← Chapters

အခန်း (၁၈၆)

Vol. 13 Ch. 186

အခန်း (၁၈၆)

Vol. 13 Ch. 186

ကျွင်းချောင်ရှောင်း၏ ဦးဆောင်မှုနောက်မှာပဲ တပည့်များသည် မှောင်မဲနေသော လှိုဏ်ဂူထဲသို့ ဝင်ရောက်လိုက်ကြ၏။

ပင့်ကူမျှင်များသည် နေရာအနှံ့တွင် တည်ရှိနေကြပြီး တစ်ချို့သော ပင့်ကူအိမ်များဆိုလျှင် များပြားလှသော ဥကဲ့သို့ အရာများ တွယ်လျက်ရှိနေကြ၏။

ထိုအရာများသည် ပင့်ကူဥ များပင် ဖြစ်သည်။

မကြာခင်မှာပဲ ပင့်ကူကြီးတစ်ကောင် ထွက်ပေါ်လာ၏။

ဤသတ္တဝါ၏ ခန္ဓာကိုယ်သည် ခုနစ်မီတာ၊ ရှစ်မီတာခန့် ရှည်လျားပြီး ထွက်ပေါ်လာချိန်မှာတော့ ဖြည်းဖြည်းချင်း လှုပ်ရှားလာခြင်း ဖြစ်သည်။

အထူးသဖြင့် သူ၏ မျက်လုံးရှစ်လုံးသည် မျက်လုံးတစ်လုံး၏ အရွယ်အစားမျှ ကြီးမားလှ၏။

"ဒါ အဆိပ်ပြင်း ပင့်ကူ ဘုရင်ပဲ။"

ကျွင်းချောင်ရှောင်း ပြောလိုက်၏။

"ရှောင်ကျီ သေနတ်ပေး။"

ရွှီ။

ရှောင်ကျီသည် သေနတ်အား ကမ်းပေးလိုက်သည်။

ကျွင်းချောင်ရှောင်းသည် သေနတ်အား လှမ်းယူလိုက်သည်။

သူ၏မျက်လုံးများသည် ရှစ်ဆမှန်ဘီလူးမှတစ်ဆင့် ပင့်ကူ၏ မျက်လုံး ရှိရာသို့ ချိန်ရွယ်လိုက်၏။

"မင်းက စစ်သားမရှိတဲ့ တပ်က စစ်ဗိုလ်ချုပ် ဖြစ်ချင်နေတာပဲ။ ဒါကိုတောင်မှ အခုထိ ထွက်လာရဲသေးတယ် ဟုတ်လား။"

ရွှီ …. ရွှီ …. ရွှီ။

နှစ်ချက်ဆက်တိုက် ပစ်ခတ်ပြီးသည့်နောက်မှာတော့ ကြီးမားလှသော အဆိပ်ပြင်း ပင့်ကူ၏ မျက်လုံးရှစ်လုံး အား ထိမှန် သွားခဲ့သည်။

နာကျင်ဖွယ်အော်လိုက်သော အသံတစ်ခုကို ကြားလိုက်ရ၏။

ဘန်း …. ဘန်း။

ကျွင်းချောင်ရှောင်းသည် ထပ်မံ၍ ပစ်လွှတ်လိုက်၏။ နောက်ဆုံးကျည်‌ဆံသည် အဆိပ်ပြင်းပင့်ကူ ဘုရင်၏ ဦးခေါင်းအား ထိမှန်သွားတော့သည်။

ဟူး …. ဟူး။

မသေဆုံးခင်မှာတော့ ပင့်ကူကြီးသည် သူ၏ပါးစပ်ကိုဟ၍ အဆိပ်ရည်များကို မှုတ်ထုတ်လိုက်သေး၏။

အစောကတည်းက စုဝေးနေကြသောတပည့်များသည် အဆိပ်ပြင်း ပင့်ကူဘုရင်၏ အစိမ်းရောင်အ ဆိပ်ရည်များကို အကာအကွယ် အတားအဆီးဖြင့် ကာကွယ်လိုက်သည်။

