← Chapters

ကျန့်မုမြို့

Vol. 013 Ch. 1236

ကျန့်မုမြို့

Vol. 013 Ch. 1236

ရီဖူရှင်းတို့အဖွဲ့သည် သွေးနဂါးဘုံသို့ ပြန်ရောက်ပြီးနောက် ချင်ယဲ့မြို့သို့ ချက်ချင်း မပြန်သေးကြပေ။ သူတို့သည် သွေးနဂါးမြို့ထဲတွင်သာ ရှိနေကြသေး၏။

သွေးနဂါးဘုံ၏ ပင်မမြို့ကြီးသည် အလွန်ကြီးမားကာ များစွာသော အံ့ဖွယ်နေရာများနှင့် ပြည့်နှက်နေ၏။ သူတို့တွင် သွေးနဂါး စစ်မြေပြင်ကဲ့သို့သော နေရာကို ပိုင်ဆိုင်ရုံသာမက တခြားသော ကျင့်ကြံခြင်း နေရာများကိုလည်း ပိုင်ဆိုင်၏။

သွေးနဂါးဘုံ အနောက်ဘက်သည်ကား ရီဖူရှင်းတို့အဖွဲ့ ထွက်သွားရာနေရာ ဖြစ်သည်။ သူတို့ရှေ့တွင် မရေမတွက်နိုင်သော လမ်းများရှိ၏။ ထိုလမ်းများမှာ ရှေးဟောင်း သစ်ပင်၏ အကိုင်းအခက်များကဲ့သို့ ခွဲဖြာနေခဲ့ကာ အရပ်မျက်နှာမျိုးစုံသို့ ဦးတည်နေ၏။ ထိုနေရာမှာ အပူအငွေ့ရေးရေးကို ခံစားရသည်။

ရှေးဟောင်းလမ်း တစ်ခုစီတွင် လူအများသည် သွားလိုက်လာလိုက် လုပ်နေကြသည်။ ထိုနေရာကား တန်ခိုးရှင်များနှင့် ပြည့်နှက်နေ၏။ ရှန့်ထိုများမှာ နေရာတိုင်းတွင် ရှိပေသည်။

ရီဖူရှင်းက ရှေ့သို့ ကြည့်ကာ ခေါင်းကို အပေါ်သို့ အနည်းငယ် မော့ကြည့်လိုက်၏။ သူက ပေါ်လောပေါ်နေသော ရဲတိုက်ပုံစံတစ်ခုကို မြင်သည်။ ထိုရဲတိုက်ကြီးသည် ဧရမကြီးမားကာ တော်ဝင်အသိသည်ပို ထိုနေရာသို့ လက်လှမ်းမမီနိုင်ပေ။

နေ၏အလင်းရောင်များသည် ကောင်းကင်ထက်မှ ကျဆင်းနေခဲ့သည်။ ရဲတိုက်အပေါ်တွင် နတ်ဘုရားငှက်များသည် လှည့်ပတ် ပျံသန်းနေကြ၏။ မီးတောက်အလင်းများ ကျဆင်းလာခဲ့လျှင် ထိုမြင်ကွင်းမှာ ခန့်မှန်းထားသည်ထက် ကြီးကျယ် မြင့်မြတ်နေ၏။

ဘေးနားတွင် ရပ်နေရင်းဖြင့် ရီဖူရှင်းတို့အဖွဲ့မှာ အလွန်တရာ သေးငယ်သလို ထင်မှတ်မှားရ၏။ တစ်စုံတစ်ယောက်က သူတို့အား ဖြတ်သွားကာ ခက်မခွဲအသွင် လမ်းတစ်ခုပေါ်သို့ တက်သည်။

“အဲဒါက ကျန့်မုနတ်ဘုရား သစ်ပင်လား” ယိရှောင်ရှီက တီးတိုးပြောသည်။ သည်နယ်မြေ၏ ဒဏ္ဍာရီသစ်ပင်လေးပင်ထဲတွင် ကျင့်မုနတ်ဘုရားသစ်ပင်သည် ကောင်းကင်နှင့်မြေပြင်ကို ဆက်စပ်ထား၏။ သစ်ပင်မှာ ကြီးမားလွန်းရာ ကောင်းကင်နှင့်မြေပြင်ကို ဆက်စပ်ထားသည်ကဲ့သို့ ထင်မှတ်ရသည်။

