← Chapters

အခန်း (၁၉၄)

Vol. 14 Ch. 194

အခန်း (၁၉၄)

Vol. 14 Ch. 194

ရှောင်ကျီသည် ဒုတိယအကြိမ် တိုက်ခိုက်ခြင်း ခံလိုက်ရကတည်းက ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်သည်။ သူ၏ သံမဏိဒိုင်းကာသည်လည်း စွမ်းအင် လေးပုံပုံ၍ တစ်ပုံသာ ကျန်ရှိတော့သည်။ သို့ပေမဲ့ သူသည် ဂိုဏ်းချုပ်၏ ညွှန်ကြားချက်အား မမေ့လျော့ခဲ့ပေ။

ပထမဦးဆုံး သူ့အနေနှင့် တစ်ဖက်ရန်သူ၏ အာရုံကို ဆွဲဆောင်ရမည် ဖြစ်သည်။

ထိုကြောင့် စုရှောင်မိုနှင့် လီဖေးတို့ မီးနဂါးကြီးအား တိုက်ခိုက်လိုက်ချိန်တွင် သူသည် လခြမ်း ဓားကွက်အား အသုံးပြု၍ မီးနဂါးကြီး၏ အာရုံကို သူ့ဆီရောက်အောင် ပြုလုပ်လိုက်ခြင်း ဖြစ်သည်။

ထိုကဲ့သို့သော စ်တ်ဝိညာဉ်အမျိုးအစား တိုက်ခိုက်ရေး နည်းစနစ်များသည် ဆန်းကြယ်လှသော ကျင့်ကြံသူတစ်ယောက်၏ ကျင့်ကြံခြင်း နည်းစနစ်ဖြစ်သည်မို့ လွယ်လွယ်ကူကူ သင်ယူ၍ ရရှိနိုင်သည်။

ကျင့်ကြံခြင်းအဆင့် ကန့်သတ်ချက်လည်း မရှိပေ။ သို့ပေမဲ့ တိုက်ခိုက်မှု စွမ်းရည်များမှာတော့ အကန့်အသတ် ရှိလေ၏။ သူ၏ တိုက်ခိုက်ချက်သည် အဆင့်ငါး သားရဲကြီးအား အနည်းငယ် နာကျင်စေရုံသာ တတ်နိုင်ခဲ့၏။

သို့ပေမဲ့ မီးနဂါးကြီး၏ အာရုံကို ဆွဲဆောင်သည့် နေရာမှာတော့ အောင်မြင်သည်ဟု ဆိုရမည်။

မီးနဂါးကြီးသည် သူ့အား ဒေါသတကြီးဖြင့် လှမ်းကြည့်လိုက်သည်။

သူ့အနေနှင့် အဓိက တာဝန်မှာ တစ်ဖက်လူ၏ အာရုံကို ဆွဲယူရန် ဖြစ်သည်။ ဤနေရာတွင် ရှောင်ကျီသည် အလွန်အမင်း အရည်အချင်း ရှိလှသည်ဟု ဆိုရပေမည်။

ကျွင်းချောင်ရှောင်းသည် အော်ဟစ်လိုက်၏။ "ရှောင်"

မီးနဂါးကြီးသည် သူ၏ မီးတွေ တောက်လောင်နေသော အမြှီးကြီးဖြင့် အသာလွှဲယမ်း၍ ရိုက်ခတ်လိုက်၏။

ကျွင်းချောင်ရှောင်း၏ တိုက်ခိုက်ရေး ဗျုုဟာသည် စ၍ တိုက်ခိုက်ကတည်းက ကျရှုံးခဲ့သည်ဟု ဆိုရမည်။

သူသည် မီးနဂါးကြီးအား အထင်သေးခဲ့ခြင်း မဟုတ်ပေ။ သို့ပေမဲ့ မီးဓာတ်သဘာဝရှိသော အဆင့်ငါး သားရဲကြီးအား အထင်သေးခဲ့ခြင်းပင် ဖြစ်၏။

အကြွင်းမဲ့ အားအင်များ၏ အောက်တွင်တော့ မည်သည့် တိုက်ပွဲ နည်းစနစ် ၊ နည်းဗျူဟာမှ အသုံးမဝင်သလို ဖြစ်နေ၏။

မီးနဂါးကြီးနှင့် ရင်ဆိုင်ရချိန်မှာတော့ သိုင်းတပည့်အဆင့် သံမဏိအရိုးဂိုဏ်းသားများ အားလုံးသည် အလွန်တရာ အားနည်းလျက်ရှိသည်။