ဘုန်း

အဆိပ်ပြင်းပင့်ကူဘုရင်သည် အောက်သို့ ပြုတ်ကျလာတော့သည်။

သူသည် မသေခင်မှာ အားကုန်ရုံးကန်လျက်ရှိနေသေးသည်။

ကျွင်းချောင်ရှောင်းသည် အလျင်စလို မြန်မြန်ပဲ သတ်ဖြတ်လိုက်၏။ အကယ်၍သာထပ်မံ၍ အဆိပ်ရည်များ ထွေးထုတ်လိုက်လျှင် သူ၏ တပည့်များ ဒုက္ခရောက်သွားနိုင်၏။ ထို့ကြောင့် ဤပင့်ကူအား မြန်မြန်သတ်ဖြတ်လိုက်ခြင်းကသာလျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

“ဒင်။

သီးခြားတာဝန်ပြည့်စုံသည်။

လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ၄၀၀ ရရှိသည်။

ဒင်။

ဂိုဏ်းစုဆောင်းမှတ် ၁၀၂၅/၁၀၀၀။

ဒင်။

ဂိုဏ်းစုဆောင်းမှတ်များသည် ပိုလျှံသွားခဲ့ပြီဖြစ်သည်။”

“လက်ခံသူအနေနှင့် နှစ်ဆယ့်လေးနာရီအတွင်း အသုံးပြုရမည်ဖြစ်ပြီး မဟုတ်ပါက ပိုလျှံနေသော ဂိုဏ်းစုဆောင်းမှတ်များအား အလိုအလျှောက် လျော့ချသွားမှာ ဖြစ်၏။”

များပြားလှသော တာဝန်များ ပြည့်စုံပြီးနောက်မှာတော့ ဂိုဏ်း၏ စုဆောင်းမှတ်များသည် ရာနှင့်ချီကာ ရရှိနေပြီ ဖြစ်သည်။

ကျွင်းချောင်ရှောင်းသည် သူ၏ လက်များကို ပွတ်သပ်ကာ ပြောလိုက်သည်။ "ဂိုဏ်းစုဆောင်းမှတ် ၁၀၀၀။ ဒါဆိုရင် ငါ အလယ်အလတ်စတိုးမှာ ရှိတဲ့ပစ္စည်းတွေကို ဝယ်ယူလို့ရနိုင်ပြီပဲ။"

စနစ်က သူ့အား ရင်နာအောင် ပြောလိုက်သည်။ "ဂိုဏ်းအဆောက်အဦးက အဆင့်လေးကို မရောက်သေးပါဘူး။ ဒါကြောင့် လက်ခံသူအ‌နေနဲ့ အလယ်အလတ်စတိုးမှာရှိတဲ့ပစ္စည်းတွေကို ဝယ်ယူလို့မရနိုင်သေးပါဘူး။"

"ချီးတဲ့မှ …."

ကျွင်းချောင်ရှောင်းသည် စတိုးအား ဖွင့်လှစ်မည့် အကြံဉာဏ်ကို ပယ်ချလိုက်သည်။ ပြီးနောက် အမိန့်ပေးလိုက်သည်။ "အားလုံးပဲ နောက်ထပ် ဝင်ပေါက်တစ်ခုကို သွားကြရအောင်။"

လီချင်းယန်သည် အဆိပ်ပြင်း ပင့်ကူဘုရင်၏ ခန္ဓာကိုယ်ထဲမှ သလင်းအမြုတေကို အသာထုတ်ယူလိုက်၏။

ပြီးနောက် တစ်ခြားသော တပည့်များသည်လည်း ပိုးမျှင်နှင့် တစ်ခြားသော ရတနာများအား ရရှိမလား ရှာဖွေ သိမ်းဆည်းကြတော့၏။

ရှေ့အနည်းငယ် ဆက်သွားလိုက်တော့ လှိုဏ်ခေါင်းမှာ အဆုံးသတ်သွားခဲ့ပြီး ဖြစ်ပြီး တစ်ခြား မည်သည့်နေရာမှ မရောက်ရှိ‌နိုင်တော့ပေ။

ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် အားလုံးကို ခေါ်ကာ လာလမ်းအတိုင်း ပြန်လှည့်လာခဲ့၏။

……..