သူ၏ အမြစ်အခက်တစ်ခုစီက ရှေးဟောင်းလမ်းတစ်ခု ဖြစ်သည်။ ပင်မမှ ခွဲဖြာလာသော အမြစ်အခက်များသည် ထောင်ပေါင်းများစွာသော ရှေးဟောင်းလမ်းများ ဖြစ်စေကာ အဆုံး၌ သူတို့သည် ကျန့်မုမြို့သို့ ရောက်နိုင်၏။

သွေးနဂါးစစ်တပ်သည် ကျန့်မုမြို့ကို စောင့်ကြပ်နေ၏။ လေထဲတွင် ရပ်ကာ သူတို့သည် ကောင်းကင်ဘုံ စစ်တပ်အလား ထင်မှတ်ရပေသည်။

ကျန့်မုမြို့သည် ကျင့်ကြံခြင်း တော်ဝင်မြေတစ်ခု ဖြစ်သည်။ ထိုနေရာသည် သွေးနဂါးဘုံ၌ အကြီးမားဆုံးသော ကုန်သွယ်ရေးမြို့လည်း ဖြစ်၏။ ကျန့်မုမြို့ကို ဝင်ရန် တစ်စုံတစ်ယောက်သည် သလင်းကျောက်တုံးများကို ပေးရန် လိုပေသည်။ မဟုတ်လျှင် သူတို့က မြို့ထဲသို့ ဝင်ခွင့်ရမည် မဟုတ်ပေ။

ထို့အပြင် မြို့ဝင်ကြေးမှာလည်း မနည်းပေ။ ဆင်းရဲသော တန်ခိုးရှင်များမှာ ကျန့်မုမြို့တွင် တာရှည်ကျင့်ကြံနိုင်ခြင်း မရှိပေ။ မဟုတ်လျှင် ကျန့်မုမြို့မှာ ယခင်ကတည်းက လူနေထူထပ် နေပေလိမ့်မည်။

“သွားခံစားကြည့်ကြမယ် …” ရီဖူရှင်းက ပြောသည်။ သူက သွေးနဂါးစစ်တပ်ထံသို့ သွားကာ အားလုံးအတွက် လိုအပ်သော သလင်းကျောက်များအား ပေးအပ်သည်။

သူတို့အုပ်စုက ရှေ့သို့ ဆက်သွားကာ ကျန့်မုမြို့ဂိတ်တံခါးကို ဖြတ်သန်း ဝင်ရောက်သွားကြသည်။ အတွင်းမှ ထည်ဝါခန့်ညားသော အဆောက်အဦများမှာ ပြင်ပလောကမှ အဆောက်အဦပုံစံများနှင့် ကွဲပြားပေသည်။ သူက အဆောက်အဦများကို သေသေချာချာ ကြည့်ပက ခိုင်ခံ့သော အမြစ်များဖြင့် အထောက်အပံ့ ပြုထားသည်ကို တွေ့နိုင်သည်။

ထို့အပြင် လေထဲမှ သစ်ပင်ကြီး၏အပေါ်တွင် အလွန်တရာ ပူပြင်း လေရေငွေ့စီးကြောင်း တစ်ခုသည်လည်း မဟာလမ်းစဉ်၏ မီးတောက်များအလား ရစ်ပတ်နေ၏။

“ကျန့်မုမြို့က ကောင်းကင်ကနေ မြေပြင်နဲ့ ဆက်စပ်ပြီး မဟာလမ်းစဉ်ရဲ့ မီးတောက်စွမ်းအားတွေကို စုပ်ယူတယ်။ ကျန့်မုမြို့က အပေါ်ကို မြင့်တက်လေလေ စွမ်းအားအဆီအနှစ်က များလေလေပဲ။ ကျန့်မုမြို့မှာ အင်အားစုတွေက နှစ်ပေါင်းများစွာ ခြေကုပ်ယူထားကြတယ်။ သူတို့က ခိုင်ခိုင်မာမာ အမြစ်ကုပ်နိုင်လေလေ သူတို့အတွက် ကျင့်ကြံခြင်းမှာ ပိုအထောက်အကူ ပြုလေလေပဲ။ ပြောကြတာက ကျန့်မုမြို့အောက်ခြေမှာ သာမန် ရှန့်ထိုတွေကိုတောင် ပြာမှုန့်အပြစ် ပြောင်းလဲနိုင်စွမ်းတဲ့ မဟာလမ်းစဉ် မီးတောက်တွေ လောင်မြိုက်နေတာပဲတဲ့” ရီဖူရှင်း၏နောက်မှ တစ်စုံတစ်ယောက်က ပြောသည်။

