← Chapters

အခန်း (၁၉၀)

Vol. 13 Ch. 190

အခန်း (၁၉၀)

Vol. 13 Ch. 190

လူအချို့သက်ပြင်းချလိုက်ကြ၏။ ရွှမ်ယီ၏ လုပ်ရပ်နှင့်ပတ်သက်ပြီး စိတ်ထဲမရှင်းလင်းဖြစ်နေခဲ့ကြသည်။ ရန်ဘိုးဘေး ဒဏ်ရာရနေချိန် ဤကဲ့သို့ ပြသနာရှာခြင်းက ထူးဆန်းသည်မဟုတ်ပေ။ အမှန်တွင် ထိုလူငယ်ကိုယ်တိုင်ပင် ပြသနာလာရှာစရာမလိုချေ။ တောင်းပိုင်းကောင်းကင်မှ အဖွဲ့အစည်းများအပြေးအလွှား လာရောက်ဝါးမြိုကြပေလိမ့်မည်။

နင်းမိသားစုပင် ၀င်ပါနိုင်ချေရှိ၏။

အဘယ်ကြောင့်ဆိုသော် ရန်ဘိုးဘေး ငရဲချီကြောင့် ဒုက္ခရောက်နေစဉ် နင်းမိသားစုက အနည်းငယ်မှကူညီခဲ့ခြင်းမရှိချေ။

သို့သော် ယန်မီးတောက်ဆေးလုံးအား ရှာတွေ့ခဲ့ပြီး လူတိုင်းစိတ်ပျက်သွားခဲ့ရသည်။

“ ဒီကောင်လေး.. သေမှာမကြောက်ဘူးထင်တယ်…”

“ ရန်မိသားစုက သူ့ကို ဘယ်တုန်းက စော်ကားခဲ့မိလဲဆိုတာ မေ့တောင်မေ့သွားလောက်ပြီ…”

ရန်ဘိုးဘေးမျက်၀န်းထဲရှိ ရှုပ်ထွေးနေမှုအားကြည့်ပြီး တစ်စုံတစ်ယောက်က ရေရွတ်လိုက်၏။

“ မင်းရဲ့နောက်ခံကဘာလဲ… ဘာကြောင့် ရန်မိသားစုကို ပြသနာလာရှာတာလဲ…”

ရန်ဘိုးဘေးက မျက်လုံးမှိတ်ကာ အသက်ပြင်းပြင်းရှိုက်လိုက်ပြီး သတ်ဖြတ်လိုစိတ်များအား မြိုသိပ်ကာ သွေးတိုးစမ်းသည့်သဘောဖြင့်မေးလိုက်၏။

အသက်(၂၀)စွန်းရုံသာရှိသေးသည့် လူငယ်တစ်ဦးက ရန်မိသားစုအိမ်တော်အထိလာပြီး ပြသနာရှာတယ်တဲ့လား…

သူတို့ရန်မိသားအား တောင်ပိုင်းကောင်းကင်ရှိ မည်သည့်အင်အားစုမှ တကူးတက ပြသနာလာရှာမည်မဟုတ်ဟု ရန်ဘိုးဘေး ယုံကြည်ထားသည်။

“ ကြည့်ရတာ ခင်ဗျားက တစ်ခုခု‌ကိုမေ့နေပုံဘဲ…”

ရွှမ်ယီက ပြုံးလိုက်ပြီး သူ့လက်အား ရှေ့သို့ ဆန့်ထုတ်လိုက်၏။

“ ကျုပ်ကို ဘယ်သူမှန်းမသိရင်တောင် ဒီဆေးကိုတော့ မှတ်မိမှာပါ…”

ဆေးလုံးအားထုတ်လိုက်သည်နှင့် ရွှေနီရောင် အလင်းတန်းများဖြာထွက်လာပြီး ‌ပူလောင်သော အရှိန်အဝါက ပတ်၀န်းကျင်သို့ပျံ့နှံ့သွားကာ လူတိုင်းအား လန်းဆန်းသွားစေ၏။

အဆင့်(၅) စိတ်ဝိညာဉ်ဆေးလုံး…

ယန်မီးတောက်ဆေးလုံး…

ထိုဆေးလုံးထွက်ပေါ်လာသည်နှင့် မည်သည့်ဆေးလုံးမှန်း သိသူတိုင်း ထအော်မိလိုက်ကြ၏။ ၎င်းက နှစ်(၁၀၀၀)အကြာကပင် ဖော်စပ်နည်းပျောက်‌ဆုံးနေသော ယန်မီးတောက်ဆေးလုံးဖြစ်သည်။