"အားလုံးထွက်လာပြီပဲ။ ချီးထဲမှ ဘာလို့ သူတို့ အဲ့လောက်တောင် သန့်ရှင်းနေရတာလဲ။"

အပြင်ဘက်တွင် စောင့်ဆိုင်းနေကြသော သာမန်ကျင့်ကြံသူများသည် ကျွင်းချောင်ရှောင်း နှင့် တစ်ခြားတပည့် နှစ်ဆယ့်‌ငါးယောက်တို့ ထွက်ပေါ်လာသည်ကို မြင်တော့ အမူအရာများ ချက်ချင်း ပြောင်းလဲသွားကြသည်။

ဤနေရာတွင် များပြားလှသော အဆိပ်ပြင်း ပင့်ကူများ ရှိသည် မဟုတ်လား။

သို့ပေမဲ့ သံမဏိအရိုးဂိုဏ်းတပည့်များသည် လုံလုံခြုံခြုံနှင့် ထွက်ပေါ်လာရုံသာမက မည်သူမှလည်း အဆိပ်နှင့် ထိမှန်ခဲ့ရုံလည်း မပေါ်ချေ။ ထိုအရာသည် မယုံနိုင်ဖွယ်ရာပင် ဖြစ်၏။

ကျွင်းချောင်ရှောင်းသည် သန့်ရှင်းသော နေရာတစ်ခုအား ရှာဖွေ၍ သူ၏တပည့်များအား အနားယူခိုင်းလိုက်သည်။

ပြီးနောက် သူသည် စနစ်အား ဖွင့်လိုက်သည်။

"ဂိဏ်းစုဆောင်းမှတ် တစ်ထောင့်နှစ်ဆယ့်ငါးရှိသည်ဆိုသောကြောင့် သူလိုချင်တာကို ဝယ်ယူနိုင်ပြီဖြစ်၏။

Refresh။

ဂိုဏ်းစုဆောင်းမှတ်ဆယ်မှတ်အား အသုံးပြုပြီးသည့်နောက်မှာတော့ စဦးစတိုးထဲတွင် ရှိသော ပစ္စည်းများသည် ပြောင်းလဲသွားသည်။

ကျွင်းချောင်ရှောင်းသည် တစ်ခုချင်းစီအား သေချာကြည့်လိုက်၏။

မကြာခင်မှာပဲ သူသည် တောင်ခွဲလက်ဝါးဟူသော သိုင်းနည်းစနစ်တစ်ခုကို မြင်လိုက်ရသည်။

ထင်မြင်ချက်အရဆိုလျှင် ဤနည်းစနစ်သည် သိုင်းဆရာတစ်ယောက် ဖန်တီးခဲ့တာဖြစ်ပြီး ဤနည်းစနစ်အား ကျွင်းကျင်ပြီဆိုပါက လက်ဝါးရိုက်ချက်တစ်ခုတည်းနှင့်တင် တောင်ကြီးတစ်ခုလုံးကို ကွဲသွားအောင် ပြုလုပ်နိုင်စွမ်းရှိပြီဖြစ်သည်။

“အရည်အသွေး အလယ်အလတ်အဆင့် သိုင်းနည်းစနစ် - ဂိုဏ်းစုဆောင်းမှတ် ၅၀။”

သံမဏိအရိုးဂိုဏ်း မည်သည့်အရာကို အလိုအပ်ဆုံး ဖြစ်နေသနည်း။

သံမဏိအရိုးဂိုဏ်း လိုအပ်နေသည်မှာ များပြားလှသော သိုင်းနည်းစနစ်များပင် ဖြစ်၏။

ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် တစ်ချက်လေးမှ မစဉ်းစားဘဲ ဝယ်ယူလိုက်၏။ ပြီးနောက် မိတ္ထူ အစောင် ကူးလိုက်၏။

“ဒင်။

ဂိုဏ်းစုဆောင်းမှတ် ၉၅၉/၁၀၀၀”

‌”ဒင်…”

