အခန်း (၁၉၀)
Vol. 13 Ch. 190
လေပွေဝံပုလွေ၏ ခန္ဓာကိုယ်သည် ပြုတ်ကျသွားချိန်မှာတော့ သူ၏ အမူအယာများသည် အေးခဲသွား၏။
ကျွင်းချောင်ရှောင်း ပင် အပါအဝင် ဖြစ်၏။
အဆင့်မြင့် သားရဲကြီးကို ဓားတိုက်ခိုက်ချက်တစ်ခုတည်းနှင့် သတ်ဖြတ်ပစ်လိုက်ခြင်း။ မည်မျှ အားကောင်းပြီး ကြောက်မက်ဖွယ်ရာ ကောင်းလောက်သနည်း။
အထူးသဖြင့် ဓားထုတ်ယူမှုနှင့် ဓားပြန်လည်ထည့်သွင်းမှု လုပ်ဆောင်ချက်သည် အလွန်တရာ မြန်ဆန်ပြီး ကြည့်ကောင်းလှ၏။
ဓားကျင့်ကြံသူများ ….။ ဤလူများသည် သိုင်းကျင့်ကြံသူအားလုံးထဲတွင် အားအကောင်းဆုံးနှင့် ကြည့်၍ အကောင်းဆုံး ကျင့်ကြံသူများပင် ဖြစ်တော့သည်။
ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှာ ကြုံးဝါးလိုက်မိ၏။ "ငါလည်း ဓားကျင့်ကြံသူတစ်ယောက် ဖြစ်ချင်တယ်။"
ဓားကျင့်ကြံသူတစ်ယောက် ဖြစ်ဖို့ဆိုသည်မှာ လွယ်ကူသည့် အရာတစ်ခုတော့ မဟုတ်ပေ။
ဓားကျင့်ကြံသူများအတွက် ပင်ကိုယ်စွမ်းရည်များသည် စတိုးဆိုင်ဆီမှ လွယ်လွယ်ကူကူ မရရှိနိုင်ပေ။ ဤအရာသည် စနိုက်ပါရိုင်ဖယ် ရရှိသည်ထက်ပင် ပို၍ ခက်ခဲနေသေးသည်။
“ဒင်။
လက်ခံသူသည် ဖုံးကွယ်ထားသော တာဝန်အား ပြည့်စုံခဲ့၏။
အထူးတာဝန်အဆင့် သားရဲကြီးအား သတ်ဖြတ်ပစ်လိုက်သည့် အတွက် တာဝန်ပြည့်စုံနိုင်ရန် ရှစ်ဆယ်ရာခိုင်နှုန်း ပြည့်စုံသွား၏။ ဂိုဏ်းစုဆောင်းမှတ် နှစ်ရာ ရရှိသည်။
"ဂိုဏ်းစုဆောင်းမှတ် ၁၁၅၀/၁၀၀၀။”
"ပိုနေသော ဂိုဏ်းစုဆောင်းမှတ်များအား နှစ်ဆယ့်လေးနာရီအတွင်း သုံးစွဲရန် လိုအပ်သည်။ မဟုတ်ပါက အလိုအလျောက်လျော့ချသွားမှာဖြစ်၏။"
သတိပေးသံကို ကြားရှိပြီးသည့်နောက် ကျွင်းချောင်ရှောင်း ပျော်သွား၏။
"ဒါကလည်း အထူးတာဝန်အဆင့် ဖုံးကွယ်ထားတဲ့ တာဝန်ကိုး …… ။ ငါသိပြီ …. ဒါဆိုရင် မီးနဂါးကြီးကို သတ်ပစ်မှ ဖြစ်မယ်။"
“ဒင်။
လက်ခံသူသည် ဖုံးကွယ်ထားသည့်တာဝန်အား ပြည့်စုံအောင် ပြုလုပ်နိုင်သည့်အတွက်ကြောင့် စည်းဖွင့်ခြင်း အဆောင်အား လက်ခံရရှိသည်။ ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်ပေးလိုက်ပါသည်။”
