← Chapters

အခန်း (၁၈၇)

Vol. 13 Ch. 187

အခန်း (၁၈၇)

Vol. 13 Ch. 187

သာမာန်ကျင့်ကြံသူများသည် နှမျောတသဖြင့် သူတို့၏ ငွေများကို ထုတ်ယူ၍ တဆတ်ဆတ်တုန်ရင်နေသော လက်များဖြင့် တစ်ထောင်စီ ပေးလိုက်ကြသည်။ ပြီးနောက် သူတို့သည် အကြွင်းအကျန်များ ကောက်ယူရန် လှိုဏ်ခေါင်းထဲသို့ ဝင်လိုက်ကြသည်။

အဘယ့်ကြောင့် ဤသို့ ပေးရသနည်းဆိုသော် သံမဏိအရိုးဂိုဏ်းသားများ နားနေတုန်းမှာ သူတို့သည် လှိုဏ်ခေါင်းထဲသို့ ခဏဝင်ကြည့်လိုက်ကြ၏။ အတွင်းမှာတော့ များပြားလှသော ပင့်ကူ အလောင်း နှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများ ပွစာကျဲနေသည်ကို မြင်ခဲ့ရ၏။

ကောင်းကင်ဘုံ .. ပင့်ကူတွေ အားလုံးအသတ်ခံလိုက်ရတာလား။

ပို၍ အတွင်းပိုင်းသို့ ဝင်သွားလေ ပင့်ကူအလောင်းများ ပိုတွေ့လေ ဖြစ်နေ၏။ သံမဏိအရိုးဂိုဏ်းသည် အစစ်အမှန် အားကောင်းကြသူများ ဖြစ်နေသည်မှာ သေချာသည်။

သူတို့သာ အနောက်မှ လိုက်၍ အကြွင်းအကျန်များမကောင်လျှင် နစ်နာပေလိမ့်မည်။ အချိန်အနေနှင့် အချိန်အခါ ပေးတုန်းမှာ အကျိုးအမြတ်ကို ယူရပေမည်။

ထို့အပြင် ကျွင်းချောင်ရှောင်း သူ၏ တပည့်များကို ခေါ်ဆောင်၍ ပင့်ကူများအား သွားသတ်နေစဉ်တွင် သူတို့သည် ဤနေရာ ပတ်ဝန်းကျင်နားရှိ တန်ဖိုးကြီးဆေးပင် နှင့် ကျောက်များကို ရှာဖွေ တွေ့ရှိခဲ့ပြီ ဖြစ်သည်။

နောက်တစ်နေရာတွင် ယခုထက်ပိုမို၍ များပြားပြီးကောင်းမွန်သော ပစ္စည်းများ ရှိနေစေဖို့ သာမာန်ကျင့်ကြံသူများ အဖွဲ့သည် မျှော်လင့်နေမိကြ၏။ သံမဏိအရိုးဂိုဏ်း သားရဲများအား သတ်ဖြတ်နေစဉ်အတွင်း သူတို့သည် တန်ဖိုးကြီး ရတနာများအား ရှာဖွေရန် အခွင့်အရေးရနေကြသည်မဟုတ်လား။

တပည့်များအား ဦးဆောင်၍ နောက်ထပ် လှိုဏ်ခေါင်းတစ်ခုထဲ ဝင်သွားသော ကျွင်းချောင်ရှောင်သည်လည်း ကြက်သွေးရောင် မီးဝံပုလွေထက် ပိုပြီးကြည့်ကောင်းခန့်ညားသော သားရဲတစ်ကောင်ကောင် နှင့် တွေ့ဆုံမိစေဖို့ မျှော်လင့်နေသည်။

လှိုဏ်းခေါင်းထဲသို့ ဖြတ်သန်းသွားလာပြီးနောက် သူ၏ မျက်စိရှေ့၌ ထူထဲသော မြူများ ပေါ်လာသည်။ တစ်ခါတရံ ဆိုလျှင် သားရဲများ၏ ချေးအနံ့များကိုပင် ရနေ၏။

