အခန်း (၁၉၂)
Vol. 13 Ch. 192
ရန်မိသားစု၏ ပိုင်ဆိုင်မှုအားလုံး သိမ်းဆည်းပြီးပြန်လာစဉ် လမ်းခုလတ်၌ ရွှမ်ယီ အနည်းငယ်တုန်လှုပ်သွားခဲ့သည်။ သူ့စိတ်ဝိညာဉ်အတွင်းရှိ ကမ္ဘာငယ်လေးက တုန်ခါသွားသောကြောင့်ဖြစ်၏။ ဒြပ်စင်ငါပါးအနှစ်သာရအား ဝါမျိုးခြင်းဖြစ်စဉ် ပြီးဆုံးသွားချေပြီ။
ပင်းယုအား အကျိုးအကြောင်းပြောပြလိုက်ပြီးနောက် ရွှမ်ယီ ခန္ဓာကိုယ် အနည်းငယ်လှုပ်ရှားသွားပြီး ကမ္ဘာငယ်လေးအတွင်း၌ ပြန်ပေါ်လာခဲ့သည်။
ဘုန်း..
ရွှမ်ယီထွက်ပေါ်လာပြီးနောက် ကမ္ဘာငယ်လေးအားကြည့်ရင်း မျက်နှာထက်၌ ထိတ်လန့်သွားဟန်များပေါ်လာ၏။
ကမ္ဘာငယ်လေးက ယခင်တစ်ခေါက်က သူမြင်ခဲ့သည်နှင့် လုံး၀ခြားနားသွားချေပြီ။
ဒြပ်စင်ငါးပါးအနှစ်သာရအား မဝါးမြိုရသေးခင်က ကမ္ဘာငယ်လေးအတွင်း မြက်ပင်အနည်းငယ်ရှိသော်လည်း အသက်ဓာတ်နည်းပါးလွန်းကာ အချိန်နှင့်အမျှ ပျက်စီးနေ၏။
သို့သော် ဒြပ်စင်ငါးပါအနှစ်သာရအား ဝါမြိုကာ ကမ္ဘာငယ်လေးအားအရှိန်မြှင့်လိုက်ပြီးနောက် ယခင်နှင့် လုံး၀ခြားနားသွားသည်။
ယခုမြင်တွေ့ရသည်က ကမ္ဘာငယ်လေးတစ်ခုလုံး အသက်ဓာတ်များပြည့်နှက်နေပြီး စိမ်းလန်းသော တောတောင်ရေမြေများနှင့် တောရိုင်းတိရစ္ဆာန်များ၏ အသံများကိုပင် ကြားနေရ၏။
“ တောရိုင်းတိရစ္ဆာန်တွေလား…”
ရွှမ်ယီ၏ မျက်၀န်းများထဲ၌ ထိတ်လန့်သွားဟန်များ ပေါ်လာခဲ့သည်။ သာမာန်ဘုရင်အဆင့်များ ဖန်တီးထားသည့် ကမ္ဘာငယ်လေးများတွင် ပြီးပြည့်စုံသော ဥပဒေသများမရှိသည်ဖြစ်ရာ သတ္တဝါများရှင်သန်ပေါက်ဖွားလာရန်အတွက် အလွန်ကြာမြင့်သောအချိန်လိုအပ်၏။ နှစ်ထောင်ပေါင်းများစွာ ကြာနိုင်သည်။
“ ဒြပ်စင်ငါးပါးအနှစ်သာရက ကမ္ဘာငယ်လေးကို ဘယ်လောက်အရှိန်နှုန်းနဲ့ မြှင့်တင်ပေးလိုက်ပါလိမ့်… နှစ်တစ်သိန်းလား.. နှစ်တစ်သန်းလား… ဒါမှမဟုတ်….”