စကားပြောလိုက်သူကား ယခင် ချန်ယဲ့မြို့စား သခင်လေးဟောင်းဖြစ်သော ဆန်းဇွန်ဖြစ်သည်။ သူကား ယခင်က မောက်မာဝင့်ကြွားဟန် ရှိသော်လည်း ယခုကား အနည်းငယ် အပိုးကျိုးနေသည်။ သူက ရီဖူရှင်းတို့အတွက် လမ်းညွှန်သဘောမျိုး ဆောင်ရွက်နေကာ သွေးနဂါးဘုံနှင့် ပတ်သက်၍ သူသိသည်များအား ရှင်းပြနေသည်။

ရီဖူရှင်းက ခေါင်းညိတ်သည်။

နတ္ထိဘုံတွင်မူ လေဟာနယ်ဓာတ်များ ကြီးစိုးပေသည်။

သွေးနဂါးဘုံမှ မီးတောက်စွမ်းအားများသည် နတ္ထိဘုံမှ ပေးသော ခံစားချက်များထက် ပိုမိုပြင်းထန်သည်။ သွေးနဂါးဘုံကား အမှန်ပင် မီးတောက်နယ်မြေ အစစ်အမှန်ဖြစ်၏။ မီးတောက်စွမ်းအားများကို သည်နေရာတွင် လေ့ကျင့်သူမှာ ပိုမို အားကောင်းနိုင်ပေသည်။

“အရင်သွားရအောင် …” ရီဖူရှင်းက ဘေးမှ လျိုဖန်းကို ကြည့်ကာ ပြောသည်… “အစ်ကို၅ … ခင်ဗျားအတွက် သင့်တော်တဲ့ မီးတောက်တွေ ရှိမလား သွားကြည့်ရအောင်”

သွေးနဂါးဘုံမှ မီးတောက်ပညာရပ်များမှာ မရေမတွက်နိုင်အောင် များပြားပေသည်။ များစွာသော အထင်ကရပုဂ္ဂိုလ်များသည် သီးသန့်မီးတောက်များကို သန့်စင်ကာ သူတို့၏ခန္ဓာကိုယ်နှင့် ပေါင်းစပ်ကြသည်။ မဟာလမ်းစဉ်ကို နားလည် သဘောပေါက်ခြင်းက သူ၏ကျင့်ကြံခြင်းကို များစွာ အကူအညီဖြစ်စေသည်။

ရီဝူချင်း၏ဓားအသိနှင့် ဆင်တူသော်လည်း ရှန့်ထိုတစ်ပါး၏ မီးတောက်သည် ရန်ဟောင်ဓားအသိကဲ့သို့ အားကောင်းခြင်းမရှိရာ လျိုဖန်းကဲ့သို့သော ရှီတန်ခိုးရှင် တစ်ဦးအတွက် သင့်တော်ခြင်း မရှိပေ။

ပိုမိုမြင့်မားသော နေရာများသို့ ရောက်လေလေ ကျင့်ကြံခြင်းလောကသည် ပိုမို၍ မျှတခြင်းမရှိလေ ဖြစ်ကြောင်း သူတို့ တွေ့ရှိကြရသည်။ သည်အရာများမှာ အောက်ဘုံမှ လူများအတွက် မခန့်မှန်းနိုင်သော အခွင့်အရေးများ ဖြစ်ကြသည်။ သူတို့က သည်လူများ၏ ကျင့်ကြံခြင်းများနှင့် မည်သို့ ယှဉ်နိုင်မည်နည်း။

