← Chapters

အခန်း (၁၈၉)

Vol. 13 Ch. 189

အခန်း (၁၈၉)

Vol. 13 Ch. 189

တခြားဧည့်သည်များနည်းတူ သူတို့လည်း အထဲ၀င်လာခဲ့ကြ၏။ အထဲရောက်လာသည်နှင့် ပန်းရောင်၀တ်စုံအပွနှင့် လူငယ်၏ မျက်နှာက ပို၍ပင်မာနကြီးလာဟန်ရသည်။ အောင်ပွဲရစစ်သူကြီးအလား ခေါင်းအား မိုးပေါ်မော့ထား၏။

တောင်ပိုင်းကောင်းကင်တွင် နင်းမိသားစုပြီးလျှင် ရန်မိသားစုက အင်အားအကြီးဆုံးဖြစ်သည်။

ရန်မိသားစုနှင့် ဆွေ‌မျိုးတော်စပ်ရခြင်းမှာ တောင်ပိုင်းကောင်းကင်မှ မိသားစုအများအပြား လိုချင်သောအခွင့်အရေးတစ်ခုဖြစ်၏။

ထို့ကြောင့် သဘာ၀ကျစွာ ကျာတောင်မာနကြီးနေခြင်းဖြစ်ပေသည်။

“ ကျာတောင်…”

ထိုအချိန်တွင် အပြစ်တင်လိုဟန်များပြည့်နေသော အသံတစ်ခုထွက်ပေါ်လာ၏။

“ နင် ဘာလို့ အခုမှလာတာလဲ…”

ယခင်က အလွန်မာနကြီးနေဟန်ရသည့် ကျာတောင်တစ်ယောက် အမျိုးသမီးငယ်တစ်ဦးရှိရာ ခေါင်းငိုက်စိုက်ချကာ လျှောက်သွားသည်အား ရွှမ်ယီကြည့်နေခဲ့သည်။

“ ဟဟ..ကျွန်တော် လမ်းမှာ သူငယ်ချင်းအသစ်တစ်ယောက်နဲ့ မိတ်ဖွဲ့နေလို့ကြာသွားတာပါ…”

ကျာတောင်က အနည်းငယ်ရယ်မောလိုက်ပြီး ရွှမ်ယီအား ကာဗာပြုလိုဟန်ဖြင့် လက်ညှိုးထိုးကာပြောလိုက်၏။

ထိုအမျိုးသမီးငယ်က ကျာယန်ဖြစ်သည်။ သူမက မျက်မှောင်ကြုတ်လိုက်ပြီး ရွှမ်ယီအား မကျေမနပ်ဖြင့်စိုက်ကြည့်လိုက်၏။

မောင်ဖြစ်သူအကြောင်း သူမကောင်းစွာသိထားသည်။ အကျင့်စရိုက်က ကောင်းကွက်အနည်းငယ်မျှကိုမရှိပေ။ ကျာမိသားစုကြောင့်မဟုတ်ပါက ထိုအကောင် အသတ်ခံရသည်မှာကြာချေရော့မည်။ သူနှင့်ပေါင်းသင်းသောသူငယ်ချင်းများကလည်း ဒီပုတ်ထဲမှ ဒီပဲချည်းသာ။

“ ငါ နင့်ကို ဘယ်နှစ်ခါပြောပြီးပြီလဲ.. တွေ့ကရာလူနဲ့ မပေါင်းနဲ့ မပေါင်းနဲ့ ခဏခဏပြောတယ်… အဲ့လူရဲ့ နောက်ကြောင်း ၊ သူနဲ့ပတ်သက်တာ နင်ဘာတစ်ခုသိလဲ… နင်က ဘယ်လိုသတ္တိနဲ့ ဘာမှမသိတဲ့လူတစ်ယောက်ကို ရန်မိသားစု အိမ်တောင်ထဲခေါ်လာရဲတာလဲ…”

ကျာယန်က ကျာတောင်အား အသံနှိမ့်ပြီး အေးစက်စက်ပြောလိုက်သည်။

“ ဒါက ရန်မိသားစု.. ပြီးတော့ ငါတို့ကျာမိသားစုနဲ့ ခမည်းခမက်တွေတော်သွားပြီ.. ကျာမိသားစုက အရင်နဲ့မတူတော့ဘူး… ဒီတော့ ငါတို့လုပ်သမျှအပြုအမူတိုင်းကို ဂရုစိုက်ရမယ်… ရန်မိသားစုရဲ့ ဂုဏ်သိက္ခာကို အဓိကရှေ့တန်းတင်ရမယ်.. မပေါ့နဲ့…”

