အခန်း (၁၈၉)
Vol. 13 Ch. 189
ရွှီ …. ရွှီ။
အလွန်အလျင်မြန်ဆန်လှသော လေပွေဝံပုလွေများသည် ရေခဲပြင်ပေါ်သို့ ခြေလှမ်းပြီးသည့်နောက်မှာတော့ သူတို့၏ ခြေလက်လေးဖက်လုံးသည် လျောထွက်သွား၏။
သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံးသည် မထိန်းချုပ်နိုင်တော့ပဲ စုရှောင်မို ကဲ့သို့ပင် အနီးတစ်ဝှိုက်၌ရှိသော သစ်ပင်သို့မဟုတ် တောင်ကြားနံရံ တစ်ခုခု ဆီသို့ ဝင်တိုက်မိတော့သည်။
သူတို့၏ မြန်ဆန်လှသော အရှိန်နှုန်းများကြောင့် တစ်ချို့ဆိုလျှင် နေရာမှာတင် တစ်ခါတည်း မေ့မျောသွားကြသည်။ မေ့မျောမသွားသော လေပွေဝံပုလွေများသည်လည်း မူးနောက်နောက် ဖြင့် မထနိုင်ဖြစ်နေကြ၏။
သို့ပေမဲ့ သူတို့ ထဖို့ ကြိုးစားနေချိန်မှာပဲ သံမဏိအရိုးဂိုဏ်းတပည့်များအားလုံး ရောက်ရှိလာပြီး ဓားဖြင့် ခုတ်ကာ သတ်ဖြတ်လိုက်ကြတော့သည်။
“ဒင်။
လေပွေဝံပုလွေ ၁၉/၁၀၀။”
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
"ဒေီကောင်တွေကို သွားပြီး မျှားခေါ်ခဲ့အုံး။"
"ဂိုဏ်းချုပ်"
စုရှောင်မိုသည် ခေါင်းထဲတွင် ကြယ်တွေလတွေ မြင်နေရပြီဖြစ်၏။ သူသည် ကျောက်နံရံတစ်ခုကို မှီကာ ပြောလိုက်သည်။ "ကျွန်တော် နည်းနည်း မူးနေတယ်။ ခဏလောက် နားလိုက်အုံးမယ်။"
"လီဖေး"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "မင်း သွား။"
အနည်းငယ်မြန်ဆန်သော လီဖေးသည် လှိုဏ်ဂူထဲသို့ ဝင်သွားခဲ့သည်။
မကြာခင်မှာပဲ သူသည် ပါးစပ်ကြီးဟ၍ မောပန်းကာ ပြန်ပြေးလာခဲ့သည်။ သူ၏နောက်မှာတော့ လေပွေ ဝံပုလွေ ဆယ်ကောင်ကျော်တို့ ပါလာ၏။
ဟူး …ဟူး။
အဝင်ဝတစ်ဖက်တစ်ချက်ကို မှီကာ လျှောက်နေကြသော လီချင်းယန် ၊ ရှောင်ကျီနှင့် တစ်ခြားသူများအားလုံးသည် တစ်ပြိုင်တည်း သူတို့၏ ဓားများကို ဝှေ့ယမ်း၍ နောက်မှ လိုက်ပါလာသော လေပွေဝံပုလွေများကို တိုက်ခိုက်သတ်ဖြတ်ကြတော့သည်။
များပြားလှသော ဓားအလင်းတန်းများအောက်မှာတော့ အလောသုံးဆယ်ဖြင့် လိုက်ပါလာကြသော လေပွေဝံပုလွေ သုံးဆယ်ကျော်တို့သည် အသတ်ဖြတ်ခံလိုက်ရ၏။
