← Chapters

ရေစီးကြောင်း။

Vol. 4 Ch. 48

ရေစီးကြောင်း။

Vol. 4 Ch. 48

အဝါရောင်စံအိမ်သို့ ပြန်လာသောအခါ မထင်မှတ်ထားသည့် ဧည့်သည် တစ်ယောက် စောင့်ဆိုင်းနေသည်ကို မြင်လိုက်ရ၏။

“ ဆရာစု ... ။ ”

ဤသည်မှာ မြို့တော်သခင်ဖူရှန်း ဖြစ်သည်။

“ ဖိတ်မခေါ်ဘဲ လာခဲ့မိတဲ့ အတွက် တောင်းပန်ပါတယ်။ ”

၎င်းက ဆရာစုအဖြစ် လေးလေးစားစား ပြောင်းလဲ ခေါ်ဆိုလာ၏။ စုရီမှ အခေါ်အဝေါ်ကို ဂရုမစိုက်ဘဲ၊

“ ပြောပါ။ ”

-ဟု ခေါင်းညိတ်ပြလိုက်သည်။

“ ဆရာစုက သုံးရက်နေရင် မြစ်ပြင်မှာ နဂါးတံခါးဧည့်ခံပွဲ စပါလိမ့်မယ် ... ဒီရက်တွေမှာ အရာအားလုံး စီစဉ်ထားပေမယ့် မနေ့ညက ငါ့ကိုခေါင်းကိုက်စေတဲ့ ဆက်သွယ်မှု တစ်ခုရလာတယ်။ ”

မြို့သခင် ဖူရှန်းမှ စကားအစချီလိုက်၏။ စုရီက တိတ်ဆိတ်စွာ နားထောင်နေခဲ့သည်။

“ အဲဒီက တိမ်တံခွန် မြို့သခင်ရဲ့ ... နောက်ထပ် ထည့်ဝင်လာတဲ့ ဆုကြေးတစ်ခု အကြောင်းပါပဲ ...

... ငါတို့မြို့တွေနဲ့ မဝေးလှတဲ့ ... မြစ်ပြင်တစ်နေရာမှာ ကျွန်းတစ်ကျွန်းရှိတယ် အဲဒီကျွန်းကို ချန်ပီယံဖြစ်တဲ့ မြို့ဘက်က ဆယ်နှစ်တိတိ အုပ်ချုပ်ခွင့်ရဖို့ပဲ။ ”

“ ကျွန်းက ထူးခြားလား။ ”

“ ထူးခြားတယ် အဲဒီကျွန်းက ပေသုံးဆယ်သာရှိပြီး ဝိညာဉ်စွမ်းအင်တွေ သိပ်သည်းလွန်းတဲ့ အရပ်ပဲ ... ကျွန်းပေါ်မှာ ကျောက်စိမ်းဝါးတောကြီးရှိတယ် ... ။ ”

‌ကျောက်စိမ်းဝါးအမျိုးအစားသည် ကျောက်စိမ်းကဲ့သို့ စိမ်းစိုတောက်ပြောင်နေပြီး ဝိညာဉ်ရေးရာ သဘာဝရတနာ ဖြစ်သည်။

အဆစ်များ၊ ဝါးစို့(မျှစ်)နှင့် အရွက်များတွင် သစ်သားစွမ်းအင် ပါရှိ၏။ ရင့်ကျက်သော ဝါးပင် တစ်ပင်သည် အလွန်အဖိုးတန်သည်။

၎င်းကိုလက်နက်များ သန့်စင်ရန် အသုံးပြုနိုင်ပြီး ဝိညာဉ်လက်နက်များကဲ့သို့ မာကျောထက်မြက်လှ၏။

ထို့ကြောင့် ကွမ်လင်နှင့် တိမ်တံခွန်မြို့ တို့သည် သုံးနှစ်တစ်ကြိမ် အုပ်ချုပ်ရန် စီစဉ်ထား ခဲ့ကြသည်။

ဤယခုနှစ်တွင် ကွမ်လင်မြို့သခင်မှ အုပ်ချုပ်ရမည့် အချိန်ဖြစ်၏။ သို့သော် တစ်ဖက် မြို့သခင်မှ လက်လွှဲရန် ဆန္ဒ မရှိသဖြင့် ထည့်သွင်း အဆိုပြုလာခြင်း ဖြစ်သည်။

စုရီတစ်​ယောက်မျက်ဝန်းများ မှေးစင်းသွားကာ မြို့သခင်ဖူရှန်းစကားကို ခွဲခြမ်းစိတ်ဖြာနေခဲ့သည်။

