← Chapters

အခန်း (၁၉၅)

Vol. 14 Ch. 195

အခန်း (၁၉၅)

Vol. 14 Ch. 195

ခြစ်ခြစ်တောက် ပူလျက်ရှိသော ကုန်းမြေ၏ အပြင်ဘက်တွင်တော့ ရေခဲလွှာများ ပျောက်ကွယ် သွားပြီးသည့်နောက် အပူချိန်သည် ပြန်လည်မြင့်တက်လာသည်။

လုချင်းချင်းသည် သွေးအန်ထုတ်လိုက်၏။

ပြီးနောက် တောင်တစ်ခု၏ နံရံအား အားပျော့စွာဖြင့် အသာမှီလိုက်သည်။ သူမ၏မျက်နှာပေါ်တွင် အလွန်အမင်း အနည်းနေသည့် အရိပ်အယောင်များ ပေါ်ထွက်နေသည်။

လီချင်းယန် ၊ ရှောင်ကျီနှင့် ရီရှင်းချန်တို့အားလုံးသည် ဒဏ်ရာ ရရှိနေပြီဖြစ်၏။

ကျိုးဟုန်သည် သူ၏ ရှိရှိသမျှသော အားအင်ကို ထုတ်သုံးကာ ဓားခုတ်ပိုင်းချက်ကို ထုတ်ဖော်ပြီး ဖြစ်သည်။

စုရှောင်မို နှင့် လီဖေးတို့သည်လည်း သူတို့၏ အကာအကွယ် စွမ်းအင် ကို ဆုံးရှုံးသွားခဲ့ပြီဖြစ်၏။

သံမဏိအရိုးဂိုဏ်းတပည့်ရှစ်ယောက်တို့သည် အကောင်းဆုံး ပြုလုပ်ကြပြီးဖြစ်ကာ လက်ရှိအချိန်တွင်တော့ အားလုံးသည် မောပန်းနွမ်းလျ၍ ဒဏ်ရာတွေလည်း ရနေကြပြီဖြစ်သည်။

မီးနဂါးကြီးသည် အော်ဟစ်လိုက်ပြီးနောက်မှာတော့ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ကြက်ခြေခတ်ပုံစံ ဓားအမှတ်အသားတစ်ခု ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်ရှိ မီးတောက်များ ၏ အရှိန်အဝါသည်လည်း စတင်၍ မှေးမှိန်လာ၏။

သို့ပေမဲ့ ဤမျှလောက်သာ ဖြစ်သည်။ မီးနဂါးကြီးသည် မတ်မတ်ရပ်လျက်ရှိနေသေးသည်။

ထို့အပြင် တပည်နေရာတစ်ခုလုံးသည် ရုတ်တရက်ဆိုသလိုပဲ တုန်ခါသွား၏။

အနောက်ဘက်ဝင်ဘက်ဆီမှာတော့ ခန္ဓာကိုယ်တစ်ခုလုံးအား မီးတောက်များ ဖုံးလွှမ်းလျက်ရှိသော မီးနဂါးသားရဲပေါက်‌လေးများ အများအပြား ထပ်မံ ထွက်ပေါ်လာတော့သည်။

ထိုမီးနဂါးပေါက်လေးများသည် နှစ်မီတာမှ သုံးမီတာလောက်သာ ရှည်လျားပြီး သူတို့၏ ထုတ်ဖော်လိုက်သော အော်ရာများကို ကြည့်မည်ဆိုလျှင်ဖြင့် အနိမ့်ဆုံး သိုင်းဆရာ အဆင့်ငါးနှင့် နှိုင်းယှဉ်၍ ရနိုင်သော သားရဲများ ဖြစ်သည်ကို သိနိုင်၏။

ဘုန်း ဘုန်း။

ချက်ချင်းဆိုသလိုပဲ မီးနဂါးအကောင် ငါးဆယ်ကျော်တို့သည် လှိုဏ်ဂူအတွင်းဘက်ဆီမှ ထွက်ပေါ်လာကြ၏။ သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံးအားလည်း အလွန်ပူပြင်းလှသော မီးတောက်များနှင့် ဖုံးလွှမ်းလျက်ရှိသည်။

"သွားပြီ …. သွားပြီ"

