← Chapters

အခန်း (၁၈၄)

Vol. 13 Ch. 184

အခန်း (၁၈၄)

Vol. 13 Ch. 184

တစ်ချိန်တည်းမှာပဲ အခြားတစ်ဖက်တွင်

“ ဟမ့်…”

ယုလင်းလုံက ဆံပင်အား နောက်သို့စုစည်းထားပြီး အဖြူ အပြာစပ် စကပ်လေး‌၀တ်ဆင်ထားသည်။ သူမ၏ ၀တ်စားပုံက ချစ်စရာလေးဖြစ်ပြီး လက်ရှိတွင် သူမ၏ နှုတ်ခမ်းလေးအား စူထားလေသည်။

သူမ နံဘေးတွင် နည်းပြဆရာသုံးယောက်ရှိနေပြီး သူမထံမှ ရွေးချယ်မှုကို စောင့်မျှော်နေကြ၏။

ယုလင်းလုံက သူတော်စင်ဒေသ၏ အဓိကအင်အားစုကြီးငါးခုအနက် တစ်ခုဖြစ်သော ‌ယုမိသားစုမှဖြစ်သည်။ ယုမိသားစုက သူတော်စင်ဒေသအရှေ့ပိုင်းတွင်ရှိပြီး အရှေ့ယုမိသားစုဟုလည်း ခေါ်ကြ၏။

သူမ၏ နောက်ခံအား ဘေးဖယ်ထားလျှင်တောင် ကျောက်စိမ်းဖြူလှေကား၌ သူမ၏ စွမ်းဆောင်မှုက အံ့ဩစရာအတိဖြစ်သည်။

သူမ၏ ယုမိသားအတွက် ဂုဏ်ယူစရာဖြစ်ပြီး သူတော်စင်ဒေသ၏ လူငယ်မျိုးဆက်၌ အရှေ့ကောင်းကင်ဟု တင်စားခေါ်ခံရသူဖြစ်၏။

သူမကိုယ်တိုင်ကလည်း ဂုဏ်သတင်းနှင့် ကိုက်ညီပေသည်။ အသက်(၂၀)အောက်သာရှိသေးသော်လည်း အခြေတည်ဝိညာဉ်အဆင့်သိူ့ ရောက်ရှိနေပြီဖြစ်၏။

သူမ၏ ခန္ဓာကိုယ်ကလည်းအလွန်ထူးခြားပေသည်။ စိတ်ဝိညာဉ်မျက်လုံးများနှင့်တကွ သူမ၏ ခန္ဓာကိုယ်တဝိုက်တွင် ကျောက်စိမ်းရောင်အငွေ့အသက်များ ရစ်သိုင်းနေ၏။ ဘုရင်အဆင့်ကျင့်ကြံသူပင် သူမခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် အရှိန်အဝါများအား အချိန်အကြာကြီး စိုက်ကြည့်မည်ဆိုပါက မျက်ရည်ကျစေနိုင်စွမ်းရှိသည်။

ထိုခန္ဓာကိုယ်အမျိုးအစားက စိတ်ဝိညာဉ်ခန္ဓာကိုယ်များ၏ အထက်၌ ရှိသည်။ စိတ်ဝိညာဉ်ခန္ဓာကိုယ်ထက်မြင့်သော ဘုရင်ခန္ဓာဖြစ်ဟန်ရ၏။ သူမ၏ ခန္ဓာကိုယ်အမျိုးအစားနှင့် ပတ်သက်သောသတင်းများအား ယုမိသားစုက ပိတ်ဆို့ထားခဲ့သော်လည်း အပြင်သို့ထွက်ပေါ်နေသည့် သတင်းများထက် ပိုကြီးကျယ်နိုင်ကြောင်း လူအချို့ကထင်ကြေးပေးကြသည်။

ဤသို့သော ခန္ဓာကိုယ်အမျိုးအစား ၊ ပါရမီများကြောင့် ယုမိသားစုတစ်ခုလုံး၏ အသည်းနှလုံးလေးဟုပြော၍ရသည်။ ထို့ကြောင့် သူတော်စင်ဒေသ၌ ယုလင်းလုံအား မည်သူမှ ထိပါးရဲခြင်းမရှိချေ။

သူတော်စင်ဒေသ၏ ထိပ်တန်းအင်အားစုကြီးငါးခုထဲမှ တစ်ုဖြစ်သော ယုမိသား၏ ဒေါသကို မည်သူက ဆွဝံ့မည်နည်း။