နဂါးတံခါးတွင် ပါဝင်ရန် အသက် ဆယ့်ရှစ်နှစ်အောက် လူငယ်တိုင်းအခွင့်အရေး ရှိသည်။

တိမ်တံခွန် မြို့တော်သခင်သည် ယုံကြည်မှုမရှိဘဲ ​ဤသဘောတူညီချက်ကို ထည့်သွင့်လာစရာ အကြောင်းမရှိချေ။

“ မြို့သခင် ... မြစ်ပြာဓားစံအိမ်က တောင်ပြာဓား အကြီးအကဲ ရောက်နေတယ်လို့ ငါကြားတယ် သူ့ကို မင်းဘာလို့အကူအညီ မတောင်းရတာလဲ။ ”

စုရီက စူးစမ်းဟန်ဖြင့် မေးမြန်းလိုက်သည်။ ထိုမေး​ခွန်းကြောင့် မြို့သခင်ဖူရှန်းမှ သက်ပြင်းချ လိုက်၏။

“ ငါသူနဲ့ ရင်းနှီးမှု မရှိဘူး ... ပြီးတော့ သူတို့က လီမိသားစုဆီမှာ တည်းခိုနေကြတယ် ဆရာစုအမြင်မှာ ဒီပြိုင်ပွဲက သိပ်ဖျင်းနေမှာ ငါသိပါတယ် ဆန္ဒမရှိရင် တခြားနည်းလမ်း ရှာလိုက်ပါ့မယ်။ ”

ဝမ်မိသားစုမွေးနေ့ပွဲတွင် မြို့သခင်၏ စွက်ဖက်မှုသည် လီတျန်းဟန်ကို မပျှော်ရွှင်စေ သည်မှာ သဘာဝပေပင်။ ထို့ကြောင့် လီမိသားစု စံအိမ်ထံ ဖူရှန်းတစ်ယောက် မသွားလိုခြင်း ဖြစ်၏။

အဆိုပါ အချင်းအရာကို နားလည်ထားသော စုရီမှ ခေါင်းညိတ်ပြီး၊

“ ကောင်းပြီ ငါကူညီမယ်။ ”

-ဟု ကတိပေးလိုက်တော့သည်။

မြို့သခင်ဖူရှန်းသည် သူ့ကို များစွာ ကူညီပေးခဲ့၏။ ထို့ကြောင့် ရပ်ကြည့်နေရန် နည်လမ်း မရှိသည်မှာ သဘာဝပေပင်။

ဧည့်ခံပွဲသည် ပျင်းစရာ ကောင်းလှ သော်လည်း မြစ်ပြင်ရှုခင်းများ ကြည့်ခြင်းဖြင့် လေကောင်းလေသန့် ရရှိချေမည်။

မြို့သခင်ဖူရှန်းက အလွန်ဝမ်းသာသွားပြီး၊

“ ဆရာစု ကျေးဇူးတင်ပါတယ်။ ”

-ဟု ဆိုကာ နှုတ်ဆက် ထွက်ခွာ သွားတော့သည်။

ထို့နောက် စုရီက အခန်းထဲ ဝင်ရောက်လိုက်ကာ ဆေးဘက်ဝင်ရေချိုးရန် ပြင်ဆင်လေသည်။

လက်ရှိတွင် သူ၏ ကျင့်ကြံမှုသည် ဆေးပေါင်းရည်များနှင့် ဝိညာဉ်ကျောက်တုံး ငါးဆယ်ကြောင့် ​သွေးသန့်စင်ခြင်း တတိယ အဆင့်ကို ‌ကျော်ဖြတ်နိုင်ခဲ့သည်။

ချီသန့်စင်ခြင်း ပထမအဆင့်ရှိ ဝူရို့ချွယ်နှင့် ထပ်မံ ရင်ဆိုင်ရမည်ဆိုသော် အလွယ်တကူ သတ်ပစ်နိုင်မည်။

“ မျှော်လင့်ထားသလိုပဲ၊ သာမာန် ဆေးဖက်ဝင်အပင်တွေက အာနိသင် မပေးနိုင် တော့ဘူး။ ”

များမကြာမီ ဆေးဘက်ဝင် အရည်များ သက်ရောက်မှု လျော့ပါးလာသည်ကို သတိပြုမိ လိုက်တော့၏။

သစ်သားစည်အတွင်းမှ ထွက်ခွာပြီး အဝတ်အစား ဝတ်ဆင်လျက် လက်တစ်ဖက်စီ၌ ဝိညာဉ်ကျောက်တုံး တစ်တုံးစီကို ကိုင်ကာ ကုတင်ပေါ်တင်ပျဉ်ခွေထိုင်လိုက်သည်။

အရိုးသန့်စင်ခြင်းသည် သွေးသန့်စင်ခြင်း အဆင့်၏ နောက်ဆုံး ဖြစ်သည်။ ဤအဆင့်တွင် အရိုးများကို ကျောက်စိမ်းကဲ့သို့ သန့်စင်ရ၏။

