← Chapters

အခန်း (၁၈၂)

Vol. 13 Ch. 182

အခန်း (၁၈၂)

Vol. 13 Ch. 182

ကျန်းရှီအာ အနည်းငယ်မျက်မှောင်ကြုတ်လိုက်မိသည်။

ရွှမ်ယီထံမှ ဓားချီစွမ်းအင်အနည်းငယ်မျှ မခံစားရပေ။

ရွှမ်ယီက ဓားတာအိုနည်းပြဆရာဖြစ်ပြီး သူ့ထံမှ ဓားချီစွမ်းအား အနည်းငယ်မျှမခံစားရခြင်းမှ လုံး၀မဖြစ်နိုင်ပေ။

အနှီရွှမ်ယီက ဓားတာအိုနှင့်ပတ်သက်ပြီး လုံး၀နားမလည်ခြင်းဖြစ်နိုင်သလို ဓားတာအိုအပေါ်နားလည်မှုက သူ့ထက်နက်ရှိုင်းနေခြင်းလည်းဖြစ်နိုင်သည်။

ကျန်းရှီအာက ရွှမ်ယီကိုလေးလေးနက်နက်စိုက်ကြည့်လိုက်ပြီးနောက် ကျန်းချန်ဘက်သို့လှည့်ကာ

“ ဒါဆိုလည်း မင်းရဲ့ သိုင်းတာအိုလမ်းကြောင်း အဆင်ပြေဖို့ ငါဆုတောင်းပေးလိုက်ပါတယ်…”

ကျန်းရှီအာက တုံးအသူမဟုတ်ပေ။ သူ့အနေဖြင့် ရွှမ်ယီနှင့် ပြသနာတက်နေခြင်းက အကျိုးမရှိနိုင်ချေ။

ထို့အပြင် ရွှမ်ယီဆိုသည့်ကောင်လေးက အသူရာချောက်ကြီးလား နက်ရှိုင်းသည့်ခံစားချက် ပေးစွမ်းနေသည်။

ကျန်းချန်က ရွှမ်ယီရှိရာသို့ အမှန်တကယ် သွားနေသည်ကိုမြင်လျှင် ကျန်းချန်၏ တပည့်များ ဒေါသထွက်လာခဲ့ကြသည်။

“ ငါတို့ဆရာကို လက်လွှတ်လိုက်တာ မင်းအတွက် အမှားကြီးပဲ.. နှစ်အနည်းငယ်ကြာတဲ့အခါ မင်းနောင်တမရဖို့မျှော်လင့်ပါတယ်…”

ကျန်းချန်က အသာအယာပြုံးလိုက်၏။

ရွှမ်ယီအား လက်လွှတ်လိုက်ရလျှင်သာ အလွန်ကြီးမားသော အမှားကြီးဖြစ်သွားပေမည်။

ရွှမ်ယီက ပြိုင်ဘက်ကင်း အင်မော်တယ်ဓားသမားဆိုတာ မင်းတို့မသိသေးလို့ ဒီလိုဝေဖန်နေကြတာ….!

‘ ရွှမ်ယီကို ဆရာအဖြစ်ရွှေးချယ်ခဲ့တဲ့အပေါ် ငါ ဘယ်တော့မှ နောင်တရမှာမဟုတ်ဘူး …’

ဗဟိုသူတော်စင်အကယ်ဒမီ ကျောက်စိမ်းဖြူလှေကားတောင်ထိပ် ရင်ပြင်တွင် ကျောင်းသားများ အဆက်မပြတ်ရောက်လာခဲ့ပြီး (၁၂၀၀)လောက်ရှိသွားချေပြီ။

ထိုကျောင်းသားများ အားလုံး၏ အကြည့်များအောက်တွင် ကျန်းချန်က ရွှမ်ယီရှေ့၌ ဒူးထောက်ချလိုက်၏။

“ ကျေးဇူးပြုပြီးတော့ ဆရာ.. ကျွန်တော့ကို တပည့်အဖြစ်လက်ခံပေးပါ…”

