← Chapters

သတ်ဖြတ်ခြင်း ဆယ်ပါး သုတ္တန်။

Vol. 4 Ch. 43

သတ်ဖြတ်ခြင်း ဆယ်ပါး သုတ္တန်။

Vol. 4 Ch. 43

မသေချာ မရေရာသော အမူအရာမျိုး​ဖြင့် ခြံဝန်းအလယ် ရပ်တန့်သွားပြီး ဓားကို ​ပြန်သိမ်း လိုက်သည်။

ကြည်နူးဖွယ် ခံစားချက်များ ဝင်လာ၏။ စိတ်နှင့်ခန္ဓာ လန်းဆန်းသွားချေပြီ။ ဤသည်မှာ အောင်နိုင်ခြင်း ဓားသုတ္တန်ဟု အမည်ပေးရသည့် အကြောင်းရင်းဖြစ်၏။

ခန္ဓာကိုယ်ကို သလင်းကျောက်နှင့် တူစေနိုင်ပြီး စိတ်ဝိညာဉ်သည် လမင်းကဲ့သို့ တောက်ပနေပေမည်။

လက်ရှိ ကျင့်ကြံမှုသည် ခြင်ဆီ သန့်စင်ခြင်းဖြစ်ပြီး တိုးတက်မှုမှာ သိသိသာသာ နှေးကွေးနေ၏။

မည်သို့ပင် ဆိုစကောမူ ဆေးဘက်ဝင် အပင်ထောက်ပံ့မှုအတွက် ပူစရာမလိုတော့ချေ။ လဝက်အတွင်း အောင်မြင်မှုရနိုင်၏။

ထို့ကြောင့် ဤရက်များအတွင်း အရိုးသန့်စင်ရန်အတွက် ဝိညာဉ်ဆေးပင် အချို့ ကြိုတင်စုဆောင်းထားရပေမည်။

“ ကြည့်ရတာ မိုးပြာတောင်တန်းကို ငါသွားရတော့မယ့်ပုံပဲ။ ”

အဝေးရှိ တောင်တန်းကြီးထံ မျှော်ကြည့်လျက် ရေရွတ်မိ၏။ ဤတောင်သည် မိုင်ရာချီ၍ ကျယ်ပြောကာ ဝိညာဉ်စွမ်းအင်များ ပေါကြွယ်ဝသည့် အရပ်ပေပင်။

ထို့ကြောင့် မှော်ဆန်သော ဆေးပင်များ မွေးဖွားတတ်ချေ၏။

“ တာအိုသခင် ... ဝမ်အာ ဆုံးဖြတ်ပြီးပြီ။ ”

ရုတ်တရက် ချင်းဝမ်၏ ရှက်ရွံ့တိုးညှင်းသော အသံက စိတ်ဝိညာဉ်ဘူးသီးခြောက် အတွင်းထဲမှ ထွက်ပေါ်လာသည်။

“ ဘယ်သူမှ မရှိဘူး ... မင်း လွတ်လွတ်လပ်လပ် နေလို့ရတယ် တစ်ချိန်လုံး ဘူးသီးခြောက်ထဲ နေစရာ မလိုဘူး။ ”

“ ဟုတ်ကဲ့ ... ။ ”

မကြာမီ အနီရောင် ဝတ်စုံဖြင့် မိန်းကလေးတစ်ယောက် ပေါ်လာသည်။ စုရီမှ ခေါင်းရမ် လိုက်၏။

ချင်းဝမ်သည် ကြောက်ရွံနေသည့် ယုန်တစ်ကောင်ကဲ့သို့ မဝံ့မရဲ ဖြစ်နေခဲ့သည်။

“ ပြောပါဦး။ ”

“ တာအိုသခင် ... အရင်ဘဝက ငါ့မှတ်ဉာဏ်တွေကို ဆုံးရှုံးသွားတဲ့ ပုံစံမျိုးနဲ့ ဆက်မနေချင်ပါဘူး။ ”

“ ဒါဆို မင်းမှတ်ဉာဏ်ကို ပြန်လိုချင်လား။ ”

“ ဟုတ်ကဲ့ ... ။ ”

“ ကောင်းပြီ ... ငါကူညီမယ်။ ”

စုရီ အတွေးနက်နေမိ၏။ ချင်းဝမ်သည် အနိမ့်ဆုံး ဝိညာဉ် တစ်ကောင် ဖြစ်သော်လည်း စိတ်ဝိညာဉ်မှာ အလွန်သန့်စင်နေ၏။

သူမ၏ မှတ်ဉာဏ်ကို ဆုံးရှုံးစေသော အကြောင်းအရာမှာ ထူးဆန်းလွန်းလှသဖြင့် သူလည်း သိချင်နေသည်။