“ညီလေးက အစ်ကို၅အတွက် ငွေမသုံးပေးချင်ဘူးလား” လျိုဖန်းက ပြောသည်။

“မှန်တာပေါ့ … ညီလေးက ဆင်းရဲတယ်။ ဒီက ထွက်သွားကြရအောင်” ရီဖူရှင်းက ဟာသနှောကာ ပြောသည်။

“အာ …” လျိုဖန်းက ရီဖူရှင်းအား ထိတ်လန့်စွာ ကြည့်သည်။ ရီဖူရှင်းက ဤသို့ ပြန်ပြောမည်ဟု မထင်ထားပေ။

“ငါတို့က ဆရာတူတပည့်တွေပဲ။ အချင်းချင်း ကူညီသင့်တာပဲမလား။ ညီလေးက ဒီလိုစိတ်ရင်းနဲ့ ကူညီချင်မှတော့ အစ်ကို၅က ဝမ်းမြောက်ဝမ်းသာ လက်ခံပေးရမှာပေါ့” လျိုဖန်းက ရီဖူရှင်း၏ပခုံးကို ဖက်ကာ ပြောသည်။ သို့သော်လည်း စိတ်တွင်းတွင်ကား ကျိန်ဆဲနေ၏။

သည်စီနီယာ အစ်ကိုကား သူတို့၏ ညီငယ်လေးကဲ့သို့ ကံကောင်းခြင်း မရှိပေ။

“မှန်တာပေါ့၊ အစ်ကို၅သာ တစ်ခုခုကို သဘောကျရင် လက်ညှိုးသာ ထိုးပြ။ စကားမစပ် မိန်းကလေးရွှမ် အတွက်လည်း လက်ဆောင်တစ်ခု ရွေးလိုက်ပေါ့” ရီဖူရှင်းက ပြုံးလျက်ပြောသည်။ သူကား သည်မတိုင်ခင်က ဟာသပြောနေခြင်း ဖြစ်သည်။

“ဒါပဲလေ။ ငါငယ်တုန်းက မင်းကို ဘယ်လို ဂရုစိုက်ပေးခဲ့လဲဆိုတာ မမေ့နဲ့ပေါ့” လျိုဖန်းက လက်မထောင်ကာ ပြောသည်။

ရီဖူရှင်းက နားမလည်စွာ ကြည့်သည်။ သူ မည်သည့်အချိန်က ငယ်ရွယ်ခဲ့သနည်း။

မှန်သည် … အသက်၁၈နှင့် ၁၉နှစ်အရွယ် ဟူသည် ငယ်ရွယ်သည်ဟု ပြော၍ ရပေသည်။

“မင်း နေရာကောင်းကို တွေ့ပြီလား” ရီဖူရှင်းက ဆန်းဇွန်ကို မေးသည်။

“ခင်ဗျား ဘယ်အဆင့်ကို လိုချင်တာလဲ” ဆန်းဇွန်က မေးသည်။

“အကောင်းဆုံးပဲ …” ရီဖူရှင်းက ပြန်ပြောသည်။ လျိုဖန်း၏ မျက်ခုံးများ မြင့်တက်သွားသည်။ သူက ရီဖူရှင်းအား ကြည့်သောအခါ သူ၏ညီငယ်လေးသည် ယခင်ထက် ပိုမို ချောမောသည်ဟု တွေးလိုက်သည်။

“ကျန့်မူမြို့မှာ ကောင်းကင် မီးတောက်လမ်းဟာ မီးတောက် ရောင်းဝယ်တဲ့ အကြီးမားဆုံးနေရာပဲ။ ပြန်လည်မွေးဖွားခြင်း အဆင့် မီးတောက်တွေကို တောင်မှ တွေ့နိုင်တယ်။ အဲဒီနေရာမှာ ရန်ဟောင်အဆင့် မီးတောက်တောင်မှ တစ်ခါ ထွက်ပေါ်လာသေးတယ်” ဆန်းဇွန်က ပြောသည်။

ရီဖူရှင်းက ခေါင်းညိတ်သည် … “ဒါဆိုလည်း ကောင်းကင်မီးတောက် လမ်းသို့ သွားကြရအောင်”