ဤသို့နှင့်ပင် စုရှောင်မို ၊ လီဖေးတို့သည် အလှည့်ကျ မြှားခေါ်လာလျက်ရှိသည်။
သံမဏိအရိုးဂိုဏ်းတပည့်များမှာတော့ လှိုဏ်ဂူ ၏ ဝင်ဘက်တစ်ဖက်တစ်ချက်တွင် ရပ်၍ ခြုံခိုတိုက်ခိုက်ပြီး သတ်ဖြတ်လျက်ရှိကြတော့သည်။
တစ်နာရီခန့် ကြာမြင့်ပြီးသည့်နောက်မှာတော့ လေပွေဝံပုလွေတစ်ရာကျော်တို့၏ အလောင်းများသည် အပြင်ဘက်တွင် ပုံလျက်ရှိနေပြီဖြစ်၏။
အထူးတာဝန်၏ အမဲလိုက်ရမည့် သားကောင် အရေအတွက်သည်လည်း ပြည့်ဝသွားခဲ့ပြီ ဖြစ်သည်။
“ဒင်။
လေပွေဝံပုလွေအား သတ်ဖြတ်ခြင်း ၁၀၀/၁၀၀။”
“ဒင်။
လက်ခံသူသည် သားရဲအမျိုးအစား တစ်မျိုးအား အမဲလိုက်ရမည့် တာဝန်အား ပြည့်စုံသွားခဲ့သည်။
အထူးတာဝန်၏ ပြည့်စုံနိုင်မှုသည် ခြောက်ဆယ်ရာခိုင်နှုန်းသို ပြည့်စုံသွားခဲ့ပြီဖြစ်ပြီး လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ၂၀၀အား ရရှိသည်။”
“ဒင်။
ဂိုဏ်းစုဆောင်းမှတ် ၉၅၅/၁၀၀၀”
ကျွင်းချောင်ရှောင်းသည် သူ၏ တာဝန်စာရင်းအား ဖွင့်ကာ စဉ်းစားလိုက်၏။
"ဒါဆိုရင် မီးနဂါးတစ်မျိုးပဲ ကျန်တော့တယ်။ရှာနိုင်မယ်ဆိုရင် အထူးတာဝန်က ပြည့်စုံပြီပဲ။ ဒါပေမဲ့ ဒီမီးနဂါးဆိုတာက တကယ့် ဆရာကြီးဖြစ်နိုင်တယ်။"
အားဝူး။
ထိုအချိန်မှာပဲ လှိုဏ်ဂူထဲမှ အရမ်းအားကောင်းလှသော အော်ဟစ်သံကြီးတစ်ခု ထွက်ပေါ်လာ၏။
ခန္ဓာကိုယ်တစ်ခုလုံး လေအရိပ်ကဲ့သို့ပင် ဖြစ်ပေါ်လာသော ကြီးမားလှသည့် လေပွေဝံပုလွေကြီးတစ်ကောင် ပေါ်ထွက်လာသည်။
သာမန်ကျင့်ကြံသူများအားလုံးသည် မျက်နှာတွေ ဖြူဖျော့သွားသည်အထိ ကြောက်လန့်သွားမိကြ၏။
လီချင်းယန်သည် လေးလေးနက်နက် ပြောလိုက်သည်။
"ဂိုဏ်းချုပ် …. ဒီကောင်ကြီးက အထက်အဆင့် သားရဲကြီး ဖြစ်နိုင်တယ်။"
အထက်အဆင့် သားရဲကြီးဆိုသည်မှာ သိုင်းစစ်သူကြီးအဆင့်နှင့် ညီမျှသော အဆင့်ဖြစ်သူဟု ဆိုလိုခြင်း ဖြစ်သည်။
အခြားတစ်ဖက်က ကြည့်မည်ဆိုလျှင် လေပွေဘုရင်သည် ခန္ဓာကိုယ်တစ်ခုလုံး လေလှိုင်းများကဲ့သို့ ဖြစ်ပေါ်လျက်ရှိပြီး သိုင်းစစ်သူကြီးအဆင့်ဖြစ်သော မဟာမိတ်ခေါင်းဆောင်ချင် ထက် ဘယ်လိုမှ အားမနည်းနိုင်ပေ။
