← Chapters

အခန်း (၁၉၅)

Vol. 13 Ch. 195

အခန်း (၁၉၅)

Vol. 13 Ch. 195

ရက်အနည်းငယ်အတွင်း တောင်ပိုင်းကန္တာရ‌တောထဲမှ ရှေးဦးသားရဲများ ဒုက္ခရောက်ကြတော့သည်။

ဒဏ်ရာမှပြန်သက်သာလာပြီးနောက် လုယောင်ယောင် အကောင်းဆုံးကြိုးစားလေ့ကျင့်ခဲ့၏။ အစွမ်းထက်ဟန်ရသော သေးငယ်သောပုံရိပ်လေးတစ်ခု တောထဲတွင် ဟိုဟိုဒီဒီခုန်ပေါက် ပြေးလွှားနေ၏။ တောထဲရှိ လုယောင်ယောက်ထက် အားကောင်းသော သားရဲများအားလုံး ရွှမ်ယီ၏ အရှိန်အဝါကြောင့် ထွက်ပြေးသွားကြသည်။ အားနည်းသောသားရဲများမှာမူ လုယောင်ယောင်လက်မှ ပြေးမလွတ်ပေ။

နက်နဲခြင်းနတ်ဘုရားတိုက်ကြီးမှ ကောင်းကင်အဆင့်ကျင့်စဉ်အား လေ့ကျင့်ပြီးနောက် လု‌ယောင်ယောင် ခွန်အားမှာ ခုန်ပေါက်တိုးတက်သွားခဲ့သည်။ ဤကမ္ဘာငယ်လေးထဲတွင် မရှိနိုင်သော တိုက်ခိုက်နိုင်စွမ်းအား ပိုင်ဆိုင်ထား၏။

သူမက အလယ်အလတ် နိုးထသူအဆင့်တွင်သာရှိသေးသော်လည်း နှောင်းပိုင်းအဆင့်များအား ယှဥ်ပြိုင်တိုက်ခိုက်နိုင်စွမ်းရှိသည်။

နိုးထသူနှောင်းပိုင်းအဆင့်နှင့် ညီမျှသော ရှေးဦးသားရဲများပင် သူမအား အနိုင်မယူနိုင်ပေ။

“ ဆရာ့ကို သမီးတို့ရွာ ခေါ်သွားပေးမယ်…”

လုယောင်ယောင်မျက်နှာထက်၌ စိတ်လှုပ်ရှားနေဟန်များ ပေါ်လွင်နေသည်။

လုယောင်ယောင်နှင့် ရွှမ်ယီတို့ အတူတကွထွက်ခွာလာခဲ့ပြီး သူမတို့နောက်၌ ကြီးမားသော ရှေးဦးသားရဲကြီးတစ်ကောင် နာခံစွာနှင့် လိုက်ပါလာပြီး ၎င်းအပေါ်တွင် ရှေးဦးသားရဲ အသေကောင်များစွာ ပါလာသည်။

ထိုရှေးဦးသားရဲကြီးက ‌နိုးထသူနှောင်းပိုင်းအဆင့်တွင်ရှိနေပြီး တောင်ပိုင်းကန္တာရ တောအုပ်အစွန်တွင် အုပ်စိုးသူလည်းဖြစ်၏။ သို့သော် လက်ရှိတွင် သူ၏ပုံစံက အလွန်နာခံမှုရှိနေဟန်ရပြီး အိမ်မွေးတိရစ္ဆာန်တစ်ကောင်အလားပင်။

ထိုအချိန်တွင် ချင်ဟီကျေးရွာ‌၌ အငတ်ဘေး ဆိုက်ရောက်နေ၏။

တောင်ပိုင်းကန္တာရအဖျားပိုင်းတွင် သားရဲ အဓိကရုဏ်းတစ်ခုဖြစ်နေသည်။ ၎င်းတို့သောင်းကျန်းနေမှုကြောင့် တောထဲ၀င်သွားသူတိုင်း သေဖို့များသည်။

နိုးထသူများသာ ထိုနေရာတွင် ရှင်သန်နိုင်မည်ဖြစ်၏။

သို့သော် ချင်ဟီကျေးရွာ၌ နိုးထသူတစ်ဦးမှမရှိချေ။

ထို့ကြောင့် သားရဲများ ဆူပူအုံကြွအတွင်း ချင်ဟီရွာမှ ရွာသားများအနေဖြင့် ရွာကိုသာတင်းကြပ်စွာစောင့်ရှောက်ထားပြီး အပြင်သို့မထွက်ရဲကြပေ။