ကျာယန်၏ စကားများကြောင့် ကျာတောင်တစ်ယောက် မသက်မသာဖြစ်သွားသလိုခံစားလိုက်ရသည်။

ကျာယန်အမြင်တွင် ရွှမ်ယီက ရန်မိသားစုအား ကပ်ဖားလို၍ ရောက်လာသူတစ်ယောက်သာ။

“ ဒီတစ်ကြိမ်ကို ဥပမာအနေနဲ့ ထားလိုက်မယ်မတွေးနဲ့… နင်ခေါ်လာတဲ့လူနဲ့ပတ်သက်ပြီး နင့်မှာ အပြည့်အ၀တာ၀န်ရှိတယ်… တကယ်လို့ ရန်မိသားစုကို မျက်နှာပျက်အောင်လုပ်မိရင် ငါလည်း ကယ်နိုင်မှာမဟုတ်ဘူး…”

ကျာယန်က ကျာတောင်အား ပြင်းထန်စွာ ရာဇသံပေးလိုက်၏။

ကျာတောင်လည်း အလွန်ရှက်ရွံ့သွားခဲ့သည်။

ရွှမ်ယီရှေ့တွင် ရှိုးထုတ်ရန်စိတ်ကူးဖြင့်ခေါ်လာခဲ့သော်လည်း အစ်မဖြစ်သူနှင့်ဆုံပြီး ပြင်းထန်စွာ ဆူပူခြင်းခံလိုက်ရ၏။

“ မြင်တယ်မလား.. ငါ့ကို ဒုက္ခမပေးနဲ့.. မဟုတ်ရင် ငါ ကျာတောင်လည်း မင်းကိုကယ်နိုင်မှာမဟုတ်ဘူး…”

ကျာတောင်က ရွှမ်ယီအား စိုက်ကြည့်ပြီး သတိပေးလိုက်သည်။

ရွှမ်ယီက ထိုလူအား စိတ်ထဲပင်မထားချေ။ သူက ပေါ့ပေါ့ပါးပါးပင်ပြုံးလိုက်ပြီး ဧည့်ခံပွဲအလည်မှ အသန်မာဆုံးဖြစ်ဟန်ရသော အဘိုးကြီးအား ကြည့်လိုက်သည်။ ထိုအဘိုးကြီးထံမှ ယန်မီးတောက်ဆေးလုံး အငွေ့အသက်များအား ခံစားမိလိုက်၏။

“ သီချင်းဆိုပွဲ.. သီချင်းဆိုပွဲ…”

ပတ်၀န်းကျင်ရှိ လူငယ်လေးများက အော်ဟစ်တောင်းဆိုလိုက်ကြ၏။

လူအုပ်ကြီးအနည်းငယ် မငြိမ်မသက်ဖြစ်သွားပြီးနောက် တစ်စုံတစ်ယောင်က ရှေ့ထွက်လာပြီး ရိုးကျိုးစွာဖြင့် ဂုဏ်ပြုလက်ဆောင်ပေးအပ်လိုက်သည်။

“ တောင်ပိုင်းကောင်ကင် ဒင်းမိသားစုက အဆင့်(၅) စိတ်ဝိညာဉ်ပစ္စည်း(၃)မျိုး နဲ့ အသက်ကယ်ဆေးတစ်လုံး ‌လက်ဆောင်ပေးအပ်ပါတယ်… ပြီးတော့ ရန်ဘိုးဘေး ဒဏ်ရာတွေအားလုံး အရှင်းပျောက်ကင်းပြီး အရင်ထက် ပိုပြီးကျန်းမာဖို့ ဆုမွန်ကောင်းတောင်းပေးပါတယ်…”

“ တောင်ပိုင်းကောင်းကင် ၀မ်မိသားစုက အဆင့်(၅) မှော်ရတနာတစ်စုံနဲ့ ကျက်စားခြင်းမြက်သုံးပင် လက်ဆောင်ပေးအပ်ပါတယ်… ရန်ဘိုဘေး အများကြီးအစွမ်းထက်လာဖို့ ဆုတောင်းပေးပါတယ်…”

“ တောင်ပိုင်းကောင်းကင် ဆောင်မိသားစုက……..”

တောင်းပိုင်းကောင်းကင်တွင် နင်းမိသားစု အသန်မာဆုံးဖြစ်ပြီး ၎င်းအောက်တွင် ရန်မိသားစုနှင့် တခြားမိသားစုကြီးလေးခုရှိ၏။ ထိုအချိန်တွင် မိသားစုကြီးလေးခုမှလူများ တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး မျက်၀န်းများထဲ၌ အေးစက်စက်အလင်း‌ရောင်တစ်ချက် လက်သွားသည်။

လူတိုင်းက ရန်မိသားစုအား ဖားယားပြီး လက်ဆောင်များပေးအပ်နေကြသည်။

ရန်မိသားစုက အမှန်တကယ် ဘာလုပ်ချင်နေတာလဲ…?