“ကောင်းပြီ။ ဒါဆိုလည်း ကျုပ်တို့ မြန်မြန် သွားရအောင်” ဆန်းဇွန်က ခေါင်းညိတ်သည်။ သူက ရှေ့မှ ဦးဆောင်သွား၏။ ရီဖူရှင်းတို့က နောက်မှ လိုက်ကြသည်။ သူတို့က ကျန့်မူမြို့ကို ဖြတ်ကာ မြန်ဆန်စွာ သွားနေကြသည်။

ကျန့်မုမြို့ကား အကြောင်းပြချက် တစ်ခုကြောင့် နာမည်ကျော်ကြားသည်။ အပေါ်ထက်မှ နေရာများမှာ မြို့တစ်မြို့ထက် ပိုမိုကြီးမားပေသည်။ ထို့ကြောင့် ကမ္ဘာကြီးနှင့် ဆက်သွယ်ထားသော ရှေးဟောင်းသစ်ပင်ကြီးသည် ကြီးထွားနေဆဲပင် ဖြစ်သည်။

ကောင်းကင် မီးတောက် လမ်းသည်ကား များစွာသော တန်ခိုးရှင်များ စုဝေးရာနေရာတစ်ခု ဖြစ်သည်။

လမ်းထဲတွင် များစွာသော ဆိုင်များရှိပြီး အများစုမှာ ယာယီပုံစံဖြင့် ဆောက်လုပ်ထားခြင်း ဖြစ်သည်။ ဆိုင်အပြင်များတွင် ရောင်ဝယ်၍ ရနိုင်သော ပစ္စည်းပုံစံများအား ရေးထွင်းထားသည်။ မှန်သည်၊ ခိုင်ခံ့သော အဆောက်အဦများမှာ ရေရှည်စတည်းချ ရောင်းဝယ်ရာ နေရာများဖြစ်သည်။

ကောင်းကင်မီးတောက် လမ်းမှ ကောင်းကင်မီးတောက် မျှော်စင်သည် မီးလျှံလမ်းစဉ် အင်အားစုတစ်ခုနှင့် သက်ဆိုင်ပေသည်။

ထိုအခိုက်တွင် များစွာသော တန်ခိုးရှင်များသည် မီးတောက်မျှော်စင် နေရာတွင် စုစည်းနေကြ၏။ ရီဖူရှင်းတို့အဖွဲ့လည်း ထိုနေရာသို့ ရောက်လာကြသည်။ အတွင်းတွင် များစွာသော မီးတောက်ဖိုအိုးများကို တွေ့မြင်ရကာ လမ်းစဉ်မီးတောက်များ ရှိနေသည်။ မီးတောက်ဖိုအိုးများ အပေါ်တွင် မီးတောက်၏နာမည်၊ အဆင့်အတန်းနှင့် အရည်အသွေးတို့ကို အသေးစိတ် ဖော်ပြထား၏။

သွေးနဂါးဘုံမှ မီးတောက်ကျင့်စဉ်များမှာ အကောင်းဆုံးများဟု ပြောနိုင်သည်။ သည်နေရာမှ မီးတောက်များမှာလည်း အကောင်းဆုံးများထဲမှ အကောင်းဆုံးများ ဖြစ်ကြပေသည်။

“ခရမ်းရောင်မီးတောက် … ရှန့်ထိုပထမအဆင့် အလယ်အလတ်တန်းစား မီးတောက် … အရံအတားကို ချိုးဖျက်ရမှာ အားကောင်းတယ်” ရီဖူရှင်းက ဖိုအိုးကို ကြည့်သည်။

“ရွှေရောင်မီးတောက် … ရှန့်ထိုပထမအဆင့် .. အတန်းအစားမြင့်မီးတောက်။ အရာအားလုံးကို လောင်မြိုက်နိုင်စွမ်းတဲ့မီးတောက်။ တိုက်ခိုက်ရာမှာ အားကောင်းတယ်။ ချတ်ဝတ်လက်နက် ထုလုပ်ရာမှာ သုံးနိုင်တယ် …”

နောက်ထပ် မီးတောက်ဖိုအိုးတစ်ခုတွင် ရွှေအိုရောင် မီးတောက်တစ်ခု လင်းလက် တောက်ပနေသည်။