ယနေ့တွင် သူတို့စုဆောင်းထားသော အစားအသောက်များအားလုံး ကုန်သွားချေပြီ။

အကယ်၍ အပြင်ထွက်အမဲမလိုက်ပါက တစ်ရွာလုံး ငတ်တော့မည်။ သုံးရက်အတွင်းအစာမရှာနိုင်ပါက လူတစ်ချို့ ငတ်သေကြတော့မည်ဖြစ်၏။

သို့သော် တောထဲ၀င်ရန်အတွက်မူ…

သူတို့ထံတွင် နိုးထသူများမရှိရာ ယခင်ကတည်းက တောစပ်တွင်သာ စွန့်စားနိုင်၏။ ယခုအခြေအနေဖြင့်သွားပါက တစ်ယောက်မှ အသက်ရှင်မည်မဟုတ်ပေ။

ရှေးဦးကမ္ဘာတွင် သန်မာသူများသာ ရှင်သန်နိုင်၏။ ချင်ဟီကျေးရွာမှ လူများအတွက်မူ အသက်ရှင်ရပ်တည်ရန် အလွန်ခက်ခဲလှသည်။

“ အဲ့တာ ဘာကြီးလဲ…”

ရုတ်တရက် တစ်စုံတစ်ယောက်က ရွာအ၀င်၀သို့ ညွှန်ပြလိုက်၏။ ကြီးမားသော အရိပ်ကြီးတစ်ခု ရွာသို့ ချဉ်းကပ်လာနေသည်။

ရှေးဦးသားရဲကြီးထံမှ အားကောင်းသော အရှိန်အဝါက တစ်ရွာလုံးသို့ ရုတ်တရက် ပျံ့နှံ့သွား၏။

“ ရှေးဦးသားရဲ ကျူးကျော်တိုက်ခိုက်မှုလား…”

လူတိုင်း ဖြူ‌ဖျော့သွားသည်။

သားရဲကြီးထံမှ အရှိန်အဝါအရ သူတို့ရွာမှ လူများထား တချို့သော နိုးထသူများပင် အနိုင်ယူနိုင်မည်မထင်ပေ။

ချင်ဟီကျေးရွာတွင် နိုးထသူ တစ်ယောက်မှမရှိပေ။

ရွားအား တိုက်ခိုက်ခံရပါက တစ်ရွာလုံး အသတ်ခံရပေလိမ့်မည်။

“ သမီးပါ…”

လုယောင်ယောင်က ဧရာမရှေးဦးသားရဲကြီးနှင့်ယှဉ်ပါက အလွန့်အလွန်သေးငယ်လှသည်။ သားရဲကြီးနံဘေးတွင် သူမက ခုန်ပေါက်ကာ လက်အားဝှေ့ယမ်းလျက် ကျယ်လောင်စွာ အော်ဟစ်နေသည်။ သူမ အသံသေးသေးလေးက တစ်ရွာလုံးထံသို့ ပျံ့နှံ့သွား၏။

“ ဟမ်.. ယောင်ယောင်…”

“ သူမ ပျောက်နေတာမဟုတ်လား…”

ချင်ဟီရွာသားများအားလုံး သူတို့ရှေ့မှ ရင်းနှီးသော ပုံရိပ်လေးအားကြည့်ပြီး မယုံနိုင်ဖြစ်နေကြ၏။ အထူသဖြင့် လုယောင်ယောင်နှင့် အတူပါလာသော သားရဲကြီးက သူတို့အားပို၍ ဆွံ့အသွားစေခဲ့သည်။

“ ယောင်ယောင်… မင်း…”

တောင်းပိုင်းကန္တာရ၏ ထုံးစံတစ်ခုအရ ရက်အနည်းငယ် တောထဲ၌ကြာနေပါက ‌သေဆုံးသွားပြီဟု သတ်မှတ်ရပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် မည်သူမှ ရက်အတန်ကြာ တောထဲ၌ အသက်ရှင်မနေနိုင်သောကြောင့်ဖြစ်၏။

ချင်ဟီကျေးရွာမှလူတိုင်း ယောင်ယောင်ကို ၀မ်းသာစွာကြည့်နေကြသည်။

သို့သော် သူတို့ ယခုထိ နားမလည်ကြသေးပေ။ အသက်(၇)နှစ် (၈)နှစ်အရွယ်ကလေးမလေးအသာထား ယောက်ျားရင့်မာကြီးများပင် တောထဲ၌ ရက်အတန်ကြာအောင် မနေနိုင်ချေ။

သူမ သေဆုံးသွားပြီဟု သတ်မှတ်ထားခဲ့ကြ၏။

“ ယောင်ယောင်..”

