အခန်း (၁၈၈)
Vol. 13 Ch. 188
ထိုအချိန်တွင် ရန်မိသားစုတစ်ခုလုံး အရောင်အဝါများတောက်ပလျက် အသက်၀င်နေခဲ့သည်။
“ ကြိုဆိုပါတယ်…”
“ ဟားဟားဟား.. ကျုပ်တို့ ရန်မိသားစုအိမ်တော်ကနေ အားလုံးကို ကြိုဆိုပါတယ်.. လူတိုင်း စိတ်ကြိုက် စားကြသောက်ကြပါ…”
ရင်ဘုရင်နှင့် လျှိုဘုရင်တို့က ပြုံးရွှင်စွာဖြင့် ဧည့်ခံပွဲသို့လာရောက်သည့် လူတိုင်းအား လိုက်လံနှုတ်ဆက်နေသည်။
ရန်မိသားစုက သူတော်စင်ဒေသ၏ တောင်ပိုင်းကောင်းကင်တွင် တည်ရှိပြီး ထိုနေရာ၌ လွှမ်းမိုးမှုလည်းရှိ၏။ တောင်းပိုင်းကောင်းကင်ရှိ အဓိကအင်အားစုကြီးတစ်ခုအဖြစ် သတ်မှတ်နိုင်သည်။ သူတို့က အမြဲတမ်း သတ်ဖြတ်ကာ ဗိုလ်ကျကြီးစိုးလေ့ရှိ၏။ သူတို့ လွှမ်မိုးမှုကျယ်ပြန်လာသည်နှင့်အမျှ ၎င်းတို့ကြောင့် ထိခိုက်သူများလည်း ပိုမိုများပြားလာခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ဤမြို့ထဲရှိ ရန်မိသားစုအိမ်တော်၌ စောင့်ရှောက်နေသော ဘိုးဘေးတစ်ဦးကြောင့်ဖြစ်၏။
တောင်းပိုင်းကောင်းကင်တွင် ရန်မိသားစုနည်းတူ နောက်ထပ် မိသားစုလေးခုရှိသေးသည်။
ပြောရမည်ဆိုလျှင် ၎င်းတို့အားလုံး ကောင်းသောဂုဏ်သတင်းမရှိကြချေ။
လွန်ခဲ့သော လအနည်းငယ်က ရန်မိသားစုဘိုးဘေး လျှို့ဝှက်နယ်မြေတစ်ဦးအား စူးစမ်းရှာဖွေရင်း ငရဲချီများ စွန်းထင်းသွားခဲ့သည်။
ငရဲချီ၏ စွမ်းအားများက ရန်မိသားစုဘိုးဘေး၏ ခန္ဓာကိုယ်အတွင်း စိမ့်၀င်သွားပြီး သရက်ရွက် ၊ အဆုတ် စသည့်နေရာများသို့ရောက်ရှိသွား၏။ ထို့နောက် စိတ်ဝိညာဉ်အနှစ်သာရများအား စားသုံးကာ သူ၏ ရိုးတွင်းခြင်ဆီများအတွင်းသို့ပင် ရောက်သွားခဲ့သည်။
၎င်းက သိပ်တော့လည်းအံ့ဩစရာမရှိချေ။ ငရဲချီဆိုသည်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းသောအရာဖြစ်၏။
ရန်မိသားစုဘိုးဘေး ၊ ရန်ဘုရင်ဆိုပြီး သတင်းကြီးသူက တစ်နှစ်ပင်ခံနိုင်တော့မည်မဟုတ်ပေ။
သူ့အား မည်သူမှ ကူညီနိုင်တော့မည်မဟုတ်ချေ။
တောင်ပိုင်းကောင်းကင်ရှိ လောဘကြီးသော ၊ ရန်ကြွေးရှိသော အဖွဲ့အစည်းများအားလုံး ရန်မိသားစုအား မျက်စိဒေါက်ထောက်စောင့်ကြည့်ခဲ့ကြသည်။ ရန်ဘုရင်သေဆုံးသည်နှင့် ရန်မိသားစုဟူသော ကိတ်မုန့်ကြီးအား အပြိုင်အဆိုင်ဝါးမြိုကြပေတော့မည်။