ကျွင်းချောင်ရှောင်းသည် စနိုက်ပါကို မြှောက်၍ ရှစ်ဆ မှန်ဘီလူးမှ တဆင့် သူ၏ Xray အမြင်ဖြင့် တည်နေရာတစ်ခုလုံးအား ကြည့်ရှုလိုက်သည်။ ဤတည်နေရာထဲတွင် မတူညီသော ပုံပန်းသွင်ပြင်နှင့် သားရဲ နှစ်ဆယ် မှ သုံးဆယ်ကြား တည်ရှိနေသည်ကို သူ မြင်လိုက်ရသည်။ ထိုသတ္တဝါများ၏ အားအင်အဆင့်သည် တောင်နက်ဝက်ဝံ ထက် အားမနည်းလှချေ။

တစ်ယောက်ချင်းစီ အား သတ်ဖြတ်မည် ဆိုလျှင် အချိန်ကြာလိမ့်မည်။

ထို့ကြောင့် ရှောင်ကျီ နှင့် လီယုဟွာတို့အားသွားရောက်၍ မြှားခေါ်စေသည်။

“ဝေါင်း …”

“ဂါး ….”

မကြာခင်မှာပဲ ကြီးမားလှသော သားရဲကြီး လေးကောင်သည် အပြင်သို့ ထွက်လာကြ၏။

သတ္တဝါများ၏ အော်ရာကို ကြည့်ရှုရလျှင် သိုင်းတပည့် ထိပ်ဆုံးအဆင့် နှင့် သိုင်းဆရာ ပထမအဆင့် သတ္တဝါများ ဖြစ်ကြောင်း သိနိုင်သည်။

သို့ပေမဲ့ ရုပ်ဆိုးလွန်းသောကြောင့် ကျွင်းချောင်ရှောင်းသည် သားကောင်ဖမ်း ဘောလုံးအား အသုံးမပြုချင်ပေ။ ထို့ကြောင့် သတ်ဖြတ်ပစ်ရန်သာ တပည့်များအား ခိုင်းစေလိုက်၏။

ဘုန်း …။

ဘုန်း…။

ခဏလောက်ကြာတော့ ထွက်လာကြသော သားရဲရိုင်းများသည် သံမဏိအရိုးဂိုဏ်း တပည့်များ၏ ဝိုင်းဝန်း တိုက်ခိုက်မှုကြောင့် မြေပေါ် လဲကျသေဆုံးနေပြီ ဖြစ်သည်။

ဝံပုလွေ နှင့် ပင့်ကူ ကဲ့သို့ အရေအတွက် များသော အကောင်များအား ရှင်းလင်းရသည်မှာ ဒုက္ခများလွန်းသောလည်း ဤကဲ့သို့ သတ္တဝါများအား သတ်ဖြတ်ရသည်မှာတော့ တစ်ကောင်ချင်းမို့ လွယ်ကူနေကြ၏။

ရှောင်ကျီ နှင့် လီယုဟွာ တို့သည် တောထဲသို့ ဝင်၍ သားရဲများအား တစ်ကောင်ပြီး တစ်ကောင် မြှားခေါ်လာသည်။

သူတို့ထဲတွင် လူဝံ နှစ်ကောင်တောင် ပါရှိသေး၏။ လူဝံ နှစ်ကောင်ကို သတ်ဖြတ်ပြီးနောက်မှာတော့ သူ သတ်ဖြတ်ပြီးသည့် လူဝံ အရေအတွက်သည် တစ်ကောင်မှ သုံးကောင် အဖြစ်သို့ ပြောင်းလဲသွားတော့၏။

နာရီဝက်လောက်ကြာမြင့်ပြီးနောက်မှာတော့ …

တည်နေရာထဲတွင် ရှိနေသော သားရဲအားလုံးသည် သတ်ဖြတ်ခံလိုက်ရပြီ ဖြစ်သည် တပည့်များသည် စွမ်းအင် အမြူတေ နှင့် အရိုးများအား ထုတ်ယူလိုက်ကြသည်။

အပေါက်ဝတွင် ရပ်ကြည့်လျက်ရှိသော သာမာန်ကျင့်ကြံသူများ၏ နှုတ်ခမ်းများသည် တဆတ်ဆတ် တုန်ရင်သွားကြရ၏။

အားအနည်းဆုံးသည်ပင် သိုင်းတပည့် ထပ်ဆုံး အဆင့် ရှိသော သားရဲရိုင်းများ အားလုံးသည် သံမဏိအရိုးဂိုဏ်းသားများ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။ သို့ပေမဲ့ အားလုံးသည် အားစိုက်ထုတ်၍ ပင်ပင်ပန်းပန်း သတ်ဖြတ်ခဲ့ရပုံတောင် မပေါ်ချေ။

