← Chapters

အခန်း (၁၈၆)

Vol. 13 Ch. 186

အခန်း (၁၈၆)

Vol. 13 Ch. 186

ရွှမ်ယီ၏ ငယ်ရွယ်သောနုပျိုသော မျက်နှာအားမြင်လျှင် မောင်နှစ်မနှစ်ယောက်လုံး မှင်သက်သွား၏။

“ ခင်ဗျားက ကျွန်တော်တို့ကို လက်ခံချင်တာလား…”

အစ်မဖြစ်သူက မှင်သက်နေတုန်းဖြစ်ပြီး မောင်ဖြစ်သူကမေးလိုက်ခြင်းဖြစ်သည်။ ယခုအချိန်တွင် ရွှမ်ယီက မည်သို့ရည်ရွယ်ချက်မျိုးရှိပါစေ သူတို့အနေဖြင့် အရင်ဆုံးလက်ခံရန်လိုအပ်၏။

မဟုတ်လျှင် အကယ်ဒမီမှ ‌လှည့်ပြန်ရတော့မည်။ အကယ်ဒမီတစ်ခုလုံး ရွှမ်ယီမှတစ်ပါး တခြားမည်သည့်ဆရာမှ သူတို့အား မလိုချင်ကြပေ။

ရွှမ်ယီ၏ ကမ်းလှမ်းချက်က သူတို့အတွက် နောက်ဆုံးမျှော်လင့်ချက် ကောက်ရိုးလေးတစ်မျှင်ဖြစ်၏။

“ မင်းတို့ ဆန္ဒရှိရင်ပေါ့…”

ရွှမ်ယီက ခေါင်းညိတ်ပြီး ပြုံးပြလိုက်သည်။

မောင်ဖြစ်သူက ရွှမ်ယီအား စူးစမ်းလိုဟန်ဖြင့် သေချာကြည့်လိုက်ပြီး လေးလံစွာခေါင်းညိတ်ပြလိုက်၏။

“ ကောင်းတယ်…”

ယခုတွင် ကျောင်းသားများအားလုံး ကိုယ်ပိုင်ဆရာများ ရသွားချေပြီ။ အကယ်ဒမီ၏ တပည့်လက်ခံခြင်းအခမ်းအနား ‌ဆုံးခန်းတိုင်သွားပြီဖြစ်၏။

ဘုန်း…

အလင်းတန်းတစ်ခုကျဆင်းလာပြီး ၀င်ခွင့်ရကျောင်းသားများမှတပါး ကျန်သူများအား အကယ်ဒမီအပြင်သို့ ပြန်ပို့လိုက်၏။

“ ကျောင်းသူ ၊ ကျောင်းသားအသစ်များအားလုံး မင်းတို့ဆရာတွေနောက်လိုက်ပြီး ဗဟိုသူတော်စင်အကယ်ဒမီမှာ လေ့လာကျင့်ကြံနိုင်ပါပြီ… ဆရာတွေကို လေးလေးစားစားဆက်ဆံဖို့မမေ့ပါနဲ့.. ပြီးတော့ အကောင်းဆုံးကြိုးစားကျင့်ကြံကြပါ…တစ်နှစ်အကြာမှာ သူတော်စင်ဒေသက အဓိကအကယ်ဒမီငါးခုက ကျောင်းသားသစ်တွေနဲ့ ငါတို့အကယ်ဒမီကကျောင်းသားသစ်တွေ ယှဉ်ပြိုင်ရလိမ့်မယ်…. အဲ့ဒီပွဲက တောင်းပိုင်းတိုက်ကြီးရဲ့ ကြီးမားတဲ့ပြိုင်ပွဲတစ်ခုဆိုလည်းမမှားဘူး… အကယ်ဒမီငါးခုပြိုင်ပွဲကြီးမှာ ပြိုင်ပွဲ၀င်ဖို့ လူ(၁၀)ယောက် ရွေးထုတ်လိမ့်မယ်… မင်းတို့ အဲ့မှာ တောက်ပနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်…”