ရွှမ်ယီ ပြုံးလိုက်၏။

ကျန်းချန်၏ အရည်အချင်းက မဆိုးလှပေ။ သူက အဇူရာဒေသတွင် တတိယဓားသခင်၏ တပည့်ဖြစ်၏။ ဓားဝိညာဉ်ခန္ဓာကိုယ်အား ပိုင်ဆိုင်ထားသူတစ်ဦးဖြစ်ပြီး ယခုတွင် ဓားရည်ရွယ်ချက်အား နားလည်ထားပြီဖြစ်သည်။ တိုတိုပြောရလျှင် ကျန်းချန်က မည်သည့်နေရာ၌ မဆို ပါရမီကောင်းသူတစ်ဦးအဖြစ်မှတ်ယူ၍ရသည်။

အစက ကျန်းရှီအာက ကျန်းချန်အား တပည့်အဖြစ် ခေါ်ယူလိုခဲ့သည်။ ရွှမ်ယီက သူနှင့် လုရန်စိတ်ကူးမရှိချေ။ သူက ဤနေရာ၌ လူသစ်တစ်ဦးဖြစ်၏။

သို့သော် မမျှော်လင့်ထားသည်က ကျန်းချန်က ကျန်းရှီအာ၏ ကမ်းလှမ်းချက်အား ငြင်းပယ်ပြီး သူ့ထံတွင် သင်ကြားလိုခဲ့သည်။ သို့ဆိုပါက ရွှမ်ယီအနေဖြင့် ကျန်းချန်အား ငြင်းပယ်စရာအကြောင်းမရှိချေ။

“ ထပါ.. ပြီးရင် ငါ့နောက်မှာ လာရပ်လိုက်…”

ရွှမ်ယီက ကျန်းချန်အား သူ့ကျောင်းသားအဖြစ် စာရင်းသွင်းလက်ခံလိုက်၏။

“ဟုတ်…”

ကျန်းချန်က တောက်ပနေသောမျက်၀န်းများဖြင့် တက်ကြွစွာ ထရပ်လိုက်၏။ ထို့နောက် စိတ်လှုပ်ရှားမှုကြောင့် နီရဲနေသော မျက်နှာဖြင့် ရွှမ်ယီနောက်၌ သွားရပ်လိုက်သည်။

အကယ်ဒမီမှ နည်းပြဆရာဟောင်းတစ်ဦးချင်းစီ၏ နောက်တွင် သူတို့ တပည့်များ ရပ်နေကြသည်။ ထိုတပည့်များက ယခင်အဖြတ်ကျောင်းသားလက်ခံခြင်းမှ လက်ခံထားသည့် စီနီယာကျောင်းသားများ ဖြစ်၏။ ၎င်းတို့အထဲတွင် ပါရမီနိမ့်ကျသူတစ်ယောက်မှမပါပေ။ ကျောင်းသားသစ်များအား ဆွဲဆောင်ရန် နှင့် အင်အားပြရန် ခေါ်လာခြင်းဖြစ်သည်။

သို့သော် ရွှမ်ယီနောက်တွင်မူ တစ်ယောက်မှမရှိချေ။ မည်သူမှ ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း နောက်ကွယ်တွင် လှောင်ရယ်နေခဲ့ကြသည်။

အရည်အချင်းပြည့်၀သည့် အစွမ်းထက်တပည့်များက ဆရာများ၏ ပုံရိပ်ကို မြှင့်တင်ပေးနိုင်သည်။

ရွှမ်ယီက ဆရာတစ်ဦးဖြစ်သော်လည်း သူ့နောက်တွင်မူ မည်သူမှမရှိပေ။ ထို့သို့မရှိသောကြောင့် သူ၏ ဆရာ ရာထူးဆုံးရှုံးသွားသည်ဟုမဆိုလိုပေ။ သို့သော် အားလုံးကြား၌ သူတစ်ယောက်တည်း နောက်တွင် မည်သူမှမရှိသည့်အတွက် အနည်းငယ်တော့ တမျိုးဖြစ်နေခဲ့သည်။

ယခု သူ့နောက်၌ ကျန်းချန်ရှိနေပြီဖြစ်ရာ အနည်းငယ် အမြင်ရ အဆင်ပြေသွားပြီဟု ဆိုရပေမည်။

