← Chapters

မင်းတို့သခင်လေး ဘယ်မှာလဲ။

Vol. 4 Ch. 38

မင်းတို့သခင်လေး ဘယ်မှာလဲ။

Vol. 4 Ch. 38

ပန်းပဲရုံမှ ထွက်လာချိန်တွင် စုရီလက်၌ ဓားရှည်တစ်လက် ကိုင်ဆွဲလာသည်။ ဓားအိမ်ကို အကြီးအကဲဝမ် ကိုယ်တိုင်ပြုလုပ်ပေး၏။

အပြာရောင် ငါးမန်းအရေခွံတွင် သတ္ထုကွင်းများ ပါရှိသော အပေါက်များပေါက် လုပ်ထားသည့် ပုံံမျိုးဖြစ်သည်။ ရိုးရှင်းသော ကျက်သရေရှိ၏။

ကုန်ကျစရိတ်အတွက် တန်ဖိုးကို ပေးချေလိုသော်လည်း အကြီးအကဲဝမ်မှ လက်မခံချေ။

“ အစ်ကိုစု ... မင်းတကယ်ပဲ အကြီးအကဲဝမ်လို လူတစ်​ယောက်ကို အနိုင်ယူ ခဲ့တာပဲ။ ”

ဟွမ်ချမ့်ကျွယ်က စိတ်လှုပ်ရှားစွာဖြင့် လိုက်ပါလာသည်။ ပန်းပဲသခင် (၃၀) ကျော်မှ စုရီ၏ လုပ်ငန်းစဉ်ကို အသေးစိတ် လိုက်လံ မှတ်သားနေသည့် မြင်ကွင်းမျိုးမှာ မမေ့နိုင်တော့ချေ။

ဤသည်မှာ သေမျိုးအဆင့် ထိပ်တန်းလက်နက် ဖန်တီးသည့် နည်းလမ်း တစ်ခုဖြစ်၏။

ယင်းသည်ပင် အကြီးအကဲဝမ်တို့၏ အမြင်၌ကမ္ဘာသစ်ကြီးတစ်ခု ဖြစ်နေခဲ့သည်။ ထိတ်လန့်မှု၊ ရိုသေမှု၊ ရှက်ရွံ့မှုနှင့် ကူကယ်ရာ မဲ့နေသော အသွင်များဖြင့် ကျန်ရစ်ခဲ့၏။

“ နဂါးတံခါးဧည့်ခံပွဲမှာ မင်းပါဝင်မလား။ ”

စုရီက လျှောက်လှမ်းနေလျက်မှ ဟွမ်ချမ့်ကျွယ်ကို လှည့်မေးလိုက်သည်။ ၎င်းမှ သူ့စကားကို အာရုံ မရသေးချေ။ သတိ ဝင်လာချိန်၌ ခါးခါးသီးသီး ပြုံးကာ၊

“ ငါ့ကျင့်ကြံမှုက သွေးသန့်စင်ခြင်း ဒုတိယအဆင့်မှာပဲ ရှိသေးတယ် အစ်ကိုစု၊ အဲဒီ တိရစ္ဆာကောင် ဝမ်ကျွယ်ယွမ်က စတုတ္ထအဆင့် ရောက်နေပြီ ...

... ကွာဟချက် ကြီးမားလွန်းတယ် ကြိုးစားချင်ရင်တောင် အချိန်မီ လိုက်နိုင်ဖို့ အတွက် နည်းလမ်းမရှိတော့ပါဘူး။ ”

-ဟု ပြန်ဖြေ၏။

သို့သော် ချက်ချင်းပင်၊

“ ဒါပေမယ့် မနိုင်ရင်တောင် ငါပါဝင်သွားမှာပါ ... ရှုံးနိမ့်မှုက ကြောက်စရာ မဟုတ်ပေမယ့် ... သူ့ကိုရင်ဆိုင်ဖို့တောင် သတ္တိမရှိတဲ့ ...