ကျွင်းချောင်ရှောင် း တပည့်များနှင့် အတူ ထွက်ခွာပြီးနောက်မှာတော့ သူတို့သည် တည်နေရာထဲသို့ ဝင်ရောက်လာကာ အသားများအား လှီးဖြတ်တော့သည်။ တစ်ချိုု့မှာ သိုလှောင်လက်စွပ် ပြည့်နေပြီ ဖြစ်သောကြောင့် အဆင့်နိမ့်သားရဲများ၏ အသားအား သိုလှောင်လက်စွပ်ထဲမှ ထုတ်လွှတ်ပစ်ကာ အဆင့်မြင့် သားရဲ အသားများနှင့် အစားထိုးလိုက်ကြသည်။

ကံကောင်းကြသော ကျင့်ကြံသူများသည် ကျောက်ကြိုကျောက်ကြားများမှ ဆေးပင်နှင့် ကျောက်များအား ရရှိခဲ့ကြသည်။ ကောင်းမွန်သည့်ကျောက်အမျိုးအစားများအား သံမဏိအရိုးဂိုဏ်း ယူဆောင်သွားသည် ဆိုသော်လည်း သူတို့အနေနှင့် လက်ရှိ ရထားသော အရာများကို ရောင်းနိုင်လျှင် ငွေကြေးပမာဏ အနည်းငယ် ရရှိမှာ ဖြစ်၏။

………

သေမင်းတောင်ကြားထဲမှာတော့ များပြားလှသော လှိုဏ်ခေါင်းများက တစ်ခုနှင့် တစ်ခု ဆက်စပ်၍ သဘာဝ အတိုင်း ဖြစ်တည်နေသည်။ တောင်ကြားတစ်ခုလုံးတွင် လှိုဏ်ခေါင်း ဘယ်နှစ်ခုတော် ချိတ်ဆက် တည်ရှိနေသနည်း ဆိုသည်ကို ခန့်မှန်း၍ ပင်မရချေ။

သို့ပေမဲ့ သံမဏိအရိုးဂိုဏ်း ဝင်ရောက်သွားရာ နေရာတိုင်းမှာ ရှိနေသော သားရဲရိုင်းများ အားလုံးမှာတော့ သေဆုံးခြင်းအဖြစ်သို့ ရောက်ရှိသွားကြသည်။

ဘုန်း…။

ကျယ်လောင်သော အသံနှင့် အတူ လူဝံ နောက်ထပ် တစ်ကောင်သည် မြေပေါ် လဲကျသွားသည်။ တည်နေရာတစ်ခုလုံးလည်း ရှင်းလင်းသွား၏။

“ဒင် … လူဝံအား သတ်ဖြတ်ခြင်း ၁၀ / ၁၀”

“ဒင် … လက်ခံသူသည် တာဝန်ကို ပြည့်စုံစေခဲ့သည်။ အထူးတာဝန် ပြည့်စုံနှုန်း ၄၀ ရာခိုင်နှုန်းထိ ရောက်ရှိသွားသည်မို့ ဂိုဏ်းစုဆောင်းမှတ် ၂၀၀ ရရှိသည်။”

“ဒင် .. ဂိုဏ်းစုဆောင်းမှတ် - ၉၂၅ / ၁၀၀၀”

ကျွင်းချောင်ရှောင်းသည် ဤတစ်ကြိမ်မှာတော့ refresh လုပ်ရန်အစီအစဉ်မရှိချေ။ အဲအစား အလယ်အလတ် အဆင့် စိတ်ဝိညာဉ်မြစ် များအတွက် ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်း ဆေးပုလင်း လေးလုံးအား ဝယ်ယူလိုက်သည်။

ဤအရာသည် တပည့်များ၏ စိတ်ဝိညာဉ်အမြစ်များအား အဆင့်မြင့်တင်နိုင်သည်။ ထို့ကြောင့် ဝယ်ယူရတာခြင်း တူတူ တန်ဖိုးရှိနေသေး၏။

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “မှောင်နေပြီ။ ဒီမှာ အိပ်ကြစို့”

“ကောင်းပါပြီ”