မဟာကျိုးရှိ ကျင့်ကြံသူတိုင်းသည် ဤအဆင့်၌ ပိတ်မိနေကြသည်။ ချီသန့်စင်ခြင်း နယ်ပယ်သို့ လက်တစ်ဆုပ်စာသာ တတ်ရောက် နိုင်သည်။

အကြောင်းမှာ အရိုးသန့်စင်ခြင်း၏ လိုအပ်ချက်မှာ မြင့်မားပြီး အရင်းအမြစ် များစွာ ကုန်လွန်သောကြောင့် ဖြစ်၏။

သာမန်ဆေးဘက်ဝင် အပင်များနေရာ၌ ဝိညာဉ်ရေး ဆေးဘက်ဝင်အပင်များ အစားထိုး သုံးဆွဲရသည်။

အထွတ်အထိပ်ရောက်သည်နှင့် ဝိညာဉ်ကျောက်တုံးများအပြင် ဝိညာဉ်ရေးရာ နယ်မြေများပါ လိုအပ်လာ၏။

ထို့ကြောင့် ဤသို့သော ကြွယ်ဝမှုများ အလွန်ရှားပါးသော မဟာ​ကျိုးရှိ ကျင့်ကြံသူများ ပိတ်မိကြသည်မှာ သဘာဝပေပင်။

“ ငါ့မှာ ဝိညာဉ်ကျောက်တုံး သုံးဆယ်ကျော်ကျန်သေးတယ် ... ဝိညာဉ်ရေး ‌ဆေးဘက်ဝင် အပင်မပါဘဲ ငါးရက်လောက် ကျင့်ကြံလို့ရနိုင်တယ်။ ”

စုရီအတွေးများက ကွမ်လင်ကို ကျော်လွန်သွား၏။ မဟာကျိုး၏ စီရင်ပိုင်ခွင့် အောက်တွင် ပြည်နယ်ခြောက်ခုနှင့် ခရိုင် သုံးဆယ့်ခြောက်ခု ရှိသည်။

ပြည်နယ်တစ်ခုသည် ခရိုင်ခြောက်ခုကို ထိန်းချုပ်ရကာ ခရိုင်တစ်ခုစီတွင် မြို့များစွာ ရှိ၏။

တိမ်မြစ်စီရင်စုသည် မြို့ငယ်ပေါင်း (၁၉)မြို့ရှိပြီး၊ အင်ပါယာပြည်နယ် အတွင်းရှိ စီရင်စု(၆)ခုအနက်မှ တစ်ခု ဖြစ်သည်။

ဆိုလိုသည်မှာ ကွမ်လင်မြို့သည် မဟာကျိုး၏ ဝေးလံခေါင်သီသော မြို့ငယ်လေး တစ်မြို့သာ ဖြစ်ချေ၏။

ထို့ကြောင့် စုမိသားစုနှင့် အလှမ်းဝေးသော မြစ်ပြာဓားစံအိမ်သို့ဝင်ရောက်ရန် တစ်ချိန်က သူ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ဤနည်းဖြင့် စုမိသားစု၏ လွှမ်းမိုးမှုကို ဖယ်ရှားနိုင်ခဲ့၏။ ယနေ့တွင် ကျင့်ကြံမှု ပြန်ရပြီ ဖြစ်သောကြောင့် ကွမ်လင်မြို့သည် သူ့အတွက် မလုံလောက်တော့ချေ။

ဤဒေသသည် ကျင့်ကြံသူများအတွက် လိုအပ်သော အခြေခံလိုအပ်ချက် လေးရပ်နှင့် ဆန့်ကျင်နေ၏။

“ တစ္ဆေမိခင်တောင်ကို သွားဖို့ အချိန်ကျပြီထင်တယ်။ ”

စုရီက အဝေးရှိ တောင်တန်းများထံ မျှော်ကြည့်ကာ ရေရွတ်လိုက်သည်။ ယင်ဝိညာဉ် သွေးပြန်ကြောသည် ထိုအရပ်၌ ​ရှိနေနိုင်၏။

လက်ရှိကျင့်ကြံမှုအရ ၎င်းကို မလိုအပ်သော်လည်း ရှားပါးဆေးဘက်ဝင် အပင်များ စုဆောင်းနိုင်မည်။

သုံးရက် ကုန်လွန်ပြီးနောက် မျှော်လင့်ထားသည့်အတိုင်း နဂါးတံခါး ဧည့်ခံပွဲ ရောက်ရှိလာသည်။

စုရီအတွက်မူ ထုံစံအတိုင်း ပိုးစာပင် အောက်သို့ သွားရောက်ကာ ကျင့်ကြံနေမြဲ ဖြစ်၏။ သူ့အတွက် နေ့ရက်တိုင်းသည် အတူတူပေပင်။

***

All Chapters