“လက်ခံသူသည် စတိုးဆိုင်ထဲမှ လက်ဝါစနည်းစနစ်တစ်ခု ဝယ်ယူခဲ့သည်။”

ဤနည်းစနစ်သည် ဂိုဏ်း၏ သိုင်းနည်းစနစ်အဖြစ် လိုက်ဖက်ညီသွားခဲ့သည်။ ထို့ကြောင့် ဂိုဏ်း၏ သိုင်းနည်းစနစ်အဖြစ် သတ်မှတ်လိုက်သည်။

ကျွင်းချောင်ရှောင်းသည် သိုင်းနည်းစနစ်အား တစ်ချက်ကြည့်လိုက်၏။

ပြီးနောက် သူသည် တစ်ခြားသော ပစ္စည်းများကို ထပ်မံကြည့်လိုက်သည်။ အသုံးဝင်သည့် တစ်ခြားအရာများ ရှိသည်ကို သူ မမြင်ရချေ။ ထို့ကြောင့် refresh ထပ်လုပ်လိုက်၏။

ထပ်မံပေါ်ပေါက်လာသည့် ပစ္စည်းများသည်လည်း အရင်ပစ္စည်းများကဲ့သို့ပင် ကောင်းမွန်သည့်အရာမရှိပေ။

ထို့ကြောင့် သူသည် ဈေးအနည်းဆုံး ပစ္စည်းအား ဝယ်ယူ၍ refresh ထပ်လုပ်လိုက်၏။ ရလဒ်မှာ ပို၍ ဆိုးရွားလာသေး၏။

အဘယ့်ကြောင့်ဆိုသော် သူသည် ဂိုဏ်းစု‌ဆောင်းမှတ် တစ်ရာကို အသုံးပြုခဲ့ပြီးပြီဆိုသော်လည်း သိုင်းနည်းစနစ် နှင့် ပတ်သက်၍ တစ်ခြားသော သိုင်းနည်းစနစ်နှင့် ပတ်သက်သည့်အရာကို တစ်ခုမှ မမြင်ရချေ။

အဲဒီအစား နေ့စဉ်သုံးလိုအပ်သည့် အရာကိုသာ မြင်နေရ၏။

"ငါ မယုံနိုင်ဘူး။"

ကျွင်းချောင်ရှောင်းသည် အောက်ဘက်သို့ ဆွဲကာ ကြည့်ရှုလိုက်၏။

စတိုးအား refresh လုပ်ရသည်ဆိုသည်မှာ ထီထိုးရသည်နှင့် တူညီ၏။ ဤအရာသည် စွဲလန်းဖို့ လွယ်ကူလှ၏။ ထို့အပြင် ကံတရားအ‌ပေါ်တွင် မှီခိုနေရသည်။

တစ်စုံတစ်ယောက်သည် ကံမကောင်းဘူးဆိုလျှင် ဂိုဏ်းစုဆောင်းမှတ်များ အကုန်သုံးလိုက်သည်ဆိုလျှင်တောင် စိတ်ကျေနပ်သည့် ပစ္စည်းအား ရှာဖွေတွေ့ရှိလိမ့်မည် မဟုတ်ချေ။

ယခု ရလဒ်အနေနှင့် သူသည် refresh လုပ်လိုက်တိုင်းပင် ကံ‌မကောင်းလှပေ။

တစ်ယောက်တည်း ထိုင်ပြီး စူပုတ်လျက်ထိုင်နေသော သူတို့၏ ဂိုဏ်းချုပ်ကို ကြည့်၍ တပည့်များအားလုံးသည် ကြောင်တောင်တောင် ကြည့်မိနေကြ၏။

"စီနီယာအစ်ကို …. ဂိုဏ်းချုပ် ဘာဖြစ်နေတာလဲ။"

"မသိဘူး။ သူ့မျက်နှာကြည့်ရတာ ရှုံမဲ့နေတာပဲ။ အဆိပ်များ မိလို့များလား မသိဘူး။"