အားလုံးသည် ပိုးချည်မျှင်များအား ထုတ်၍ ယာယီနားနေရာတဲများ တည်ဆောက်လိုက်ကြသည်။ တစ်ချို့သော တပည့်များမှာတော့ ကင်းစောင့်ရန် တာဝန်ယူလိုက်ကြ၏။

“ဟူး ..ဟူး…”

မီးထွန်းပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် သူ၏ တပည့်များအား အကင်စွမ်းရည် ပြသတော့သည်။

သေမင်းတောင်ကြားထဲတွင် မီးထွန်း၍ ပေါ်ပေါ်ထင်ထင် နေရဲသော သံမဏိအရိုးဂိုဏ်းသားများအား ကြည့်ရင်း သာမာန်ကျင့်ကြံသူများသည် အံ့အား သင့်မိနေကြသည်။ ချီးလည်းချီးကျူးမိကြ၏။

ညသည် ဤကဲ့သို့ပဲ ကုန်လွန်သွားတော့သည်။

နောက်မနက်ခင်းမှာတော့ ကျွင်းချောင်ရှောင်းသည် ခရီးဆက်ရင်း သားရဲရိုင်းများအား သတ်ဖြတ်လာသည်။ အရာအားလုံးက ချောချောမောမောပဲ ဖြစ်တည်နေသည်ဟုဆိုရမည်။

တစ်ခါတုန်က ဆိုလျှင်သိုင်းစစ်သူကြီးအဆင့် သားရဲရိုင်းများ၏ တည်နေရာထဲ တိုးဝင်မိခဲ့ကြသည် ဆိုပေမဲ့ အပြေးမြန်ခဲ့သောကြောင့် မည်သူမှ အန္တရာယ်မရှိခဲ့ကြပေ။

“သွား.. သားကောင်ဖမ်းဘောလုံး”

ကျွင်းချောင်ရှောင်းသည် လက်ရှိ သူတွေ့ကြုံနေရသည့် ကျားသားရဲရိုင်းကြီး ဆီသို့ ဘောလုံးနှင့် လှမ်းပစ်လိုက်သည်။

သို့ပေမဲ့ မဖမ်းနိုင်ခဲ့ချေ။ ကျားသားရဲရိုင်းကြီးသည် ဘာမှန်းမသိသော အရာဖြင့် အပစ်ခံလိုက်ရသောကြောင့် ပိုမို၍ ဒေါသထွက် ကြမ်းကြုတ်လာသည်။ ဒေါသတကြီး ဖြင့် ပြေးဝင် တိုက်ခိုက်တော့၏။

ချီးတဲ့မှ … ဘာလို့အလုပ်မဖြစ်တာလဲ။

စနစ်မှပြောလိုက်သည် “စဦး သားကောင်ဖမ်း ဘောလုံး က အဆင့်နိမ့် သတ္တဝါတွေကို ပဲ ဖမ်းလို့ ရတာလေ။”

“ချီးတဲ့မှ … ဖြစ်လိုက်ရင်ဖြင့် …”

ကျွင်းချောင်ရှောင်း စိတ်ဓာတ်တကျဖြင့် သူ၏ တပည့်များအား ကျားသားရဲကြီးကို သတ်ဖြတ်ခိုင်းလိုက်တော့ သည်။

ရှောင်ကျီသည် သိုင်းဆရာထိပ်ဆုံးအဆင့် သားရဲရိုင်းကြီးအား လက်သီးဖြင့် တိုက်ခိုက် အနိုင်ယူခဲ့၏။

……..

သူတို့ တောအနက်ပိုင်းသို့ ဝင်လာလေ တွေ့ကြုံလာရသော သားရဲများ၏ အဆင့်သည် ပိုမို၍ မြင့်မားလာလေ ဖြစ်သည်။ သို့ပေမဲ့ အရေအတွက်မှာတော့ နည်းပါးသွားသည်။

စွမ်းအားမြင့် သားရဲရိုင်းများသည် ကိုယ်ပိုင်မြေနေရာ ရှိကြသည်။ သူတို့သည် ကိုယ့်စားကျက် နှင့် ကိုယ် ကျင်လည်တတ်ကြ၏။

ဟုတ်ပေသည်။ ရရှိနိုင်သော ဆေးပင်နှင့် ကျောက်များ၏ အရည်အသွေးသည်လည်း ထပ်တူပင် တိုးတက်လာသည်။