“ မမ…”

လူအုပ်ကြားထဲရှိ ပိန်လှီနေသော အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်ဘေးက မျက်ရည်များကျလျက် လှမ်းခေါ်လိုက်ခြင်းဖြစ်သည်။ နှစ်ယောက်လုံး အလွန်အံ့ဩ၀မ်းသာဖြစ်နေခဲ့၏။ အမျိုးသမီးက လုယောင်ယောင်အား ပြေးဖက်လိုက်သည်။

ယောင်ယောင်က အနားတွင် ဆရာဖြစ်သူရှိနေသောကြောင့် အနည်းငယ်ရုန်းကန်ချင်သော်လည်း အမေဖြစ်သူ၏ ရင်ငွေ့ကြောင့် အားလျော့သွားပြီး နွေးထွေးစွာ ပြန်ဖက်ထားမိ၏။

“ အမေ.. မောင်လေး.. သမီးပြန်လာပြီ…”

သူမ အဖေဖြစ်သူက ငယ်စဉ်ကတည်းက ရှေးဦးသားရဲများထံ သေဆုံးသွားခဲ့ပြီး သူမအတွက် အမေနှင့် မောင်လေးသာ အရင်းနှီးဆုံးဖြစ်သည်။ သူတို့က သူမအား လောကကြီးတွင် ဂရုအစိုက်ဆုံးလူများဖြစ်ပြီး ယခု ထိုအထဲတွင် ရွှမ်ယီကိုပါ ထည့်ရပေမည်။

နံဘေးတွင် ကျေးရွာခေါင်းဆောင်က သေးငယ်သော လုယောင်ယောင်အား ထိတ်လန့်စွာကြည့်နေခဲ့ပြီး အဖြူရောင်၀တ်စုံနှင့် တည်ငြိမ်စွာ ရပ်နေသော ရွှမ်ယီအား ကြည့်လိုက်ပြီးလျှင် နောက်ဆုံး၌ ရှေးဦးသားရဲကြီးကို ကြည့်လိုက်သည်။

ဂလု..

ပတ်၀န်းကျင်မှ လူတိုင်း၏ မျက်လုံးများ ရှေးသားရဲကြီးအပေါ်သို့ရောက်ရှိနေပြီး တချို့က တံတွေးမြိုချမိလိုက်ကြ၏။

ထိုမြင်ကွင်းက ရွှမ်ယီအား အနည်းငယ်ပြုံးသွားစေသည်။

ပြန်လာသောလမ်းတွင် သူမတို့ရွာ၌ အစာရေစာရှားပါးကြောင်း လုယောင်ယောင်ကပြောခဲ့သောကြောင့် ရှေးဦးသားရဲတစ်ကောင်အား ထိန်းချုပ်ပြီး လုယောင်ယောင်သတ်ခဲ့သော သားရဲများကို သယ်ဆောင်လာခဲ့သည်။

ရွှမ်ယီက အနည်းငယ်မျှ၀င်စွက်ဖက်ခြင်းမရှိပေ။

လုယောင်ယောင်က သားရဲအသေကောင်များအားချပြီး စုထားလိုက်၏။ ‌အသေကောင်များက တောင်ငယ်လေးတစ်ခုအသွင်ဖြစ်နေသည်။

ရွာမှလူတိုင်းအာရုံက ထိုအပေါ်သို့ကျရောက်နေ၏။

“ ယောင်ယောင်.. ဒီသားရဲအသေကောင်တွေကို မင်းဘယ်က ရခဲ့တာလဲ…”

ကျေးရွာခေါင်းဆောင်က တောင်ငယ်လေးကဲ့သို့ဖြစ်နေသော သားရဲများအား ငေးကြည့်လျက် မေးလိုက်သည်။

လက်ရှိဖြစ်ပေါ်နေသော သားရဲအဓိကရုန်းကြောင့် ရှေးဦးသားရဲများစွာ သေဆုံးကြသည်။ သို့သော် ချင်ဟီကျေးရွာမှ လူများ၏ စွမ်းအားဖြင့် တောထဲသို့သွားပြီး ထိုအသေကောင်များကို သွားသယ်နိုင်စွမ်းပင်မရှိချေ။

“ သူတို့ကို ကျွန်မကိုယ်တိုင်သတ်ခဲ့တာ…”

လုယောင်ယောင်က မျက်နှာအား (၄၅)ဒီဂရီမော့လျက် ပြောလိုက်သည်။

ရွှမ်ယီသင်ကြားပေးသော ပညာရပ်များအား လေ့လာပြီးနောက် သူမက သာမန် နိုးထသူများထက် သန်မာနေပြီဖြစ်၏။ ရှေးဦးသားရဲ များက သူမထံအသတ်ခံရန် စောင့်ဆိုင်းနေရုံသာရှိမည်။