ယခု သူမအား ဗဟိုသူတော်စင်အကယ်ဒမီသို့ စေလွှတ်ခဲ့ခြင်းမှလည်း တခြားအကယ်ဒမီများက သူတော်စင်ဒေသနှင့် အလှမ်းဝေးသောကြောင့်ဖြစ်၏။

ယုလင်းလုံ၏ ပါရမီကြောင့် လုပ်ကြံသတ်ဖြတ်ခံရမည်စိုး၍ဖြစ်သည်။ သို့မဟုတ်ပါက နံပါတ်(၁)အကယ်ဒမီသို့ စေလွှတ်ပေလိမ့်မည်။

ထို့ကြောင့် ယုလင်းလုံရောက်လာသည့်အပေါ် ဗဟိုသူတော်စင်အကယ်ဒမီက အလွန်တန်ဖိုးထားပေသည်။

ယုလင်းလုံ အကယ်ဒမီသို့မလာခင်ကတည်းက အကယ်ဒမီမှဆရာများထဲမှ စိတ်ကြိုက် သုံးလေးဦးကို ယုမိသားစုက ကြိုတင်ရွေးချယ်ထားခဲ့၏။ ယုလင်းလုံ အကယ်ဒမီသို့ရောက်လျှင် ၎င်းတို့ထဲမှ တစ်ယောက်ရွေးပေလိမ့်မည်။

ယုမိသားစုက ယုလင်းလုံအတွက် အသေးစိတ် အစီအစဉ်ဆွဲပြီး လမ်းခင်းပေးထားခဲ့သည်။

သို့သော် ယုလင်းလုံက ထိုစီစဉ်မှုများအား သဘောမကျပေ။

“ ငယ်ငယ်ကတည်းက ငါက သူများစီစဉ်ပေးတဲ့အတိုင်းပဲနေခဲ့ရတယ်.. အမြဲတမ်း ဟိုဟာလုပ်ပါ ဒီဟာလုပ်ပါနဲ့… အခုလည်း ဆရာတွေပါ ကြိုပြီးစီစဉ်ထားတာပဲ.. ဒီလိုဆိုရင် ‌ဗဟိုသူတော်စင်အကယ်ဒမီမှာနေရတယ် ဘယ်ပျော်ဖို့ကောင်းတော့မလဲ…”

“ ဘာလို့ ငါ့ဆန္ဒအတိုင်း တစ်ခါမှလုပ်ခွင့်မပေးကြတာလဲ… ငါ ရန်းသမ်းပြီး ရွေးလိုက်မှာကိုစိုးလို့လား.. ဟမ့် ဒီလိုဆိုမှတော့ သူတို့မဖြစ်စေချင်တဲ့အတိုင်း ရွေးချင်တာရွေးလိုက်တော့မယ်…”

ယုလင်းလုံ၏ မျက်လုံးများက ရွှမ်ယီထံသို့ ကျရောက်သွားခဲ့ပြီး တောက်ပလာခဲ့သည်။

သူမက ချက်ချင်းရွှမ်ယီရှိရာသို့ ပြေးသွားပြီး လက်ညှိုးထိုးကာ တစ်စုံတစ်ခု ပြောရန်ပြင်လိုက်၏။

ထိုအခါ ရုတ်တရက် သူမ ခန္ဓာကိုယ်ထံမှ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုက တုန်ခါသွားပြီး ယုလင်းလုံ၏ နှလုံးအား အနည်းငယ်တုန်လှုပ်သွားစေသည်။ ရွှမ်ယီအား နောက်တစ်ကြိမ် ထပ်ကြည့်လိုက်လျှင် သူမ၏ စိတ်နှလုံးက ညင်သာစွာ တုန်ခါသွားပြန်၏။

သူမ မိသားစုမှ ဘိုးဘေးများနှင့် တွေ့ဆုံစဉ်ကပင် ဤကဲ့သို့မခံစားရပေ။

“ ရှင်… ကျွန်မကို ကျောင်းသားအဖြစ် လက်ခံချင်လား….”