တည်နေရာတစ်ခုလုံးကို ရှင်းလင်းပြီးသည့်နောက် စုရှောင်မို သည် ဆယ်ကီလိုလောက် ရှိနိုင်မည့် မီးတောင်ကျောက် တစ်ခုကို တွေ့ရှိလာသည်

ထို့ကြောင့် သူသည် လှံကို စတင် သွန်းလုပ်လိုက်၏။

နာရီဝက်လောက် ကြာမြင့်ပြီးနောက်မှာတော့ …

ရှည်လျားလှသော လှံတစ်ချောင်းသည် နက်မှောင်နေသော အရောင်ဖြင့် ဖြစ်တည်လာသည်။ ထိုလှံသည် သလင်းအမြူတေ ဆီမှစွမ်းအင်များနှင့် စုပေါင်းလိုက်မည် ဆိုလျှင် စွမ်းအင်လှိုင်းများဖြင့် ပစ်လွှတ် တိုက်ခိုက်နိုင်စွမ်း ရှိသည်။

သားရဲရိုင်းများနှင့် တိုက်ခိုက်နေစဉ်မှာတော့ ကျွင်းချောင်ရှောင်သည် သူ၏ လှံကို ထုတ်ကာ အော်လိုက်သည် “နဂါးလှံအစွမ်း…”

ဘန်း…။

တောက်ပနေသော လှံဦးထပ် ဆီမှ စွမ်းအင်လှံတစ်ချောင်းထွက်ခွာသွားပြီး သိုင်းတကည့် အဆင့်လေး နှင့် နှိုင်းယှဉ်၍ ရနိုင်သော သတ္တဝါကြီးအား တိုက်ရိုက် သတ်ဖြတ်လိုက်သည်။

အားလုံးသည် မျက်လုံးများ ပြူးသွားကြ၏။

စုရှောင်မို သည် အနားသို့ ရောက်ရှိလာပြီး အံ့အားတသင့်ဖြင့် ပြောလိုက်သည် “ဂိုဏ်းချုပ် … ဒါက စိတ်ဝိညာဉ်အမျိုးအစား တိုက်ခိုက်ရေး နည်းစနစ်တွေလို ထုတ်ဖော်လို့ ရတဲ့ လက်နက်မျိုးလား”

“ကြိုက်လို့လား” ကျွင်းချောင်ရှောင်း မေးလိုက်သည်။

“ကြိုက်တာပေါ့”

“ဒါဆို ယူပြီး တိုက်ကြည့်”

လက်ထဲရောက်လာသော လက်ကို ကိုင်၍ စုရှောင်မို အံ့အားသင့်မိနေသည်။

ခဏလောက်ကြာတော့ သူသည် လှံကို ကိုင်ဆွဲကာ တခြားလှိုဏ်ခေါင်းတစ်ခုထဲ ပြေးဝင်သွားလိုက်သည်။ သားရဲများသည် အန္တရာယ်များလှသည် ဆိုသော်လည်း ဦးခေါင်းကိုတော့ သူခုတ်ဖြတ် ယူလာနိုင်ခဲ့၏။

“အား .. အား …”

“ဂိုဏ်းချုပ် … ကယ်ပါ”

သို့ပေမဲ့ မကြာခင်မှာပဲ လှံကိုင်ပြီး ရှေ့ဆုံးပြေးလာသော စိုရှောင်မိုကို မြင်လိုက်ကြရသည်။ သူူ၏ နောက်တွင်တော့ ခရမ်းရောင် အမွေးအမျှင် များနှင့် ဝံပုလွေ သားရဲများသည် ခြေထောက်အောက်တွင် လေဘီးများ တပ်ထားသလို လျှင်မြန်စွာ ပြေး၍ လိုက်ပါလာကြသည်။

“မကောင်းတော့ဘူး။”

“ဒါ လေပွေ ဝံပုလွေတွေပဲ”

“ကျုပ်တို့ အားလုံးတော့ ဒီတစ်ကြိမ်သေပြီပဲ”

သာမာန်ကျင့်ကြံသူများသည် အခြေအနေကို ကြည့်ပြီး စိတ်ဓာတ်ကျသွားကြ၏။

လေပွေဝံပုလွေများ၏ အမြန်နှုန်းအား လွတ်အောင် မည်သူမှ မပြေးနိုင်ချေ။ ထို့ကြောင့် သူတို့တွေသည် ကျိန်းသေပေါက် အဖြစ်ဆိုးရပြီ ဖြစ်သည်။