အားလုံး ဆွံ့အသွားမိကြ၏။

ကျွင်းချောင်ရှောင်းသည် နောက်ထပ်ဂိုဏ်းစုဆောင်းမှတ်တစ်ရာအား အသုံးပြုလိုက်ပြီး နေ့စဉ်သုံးပစ္စည်းများလည်း ဝယ်ယူလိုက်သည်။

ထိုပစ္စည်းများမှာ ထူးဆန်းလှ၏။ ဥပမာအားဖြင့် ချောက်ထဲသို့ ခုန်ချလိုက်လျှင် လေထီးကဲ့သို့ အသုံးပြု၍ ရနိုင်သော ထီးဆိုသော အရာပင်။

"ချီးထဲမှ။ ဘာအကြောင်းကိစ္စမှ မရှိဘဲ ဘယ်သူက ချောက်ထဲကို ခုန်ချမှာလဲ။"

ဤအရာသည် ဈေးအနည်းဆုံး အရာတစ်ခုသာ မဟုတ်လျှင် ကျွင်းချောင်ရှောင်းသည် ဝယ်ဖို့ စိတ်ကူးလိမ့်မည် မဟုတ်ချေ။ အချိန်တိုအတွင်းမှာပဲ သူသည် ဂိုဏ်းစုဆောင်းမှတ် ၂၀၀ အား အသုံးပြုခဲ့၏။

သို့ပေမဲ့ သူသည် ရင်နာနာနှင့် နောင်တလည်း ရမိနေသည်။ ဤသို့ ဖြစ်မည်သာသိလျှင် သူသည် ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်း လေးပုလင်းကိုသာ ဝယ်ယူခဲ့ပေလိမ့်မည်။

"စိတ်ကို ငြိမ်ငြိမ်ထား ….. စိတ်ကိုငြိမ်ငြိမ်ထား။ ငါ ထပ်ပြီး refresh မလုပ်တော့ဘူး။ မဟုတ်သေးဘူး နောက်ဆုံးတစ်ကြိမ်ဝောာ့ လုပ်လိုက်အုံးမယ်။"

ကျွင်းချောင်ရှောင်းသည် စတိုးကို ထပ်မံဖွင့်ကြည့်လိုက်သည့် အခါမှာတော့ အသုံးမဝင်သည့် ပစ္စည်းများ တစ်ခုပြီး တစ်ခုကိုသာ မြင်လိုက်ရ၏။

သူသည် သူ၏ ဆံပင်ကို ဆုပ်ကာ အားရပါးရ ဆွံ့နေမိသည်။

ဟမ်။

သူ၏ ဂိုဏ်းစုဆောင်းမှတ်များအား ဖြုန်းတီးလိုက်သည်ဟု တွေးတောနေတုန်းမှာပဲ စဦးအဆင့် သားကောင်ဖမ်း ဘောလုံးဆိုသည့်အရာအား စတိုးထဲတွင် မြင်လိုက်ရ၏။

"သားကောင်ဖမ်း ဘောလုံး ဟုတ်လား။ ဘာကြီးလဲ။"

သူသည် အသေးစိတ်အား နှိပ်ကြည့်လိုက်သည်။

ပစ္စည်း - စဦးအဆင့် သားကောင်ဖမ်းဘောလုံး။

အကျိုးသက်ရောက်မှု - သားကောင်ဆီသို့ ပစ်လွတ်၍ တစ်ခါတည်း ဖမ်းဆီးနိုင်သည်။

အသုံးဝင်မှု - အဖမ်းခံလိုက်ရသော သားရဲသည် တစ်ခါတည်း ပဋိညာဉ် သားရဲအဖြစ် ပြောင်းလဲသွားပြီး အချိန်မရွေး ဆင့်ခေါ်နိုင်၏။

အသုံးမဝင်မှု - ဂိုဏ်းချုပ်သာ အသုံးပြုနိုင်ပြီး အဆင့်နိမ့်သားရဲများကို ဖမ်းဆီးနိုင်စွမ်းရှိသည်။

ဈေးနှုန်း - ဂိုဏ်းစုဆောင်းမှတ် ၁၀၀။

"ချီးတဲ့မှ …."

