို မင်း တာဝန်ထားလိုက်မယ်။"
ဆွစ်။
ရှောင်ကျီနှင့် လီယုဟွာတို့သည် သူတို့၏ ဒိုင်းကာများနှင့် ပြေးလွှားသွားကြသည်။
ပြန်လည် ပြေးလွှားလာစဉ်မှာတော့ သူတို့သည် ပို၍ မြန်ဆန်နေ၏။
မျက်နှာပေါ်တွင် ရှိသော အမူအရာများသည်လည်း ပို၍ အလျှင်စလို နိုင်လာသည်။
ကျွင်းချောင်ရှောင်း အော်လိုက်သည်။ "နောက်ကိုဆုတ် … နောက်ကိုဆုတ်"
ဟူး ဟူး။
သူ ပြောပြောပြီးချင်းမှာပဲ အဆိပ်ပြင်းပင့်ကူ တစ်ဒါဇင်ကျော်တို့သည် ဦးမင် လမ်းကြားထဲသို့ ဝင်ရောက်လာတော့သည်။
ထိုထဲတွင် လေးမီတာမှ ငါးမီတာအထိရှည်လျားသော အဆိပ်ပြင်း ပင့်ကူတစ်ကောင်လည်း ပါဝင်နေ၏။
သူ၏ မျက်လုံးရှစ်လုံးသည် လက်သီးစုပ်အရွယ်ထက်ကြီးပြီး တလက်လက်နှင့် တောက်ပလျက်ရှိသည်။
ရွှီ … ရွှီ။
အဆိပ်ပြင်း ပင့်ကူများသည် ကြီးမားလှသည့် အဆိပ်ပြင်း ပင့်ကူကြီး အောက်မှ ထွက်ပေါ်လာ၏။
ပြီးနောက် အရေအတွက်မှာ ပိုမို များပြားလာပြီး နှစ်ရာခန့်ထိ ဖြစ်သွားတော့သည်။
ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်သည်။ "ချီးထဲမှ …. ဒီလောက်ဘာလို့ များရတာတုန်း။"
ရှောင်ကျီနှင့် လီယုဟွာတို့သည် အစောကြီးကတည်းက ပြေးလာခဲ့ပြီးဖြစ်သည်။
လီချင်းယန်၊ စုရှောင်မိုနှင့် ကျန်သောသူ အားလုံးတို့သည်လည်း သူတို့၏ အကာအကွယ် အတားအဆီးကို စီစဉ်ထားလိုက်ကြ၏။
သူတို့၏ ရှေ့မှာတော့ ကျိုးဟုန်တစ်ယောက်တည်းက ရပ်တန့်လျက်ရှိသည်။
ရွှီ …. ရွှီ။
အဆိပ်ပြင်း ပင့်ကူနှစ်ရာကျော်တို့သည် သူတို့နောက်မှ ထွက်ပေါ်လာခဲ့၏။
အခြေအနေကို ကြည့်ရသည်မှာ အလွန့်အလွန် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။
စိတ်ဝိညာဉ် စွမ်းအင်များကို ဖြည့်ဆည်းပေးပြီးသည့်နောက် ရီရှင်းချန်သည် မတ်တပ်ထရပ်လိုက်၏။ သူ၏ မျက်လုံးများသည် အေးစက်လျက်ရှိသည်။
လုချင်းချင်းသည် သူ၏ ကျောက်စိမ်းကဲ့သို့ သွယ်လျသော လက်ထဲတွင် စိတ်ဝိညာဉ်စွမ်းအင်များကို စုစည်းထားရှိ၏။
သေးငယ်သော အဆိပ်ပြင်းပင့်ကူများသည် အရေအတွက် အနည်းငယ် များလှသည်။
အဆိပ်ပြင်းပင့်ကူကြီးမှာတော့ ဒုတိယအဆင့် အလယ်အလတ် သားရဲ သာဖြစ်လို့နေ၏။ သို့ပေမဲ့ အဆိပ်ပြင်းရှိနေသည်မို သူတို့အနေနှင့် ဂရုစိုက်ရပေမည်။
"ဂျူနီယာ ညီလေးကျိုး" ရီရှင်းချန် အော်လိုက်သည်။
"အရင်ဆုံး နောက်ကို ဆုတ်ကြစို့။"
