← Chapters

ငါ့နှလုံးသားက ဓားလိုပဲ။

Vol. 4 Ch. 39

ငါ့နှလုံးသားက ဓားလိုပဲ။

Vol. 4 Ch. 39

စုရီက သူ့ခြံဝင်းတခွင်ကို စစ်ဆေး ကြည့်ပြီးနောက်၊

“ မင်းနဲ့ ဘာဆိုင်လဲ။ ”

-ဟု ပြန်လည် မေးမြန်းလိုက်၏။

“ ဟား ဟား ဟား ... ။ ”

ဝမ်ကျိယွမ်ခမျာ အံ့သြတကြီးဖြင့် တိတ်ဆိတ်သွားတော့သည်။ ပြီးနောက် အော်ဟစ် ရယ်မောချေ၏။

“ စုရီ၊ မင်းက ယောက္ခမကြောင့် မက်မွန်ဆေးခန်းကို တစ်ရက်ပဲ ​​စီမံခန့်ခွဲရ သေးတယ် အရမ်းမာနကြီးနေပြီလား။ ”

ဝမ်မိသားစုထံ ရောက်ရှိလာသည့် အချိန်မှစကာ ဤစုရီသည် မည်မျှ အသုံးမဝင်ခဲ့ သည်ကို ဝမ်မိသားစုတစ်ခုလုံး အသိပေပင်။

“ မင်းရဲ့ဇနီး လင်ကျောက်က ဒုနန်းတော်သခင်ရဲ့ တပည့် ဖြစ်လာတာနဲ့ပဲ မောက်မာခွင့် ရှိပြီလို့ ထင်နေလာ ...

... ဟမ့် ... ဒီမှာ ငါမင်းကို သတ်လိုက် ရင်တောင် လင်ကျောက်က စကားတစ်ခွန်းမှ ဝင်ပြောမှာ မဟုတ်ဘူး ... မင်းယုံလား။ ”

ဝမ်ကျိယွင်က လှောင်ပြုံးဖြင့် ပြောကြားလာ၏။ စုရီမှ တစ်စုံတစ်ရာကို သတိရသွားပြီး၊

“ မင်း ဝမ်ရို့ကို သိလား။”

-ဟု မေးမြန်းလိုက်၏။

ဝမ်ကျိယွမ်မှ မျက်ခုံးပင့်လျက်၊

“ သူ လာခဲ့တာလား။ ”

-ဟု ပြန်မေးလေသည်။

“ ထင်တဲ့အတိုင်းပဲ ... မင်းနဲ့ မင်းအဖေက ဒီအိမ်ရဲ့ ပြဿနာကို သိနေခဲ့တာ ကြာပြီကိုး။ ”

“ ဟား ဟား ဟား ... စုရီ ထက်မြက်တဲ့ လူတွေက လောကကြီးမှာ အသေစောပါတယ် အမှန်ဆို မနေ့ညတည်းက မင်းသေရမှာ .... ဒါပေမယ့် အခု သတ်လိုက်လည်း နောက်မကျ သေးပါဘူး ... သူ့ကို သတ်။ ”

အမိန့်ရသည်နှင့် အစောင့်များက စုရီကို ဝိုင်းရံလိုက်သည်။ ထွားကျိုင်းသော အစောင့်က မြှားတစ်စင်းကဲ့သို့ ဦးစွာပြေးဝင်လာ၏။

“ ဝှစ် ... ။ ”

တစ်ဆက်တည်းမှာပင် ဓားမြှောင်ကို ဆွဲထုတ်ကာ လျှပ်စီးကဲ့သို့ စုရီလည်ပင်းထံ ပွတ်ဆွဲပစ်သည်။

“ ..... ။ ”

“ အွတ် ... ။ ”

စုရီက လှည့်မကြည့်ဘဲ ဓားအိမ်ဖြင့် နောက်ပြန် ထိုးချပစ်လိုက်သည်။ ရင်ဘတ်ကို တူဖြင့် ထုနှက်ခံရသကဲ့သို့ ထိုလူခမျာ ဒူးထောက်ကျသွား၏။