ယုလင်းလုံအား ကြည့်နေသည့် ရွှမ်ယီ၏ မျက်လုံးများ အနည်းငယ်တောက်ပသွားပြီး ပြုံးလိုက်သည်။

သူမက ဤ၀င်ခွင့်စမ်းသပ်မှုတွင် နံပ့တ်(၁)ဖြစ်၏။ ကျောက်စိမ်းဖြူလှေကားအား အဆုံးထိတက်ရန် အသက်ရှုကြိမ်(၁၃၂)ကြိမ် အသုံးပြုခဲ့ရပြီး ကျောက်ပြားကြီးထက်၌ အဆင့်(၃)ဖြစ်သည်။ ရွှမ်ယီ၏ စိတ်အာရုံက စနစ်၏ စစ်ဆေးမှုအကွက်သို့ရောက်သွားခဲ့သည်။

ထိုနေရာတွင် ယုလင်းလုံ၏ ပါရမီအား (၄၄၈)မှတ်ဟု ဖော်ပြထားသည်။

ဤ ပါရမီရမှတ်က ရွှမ်ယီ၏ အဓိကတာ၀န်အတွက် မရှိမဖြစ်လိုအပ်နေသောအရာပင်။ ရွှမ်ယီက စကတည်းက သူမအား သတိပြုမိပြီးသားဖြစ်ပြီး စောင့်ကြည့်နေခဲ့သည်။

သူလေ့လာကြည့်ရ‌သဘောက် ထိုမိန်းကလေး၏ အကျင့်စရိုက်က ဆိုးဝါပုံမရချေ။ ကြီးပြင်းလာခဲ့ရသည့်ပတ်၀န်းကျင်ကြောင့် အနည်းငယ်မာနကြီးကာ ဆိုးသွမ်းနေခြင်းသာရှိ၏။ သူမက ကလေးဆန်ကာ သူ့အား ဆရာအဖြစ်ရွေးချယ်ချင်နေသည်။ အဘယ်ကြောင့် ဤအခွင့်အရေးအား လက်လွှတ်ခံရမည်နည်း။

“ ကောင်ပြီ… ဒီနေ့ကစပြီး မင်းက ငါ.. ရွှမ်ယီရဲ့ တပည့်ပဲ…”

“ လာ ငါ့နောက်မှ ရပ်လှည့်…”

ရွှမ်ယီက ပြုံးပြီးလက်ခံလိုက်၏။

[ ဒင်! ပါရမီရမှတ်(၄၀၀)ရှိသော တပည့်တစ်ဦးအား လက်ခံရမည့် တာ၀န်ပြီးမြောက်သွားပါပြီ… တာ၀န်ဆုလာဘ်အား ထုတ်ပေးလိုက်ပါပြီ… ကမ္ဘာငယ်လေးအား ရရှိပြီး ၊ ပင်းယုအား အကန့်အသတ်မဲ့ခေါ်ယူနိုင်ခွင့် ရရှိပြီး…]

စနစ်ထံမှ ထွက်ပေါ်လာသည့်အသံက ရွှမ်ယီ၏ နှလုံးအား လှုပ်ခါသွားခဲ့သည်။

ကြက်သွေးနတ်ဆိုးဒေသတွင် စစ်ထူချင်အား တပည့်အဖြစ်လက်ခံပြီး အဇူရာ‌အင်ပါယာမြို့တော်သို့ ခေါ်ဆောင်လာခဲ့သည်။ ထို့နောက် သူမ၏ ခန္ဓာကိုယ်အား ပြန်လည်ကောင်းမွန်စေခဲ့ပြီး မိစ္ဆာမီးလျှံနယ်မြေအား ဆုလာဘ်အဖြစ်ရရှိခဲ့၏။ ထို့နောက် ပါရမီရမှတ်(၄၀၀)ကျော်သော တပည့်တစ်ဦးလက်ခံရန် တာ၀န်အသစ် ပွင့်လာခဲ့ခြင်းဖြစ်သည်။

ဆုလာဘ်က ပင်းယု၏ ထာ၀ရတည်ရှိမှုဖြစ်၏။

ယခု ယုလင်းလုံအား တပည့်အဖြစ်လက်ခံပြီးနောက် ပါရမီအမှတ်(၅၀၀)ကျော်သော တပည့်တစ်ဦးလက်ခံရန် အဓိကတာ၀န်အသစ်ပွင့်လာခဲ့သည်။

ဆုလာဘ်များမှာ - တိုင်ရှုဓားခန္ဓာ ၊ ဓားရည်ရွယ်ချက် တစ်ဆင့်တိုးခြင်း နှင့် ကျင့်ကြံဆင့် နှစ်ဆင့်တိုးခြင်းတို့ဖြစ်၏။