ရန်ဘိုးဘေး၏ မျက်၀န်းများ အနည်းငယ်မှေးကျဉ်းသွားပြီး တစ်စုံတစ်ခုအား သတိရသွားသည်။

ပတ်၀န်းကျင်မှ လူများလည်းတစ်စုံတစ်ခုအား နားလည်သွား၏။

ရန်မိသားစုက ဆေးလုံးအား တောင်းလာခဲ့ပြီး အခကြေးငွေ မပေးချေရသေးဟန်ရသည်။

ဤသည်က သိပ်မထူးဆန်းချေ။ ရန်မိသားစု၏ အစဉ်အလာ လုပ်ထုံးများအတိုင်းဖြစ်၏။

“ ဪ.. ဒါဆို မင်းက ကောင်းကင်ဒေသက မှော်ဆေးပညာရှင်ပေါ့…”

ရန်ဘိုးဘေးက ပုံစံက စိတ်သက်သာသွားသကဲ့သို့ဖြစ်ပြီး ရွှမ်ယီအား စိုက်ကြည့်လိုက်သည်။

“ ဟုတ်တယ်.. ငါပဲ…”

ရွှမ်ယီက အသာအယာပြုံးလိုက်ပြီး

“ ရစရာရှိတဲ့အကြွေးကိုယူဖို့လာခဲ့တာ… ခင်ဗျားတို့ ပေးစရာရှိတာကို ပေးရမယ်…”

ဤသည်အားကြားလျှင် ရန်ဘိုးဘေးက အထင်သေးစွာပြုံးလိုက်၏။

အစောပိုင်း ရွှမ်ယီထွက်ပေါ်လာစဉ်က ထိုလူငယ်၏ နောက်ခံနှင့်ပတ်သက်ပြီး အနည်းငယ်စိုးရိမ်သွားခဲ့သည်။ ထိုသို့မဟုတ်လျှင် သူဒဏ်ရာပျောက်ကင်းသွားချိန်၌ အဘယ်ကြောင့် ပြသနာလာရှာဝံ့မည်နည်း။

သို့သော် ကောင်းကင်ဒေသမှ မှော်ဆေးပညာရှင်ဖြစ်နေလိမ့်မည်ဟု လုံး၀မမျှော်လင့်ထားခဲ့ပေ။

ရင်ဘုရင်နှင့် လျှိုဘုရင်တို့ ယန်မီးတောက်ဆေးလုံး၏ တန်ကြေးအား ပြန်လာပြောချိန်၌ သူတို့အားလုံး တော်တော်လေးချီတုံချတုံဖြစ်ခဲ့ကြသေး၏။ ဒြပ်စင်ငါးမျိုးအနှစ်သာရက တော်တော်လေး အဖိုးတန်လှသည်မဟုတ်လော။

ရန်မိသားစု ပိုင်ဆိုင်မှုတစ်၀က်အတွက်မူ…

ပေးအပ်ရန် မည်သို့မှမဖြစ်နိုင်ချေ။ ‌၎င်းတို့ နှစ်ထောင်ပေါင်းများစွာ စုဆောင်းထားခဲ့သည့် ပမာဏမှာ မသေးငယ်လှချေ။

ယန်မီးတောက်ဆေးလုံးက အလွန်အမင်းရှာရခက်သော်လည်း သူတို့နှစ်ထောင်ပေါင်းများစွာစုဆောင်းလာခဲ့သော ပစ္စည်းဥစ္စာများနှင့် လဲလှယ်ရန် တွန့်ဆုတ်နေခဲ့ကြ၏။

ရွှမ်ယီက သူတို့ပိုင်ဆိုင်မှုတစ်၀က်အား သုံးလအတွင်းပေးရန်ပြောခဲ့စဉ်က ဟာသအဖြစ်သဘောထားခဲ့၏။ ၎င်းက သေးငယ်သောဒေသလေးမှ မှော်ဆေးဆရာတစ်ဦးသာဖြစ်သည်။ အကယ်၍ သူတို့နှင့် မိတ်ဆွေဖြစ်လာပါက မြှောက်စားပေးမည်။ သူတို့အတွက် အလုပ်လုပ်ပေးပါက အထူးအခွင့်အရေးများပင်ပေးအပ်မည်ဖြစ်၏။

သို့သော် ဤမျှအဝေးကြီးအထိလာပြီး အဘယ်ကြောင့် ခေါင်းလောင်းသံလာပေးနေသနည်း။

“ မင်းကို စိတ်ပြောင်းဖို့အခွင့်အရေးတစ်ခုပေးလိုက်မယ်.. အဲ့လိုမှမဟုတ်ရင် ငါကိုယ်တိုင်ဖျက်ဆီးပစ်မယ်…”