သံမဏိဒိုင်းကာသာ မရှိလျှင် စောစောစီးစီးကတည်းက သေဆုံးလိမ့်မည် ဖြစ်၏။

ရှောင်ရမယ် ဟုတ်လား။ ငါလုံးဝ မရှောင်နိုင်ဘူး။ ငါ့ရဲ့ ဒီခန္ဓာကိုယ်ကို အသုံးပြုပြီး အားလုံးအတွက် တိုက်ခိုက်ဖို့ အခွင့်အရေးရအောင် ပြုလုပ်ပေးရမယ်။

ဤအရာသည် ရှောင်ကျီ၏ စိတ်ထဲတွင် ရှိသော တစ်ခုတည်းသော အတွေးဖြစ်သည်။

သူသည် သူ၏ အားအင်များအားလုံးကို သံမဏိဒိုင်းကာထဲသို့ ထည့်သွင်းလိုက်၏။

ဝှစ်…. ဝှစ်။

စိတ်ဝိညာဉ်စွမ်းရည်များအားလုံးသည် သံမဏိဒိုင်းကာ ထဲသို့ သူ၏ လက်မှတစ်ဆင့် စီးဆင်းသွားသည်။ ထို့နောက် အကာအကွယ် အစီအရင်သည် ပြန်လည်ထိန်လင်းလာသည်။

သို့ပေမဲ့ တစ်ဖက်မှ တိုက်ခိုက်လာသော အားအင်အဆင့်နှင့် ဆိုလျှင် ရှောင်ကျီသည် သူ၏ ခုခံခြင်းကို တိုးမြှင့်လိုက်သည်ဆိုသော်လည်း ခုခံနိုင်ရန် မဖြစ်နိုင်သေးချေ။

ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် ကျွတ်ထွက်တော့မလို ဖြစ်နေ၏။

သူ၏လက်ထဲတွင်တော့ ကလေးကစားစရာအရွယ် ဓားမော့တစ်ချောင်းပေါ်လာ၏။ သူသည် ရှိသမျှ အားအကုန်သုံး၍ သူ၏ တပည့်များအား ကယ်တင်ရမလို ဖြစ်နေလေသည်။

သို့ပေမဲ့ လက်ရှိမှာတော့ ရီရှင်းချန်နှင့် လီချင်းယန်တို့သည် သူ့ထက်ပို၍ မြန်ဆန်လှသည်။

နှစ်ယောက်စလုံးသည် ရှေ့သို့ ပြေးတက်သွားပြီး လက်ထဲ၌ သံမဏိဒိုင်းကာအား ကိုင်ကာ မီးနဂါးကြီး၏ တိုက်ခိုက်ချက်များကို အရင်ဦးဆုံး တာဆီးလိုက်ကြ၏။

ပြီးနောက် ချက်ချင်းဆိုသလိုပဲ ကျန်တပည့်များအားလုံးသည်လည်း လေထဲသို့ ခုန်ဝင်ကာ တိုက်ခိုက်လိုက်ကြသည်။

"စီနီယာ အစ်ကိုလီ"

"ဂျူနီယာညီလေးရီ။"

ရှောင်ကျီ ဆွံ့အသွားမိခဲ့သည်။

လီချင်းယန်သည် အကာအကွယ် အစီအရင်ကို ဖန်တီးပြီး သူ၏ ခန္ဓာကိုယ်ကို အသုံးပြု၍ သူ၏ ဂျူနီယာညီလေးအား ကာကွယ်ပေးခဲ့၏။

ရီရှင်းချန်မှာတော့ ရုတ်တရက်ဆိုသလိုပဲ လေထဲသို့ ခုန်ကာ အော်လိုက်သည်။

"စကြာဝဠာ ပြောင်းပြန်လှန်ခြင်း။"

ရွှီ။

လေထဲတွင်တော့ စာလုံး သင်္ကေတရှစ်လုံးသည် တစ်လက်လက် တောက်ပစွာဖြင့် ဖြစ်တည်လာသည်။

မီးနဂါးကြီး၏ အမြီး ဆီမှ ဂျင် သိန်းချီ အလေးချိန် ရှိသော အားအင်များသည် ထို သင်္ကေတရှစ်လုံးနှင့် ထိတွေ့ချိန်မှာတော့ တစ်ခြားတည်နေရာတစ်ခုဆီသို့ ဦးတည်ချက် ပြောင်းလဲသွားတော့၏။

ဘုန်း။

အက္ခရာရှစ်လုံးသည် ချက်ချင်းဆိုသလိုပဲ ကွဲကြေသွားသည်။

မီးနဂါးကြီး၏ မီးများ တောက်လောင်လျက်ရှိသော အမြီး ကတော့ ဆက်တိုက်ဆိုသလိုပဲ ထပ်မံတိုက်ခိုက်လာသည်။