ထို့အပြင် သိုင်းစစ်သူကြီးအဆင့် ဖြစ်သည်ဆိုလျှင်တောင်မှ ဤလေပွေဘုရင်၏ ခန္ဓာကိုယ်သည် အလွန်တရာ အားကောင်းလှသောကြောင့် ပို၍ သန်မာသည်ဆိုသည်မှာ ပို၍ ယုံမှား သံသယရှိရန် မလိုပေ။
ချင်ဟောင်ရန်သည်သာ ဤလေပွေဝံပုလွေဘုရင်နှင့် ရင်ဆိုင်ရမည်ဆိုပါက ပြုလုပ်မည့် အရာတစ်ခုတည်းသာ ရှိပေလိမ့်မည်။ ထိုအရာသည် ချက်ချင်း ထွက်ပြေးခြင်းပင် ဖြစ်သည်။
"ငါ့ကို သေနတ်ပေး"
ကျွင်းချောင်ရှောင်းသည် စနိုက်ဘာရိုင်ဖယ်အား လှမ်းယူ၍ ဂိုဏ်းစုဆောင်းမှတ် ၅မှတ်အား အသုံးပြုကာ ရှစ်ဆမှန်ဘီလူးအား အသက်သွင်းလိုက်၏။ ပြီးနောက် လေပွေဝံပုလွေဘုရင်၏ ဦးခေါင်းအား ချိန်ရွယ်လိုက်၏။
ဝှစ် … ဝှစ် … ဝှစ်။
ချက်ချင်းဆိုသလိုပဲ အလင်းတန်းသုံးခုသည် ထွက်ပေါ်သွား၏။
ဝူး။
လေပွေဝံပုလွေသည် တစ်ခုခု လွဲမှားနေသည်ကို အာရုံခံလိုက်မိသည်။ ထို့ကြောင့် သူသည် အူ လိုက်တော့သည်။
သူ၏ ခန္ဓာကိုယ်၏ ပတ်ပတ်လည်ရှိ လေလှိုင်းများသည် ကျယ်ပြန့်လာ၏။ သူ၏ ခြေများ ၊ လက်များသည် အလင်းတန်းတစ်ခုကဲ့သို ပြောင်းလဲပြီး လှစ်ခနဲ ပျောက်ကွယ်သွားတော့၏။ အလွန်တရာ မြန်ဆန်လှချေသည်။
အလိုအလျောက် ချိန်တွယ် ပစ်ခတ်ခြင်း အောက်မှာတော့ သူ မည်မျှပင် ရှောင်တိမ်းတိမ်း မပျောက်နိုင်ပေ။
သို့ပေမဲ့ ထိမိခါနီးမှာတော့ အလင်းတန်းသုံးခုသည် ခန္ဓာကိုယ်အထက်ရှိ လေလှိုင်းများနှင့် ထိတွေ့ပြီး ပြန်ကန်ထွက်သွားတော့သည်။
ကျည်ဆံသည် ထိမိခဲ့၏။ သို့ပေမဲ့ မထွင်းဖောက်နိုင်ချေ။
"ချီးတဲ့မှ" ကျွင်းချောင်ရှောင်း မျက်လုံး ပြူးသွားသည်။
စနစ်မှ ပြောလိုက်သည်။
"ဒီသားရဲမျိုးက ခန္ဓာကိုယ်ရဲ့ ပတ်ပတ်လည်မှာ လေလှိုင်းတွေအဖြစ် ဖြစ်တည်စေတယ်။ ဒါ့ကြောင့် သူတို့ရဲ့ ခန္ဓာကိုယ်ကို အကာအကွယ် အလွှာတစ်ခုပုံစံမျိုး ဖြစ်တည်လာနိုင်တာပဲ။ တစ်ခါတစ်လေ ထိသွားတယ်ဆိုရင်တောင်မှ သူတို့ရဲ့ခန္ဓာကိုယ်ကို မထွင်းဖောက်နိုင်ဘူး။"