ဒြပ်စင်ငါးပါးအနှစ်သာရအား ဝါးမြိုလိုက်ပြီးနောက် ကမ္ဘာငယ်လေးအတွင်း ကြီးထွားမှုက နှစ်ပေါင်း ထောင်သောင်းချီရောက်သွားခဲ့ပုံရသည်။ ယခု တောရိုင်းတိရစ္ဆာန်များပင်ပေါက်ဖွားနေကြချေပြီ။ ဤကမ္ဘာအား ရှေးဦးကမ္ဘာဟု ဆိုနိုင်သည်။
ရွှမ်ယီ၏ နှလုံးသားက တုန်လှုပ်နေသော်လည်း လက်ရှိအခြေအနေအား အလွန်စိတ်၀င်စားနေ၏။ ချက်ချင်း လေပေါ်သို့ ပျံတက်ပြီး ပတ်၀န်းကျင်အားလေ့လာလိုက်သည်။ ဤကမ္ဘာကြီးအတွင်း၌ လူသားများရှိမရှိ သိလိုနေ၏။
ထိုအချိန်တွင် ရှေးဦးကမ္ဘာအတွင်းရှိ တောင်းပိုင်းကန္တာရာ တစ်နေရာတွင်…
ဤကမ္ဘာမှာ အလွန်ရှေးကျလှပြီး များစွာသော ရှေးဦးသားရဲများ ပုန်းကွယ်တည်ရှိနေ၏။ ပတ်၀န်းကျင်၌ လှုပ်ရှားမှု အနည်းငယ်ရှိသည်နှင့် ၎င်းတို့က ပြင်းထန်စွာ ဟိန်းဟောက်လိုက်ကြသည်။
သွေးများဖြင့် ဖုံးလွှမ်းနေသည့် သေးငယ်သောပုံရိပ်လေးတစ်ခု ရေကန်အတွင်းရှိနေခဲ့သည်။ သူ့ခန္ဓာကိုယ်မှာ သွေးများထွက်နေသည်မှာ မည်မျှကြာပြီမှန်းမသိသလို မြစ်ထဲသို့ရောက်နေသည်မှာလည်း မည်မျှကြာနေပြီမှန်းမသိပေ။
“ အဟွတ်အဟွတ်…”
သွေးများဖုံးလွှမ်းနေသည့် ပုံရိပ်လေးက သေးငယ်သော မိန်းကလေးတစ်ဦးဖြစ်၏။ ရင်ဘတ်တွင် သွေးများစွန်းနေသော အပေါက်တစ်ခုရှိနေပြီး ၎င်းအတွင်းမှ ရွှေရောင်သွေးများ စီးကျနေသည်။
ရွှီး..ဂျစ်..
ရွှေရောင်အလင်းတစ်ချက် လင်းလက်သွား၏။ ရွှေလျှပ်စီးတစ်ခုအလားပင်။
ကောင်မလေးက အံကြိတ်ပြီး နောက်ဆုံးခွန်အားကို ညှစ်ထုတ်ကာအသုံးပြုလိုက်ခြင်းဖြစ်၏။ သူမ မျက်နှာကလေးက ဖြူဖျော့နေပြီး မြစ်အတွင်းမှ ခုန်ထွက်ကာ ကမ်းစပ်၌ လဲကျသွားသည်။ ထိုရုန်းကန်မှုက သူမအားချောင်းဆိုးသွားစေပြီး နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာ၏။
သူမသွေးများအားလုံး ရွှေရောင်တောက်ပနေသည်။
“ ငါ့ကို လိမ်ခဲ့တာပဲ.. တကယ်တော့ ငါ့အရိုးကို ထုတ်ယူသွားတာ…”
ဤရှေးဦးကမ္ဘာကြီးကား သန်မာသူများသာ လေးစားခြင်းခံရသောကမ္ဘာကြီးဖြစ်၏။ နိုးထနိုင်သူများသာ သန်မာခြင်းလမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်မည်ဖြစ်သည်။ သန်မာသူများက ရှေးဦးသားရဲများနှင့် တိုက်ခိုက်နိုင်ပြီး ကောင်းကင်ထက်တွင်လည်း ပျံသန်းနိုင်စွမ်းရှိသည်ဟု ဆိုကြ၏။
ဤမတိုင်ခင် ကောင်မလေးက ကောင်းကင်ပေါ်၌ ပျံသန်းနိုင်သည့် အနက်၀တ်လူတစ်ဦးနှင့် ဆုံတွေ့ခဲ့သည်။ သူမအတွက် အခွင့်အရေးရောက်လာပြီဟု ထင်မှတ်ခဲ့သည်။ သူမ၏ ထူးခြားသော အရည်အချင်းများအား ပြသကာ သူမအား သင်ကြားပေးမည့် ဆရာတစ်ဦး အလိုရှိခဲ့၏။