ဌာနမှူးက စိတ်ဝိညာဉ်စွမ်းအင်များအား အသုံးပြုကာပြောလိုက်သောကြောင့် စကားသံက အကယ်ဒမီတစ်ခုလုံးသို့ ဟိန်းထွက်သွားခဲ့သည်။

ဤသို့ဖြင့် ဗဟိုသူတော်စင်အကယ်ဒမီ ကျောင်းသားသစ်လက်ခံခြင်း တရား၀င်ပြီးဆုံးသွားခဲ့သည်။

ရွှမ်ယီလည်း သူ့ကျောင်းသားငါးဦးအား ခေါ်ဆောင်လျက် ထွက်ခွာလာ၏။ သူ့ နှုတ်ခမ်းထက်၌ အပြုံးတစ်ခု တွဲခိုနေလေသည်။

နည်းပြဆရာများအားလုံးထဲတွင် ရွှမ်ယီ၌ ကျောင်းသားအနည်းဆုံးဖြစ်၏။ ထို့အပြင် ကျောင်းသားများ အရည်အချင်းများကလည်း တစ်ယောက်နှင့်တစ်ယောက် ညီမျှခြင်းမရှိချေ။ သူ့ကျောင်းသားများထဲမှ အကောင်းဆုံးမှာ ယခု၀င်ခွင့်စစ်ဆေးပွဲ၌ အဆင့်(၁)ရခဲ့သူဖြစ်ပြီး အညံ့ဆုံးမှာ မည့်သည့်ဆရာမှ မလိုချင်သည့် နှစ်ယောက်ဖြစ်သည်။

လူတိုင်းအမြင်တွင် ရွှမ်ယီက ကျောင်းသားများ၏ အရည်အချင်းကိုဂရုမစိုက်ဘဲ ဖြစ်သလိုရွေးခဲ့သူဖြစ်၏။ ဤနည်းလမ်းဖြင့် ကျောင်းသားလက်ခံခြင်းက တစ်နှစ်ကြာပြီးနောက် ရလဒ်ကောင်းများ ရလာရန်မဖြစ်နိုင်ပေ။

အစောပိုင်းတွင် ရွှမ်ယီထံမှ ရွေးချယ်ခြင်းခံခဲ့ရသော ကျောင်းသား(၃၀)လုံး မျက်နှာများ ပြုံးရွှင်နေသည်။

“ တော်သေးတယ်.. ငါတို့သူ့ဆီမှာ ဆက်မနေခဲ့လို့.. မဟုတ်ရင် နောက်တစ်နှစ်ကျရင် တော်တော်တိုင်ပတ်နေလောက်မှာ…”

လူတိုင်း၏ အကြည့်များအား ခံစားမိလိုက်ပြီးနောက် ကျန်းချန်တစ်ယောက် မနေနိုင်ဘဲ လက်သီးဆုပ်ထားမိလိုက်သည်။ ရွှမ်ယီ၏ ဂုဏ်သိက္ခာအတွက် နောက်နှစ်ကျင်းပမည့် ပြိုင်ပွဲ၌ အကောင်းဆုံးအစွမ်းပြမည်ဟု ဆုံးဖြတ်ချက်ချလိုက်၏။

ရွှမ်ယီက ၎င်းတို့အား ဂရုမစိုက်ဘဲ ပြုံးလိုက်သည်။

၎င်းတို့က ကျောင်းသားများသာဖြစ်ပြီး အနည်းငယ်မျှ ခေါင်းထဲထည့်မနေပေ။ ထွက်သွားပြီး ပြန်လာပါက လုံး၀လက်ခံမည်မဟုတ်ချေ။

သူ၏ လက်ရှိကျောင်းသားများက တစ်နှစ်အကြာတွင် ၎င်းတို့အားလုံးကို ကျော်သွားမည်ဟု ယုံကြည်ချက်ရှိသည်။

သူက အသက်အငယ်ဆုံးဘုရင်အဆင့်ကျင့်ကြံသူတစ်ဦးဖြစ်သလို ဓားရည်ရွယ်ချက် အဆင့်(၄)သို့ရောက်နေသူလည်းဖြစ်၏။