ရန်ဘိုးဘေးက ရွှမ်ယီအား ဂရုမစိုက်ဟန်ဖြင့်ပြောလိုက်၏။

သူက ယခုမှ ဒဏ်ရာက သက်သာလာခြင်းဖြစ်ပြီး မိသားစုဂုဏ်သတင်းအားပြန်လည်မြှင့်တင်ရန်လိုအပ်သည်။ ထို အဆင့်(၅)ဆေးဘုရင်က အချိန်ကိုက်ရောက်လာခြင်းဖြစ်၏။ ၎င်းအား ခေါင်းဖြတ်လိုက်လျှင် ကျန်သူများအား သတိပေးပြီးသားဖြစ်သွားပေလိမ့်မည်။

“ ခင်ဗျား စိတ်ကူးကတော့လှသားပဲ.. ဟမ့် ဒီနေ့ ခင်ဗျားကို ငရဲပြည် အလကားပို့ပေးလိုက်မယ်…”

ရွှမ်ယီက အေးစက်စွာပြောလိုက်၏။ သတ်ဖြတ်လိုစိတ်များအား ဖုံးကွယ်ထားခြင်းမရှိပေ။

“ ဟမ့်.. အဆင့်(၅) ဆေးဘုရင်လေးတစ်ယောက်ကများ… မင်းကိုယ်မင်း ကောင်းကင်ကို လှုပ်ကိုင်နိုင်ပြီထင်နေတာလား…”

ငရဲဘုရင်(ရန်ဘိုးဘေး)က လှောင်ပြောင်လိုက်ပြီး လက်ထဲ၌ ကိုးကွင်းဓားကြီးပေါ်လာခဲ့သည်။ ဓားကြီးက နက်ပြာစပ်ဖြစ်ပြီး အေးစက်စက်အလင်းရောင်များတောက်ပနေ၏။ ရန်မိသားစုအိမ်တော်အတွင်းမှ အပူချိန်ပင် ကျဆင်းသွားပုံရသည်။

( ကိုးကွင်းဓား- တရုတ်သိုင်းကားတွေမှာပါတဲ့ အသွားဘက်မဟုတ်ဘဲ နောက်ဘက်အခြမ်းမှာ ကွင်းတွေတပ်ထားတဲ့ ဓားမော့ကြီးကိုပြောတာပါ )

“ ဂျူနီယာလေး.. ဒီနေ့ ငါမင်းကို ငရဲဘုရင်ဆိုတဲ့ဘွဲ့ ဘယ်လိုရလာတယ်ဆိုတာ ပြပေးမယ်…”

ငရဲဘုရင်၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားခဲ့သည်။ မျက်၀န်းများအတွင်း၌ ရက်စက်လိုဟန်များ ထွက်ပေါ်လာ၏။

ဤလူငယ်အား သူတို့အတွက်အသုံးပြ၍မရပါက သူ့မျိုးဆက်များ အနာဂါတ်ပြသနာမတက်ရေးအတွက် ချက်ချင်း ရှင်းလင်းပစ်မှရမည်။

အဆင့်(၅)ဆေးဘုရင်ဆိုသည်မှာ ပေါ့သေးသေးအရာတစ်ခုတော့မဟုတ်ပေ။ အနာဂါတ်တွင် ပြသနာများလာနိုင်၏။

ဘုန်း…

ရန်မိသားစုတစ်ခုလုံး သေမင်းနယ်မြေကြီးတစ်ခုထဲရောက်သွားသည့်အလားဖြစ်သည်။ သူ့ထံမှ အထွတ်အထိပ် လူသားဘုရင်အဆင့်အရှိန်အဝါများ တွန်းကန်ထွက်လာပြီး ပတ်၀န်းကျင်သို့ပျံ့နှံ့သွားကာ လေဟာနယ်ကိုပင် အက်ကွဲသွားစေ၏။

“ ဒီလူတော့ ဇာတ်သိမ်းပြီ…”

တစ်စုံတစ်ယောက်က သက်ပြင်းချပြီး သူ၏ မျက်လုံးများအား ပိတ်ထားလိုက်သည်။

ငရဲဘုရင်ဆိုသည်ဘွဲ့မှာ အလကားရလာခြင်းမဟုတ်ပေ။ ၎င်းမှာ မရေမတွက်နိုင်သည့် သွေးများစွန်းထင်းနေသည့် အမည်တစ်ခုပင်။

