← Chapters

အခန်း (၁၉၁)

Vol. 13 Ch. 191

အခန်း (၁၉၁)

Vol. 13 Ch. 191

ကျွင်းချောင်ရှောင်းသည် ဂိုဏ်းစုဆောင်းမှတ် ၁၀၀ အား အသုံးပြု၍ ရေခဲကိုးလွှာ စည်းခတ်ခြင်း လက်ဝါးအား ဝယ်ယူလိုက်သည့်အပြင် မိတ္ထူအဆောင်တစ်ထောင်ကိုလည်း ဆွဲလိုက်သေး၏။

သူ ကျင့်ကြံ၍ မရနိုင်သေးဘူးဆိုသော်လည်း အနာဂတ်အတွက် ရည်ရွယ်၍ မိတ္ထူများ ဆွဲယူထားလိုက်ခြင်းပင် ဖြစ်၏။

လုချင်းချင်းသည် ဂိုဏ်းချုပ်ပေးသော လျို့ဝှက်သိုင်းကျမ်းအား ယူ၍ ကြောင်အလျက်ရှိသည်။

"ရှောင်မို"

ကျွင်းချောင်ရှောင်း လှည့်ကာ ပြောလိုက်၏။ "ထင်းတွေသွားရှာပြီး မီးမွှေးတော့။ ပြီးရင် ဝံပုလွေသား စားကြမယ်။"

"ကောင်းပါပြီ"

စုရှောင်မိုသည် ထင်းများသွား၍ ခုတ်လေဝော့သည်။

လုချင်းချင်းသည် လျှို့ဝှက်သိုင်းကျမ်းအား လှန်လိုက်၏။

ဤနည်းစနစ်သည် ရေခဲသိုင်းအင်ပါယာတစ်ယောက် ဖန်တီးထားတာဖြစ်ကြောင်း မြင်လိုက်ချိန်မှာတော့ သူမ၏ မျက်လုံးထဲတွင် ထိပ်လန့်တုန်လှုပ်မှုများနှင့် ပြည့်နက်သွားသည်။

သိုင်းအင်ပါယာတစ်ယောက် ဖန်တီးထားသော သိုင်းနည်းစနစ်ဆိုသည်မှာ ကျိန်းသေပေါက် အရည်အသွေး မြင့်မားသော နည်းစနစ်တစ်ခု ဖြစ်ပေလိမ့်မည်။

သူမအား ပို၍ ထိပ်လန့်တုန်လှုပ်စေသည်မှာ ဂိုဏ်းချုပ်သည် ထိုကဲ့သို့သော နည်းစနစ်မျိုးကို လက်လွတ်စပယ် ထုတ်ပေးနေခြင်းပင်။

လုံလောက်သည့် အခြေခံ နည်းစနစ် မရှိဘဲနှင့် ဤမျှအားကောင်းလှသော သိုင်းနည်းစနစ်ကို ထုတ်မပေးနိုင်ချေ။

ထို့ကြောင့် သံမဏိအရိုးဂိုဏ်းသည် ရှေးယခင်ကတည်းက ဆင်းသက်လာခဲ့တာဖြစ်ကြောင်း လုချင်းချင်း ပို၍ ယုံကြည်သွားမိ၏။

ကျွင်းချောင်ရှောင်းသည် အထက်နယ်မြေ ဆီမှ လာခဲ့ခြင်း ဖြစ်ကြောင်း ရီရှင်းချန် ထင်မှတ်နေ၏။ သူမကတော့ သံမဏိအရိုးဂိုဏ်းသည် ရှေးယခင်ကတည်းက ဆင်းသက်လာခဲ့တာ‌ဖြစ်ကြောင်း ယုံကြည်လျက်ရှိသည်။

တစ်စုံတစ်ယောက်၏ စိတ်ကူးအထင်များသည် တစ်ခါတစ်ရံတွင် ဤကဲ့သို့ပင် ဖြစ်နေသည်။

သူတို့အနေနှင့် ထင်လည်း ထင်ချင်လောက်စရာပင်ဖြစ်သည်။

ကျွင်းချောင်ရှောင်းသည် မယုံနိုင်စရာကောင်းလှသော နည်းစနစ်များအား တစ်ခုပြီးတစ်ခု ပေးနေသည် မဟုတ်လား။