“ ဒါမှအဆင်မပြေသေးရင်လည်း ကောင်းကင်ဘုရင်အဆင့်အထွတ်အထိပ်ရောက်နေတဲ့ ပင်းယုကို သင်ခိုင်းလို့ရတာပဲ…”

ဌာနမှူးက လူတိုင်းအတွက် သီးသန့်စီစဉ်ပေးထားသည့် နေရာသို့ပြန်ရောက်သည်နှင့် ရွှမ်ယီ၏ နှလုံးသား အနည်းငယ်လှုပ်ရှားသွားခဲ့သည်။

ဝှစ်ရှ်…

ပင်းယုထွက်ပေါ်လာ၏။ သူမက နောက်သို့အသာအယာလှည့်လိုက်ပြီး ရွှမ်ယီအား စိုက်ကြည့်လိုက်သည်။

“ ဘာဖြစ်တာလဲ…”

ပင်းယုက စကားတစ်ခွန်းမှမပြောပဲ ရွှမ်ယီအား အကြာကြီးစိုက်ကြည့်နေ၏။

ရွှမ်ယီ အနည်းငယ်အံ့အားသင့်သွားခဲ့ပြီး မနေနိုင်ဘဲ သူမမျက်နှာအား လက်ဖြင့် လှမ်းတို့လိုက်သည်။

ဝှီး…

လေတစ်ချက်တိုက်ခတ်သွား၏။

ဟိုးယခင်တုန်းက ပင်းယုအား သုံးကြိမ်ဆင့်ခေါ်ခဲ့ဖူးသည်။ သူမ၏ မျက်နှာက အရမ်းလှပသော်လည်း အပြုံးအရယ်မရှိ အမြဲတမ်း ရေခဲတုံးအလား အေးခဲနေသည်။ ပစ္စည်းတစ်ခုအား သူ့မမျက်နှာထက်တင်လိုက်ရင် အေးခဲသွားမလားတောင်မှတ်ရ၏။

သို့သော် ယခုတစ်ကြိမ်၌ သူမက ရွှမ်ယီအားကြည့်နေရင်း ပြုံးလိုက်သည်။

အသက်ရှုကြိမ်အနည်းငယ်ကြာပြီးနောက် ထိုအပြုံးမှာ ပြန်လည်ပျောက်ကွယ်သွားပြီး နဂိုအတိုင်း အေးစက်စက်နှင့် မျက်နှာသေပြန်ဖြစ်သွား၏။

“ အဟမ်း…”

ရွှမ်ယီချောင်းတစ်ချက်ဆိုးကာ ခေါင်းအနည်းငယ်ယမ်းလိုက်မိ၏။ ပင်းယုကား အနည်းငယ်စိတ်လှုပ်ရှားနေဟန်ရသည်။

တစ်ချိန်တည်းတွင် ရွှမ်ယီ၏ နှလုံးထဲ၌ မေးခွန်းတစ်ခုဖြစ်ပေါ်လာ၏။

ပင်းယုက မည်သည့်နေရာက လာသနည်း…?

“ ပင်းယု.. မင်း…”

ပင်းယု၏ အကြည့်အောက်တွင် ရွှမ်ယီ အနည်းငယ်တွေးတောလိုက်ပြီး မေးခွန်းပြောင်းရန်ဆုံးဖြတ်လိုက်၏။

ပင်းယု၏ ဇစ်မြစ်အား သူမသိသည်က ပိုကောင်းမည်ဟု စိတ်ထဲမှရေရွတ်လိုက်သည်။

ထို့နောက်

“ မင်းက ကောင်းကင်ဘုရင်အဆင့်ကိုရောက်နေပြီ…ဒီတော့ မင်းမှာ ကျင့်ကြံခြင်းနည်းစနစ်ရှိမှာပေါ့…”

သူက ယခု အကယ်ဒမီမှ နည်းပြဆရာဖြစ်နေချေပြီ။ ထို့ကြောင့် သူ့ တပည့်များအား သင်ကြားပြသပေးရန်အတွက် ကျင့်ကြံခြင်းနည်းစနစ်များလိုအပ်၏။

ပင်းယုက ကောင်းကင်ဘုရင်အဆင့်ကျင့်ကြံသူဖြစ်ပြီး သူမ၏ ဇစ်မြစ်ကလည်း လျှို့ဝှက်ဆန်းကျယ်ပေသည်။

သူမထံတွင် အံ့ဩစရာများရှိ‌နိုင်မလား…?