ပထမဦးဆုံးအနေနှင့် အကာအကွယ်အတားအဆီးနှင့် ခုခံထားကြသော ရီရှင်းချန် ၊ လီချင်းယန်နှင့် ရှောင်ကျီတို့အားလုံးကို အဝေးသို့ ‌လွင့်စင်သွားကြ၏။

ဘုန်း

သုံးယောက်လုံး မြေပေါ်သို့ လဲကျသွား၏။ သူတို့၏ မျက်နှာများအားလုံးသည်လည်း ရှုံ့မဲ့သွားကြသည်။

ဝေါ့။

ရီရှင်းချန်သည် သွေးတစ်လုတ် အန်ထုတ်လိုက်၏။ သူ၏ မျက်နှာတစ်ခုလုံး ဖြူဖျော့သွား၏။

စြင်္ကဝဠာပြောင်းပြန်လှန်ခြင်း နည်းစနစ်သည် သူ၏ အရင်ဘဝတုန်းက တတ်ကျွမ်းခဲ့သော သိုင်းနည်းစနစ် တစ်ခု ဖြစ်သည်။

ထိုအရာသည် တစ်ဖက်က တိုက်ခိုက်မှုများကို နေရာလွှဲကာ တစ်ခြားတည်နေရာတစ်ခု ဆီသို့ ရောက်ရှိသွားစေ၏။

အလွန်အမင်း အားကျေင့်ကြံခြင်း အားအင်အဆင့် ကန့်သတ်ချက်ရှိနေသောကြောင့် မီးနဂါးကြီး၏ တိုက်ခိုက်ချက် သုံးဆယ်ရာခိုင်နှုန်းလောက်ကိုသာ လမ်းလွှဲ ပေးနိုင်ခဲ့သည်။

ထိုသို့သော သုံးဆယ် ရာခိုင်နှုန်းအတွက် သူသည်လည်း တန်ပြန်မှုကို ခံစားခဲ့ရ၏။

သို့ပေမဲ့ ဤအရာသည် ကောင်းသည်ဟုဆိုရမည်။

သူသာ အားအင်အဆင့်သုံးဆယ်ရာခိုင်နှုန်းကို လမ်းလွှဲမပေးနိုင်လျှင် လီချင်းယန်၏ အကာအကွယ်အားလုံး တိုက်ရိုက်ကျိုးပြတ်သွားမှာ ဖြစ်ပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားမှာ ဖြစ်သည်။ အခန့်အသင့်လျှင် သေတောင် သေဆုံးသွားနိုင်သည်။

ပေးဆပ်ရသည့် တန်ဖိုးသည် မြင့်မားလှသည် ဆိုသော်လည်း ရှောင်ကျီအား ကယ်တင်နိုင်ခဲ့ပြီ ဖြစ်၏။ ဤလောက်ဆိုလျှင် လုံလောက်လှပြီဖြစ်၏။

ဂါး … ဂါး။

မီးနဂါးကြီးသည် လူသားသုံးယောက် အသက်ရှင်လျက် ရှိနေသေးသည်ကို မြင်ရချိန်မှာတော့ အလွန်အမင်း ဒေါသထွက်သွားခဲ့သည်။

နားကွဲလောက်သည်အထိ ကျယ်လောင်သော အော်ဟစ်သံကြီးတစ်ခုကို အော်ဟစ်လိုက်၏။

ပြီးနောက် သူ၏ ပါးစပ်ထဲမှာတော့ မီးဘောလုံးများကို စုစည်းလိုက်သည်။

"သွားပြီ။"

လီချင်းယန်နှင့် ရှောင်ကျီတို့၏ မျက်နှာ အမူအရာများ အားလုံးသည် ပြောင်းလဲသွားကြ၏။

သူတို့တွင် သံမဏိဒိုင်းကာ ရှိသည်ဆိုသော်လည်း စွမ်းအင် အကုန်လုံးကို အသုံးပြုခဲ့ပြီး ဖြစ်သည်။

ထို့ကြောင့် ဤတစ်ကြိမ် မီးဘောလုံးများနှင့် တိုက်ခိုက်လိုက်မည် ဆိုပါက မည်သို့မှ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။

ရီရှင်းချန် မျက်မှောင်ကုတ်သွားမိ၏။

သူ စောနတုန်းက ထုတ်သုံးလိုက်သော သိုင်းနည်းစနစ်၏ တန်ပြန်အားသည် သူ့အား ပြင်းပြင်း ထန်ထန် ဒဏ်ရာ ရရှိသွားစေခဲ့၏။ ထို့ကြောင့် မီးဘောလုံးအား ရှောင်တိမ်းနိုင်ရန် အခွင့်အရေးသည် သူ့အတွက် သုံညရာခိုင်နှုန်းသာ ဖြစ်သည်။