ဝှစ် … ဝှစ် … ဝှစ်။

မီးတောက်များ တောက်လောင်လာပြီးနောက် ကြီးမားလှသော ဝံပုလွေ ခြေထောက်ကြီးအား ဆီများဖြင့် ကောင်းကောင်း သုတ်လိမ်း၍ ကင်လိုက်ဝောာ့သည်။

သာမန်ကျင့်ကြံသူများသည် စုဝေးကာ အဝေးတစ်နေရာတွင် သူတို့လွင့်ပစ်ထားသော အသားများအား ပြန်ကောက်၍ ကင်နေကြ၏။

လူတော်တော်များများသည် သေမင်းတောင်ကြားထဲသို့ ခဏခဏ ရောက်ခဲ့ဖူးသူများ ဖြစ်ကြသည်။ သို့ပေမဲ့ နေ့ခင်းအချိန်ကြီး အသားအား မီးကင်၍ စားရသည်မှာ စိတ်လှုပ်ရှားစရာ ကောင်းကြောင်း ပထမဦးဆုံး ကြံဖူးရခြင်းပင်ဖြစ်သည်။

သံမဏိအရိုးဂိုဏ်း တပည့်များသည် ဗိုက်ပြည့်သွားသောအခါ သူတို့၏ နားခိုရာ ပိုးချည်မျှင်များဖြင့် ပြုလုပ်ထားသော တဲများထဲသို့ ဝင်ရောက်နားခိုတော့၏။

တစ်ချို့သော တပည့်များမှာတော့ ကင်းစောင့်လျက် ရှိသည်။

ကျိုးဟုန်သည် မအိပ်သေးပေ။ သူသည် လင်းကျန်ဓားသိုင်းအား နားလည်အောင် ဖတ်ရှုလျက်ရှိသည်။

သူ၏ မျက်နှာပေါ်တွင် ရှိသော အရိပ်လက္ခဏာများအား ကြည့်လိုက်သည်နှင့် သူသည် အတော်အတန်နားလည်နေပြီဖြစ်ကြောင်း သိရှိနိုင်၏။

လုချင်းချင်းသည်လည်း ရေခဲကိုးလွှားနည်းစနစ်အား နားလည်အောင် ကျင့်ကြံလျက်ရှိသည်။

သူမ၏ စိတ်ထဲတွင် ရှိသော ထိပ်လန့်တုန်လှုပ်မှုသည် ပိုပို၍ အားကောင်းလာ၏။

ဤ နည်းစနစ်သည် ထိုက်ရွှမ် အအေးနှလုံးသား နည်းစနစ်ဖြင့် နှိုင်းယှဉ်၍ မရနိုင်ဘူး ဆိုသော်လည်း ထုတ်ဖော် တိုက်ခိုက်လိုက်ရုံဖြင့် ပစ်မှတ်အား အေးခဲနိုင်စွမ်းရှိနေ၏။ အဆင့်မြင့်လာသည်နှင့်အမျှ ကောင်းကင်နှင့် မြေကြီးကိုပင် အေးခဲအောင် ပြုလုပ်နိုင်စွမ်းရှိသည်။ ဤအရာသည် နတ်ဘုရားအဆင့် ရေခဲအမျိုးအစား သိုင်းနည်းစနစ် ကျိန်းသေပေါက် ဖြစ်ရမည်။

လုချင်းချင်း၏ ရေခဲလွင်ပြင် နည်းစနစ်သည် ရေခဲအမျိုးအစား သိုင်း နည်းစနစ်တစ်ခု ဖြစ်သည်။ သို့ပေမဲ့ အဆင့်နိမ့်ဖြစ်သောကြောင့် မြေပြင်ကိုသာ ရေခဲလွှာများဖြစ်အောင် ဖန်တီးနိုင်စွမ်းရှိ၏။

ရေခဲကိုးလွှာ စည်း လက်ဝါးနှင့် ယှဉ်လျှင် အရည်အသွေးမှာ မြေကြီးနှင့် ကောင်းကင်ကြီးလောက် ခြားနားလှသည်။