ယခုအချိန်တွင် ပတ်၀န်းကျင်မှာ ဆရာများသာမက ကျောင်းသားများပါ အနည်းငယ်တုန်လှုပ်သွားကြသည်။

ဤအဖြစ်အ‌ပျက်က အပေါ်ယံလောက် မရိုးရှင်းချေ။ ကျောင်းသားတစ်ဦးက နည်းပြဆရာတစ်ဦး၏ ဖိတ်ခေါ်မှုအား ငြင်းဆန်ပြီး အခြားနည်းပြဆရာတစ်ယောက်ကိုရွေးချယ်ခြင်းက ထို နည်းပြဆရာနှစ်ဦး၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်နေသည်။

ကျန်းရှီအာက ကျန်းချန်အား အလိုရှိကြောင်း ဖွင့်ဟပြောဆိုခဲ့၏။

သို့သော် ဆရာအသစ်ရွှမ်ယီက လူမှုရေးအရ ကိုယ့်ကိုယ်အနည်းငယ်နှိမ့်ချမှု ၊ အလျှော့ပေးလိုက်မှုမရှိဘဲ ကျန်းချန်အား တိုက်ရိုက်လက်ခံလိုက်သည်။

ဤသည်မှာ ရွှမ်ယီက ကျန်းရှီအာ၏ မျက်နှာအား ဖြတ်ရိုက်လိုက်သကဲ့သို့ပင်။

အကယ်၍ ကျန်းရှီအာ နေရာ၌ တခြားတစ်ယောက်ဆိုပါက ဒေါသထွက်မည်မှာ မလွဲပေ။ သို့သော် ကျန်းရှီအာက ဤကိစ္စအား စိတ်ထဲထားဟန်မရချေ။

ထိုအချိန်တွင် ကျန်းရှီအာတစ်ယောက် မျက်မှောင်ကြုတ်လျက် စိတ်ထဲ၌ မေးခွန်းများပြည့်နှက်နေခဲ့သည်။

သူက ဗဟိုသူတော်စင် အကယ်ဒမီ၌ နည်းပြဆရာလုပ်လာသည်မှာ ကြာချေပြီ။ ဌာနမှူးက အကယ်ဒမီအတွက် အမှန်တကယ်ပေးဆပ်ပြီး ကြိုးစားသူ‌ဖြစ်ကြောင်းသိထား၏။ အကယ်၍ ရွှမ်ယီသာ ကိုယ်တိုင် အရည်အချင်းမရှိဘဲ နောက်ပေါက်မှ၀င်လာသူဆိုပါက ဌာနမှူးအနေဖြင့် အရေးပါအရာရောက်သောနေရာအား လုံး၀ပေးမည်မဟုတ်ပေ။ သာမာန်အရေးမကြီးသော နေရာတစ်ခုသာပေးပေလိမ့်မည်။

သို့သော် ထိုရွှမ်ယီ၏ အနေအထားက နိမ့်ကျဟန်မရချေ။ သူက သိုင်းတာအိုဌာနမှ ဓားတာအိုနည်းပြဆရာဖြစ်နေခဲ့သည်။

ဓားတာအိုဆိုသည်မှာ လူတိုင်းကျင့်ကြံပေါက်မြောက်နိုင်သောအရာမဟုတ်ချေ။

ဒါဆို သူက ဘယ်လိုလုပ်ပြီး ဓားတာအိုနည်းပြဆရာဖြစ်လာခဲ့သနည်း…?

ဒီ ရွှမ်ယီ…!

အင်း.. ဒီလူငယ်က ထင်သလောက် မရိုးရှင်းဘူး…!