သို့သော် လအနည်းငယ်ကြာပြီးနောက် ရန်ဘိုးဘေးက လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာကတည်းက ဖော်စပ်နည်းပျောက်ဆုံးနေခဲ့သော ယန်မီးတောင်ဆေးအား ရရှိခဲ့သည်ဟု ကောလဟာလများထွက်ပေါ်လာခဲ့သည်။
ထိုဆေးလုံးက ငရဲချီအတွက် အိမ်မက်ဆိုးတစ်ခုဖြစ်၏။
အသေအချာပင်။
တစ်လကြာပြီးနောက် ရန်မိသားစုထံမှ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုထွက်ပေါ်လာ၏။ ထို့နောက် ရန်မိသားစုဘိုးဘေး ကောင်းကင်ထက်၌ ပေါ်ထွက်လာခဲ့သည်။ သူ၏ ခန္ဓာကိုယ်က ပိန်လှီနေသော်လည်း မျက်လုံးများကမူ စူးရှပြီး ကြောက်မက်ဖွယ်ကောင်းနေခဲ့၏။ သူ့ထံမှ ရန်လိုသော အငွေ့အသက်များဖျာထွက်နေခဲ့သည်။
ပတ်၀န်းကျင်မှာ အင်အားစုများအားလုံး ထိတ်လန့်သွားပြီး စောင့်ကြည့်နေသော လူများကို ပြန်ရုတ်သိမ်းလိုက်၏။
နှစ်လကြာပြီးနောက် ရန်ဘိုးဘေး ၎င်း၏ အထွတ်အထိပ်အခြေအနေသို့ ပြန်ရောက်လာခဲ့သည်။ ထို့နောက် ပတ်၀န်းကျင်မှ အင်အားစုများအားလုံး ဖိတ်ကြားလျက် ယခုဧည့်ခံပွဲအား ကျင်းပြခဲ့ခြင်းဖြစ်၏။
ပွဲတက်လာသူများစိတ်ထဲတွင် လှောင်ရယ်နေခဲ့ကြသည်။
ရန်မိသားစု မပြီးဆုံးသေးကြောင်း ပြလို၍ ဤပွဲကို ကျင်းပခဲ့သလော…?
သူတို့ဧည့်ခံပွဲသို့ ရောက်မလာခင်အထိ မျိုးစုံတွေးတောခဲ့ကြသော်လည်း ရင်ဘုရင်နှင့် လျှိုဘုရင်တို့၏ ဖုံးကွယ်မထားသော ပျော်ရွှင်မှုများအား မြင်လိုက်ရလျှင် သူတို့အားလုံး လေးနက်လာခဲ့ကြသည်။
အသက်ရှုကြိမ်အနည်းငယ်ကြာပြီးနောက် ပရိတ်သတ်အားလုံး အနည်းငယ်ထိတ်လန့်သွားခဲ့ကြသည်။
ရန်ဘိုးဘေးက စိတ်အားထက်သန်စွာဖြင့် ဧည့်ခံပွဲအလည်၌ ပေါ်ထွက်လာသောကြောင့်ဖြစ်၏။
ထိုပုံရိပ်က သူတို့အတွက် အိမ်မက်ဆိုးပင်။
လူတိုင်း ရင်ထဲ၌ကြိတ်ပြီး သက်ပြင်းချလိုက်ကြသည်။
‘ ရန်မိသားစုက ယန်မီးတောက်ဆေးလုံးကို ဘယ်နေဂာရလာတာလဲကွာ.. ဟင်း.. အခုတော့ ရန်မိသားစုကို ဖျက်ဆီးနိုင်မယ်အခွင့်အရေး ဆုံးရှုံးသွားပြီ…’
တောင်ပိုင်းကောင်းကင်၏ နတ်ဆိုးကြယ် ပြန်လာချေပြီ။
တစ်ချိန်တည်းတွင်