ရွှီ။

တစ်ညလုံး လေ့ကျင့်ပြီးသည့်နောက်မှာတောပယ့ လုချင်းချင်းသည် သူမ၏ လက်ကို မြှောက်၍ သူမနား၌ အသာလျှောက်လမ်းသွားသည့် ပုရွက်ဆိတ်တစ်ကောင်အား ရေခဲဖြင့် အေးခဲလိုက်၏။

တိုက်ခိုက်ရေးစွမ်းအင် လုံးဝမရှိသော ပုရွက်ဆိတ်တစ်ကောင်အား ရေခဲဖြင့် အေးခဲအောင် ပြုလုပ်လိုက်ခြင်း ဖြစ်သော်လည်း ဤအရာသည် လွယ်ကူလှသည် မဟုတ်ချေ။

သို့ပေမဲ့ ဤမိန်းကလေးသည် လေးနာရီလောက် ကျင့်ကြံပြီးသည့်နောက်မှာတော့ ဤကဲ့သို့ လုပ်ဆောင်နေနိုင်ပြီ ဖြစ်သည်။

"ငါ ဒီလောက်မြန်မြန်ဆန်ဆန် နားလည်တာ ထိုက်ရွှမ် အအေးနှလုံးသား ခန္ဓာကိုယ်ရှိနေလို့ပဲ ဖြစ်ရမယ်။" လုချင်းချင်း တွေးလိုက်မိ၏။

မှန်ပေသည်။

ရေခဲကိုးလွှာစည်း လက်ဝါး နည်းစနစ်သည် ရေခဲဓာတ်အမျိုးအစား ခန္ဓာကိုယ်ကို ပိုင်ဆိုင်သူများ ကျင့်ကြံလျှင် သာမန်ကျင့်ကြံသူများထက် ပို၍ မြန်ဆန်၏။

ဤနည်းစနစ်သည် မည်မျှမြန်ဆန်အောင် နားလည်နိုင်သနည်းဟုဆိုသော် တစ်စုံတစ်ယောက်၏ ခန္ဓာကိုယ်နှင့် သက်ဆိုင်လျက်ရှိသည်။

နောက်တစ်နေ့မှာတော့ ကျွင်းချောင်ရှောင်းသည် စောစောထ၍ ပြောလိုက်သည်။ "သွားကြစို့"

"မီးနဂါးသားရဲလား။"

နာမည်ကို ကြားလိုက်သည်နှင့် မီးဓာတ်အမျိုးအစားသားရဲတစ်ကောင်ဖြစ်မှန်း လူတိုင်း နားလည်နိုင်ပေ၏။

လှိုဏ်ခေါင်းထဲတွင် ပူလောင်လှသော လေများ ရှိနေသည်ဆိုလျှင် ထိုအကောင်အား တွေ့နိုင်ရန် အခွင့်အရေး ရှိပေသည်။

ကျွင်းချောင်ရှောင်း ကြိတ်ကာ တွက် ချက်လိုက်မိ၏။

သို့ပေမဲ့ အချိန်အတော်ကြာ ရှိပြီးသည့်နောက် အပူလှိုင်းများရှိသော လှိုဏ်ခေါင်းအား သူတို့ ရှာမတွေ့ခဲ့ပေ။

သို့သော်ငြား များပြားလှသော အဆင့်မြင့်သားရဲများကို သူတို့ တိုက်ခိုက်ခဲ့ရ၏။

သေမင်းတောင်ကြား၏ အတွင်းဘက်သို့ အတော်ကြာ ဝင်ရောက်ပြီး ဖြစ်သောကြောင့် တွေ့ခဲ့ရသော သားရဲများမှာ သိုင်းတပည့် ထိပ်ဆုံးအဆင့် ကျင့်ကြံသူများနှင့် နှိုင်းယှဉ်၍ ရနိုင်သော သားရဲရိုင်းများ ဖြစ်နေသည်။

တစ်ခါတစ်ရံတွင် ထိုထက် အဆင့်တစ် ၊ နှစ် မြင့်မားသော သားရဲရိုင်းများနှင့် ပို၍ အားကောင်းလှသော သားရဲရိုင်းများအား သူတို့ ကြုံတွေ့ခဲ့ရ၏။

ကံကောင်းလှစွာဖြင့် လေပွေဝံပုလွေကဲ့သို့သော သိုင်းစစ်သူကြီးအဆင့် သားရဲရိုင်းများအားတော့ သူတို့ မတွေ့ရှိခဲ့ပေ။