ကျွင်းချောင်ရှောင်းသည် သေနတ်ကို မြှောက်၍ နောက်ထပ် ကျည်ဆံခုနစ်ခု မြှောက်ပစ်လိုက်သည်။
ကျည်ဆံခုနစ်ခုသည် ရှေ့သို့ ပြေးထွက်သွားတော့သည်။
သေနတ်၏ ပြန်ကန်အားကြောင့် သူ၏ ခန္ဓာကိုယ်သည်လည်း နောက်သို့ တစ်လှမ်း ဆုတ်ခွာသွားရတော့၏။
ဝှစ် …. ဝှစ်။
ကံဆိုးစွာဖြင့် ကျည်ဆံများသည် လေပွေဝံပုလွေ၏ ခန္ဓာကိုယ်ပတ်ပတ်လည်ရှိ လေလှိုင်းများနှင့် ထိတွေ့ချိန်မှာတော့ အားအင်ရုတ်လျော့သွားပြီး အနောက်ဘက်သို့ ပြန်ကန်ကာ အနီးအနားရှိ ကျောက်နံရံများကို ထိမှန်သွားစေ၏။
"ချီးတဲ့မှ …. အဆင့်မြင့်ကျည်ဆံဆိုရင် ဒီကောင်ကြီးကို မထိုးဖောက်နိုင်ဘူးဆိုတာ ငါမယုံဘူး။"
ကျွင်းချောင်ရှောင်းသည် အဆိပ်ပြင်း ပင့်ကူဘုရင်၏ သလင်းအမြုတေအား ထုတ်ယူလိုက်၏။
ပြီးနောက် ကျည်ဆံဖြည့်နေတုန်းမှာပဲ လေပွေဝံပုလွေသည် ပါးစပ်ကြီးကို ဟ၍ လေလှိုင်းများဖြင့် ပစ်လွှတ်တိုက်ခိုက်တော့၏။
ထိုအရာများသည် အလွန်တရာ မြန်ဆန်လှပြီး မကြာခင်မှာပဲ သူ့ဆီသို့ ရောက်ရှိလာသည်။
ရှောင်ကျီသည် ရှေ့သို့ လှမ်းတက်၍ လက်ထဲရှိ သံမဏိဒိုင်းကာ၏ အကာအကွယ်အစီအရင်အားအသက်သွင်း၍ ရောက်ရှိလာသော လေလှိုင်းများအား တားဆီးလိုက်၏။
ဘုန်း။
လေလှိုင်းအားအင်သည် အကာအကွယ် အစီအရင်အား တိုက်ရိုက်ပင် ထိမှန်သွားတော့သည်။
ရှောင်ကျီသည် အံ့ကြိတ်ကာ အနောက်ဘက်သို့ ခြေတစ်လှမ်း ဆုတ်ခွာလိုက်ရ၏။
အဆင့်မြင့် သားရဲကြီးဆီမှ ဖြစ်တည်လာသော လေလှိုင်းများသည် အလွန်တရာ အားကောင်းလှပုံပေါ်သည်။
ဝူး ….။
လေလှိုင်းများ၏ ရူးရူးမူးမူး တိုက်ခိုက်ခြင်းကို ခံခဲ့ရချိန်မှာတော့ သံမဏိဒိုင်းကာအတွင်းမှာရှိသော စွမ်းအင်များသည် မြန်မြန်ဆန်ဆန်ပဲ ပျောက်ကွယ်သွားတော့၏။
နောက်ဆုံးမှာတော့ အတားအဆီး အစီအရင်ပုံစံမျိုး ပုံရိပ်ယောင်သည် အစစ်အမှန်ဖြစ်တည်ခြင်းမှ ပုံရိပ်ယောင်အဖြစ်သို့ ပြောင်းလဲလာတော့သည်။
"ဂိုဏ်းချုပ် … ကျွန်တော် ကြာကြာမခံနိုင်တော့ဘူး။"
သူ့အသံထွက်ပေါ်လာခြင်းမှာပဲ အကာအကွယ် အစီအရင်ရှိ စွမ်းအင်များသည် ကုန်ခမ်းသွားတော့သည်။