“ အင်း ရှိတယ်…”

ပင်းယု၏ မျက်၀န်းများက မှတ်ညာဏ်များအား တွေးတောလိုက်ဟန်ဖြင့် အနည်းငယ်အရောင်လက်သွားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။

“ ဒီကမ္ဘာကြီးက အဆင့်တွေအရဆိုရင် အဲ့တာက အင်ပါယာအဆင့် ဒါမှမဟုတ် အဲ့တာထက်မြင့်တဲ့ ကျင့်စဉ်ပဲ.. အဲ့တာကိုကျင့်ကြံမယ်ပြီးတဲ့အခါ ခန္ဓာကိုယ်မှာ အပေါက်ပေါင်း(၄၈၀၀၀)ပွင့်လာလိမ့်မယ်.. ပြီးရင် အဲ့အပေါက်တွေကနေတဆင့် စိတ်ဝိညာဉ်စွမ်းအင်ကိုစုပ်ယူပြီး အထွတ်အထိပ် ဓားစွမ်းအင်ကို ‌မွေးဖွားပေးလိမ့်မယ်… အဲ့တာက အရမ်းအစွမ်းထက်ပြီး ကမ္ဘာကြီးကိုတောင် တုန်ခါသွားစေနိုင်တယ်…”

ရွှမ်ယီ၏ စိတ်၀င်စားနေသည့် အမူအရာအားမြင်လျှင် ပင်းယုက ရှေ့တိုးလာပြီး ရွှမ်ယီ၏ နှဖူးအလယ်တည့်တည့်သို့ လက်ညှိုးဖြင့်ထောက်လိုက်၏။

ဘုန်း…

ရွှမ်ယီ၏ စိတ်ထဲတွင် အလင်းမှိန်မှိန်တစ်ချက်လက်သွားပြီး အဖြူရောင်အလင်းတန်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

၎င်းက မရေမတွက်နိုင်သည့် ဓားအရှိန်အဝါများ ဖုံးလွှမ်းထားသည့် အလွန်အစွမ်းထက်သော ဓားအလင်းဖြစ်သည်။

ဓားအရှိန်အဝါ၏ အမျှင်လေးတစ်ခုကပင် တောင်ကြီးတစ်လုံးအား ဖောက်ခွဲပစ်နိုင်စွမ်းရှိ၏။ ၎င်းတွင် အမျှင်ပေါင်း (၄၈၀၀၀)ပါ၀င်နေသည်။

ဓားတစ်ချက်ယမ်းလိုက်ပါက မိုင်တစ်ထောင်အထိရောက်သွားနိုင်၏။ အမြင်အရဆိုလျှင် စကြာ၀ဠာကြီးပင် အရောင်ကင်းမဲ့သွားပြီး ၊ နေလတို့ပင် မှေးမှိန်သွားနိုင်သည်။

“ အင်ပါယာအဆင့် ကျင့်စဉ်…”

ရွှမ်ယီ ရေရွတ်လိုက်၏။

ပင်းယုက ထိုအင်ပါယာအဆင့်ကျင့်စဉ်အား သူ့စိတ်ထဲသို့ အပြည့်အစုံအား ပေးပို့ခဲ့သည်။

…………..