ရှောင်ကျီနှင့် လီယုဟွာတို့သည် ရှေ့ဆုံးမှ သွား၍ တစ်ခြားသောတပည့်များသည် အအေးဓားများ ၊ လှံများကို ကိုင်ဆောင်၍ သားရဲ တစ်ကောင်ပြီးတစ်ကောင်အား အောင်အောင်မြင်မြင် သတ်ဖြတ်နေကြ၏။

အနောက်မှ လိုက်လာကြသော သာမန်ကျင့်ကြံသူများသည် ဆွံ့အလျက်ရှိသည်။

သံမဏိအရိုးဂိုဏ်းတပည့်များထဲတွင် ရေခဲဓာတ်အမျိုးအစား စွမ်းရည်ကို ပိုင်ဆိုင်သော တပည့် ရှိရုံသာမက ဓားစွမ်းရည်တွင် ကျွမ်းကျင်သော ဓားကျင့်ကြံသူ လည်း ရှိနေသည်။

ထို့အပြင် တစ်ခြားတပည့်များမှာလည်း သိုင်းတပည့်အဆင့် ကျင့်ကြံသူများ ဖြစ်နေကြသည်။ သူတို့သည် သားရဲရိုင်းများအား လွယ်လွယ်ကူကူ အနိုင်ရလျက်ရှိ၏။

သူတို့သည် လက်ရှိမြင်နေရသည်မြင်ကွင်းအား သေမင်းတောင်ကြားထဲက ထွက်ခွာပြီး အပြင်ဘက်ရှိ လူများအား ပြောပြမည်ဆိုလျှင် မည်သူကမှ ယုံကြည်မည် မဟုတ်ပေ။

ဝူး ….။

လှိုဏ်ခေါင်းတစ်ခုထဲမှာတော့ ကြံ့ကဲ့သို့ အဆင့်မြင့် သားရဲကြီးတစ်ကောင်သည် ကျယ်လောင်စွာ အော်ဟစ်ရင်း မြေပြင်ပေါ်သို့ လဲကျသွားသည်။

သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာတော့ ဒဏ်ရာဒဏ်ချက်များနှင့် ပြည့်နက်လျက်ရှိ၏။

"နောက်တစ်ကောင် သေသွားပြန်ပြီကိုး"

သာမန်ကျင့်ကြံသူများသည် ထိုအခြေအနေကို မြင်တော့ ဆက်လက်၍ အံ့ဩရန်ပင် မတတ်နိုင်တော့ချေ။

“ဒင်။

လက်ခံသူသည် ဖုံးကွယ်ထားသော အထူးတာဝန်အား ပြည့်စုံခဲ့သည်။ အထူးတာဝန်ပြည့်စုံမှုမှာ တစ်ရာရာခိုင်နှုန်း ပြည့်စုံသွားပြီဖြစ်သောကြောင့် ဂိုဏ်းစုဆောင်းမှတ် ၂၀၀အား ရရှိသည်။

ဂိုဏ်းစုဆောင်းမှတ် ၈၉၀/၁၀၀၀။”

သတိပေးချက်များ ထွက်ပေါ်လာပြီးနောက် ကျွင်းချောင်ရှောင်းသည် စနစ်အား ဖွင့်ကြည့်လိုက်တော့ သူ၏ အဓိကအထူးတာဝန် မပြည့်စုံသေးသည်ကို တွေ့မြင်လိုက်ရသည်။။

"ကြည့်ရတာ တစ်ရာရာခိုင်နှုန်း ပြည့်စုံသွားပြီဆိုရင်တောင်မှ မီးနဂါးသားရဲကြီးကို မသတ်ဖြတ်နိုင်ရင် ‌တာဝန်ပြည့်စုံတယ်လို့ မသတ်မှတ်သေးဘူးထင်တယ်။" သူ ခန့်မှန်းလိုက်မိ၏။

စနစ်မှ ပြောလိုက်သည်။ "ဒါအမှန်ပဲ"