ရှောင်ကျီသည် ရုတ်တရက်ဆိုသလိုပဲ နောက်သို့ လွင့်စင်သွား၏။
လေလှိုင်းများသည် သူ့အား ကျော်ဖြတ်ကာ အနောက်ဘက်တွင်ရှိသော ကျောက်နံရံ ကြီးအား ထိမှန်စေပြီး ကြီးမားသည့် အပေါက်ကြီးတစ်ခု ဖြစ်ပေါ်သွားစေသည်။
ရှောင်ကျီ ပြင်းပြင်းထန်ထန် ခုခံထားသည်ကို အခွင့်အရေးယူ၍ ကျွင်းချောင်ရှောင်းသည် လေပွေဝံပုလွေ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ပြီဖြစ်၏။
သူသည် သေနတ်ကိုကိုင်ကာ သေနတ် ဆယ်ချက်အား တိုက်ရိုက်ပစ်လွှတ်လိုက်တော့သည်။ ပြန်ကန်အားကြောင့် သူသည် ခြေသုံးလမ်းပင် နောက်သို့ ဆုတ်ခွာသွားရသည်။
ကျည်ဆံဆယ်ခုသည် အဆင့်မြင့် သလင်းအမြုတေမှ ရရှိထားသော ကျည်ဆံများ ဖြစ်၏။
ထို့ကြောင့် အမြန်နှုန်း၏ ထွင်းဖောက်နိုင်မှု အားအင်သည် ပိုမို၍ အားကောင်းသွားသည်။
ကျည်ဆံများသည် လေပွေဝံပုလွေ၏ ခန္ဓာကိုယ်ကို တိုက်ရိုက်ပင် ထိမှန်သွားတော့သည်။
ဆွစ်။
နောက်ဆုံးမှာတော့ ကျည်ဆံသည် လေပွေဝံပုလွေ၏ ခန္ဓာကိုယ်ပေါ်ရှိ လေလှိုင်းများကို ထွင်းဖောက်သွားသည်။
ဝှစ်
သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် ပျော်ရွှင်ရန် အချိန်မရှိပေ။
ကျည်ဆံသည် လေပွေဝံပုလွေ၏ ခန္ဓာကိုယ်ပေါ်တွင် အမှတ်အသားလေးတစ်ခု အဖြစ်သာလျှင် ကျန်ရစ်စေ၏။ ခန္ဓာကိုယ်အတွင်းသို့ မထိုးဖောက်သွားပေ။
စနစ်မှ ပြောလိုက်သည်။ "ဒီ လေပွေတွေကြောင့် ကျည်ဆံရဲ့ အားအင်တွေက တော်တော်ကြီးကို လျော့ကျသွားတာ။ ဒါကြောင့် သူ့ရဲ့အားအင်က ခန္ဓာကိုယ်ကို ထိခိုက်စေဖို့ဆိုတာ တော်တော် ခက်ခဲလိမ့်မယ်။"
"ချီးတဲ့မှ။"
ကျွင်းချောင်ရှောင်း ကျိန်ဆဲလိုက်မိ၏။
သိုင်းစစ်သူကြီးအဆင့် သားရဲတစ်ကောင် ရင်ဆိုင်ရတုန်းသာ ရှိနေသည်။ သို့ပေမဲ့ စနိုက်ပါသည် အသုံးမဝင်သည့် အခြေအနေမျိုး ဖြစ်နေ၏။
စနစ်ပြောသကဲ့သို့ပင် အနာဂတ်တွင် ရန်သူ့အား ထိမှန်အောင် ပစ်ခတ်ချင်ပါက လောင်ချာကဲ့သို့ အရာမျိုးပင် လိုအပ်လိမ့်မည်။
စနစ် “......”
