← Chapters

ငါတာဝန် မယူဘူး။

Vol. 4 Ch. 41

ငါတာဝန် မယူဘူး။

Vol. 4 Ch. 41

အစောင့်များက ဝမ်ချောင်ချင်းကို ဝိုင်းရံလိုက်ကာ အေးစက်သော အသွင်ဖြင့် စိုက်ကြည့်လာကြသည်။

ဤအရာသည် သူ့အတွက် မကောင်းနိုင်ကြောင်း ရှင်းရှင်းလင်းလင်း သိလိုက်ကာ အနည်းငယ် တုန်လှုပ်သွား၏။

“ တပ်မှူးနီ ... မင်းလည်း ငါမိသားစု အကြောင်းသိပါတယ် ... ဒီလို ​​စက်ဆုပ်ဖွယ် အမှုကို မလုပ်ဖူးဆိုတာ ယုံပါ ...

... တကယ်တော့ သားဆုံးရှုံးသွားတဲ့ ဖခင်တစ်ယောက်ရဲ့ အပူမီးနဲ့ ... စိတ်မထိန်းနိုင် ဖြစ်သွားတာမို့ နားလည်ပေးနိုင်မယ် ထင်ပါတယ်။ ”

နီပိုင်ဟွာက အနည်းငယ် တွေဝေသွား ပြီးနောက်၊

“ အစ်ကို ချောင်ချင်း ... မင်းအပြစ် မရှိကြောင်း သက်သေပြချင်ရင်တော့ မင်းမှာ လုပ်စရာတစ်ခုပဲ ရှိတယ်။ ”

“ ပြောပါ ... ငါ ဘာလုပ်ရမလဲ။”

“ ဝူရို့ချွယ်နဲ့ ပတ်သက်တဲ့ သဲလွန်စ မှန်သမျှကို ရအောင်စုံစမ်းပါ ... မင်းတို့မိသားစု အကူအညီကို မြို့သခင်ဖူရှန်းက တန်ဖိုးထား လိမ့်မယ်လို့ ငါယုံကြည်ပါတယ်။ ”

“ ဒါတော့ သဘာဝပါပဲ ... ဝူရို့ချွယ်က ငါ့သားကို သတ်တဲ့အတွက် သူ့ကို အစိတ်စိတ် အမွှာမွှာ လုပ်ပစ်ရမယ်၊ တပ်မှူးနီ ... စိတ်ချပါ ဝမ်မိသားစုက စုံစမ်းဖို့ တာဝန်ယူပါတယ်။ ”

သို့မှသာ နီပိုင်ဟွာက အမူအရာ ပျော့ပြောင်းလျက် အစောင့်များထံ လက်ပြ လိုက်သည်။

“ အစ်ကိုချောင် ... ငါမင်းကို ပြောချင်တာ တစ်ခု ရှိတယ်။ ”

“ တပ်မှူးနီ ပြောပါ။ ”

“ ဒီအိမ်က သရဲခြောက်တယ် ဆိုတာ ... မင်းသိရဲ့နဲ့ သခင်လေးစုကို ဘာလို့ သတိမပေးခဲ့ တာလဲ ...

... ဝမ်မိသားစုက သူ့သမက်ကို ဖယ်ရှားဖို့ သရဲခြောက်တဲ့အိမ်ကို အသုံးပြုချင်နေတယ်လို့ သတင်းထွက်လာရင် မကောင်းဖူးနော်။ ”

ထိုစကားကြောင့် ဝမ်ချောင်ချင်း အမူအရာက သိသိသာသာ ပြောင်းလဲသွားကာ ချက်ချင်း ငြင်းဆန်တော့၏။

“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ... ငါဝမ်ချောင်ချင်းက ဒီလိုအရှက်မဲ့ပြီး စက်ဆုပ် ရွံရှာဖွယ်အမှုမျိုး ပြုစရာလား။ ”

“ ဒါကို ... မြို့သခင် ဖူရှန်းဆီ ငါတင်ပြလိုက်ပါ့မယ် ... သခင်လေးစု ဒီမှာနေတဲ့ ကာလအတွင်း ဝမ်မိသားစုက တာဝန်ရှိတယ် ဆိုတာ မမေ့ပါနဲ့။ ”