ကျွင်းချောင်ရှောင်းသည် သူ၏ လက်များကို ပွတ်သပ်ကာ ပြောလိုက်၏။ "ဒီသားရဲတွေကို တောက်လျှောက်သတ်နိုင်မယ်ဆိုရင် တာဝန်ပြည့်နိုင်မှု ရာခိုင်နှုန်းတွေက တိုးလာမှာလား။"

"သီအိုရီအရ ပြောရရင် ဟုတ်တယ်။" စနစ်မှ ပြောလိုက်သည်။

"ဒါပေမဲ့ အချိန်ကို သတိထားပါ။"

"အင်း အချိန်က သုံးရက်ကျန်သေးတယ်။ဒီအတောအတွင်း မီးနဂါးကို ငါတို့ ရှာတွေ့အောင် လုပ်မှ ဖြစ်မယ်။"

ကျွင်းချောင်ရှောင်းသည် တပည့်များကို ဦးဆောင်၍ ရှေ့မှ ဆက်လျှောက်သွားတော့သည်။

သူသည် လှိုဏ်ခေါင်းတော်တော်များများထဲတွင် အဆင့်မြင့် သားရဲများနှင့် တွေ့ခဲ့ရ၏။ ထိုသားရဲများအား သတ်ဖြတ်လိုက်သည်ဆိုသည်နှင့် ဖုံးကွယ်ထားသော အထူးတာဝန်ဖြစ်လို့နေ၏

ထို့အပြင် အုပ်စုဖွဲ့နေထိုင်သော သားရဲတော်တော်များများကိုလည်း သူတို့ တွေ့ကြုံခဲ့ရသည်။ ဥပမာအားဖြင့် ခွေးအ၊ ပုရွက်ဆိတ်နှင့် ပျားများကဲ့သို့သော သတ္တဝါများ ဖြစ်သည်။

တပည့်များသည် ခက်ခဲသော အခြေအနေကို ရင်ဆိုင်ရသည်ဆိုသော်လည်း လုံလုံခြုံခြုံနှင့် ဘေးအန္တရာယ်ကင်းကင်း ဖြတ်သန်းနိုင်ခဲ့ကြ၏။

“ဒင်။

လက်ခံသူသည် ဖုံးကွယ်ထားသော တာဝန်အား ပြည့်စုံခဲ့သည်။ အထူးတာဝန်ပြည့်စုံရန် နှုန်းထားမှာ ၁၂၀ ရာခိုင်နှုန်းထားသို့ ရောက်ရှိသွားခဲ့ကြသည်။ ဂိုဏ်းစုဆောင်းမှတ် ၂၀၀ အား ဆုလာဒ်အဖြစ် ရရှိ၏။

ဂိုဏ်းစုဆောင်းမှတ် ၁၀၉၀/၁၀၀၀။”

တစ်ခြား သားရဲကို သတ်ဖြတ်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်း ဆေးပုလင်း လေးလုံးအား မဖြစ်မနေ ဝယ်ယူလိုက်သည်။

နောက်ဆုံးအချိန်တုန်းက သူသည် ကံကောင်းခဲ့သောကြောင့် refresh လုပ်ပြီးနောက် ရေခဲနှင့် မီး အမျိုးအစားသိုင်းကျင့်ကြံခြင်း နည်းစနစ် နှစ်ခုအား ရရှိခဲ့၏။

လက်ရှိအချိန်တွင် refresh မလုပ်ဘဲ ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်း ဆေး လေးပုလင်းအား ဝယ်ယူခဲ့ခြင်းပင် ဖြစ်သည်။

“ဒင်။

လက်ခံသူသည် ဖုံးကွယ်ထားသော တာဝန်အား ပြည့်စုံခဲ့သည်။ အထူးတာဝန်ပြည့်စုံမှု နှုန်းထားမှာ ၁၄၀ ရာခိုင်နှုန်း ဖြစ်သွားခဲ့၏။ ဂိုဏ်းစုဆောင်းမှတ် ၂၀၀ အား ရရှိသည်။”

တစ်နေကုန်နီးပါးတွင် ကျွင်းချောင်ရှောင်းသည် ဖုံးကွယ်ထားသော တာဝန်အရ သားရဲကြီးလေးကောင်အား သတ်ဖြတ်ခဲ့၏။