သံမဏိအရိုးဂိုဏ်း တပည့်များ၏ မျက်လုံးထဲတွင်တော့ စိတ်ဓာတ်ကျမှုများ ထင်ပေါ်လာတော့သည်။

မီးနဂါးကြီးသည် မသေဆုံးသွားရုံသာမက များပြားလှသော မီးနဂါးလေးများကိုပင် ဆင့်ခေါ်ခဲ့သေးသည်။

သူတို့အနေနှင့် ဒဏ်ရာတွေ ပြန်လည် ကောင်းမွန်သွားပြီ ဆိုလျှင်တောင်မှ ပြန်လည်တိုက်ခိုက်ရန် အလွန်တရာ ခက်ခဲလှသည့် အခြေအနေမျိုးဖြစ်၏။

ရုတ်တရက်ဆိုသလိုပဲ ကျွင်းချောင်ရှောင်းသည် သူ၏ လက်ထဲတွင်ရှိသော ဓားလေးအား ကစား၍ တစ်လှမ်းချင်း ရှေ့သို့ လျှောက်လိုက်သည်။

ပြီးနောက် သူသည် မီးနဂါးကြီး၏ ဆယ်မီတာ အဝေးတွင် ရပ်တန့်နေသော မီးနဂါးငယ်လေးပေါင်း ငါးဆယ်ကျော်တို့နှင့် မျက်နှာချင်း ဆိုင်လိုက်၏

လီချင်းယန်သည် အားဖျော့စွာပြောလိုက်သည်။ "ဂိုဏ်းချုပ် …. ပြေး"

"ကောင်လေးတို့ ….. ငါ မင်းတို့ကို ခက်ခဲစေခဲ့ပြီ။"

ကျွင်းချောင်ရှောင်းသည် အသာခေါင်းမော့ပြီး သတ်ဖြတ်လိုခြင်း အပြည့်နှင့် ပြောလိုက်သည်။ “ဒီကိစ္စအားလုံးကို ငါ့တာဝန်ထားလိုက်တော့။"

ဂါး ….။

မီးနဂါးငယ်လေးပေါင်း ၅၀ ကျော်တို့သည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်ကြသည်။

ကျွင်းချောင်ရှောင်းသည် ဓားလေးအား ဆော့ကစားရင်းမှ ရှေ့ဘက်ဆီသို့ အလွန်အေးစက်သည့် မျက်လုံးများဖြင့် ကြည့်ရှုလိုက်၏။

ဒဏ်ရာရထားကြသော ရီရှင်းချန် ၊ ရှောင်ကျီ ၊ လီချင်းယန်နှင့် လုချင်းချင်း အပြင် မတ်တပ်ရပ်လျက်ရှိသော စုရှောင်မို ၊ လီဖေးနှင့် ကျိုးဟုန်တို့အားလုံးသည်လည်း ဆွံ့အသွားကြသည်။

သူတို့သည် မျက်လုံးအပြူးသားနှင့်ဖြစ်မိနေကြ၏။

မည်သည့် အချင်းအရာကို မြင်ရသောကြောင့် သူတို့ ဤကဲ့သို့ အမူအရာမျိုး ဖြစ်နေရသနည်း။

မည်သည့်အရာကို မြင်နေရသနည်းဆိုသော် ဂိုဏ်းချုပ်သည် လက်ထဲတွင်ရှိသော ကလေးကစားစရာ ဓားလေးကို ကိုင်၍ မီးနဂါးများအား သတ်ဖြတ်ရန် စိန်ခေါ်လျက်ရှိသည်ကို မြင်ရသောကြောင့် ပင်ဖြစ်သည်။

ထိုကစားစရာသည် ဓားမြောင် တစ်ခု အရွယ်လောက်သာ ရှိနေသည်။ အများဆုံးရှိလှမှ ဆယ့်သုံးလက်မသာ သာ ရှိ၏။

သို့ပေမဲ့ ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်သည့် အချိန်မှာတော့ ဓားမော့ကြီးသည် မီတာ လေးဆယ်အဖြစ်သို့ ပြောင်းလဲသွားသည်ကို သူတို့ အံ့အားသင့်ဖွယ် မြင်တွေ့လိုက်ရသည်။

သာမန်အရဆိုလျှင် လှံတစ်စင်းအား ထိုထက်ရှည်လျားသည့် လက်နက်တစ်ခုဖြစ်အောင် ပြုလုပ်၍ ရသည်ကို သူတို့ မြင်ဖူးကြ၏။