"ငါ ဘယ်တုန်းက ဒီလိုမျိုး ပြောဖူးလို့လဲ။ မင်းဘာမင်း လျှောက်တွေးနေတာ မဟုတ်ဘူးလား။"
ရွှစ် …. ရွှစ်။
နောက်ထပ်ကျည်ဆံများသည် လေပွေဝံပုလွေ၏ ခန္ဓာကိုယ်ပေါ်ရှိ လေလှိုင်းများအား ဖြတ်သန်း၍ ခန္ဓာကိုယ်အား ထိမှန်သွားတော့သည်။
သို့ပေမဲ့ ကျည်ဆံများ၏ အားအင်သည် အလွန်အမင်း အားနည်းသွားခဲ့ပြီဖြစ်သောကြောင့် လေပွေဝံပုလွေ၏ ခန္ဓာကိုယ်အား နာကျင်စေရုံသာ ပြုလုပ်နိုင်၏။ ကြီးကြီးမားမား ထိခိုက်ဒဏ်ရာ မဖြစ်ပေါ်နိုင်ပေ။
မည်မျှ တိကျသည့် ပစ်ခတ်မှု ဖြစ်နေစေကာမူ လေပွေဝံပုလွေ၏ ခန္ဓာကိုယ်သည် အရမ်း အားကောင်းလွန်းသောကြောင့် ထိမှန်သော်လည်း အသုံးဝင်သည့် ပစ်ချက်မျိုး မဖြစ်ခဲ့ချေ။
အာ … ဝူး။
လေပွေဝံပုလွေဘုရင်သည် အရမ်းဒေါသထွက်လာ၏။
ချက်ချင်းဆိုသလိုပဲ သူသည် ကျွင်းချောင်ရှောင်းဆီသို့ လှမ်းတက်လာသည်။
ရွှစ် … ရွှစ် …..။
သူ့ခန္ဓာကိုယ်ပေါ်မှ လေလှိုင်းများသည် တစ်ရိပ်ရိပ်နှင့် ပိုမို အားကောင်းလာပြီး အနီးအပါးတွင်ရှိသော သစ်ပင် ကျောက်တုံးများအားလုံးကို လွင့်စင်သွားစေ၏။
လခြမ်းဓားကွက် …. လခြမ်းဓားကွက်။
လီချင်းယန် ၊ စုရှောင်မို နှင့် တစ်ခြားသော သူများ အားလုံးသည် သူတို့၏ စိတ်ဝိညာဉ်အမျိုးအစား တိုက်ခိုက်ရေးနည်းစနစ် ဖြစ်သော လခြမ်းဓားကွက်အား ထုတ်ဖော်၍ လေပွေဝံပုလွေအား တိုက်ခိုက်လိုက်ကြသည်။
သို့ပေမဲ့ တစ်ဖက်သတ္တဝါ၏ ခန္ဓာကိုယ်ပေါ်တွင် လေလှိုင်းများ အကာအကွယ်ရှိနေသောကြောင့် သူတို့၏ တိုက်ခိုက်မှုများသည် အသုံးမဝင်လှချေ။
ရွှစ်။
ကြီးမားလှသော လေပွေဝံပုလွေသည် ရှေ့သို့ လှမ်းတက်လိုက်၏။
ကျွင်းချောင်ရှောင်း၏ အမူအယာသည် ပြောင်းလဲသွားသည်။ သူသည် အလျင်အမြန်ဆိုသလိုပဲ ဝိညာဉ် ခြေလှမ်းကိုအသုံးပြုကာ ရှောင်တိမ်းလိုက်သည်။
ဟူး။
ထိုအချိန်မှာပဲ သူ၏ နောက်ဘက်ဆီမှ အရိုးအေးလောက်သည် ခံစားမှုမျိုး ဖြစ်ပေါ်လာ၏။ ချက်ချင်းဆိုသလိုပဲ သူ၏ ရှေ့တွင် ထူထည်ကြီးမားလှသော ရေခဲအိတ်ကြီး ဖြစ်ပေါ်လာသည်။