ကျွင်းချောင်ရှောင်း အံ့အားသင့်မိသွားသည်။ "ဒါက သားကောင်ဖမ်း ဘောလုံး ဟုတ်လား။"

စနစ်မှ ပြောလိုက်သည်။

'ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာ သားရဲတစ်ကောင်ကို ပဋိညာဉ် ရေးထိုးနိုင်ဖို့ဆိုတာ အရမ်းခက်ခဲတယ်။ သားကောင်ဖမ်းဘောလုံးက သားရဲကို တိုက်ရိုက်ဖမ်းပြီး ပဋိညာဉ်ရေးထိုးပြီး ဖြစ်အောင် ပြုလုပ်ပေးနိုင်တယ်။ဒါကို ဝယ်ယူဖို့အတွက် ကြယ်ငါးပွင့်အဆင့် အာမခံပါတယ်။"

“ဒင်။

လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ၁၀၀အား အသုံးပြု၍ စဦးအဆင့် သားကောင်ဘောလုံးအား ဝယ်ယူခဲ့သည်။

ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပိုဆောင်ပြီးပါပြီ။”

“ဂိုဏ်းစုဆောင်းမှတ် ၇၅၅/၁၀၀၀။”

ကျွင်းချောင်ရှောင်းသည် သူ၏ လက်စွပ်အား ဝေ့ယမ်း၍ သားကောင်ဖမ်း ဘောလုံးအား ထုတ်ယူလိုက်သည်။

ထိုအရာဝတ္ထုသည် ပန်းသီးတစ်လုံး အရွယ်အစားတစ်ယောက်သာ ဖြစ်ပြီး ဘောလုံး၏ အပေါ်မှာတော့ ထိုက်ကျိ တံဆိပ်ပုံစံမျိုး ရေးဆွဲထား၏။

ထို့အပြင် အားကောင်းလှသော အငွေ့အသက်များလည်း ထွက်ပေါ်လျက်ရှိသည်။

"အင်း …. ငါသာ ကြက်သွေးရောင် မီးတောက်ဝံပုလွေကို ဒါနဲ့ဖမ်းပြီးတော့ တစ်လောကလုံး လျှောက်စီးလိုက်ရရင် တော်တော်မိုက်မှာပဲ။ ပြဿနာမရှိဘူး။ သေမင်းဝောာင်ကြားထဲက ကြက်သွေးရောင် မီးတောက်ဝံပုလွေထက်တော့ ပိုပြီးတော့ ကြည့်ကောင်းတဲ့ သားရဲတွေ ရှိသေးတာပဲ။ ငါ မြင်တာနဲ့ ချက်ချင်း ဖမ်းရမယ်။"

ထို့အပြင် ဝံပုလွေဆိုသည်မှာ အဆင့်နိမ့်သတ္တဝါမျိုးဖြစ်၏။ ထို့ကြောင့် ပို၍ ခန္ဓာကိုယ်ကြည့်လိုကောင်းပြီး သန်မာသော ကျားတို့ ၊ ခြင်္သေ့တို့သည် ပို၍ အဆင်ပြေလိမ့်မည်။

သူသည် စိတ်လှုပ်တရှားဖြင့် ပြောလိုက်သည်။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် မတ်တပ်ရပ်ကာ ပြောလိုက်သည်။ "သွားကြစို့"

ပြောပြီးသည့်နောက် သူသည် သူ၏ တပည့်များအား အနည်းငယ် လေမတိုက်သောလှိုဏ်ခေါင်းတစ်ခုဘက်သို့ ဦးဆောင်ခေါ်သွား၏။ သို့ပေမဲ့ သူ အထဲဝင်ခါနီးမှာပဲ ပြောလိုက်သည်။ "အားလုံးပဲ အထဲကို လိုက်ပြီးတော့ အကြွင်းအကျန်လေးတွေ လိုချင်တယ်ဆိုရင် ပိုက်ဆံထပ်ပေးရမယ်....."

သာမန်ကျင့်ကြံသူများ အားလုံးသည် တစ်ယောက်ပြီးတစ်ယောက် မြေပေါ်သို့ လဲကျသွားကြတော့၏။

All Chapters