“ ဘာပြောလိုက်တာလဲ…”

လုယောင်ယောင်၏ စကားကြောင့် ပတ်၀န်းကျင်မှ လူတိုင်း အံ့ဩသွားကြသည်။ သားရဲအသေကောင်များအား ကြည့်နေသော မျက်၀န်းများက လုယောင်ယောင်အပေါ်သို့ စုရုန်း ကျရောက်လာ၏။

သူတို့အားလုံး လုယောင်ယောင်အကြောင်းသိထားကြသည်။ သူမက လိမ်ညာတတ်သူမဟုတ်ပေ။ သို့သော် တောင်ငယ်လေးအလားဖြစ်နေသော သားရဲအသေကောင်များအား တလှည့်ကြည့်လိုက်ပြီးနောက် လုယောင်ယောင်စကားကို မယုံချင်ကြတော့ပေ။

သားရဲ‌အသေကောင်များက တောင်ငယ်လေးတစ်ခုကဲ့သို့ဖြစ်နေသည်။

တစ်ရွာလုံးစားလျှင်ပင် မည်မျှကြာအောင်စားရမည်မှန်းမသိပေ။

ဤ ရှေးဦးသားရဲ အဓိကရုန်း၌ ရှင်သန်ရန် ပြသနာမရှိလောက်တော့ချေ။

သတ်လတ်ပိုင်းအမျိုးသားများက ပိုအံ့ဩသွားကြသည်။ သူတို့က ရှေးဦးသားရဲများနှင့် မကြာခဏ တိုက်ခိုက်ခဲ့ဖူး၏။ ယခု ရှေ့မှ အသေကောင်များထံမှ ထွက်ပေါ်နေသည့် အရှိန်အဝါများက ပေါ့သေးသေးမဟုတ်ပေ။

နိုးထသူများပင် ထိုသားရဲများအားလုံးကို သတ်ဖြတ်ရန် အလွန်အားထုတ်ရပေမည်။

ရှေးဦးသားရဲများမှာ အလွန်အစွမ်းထက်လှပြီး တချို့ ပိုသန်မာသော အကောင်များဆို ရေများ မီးများကိုပင် ထိန်းချုပ်နိုင်စွမ်းရှိ၏။

လု‌ယောင်ယောင်က ယခုမှ (၇)နှစ် (၈)နှစ် ၀န်းကျင်သာရှိသေးသည်။ သူမ၏ ပိန်ပါးသော ခန္ဓာကိုယ်လေးနှင့် ထိုသားရဲများအား မည်သို့ သတ်နိုင်မည်နည်း။

လူတိုင်း မယုံနိုင်စရာကောင်းသော အရာတစ်ခုအလား ထိတ်လန့်သွားကြ၏။

ယုယောင်ယောင်၏ နှုတ်ခမ်းထောင့်မှ တွန့်ကွေးသွားပြီး ရွှမ်ယီအား ထည့်သွင်းမိတ်ဆက်ပေးလိုက်သည်။

“ ဒါက ကျွန်မ ဆရာဘဲ.. ကျွန်မ… အန္တရာယ်နည်းနည်းတော့ကြုံခဲ့တယ်.. ဒါပေမယ့် ဆရာက ကယ်တင်ပြီး ကျင့်ကြံခြင်းနည်းလမ်းတွေ သင်ပေးခဲ့တယ်…”

လုယောင်ယောင်က ခေါင်းမော့ရင်ကော့ကာ သူမ၏ မျက်လုံးများအား ကျဉ်းမြောင်းလိုက်ပြီး

“ ကျွန်မ နိုးထသူဖြစ်နေပြီ.. ရှေးဦးသားရဲတွေကို အမဲလိုက်ဖို့ ပြသနာမရှိတော့ဘူး… ဦးလေး‌တို့ ၊ အန်တီတို့ ၊ အစ်ကိုကြီး အစ်မကြီးတို့အားလုံးပဲ ကျွန်မတို့ ဒီနေ့ကစပြီး အရင်လို ငတ်ဖို့စိတ်ပူစရာမလိုတော့ဘူး…”

စကားဆုံးသည်နှင့် တစ်ရွာလုံး တုန်လှုပ်သွားခဲ့သည်။

နိုးထသူဖြစ်နေပြီ…!

လုယောင်ယောင်က နိုးထသူဖြစ်နေပြီလား…?

ငါတို့ ချင်ဟီကျေးရွာမှာ နောက်ဆုံးတော့ နိုးထသူရှိလာခဲ့ပြီ…!

All Chapters