သူတို့အားလုံး နင်းမိသားစုကိုသာ ဦးညွှတ်ရမည်ဟုထင်ခဲ့ကြသည်။

သို့သော် လက်ရှိအခြေအနေက မယုံနိုင်စရာပင်။

သို့သော် ဤလက်ဆောင်များက ပေးကိုပေးမှရမည်။

ရန်မိသားစုက တစ်ဖန်ပြန်လည်မြင့်တက်လာချေပြီ။ အများစုက အသက်ရှင်ကျန်ခဲ့ပြီး ရန်မိသားစုထံမှ အကျိုးအမြတ်များ ရယူပိုင်ဆိုင်လိုကြသည်။

ယခင် ရန်ဘိုးဘေး ဒုက္ခရောက်ပြီး သေမလို့ဖြစ်ခဲ့တုံးက မည်သူမှမဆက်သွယ်ခဲ့ကြသည်။ သို့သော် ထိုအချင်းအရာအား ရန်မိသားစုက လူစေ့မှတ်ထားနိုင်မည်မဟုတ်ပေ။

သို့သော် ယခုအချိန်တွင် ဂုဏ်ပြုလက်ဆောင်လာမပေးပါက ရန်မိသားစုက မည်သူများဖြစ်ကြောင်း သေချာပေါက်မှတ်မိနေလိမ့်မည်။

ရန်မိသားစုမှ အရူးအိုကြီးအား မည်သူက ရန်စချင်မည်နည်း။

မိသားစုကြီးလေးခုလုံး အင်တင်တင်ဖြင့် အဖိုးတန်လက်ဆောင်များပေးပို့ကြ၏။

လူတိုင်းလက်ဆောင်များပေးပြီးချိန်တွင် ရွှမ်ယီရှေ့ထွက်လာသည်။ သူ၏ မျက်နှာက ပြုံးနေခဲ့သော်လည်း မျက်၀န်းများကမူ အေးစက်နေခဲ့၏။

ဘုန်း…

“ လူတိုင်း ပေးစရာဘာမှမရှိတော့ဘူးဆိုရင်.. ခင်ဗျားကို ကျုပ် ဟောဒီခေါင်းလောင်းကြီး ပေးပါရစေ…”

စကားဆုံးသည်နှင့် ရွှမ်ယီက ကြီးမားသော ခေါင်းလောင်းကြီးတစ်ခုထုတ်ပြီး မြေပြင်ပေါ်သို့ပစ်ချလိုက်၏။

မြေပြင်နှင့် ရိုက်ခတ်မိရာ ခေါင်းလောင်းသံအကျယ်ကြီးထွက်ပေါ်လာပြီး ပတ်၀န်းကျင်တစ်ခုလုံး မှင်သက်သွားခဲ့သည်။

ခေါင်းလောင်သံမြည်လာခဲ့သည်။ အဆုံးသတ်ခြင်း သင်္ကေတပင်။

“ မင်း… မင်း ရူးနေပြီလား…”

ထိုမြင်ကွင်းအား မြင်လိုက်လျှင် ကျာတောင်၏ မျက်နှာတစ်ခုလုံး ဖြူဖျော့သွားခဲ့လေသည်။

ရန်မိသားစုက သူ့အား အပြစ်တင်ရုံနှင့် ပြီးသွားမည့်ကိစ္စမဟုတ်ပေ။

ကျာယန်၏ မျက်နှာလည်းဖြူဖျော့နေပြီး ရွှမ်ယီအား ပြင်းထန်စွာစိုက်ကြည့်လိုက်သည်။

ထိုလူအား သူ့မောင်ခေါ်လာခြင်းဖြစ်၏။

ထိုလူ၏ လုပ်ရပ်ကြောင့် ရန်မိသားစု အလွန်ဒေါသထွက်ပြီး ကျာမိသားစုအား စွန့်ပစ်လိုက်လျှင် မည်သို့လုပ်မည်နည်း။

“ အဲ့တာကြီးကို အမြန်ပြန်သိမ်းလိုက်ဟ.. ပြီးရင် ဘိုးဘေးကို လက်ဆောင်မှားထုတ်မိကြောင်း အမြန်တောင်းပန်လိုက်…”

ကျာတောင်တစ်ယောက် ဖြူဖျော့နေပြီး ရွှမ်ယီအားဆွဲကာ ပြောလိုက်သည်။

“ လက်ဆောင်လား.. မမှားပါဘူး..”