ရန်မိသားစုက လျှို့ဝှက်ကျွမ်းကျင်သူကြီးအား မသိလိုက်ဘဲ စော်ကားမိလျှင် ကောင်းမည်ဟု လူတချို့က မျှော်လင့်နေခဲ့ကြ၏။ ကောင်းကင်ထက်မှ လက်ဖဝါးကြီးတစ်ခု ကျဆင်းလာပြီး ရန်မိသားစု တောင်ပိုင်းကောင်းကင်မှ ပျောက်ကွယ်သွားလျှင် အကောင်းဆုံးဖြစ်ပေလိမ့်မည်။
ဝှစ်ရှ်…
ရွှမ်ယီက ပင်းယုအား ခေါ်ဆောင်လျက် ရန်မိသားစု အိမ်ခြံ၀င်းတံခါးရှေ့သို့ ရောက်လာခဲ့၏။
၀င်ပေါက်တံခါးကြီးအား ရွှေရောင်အတိဖြစ်ပြီး အလွန်ကြီးမားလှသည်။ တံခါးဘေးတစ်ဖက်တစ်ချက်စီတွင် ကြောက်မက်ဖွယ်အငွေ့အသက်များဖြင့် ခြင်္သေ့ရုပ်တုနှစ်ခုရှိ၏။
အခမ်းအနားတစ်ခုရှိနေသည့်အလား ၀င်ပေါက်အား အလှဆင်ထားပြီး အလှဆင်ထားပြီး အစေခံတစ်ဦးက အပေါက်၀၌ရပ်ကာ ဖိတ်စာများအား စစ်ဆေးနေသည်။
ဖိတ်စာရှိသူများသာ ၀င်ခွင့်ရဟန်တူ၏။
ရွှမ်ယီ၏ နှုတ်ခမ်းထောင့်က တွန့်ကွေးသွားခဲ့သည်။ သူ့တွင် ဖိတ်စာမရှိချေ။ သို့သော် ဘာဖြစ်သနည်း။
တိုက်ရိုက်ဖျက်ဆီး၀င်သွားရုံသာ။ သူက ဤနေရာသို့ အကြွေးတောင်းရန်လာခြင်းဖြစ်၏။ ဂုဏ်ပြုရန်လာခြင်းမဟုတ်ပေ။ ထို့အပြင် ထိုလူများက မည်သည့်နေရာက ရသောယုံကြည်မှုများနှင့် ဤကဲ့သို့ ဧည့်ခံပွဲအားပျော်ရွှင်စွာ ကျင်းပနေရသနည်း။
“ အိုး.. ကြည့်ရတာ မင်းမှာ ဖိတ်စာမပါဘူးထင်တယ်.. ကျေးဇူးပြုပြီး ထွက်သွားပေးပါ…”
ရှောင်စီက လက်ကာပြီး ရွှမ်ယီရှေ့မှ တားဆီးလိုက်၏။ ထို့နောက် ရွှမ်ယီအား အထက်အောက် စုံဆန်ကြည့်လိုက်ပြီးနောက် လှည့်ပြန်ရန် လက်ယမ်းပြလိုက်သည်။
မကြာသေးမီက ရွှမ်ယီကဲ့သို့ လူများနှင့် ဆုံတွေ့ပြီးဖြစ်သည်။
ရန်မိသားစုဘိုးဘေး မသေဆုံးဘဲ ဒဏ်ရာမှပြန်ကောင်းလာပြီး ယခင်ထက် တိုးတက်လာကာ လူသားဘုရင်အဆင့်အထွတ်အထိပ်သို့ ရောက်သွားပြီဟု ဆိုကြသည်။ ကောင်းကင်ဘုရင်အဆင့်သို့ ရောက်နိုင်ချေရှိသည်ဟုပင် ထင်ကြေးပေးကြ၏။
ထိုသတင်းအားကြားမိကြသော လူများက အမြတ်ထုတ်ရန်အတွက် ဖိတ်စာမရှိဘဲ ရောက်လာခဲ့ကြသည်။
ထိုသို့ဖြစ်စရာအကြောင်းမရှိချေ။ ရန်မိသားစုအနေဖြင့် ကျပန်းလူတိုင်းအား အိမ်တော်အတွင်းသို့ ၀င်ခွင့်ပေးမည်မဟုတ်ပါ။
ရွှမ်ယီက မျက်နှာက အေးစက်သွားပြီး နှာတစ်ချက်မှုတ်ကာ အတွင်းသို့ အတင်း၀င်ရန်ပြင်လိုက်၏။
“ နေပါဦး.. ငါက ကျာတောင်ပါ.. ၀င်လို့ရမလား…”
ရုတ်တရက် အဆီပြန်နေသော မျက်နှာနှင့် ကြီးမားသော ပန်းရောင်၀တ်ရုံကြီးအား ၀တ်ဆင်ထားသူတစ်ယောက် ရောက်လာပြီး ရွှမ်ယီအား ထိုနေရာမှ ဆွဲခေါ်လာသည်။