ကျွင်းချောင်ရှောင်း ကြောင်သွား၏။
ပြီးနောက် သူသည် အလွန်တရာ ပျော်ရွင်ပြီး ထခုန်မိမတတ်ပင် ဖြစ်သွားသည်။
သူ၏ အကြီးမားဆုံးသော ဝှက်ဖဲသည် မည်သည့်အရာ ဖြစ်သနည်း။ စည်းခတ်ထားသော ဓားမော့ပင်ဖြစ်၏။
ယခု သူသည် စည်းခတ်ထားသော အဆောင်တစ်ခုအား လက်ခံရရှိခဲ့သည်။
ဤအရာသည် သံသယရှိစရာမလိုအောင်ပင် ကောင်းမွန်လှသောအရာပင် ဖြစ်၏။
"ကလေးတို့"
စိတ်ကောင်းဝင်နေသော ကျွင်းချောင်ရှောင်းသည် အော်လိုက်၏။ "နေရာတစ်ခုလုံးကို သန့်ရှင်းလိုက်ကြတော့။"
"ကောင်းပါပြီ။"
အားလုံးသည် အရေခွံကို ခွာသူခွာ ၊ အရိုးကို ထုတ်သူထုတ် ၊ သလင်းအမြုတေများအား ဆွဲယူသူယူနှင့် အလုပ်ရှုပ်လျက်ရှိကြ၏။
သူတို့သည် အရင်တစ်ကြိမ်တုန်းက ရရှိခဲ့သော ကြက်သွေးရောင်ဝံပုလွေ သားရေ နှင့် အရိုးများအား သိုလှောင်လက်စွပ်ထဲမှ ထုတ်လိုက်ကြပြီး ယခု လေပွေဝံပုလွေ၏ အရိုးနှင့် အရေခွံများအား အစားထိုး ပြန်လည်ထည့်သွင်းလိုက်ကြ၏။
သာမန်ကျင့်ကြံသူများသည်လည်း ပျော်ရွင်သွားကြသည်။
သူတို့သည် ကြက်သွေးရောင် မီးတောက်ဝံပုလွေ၏ အရိုးနှင့် သားရေများကို ရရှိတော့မည် မဟုတ်လား။
ကျွင်းချောင်ရှောင်းသည် လှမ်းကြည့်ကာ ပြောလိုက်သည်။ "မပြောဘူးလား။ ကျုပ်တို့ သံမဏိအရိုးဂိုဏ်းက တရားမျှတမှု ရှိပါတယ်လို့။ ခင်ဗျားတို့တွေ အခုလိုချင်တာ ရကြပြီ မဟုတ်လား။"
သူ့အနေနှင့် ဤအရာများကို ယူဆောင်ဖို့ မဖြစ်နိုင်သောကြောင့် ရက်ရောသည့်အမူအယာများကို ပြုလုပ်ပြရန် လိုအပ်သည်မဟုတ်လား။
"ကျေးဇူးပါ ဂိုဏ်းချုပ်ကျွင်း"
သာမန်ကျင့်ကြံသူများသည် အလောတကြီးဖြင့် စုဝေးလာကြပြီး ကြက်သွေးရောင် မီးတောက်ဝံပုလွေ၏ သားရေနှင့် အရိုးများအား သိုလှောင်လက်စွပ်ထဲသို့ ထည့်သွင်းကြ၏။
ကျွင်းချောင်ရှောင်းနှင့် သူ၏တပည့်တို့သည် သေမင်းတောင်ကြားထဲတွင် ရောက်ရှိနေခဲ့သည်မှာ သုံးရက်ကြာပြီ ဖြစ်၏။ သူတို့သည် သုံးရက်လုံးလုံး အနောက်မှ လိုက်လာခဲ့ပြီး တန်ဖိုးရှိသည့်အရာများကိုလည်း ရရှိခဲ့ကြသည်။