သိုင်းအင်ပါယာတစ်ယောက်အနေနှင့် သူသည် မည်သည့် အခါမှ စိတ်ဓာတ်ကျသည်ကို မခံစားဖူးချေ။

ထို့ကြောင့် သူသည် ဒန်ထျန်ထဲရှိ သူ၏ စိတ်ဝိညာဉ်စွမ်းအင်များကို လှည့်ပတ်လိုက်ပြီး ပြောလိုက်၏။

"မြန်မြန် အေးခဲအောင် လုပ်။"

သူ၏ စကားလေးလုံးသည် ဗျူဟာပင်ဖြစ်၏။

ဤကဲ့သို့ အန္တရာယ်ရှိလှသော အခြေအနေမှ ရုန်းထွက်ချင်သည် ဆိုလျှင် သူတို့ အနေနှင့် လုချင်းချင်းအား မှီခိုရပေလိမ့်မည်။

ဝှစ် … ရွှစ်။

ရုတ်တရက်ဆိုသလိုပဲ မီးနဂါးကြီး၏ နောက်ဘက်၌ အအေးလှိုင်းများ ဖြစ်တည်လာ၏။ ပတ်ဝန်းကျင် တည်နေရာတစ်ခုလုံး၏ အပူချိန်သည်လည်း ရုတ်တရက်ဆိုသလို ကျဆင်းသွားသည်။

မည်မျှ ကျဆင်းသွားသနည်း။

မီးနဂါးကြီး၏ ပတ်ဝန်းကျင်အနားတွင် ရှိနေသော လီဖေးသည် ချမ်းအေးလွန်းသောကြောင့် တုန်ခနဲပင် ဖြစ်သွားရသည်။

ခရက် … ခရက် ….. ခရက်။

အေးစက်သောလေများသည် တည်နေရာတစ်ခုလုံးကို ပျံ့နှံ့သွားပြီးသည့်နောက် လေထဲတွင် ရေခဲများနှင့် ဖန်တီးထားသော လက်ကြီးတစ်ဖက် ဖြစ်တည်လာ၏။

စွမ်းအင်များစုစည်း၍ တိုက်ခိုက်ရန်ပြင်နေသော မီးနဂါးကြီးသည် အေးစိမ့်မှုကို ခံစားမိလိုက်သည်။

ထို့ကြောင့် မြန်မြန်ဆန်ဆန် လှည့်ကြည့်လိုက်ချိန်မှာတော့ သူ့ထက် ပိုမို ကြီးမားလျက်ရှိသော ရေခဲလက်ကြီးတစ်ဖက် ပေါ်လာသည်ကို မြင်လိုက်ရ၏။

လုချင်းချင်း၏ ဆံပင်များအားလုံးသည် လေထဲတွင် လွင့်လျက်ရှိသည်။ သူမ၏ မျက်နှာသည် ဖြူဖျော့နေ၏။ သူမသည် ညာဘက်လက်ကို လေထဲသို ဆန့်တန်းကာ လှုပ်ရှားလိုက်သည်။ "ရေခဲကိုးလွှာ စည်းလက်ဝါး။"

ဝှစ် … ဝှစ်။

အေးစက်သွယ်လှသော ရေခဲလက်ကြီး တစ်ဖက်သည် ရုတ်တရက်ဆိုသလိုပဲ လေထဲမှာ ဝှေ့ယမ်းလာပြီး မီးနဂါးကြီးအား ဖမ်းဆွဲလိုက်တော့သည်။

ပြီးနောက် ကြမ်းတမ်းလှပါသည်ဆိုသော် သိုင်းစစ်သူကြီးအဆင့် ငါး သားရဲကြီး၏ အ‌ရေပြားပေါ်တွင်တော့ ထူထဲလှသည့် ရေခဲထုကြီး ဖြစ်တည်လာလေသည်။

ချက်ချင်းဆိုသလိုပဲ မီးနဂါးကြီးသည် အေးခဲသွားတော့၏။

လုချင်းချင်းသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိ၏။ သူမသည် အလွန်အမင်း အားနည်းသွားပုံပေါ်သည်။

သို့ပေမဲ့ အံ့ကို တင်းတင်းကြိတ်ထားပြီး ရေခဲကိုးလွှာစည်းလက်ဝါးကို စက္ကန့်အနည်းငယ်လောက် ဆက်၍ ထိန်းသိမ်းထားနိုင်စေရန် သူမ၏ ရေခဲဓာတ်သဘာဝများကို ထုတ်လွှတ်လိုက်၏။