“ ဘုတ် ... ။ ”

ထိုစဉ် အပြာရောင် ငါးမန်းအရေခွံဖြင့် ပြုလုပ်ထားသော ဓားအိမ်နှင့်ဓားက လည်ပင်း အရိုးကို ချိုးပစ်လိုက်တော့သည်။

သွေးသန့်စင်ခြင်း ဒုတိယအဆင့်မှ အစောင့်ခမျာ အော်သံပင် မပြုနိုင်တော့ဘဲ လည်ပင်းရိုး ကျိုးလျက် ဒူးထောက်လျက်သား ခေါင်းငိုက်စိုက်ကျသွားသည်။

စုရီက ဖြစ်စဉ်တစ်ခုလုံး တစ်ချက်ပင် လှည့်မကြည့်ခဲ့ချေ။ ကျန်ရှိနေသောအစောင့်များ အားလုံး ထိတ်လန့်သွားကြသည်။

ဤအသုံးမကျသော သမက်သည် ကျင့်ကြံမှု ပြန်ရခဲ့သည်လော။ ရေတွင်းဘေး၌ ရပ်နေသည့် ဝမ်ကျိယွင်ပင် အတွေးနက်သွားသည်။

“ အတူတူ သွား ... ။ ”

အနက်ဝတ် အစောင့်တစ်ဦးက အမိန့်ပေးလာ၏။ အရပ်ရှည်ရှည် ပိန်ပိန်နှင့် မျက်လုံးပြူးပြူး ဖြစ်သည်။

သူသည် ဤအဖွဲ့ခေါင်းဆောင် ပေပင်။ ကျင့်ကြံမှုအရ ​သွေးသန့်စင်ခြင်း တတိယအဆင့် ဖြစ်၏။ အချိန်အတော်ကြာ တိုက်ပွဲများအတွင်း ရှင်သန်ခဲ့ရသဖြင့် လုံလောက်သော တိုက်ပွဲဝင် အတွေ့အကြုံ ရှိလေသည်။

“ ဝှီး ... ဝှီး ... ဝှီး ... ။ ”

အမိန့်ရသည်နှင့် လူတိုင်း ရှေ့တိုးလာ၏။ အဆိုပါ ခေါင်းဆောင် မျက်ပြူးက သုံးပေရှည် တင်းပုတ်တစ်လက်ကို လေထုမြှောက်ကာ ဝှေ့ရမ်းတော့သည်။

“ သတ် ... ။ ”

ကျန်အစောင့် ခုနစ်ယောက်သည်လည်း ပုဆိန်၊ ဓါးနှင့် အခြားသော လက်နက်မျိုးစုံကို ကိုင်ဆောင်ကာ ပြေးဝင်လာ၏။

လူရှစ်ယောက်၏ သတ်ဖြတ်လိုသော ရည်ရွယ်ချက်က ခြံဝန်းတစ်ခုလုံး နေရာလပ် မကျန်အောင် ပျံ့နှံ့လာသည်။

သို့တိုင် စုရီက လျစ်လျူရှုလျက် ဓားကိုဆွဲထုတ်လိုက်သည်။ နက်မှောင်သော ဓားကိုယ်ထည်မှ ခရမ်းရောင်အလင်း ဖျော့ဖျော့ ထုတ်လွှတ်လာ၏။

ဤဓားကို မရဏအစွယ်ဟု အမည်ပေး ထားသည်။ သေမျိုးကမ္ဘာသို့ ဆင်းသက်သော အင်မော်တယ်တစ်ပါးကဲ့သို့ ကြီးစိုးချေပြီ။

“ ရွှပ် ... ။ ”