... သူရဲဘောကြောင်သူ မဖြစ်ချင်ဘူး ငါသာကြောက်နေရင် ဒီတစ်သက် ခေါင်းထောင် နိုင်တော့မှာ မဟုတ်ဘူး။ ”

စုရီက ခေါင်းညိတ်ပြပြီး၊

“ ယောက်ျားတွေက ရည်မှန်းချက်ကြီးပြီး လူငယ်တွေက သွေးပူသင့်တယ် ... ရှုံးနိမ့်မှာကို မကြောက်ဘဲ သတ္တိရှိရှိ ရှေ့ဆက်ပါ ...

... အချို့တွေ အမြင်မှာတော့ ဒါက နောက်တစ်လှမ်းလေး ဆုတ်တာပါလို့ ဆင်ခြေ ပေးနိုင်ပေမယ့် တကယ်တမ်းတော့ အဲဒီ တစ်လှမ်းက ...

... မင်းအတွက် အများကြီး ဆုံးရှုံးသွားစေလိမ့်မယ် ... အထူးသဖြင့် မင်းရဲ့ နှလုံးသားကိုပဲ။ ”

ကျင့်ကြံခြင်းသည် ခက်ခဲသော်လည်း ဇွဲရှိရှိဖြင့် ရှေ့ဆက်ခြင်းဖြင့်သာ မဟာတာအိုကို အောင်မြင်နိုင်မည် ဖြစ်သည်။

သူရဲဘောကြောင်သူများသည် မည်သည့်အခါမျှ အထွတ်အထိပ်သို့ ‌ရောက်မည် မဟုတ်ချေ။

အထက်ပါစကားများသည် သူ့အဖေ၏ မကြာခဏ သွန်သင်ဟောပြောချက်များဖြင့် သဘောတရားတူညီသဖြင့် ဟွမ်ချမ့်ကျွယ်က တိတ်ဆိတ်သွားသည်။

သို့သော် အစ်ကိုစု စကားများမှာ ပို၍ ရှင်းလင်းချေပြီ။ အချိန်အတော်ကြာ တိတ်ဆိတ် နေမိပြီးနောက် လေးနက်စွာဖြင့် ခေါင်းညိတ် လိုက်သည်။

“ အစ်ကိုစု ငါမှတ်ထားပါ့မယ် ... ငါဘယ်တော့မှ နောက်ပြန်မဆုတ်တော့ဘူး။ ”

“ နောက်ဆုတ်စရာ မလိုဘူး ဆိုတာ ... မိုက်ရူးရဲဆန်တာမျိုးနဲ့ မတူဘူး ... ဘယ်အရာမှ အစွန်း မရောက်စေနဲ့။ ”

စုရီက ဆက်မပြောတော့ချေ။ စကား များစွာပြောခြင်းသည် အသုံးမဝင်နိုင်ကြောင်း သူ သိသည်။ အချို့သော အယူအဆများသည် ကိုယ်တိုင် သင်ယူရပေ၏။

“ အစ်ကိုစု၊ မင်းရော နဂါးတံခါး ဧည့်ခံပွဲ တက်မှာလား ... ဆုကြေးတွေက အရမ်းမိုက်တယ်။ ”

ထို့ပြင် ဤပွဲသည် ကွမ်လင်နှင့် တိမ်တံခွန်မြို့၏ လူငယ်များကြား ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ဖြစ်၏။

“ စုရီ ငါ့ကို ကယ်ပါ ... ။ ”

ရုတ်တရက် ကလေးတစ်ယောက်၏ အော်ဟစ်သံကြောင့် နှစ်ယောက်သား စကား ပြတ်သွားသည်။

လမ်းကြားတစ်နေရာတွင် လူဆယ်ကျော်သက် လူငယ်တစ်စုမှ ကလေး တစ်ယောက်ကို ဝိုင်းရိုက်နေ၏။

အရိုက်ခံရသည့် ကလေးသည် ပြန်လည် ကန်ကျောက်နေခဲ့သော်လည်း ဒဏ်ရာများစွာ ရရှိထားသည်။

ဤသည်မှာ မွေးနေ့ပွဲ၌ စုရီကို လှောင်ပြောင်ခဲ့သော ဝမ်မင်ရုံ ဖြစ်သည်။ စုရီက တစ်ချက်လှမ်းကြည့်ကာ မ​မြင်သလို ဆက်လျှောက်သွားသည်။