ပင့်ကူများ သူတို့၏ အဆိပ်ရည်များနှင့် တိုက်ခိုက်လျှင် သူ၏ ဂျူနီယာညီလေး သက်ရောက်မည်ကို သူ အမှန်ပဲ စိတ်ပူမိ၏။
ကျိုးဟုန်သည် နောက်သို့ မဆုတ်ပေ။
ရှေ့သို့ လှမ်းတက်ပြီး လက်တစ်ဖက်နှင့် သူ၏ ဓားလက်ကိုင်အား ဆွဲကိုင်လိုက်၏။
သူ၏ ဆံနွယ်များသည် လေထဲသို့ လွင့်တက်လာသည်။
ဝှစ် …. ဝှစ်။
ဓားချီများသည် ပျံ့နှံ့သွား၏။
သူနှင့် အရှေ့ကို ခုန်တက်လာကြသော အဆိပ်ပြင်းပင့်ကူကြား အကွာအဝေး သည် တစ်ဖြည်းဖြည်း နီးကပ်လာသည်။
ကျိုးဟုန်သည် သူ၏ ဓားကို ဆွဲထုတ်လိုက်၏။
ဓားချီများသည် လေထုထဲတွင် ရစ်သိုင်းလျက် ဖြစ်ပေါ်လာသည်။
ထို ဓားချီများသည် များပြားလှသည်တော့ မဟုတ်ချေ။ သို့ပေမဲ့ အလွန်အမင်း အားကောင်းလှ၏။
ရွှီ ….. ရွှီ။
များပြားလှသော ဓားချီများသည် မြေပြင်တစ်ခုလုံးတွင် ဖြစ်တည်လာပြီး ချက်ချင်းဆိုသလိုပဲ သေးငယ်သော အဆိပ်ပြင်း ပင့်ကူများအား သတ်ဖြတ်ပစ်လိုက်တော့သည်။
ရီရှင်းချန်သည် လင်းကျန်ဓားသိုင်းကို အသုံးပြုပြီးသည့်နောက် ဖြစ်ပေါ်လာသော ဓားချီများသည် ချက်ချင်း ပျောက်ကွယ်သွားတတ်သည်။
သို့ပေမဲ့ ကျိုးဟုန်၏ဓားကွက်မှာတော့ ထပ်တလဲလဲဖြင့် ဆက်လက်သွားလာနေပြီး ပင့်ကူဆယ်ကောင် လောက်ကို သတ်ဖြတ်ပစ်နေ၏။
ဒင် …. ဒင်။
ပင့်ကူများ၏ အရေအတွက်သည် ဆက်လက်၍ များပြားနေတုန်းပင် ဖြစ်သည်။
ကျိုးဟုန်သည် ရှေ့သို့ တစ်လှမ်းတိုးလိုက်၏။
သူ၏ လက်ထဲတွင်ရှိသော ဓားသည် လေထဲတွင် ပေါ့ပါးစွာလှုပ်ရှားလျက်ရှိ၏။ ချက်ချင်းဆိုသလိုပဲ လေထုထဲတွင် များပြားလှသော ဓားချီများ ပေါ်ထွက်လာသည်။
ရှေ့ဆုံးမှာ ရောက်ရှိလာကြသော အဆိပ်ပြင်း ပင့်ကူ သုံးဆယ် ၊ လေးဆယ်ကြား အရေအတွက်သည် ချက်ချင်းဆိုသလိုပဲ သတ်ဖြတ်ခံလိုက်ရ၏။
တပည့်များအားလုံးသည် ဆွံ့အသွားကြသည်။
"စီနီယာအစ်ကိုရီသည် တိုက်ကွက် နှစ်ကွက်အတွင်း ပင့်ကူ ခြောက်ဆယ်ကျော်ကို သတ်ဖြတ်နိုင်ခဲ့၏။ ထိုအရာသည် တော်တော်ပင် အားကောင်းလှနေပြီဖြစ်သည်။ သို့ပေမဲ့ စီနီယာအစ်ကိုကျိုး၏ လှုပ်ရှားမှု တိုက်ကွက်နှစ်ခုသည် ပို၍ တုန်လှုပ်စရာ ကောင်းနေသေး၏။
"အံ့အားသင့်စရာပဲ အံ့ …. အားသင့်စရာပဲ။"
ရီရှင်းချန်သည် သူ၏ စိတ်ထဲကနေပြီးတော့ နှစ်နှစ်ကာကာ ချီးကျူးလိုက်မိ၏။
သူသည် သူ၏ အားအင်ကို ထုတ်ဖော်ပြသနိုင်သည်မှာ လင်းကျန်ဓားသိုင်းကြောင့် ဖြစ်သည်။