ကျွင်းချောင်ရှောင်းသည် ခေါင်းခါယမ်းကာ ပြောလိုက်သည်။ "ငါ့ဆီမှာ ပိုပြီးတော့ တည်နေရာများများပါတဲ့ သိုလှောင်လက်စွပ်တွေရှိရင် ဒီလူတွေ ဒီလိုမျိုး ရစရာ အကြောင်း မရှိဘူး။"
စနစ်မှ ပြောလိုက်သည်။ “လက်ခံသူအနေနဲ့ စတိုးကို refresh လုပ်ရန် လိုအပ်တယ်။ ကံကောင်းရင် ပိုပြီး တည်နေရာ ကျယ်ဝန်းတဲ့ သိုလှောင်လက်စွပ်ကို ရမှာပဲ။”
ကျွင်းချောင်ရှောင်း တီးတိုးရေရွတ်လိုက်၏။ "နောက်ထပ် ဂိုဏ်းစုဆောင်းမှတ်တွေကို ကုန်ဆုံးအုံးမှာပေါ့။"
ကောင်းကင်တစ်ခုလုံး မဲမှောင်သွားတော့သည်။
သူသည် တပည့်များအား အနားယူရန် အမိန့်ပေးလိုက်သည်။ ပြီးနောက် စနစ်ကို ဖွင့်၍ refresh လုပ်ရန် ပြင်လိုက်၏။
ထိုအချိန်မှာပဲ ကျိုးဟုန် ရောက်ရှိလာပြီး မေးလိုက်၏။ "ဂိုဏ်းချုပ် ကျွန်တော့်ရဲ့ လုပ်ဆောင်မှုကို သဘောကျရဲ့လား။"
"အရမ်းသဘောကျတာပေါ့။"
ကျွင်းချောင်ရှောင်း ချီးကျူးလိုက်၏။
အားကောင်းလှသော ဓားကျင့်ကြံသူသာ မပါလျှင် သူသည် အားအင်ချိုးဖြတ်ခြင်းအဆောင်အား အသုံးပြု၍ နဂါးစိမ်းလခြမ်းဓားမော့ကို ထုတ်ယူအသုံးပြုနေရမှာဖြစ်သည်။
ကျိုးဟုန် ပြောလိုက်သည်။ "ဂိုဏ်းချုပ် ဒါဆိုရင် ဓားနည်းစနစ်က။"
"ဒီမှာ … ရော့"
ကျွင်းချောင်ရှောင်းသည် လင်းကျန်ဓားသိုင်းအား လှမ်းပစ်ပေးလိုက်သည်။ "သွားပြီး နားလည်အောင် လုပ်ပေတော့။"
လေပွေဝံပုလွေဘုရင်ကို သတ်ဖြတ်ပြီးသည့်နောက်မှာ သူသည် သူ၏ တပည့်အား နတ်ဘုရား ဓားနည်းစနစ်အား ပေးလိုက်၏။
ဂိုဏ်းချုပ် ကျွင်းသည် အလွန်တရာ ရက်ရောလှပေသည်။
ဟုတ်ပေသည်။ သူ ရက်ရောသည်ဆိုသည်မှာ သူ၏ တပည့်များအတွက်သာ ဖြစ်၏။ တစ်ခြားသောသူများအတွက်ဆိုလျှင် အလွန်တရာ ကပ်စေးနည်းလှ၏။
သူ့ဆီမှာ သိုလှောင်လက်စွပ် လုံလု့လောက်လောက် မရှိသောကြောင့် သာမာန်ကျင့်ကြံသူများအားလုံးသည် အကြွင်းအကျန်များကို ရရှိနေခြင်း ဖြစ်သည်။ မဟုတ်လျှင် မည်သည့် အကြွင်းအကျန်ကိုမှ ရရှိလိမ့်မည် မဟုတ်ပေ။
ကျိုးဟုန်သည် လင်းကျန်ဓားသိုင်းအား လှမ်းဖမ်းပြီး အနည်းငယ် ကြောင်အအဖြင့် ဖြစ်နေသည်။