“ ကောင်းတယ် အရမ်းကောင်းတယ် ... စုရီ ငါမှတ်ထားတယ်။ ”

ထိုစဉ် ဟွမ်ချမ့်ကျွမ်မှ ၎င်းတို့အနား လျှောက်လှမ်းသွားသည်။ ထိုအပြုအမူကြောင့် ဝမ်မင်ရုံက ဝမ်သာသွားပြီး၊

“ မင်းငါ့ကို ကူညီမို့လား ... မြန်မြန် ... ငါပြန်သွားပြီးရင် ငါ့အဖေကို မင်းအတွက် ဆုချခိုင်းလိုက်မယ်။ ”

-ဟု ပြောကြားလိုက်သည်။

ဟွမ်ချမ့်ကျွယ်က ပြုံးလျက် ဝမ်မင်ရုံပါးကို ဖျစ်ညှစ်လိုက်၏။

“ အား ... နာတယ်၊ မင်းဘာလုပ်တာလဲ။ ”

“ ကောင်လေး မင်းက နည်းနည်း စိတ်ပျက်စရာကောင်းတယ်လို့ မထင်ဘူးလား ငါလည်း သူတို့နေရာမှာဆိုရင် မင်းကို ဝိုင်းရိုက် မိလိမ့်မယ် ... မင်းမှာ ယဉ်ကျေးမှုမရှိဘူး။ ”

“ မင်း ... ။ ”

“ ဟေး ... မင်းတို့က ဘာလို့ ​ရပ်သွားတာလဲ ... ဆက်လုပ်။ ”

သူ့ကိုမြင်သဖြင့် နောက်ဆုတ်သွားသော ကလေးငယ်များထံ ဟွမ်ချမ့်ကျွယ်မှ လက်ပြပြီး ဆက်၍ ထွက်ခွာသွားတော့သည်။

“ ဘုန်း ... ။ ”

“ အား ...။ ”

“ ဘုန်း ... ။ ”

“ အား ... အသုံးမကျတဲ့ စုရီ ... မင်းကို ငါမှတ်ထားမယ်။ ”

“ ဘုန်း ... ။ ”

“ အား ... ။ ”

မက်မွန်ဆေးခန်းသို့ စုရီတို့နှစ်ဦး ပြန်ရောက်သောအခါ တံခါးဝတွင် အစောင့်အဖွဲ့ တစ်ဖွဲ့ ရပ်နေသည်ကို မြင်လိုက်ရ၏။

၎င်းတို့ကြောင့် ဆေးခန်း ပြလိုသူများပင် ထိတ်လန့်စွာ ပြန်လှည့်ကုန်ကြ၏။

“ ဟေ့ ... အရိုင်းအစိုင်းတွေ ... မင်းတို့ဒီမှာ ဘာလုပ်နေတယ်ထင်လဲ။ ”

ထိုမြင်ကွင်းကြောင့် ဟွမ်ချမ့်ကျွယ်မှ ဒေါသထွက်သွားသည်။

“ သခင်လေးဟွမ်။ ”

အစောင့်များက သူ့ကို မြင်ပြီး မျက်နှာပျက်ယွင်းသွား၏။ သို့သော် သူတို့၏ နောက်ခံအပေါ် ယုံကြည်မှု ရှိကြသဖြင့် တစ်လှမ်းမျှ မရွေ့ခဲ့ချေ။

အဖွဲ့ခေါင်းဆောင်က၊

“ သခင်လေးဟွမ်၊ မက်မွန်ဆေးခန်းက ဝမ်မိသားစု လက်အောက်ခံ နယ်မြေပါ ဒီမှာ ဘယ်သူက ရိုင်းစိုင်းစွာ ပြုမူနေတာလဲ ... နားလည်စေချင်ပါတယ်။ ”

“ မင်းတို့က ဝမ်မိသားစုကလား။ ”