“ ကျေးဇူးတင်ပါတယ် တာအိုသခင်။ ”

ချင်းဝမ် မျက်ဝန်းအိမ်သည် ဝိုင်းစက်ပြီးကျယ်ကာ အဖျားရှူးသွားလေသည်။ ထိုသို့သော မျက်လုံးများသည် ပြုံးလိုက်သော အခါတွင် ကျက်သရေရှိသည့် အသွင်မျိုး ပေါ်လွင်စေ၏။

“ မင်းကို သတ်ဖြတ်ခြင်း လမ်းညွှန်ချက် ဆယ်ပါး သုတ္တန်ကို သင်ပေးမယ် ... ဒါက မင်းရဲ့ ဝိညာဉ်ကို ကြံ့ခိုင်စေပြီ မကြာခင် ယင်တစ္ဆေ တစ်ကောင် ဖြစ်လာလိမ့်မယ်။ ”

စုရီက ပြောသည့်အတိုင်း ဘောပင်နှင့်စာရွက်ကို ထုတ်ယူကာ ရေးချ လိုက်သည်။

“ ယင်ဝိညာဉ် ဖြစ်လာတာနဲ့ မင်းရဲ့ ဝိညာဉ်ဟာ နေရောင်ခြည်ကို ထိတွေ့ခွင့်ရမယ်၊ လူတွေကြားမှာ နေထိုင်လာနိုင်မယ်။ ”

ဤနည်းဖြင့်သာ တစ္ဆေကျင့်ကြံခြင်း လမ်းကြောင်းကို အမှန်တကယ် စတင်နိုင်ပေ လိမ့်မည်။

ထို့အပြင် တစ္ဆေကျင့်ကြံသူများသည် ဝိညာဉ်စွမ်းအား​ဖြင့် နာမ်ဝိညာဉ်ကို သန့်စင်ရပြီး လူသားများကဲ့သို ရုပ်ခန္ဓာသန့်စင်ရန် မလိုအပ် သောကြောင့် မူလတာအိုနယ်ပယ်ထံ တိုက်ရိုက်ရောက်၏။

သို့သော် ဝိညာဉ်ဘဝမှသည် ယင်ဝိညာဉ်အဆင့် တက်လှမ်းရန် မလွယ်ကူ နိုင်ချေ။ စုရီက စုတ်တံကို ချလိုက်ပြီး၊

“ ဖတ် ကြည့် လိုက် ။ ”

-ဟု ကမ်းပေးလိုက်သည်။

ချင်းဝမ်က စုရီနှင့် နီးကပ်စွာ မချဉ်းကပ်ဝံ့သေးဘဲ သတိကြီးစွာဖြင့် ခေါင်းငုံ့ ယူလိုက်၏။

များမကြာခင် စိတ်လှုပ်ရှားသောအသွင်ဖြင့်၊

“ တာအိုသခင် ... ဝမ်အာ မှတ်မိပါပြီ။ ”

-ဟု ပြောကြားလာသည်။

ထိုရလာဒ်က စုရီကို အံ့အားသင့်စေသည်။ အဆိုပါ ဤအပြုအမူများသည် ချင်းဝမ်အပေါ် ကျေနပ်သွားစေ၏။

“ တာအို သခင် ... ဝမ်အာက စကားလုံးတွေကို တစ်ကြိမ် မြင်ရုံနဲ့ မှတ်မိ နိုင်ပါတယ်။ ”

“ ထက်မြက်တယ် ... ကောင်းပြီ ငါရှင်းပြမယ် မင်းရဲ့မှတ်ဉာဏ်အရ ရှင်းပြတာကို နားလည်လွယ်ပါလိမ့်မယ်။ ”

သတ်ဖြတ်ခြင်းသုတ္တန်သည် အနောက်ပင်လယ်တစ္ဆေဘုရင် ဖန်တီးသည့် ကျမ်းဖြစ်သည်။

ဝိညာဉ်စွမ်းအင် ကျင့်ကြံသူ၏ ခန္ဓာကိုယ်သည် မည်မျှပင် အားနည်းစေကာမူ သက်ရှိ ဖြစ်၏။

တစ္ဆေကျင့်ကြံသူတစ်ဦး အတွက်မူ မတူညီချေ။ ဝိညာဉ်ကို သန်မာအောင် ကျင့်ကြံ ပေးရကာ အဆုံးတွင် ငရဲကမ္ဘာသို့ ဦးတည်ရ၏။

ထိုကြောင့် အနောက်ပင်လယ် တစ္ဆေဘုရင်သည် မရဏလမ်းညွှန်သူ အဖြစ် သူ့ကိုယ်သူ ဘွဲ့ပေးထားသည်။