“ဒါက ကုန်းစွန်းရွှမ်အတွက် ပိုသင့်တော်လိမ့်မယ်။ ဒါပေမဲ့ သူမက တိမ်တိုက်တောင်ကြားက ဖြစ်လို့ သူမအတွက် မီးတောက်တွေက သိပ်တော့ အထောက်အကူ ဖြစ်ဟန်မရှိဘူး”  ရီဖူရှင်းက တီးတိုးပြောသည်။

သူမ၏အဘိုးသည် ပြန်လည်မွေးဖွားခြင်း အဆင့်ဖြစ်ရာ သူ့အနေဖြင့် ပြန်လည် မွေးဖွားခြင်းအဆင့် မီးတောက်ကို ရရှိရန် မခက်ခဲပေ။

“ဒီနေရာက မီးတောက်တွေက လူလုပ်တွေပဲ။ တခြားတစ်ဖက်က မီးတောက်တွေကတော့ သဘာဝအတိုင်း ဖြစ်လာတဲ့မီးတောက်တွေ” ဆန်းဇွန်က ရှင်းပြသည်။ သို့သော်လည်း မည်သည့် မီးတောက်ဖြစ်စေ အကျိုး သက်ရောက်ပုံချင်းကတော့ အတူတူဖြစ်၏။

ရီဖူရှင်းနှင့် သူ့လူများသည် လမ်းတစ်လျှောက်၌ ပိုမိုအားကောင်းသော မီးတောက်များကို ရှာဖွေကြ၏။

သူတို့က နောက်ထပ် မီးတောက်ဖိုအိုးတစ်ခုကို မြင်ကြသည်။ အတွင်း၌ မီးတောက်သည် အနည်းငယ် မှေးမှိန်ကာ အရိပ်တစ္ဆေတစ်ခုနှင့် ဆင်တူသည်။

“တစ္ဆေမီးတောက် … ပြန်လည်မွေးဖွားခြင်း အလယ်အလတ်တန်းစား မီးတောက်။ ဖျက်ဆီးအားကောင်းပြီးတော့ ဝိညာဉ်တွေကို လောင်ကျွမ်းနိုင်စွမ်း ရှိတယ်” ဖိုအိုးပေါ်တွင် ရေးထွားထားသော စာတန်းမှာ ထိုသို့ဖြစ်သည်။ ရီဖူရှင်းက ထိုနေရာမှ ဖြတ်သွားသောအခါ လောင်မြိုက်မှုအငွေ့အသက်များကို ခံစားရပြီး စိတ်ဝင်စားသွားသည်။

သည်နေရာမှ မီးတောက်ကား အလွန်အားကောင်းပေသည်။ နှိုင်းယှဉ်ရလျှင် ရှန့်ထိုပထမအဆင့် မီးတောက်မှာ သိပ်တန်ဖိုးရှိဟန်ပင် မတူတော့။

အမှန်တကယ်အားဖြင့် ရီဖူရှင်းသည်လည်း မီးတောက်စွမ်းရည်များကို လေ့ကျင့်ပေသည်။ မီးတောက် တစ်ခုသည်းသာမဟုတ်၊ သူသည် များစွာသော စွမ်းအားများကို လေ့ကျင့်၏။

“စီနီယာအစ်ကို … ခင်ဗျားနဲ့ သင့်တော်တဲ့တစ်ခုကို ရွေးပါ” ရီဖူရှင်းက လျိုဖန်းကို ပြောသည်။

“သူတောင်းစားတွေက ရွေးချယ်သူတွေ မဟုတ်ဘူး။ ဒီအတိုင်းပဲ လုပ်ကြရအောင် …” လျိုဖန်းက လူကြီးမင်းဟန်ပင်ဖြင့် ပြောသည်။ သို့သော်လည်း သူက မီးတောက်တစ်ခုကို လက်ညိုးထိုးကာ ပြောသည် … “အဲဒါပဲ”

ရီဖူရှင်းက ထိုမီးတောက်၏အတန်းအစားကို မြင်ကာ နှလုံးသားက ကိုက်ခဲနာကျင်မှုကို ခံစားရ၏။

“စီနီယာအစ်ကို … ခင်‌ဗျားက ကျုပ်ကို နည်းနည်းမှ မညှာဘူး”

***

All Chapters