ဘုန်း။
ကျွင်းချောင်ရှောင်းဆီသို့ ခုန်ဝင်လာသော လေပွေဝံပုလွေသည် တိုက်ရိုက်ဆိုသလိုပဲ ရေခဲပြင်ကြီးနှင့် ဝင်တိုက်မိသွားသည်။
ကြီးမားသည့် အားအင်အရှိန်အဟုန်ကြောင့် ရေခဲပြင်ပေါ်တွင် ကြီးမားသည့် အက်ကြောင်းများ ပေါ်ထွက်လာသည်။
ရေခဲနည်းစနစ် စိတ်ဝိညာဉ်စွမ်းအင်များကို အသုံးပြု၍ ရေခဲအဖြစ် ဖန်တီးခဲ့သော လုချင်းချင်းသည် အနည်းငယ် မျက်မှောင်ကုတ်မိသွား၏။
သူမ သည် အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားပြီး သူမ၏ ကျောက်စိမ်းလို လက်သွယ်သွယ်လေးများ သည် တဆတ်ဆတ် နှင့် တုန်ရင်လျက်ရှိသည်။
"တစ်ခုခုတော့ ဒုက္ခဖြစ်နေပြီ။ အမြန်နောက်ဆုတ်ရအောင်။"
သံမဏိ အရိုးဂိုဏ်းတပည့်များ ဆိုးရွားသည့် အခြေအနေကို ရင်ဆိုင်နေရသည်ကို မြင်တော့ သာမန်ကျင့်ကြံသူများအားလုံးသည် ချက်ချင်းဆိုသလိုပဲ နောက်ဆုတ်သွားရန် စဉ်းစားလိုက်မိကြ၏။
"ချီးတဲ့မှ"
ကျွင်းချောင်ရှောင်း၏ မျက်လုံးထဲတွင် ဒေါသတရားများနှင့် ပြည့်နက်လာသည်။ သူသည် အားအင်တိုးတက်ခြင်း အဆောင်အား ချိုးဖြတ်ပြီး နဂါးစိမ်း လခြမ်းဓားမော့အား ထုတ်ယူအသုံးပြုရန် စဉ်းစားလိုက်မိ၏။
ရွှီ။
ထိုအချိန်မှာပဲ ကျိုးဟုန်သည် လေပွေဝံပုလွေ၏ ဘေးနား၌ ပေါ်လာသည်။
သူသည် လက်တစ်ဖက်အား ဓားဆွဲယူသည့်ပုံစံအား ပြုလုပ်လိုက်တော့သည်။ ပြီးနောက် ပြောလိုက်၏။ "ဓားတိုက်ကွက် … ကျက်သရေကောင်းခြင်း။"
ချလွမ်။
ဓားသည် ဓားအိမ်ထဲမှ ထွက်ပေါ်လာ၏။
ဓားအော်ရာများသည် ထွက်ပေါ်လာပြီး ဓားချီများသည် တည်နေရာတစ်ခုလုံး ပြန့်နှံ့သွားသည်။
ဝှစ်။
အလွန်အမင်း အားကောင်းလှသော ဓားအော်ရာများသည် လေထုထဲ၌ ဖြတ်သန်းသွားပြီး လေပွေဝံပုလွေ ၏ ခန္ဓာကိုယ်သည် တိတိကျကျနှင့် ပြတ်တောက်သွား၏။
ထို့နောက် လေပွေဝံပုလွေ၏ မျက်လုံးထဲတွင် နာကျင်သည့် အရိပ်အယောင်များ ပေါ်ထွက်လာသည်။ ပြီးနောက် သူ၏ ခန္ဓာကိုယ်သည် အားလုံး၏ အကြည့်အောက်မှာပဲ ထက်ပိုင်းပြတ်ပြီး ပြုတ်ကျသွားတော့၏။