ဟွမ်ချမ့်ကျွယ်မှ အံ့အားသင့်သွား၏။ အစောင့်အဖွဲ့ခေါင်းဆောင်က ခေါင်းညိတ်သည်။

“ ကျွန်တော်တို့က ဝမ်မိသားစု ... ဒုတိယအကြီးအကဲရဲ့ အစေခံတွေပါ သခင်လေး အတွက် လုံခြုံရေးအရ လိုက်ပါ စောင့်ကြပ်ပေး နေရတာပါ။ ”

“ သခင်လေး ... မင်းတို့ပြောတဲ့ သခင်လေးက ဘယ်သူလဲ ဝမ်ကျိယွမ်လား။ ”

“ ဟုတ်ပါတယ်။ ”

စုရီသည် ယမန်နေ့က ဝမ်မိသားစု ဒုတိယအကြီးအကဲ၏ အစေခံများကို ဖယ်ရှား ခဲ့သဖြင့် တုန့်ပြန်လိုခြင်း ဖြစ်ပေမည်။

အဖွဲခေါင်းဆောင်က စုရီကို မြင်သောအခါတွင်၊

“ စုရီ နောက်ဆုံးတော့ မင်းပြန်လာပြီ ... ငါတို့သခင်လေးက မင်းကို စောင့်နေတာ အရမ်း ကြာနေပြီ။ ”

“ ဟမ့် ... ။ ”

ဟွမ်ချမ့်ကျွယ်မှ တုန့်ပြန်တော့မည့် အချိန်တွင် စုရီက ပခုံးကို ပုတ်ကာ ဟန့်တားပြီး၊

“ မင်း ဒီမှာနေခဲ့။ ”

-ဟုဆိုလျက် ဆေးခန်းထဲ လှမ်းဝင်သွား​လေသည်။ ဤအရပ်သည် ပန်းပဲရုံ မဟုတ်ချေ။ သူ့နယ်မြေ ဖြစ်သည်။

ဆေးခန်းအတွင်း၌ အကြီးအကဲဟူ၊ သမားတော်ဝူနှင့် အခြားသော အစေခံများ အားလုံး ရှိနေကြသည်။

၎င်းတို့ အားလုံးသည် စိုးရိမ်စိတ်ဖြင့် သတိကြီးစွာ ထိုင်နေ၏။ စုရီကို မြင်ချိန်၌ အဖိုးကြီးဟူက၊

“ ဆရာစု ... ။ ”

-ဟု စိုးရိမ်တကြီး ထရပ်ရန် ပြင်လိုက်သည်။

“ ထိုင် ... စိတ်မပူနဲ့။ ”

စုရီက လက်ပြကာ ပြန်ထိုင်စေ၏။ ထို့နောက်အစောင့်များက အကြီးအကဲဟူကို အတင်းအကြပ် ဖိထားလိုက်သည်။

“ ဘယ်မှာလဲ မင်းတို့ သခင်လေး။ ”

အစောင့်အချို့က ဆေးခန်းအနောက်သို့ ကြည့်လိုက်သည်။ ဆေးခန်း အနောက်ဘက်၏ ခြံဝင်းထဲရှိ ဆီးပင်အောက်တွင် ဝမ်ကျိယွမ်က လက်နှစ်ဖက်ကို နောက်ပို့လျက် ငြိမ်သက်စွာ ရပ်နေခဲ့သည်။

၎င်းက စုရီ ဝင်လာသည်ကို လှည့်ပင်မကြည့်ဘဲ၊

“ လွန်ခဲ့တဲ့ (၉)နှစ်က ... လမ်းလွဲတာအိုသခင်တစ်ပါးက ဒီအိမ်ထဲမှာ နေထိုင်တဲ့လူကို ရေတွင်းထဲက တစ္ဆေက ကိုက်စားလိမ့်မယ်လို့ ...

... ပြောခဲ့ဖူးတယ် ... ဒါနဲ့ မင်းဘာလို့ မသေသေးတာလဲ ... မနေ့ညက တစ်ခုခု မင်း မကြုံခဲ့ဘူးလား။ ”

-ဟု မေးမြန်းလာတော့၏။

***

All Chapters