ဒီဓားပါရမီရှင်မှာတော့ သူ၏ ဓားကိုသာ မှီခို၍ လူနှင့်ဓား တစ်သားတည်း အခြေအနေမျိုးကို ဖြစ်ပေါ်စေကာ တိုက်ခိုက်ထုတ်ဖော်နိုင်နေပြီဖြစ်၏။
သူနှင့် ယှဉ်လျှင် သူသည် အများကြီး နောက်ကျကျန်ခဲ့သေးသည်။
ရွှီ
ဓားချီများသည် ရူးရူးမူးမူးပဲ ဖြစ်ပေါ်လာပြီး အရာမှန်သမျှကို ခုတ်ပိုင်းသွား၏။
အချိန်တိုအတွင်းမှာပဲ အဆိပ်ပြင်း ပင့်ကူလေး နှစ်ရာကျော်တိုအားလုံးသည် အသတ်ဖြတ်ခံလိုက်ရပြီဖြစ်သည်။
ဖြေးဖြေးချင်း ရွေ့လျားလာကြသော အဆိပ်ပြင်း ပင့်ကူနှစ်ရာကျော်တို့သည် သတ်ဖြတ်ခံလိုက်ရ၏။
ထို့ကြောင့် မျက်စိရှစ်လုံးရှိသော ပင့်ကူကြီး၏ မျက်လုံးထဲတွင်မှာတော့ ကြောက်လန့်သည့် အရိပ်အယောင်များ ဖြစ်ပေါ်လာသည်။
သူသည် လှည့်၍ ထွက်ခွာသွား၏။
သို့ပေမဲ့ ချက်ချင်းဆိုသလိုပဲ ဓားချီ တစ်ခုသည် သူ့ဆီသို့ ရောက်လာပြီး နှစ်ပိုင်းဖြတ်သွားတော့သည်။
ရွှမ်။
ကျိုးဟုန်သည် သူ၏ ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်၏။
သူရှိရာ မြေမျက်နှာပြင်မှာတော့ များပြားလှသော ပင့်ကူ များ၏ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းများ ရှိလို့နေသည်။
အစိမ်းရောင်သွေးများသည် ချောင်းတစ်ခုကဲ့သို့ပင် စီးဆင်းလျက်ရှိ၏။
အဆိပ်ပြင်းပင့်ကူ အရေအတွက်သည် ခုနစ်ဆယ့်ငါးမှ သုံးရာအထိသို့ ရောက်ရှိသွားပြီးဖြစ်၏။ နောက်ထပ်သတ်ဖြတ်ရန် နှစ်ရာလောက်သာ လိုအပ်တော့သည်။
"ဂျူနီယာညီလေးကျိုးက အရမ်းအားကောင်းတယ်။ ငါတို့ သံမဏိအရိုးဂိုဏ်းရဲ့ ဓားကျင့်ကြံသူဆိုတဲ့အတိုင်းပဲ တကယ့်ကို တော်တဲ့လူတစ်ယောက်ပဲ။"
တပည့်များအားလုံးသည် အံ့အား သင့်မိနေကြ၏။
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ပင့်ကူတွေကို သွားပြီး ဆွဲခေါ်ခဲ့အုံး။"
"ကောင်းပါပြီ"
ရှောင်ကျီသည် သူ၏ အအေးဓားကို မြှောက်၍ တောင်နံရံပေါ်တွင်ရှိသော ကျောက်တုံးတစ်ခုကို ဖဲ့ထုတ်လိုက်၏။
ပြီးနောက် အစိမ်းရောင် သွေးရေအိုင်ထဲသို့ လှမ်းပစ်၍ ကျောက်တုံးပေါ်မှာ ခြေနင်းကာ လီယုဟွာ နှင့် အတူ အထဲသို့ ထပ်ဝင်သွားလိုက်သည်။
"ဂိုဏ်းချုပ် "
ကျိုးဟုန်ပြောလိုက်သည်။ “ကျွန်တော် တိုက်ခိုက်နိုင်သေးတယ်။"
"ဒါဆိုလည်း တိုက်လေ။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
လီချင်းယန် ၊ စုရှောင်မိုနှင့် တစ်ခြားသူများ အားလုံးသည် စိတ်သက်သာရာ ရမိသွားကြ၏။