ထိုမျှ အားကောင်းလှသော ဓားနည်းစနစ်အား ပေးသည်ဆိုလျှင်တောင်မှ သပ်သပ်ရပ်ရပ် ခန့်ခန့်ညားညား ပေးရမည် မဟုတ်လား။ သို့ပေမဲ့ ဂိုဏ်းချုပ်သည် အမှတ်တမဲ့နှင့် အလေးမထားသလို လှမ်းပစ်၍ ပေးခဲ့၏။
"ကျေးဇူးပါ ဂိုဏ်းချုပ်။"
ကျိုးဟုန်သည် မြန်မြန်ဆန်ဆန်ဆိုသလိုပဲ သိုင်းကျမ်းအား ဖွင့်ကြည့်လိုက်၏။ ပြီးနောက် သိုင်းကျမ်းအား ယူဆောင်ကာ လူရှင်းသည့် နေရာတစ်ခုဆီသို့ သွားဖတ်လိုက်တော့သည်။
ဓားနည်းစနစ်ကို ဖန်တီးထားသူမှာ ဓားအင်ပါယာတစ်ယောက် ဖြစ်သည်ဆိုသည်ကို မြင်တော့ သူ၏ မျက်လုံးများထဲတွင် စိတ်အားတက်ကြွမှုများနှင့် တက်ကြွလာ၏။
ဓားအင်ပါယာ။ ဤအရာသည် ဓားကျင့်ကြံသူများ၏ အိမ်မက်ပင် ဖြစ်သည်။
ဓားအင်ပါယာတစ်ယောက် ဖန်တီးထားသည့် ဓားနည်းစနစ်တစ်ခုကို ကျင့်ကြံရသည်ဆိုသည်မှာ အလွန်တရာ ကြီးကျယ်ခန်းနားလှသော အောင်မြင်မှုပင် ဖြစ်တော့၏။
ကျိုးဟုန်သည် ဒုတိယစာမျက်နှာကို လှန်ပြီး လင်းကျန်ဓားသိုင်းကို နားလည်အောင် စတင်ဖတ်ရှုလိုက်မိတော့၏။
သူ၏ မျက်ခုံးများမှာ ကျုံ့သွားတော့၏။ သူ၏ မျက်နှာမှာလည်း လေးနက်လာသည်။ နောက်ဆုံးမှာတော့ သူသည် ပိုမို၍ စိတ်အား တက်ကြွလာမိ၏။
ရီရှင်းချန် တွေးလိုက်မိ၏။ "ဒီကောင်လေး ဒါကို နားလည်ရင် သူ့ရဲ့ကျင့်ကြံခြင်းမှာ ကောင်းကောင်းကြီး တိုးတက်လာမှာပဲ။"
လင်းကျန်ဓားသိုင်းသည် တစ်ကိုယ်တော် ဓားအင်ပါယာဆိုသူ ဖန်တီးထားခဲ့ခြင်း ဖြစ်ပြီး ဓားနည်းစနစ်တစ်ခုသာ မဟုတ် ဓားနယ်မြေ တစ်ခုလည်း ဖြစ်၏။ သာမန်ထက်ပိုသော ပါရမီကို ပိုင်ဆိုင်သော ဓားကျင့်ကြံသူများ အနေဖြင့် အလွန်အမင်း အကျိုးကျေးဇူး ရရှိနိုင်သည်။
ကျိုးဟုန်သည် ဓားကျင့်ကြံခြင်းနည်းစနစ်ကို ကျင့်ကြံနေခဲ့၏။
ဂိုဏ်းချုပ်ကျွင်းသည်လည်း စတိုးအား refresh စတင်၍ လုပ်တော့သည်။ နောက်ဆုံးမှာတော့ သူသည် ကံဆိုးနေတုန်းပင် ဖြစ်သည်။
refresh ဆယ်ခါ ပြုလုပ်၍ ဂိုဏ်းစုဆောင်းမှတ် ၂၀၀ကို အသုံးပြုခဲ့သည်ဆိုသော်လည်း ဘာမှမဟုတ်သော ပစ္စည်းများကိုသာ သူ တွေ့ရှိနေ၏။