သို့ပေမဲ့ ဓားမော့ တစ်ချောင်းအား မည်ကဲ့သို့နည်းလမ်းဖြင့် ပြုလုပ်လိုက်သောကြောင့် ဤရှည်လျားသည့် ဓားမော့ကြီးဖြစ်သွားသည်ကို သူတို့ မသိရှိပေ။ အဖြေရှာ၍လည်း မရကြချေ။

ကျွင်းချောင်ရှောင်းမှာတော့ မီတာလေးဆယ် ရှည်လျားသော ဓားကြီးအား လက်တစ်ဖက်နှင့် ကိုင်၍ ထောင့်ဖြတ်ပုံစံမျိုး လေးဆယ့်ငါး ဒီဂရီ ဆွဲမြှောက်လိုက်၏။

ပြီးနောက် သူသည် သူ့ဆီသို့ အားရပါးရ ပြေးဝင်လာသော မီးနဂါးလေး ငါးဆယ်အား အထင်အမြင်သေးသလို ကြည့်ရှုလိုက်သည်။

ဟူး …… ဟူး။

တစ်ချိန်တည်းမှာပဲ ဓားမော့ဆီမှ ထွက်ပေါ်လာသော ဓားအော်ရာများသည် အလွန်တရာ အားကောင်းလှပြီး တည်နေရာတစ်ခုလုံးကို ပြန့်နှံ့သွား၏။

ချက်ချင်းဆိုသလိုပဲ ကဆုန်ပေါက်ကာ ပြေးဝင်လာကြသော မီးနဂါးငယ်လေးပေါင်း ငါးဆယ်ကျော်တို့သည် သူတို့ ပြေးလွှားလာရာ လမ်းကြောင်း၌ ရပ်တန့်သွားကြသည်။

ကျွင်းချောင်ရှောင်း နှင့် မီတာ အနည်းငယ် အဝေးမှာ ရပ်တန့်ပြီးသည့်နောက် သူတို့၏ မျက်လုံးထဲရှိ ဒေါသတရားများသည် ကြောက်လန့်ခြင်း အဖြစ်သို့ ပြောင်းလဲသွားတော့သည်။ သူတို့ လှုပ်ရှားချင်၏။ သို့ပေမဲ့ မလှုပ်ရှားနိုင်ခဲ့ပေ။

လေထဲရှိ ကြောက်မက်ဖွယ်ရာ အားအင်တစ်ခုသည် သူတို့အား ချုပ်နှောင်ခံထားလိုက်ပုံပေါ်၏။

ရွှီး။

လေထဲသို့ မြှောက်ထားသော ဓားမော့ကြီးသည် အောက်ဘက်ဆီသို့ ပြန်လည်ကျဆင်းလာသည်။

မီတာလေးဆယ်ရှိသော ဓားမော့သည် အောက်ဘက်သို့ ပြန်လည်ကျဆင်းလာချိန်မှာတော့ မီးနဂါးငယ် ဆယ်ကောင်ကျော်တို့၏ ဦးခေါင်းငယ်လေးများသည် မြေပေါ်သို့ တဘုတ်ဘုတ် နှင့် ပြုတ်ကျသွားကြသည်။

လီချင်းယန်နှင့် တစ်ခြားသောတပည့်များ၏ မျက်လုံးများသည် မျက်လုံးအိမ်မှ ပြုတ်ထွက်တော့မလိုပင် ဖြစ်သွားမိ၏။

ကျွင်းချောင်ရှောင်းသည် ဓားကြီးအား ထုတ်ကာ ထပ်ခါထပ်ခါ တိုက်ခိုက်တော့သည်။

ဤသို့နှင့်ပဲ ဘယ်မှညာ ၊ ညာ မှဘယ် ခုတ်ပိုင်းပြီးသည့်နောက်မှာတော့ မီးနဂါးငယ်လေး ငါးဆယ်ကျော် တို့သည် ဓားမော့ကြီး၏ လက်ချက်ဖြင့် မကြာခင်မှာပဲ း သေဆုံးသွားခဲ့ရပြီဖြစ်၏။