ဂျူနီယာညီလေးကျိုးကဲ့သို့ ဓားကျင့်ကြံသူ တစ်ယောက်ပါနေပြီဆိုသောကြောင့် မည်မျှ များပြားသော ပင့်ကူများဖြစ်ဖြစ် သူတို့အတွက် ပြဿနာ မရှိနိုင်ပေ။
မကြာခင်မှာပဲ ရှောင်ကျီနှင့် လီယုဟွာ တို့သည် ပြန်လည် ပြေးလွှားရောက်ရှိလာကြတော့သည်။
ဤတစ်ကြိမ်မှာတော့ သူတို့နှစ်ယောက်သည် အဆိပ်ပြင်း ပင့်ကူနှစ်ရာကျော်အား ဆွဲခေါ်လာနေပြီဖြစ်၏။ ကြီးမားလှသော အဆိပ်ပြင်း ပင့်ကူကြီး လေးကောင်လည်း ပါဝင်လာ၏။
သို့ပေမဲ့ ကျိုးဟုန်၏ ရှေ့မှာတော့ သူတို့သည် အဆိပ်ရည်များကိုပင် ထွေးထုတ်မတိုက်ခိုက်နိုင်ခဲ့ကြပေ။
အနားသို့ ကပ်ရန်ဝေးစွ …. တော်တော်ဝေးဝေးအနေအထားသို့ ရောက်ချိန်လာချိန်မှာပဲ အားလုံး သတ်ဖြတ်ခံလိုက်ရသည်။
ဤအရာသည် ကျိန်းသေပေါက် တစ်ဖက်သတ် သတ်ဖြတ်ခြင်းပင် ဖြစ်၏။
“ဒင်။
သေးငယ်လှသော အဆိပ်ပြင်း ပင့်ကူ သတ်ဖြတ်ခြင်း ၅၀၀/၅၀၀။
ဒင်။
လက်ခံသူသည် သတ်မှတ်ထားသော သားရဲအရေအတွက်အား သတ်ဖြတ်ခဲ့ပြီးဖြစ်၏။ အထူးတာဝန်ပြည့်စုံမှု ၂၀ရာခိုင်နှုန်း။ လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ၂၀၀ အား ရရှိခဲ့သည်။
ဒင်။
ဂိုဏ်းစုဆောင်းမှတ် ၆၂၅/၁၀၀။”
ကျွင်းချောင်ရှောင်း မျက်လုံး ပြူးသွားမိ၏။ ပြီးနောက် အံ့အားတသင့်ဖြင့် ပြောလိုက်မိ၏။ "များလိုက်တဲ့ ဂိုဏ်းစုဆောင်းမှတ်တွေပါ့လား။"
ပထမဦးဆုံး အထူးတာဝန်ကို သူ လုပ်ဆောင်ခဲ့တုန်းက တာဝန်ပြည့်စုံမှု ၁၀ရာခိုင်နှုန်း ရှိချိန် ဂိုဏ်းစုဆောင်မှတ် ၂၀ အား ရရှိခဲ့၏။ ဒုတိယအထူးတာဝန်ကို ပြုလုပ်ချိန်မှာတော့ အထူးတာဝန်ပြည့်စုံမှု ဂိုဏ်းစုဆောင်းမှတ် ၂၀၀ အား ရရှိခဲ့၏။
ဤအရာနှစ်ခုသည် ကွာဟချက် ကြီးမားလွန်းလှသည်။
တာဝန်ပြည့်စုံမှုနှုန်း တစ်ရာ ရာခိုင်နှုန်းသို့သာ ရောက်ရှိမည်ဆိုလျှင် ဂိုဏ်းစုဆောင်းမှတ် ၁၀၀၀ များ သူရလေမလား။
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် တောက်ပသွား၏။
"ဂိုဏ်းချုပ် "
ရှောင်ကျီ ပြောလိုက်သည်။ "အထဲမှာ ပင့်ကူတွေ မရှိတော့ဘူး။"
"ဒါဆိုရင်လည်း သွားကြစို့" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
ရွှစ်။
တပည့်များသည် လမ်းအား စတင်၍ ရှင်းလင်းကြတော့သည်။
ပြီးနောက် အဆိပ်ရည်များ၏ အပေါ်သို့ ကျောက်တုံးများ ပစ်လွှတ်ပြီး ထိုကျောက်တုံးများကို တက်နင်းကာဖြင့် တောင်ကြားထဲသို့ ဝင်ရောက်လိုက်ကြတော့၏။