“ စိတ်ချပါ တပ်မှူးနီ ... ။ ”

“ ဒါဆို ငါတို့သွားကြမယ်။ ”

နီပိုင်ဟွာက အစောင့်တပ်သားများ ခေါ်ဆောင်လျက် ထွက်ခွာသွားတော့သည်။ ဝမ်ချောင်ချင်းက ၎င်းတို့ ပျောက်ကွယ်သည် အထိ စောင့်ကြည့်ပြီးနောက်‌ စုရီထံ လှည့်ကြည့်ကာ၊

“ ဒီမှာ ဘာဖြစ်သွားတာလဲ။”

-ဟု မေးမြန်းလိုက်၏။

“ ငါဘယ်သိမလဲ ... မင်းရဲ့သားက ငါ့အိမ်ရှေ့လာသေနေတာ ... ဒါနဲ့ မေးပါရစေ မင်းရဲ့သား ဒီကို ဘာလာလုပ်တာလဲ။ ”

“ မင်း ... ။ ”

စုရီကို ခြောက်လှန့်လိုသော ဝမ်ချောင်ချင်းခမျာ တုန့်ပြန်မေးခွန်းကြောင့် စကားလုံးများ ပျောက်ဆုံးသွားသည်။

“ ကောင်းတယ် ... အရမ်းကောင်းတယ် ဒီကိစ္စ မပြီးသေးဘူး။ ”

အဆုံးတွင် အံကြိတ်လျက် လှည့်ထွက် သွား၏။ အဆိုပါဖြစ်စဉ်များကို ဟွမ်ချမ့်ကျွယ်မှ တိတ်ဆိတ်စွာ ကြည့်နေမိသည်။

“ တပ်မှူးနီက အစ်ကိုစု လမ်းကြောင်းအတိုင်း တကယ်လိုက်ခဲ့တာပဲ။ ”

ဤလူကြီးသည် တပ်မှူးတစ်ယောက် ဖြစ်သဖြင့် ဤမျှသရုပ်ဆောင်တတ်လိမ့်မည်ဟု မထင်ထားမိချေ။ ကြောက်စရာ ကောင်းချေ၏။

“ လုပ်ပိုင်ခွင့်ဆိုတာ သန်မာသူတွေ လက်ထဲမှာပဲ ... မင်းသန်မာချင်ရင် နှလုံးရည်ပါ ပြည့်ဝနေဖို့ လိုတယ်။”

စုရီက ရှင်းပြလိုက်သည်။

“ နားလည်ပါပြီ။ ”

“ မနက်ဖြန်မနက် ... ကွမ်လင်မြို့နဲ့ ဆယ်မိုင်အကွာက မိုးပြာမြစ်ရဲ့ ပိုးစာပင်ကြီး အောက်မှာ ငါ့ကိုစောင့်ပါ။ ”

ထို့နောက် စုရီက အနားယူရန် ထွက်ခွာသွားတော့၏။ ဟွမ်ချမ့်ကျွယ်သည်သာ ရှုပ်ထွေးသော အသွင်ဖြင့် ကျန်ရစ်ခဲ့သည်။

သို့သော် ဝမ်ကျိယွင်ကို သူ့လက်ဖြင့် သတ်ခဲ့သည့် ဖြစ်စဉ်အပေါ် ဖခင်ထံသတင်းပို့ရန် အရေးတကြီး လိုအပ်နေပြီဖြစ်သည်။

ခြံဝင်းတစ်ခုလုံး တိတ်ဆိတ်သွား တော့သည်။ နေရောင်ခြည်သည် ဆီးရွက်များ ကြားမှတဆင့် မြေပြင်ပေါ် ကျဆင်းနေ၏။

ဟွမ်ချမ့်ကျွယ် ထွက်သွားပြီးနောက် မရဏအစွယ်ကို စားပွဲပေါ်တင်လျက် စုရီက ကြည့်လိုက်သည်။

ဤဓားသည် လူရှစ်ဦးသွေး သောက်သုံး ထား၏။ ထို့ကြောင့် ဓားဖျားတွင် သွေးရောင်ဝါ အချို့ ရရှိလာသည်။