တစ်ဖက်လူက အစပိုင်းတွင် အထင်သေးနေခဲ့သည်။ သို့သော် သာမန်လူများထက် သန်မာသည့် ကောင်မလေး၏ ခွန်အားကိုမြင်သွားပြီးနောက် သူမ၏ ရင်ဘတ်နေရာသို့ သေချာစိုက်ကြည့်လိုက်သည်။ ထိုအခါ သူ့ မျက်၀န်းများအတွင်း၌ ထူးဆန်းသော အလင်းတစ်ချက်လက်သွား၏။
ထို့နောက် ကောင်မလေးအား တပည့်အဖြစ် လက်ခံရန်သဘောတူခဲ့သည်။
ကောင်မလေးကလည်း အလွန်၀မ်းသာသွားခဲ့သည်။ ထိုလူ၏ ထူးဆန်းသော အကြည့်များကို သတိမထားမိခဲ့ဘဲ ထိုလူထံမှသင်ကြားပြီးလျှင် တောင်ပေါင်း(၁)သိန်း၌ ကျော်ကြားသူတစ်ဦးဖြစ်လာမည်ဟုတွေးကာ အလွန်ပျော်ရွှင်နေခဲ့၏။
အကျိူးဆက်နေဖြင့် သူမအား ခေါ်လာစဉ် လေထဲ၌ သူမ၏ ရင်ဘတ်သို့ လက်ဖြင့်ထိုးဖောက်ခြင်းခံလိုက်ရသည်။ ထိုလူက သူမ ရင်ဘတ်အတွင်းမှ ရွှေရောင်အရိုးတစ်ချောင်း ထုတ်ယူလိုက်သည်ကို မြင်လိုက်ရ၏။
ကောင်မလေးက ရုန်းကန်ချင်သော်လည်း အနည်းငယ်မျှပင်မလှုပ်ရှားနိုင်ခဲ့ပေ။ ထိုအရိုးကြောင့် သူမက သာမန်လူတွေထက် သန်မာနေကြောင်း နားလည်ထား၏။ သို့မဟုတ်ပါက ရွာမှထွက်ပြီး တောင်ပိုင်းကန္တာရသို့ တစ်ယောက်တည်း ရောက်လာနိုင်မည်မဟုတ်ပေ။
သူမ ခန္ဓာတစ်ခုလုံးရှိ သွေးများက ဤနတ်ဘုရားအရိုးအား မွေးဖွားစေခဲ့ကြောင်း အနက်၀တ်လူက သိရှိထား၏။
သူမသာ ထိုလူနှင့် မတွေ့ဆုံခဲ့လျှင် ထိုနတ်ဘုရားအရိုး၏ ထောက်ပံ့မှုဖြင့် ရှေးဦးကမ္ဘာထဲတွင် ထိပ်ဆုံးသို့ရောက်သွားမည်မှာ မလွဲပေ။
အနက်၀တ်လူအတွက်မူ ထိုကလေးမအား ထိပ်ဆုံးသို့ရောက်အောင် ပျိုးထောင်ပေးလိုစ်တ်မရှိပေ။ သူမက သူ့သားသမီးမဟုတ်ချေ။
သူမထံမှ နတ်ဘုရားအရိုးအား ထုတ်ယူပြီး သူ့ကလေးအား ပေးရန်ဆုံးဖြတ်ထား၏။
ထိုကောင်မလေးကလည်း ကလေးတစ်ဦးသာ။ သို့သော် ၎င်းအား ဂရုမစိုက်ချေ။
နတ်ဘုရားအရိုးထုတ်ခံရပြီးနောက် ကောင်မလေးတစ်ကိုယ်လုံး အရမ်းနာကျင်လာခဲ့ပြီး ချွေးများထွက်လျက် အသက်ရှုကြပ်ကာ မေ့မျောသွားခဲ့၏။ မြစ်ရေ၏ အေးမြမှုကြောင့်သာမဟုတ်လျှင် သူမ ယခုအချိန်ထိ နိုးလာဦးမည်မဟုတ်သေးပေ။
“ ဂရား…”
ရွှေရောင်သွေးများ၏ ရနံ့က ပတ်၀န်းကျင်သို့ပျံ့နှံ့သွား၏။
လေထဲသို့ ပျံ့နှံ့လာသည့် သွေးနံ့က ဆာလောင်နေသည့် သားရဲများမည်မျှကို ဆွဲဆောင်မိမှန်းမသိနိုင်ပေ။