မရဏအစွယ်က တင်းပုတ်အပေါ် ဖြတ်ကျော်ကာ ​မျက်ပြူး၏ လက်နှစ်ဘက်ကို တို့ဟူးတစ်တုံးကဲ့သို့ ဖြတ်ချသွား၏။

“ အား ... ။ ”

ထက်ရှလွန်းသဖြင့် မျက်ပြူးခမျာ သွေးများပန်းထွက်လာသော လက်ပြတ်ကြီးထံ ကြည့်ပြီး ထိတ်လန့်တကြား အော်ဟစ်၏။

“ ရွှပ် ... ရွှပ် ... ။ ”

စုရီက လျစ်လျူရှုလျက် ဓားကို ခြောက်ကြိမ်တိုင်တိုင် ဆက်တိုက် လှုပ်ရှားပစ် လေသည်။

ခုတ်၏။ လွှဲ၏။ ထိုး၏။ ပင့်ခုတ်၏။ ဓားချက်တိုင်း လျင်မြန်ပြီး အဖျက်စွမ်းအားများ ပါရှိချေပြီ။

ဓားရိပ်များက ကောင်းကင်ဘုံ ကိုးပါးတွင် တိုက်ခိုက်နေသော ဆိုင်ကလုန်းမုန်တိုင်းအလား လေပြင်းများကို ဖြစ်ပေါ်လာစေသည်။

အစောင့်တစ်ဦးမှာ မျက်လုံးများ ပြူးကျယ်လျက် သူ့လည်ပင်းရှိ ပြတ်ရှရာကို အုပ်ကိုင်ကာ လဲကျသွားသည်။ လက်ကြားမှ သွေးများ စီးကျလာ၏။

ဒုတိယအစောင့် ဦးခေါင်းသည် ကောင်းကင်ပေါ်ပျံတက်သွားပြီး လက်နှစ်ဖက်မှ ထိတ်လန့်တကြား သူ့မျက်နှာသူ လိုက်စမ်း တော့သည်။

စုရီရပ်လိုက်သည်နှင့် ရင်ဘတ်ပွင့်သူ၊ ခေါင်းပြတ် သွားသူနှင့် ကိုယ်လက်ခန္ဓာ တစ်ခုခု ခုတ်ဖြတ်ခံရသူများ ပြန်ကျဲနေ၏။

လတ်ဆက်သော သွေးရနံ့များနှင့်အတူ ခြံဝင်းတစ်ခုလုံး တိတ်ဆိတ်ကုန်သည်။ စုရီက ဓားကိုင်လျက် ယခင်အတိုင်း ငြိမ်သက်စွာ ရပ်နေ၏။

“ ဒါ ... ဒါက ဘယ်လိုဓားနည်းစနစ်လဲ။ ”

အစောင့်တစ်ယောက်က ဗီဇအရ အန္တရာယ်ကို ခံစားမိကာ နောက်ဆုတ်ခဲ့သဖြင့် တစ်ဦးတည်း ရပ်ကျန်ရစ်လေသည်။

ဟွမ်ကျိယွင်သည်လည်း ထိတ်လန့်စွာ ကြည့်နေမိ၏။ သူမြင်ရသည်ကို မယုံကြည်နိုင် ဖြစ်လာသည်။

ဓားဟူသည် သတ်ရန် ဖြစ်၏။ ထက်ရှမှု အတွက် သွေးဖြင့် သွေးယူရသည်။ သို့မှာသာ ဓားနှင့်တူသော နှလုံးသားကို ရနိုင်မည်။

သွေးထဲတွင် အဆိုးမြင်ဆန္ဒများရှိသဖြင့် မကောင်းဆိုးရွား ရောင်ဝါကို ပို၍သိပ်သည်းလာ စေသည်။

သို့သော် မရဏအစွယ်သည် ဝိညာဉ်ရေးရာ အရိပ်အမြွက်ရှိသော်လည်း၊ သေမျိုးအဆင့်၌သာ ဖြစ်သည်။