ကျိုးဟုန်သည် ချက်ချင်းဆိုသလိုပဲ လေထဲသို့ ပျံသန်းလာ၏။

သူ၏ လက်တစ်ဖက်သည် ဓားကွက်တစ်ခုအား ထုတ်ဖော်လိုက်တော့သည်။ သူ၏ ခန္ဓာကိုယ်ဆီမှ ဓားချီများသည် လှစ်ခနဲ ထွက်ပေါ်လာသည်။

လီချင်းယန် ၊ ရှောင်ကျီနှင့် ရီရှင်းချန်တို့ အားလုံးသည် ကျိုးဟုန်အား ကြည့်မိလိုက်ကြသည်။

ဤတိုက်ခိုက်ချက်သည် မီးနဂါးကြီးအား ထိခိုက်နိုင်မည်လားဆိုသည်မှာ သူတို့အတွက် အရေးကြီးနေ၏။

"ဂျူနီယာ ညီလေးကျိုး … မင်းအောင်မြင်မှ ဖြစ်မယ်။"

ရေခဲအလွှာများသည် စတင်၍ အက်ကွဲလာတော့သည်။

"ဓားအော်ရာ … ကျက်သရေ ဓားကွက်"

ဤအချိန်မှာတော့ သူတို့ မျှော်လင့်ချက်အမြင့်ဆုံးထားရှိနေသော ကျိုးဟုန်၏ မျက်လုံးများသည် ကျဉ်းမြောင်းသွား၏။

ရွှမ်။

ရေခဲအလွှာ မကွဲသွားသေးခင်မှာပဲ ဓားချီများသည် အထက်၌ ဖြစ်ပေါ်လာသည်။

ရွှပ် … ရွှပ်။

ဓားချက်နှစ်ချက် ထုတ်ဖော်ပြီးသည့်နောက်မှာတော့ ကျိုးဟုန်သည် နဂါးကြီး၏ ရှေ့သို့ ခုန်ဆင်းလိုက်သည်။။

သူ၏ အမဲရောင် ဆံနွယ်များအားလုံးသည် လေထဲတွင် လွင့်လျက်ရှိပြီး နှဖူးထက်တွင်တော့ ပဲစေ့ခန့်ရှိသော ချွေးများ တစ်ပေါက်ပေါက်နှင့် အောက်သို့ ကျဆင်းနေ၏။

လုချင်းချင်း၏ ရေခဲကိုးလွှာစည်းလက်ဝါးသည် သူ့အား ဓားထုတ်တိုက်ခိုက်ချိန်ကို ရရှိစေ၏။ အသက်ငါးရှိက်စာဆိုသည်မှာ သူ့အတွက် လုံလောက်သည့် အချိန်ကာလ ဖြစ်သည်။

ရေခဲလွှာများသည် ရုတ်ရက် ကွဲသွားခဲ့ပြီး စည်းခတ်ခံထားရသော မီးနဂါးကြီးသည် လွတ်မြောက်သွားတော့၏။ နဂါးကြီးသည် ဦးခေါင်းကိုမော့၍ ဒေါသတကြီးအော်ဟစ်လိုက်၏။ သူ၏ ခန္ဓာကိုယ်တည်ရှိနေရာ လှိုဏ်ဂူတစ်ခုသည် တုန်ခါသွားတော့သည်။

"မီးနဂါးကြီး အော်သံတွေ … ဒါ ဒေါသသံပဲ . … နောက်ဆုတ် …နောက်ဆုတ် …အမြန် …အမြန်။"

အပြင်ဘက်တွင် ရှိသော သာမန်ကျင့်ကြံသူများသည် ကြောက်မက်ဖွယ်ရာ အော်သံကြီးကို ကြားလိုက်ရချိန်မှာတော့ အလောတကြီးဖြင့် နောက်သို့ ဆုတ်ခွာလိုက်ကြတော့သည်။

လီယုဟွာနှင့် တစ်ခြားသော တပည့်များ အားလုံးသည်လည်း လှိုဏ်ဂူဝတွင် ရပ်ကာ စောင့်လျက်ရှ်ကြသည်။

မီးနဂါးကြီးထွက်လာလျှင်တောင် သူတို့သည် ဂိုဏ်းချုပ်နှင့် စီနီယာအစ်ကိုတို့ကို မတွေ့သ၍ ထွက်ခွာသွားလိမ့်မည် မဟုတ်ပေ။

All Chapters