"ငါ ပင်ကိုယ်စွမ်ရည်လေးပုလင်းကို ဘာလို့ မဝယ်ခဲ့တာတုန်း။ နေရင်းထိုင်ရင်း refresh တွေ လျှောက်လုပ်မိတာ နှမြောစရာကြီးကွာ။"
ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှာ မချိတင်ခဲ ဖြစ်နေမိ၏။
စနစ်မှ ထပ်ပြောလိုက်၏။ "ကံကောင်းလာမှာပါ။"
"မင်းသာ ငါ့ကို မမြှောက်ပေးရင် ဘာလို့ refresh ကို အရူးထပြီး လုပ်နေမိလဲ။" ကျွင်းချောင်ရှောင်း အော်လိုက်မိ၏။
စနစ်မှ ပြောလိုက်သည်။ "ကောင်းပါပြီ … ကောင်းပါပြီ ။ ရှိရှိသမျှသော အပြစ်တွေကို တစ်ယောက်ပဲ ခံယူလိုက်ပါ့မယ်။"
ကျွင်းချောင်ရှောင်းသည် အံကြိတ်ကာ ဆက်လက်၍ refresh လုပ်လိုက်၏။
ထို့အပြင် မီးနဂါးကို သတ်ဖြတ်ရန် ကျန်ရှိနေသောကြောင့် သူ့အနေနှင့် ပိုမိုကောင်းမွန်သည့် အရာများအား ရရှိထားရန် လိုအပ်သည်။
ဤတစ်ကြိမ်တွင်လည်း သူ၏ကံသည် မကောင်းလှချေ။
နောက်ထပ်ငါးကြိမ်မြောက် refresh လုပ်ပြီး ဂိုဏ်းစုဆောင်းမှတ်၁၀၀ အား အသုံးပြုပြီးသည့်နောက်မှာတော့ အင်ပါရီယာမီးအတတ်ပညာဆိုသော သိုင်းနည်းစနစ်တစ်ခုကို ရရှိခဲ့၏။
ဤနည်းစနစ်သည် သာမန်အထက်အဆင့် သိုင်းနည်းစနစ်တစ်ခု ဖြစ်သည်။
တောင်ဖြို လက်ဝါးသိုင်းနည်းစနစ်လောက် မကောင်းဘူးဆိုသော်လည်း မီးဓာတ်အမျိုးအစား သိုင်းနည်းစနစ် ဖြစ်သောကြောင့် ရှားပါးလှ၏
ကျွင်းချောင်ရှောင်းကဲ့သို့ သပ်ရပ်မီးကို ပိုင်ဆိုင်သော လူတစ်ယောက်အနေဖြင့် ကျင့်ကြံရန် သင့်တော်လှသည်။
ဝယ်မည်။
“ဒင်။
လက်ခံသူသည် သိုင်းစုဆောင်းမှတ် ငါးဆယ်အား အသုံးပြု၍ အင်ပါရီယာမီးအတတ်ပညာနည်းစနစ် တစ်ခုအား ရယူခဲ့၏။ ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပိုဆောင်လိုက်ပါပြီ။”
“ဒင်။
ဂိုဏ်းစုဆောင်းမှတ် ၈၀၀/၁၀၀၀”
ဤသိုင်းနည်းစနစ်ကို ကျင့်ကြံရန် မီးဓာတ်အမျိုးအစား ကျင့်ကြံသူ ဖြစ်ရန် လိုအပ်သည်။ ထို့ကြောင့် စနစ်သည် ဂိုဏ်း၏ သိုင်းနည်းစနစ်အဖြစ် ရှိသည်ဟု မရွေးချယ်ခဲ့ပေ။
ကျွင်းချောင်ရှောင်းသည် ဆက်လက်၍ ရှာဖွေကြည့်သည့်နောက်မှာတော့ ရေခဲကိုးလွှာ စည်းခတ်ခြင်း လက်ဝါး ဆိုသော သိုင်းနည်းစနစ်တစ်ခုအား တွေ့လိုက်မိ၏။ မြန်မြန်ဆန်ဆန်ပဲ ဖွင့်ဖတ်ကြည့်မိလိုက်မိသည်။