သွေးဆာနေသော ရည်ရွယ်ချက်မျိုး ပြသနိုင်မည်မဟုတ်ချေ။ စုရီက ဓားကို ကြည့်ပြီး စဉ်းစားနေရာမှ ဝမ်ကျိယွင်ထံ အာရုံပြောင်း သွားသည်။

“ မင်းက ဝမ်မိသားစုရဲ့ သခင်လေး မဟုတ်လား ... ဘာလို့ ရပ်နေတာလဲ ... လာ တိုက်ရအောင်။ ”

ဝမ်ကျိယွင် တစ်ယောက် ကျောရိုးများ စိမ့်တက်သွားသည်။ သူသည် သွေးသန့်စင်ခြင်း ဒုတိယအဆင့်သာ ဖြစ်၏။

သူ့ဘဝတွင် ဤသို့ သွေးထွက်သံယို မြင်ကွင်းမျိုး တစ်ကြိမ်မျှ မမြင်ဖူးသောကြောင့် ကြောက်လန့်နေမိသည်။

“ သခင်လေး ... ပြေး ... ။ ”

ရုတ်တရက် တစ်ယောက်တည်းသော အစောင့်မှ အော်ဟစ်သတိပေးပြီး ဒူးလေးအတို ဆွဲထုတ်ကာ စုရီထံ ချိန်ရွယ်ပစ်ချလိုက်၏။

“ ရွှပ် ... ။ ”

၎င်းသည် လျှပ်စီးကဲ့သို့ မြန်သည်။ လေခွင်းသံဖြင့်ပင် စိတ်ဝိညာဉ် အားနည်းသူ တစ်ယောက်အပေါ် ခြိမ်းခြောက်နိုင်၏။

မြှားတံကလည်ပင်းနှင့် သုံးလက်မ အကွာ ရောက်ရှိလာသောအခါ၌ စုရီက ဘက်ဘက်ကို ယိမ်းပစ်လိုက်သည်။

အိမ်နံရံများထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်ပေါက်ကွဲသွား၏။ မြှားတံအဖျားရှိ ယမ်းမှုန့်မှာ ပေါက်ကွဲနိုင်စွမ်း ပြင်းထန်ချေပြီ။ မည်မျှ အစွမ်းထက်ကြောင်း သိသာ၏။

“ ရွှပ် ... ။ ”

ဝမ်ကျိယွင်က ထွက်ပြေးတော့သည်။ အစောင့်က ဒူးလေးကိုဆွဲကာ မြှားတံတစ်ခုပြီး တစ်ခု တပ်ဆင်ပစ်ခတ်တော့၏။

“ ရွှပ် ... ရွှပ် ... ရွှပ် ... ။ ”

စုရီက ယိမ်းနွဲ့ပြီး ‌ရှေ့လှမ်းတက်သည်။ သွေးသန့်စင်ခြင်း တတိယအဆင့်သည် ကြောင် ကဲ့သို့ ပေါ့ပေါ့ပါးပါး ရွေ့လျားစေနိုင်၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် အစောင့်ရှေ့သို့ ရောက်ရှိသွားသည်။ အစောင့် ခမျာ ကူကယ်ရာမဲ့စွာဖြင့် မှင်တတ်သွား၏။

“ မင်းရဲ့သခင်ကို အသက်ပေးပြီ ... ကယ်တင်တာလား ... ချီးမွှမ်းထိုက်ပါပေတယ် ဒီအတွက် ဂုဏ်ယူစွာ သေပါ။ ”

စကားဆုံးသည်နှင့် ခရမ်းရောင် အလင်းတစ်ချက် လက်သွားသည်။ ရင်ဘတ်ထဲ အေးခနဲ ဖြစ်သွားကာ အစောင့်၏ နှလုံးသား ပျက်စီးသွားတော့၏။

တစ်ချက်ပင် အော်သံ မပြုနိုင်တော့ဘဲ အံကြိတ်လျက် တအိအိပြိုလဲကာ သွေးအိုင်ထဲ လဲကျသေဆုံးသွားလေသည်။