လက်ရှိအချိန်တွင် သံမဏိအရိုးဂိုဏ်းအား အားကိုးရန်သာ ရှိတော့၏။

အာ ဝူး …။

လေပွေ ဝံပုလွေ ဆယ်ကောင်မှာ အလွန်တရာ မြန်ဆန်လှသည်။ စုရှောင်မိုသည် ဝိညာဉ်ခြေလှမ်းကို အသုံးပြု၍ ပြေးနေသည်တောင်မှ ဝံပုလွေများသည် တဖြည်းဖြည်း နီးကပ်လာပြီဖြစ်သည်။

ကျွင်းချောင်ရှောင်း၏ မျက်လုံးတွေသည် တောက်ပသွားသည်။ ဤ ဝံပုလွေများသည် တာဝန်၏သားကောင် များ ဖြစ်သည့်အပြင် ပုံပန်းသွင်ပြင် နှင့် အရောင်မှာလည်း ကြက်သွေးရောင် မီးဝံပုလွေထက် ပိုမို၍ ခန့်ညားကာ ကြည့်ကောင်းလှ၏။

တစ်ကောင်လောက်ကိုသာာ သားကောင်ဖမ်းဘောလုံးနှင့် ဖမ်းဆီးနိုင်မည် ဆိုလျှင် အလွန်ကောင်းမွန်ပေလိမ့်မည်။

“ရှေ့ကဖယ်”

ကျွင်းချောင်ရှောင်းသည် သားကောင်ဖမ်း ဘောလုံးအား ထုတ်ယူ၍ အော်လိုက်သည်။

ရှေ့မှ ပြေးလာသော စုရှောင်မိုသည် ဘေးတစ်ဖက်သို့ ကပ်လိုက်၏။

“သွားစမ်း …” ကျွင်းချောင်ရှောင်းသည် သူ၏ လက်ထဲသို့ စိတ်ဝိညာဉ်စွမ်းအင်များ ပို့လွှတ်ကာ လေပွေ ဝံပုလွေများဆီသို့ ပစ်လွှတ်လိုက်တော့သည်။

ဝှစ် ..။

ဂိုဏ်းချုပ်ကျွင်း ပစ်လွှတ်လိုက်သော ဘောလုံးသည် လေပွေ ဝံပုလွေဆီသို့ တည့်တည့် ပျံသန်းသွားသည်။ သို့ပေမဲ့ ထိမိခါနီးမှာတော့ ဝံပုလွေသည် သူ၏ ပါးစပ်ကြီးကို ဟ၍ လေနှင့် မှုတ်ထုတ်လိုက်တော့၏။

အားကုန်ပစ်လိုက်လျှင် သတ္တဝါ သေဆုံးသွားမည်ကို စိုးရိမ်သည်မို့ အရှိန်သိပ်မပါသောကြောင့် ဘောလုံးသည် လေနှင့်အတူ တစ်ဖက်ခြမ်း ချုံပုတ်တစ်ခုနားသို့ ကျသွားတော့သည်။

“ဒင် .. အောင်မြင်စွာ ဖမ်းဆီးနိုင်ခဲ့သည်”

ချုံထဲရောက်သွားတာကို ဘယ်လိုလုပ် ဖမ်းဆီးသွားနိုင်တာလဲ။

ကျွင်းချောင်ရှောင်း အလျှင်အမြန် ပဲ ချုံပုတ် နေရာနားဆီ လှမ်းကြည့်လိုက်သည်။ ပြီးနောက် ခပ်ဝဝ သတ္တဝါလေး တစ်ကောင် ကို တွေ့လိုက်ရသော သူ၏ နှုတ်ခမ်းတွေသည် တဆတ်ဆတ် တုန်ရင်သွားရ၏။ ထိုအကောင်လေးသည် သူ့အား ဘုရင်တစ်ပါးလို ကိုးကွယ်သော မျက်လုံးအစုံဖြင့် ကြည့်ရှုရင်း ပြေးလာတော့သည်။

ချီးတဲ့မှ ….. ဒါ တောဝက်လေးပဲ။

All Chapters