ကောင်မလေးတစ်ကိုယ်လုံး စိုချွဲနေ၏။ သို့သော် သူမ၏ ခန္ဓာကိုယ် အစိတ်အပိုင်းအနည်းငယ်လောက်သာ ရေစိုနေခြင်းဖြစ်ပြီး ကျန်သည့်နေရာများအားလုံး သွေးများဖုံးလွှမ်းနေခြင်းဖြစ်သည်။
သွေးနံ့က လေထဲသို့ပျံ့လွင့်နေသည်မှာ ကြာချေပြီ။
သူမ ရေထဲ၌ ရှိနေစဉ်က အဆင်ပြေသေးသော်လည်း ကုန်းပေါ်ရောက်လာသည့်နှင့် ပတ်၀န်းကျင်မှ ရှေးဦးသားရဲများအားလုံး ၎င်းတို့၏ အစွယ်များဖြဲလျက် သူမထံ ပြေး၀င်လာကြ၏။
ဤသားရဲများအတွက် သေလုမြောပါးဖြစ်နေသည့် ကောင်မလေးတစ်ဦးအား အလွန်တရာလွယ်ကူလှသော သရေစာဖြစ်ပေသည်။ တစ်ရာရာခိုင်နှုန်း ၎င်းတို့အတွက် အစာဖြစ်၏။
“ ဂရား…”
ရွှေရောင်သွေးများက ရှေးဦးသားရဲများအား အလွန်ဆွဲဆောင်နိုင်စွမ်းရှိသည်။
ရှေးဦးသားရဲကြီးတစ်ကောင်က တင်းမခံနိုင်တော့ဘဲ မြေပေါ်၌လဲကျနေသည့် ကောင်မလေးထံသို့ပြေး၀င်သွား၏။
သားရဲကြီး၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးက သူမထက်တွင် အရိပ်မိုးသွားခဲ့ပြီး ၎င်း၏ ခံတွင်းနံ့ကိုပင် ခံစား၍ရနေသည်။
“ ငါ.. သေရတော့မှာလား…”
ဘုန်း…
ချယ် အလွန်ပျက်၀မ်းနည်းသွားပြီး သူမ၏ မျက်လုံးများအား မှိတ်ရန်ပြင်လိုက်သည်။ သို့သော် မျက်လုံးများမှိတ်တော့မည့်အချိန်တွင် ကောင်းကင်ထက်မှ နတ်ဘုရားတစ်ပါးအလား ဆင်းသက်လာသည့် အဖြူ၀တ်လူတစ်ဦးအား တွေ့လိုက်ရ၏။
ထိုလူက လက်တစ်ချက်ဝှေ့ယမ်းလိုက်ရာ ရှေးဦးသားရဲ တစ်စစီပေါက်ကွဲသွားလေသည်။
သွေးများ မိုးရွာသကဲ့သို့ ဖျာထွက်သွား၏။
ဝူး…
ထိုသားရဲများအားလုံး တောင်းပိုင်းကန္တာရတွင် နှစ်ပေါင်းများစွာကြာအောင် နေထိုင်လာခဲ့ကြသူများဖြစ်ပြီး အန္တရာယ်အားခံစားမိသည်နှင့် အမြီးကုပ်ကာ အကုန်ထွက်ပြေးသွားကြ၏။ ကျားတစ်ကောင်အားတွေ့လိုက်ရသေ။ ယုန်အုပ်ကြီးအလားပင်။
နိုးထပြီးသော သန်မာသူများသာရင်ဆိုင်နိုင်သည့် အစွမ်းထက် ရှေးဦးသားရဲများအားလုံး ထွက်ပြေးသွားပြီလား...?
ရှေ့မှာ ရပ်နေတာက ဘယ်သူများလဲ…?
ကောင်မလေး၏ မျက်၀န်းထဲ၌ ရှုပ်ထွးမှုများပြည့်နေပြီး မေ့မျောသွားတော့သည်။ မေ့မသွားခင် ရွှမ်ယီ၏ ချောမောလှသော မျက်နှာအား နောက်ဆုံးအနေနှင့်မြင့်သွားခဲ့သေး၏။
“ ဒင်! နတ်ဘုရားအရိုး၏ မူလပိုင်ရှင်ဖြစ်သော ဤကမ္ဘာကြီး၏ချစ်ခင်ခြင်းခံရသော ကလေးအားတွေ့ရှိပါသည်…။ သူမအား တပည့်အဖြစ်လက်ခံပြီး စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်သို့ရောက်အောင် သင်ကြားပေးပါ..။ ဆုလာဘ်အဖြစ် အဆင့်တစ်ခုတိုးလာပါမည်….”