စုရီအကြည့်က ခွေးတစ်ကောင်လို ထွက်ပြေးနေသော ဝမ်ကျိယွမ်ထံ ကျရောက် သွားပြန်သည်။

တစ်ဆက်တည်းမှာပင် မြေပြင်ရှိ ဓားမြှောင်ကို ခြေဖျားဖြင့် ခတ်တင်လျက် လက်ဖဝါးထဲ ပျံတက်လာစေလိုက်၏။

“ ဝှစ် ... ။ ”

“ အား ... ။ ”

သည့်နောက်တွင် ဓားမြှောင်ဖြင့် ကျောပေးနေသော ဝမ်ကျိယွင်ထံ ပစ်ချလိုက် တော့သည်။

ထိုစဉ်သံချပ်ကာ စစ်သည်တော်၀တ်စုံများ ၀တ်ဆင်ထားသော လှည့်ကင်းအဖွဲ့ ရောက်ရှိ လာလေရာ ဝမ်ကျိယွင်မှ ဝမ်းသာသွားသည်။

အဖွဲ့ကို ဦးဆောင်လာသူသည် သူ သိထားသော မြို့တော်သခင်၏ အစောင့်တပ်မှူး နီပိုင်ဟွာ ဖြစ်၏။

ခြံဝင်းအနှံ့ အလောင်းများ ပျံ့ကျဲကာ လတ်ဆတ်သော သွေးညှီရနံ့များ လှိုင်လှိုင်ထနေ ခဲ့သည်။ အစောင့်များနှင့်အတူ လိုက်​ပါလာသော ဟွမ်ချမ့်ကျွယ်က စုရီထံ ကြည့်၏။

“ တပ်မှူးနီ၊ မြန်မြန် ... ဒီကောင်က သွေးဆာနေတဲ့ မိစ္ဆာပဲ မြန်မြန်ဖမ်းပါ ... သူ ငါနဲ့ ငါ့အစေအပါးတွေ အားလုံးကို သတ်ပစ်ချင်နေတယ်။ ”

မွေ့နေ့ပွဲတွင် မြို့သခင်နှင့် တပ်မှူးသည် ဝမ်မိသားစုအပေါ် မျက်နှာသာ ပေးခဲ့ဖူးသည်။ ထို့ကြောင့် သူ့ကို ကူညီမည်မှာ သေချာ၏။

သို့မှသာ နီပိုင်ဟွာတစ်ယောက် သတိဝင်လာပြီး လက်သီးဆုပ်လျက် စုရီကို နှုတ်ဆက်လိုက်လေသည်။

“ ငါတို့ ရောက်တာ ... နည်းနည်း နောက်ကျသွားတဲ့ အတွက် တောင်းပန်ပါတယ် သခင်လေးစု။ ”

“ တပ်မှူး နီ ... ။ ”

ထိုမြင်ကွင်းက ဝမ်ကျိယွင်ကို မျက်လုံးပြူးသွားစေသည်။ သည့်နောက် ရှုပ်ထွေးစွာဖြင့် စုရီထံ ပြန်ကြည့်မိ၏။

စုရီက မျက်ခုံးပင့်လျက် နီပိုင်ဟွာကို လျစ်လျူရှုလိုက်ပြီး၊

“ တပ်မှူးနီကို မင်းခေါ်လာတာလား။ ”

-ဟု ဟွမ်ချမ့်ကျွယ်ထံ လှမ်းမေးလေသည်။

ထိုမေးခွန်းတွင် မကျေမနပ် ဖြစ်နေသည့် အရိပ်အမြွက်များ ပါဝင်နေသဖြင့် ဟွမ်ချမ့်ကျွယ် တစ်ယောက် ခေါင်းငုံ့သွားတော့သည်။

“ ဟုတ် ... ဟုတ်ပါတယ်။ ”

***

All Chapters