အခုမှ တင်တာဆောရီးပါဗျာ

တိုင်ပတ်နေတဲ့ကိစ္စလေးတွေရှိနေလို့ဗျာ

ဘာသာပြန်ရတာလဲ Engလိုရေးထားတဲ့ကောင်ကိုဆဲရင်ပြန်နေရတယ်

ကွကိုဖတ်တုံးက ပေါ့ပေါ့ပါးပါးဒီတိုင်းဖတ်ထားပေမယ့်

ဘာသာပြန်တဲ့အခါကျ သူများဖတ်ဖို့အတွက် အသေအချာရေးရတယ်မဟုတ်လား

ကွကိုဖတ်ခဲ့တုံးက သတိမထားမိခဲ့ပေမယ့်

အခုကျ Engလိုဘာသာပြန်ထားတဲ့‌လူ တော်တော်ကျက်သရေတုန်းတာဘဲ

တစ်ပိုင်းထက်တစ်ပိုင်း ဖြစ်သလိုရေးထားတယ်

အခုအပိုင်းမှာဆို ဘာတွေမှန်းကိုမသိတာ

It was just a group of students, the strongest was merely Qihai Qizhong.

Qihai Qizhong က ဘာပြောချင်မှန်းကိုမသိဘူး လူကိုပြောချင်တာလား ကျင့်ကြံခြင်းအဆင့်ကိုပြောချင်တာလားဘဲ

ရှေ့မှာ တစ်ခါမှမပါဘူးလေ ဘာထည့်ရေးထားမှန်းတွေးလို့ကိုမရဘူး

နောက်တစ်ခုက ပင်းယုဘယ်ကလာလဲမေးမလို့လုပ်တုံး

He Lingjue faintly told him that Bing Yu’s origin was something he was better off not knowing

He Lingjue ဆိုတာက ဘာလဲ

လင်းကျွယ်က သူ့ကို တိုးတိုးပြောတယ်ဆိုလည်းမဟုတ် ရှေ့က Heကပါသေးတယ်

ပြီးရင် Lingjueဆိုတာလည်းမရှိဘူးလေ

ပြီးရင် ကမ္ဘာငယ်နဲ့ပတ်သက်တဲ့အပိုင်း ဒီအပိုင်းက အင်ပါယာကျင့်စဉ်

Engလိုတော့ထည့်မပြတော့ဘူး

ဖြစ်သလိုရေးထားတယ်

ကွကိုဖတ်တုံးကကျ အဲ့လိုနေရာမျိုးတွေက ဒီတိုင်း သာမန်ကာလျှံကာဖတ်သွားတာ

အခု‌ရေးတော့ သေချာရေးပေးဖို့လိုတယ်လေ

အဲ့ခါကျ သူက ရေးချင်သလိုရေးထားတော့တိုင်ပတ်တယ်

……..

ကျွန်တော်လည်း ဖတ်ရအဆင်ပြေအောင်ရေးပေးနေပါတယ်

အခုအပိုင်းတွေဖတ်ရ အဆင်ပြေမပြေလေး ကျွန်တော့ကိုလာပြောပေးကြပါခင်ဗျ

စိတ်ထဲ engဘာသာပြန်ကိုဆဲရင်းရေးနေရတယ်

နောက်အပိုင်းမှာရှိသေးတယ်

Blue domain ဘာကိုပြောချင်မှန်းလည်းမသိ

ကျင့်စဉ်အဆင့်တွေ ကျွမ်းကျင်မှုအဆင့်တွေနဲ့ပတ်သက်ပြီး

Azure region ကကိစ္စကို ပြန်တွေးတာမှာ Blue domainဆိုတာက ဘာမှန်းမသိ လာစားနေတယ်

ပြီးရင် နာမည်တွေကိုဖြစ်သလိုသုံးထားတယ်

ပထမရေးတာမှာ အဓိက အကယ်ဒမီကြီးငါးခုဗျာ

နောက်တစ်ပိုင်းမှာ အဲ့ငါးခုထဲက နံပါတ်(၁) အကယ်ဒမီကိုရေးတဲ့အခါ ပထမ(၅)ခုထဲမှာ မပါတဲ့နာမည်ကြီး

ပြီးရင် နောက်တစ်ခါကျ နံပါတ်(၁) အကယ်ဒမီနာမည်ကိုနောက်တမျိုးရေးထားပြန်ရော

Machine translate ကြီးကို ဘာသာပြန်နေရသလိုပဲ

တော်တော်ခေါင်းကိုက်စရာကိစ္စပါဗျာ

All Chapters