ရွှမ်ယီက လက်ယမ်းလိုက်ပြီး အသာအယာပြုံးလိုက်သည်။

“ အမှန်ဘဲ.. ကျုပ်က ဟောဒီခေါင်းလောင်းကြီးကို ရန်ဘိုးဘေးဆီပေးဖို့ လာခဲ့တာ…”

သူက ဤခေါင်းလောင်းကြီးအားပို့ရန်အတွက် ဗဟိုသူတော်စင်အကယ်ဒမီမှ တောင်ပိုင်းကောင်းကင်အထိ မိုင်ပေါင်း(၁၀၀၀)ကျော်အောင် ခရီထွက်လာခဲ့ခြင်းဖြစ်၏။ အဘယ်ကြောင့်မှားရမည်နည်း။

ပတ်၀န်းကျင်မှ တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်လျက်….

ရန်မိသားစုဘိုးဘေး ပြန်လည်ကျန်းမာသည့်အထိမ်းအမှတ် ဂုဏ်ပြုပွဲတွင် ဘယ်လိုလူမျိုးက ခေါင်းလောင်းအားပေးပို့နိုင်သနည်း။

ဒီလိုလုပ်ဖို့ တစ်ယောက်ကိုယ်တစ်ယောက် ဘယ်လောက်တောင်မုန်းနေကြလို့လဲ…?

လူတိုင်း ရွှမ်ယီအား အရူးတစ်ယောက်အလား မယုံကြည်နိုင်စွာငေးကြည့်နေကြ၏။

မိသားစုကြီးလေးခုမှလူများကမူ မျက်၀န်းများအရောင်လက်သွားပြီး နှုတ်ခမ်းထောင့်၌ အပြုံးများခိုတွဲလာခဲ့သည်။

သူတို့ရှုထောင့်မှဆိုလျှင် ရန်မိသားစုအနေဖြင့် ဤကဲ့သို့စော်ကားမှုမျိုးအား လုံး၀သည်းခံမည်မဟုတ်ပေ။

တောင်းပိုင်းကောင်းကင်တစ်ခုလုံးတွင် ရန်မိသားစုက အရက်စက်ဆုံးဖြစ်ကြောင်း လူတိုင်းအသိပင်။ ကိစ္စက လွန်ခဲ့သော ‌နှစ်ထောင်ပေါင်းများစွာကတည်းကစသည်။ ရန်မိသားစုဘိုးဘေးက ကိုးကွင်း‌ဓားကြီးအားကိုင်ဆောင်လျက် မိသားစုတစ်ခုလုံးအား သနားညှာတာမှုမရှိဘဲ ရူးနေသည့်အလား ရက်ရက်စက်စက်သတ်ဖြတ်ခဲ့၏။

ရန်မိသားစုတစ်ခုလုံး ကံကြမ္မာက ရန်ဘိုးဘေး၏ ပခုံးထက်၌ရှိ‌နေသည်။ လူများအားမရေမတွက်နိုင် လောက်အောင် သတ်ဖူးသူလည်းဖြစ်ပြီး သူ့မျိုးဆက်များကလည်း သူနှင့်သိပ်မခြားနားပေ။

ပြောရမည်ဆိုလျှင် ရန်မိသားစုပိုင်ဆိုင်မှုအားလုံးတွင် သွေးများစွန်းထင်းနေ၏။

ရန်ဘိုးဘေးက အားနည်းသူတစ်ဦးမဟုတ်ပေ။ လက်ရှိတွင် လူသားဘုရင်အဆင့် အထွတ်အထိပ်၌ရှိနေပြီး ဒဏ်ဂာများအားလုံးသက်သာသွားပါက မကြာခင် ကောင်းကင်ဘုရင်အဆင့်ရောက်တော့မည်ဟု သတင်းထွက်နေသည်။

သူတော်စင်ဒေသ၌ ကောင်းကင်ဘုရင်အဆင့်မည်မျှရှိသနည်။

တောင်းပိုင်းကောင်းကင်၌ပင် နင်းမိသားစု၌သာတစ်ဦးရှိ၏။ လူတိုင်းအမြင်တွင် ရန်မိသားစုက နင်းမိသားစု၏ ဓားသွားဖြစ်သည်။ နင်းမိသားစုအား ပြသနာရှာသူမှန်သမျှ ရန်မိသားစုက သတ်ဖြတ်ဖြေရှင်းလေ့ရှိသည်။

ရန်မိသားစုဘိုးဘေးအား နင်းမိသားစုက လေ့ကျင့်ပေးထားသည်ဟု လူတစ်ချို့က ယုံကြည်နေကြ၏။

နင်းမိသားစုက မည်သည့်စကားမှမပြောလျှင် တောင်ပိုင်းကောင်းကင်၌ ရန်မိသားအား ဆန့်ကျင်ဝံ့သူမရှိချေ။

ရန်မိသားစုဘိုးဘေးအား မည်သူ အနိုင်ယူနိုင်မည်နည်း။

ရန်မိသားစု ဘိုးဘေးအသက်ရှင်လျက်ရှိနေသေးသ၍ ရန်မိသားစုပျက်စီးမည်မဟုတ်ပေ။

All Chapters