ရွှမ်ယီ၏ မျက်ခုံးများမြင့်တက်သွားခဲ့သည်။
ဒီတာ၀န်က စနစ်ရဲ့ဖုံးကွယ်နေသော တာ၀န် အပိုင်းများလား…?
ဤကလေးမလေးခန္ဓာကိုယ်ထဲရှိ ကြွင်းကျန်သော အရှိန်အဝါအနည်းငယ်အား သိချင်စိတ်ပေါ်လာသည်နှင့် စနစ်က အချက်အလက်တချို့သူ့ထံသို့ ပေးပို့ခဲ့သည်။
“ နတ်ဘုရားအရိုးလား…”
နတ်ဘုရားအရိုးပိုင်ရှင်များအား သူတို့လက်ရှိနေထိုင်သော နက်နဲခြင်းနတ်ဘုရားတိုက်ကြီးတွင်လည်း ရှာတွေ့နိုင်သည်။ ၎င်းတို့က အများအားဖြင့် အလွန်သန့်စင်သော သွေးမျိုးဆက်များဖြင့် မွေးဖွားလာကြသူများဖြစ်၏။ ၎င်းတို့ထံတွင် နတ်ဘုရားအရိုးဖြစ်ပေါ်လာပြီးနောက် မမျှော်လင့်ထားလောက်သော စွမ်းအားမျိုးထုတ်လွှတ်နိုင်သည်။
သူရှေ့မှ ကလေးမက နတ်ဘုရားအရိုးပိုင်ရှင်တဲ့လား…
လူတစ်သန်းတွင် တစ်ယောက်ရှိရန်ပင် မဖြစ်နိုင်ပေ။
သို့သော် ကြည့်ရသလောက် သူမထံတွင် နတ်ဘုရားအရိုး မရှိတော့ချေ။
ရွှမ်ယီ၏ မျက်၀န်းထဲတွင် အေးစက်သောအလင်းရောင်တစ်ချက်လက်သွား၏။ ထို့နောက် ကောင်မလေးအား ညင်သာစွာမယူလိုက်သည်။
နတ်ဘုရားအရိုးက သူမခန္ဓာအတွက် အဓိကအနှစ်သာရဆိုလည်းမမှားချေ။ သို့သော် ယခုတွင် ထိုအနှစ်သာရကမရှိတော့ပေ။ ထို့ကြောင့် ပိန်းပါးသော ကလေးမလေး၏ မျက်နှာကလည်း သွေးမရှိတော့သည့်အလား ဖြူဖျော့နေ၏။
“ ဒီလို ကလေးမလေးတစ်ယောက်ကိုတောင်… ဘယ်ကောင်က ရက်ရက်စက်စက် လုပ်သွားတာလဲ…”
ကလေးမလေး၏ ရွှေရောင်အနာဂါတ်က ဖျက်ဆီးခဲ့ပြီး ဒုက္ခတွင်းထဲ ကန်ချခဲ့သူအား ရွှမ်ယီ ကျိန်ဆဲမိလိုက်သည်။
လက်ရှိတွင် ထိုကောင်မလေးက ရွှမ်ယီလက်ထဲ၌ ရှိနေပြီး သွေးများစွန်းပေနေသည့် ကျိုးပဲ့လွယ်သော နူးညံ့သည့် အရုပ်ကလေးတစ်ခုအလားပင်။
“ သနားစရာ ကလေးမပဲ…”
ယခင် သူလက်ခံရရှိခဲ့သော ဒန်ဇန်၏ မှတ်ညာဏ်များအရ နတ်ဘုရားအရိုးအား ပြန်လည်မွေးဖွားပေးနိုင်သော ဆေးလုံးတစ်မျိုးရှိသည်။ ရန်မိသားစုထံမှရရှိခဲ့သော အရင်းအမြစ်များထဲတွင် အရိုးများအား ပြုစုပျိုးထောင်ပေးနိုင်သည့် ရတနာများ ၊ နည်းလမ်းများ ပါ၀င်နေသည်။
သူမ၏ နတ်ဘုရားအရိုးအား ပြန်လည်မွေးဖွားစေမည်ဟု ရွှမ်ယီ ဆုံးဖြတ်ချက်ချလိုက်၏။
မကြာခင်အချိန်အတွင်းမှာ ဤကောင်မလေးက သူမထံမှ နတ်ဘုရားအရိုးအား ထုတ်ယူသွားသူကို အံ့ဖွယ်တစ်ခုပေးပေလိမ့်မည်။