ကျန်းရှီအာက ရှုပ်ထွေးနေဟန်ဖြင့် ရွှမ်ယီအား လှည့်ကြည့်လိုက်သည်။

သူ့အနေဖြင့် ထိုလူငယ်အား ထွင်းဖောက်မြင်နိုင်စွမ်းမရှိချေ။

ဤအဖြစ်အပျက်မှလွဲလျှင် ဆရာများက သူတို့နှစ်သက်ရာတပည့်များအား အဖုအထစ်မရှိ ချောချောမွေ့မွေ့ ရွေးချယ်ခဲ့ကြသည်။ ပြသနာတစုံတရာမရှိလျှင် ဤကျောင်းသားများအားလုံး ၎င်းတို့၏ နည်းပြဆရာများနောက်လိုက်ကာ အကယ်ဒမီတွင် ကျောင်းပြီးသည်အထိ ကျင့်ကြံရပေလိမ့်မည်။

သို့သော် ဗဟိုသူတော်စင်အကယ်ဒမီစတင်တည်ထောင်စဉ်ကတည်းက ချမှတ်ထားသော စည်းမျဉ်းတစ်ခုဖြစ်သည့် ကျောင်းသားများက လက်ရှိသူတို့အားရွေးချယ်ထားသော ဆရာအား သဘောမကျပါက တခြားဆရာတစ်ယောက်အား ပြောင်းလည်းရွေးချယ်နိုင်သည့် အခန်းကဏ္ဍကျန်သေး၏။

ကျောင်းသားသစ်လက်ခံခြင်း အခမ်းအနား၏ တတိယအပိုင်းအဖြစ် ကျောင်းသားများက ၎င်းတို့ ဆရာများအား တဖန် ရွေးချယ်ရပေမည်။

ဝှီး…

ရွှမ်ယီ၏ ရှေ့မှ မြေကွက်လပ် ချက်ချင်း ပြောင်ရှင်းသွားခဲ့သည်။

ယခင်က ရွှမ်ယီရွေးချယ်ထားသည့် ကျောင်းသား(၃၀)လုံး ချက်ချင်း ထွက်ပြေးသွား၏။

သူတို့အားလုံး ပါရမီမြင့်မားသူများဖြစ်ပြီး ၎င်းတို့အနာဂါတ်နှင့် ပတ်သက်ပြီး များစွာ မျှော်လင့်ထားကြသူများဖြစ်သည်။

ဗဟိုသူတော်စင် အကယ်ဒမီသို့မရောက်ခင်ကတည်းက အကယ်ဒမီမှ နည်းပြဆရာများနှင့် ပတ်သက်ပြီး သေချာစုံစမ်းထားခဲ့ကြ၏။

သန်မာ‌သောဆရာ ၊ သည်းခံနိုင်စွမ်းမြင့်မားသော ဆရာ ၊ တချိန်က အလွန်ထွန်းတောက်ခဲ့သော ပါရမီရှင်များအား ပျိုးထောင်‌ပေးခဲ့သည့် ဆရာ စသည်ဖြင့် အကြမ်းဖျဉ်းသိရှိထားခဲ့ကြသည်။

မှန်ပေသည်။ ထိုအထဲတွင် ရွှမ်ယီဆိုသော ဆရာ မပါချေ။

ရွှမ်ယီနှင့် ပတ်သက်ပြီး သူတို့က နကန်းတစ်လုံးမှ မသိကြပေ။ အစက သူတို့အား ရွှမ်ယီရွေးချယ်ခဲ့စဉ်က စိတ်ထဲ အနည်းငယ် ချီတုံချတုံဖြစ်ခဲ့ကြသေးသည်။ နောက်ပိုင်း ရွှမ်ယီက ကျန်းရှီအာကိုပင် မျက်နှာသာမပေးရာ သူတို့ အလွန်ထိတ်လန့်သွားကြ၏။

ထို့အပြင် သူတို့၏ အနာဂါတ်အား အခုမှတွေ့သော အစိမ်းသက်သက်ဆရာထံတွင် လောင်းကြေးထပ်မပုံအပ်ဝံ့ကြချေ။

ဤသို့ဖြင့် အခွင့်အရေးရသည်နှင့် အကုန်လစ်ထွက်လာခဲ့ကြခြင်းဖြစ်၏။

လူအုပ်ကြီးတစ်ခုလုံး ရွှမ်ယီအား ထူးဆန်းသလို ကြည့်နေခဲ့ကြသည်။

ဤဆရာအသစ်ကား သိုသိပ်စွာမနေလိုဟန်ရသည်။ အချိန်တိုအတွင်း ကျန်းချန်ကိစ္စ အပါအ၀င်ဆိုလျှင် လူတိုင်း၏ အာရုံအား နှစ်ကြိမ်တိုင်တိုင်ဆွဲဆောင်သွား၏။