ဆိုရိုးစကားတစ်ခုပင်ရှိ၏။ ငရဲဘုရင်က လူတစ်ယောက်အား သုံးနာရီအတွင်းသေစေချင်လျှင် ထိုလူ ငါးနာရီအထိ အသက်ရှည်ရန်မဖြစ်နိုင်ပေ။

သတ်…

ကလန်…

အသံတိုးတိုးတစ်ခုထွက်လာပြီး လူတိုင်း မျက်လုံးဖွင့်ကြည့်လိုက်လျှင် ငရဲဘုရင်၏ ကိုးကွင်းဓားကြီးက ရွှမ်ယီနှင့် (၁၀)ပေအကွာတွင် ရပ်နေသည်အားတွေ့လိုက်ရ၏။ ဖြူစင်သန့်ရှင်းကာ အလွန်လှပသည့် လက်တစ်ဖက်က ထိုဓားကြီးအား တားဆီးထားခြင်းဖြစ်သည်။

ငရဲဘုရင်၏ မျက်နှာမှာ နီရဲလျက်ရှိပြီး မည်မျှအားစိုက်ပစေ အနည်းငယ်မှပင် လှုပ်မရချေ။

“ မဖြစ်နိုင်ဘူး…”

ငရဲဘုရင်၏ ရင်ထဲတွင် စိုးရိမ်ထိတ်လန့်မှုများဖြစ်ပေါ်လာပြီး ရွှမ်ယီရှေ့မှ အမျိုးသမီးအား မယုံကြည်နိုင်စွာကြည့်လိုက်သည်။

သူက အထွတ်အထိပ် လူသားဘုရင်အဆင့်ကျင့်ကြံသူတစ်ဦးဖြစ်သော်လည်း ထိုအမျိုးသမီးက အသာအယာပင် ထိန်းချုပ်ထား၏။

“ ခင်ဗျားက ကျုပ်ကိုပေးစရာရှိတာမပေးတဲ့အပြင် သတ်ဖို့ပါကြိုးစားရဲတာလား…”

ရွှမ်ယီ၏ မျက်လုံးများက ‌အေးစက်နေပြီး အနည်းငယ်ပြုံးလိုက်သည်။

“ ပင်းယု.. သူ့ကို ရှင်းလိုက်တော့…”

ရွှမ်ယီက ထူးမခြားနားဟန်ဖြင့်ပြောလိုက်၏။

လူတိုင်းမျက်စိရှေ့တွင် ပင်းယုက သူမ၏ လက်ငါးချောင်းအား ညှစ်ချလိုက်သည်။ ငရဲဘုရင်၏ ပတ်၀န်းကျင်မှ လေဟာနယ်တစ်ခုလူံး တဝုန်းဝုန်းမြည်ကာပေါက်ကွဲသွား၏။

“ မလုပ်နဲ့…”

ဘုန်း…

တစ်ချိန်က တောင်းပိုင်ကောင်းကင်တွင် သတင်းဆိုးဖြင့်ကျော်ကြားခဲ့သည့် ငရဲဘုရင်ကား အလွန်လှပသော လက်ငါးချောင်းအောက် ဇာတ်သိမ်းသွားချေပြီ။

“ ဘယ်တော့မှ မမေ့နဲ့.. ကျုပ် ရွှမ်ယီကိုအကြွေးပေးစရာရှိရင် ဘယ်သူမှ ရှောင်လို့မရဘူး…”

ရွှမ်ယီက အေးစက်စက်ပြုံးလိုက်ပြီး ပတ်၀န်းကျင်အား ဝေ့ကြည့်လိုက်၏။

ထိုအကြည့်က ပတ်၀န်းကျင်မှလူတိုင်းအား ကျောချမ်းသွားစေသည်။ ထိုလူငယ်အား အကြွေးပေးစရာရှိပြီး မပေးပါက ငရဲဘုရင်ကဲ့သို့ဖြစ်သွားမည်မှာ မြေကြီးလက်ခတ်မလွဲချေ။

ရန်မိသားစု ပြီးဆုံးသွားချေပြီ။

ထိုသတင်းက သူတော်စင်ဒေသတစ်ခုလုံးသို့ ဗုံးတစ်လုံးအလား ပေါက်ကွဲသွား၏။

အင်အားစုကြီးတိုင်း အကယ်ဒမီတိုင်းကို တုန်လှုပ်သွားစေသည်။ ဗဟိုသူတော်စင်အကယ်ဒမီသို့တိုင်အောင် တုန်ခါသွားခဲ့၏။

All Chapters