ဆုလာ်အသစ်များအားမြင်ပြီးနောက် ရွှမ်ယီတစ်ယောက် တုန်လှုပ်သွားခဲ့ရသည်။ ‌ဓားရည်ရွယ်ချက်ကလည်း တစ်ဆင့်တိုးလာမည်ဖြစ်ပြီး ကျင့်ကြံမှုအဆင့် နှစ်ဆင့်တိုးလာမည်ဖြစ်သည်။ ကျင့်ကြံဆင့်နှစ်ဆင့်တိုးလာခြင်းက အဆင့်ကြီး၏ ထက်၀က်လောက် တိုက်ရိုက်တိုးသွားခြင်းနှင့် မခြားပေ။ လက်ရှိ သူက မူဘဘုရင်အလယ်အလတ်အဆင့်၌ဖြစ်ပြီး ဆုလာဘ်လက်ခံပြီးပါက မူလဘုရင်အထွတ်အထိပ်သို့တန်းရောက်သွားမည်ဖြစ်ပြီး လူသားဘုရင်အဆင့်နှင့် ခြေတစ်လှမ်းသာဝေးပေတော့မည်။

တိုင်ရှုဓားခန္ဓာနှင့် ပတ်သက်လျှင်မူ…

ရွှမ်ယီက သူ၏ အသိစိတ်အား ၎င်းအတွင်းသို့ စီးဆင်းစေလိုက်ပြီး အချက်အလက်များရယူလိုက်သည်။

‘ တိုင်ရှုဓားခန္ဓာက ကမ္ဘာကြီးမှာရှိတဲ့ ခန္ဓာအဆင့်တွေထက် ကျော်လွန်နေတယ်… သူက ဓားတစ်သောင်းကို တစ်ချောင်းအဖြစ်ပေါင်းစည်းစေပြီး ‌ဓားတစ်ချောင်းက ကောင်းကင်ဘုံ ကိုးခုကိုပိုင်းဖြတ်သွားစေနိုင်စွမ်းရှိတယ်… ဓားနဲ့ အနီးစပ်ဆုံးဖြစ်ပြီး ဓားပညာအတွက် အကောင်းဆုံး ဓားန္ဓာလို့ဆိုနိုင်တယ်….’

ရွှမ်ယီ၏ နှလုံးသားက အပြင်းအထန်တုန်ခါသွားပြီး မျက်မှောင်ကြုတ်လိုက်မိသည်။

တပည့်လက်ခံခြင်းက သူ့အား အမှန်တကယ် သန်မာစေ၏။

ပါရမီအမှတ်(၅၀၀)အတွက် ဆုလာဘ်က အလှမ်းဝေးသေးသော်လည်း လက်ရှိတွင် ပါရမီအမှတ်(၄၀၀)အတွက် ဆုလာဘ်က သူ့အိတ်ကပ်ထဲရောက်နေချေပြီ။

ရွှမ်ယီက စနစ်က အကွက်များအားကြည့်လိုက်ရာ ပင်းယုအား ခေါ်ဆိုနိုင်ခွင့်နေရာတွင် အမြဲတမ်းဟုပြောင်းနေသည်အား တွေ့လိုက်ရ၏။

ဤနေရာတွင် လူများစွာရှိနေသည်။ ထို့ကြောင့် သူ၏စိတ်လှုပ်ရှားမှုအား မြိုသိပ်ထားလိုက်ပြီး တခြားဆုလာဘ်အားကြည့်လိုက်၏။

( ဤကမ္ဘာငယ်က ဘုရင်အဆင့်ကျင့်ကြံသူများ ဖန်တီးထားသည့် ကမ္ဘာငယ်နှင့် မတူပါ။ လူများက ဤကမ္ဘာငယ်ထဲတွင် အချိန်အကြာကြီး နေ၍ရသည်။ ပိုင်ရှင်က ကမ္ဘာငယ်အား စည်းမျဉ်းများ သတ်မှတ်နိုင်ပြီး အတွင်းမှ အချိန်ကိုလည်း အရှိန်အဟုန် ထိန်းချုပ်နိုင်သည်။ ထိန်းချုပ်အသုံးပြု နည်းလမ်း - ဒြပ်စင်ငါးမျိုးအဆီအနှစ်အား ဝါးမြိုရန် လိုအပ်သည် )

“ အရှိန်ကို ထိန်းချုပ်နိုင်တဲ့ ကမ္ဘာငယ်လား…”

ရွှမ်ယီ ရေရွတ်လိုက်သည်။

All Chapters