“ ဒါက ... သေမျိုးအဆင့် ဖြစ်နေတော့ သွေးရောင်ဝါကို မစုပ်ယူနိုင်ဘူး ပိုပြီးကြီးထွားဖို့ နေရာလွတ် နည်းနည်းပဲ ရှိတော့တယ်။ ”

ညည်းတွားရေရွတ်လျက် ဘူးသီးခြောက်ထံ လှည့်ကြည့်သည်။ ချင်းဝမ်မှ သူ့အကြည့်များကို ခံစားမိကာ၊

“ တာအိုသခင်၊ မင်း … ငါ့အတွက် အမိန့်ရှိလား။ ”

-ဟု တိုးညှင်းစွာ မေးမြန်းလာလေ၏။

“ ထွက်လာခဲ့ ... ငါ မင်းနဲ့ ဆွေးနွေးစရာရှိတယ်။ ”

“ ဝှစ် ... ။ ”

ဘူးသီးခြောက် အတွင်းမှ အနီရောင် မီးခိုးအသွင်ပြောင်းလျက် ချင်းဝမ်ထွက်လာ၏။ အနီရောင်၀တ်စုံနှင့် ရင်သပ်ရှုမောဖွယ် ကောက်ကြောင်း အချို့ ပိုင်ဆိုင်ထားချေပြီ။

အရွယ်ရောက်ပြီး တစ္ဆေကျင့်ကြံသူ ဖြစ်လာပါက ငရဲကမ္ဘာကို ကိုင်လှုပ်နိုင်သော အလှမျိုး ပိုင်ဆိုင်လာနိုင်ပေမည်။

“ မင်းကို အခွင့်အရေး နှစ်ခုပေးမယ် ... ပထမတစ်ခုက မူလတာအို ​နယ်ပယ်ရောက်တဲ့ အထိ ငါ့ကိုစောင့်မလား ... ဒါဆို မင်းကို ဒီကမ္ဘာကနေ လွှတ်ပေးနိုင်မယ်။ ”

ထိုမေးခွန်းကြောင့် ချင်းဝမ်တစ်ယောက် တုန်ယင်သွားသည်။

“ ဒုတိယ အခွင့်အရေးက ရှင်းပါတယ် ... ငါတို့အပေးအယူ လုပ်ရမယ် မင်းကို စစ်မှန်တဲ့ တစ္ဆေကျင့်ကြံသူ ဖြစ်လာအောင် ... ငါ ကူညီပေးမယ် ... ဒီအတွက်။ ”

“ ငါဘာပြန်လုပ်ပေးရမလဲ တာအိုသခင်။ ”

ချင်းဝမ်က စိတ်လှုပ်ရှားလာ၏။ စုရီမှ သူမကို တစ်ချက်ကြည့်ကာ၊

“ မင်းရဲ့ဝိညာဉ်ကို ဆေးမီးဖိုအဖြစ် အသုံးပြုချင်တယ် ငါဝိညာဉ်တာအိုနယ်ပယ်ကို တက်လှမ်းတဲ့အခါ ငါတို့ နှစ်ဖော်ကျင့်ကြံဖို့ တစ်ကြိမ် လိုအပ်တယ်။ ”

သိုင်းတာအိုနယ်ပယ်တွင် သွေးသန့်စင်ခြင်း၊ ချီသန့်စင်ခြင်း၊ အတွင်းအင်္ဂါငါးပါး သန့်စင်ခြင်း နှင့် ပြီးပြည့်စုံခြင်းဟူ၍ ခွဲခြားသည်။

ထို့နောက် မူလတာအိုနယ်ပယ် သုံးရပ်ရှိသည်။ ၎င်းအထက်တွင် ဝိညာဉ်တာအို နယ်ပယ် သုံးရပ် ရှိပြန်၏။

ဤအဆင့်သို့ ရောက်သောအခါ ယင်နှင့်ယန်ရောနှောပြီး ဝိညာဉ်စွမ်းအင်ကို ဝိညာဉ်မူလ အဖြစ်သို့ ပြောင်းလဲရ၏။