ရေခဲကိုးလွှာ စည်းခတ်ခြင်းလက်ဝါး။
ရေခဲဓာတ်တွင် ကျွမ်းကျင်သော သိုင်းအင်ပါယာတစ်ယောက် ဖန်တီးခဲ့သော နည်းစနစ်တစ်ခုဖြစ်၏။
အကျိုးသက်ရောက်မှု - တစ်လွှာချင်းစီအား နားလည်သည့်အချိန်တိုင်းတွင် ရေခဲဓာတ်စွမ်းအင်များနှင့် ပစ်မှတ်အား အေးခဲအောင် ပြုလုပ်နိုင်စွမ်းရှိသည်။
ကိုးလွှာလုံးအား နားလည်အောင် ကျင့်ကြံနိုင်မည်ဆိုလျှင် မိုင်တစ်သောင်းအတွင်းရှိ အရာဝတ္ထုအားလုံးအား အေးခဲအောင် ပြုလုပ်နိုင်သည်။
ရေခဲဓာတ်စင် ကျင့်ကြံသူများနှင့်သာ သင့်တော်၏။
ရေခဲဓာတ် အထူးခန္ဓာကိုယ်ကိုသာ ပိုင်ဆိုင်လျှင် ပို၍ မြန်ဆန်စွာနားလည်ပေလိမ့်မည်။
ဈေးနှုန်း - ဂိုဏ်းစုဆောင်းမှတ် ၁၀၀။
အဆင့် - နတ်ဘုရား အလယ်အလတ်အဆင့်။
နောက်ဆုံး refresh တစ်ကြိမ်လုပ်လိုက်သည့်အချိန်မှာတော့ ရေခဲနှင့် မီးဓာတ် သိုင်းနည်းစနစ်နှစ်ခုလုံးကို တစ်ပြိုင်နက်တည်း ရရှိခဲ့၏။ သူ၏ ကံတရားသည် မဆိုးလှချေ။
သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်ကျမိနေ၏။
ငါနဲ့ သင့်တော်တဲ့ သိုင်နည်းစနစ်ကျတော့ သာမန်အဆင့်။ ငါနဲ့ မသင့်တော်တဲ့ သိုင်း နည်းစနစ်ကျတော့ နတ်ဘုရားအဆင့်တဲ့ … ချီးထဲမှကွာ။
စနစ်မှ ပြောလိုက်သည်။ “လက်ခံသူလည်း ရေခဲဓာတ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်မယ် ဆိုရင် ရေရော၊ မီးရော နှစ်ခုလုံးကို ကျင့်ကြံနိုင်ပါတယ်။”
"ငါ အဲ့လောက်ကံကောင်းမယ်လို့ မင်း ထင်နေတာလား။" ကျွင်းချောင်ရှောင်း အလိုမကျသလို ပြန်ပြောလိုက်၏။
စနစ်သည် မှန်မှန်ကန်ကန်ပဲ ပြန်ပြောလိုက်၏။ "ယောကျာ်းတစ်ယောက်အနေနဲ့ အစောကြီးကတည်းက စိတ်ဓာတ် မကျသင့်ပါဘူး။"
တောက်။
ဂိုဏ်းစုဆောင်းမှတ်တွေ သုံးဖြုန်းပစ်ရန် ဘေးနားက မြှောက်ပေးနေပြီ။
ဤစနစ်သည် သောက်ကျင်ကျ့င့်မကောင်းလှချေ။
ကျွင်းချောင်ရှောင်းသည် မလှမ်းမကမ်းတွင် ကျင့်ကြံလျက်ရှိသော လုချင်းချင်းအား လှမ်းကြည့်ကာ တွေးလိုက်မိ၏။ ဒီနည်းစနစ်က သူမနဲ့ပဲ သင့်တော်မှာပဲ။