စုရီသည် ပြန်လည်မွေးဖွားရန် ရွေးချယ်လိုက်စဉ် သံသရာ၌ လူဝင်စားခြင်းကို နားလည်လာကာ ငရဲကမ္ဘာအကြောင်း မစိမ်းခဲ့ချေ။

ထို့ကြောင့် ချင်းဝမ်ကို အနောက်ပင်လယ် တစ္ဆေဘုရင်နီးပါး အောင်မြင်မှုရအောင် လမ်းပြ ပေးနိုင်မည်။

“ ရှင်းပြီလား ... ။ ”

“ ဟုတ်ကဲ့ ... ။ ”

စုရီရှင်းပြချက်များကို နားထောင်ပြီးနောက် ချင်းဝမ်တစ်ယောက် စိတ်ရှုပ်ထွေးသွားတော့၏။ သူမက၊

“ တာအိုသခင် ... ဝမ်အာ ဒီရှင်းလင်းချက်တွေကို နားလည်နေတယ်၊ တစ်ခုခုများ ပတ်သတ်နေလား။ ”

စုရီက ခေါင်းယမ်းလိုက်သည်။

“ အခုက စဉ်းစားရမဲ့ အချိန်မဟုတ်ဘူး ... ညဘက်တွေ ခြံထဲမှာ လွတ်လွတ်လပ်လပ်နေပါ ... ခြံပြင်တော့ မထွက်နဲ့။ ”

“ ဟုတ်ကဲ့ ... ။ ”

ထို့နောက်တွင် စုရီတစ်ယောက် အခန်းထဲလှည့်ဝင် သွားတော့သည်။ ချင်းဝမ်က လေထဲ လွင့်မျောလျက် ဆီးပင်ပေါ် ပျံသန်းသွား၏။

အကြီးဆုံး သစ်ကိုင်းပေါ်ထိုင်လျက် အနီရောင်ဝတ်ရုံစမှာ လေထဲ တဖျပ်ဖျပ် လွင့်နေ တော့သည်။ သူမ ခြေဖျား ဖြူဖြူများကိုပင် လှုပ်ခါနေခဲ့၏။

လေပြေလေညှင်းများသည် သူမ၏ စိုးရိမ်စိတ်များကို ပြေလျော့သွားစေခဲ့သည်။ ကောင်ကင်ပေါ်ရှိ ကြယ်များကို မော့ကြည့်ကာ ကဗျာတစ်ပုဒ် ရွတ်ဆိုလိုက်၏။

“ ရှေးရှေးတုန်း ဘုရင်တစ်ပါးဟာ အနောက်ပင်လယ်ကို ခရီးနှင်နေစဉ် အံဖွယ် နဂါးအိုကြီး တစ်ကောင်နဲ့ ကြုံခဲ့ရတယ် ...

... နဂါးကြီးက မြောက်ဘက် တောင်တန်းတွေရဲ့ အင်မော်တယ် ဝိညာဉ် လှိုဏ်ဂူမှာ မဟာယွီရဲ့ ဝိညာဉ်တံဆိပ်ကို ခိုးယူသွားခဲ့တယ် ...

... ကောင်းကင်နဲ့ မြေကြီးရဲ့ လျှို့ဝှက် နိယာမတွေကို ဖော်ပြခြင်း မပြုပါနဲ့ ကံကြမ္မာမှာ ဆန္ဒမရှိရင် ဘာကိုမှ အတင်းအကြပ် လုပ်ယူလို့ မရပါဘူး ... မဟုတ်ရင် မင်းဆုံးရှုံးရလိမ့်မယ်။ ”

အဆုံးတွင် မျက်ရည်များ ရစ်ဝိုင်းလျက် နှလုံးသားထဲ ဖော်မပြနိုင်သော ဝမ်းနည်းမှုများ ဝင်ရောက်လာတော့သည်။

“ နေပါဦး ... ဒီစာသားတွေကို ငါ ဘယ်လိုများ ရွတ်ဆိုမိရတာလဲ ... ငါ့ဘဝနဲ့ ဆက်စပ်နေတာ များလား။ ”

ချင်းဝမ်မှ ကြယ်များကို မော့ကြည့်ကာ တစ်ကိုယ်တည်း ညည်းတွားလျက် ပြန်လည် တိတ်ဆိတ်သွားတော့သည်။

အဆိုပါအချင်းအရာများကို စုရီက ပြတင်းပေါက်မှတဆင့် ငေးကြည့်နေခဲ့သည်။ ချင်းဝမ်ရွတ်ဆိုသော နောက်ပင်လယ် အံ့ဖွယ် နဂါးနှင့် ဝိညာဉ်လှိုဏ်ဂူ၏ မဟာယွီတံဆိပ် စသည်တို့သည် စိတ်ဝင်စားစရာချေပြီ။

***

All Chapters