ထို့ကြောင့် တာဝန်ပြည့်စုံမှု နှုန်းထားမှာ ၁၈၀ ရာခိုင်နှုန်းသို့ ရောက်ရှိသွားခဲ့သည်။

ရရှိခဲ့သော ဂိုဏ်းစုဆောင်းမှတ် ၈၀၀ အားလည်း ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်း ဆေးပုလင်းများ ဝယ်ယူလိုက်၏။

အရင်တုန်းက သူ ဝယ်ယူခဲ့သော ပင်ကိုယ်စွမ်းရည် လေးပုလင်း နှင့် ဆိုလျှင် ကျွင်းချောင်ရှောင်းသည် ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်း ဆေးပုလင်း နှစ်ဆယ်အား ဝယ်ယူပြီးဖြစ်၏။

ဆယ်ပုလင်းသည် သာမန်အဆင့် ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်း ဖြစ်ပြီး ဆယ်ပုလင်းသည် အလယ်အလတ်အဆင့် ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်း ဆေးပုလင်းများ ဖြစ်၏။

သူသည် စတိုးအတွင်းမှ ပစ္စည်းများကို ရရှိနေရုံသာမက အပြင်ဘက်တွင်လည်း ကျောက်ရိုင်းနှင့် ဆေးပင်များကို များပြားစွာ ရရှိနေ၏။

အထူးသဖြင့် လှိုဏ်ခေါင်းထဲတွင် ဖြစ်သည်။ သူသည် အအေးကျောက် နှစ်ဆယ်ကီလိုဂရမ်ကို ရှာဖွေတွေ့ရှိခဲ့ပြီး စမ်းရေအေး တစ်ကန်အားလည်း မြင်ခဲ့ရ၏။

တစ်ညတာအနားယူသည့် အချိန်မှာဝောာ့ ကျွင်းချောင်ရှောင်းသည် အအေးဓားများကို စတင်၍ သွန်းလုပ်တော့သည်။

နေထွက်ချိန်မှာတော့ သူသည် ဓားနှစ်ဆယ်ကို သွန်းလုပ်ပြီး ဖြစ်၏။

ထို့ကြောင့် လက်နက်မရရှိသေးသော တပည့်များအား လက်နက်များ တပ်ဆင်ပေးနိုင်ခဲ့သည်။

ဂိုဏ်းစုဆောင်းမှတ်များ ရရှိနေသောကြောင့် လက်နက်နှင့် ပစ္စည်းများအားလုံးသည်လည်း အလိုအလျောက် ရရှိနေတော့သည်။

ထို့ကြောင့် သေမင်းတောင်ကြားထဲသို့ လာရသည့် ခရီးသည် အလွန်တရာ အကျိုးအမြတ်ရှိသည့် ခရီးတစ်ခု ဖြစ်သည်ဟုဆိုရမည်။

ကျွင်းချောင်ရှောင်းသည် မူလအားဖြင့် သားရဲရိုင်းများကို ရှာဖွေပြီး တာဝန်ပြည့်စုံအောင် သတ်ဖြတ်ဖို့ စဉ်းစားထားခဲ့သည်။

သို့ပေမဲ့ လှိုဏ်ခေါင်းတစ်ခု၏ အဝင်ဝသို့ ရောက်ရှိလာချိန်မှာဝောာ့ သူသည် ရုတ်တရက် ပူလောင်သည့် ခံစားချက်ကို ရရှိလိုက်၏။

"ဂိုဏ်းချုပ်။"

လီချင်းယန် လေးလေးနက်နက် ပြောလိုက်သည်။ "အထဲမှာ အရမ်းအားကောင်းလှတဲ့ မီးဓာတ် သားရဲတစ်ကောင်ကောင် ရှိမယ်နဲ့ တူတယ်။"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

"သံမဏိအရိုးဂိုဏ်းတပည့်သားတွေ အားလုံး အဆင့်မြင့် စိတ်ဝိညာဉ် သလင်းစွမ်းရည်တွေနဲ့အတူ ခုခံကာကွယ်ခြင်း အစီအရင် တွေကို ဖန်တီးထားကြ။

ဝှစ် … ရွှစ်။

တပည့်များအားလုံးသည် သိုင်းတပည့် ထိပ်ဆုံးအဆင့် သလင်း အမြူတေများကို ဆွဲထုတ်လိုက်ကြ၏။