"ချင်းချင်း"
သူသည် လုချင်းချင်း အနားသို့သွား၍ စိတ်ပူစွာ မေးလိုက်၏။ "မင်း အဆင်ပြေရဲ့လား"
ဤအမျိုးသမီးသည် သူ့အား ကယ်တင်ရန်အတွက် ရေခဲအကာကြီးတစ်ခုလုံးကို ဖန်တီးခဲ့၏။ ထို့ကြောင့်ပင် သူမသည် ထိခိုက်မှုကို ခံစားခဲ့ရ၏။
လုချင်းချင်းသည် ပုံမှန်အားဖြင့် အလွန်တရာ အေးစက်လှပြီး ကျွင်းချောင်ရှောင်းကို ရင်နာစေရန် စကားလုံးများဖြင့် ခဏခဏတိုက်ခိုက်တတ်သည်ဆိုသော်လည်း စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်း ၊ ဟောင်ချီ ဂိုဏ်းတို့နှင့် ရင်ဆိုင်ရချိန်မှာတော့ သူမ၏ ဓားကို ထုတ်ယူကာ အဆုံးစွန်ထိ ရင်ဆိုင်ရန် ပြင်ဆင်ခဲ့၏။
ထို့ကြောင့် သူမသည် သူ့အား ဂိုဏ်းချုပ်တစ်ယောက်အဖြစ် အသိအမှတ်ပြု ပြီးဖြစ်သည်ဟု ဆိုရမည်ဖြစ်၏။
လောကကြီးတွင် အလွန်အေးစက်တတ်သော မိန်းမများ အများအပြားရှိကြသည်။
သူ၏ တပည့်သည် ထိုကဲ့သို့ မိန်းမမျိုးပင် ဖြစ်၏။
ထက်ရှလှသည့် လျှာကို ပိုင်ဆိုင်ထားသည်ဆိုသော်လည်း အတွင်းစိတ်နှလုံးသားမှာတော့ အလွန်တရာ နူးညံ့လှသည်။
ဟူး။
လုချင်းချင်းသည် သူမ၏ ထိုက်ရွှမ် နှလုံးသား နည်းစနစ်အား ခန္ဓာကိုယ်အတွင်း လှည့်ပတ်နေရာမှ ရပ်တန့်လိုက်ပြီး ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။ “ကျွန်မ အဆင်ပြေပါတယ်။”
သူမသည် သွေးအန်ခဲ့ရ၏။သို့ပေမဲ့ အဆင်ပြေနေသည်။
ကျွင်းချောင်ရှောင်း ဆွံအသွားမိ၏။ "ဘာလို့ ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးကို မသောက်တာလဲ။"
"မလိုလို့ပါ။" လုချင်းချင်း ပြောလိုက်သည်။
ဤမျှသေးငယ်သော ဒဏ်ရာလေးအတွက်နှင့် သူမသည် ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးအား မဖြုန်းတီးချင်ပေ။ ဤ ဒဏ်ရာမျိုးသည် ခဏလောက် အနားယူပြီးနောက် ပြန်လည်ကောင်းမွန်သွားမှာဖြစ်၏။
“ရော့။” ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
"ရေခဲဓာတ် ကျင့်ကြံခြင်း နည်းစနစ်ပဲ။ မင်း ကျင့်ကြံလို့ရလား ကြည့်လိုက်။"