စကားဆုံးသည်နှင့် သူ၏ မျက်နှာအား (၄၅)ဒီဂရီမော့ပြီး တစ်စုံတစ်ခုအားစောင့်မျှော်နေဟန်ဖြင့် မျက်လုံးအား မှေးကျဉ်းထား၏။
“ ငါ့ နာမည်က ကျာတောင်ပါ.. ကျာယန်ရဲ့ မောင်ဆိုလည်းမမှားဘူး…”
ပုံမှန်အားဖြင့်ဆိုလျှင် သူတို့ ကျာမိသားစုက သာမန်သာဖြစ်၏။ ကျာတောင်ဆိုရင် ဘာကောင်မှကိုမဟုတ်ချေ။ လူမသိ သူမသိသာဖြစ်၏။
သို့သော် မကြာသေးမီက ရန်မိသားစု လူငယ်ခေါင်းဆောင်နှင့် ကျာမိသားစုမှ ကျာယန်တို့ ချစ်ကြိုက်သွားခဲ့ကြသည်။ ဤသည်က ကျာမိသားစုအတွက် ခြေတစ်လှမ်းဖြင့် ကောင်းကင်သို့ရောက်သွားခြင်းပင်။
ကျာယန်၏ မောင်ဖြစ်သူ ကျာတောင်က ဤပွဲမစမီ သူငယ်ချင်းများနှင့် အတူပျော်ပါးနေရင်း အဖွဲ့ထဲမှ မောင်းထုတ်ခံခဲ့ရသည်။ ဤသို့နှင့် ပွဲသို့လာရင်း ၀င်ပေါက်၌ ပြသနာတက်နေသာ ရွှမ်ယီအားတွေ့သွားပြီး ရန်မိသားစုနှင့် ပတ်သက်ပြီး အခွင့်အရေးလိုချင်နေသူဟု ထင်မှတ်သွား၏။ ထို့ကြောင့် သူ၏ အဆင့်အတန်းအား ရွှမ်ယီရှေ့၌ ပြသရန် ဆုံးဖြတ်လိုက်သည်။
သို့သော် ရွှမ်ယီက သူ့အား ဆွဲခေါ်လာပြီး စကားပြောနေသူအားကြည့်ပြီး အံ့အားသင့်သွားသည်။ ထိုလူ ဘာဖြစ်ချင်မှန်း ဘာကိုဆိုလိုချင်မှန်း သူနားမလည်ပေ။
ထိုလူပြောနေသောစကားများက သူနဲ့ ဘာများသက်ဆိုင်နေလို့လဲ…
“ ဟမ့်…”
ရွှမ်ယီထံမှ ချီးကျူးစကားအားမျှော်နေသော်လည်း အချိန်အတန်ကြာသွားသည့်တိုင် စကားတစ်ခွန်းမှမကြားရသဖြင့် ကျာတောင်ရုပ်ဆိုးသွားပြီး အေးစက်စက်နှာမှုတ်လိုက်၏။ ဤငတုံးအား သင်ခန်းစာပေးချင်သွားသည်။
“ မင်း.. ငါ့နောက်က လိုက်ခဲ့.. အထဲကိုခေါ်သွားပေးမယ်…”
သူ့အား ရန်မိသားစုက လက်သင့်ခံနိုင်ကြောင်း ပြသရန်အတွက် ရွှမ်ယီအား အထဲခေါ်သွားရန် ဆုံးဖြတ်လိုက်သည်။
သူက ကျာယန်၏ မောင်ဖြစ်ပြီး ရန်မိသားစုနှင့် ကျာမိသားစုက ဆက်စပ်မှုရှိပြီဖြစ်ရာ သူ့အနေဖြင့် မိတ်ဆွေ တစ်ယောက်နှစ်ယောက်ခေါ်လာခြင်းက ပြသနာမဟုတ်ပေ။
ရွှမ်ယီ၏ မျက်၀န်းများက အရောင်လက်သွားကာ အနည်းငယ် သက်ပြင်းချလိုက်ပြီး နောက်မှလိုက်သွားခဲ့သည်။
“ အင်း.. ဒါဆိုလည်း ရန်မိသားစုဘိုးဘေး ဘာအစီအစဉ်တွေလုပ်နေလဲဆိုတာ လိုက်ကြည့်ရတာပေါ့…”
……