ရွှမ်ယီ ယခင်ကရွေးချယ်ထားသော ကျောင်းသား(၃၀)ထဲတွင် မိုးကြိုးဝိညာဉ်ခန္ဓာကိုယ်ပိုင်ဆိုင်ထားသည့် ပါရမီရှင်တစ်ဦးပါ၀င်သည်။ ထိုလူငယ်က သူ၏အမည်အား ကျောက်ပြားထက်၌ ချန်ထားနိုင်စွမ်းရှိသူလည်းဖြစ်၏။

-လီလင်း ၊ အဆင့်(၃၆၀၀) ၊ အသက်ရှုကြိမ်(၄၄၀)

‌လက်ရှိရင်ပြင်ပေါ်မှ လူတိုင်း ကျောက်ပြားကြီးအား မြင်ပြီးဖြစ်ကာ ထိပ်ဆုံးမှ ဗလာအမည်ကိုလည်း မြင်ခဲ့ပြီးဖြစ်သည်။

လီလင်းက ရွှမ်ယီထံမှ မထွက်ခွာမီ မာနကြီးသောလေသံဖြင့် နံဘေးမှ ကျောင်းသားတစ်ဦးအား

“ ဆရာအသစ်က ငါ့ကိုသူ့တပည့်အဖြစ်ခေါ်ချင်နေတယ်.. သူကိုယ်သူ အထင်ကြီးနေတာပဲ…”

“ သူငါ့ကို တပည့်အဖြစ်ခေါ်ချင်တယ်ဆိုရင် ကျောက်ပြားပေါ်မှာ သူ့နာမည်က ငါ့အထက်မှာရှိသင့်တယ်.. အဲ့လိုမှမဟုတ်ဘူး ဘယ်လိုလုပ်ပြီး ငါ့ဆရာလုပ်ဖို့ အရည်အချင်းရှိမှာလဲ…”

လီလင်း၏ စကားများအားကြားလျှင် ရွှမ်ယီက အသာအယာပြုံးလိုက်သည်။ သူက လီလင်းအား ပေါ့ပေါ့ပါးပါးပင်ကြည့်ပြီး အနည်းငယ်ခေါင်းယမ်းလိုက်၏။

ထိုကောင်လေးက ပါရမီမဆိုးလှသော်လည်း တာအိုနှလုံးသားကမူ ထိုမျှမဟုတ်ပေ။

‘ အဆင့်(၃၆၀၀)ရောက်တာနဲ့ပဲ မင်းက ကောင်းကင်ကြီးကို ခြေတော်တင်နိုင်ပြီထင်နေတာလား…’

‘ အဲ့လောက်နဲ့ ငါ့တပည့်ဖြစ်ဖို့တောင် အဆင့်မမှီသေးဘူး…’

“ ဆရာ…”

ကျန်းချန်က အနည်းငယ်တုံ့ဆိုင်းစွာဖြင့်ခေါ်လိုက်သည်။

သူက ထိုတပည့်များအား ထွက်မသွားစေရန် တစ်ခုခုလုပ်ဖို့ ရွှမ်ယီအား ပြောချင်နေသည်။

မဟုတ်လျှင် သူကလွဲပြီး ရွှမ်ယီထံတွင် ကျောင်းသား တစ်ယောက်မှ ကျန်တော့မည်မထင်ပေ။

“ ရပါတယ်.. ငါ့ကိုယုံစမ်းပါ.. ဘာမှမဖြစ်ဘူး.. အနာဂါတ်မှာ သူတို့ငါ့ဆီပြန်လာပြီး လက်ခံဖို့အကြောင်း မပြောဖို့မျှော်လင့်တယ်…”

ရွှမ်ယီက တည်ငြိမ်စွာ ပြောလိုက်ပြီး မျက်လုံးမှိတ်ထားလိုက်၏။

All Chapters