ပြီးနောက် တစ်ချို့ဆိုလျှင် သိုင်းစစ်သူကြီးအဆင့် သလင်းစွမ်းအင် များကိုပင် ထုတ်လိုက်ကြသေးသည်။

အဆင့်မြင့် သလင်းစွမ်းရည်များ၏ ထောက်ပံ့မှုနှင့်အတူ အကာအကွယ် စွမ်းရည်မှာ အလွန်တရာမြင့်မားသည့် ခုခံခြင်းအစီအရင် တစ်ခု အဖြစ် ဖြစ်တည်သွား၏။

"ရှောင်မို"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "အထဲဝင်ပြီးတော့ သွားကြည့်လိုက်အုံး"

"ကျွန်မသွားမယ်။" လုချင်းချင်း ပြောလိုက်သည်။

သူမသည် ရေခဲဓာတ်အမျိုးအစား သိုင်းပညာရှင်တစ်ယောက်ဖြစ်သောကြောင့် ပူလောင်သည့် နေရာသို့ သွားရောက်ရန် လွယ်ကူလိမ့်မည်ဖြစ်ကြောင်း အားလုံး နားလည်ကြ၏။

"ကောင်းပြီ။" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ ပြီးနောက် သူမ လှိုဏ်ဂူထဲသို့ မဝင်ခင်မှာပဲ လှမ်းပြောလိုက်သည်။ "သတိထားသွား"

လုချင်းချင်းသည် ပြန်မဖြေပေ။

သူမခန္ဓာကိုယ် ပတ်ပတ်လည်တွင် အေးစက်သည့် လေများနှင့် ပြည့်နက်သွား၏။

ပြီးနောက် သူမ၏ ကြည့်ကောင်းလှသော နောက်ကျောဘက်သည် အားလုံး၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားတော့သည်။

လီချင်းယန်နှင့် တစ်ခြားသူများသည် သတိအပြည့်နှင့် ဖြစ်နေကြသည်။

လုချင်းချင်း လျှောက်ထွက်လာသည်။ "အထဲမှာ အဆင့်ငါးမီးနဂါးတစ်ကောင်ရှိတယ်။"

"အေရမ်းကောင်းတယ်။ နောက်ဆုံးတာဝန်ရဲ့ သားရဲကြီးကို တွေ့ပြီပဲ။"

‌ဤအကောင်ကြီးကို သတ်ဖြတ်နိုင်လျှင် အထူးတာဝန်ကို ပြည့်စုံရုံသာမက ဂိုဏ်း၏တာဝန်ပြီးမြောက်မှု သည်လည်း နှစ်ရာ ရာခိုင်နှုန်းသို့ ရောက်ရှိသွားမှာ ဖြစ်သည်။

"ဂိုဏ်းချုပ်။"

လီချင်းယန် လေးလေးနက်နက် ပြောလိုက်၏။ "နဂါးသားရဲကြီးရဲ့ ခန္ဓာကိုယ် မီးက အရမ်းအားကောင်းတယ်။"

"ရှောင်သွားကြစို့"

ရှောင်ကျီနှင့် တစ်ခြားသူများသည်လည်း ဒိုင်းကို မြှောက်၍ လှည့်ထွက်သွားရန် ပြင်လိုက်ကြသည်။

ကျွင်းချောင်ရှောင်း ပြုံးလိုက်၏။ "တကယ်တော့ ဒီ မီးနဂါးသားရဲကြီးက နဂါးတစ်ကောင်လားလို့ ငါ တကယ် သိချင်မိတယ်။"

"ဟမ်”

အားလုံးပဲ ကြောင်သွားမိ၏။

အရင်တုန်းကဆိုလျှင် သိုင်းစစ်သူကြီး အဆင့်သုံး သားရဲတစ်ကောင်နှင့် တွေ့သည်ဆိုလျှင်တောင်မှ လှည့်၍ ရှောင်သွားရန် ဂိုဏ်းချုပ် ဆုံးဖြတ်ခဲ့၏။

ယခု အဆင့်ငါး သားရဲနှင့် တွေ့ချိန်မှာတော့ အဘယ့်ကြောင့် သွား၍ တွေ့ချင်နေရသနည်း။

All Chapters