စုရွှမ်ကြွယ်ဘဝတွင် ထိုအဆင့်ကို အခြားနည်းလမ်းဖြင့် ဖြတ်‌‌ကျော်ဖူးခဲ့လေသည်။ သို့သော် ၎င်းဘဝထက် သာလွန်လိုပါက နှစ်မြွှာကျင့်ကြံခြင်းသည်သာ အကောင်းဆုံးပေပင်။

ချင်းဝမ်တစ်ယောက် တုန်ရင်သွားသည်။ သူမအသက်အရွယ်သည် (၁၅)နှစ်သာ ရှိသဖြင့် မျက်နှာတစ်ပြင်လုံး နီရဲပူလောင်လာ၏။

“ ဒါက မင်းအတွက်လည်း နစ်နာမှာ မဟုတ်ပါဘူး ... မင်းရဲ့ကျင့်ကြံမှုကို တစ်ဆင့် ခုန်တက်စေလိမ့်မယ် ... ဒါပေမယ့် ဆန္ဒမရှိရင် ငြင်းနိုင်တယ်။ ”

စုရွှမ်ကြွယ်ဘဝတွင် နှစ်မြွှာကျင့်ကြံ လိုကြောင်း သတင်းထွက်ခဲ့ပါက အင်မော်တယ် အလှတရားများနှင့် နတ်သမီးများပင် သူ့တံခါးဝ၌ တန်းစီနေပေမည်။

နှစ်မွှာကျင့်ကြံခြင်းဖြင့် တာအို၌ မြင့်မားသော အဆင့်သို့ တက်လှမ်းနိုင်ချေပြီ။ ရှားပါးသော အခွင့်အရေး ဖြစ်၏။

“ စဉ်းစားပါ ငါအလျင်မလိုပါဘူး ... ဝိညာဉ်တာအိုနယ်ပယ် ရောက်ဖို့က အဝေးကြီး လိုပါသေးတယ်။ ”

စုရီက စကားဖြတ်ကာ ထရပ်လိုက်စဉ်၊

“ တာအိုသခင် ငါလုပ်မယ်။ ”

-ဟု ချင်းဝမ်မှ သဘောတူလာတော့သည်။

သို့သော် သူမ ဦးခေါင်းပြန်မော့ မလာတော့ချေ။ စုရီက မျက်ခုံးပင့်လိုက်သည်။ တစ္ဆေတစ်ကောင် အနေဖြင့် ဤမျှ ရှက်စရာ လိုသည်လော။ နားမလည်နိုင်ချေ။

“ ကောင်းပြီ ... ငါမင်းကို ကျင့်ကြံမှု နည်းစနစ်သင်ပေးမယ် ဒါပေမယ့် မင်းငါ့တပည့် မဟုတ်ဘူး ... နားလည်လား။ ”

“ နားလည်ပါပြီ။ ”

“ ပြီးတော့ ငါတို့ နှစ်မွှာ ကျင့်ကြံပြီးရင်တောင် မင်းက ငါ့ကိုယ်လှုပ်တော် မဟုတ်လား။ ”

ဤတစ်ကြိမ်၌ ချင်းဝမ်က အံ့ဩတကြီး မော့ကြည့်မိသည်။ ဤတာအိုသခင်သည် မိစ္ဆာ တစ်ပါးပင်လော။

“ တာအိုသခင် ... ငါစိတ်မဝင်စားပါဘူး။ ”

“ ကောင်းပြီ ... ဒါကို စဉ်းစားဖို့ အချိန်တစ်ရက်ထပ်ပေးမယ် လေးလေးနက်နက် စဉ်းစားပါ။ ”

ထို့နောက် တံခါးဆွဲဖွင့်ကာ ထွက်ခွာလာခဲ့သည်။ ချင်းဝမ်၏ အမြင်ကို သူ စိတ်မဝင်စားချေ။

သူ့နှလုံးသားသည် ကျောက်တုံး မဟုတ်သော်လည်း စုရွှမ်ကြွယ်ဘဝ အနှစ် (၁၀၈၀၀၀) အတွေ့အကြုံ ရှိသည်။

လှည့်စားတတ်သော အမျိုးသမီးများကို ရှောင်ရှားရပေမည်။ မဟုတ်သော် သူ ကျရှုံးသွား နိုင်မည်။

***

All Chapters