ရှိရှိသမျှသော လူအားလုံးသည် ဆွံ့အမိနေကြသည်။

ထို ကြမ်းတမ်းရက်စက်လှသော သားရဲငယ်တို့သည် သိုင်းဆရာအဆင့်နှင့်ပင် နှိုင်းယှဉ်၍ ရသော အဆင့်ရှိ သားရဲများ ဖြစ်၏။

ထိုသားရဲများအားလုံးကို ဂိုဏ်းချုပ်သည် လွယ်လွယ်ကူကူနှင့် သတ်ဖြတ်ခဲ့၏။ မြင်နေရသည့် မြင်ကွင်းမှာ အလွန်အမင်း ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။

ကျွင်းချောင်ရှောင်းသည် ဓားကြီးအား အသာမြှောက်၍ မီးနဂါးကြီးအား စူးစိုက်ကြည့်လိုက်သည်။

ပြီးနောက် ပြောလိုက်၏။ "မင်း ငါ့ရဲ့ သံမဏိအရိုးဂိုဏ်းတပည့်တွေကို နာကျင်အောင် လုပ်ရဲတယ်ပေါ့။ ဒီနေ့ ငါ မင်းကို ရှစ်ပိုင်း ပိုင်းပစ်မယ်။"

ရွှီ။

မီတာလေးဆယ်ရှည်သော ဓားမော့ကြီးသည် အောက်သို့ ကျဆင်းလာသည်။

မီးနဂါးကြီးသည် မလှုပ်ရှားနိုင်တော့ပေ။

ထို့ကြောင့် သူ၏ မျက်လုံးထဲမှာ အလွန်တရာ ပြင်းထန်လှသော ကြောက်ရွံ့ခြင်းတရားများ ဖြစ်တည်လာသည်။ သူ၏ နှလုံးသားထဲမှာတော့ အလွန်တရာ အားကောင်းလှသော သေခြင်းတရားတို့သည် ရောက်ရှိနေခဲ့ပြီဖြစ်၏။

ရွှီ ရွှီ။

ဓားချီများ ဖြတ်သန်းပြီးသည့် နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ရပ်တန့်လိုက်သည်။

မီးနဂါးကြီး၏ ဦးခေါင်းသည် ၎င်း၏ ခန္ဓာကိုယ်မှ ပြုတ်ထွက်သွားခဲ့ပြီဖြစ်ပြီး မြေပြင် ပေါ်သို့ ဘုတ်ကနဲ ပြုတ်ကျလာသည်။

ခန္ဓာကိုယ်သည် အပိုင်းပိုင်း ပြတ်တောက်သွားခဲ့ပြီး စဉ်းတီးတုံးပေါ်မှ သခွားသီးကဲ့သို့ပင် ဖြစ်နေသည်။

ဂလု။

အားလုံးသည် သတွေးမြိုချလိုက်မိ၏။

သိုင်းစစ်သူကြီးအဆင့် သားရဲတစ်ကောင်အား ဂိုဏ်းချုပ်သည် လွယ်လွယ်ကူကူနှင့် ရှစ်ပိုင်း ပိုင်းပစ်ခဲ့၏။ အမှန်ပင် တုန်လှုပ်စရာ ကောင်းလွန်းလှသည်။

ဒင်။

“သားရဲများအားလုံးကို သတ်ဖြတ်ပြီး ဖြစ်၏။ ဒုတိယအထူးတာဝန်အား ပြည့်စုံစေခဲ့၏။ တာဝန်ပြည့်စုံမှု ရာခိုင်နှုန်းသည် နှစ်ရာရာခိုင်နှုန်းသို့ ပြည့်စုံသွားခဲ့သည်။ လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် တစ်ထောင်အား ရရှိခဲ့သည်။”

“ဒင်။

ဂိုဏ်းစုဆောင်းမှတ် ၁၅၀၀/၁၀၀ဝ။

ဒင်။

ဂိုဏ်းစုဆောင်းမှတ်များ ပိုလျှံနေပြီဖြစ်သည်။ လက်ခံသူသည် နှစ်ဆယ့်လေးနာရီအတွင်း အသုံးပြုရမှာဖြစ်သည်။ မဟုတ်ပါက အလိုအလျှောက် ပြန်လည်လျှော့ချသွားမှာ ဖြစ်၏။”

ဂိုဏ်းစုဆောင်းမှတ် ၁၀၀၀သည် သူ့ဆီသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ကျွင်းချောင်ရှောင်းသည် သူ၏ စိတ်လှုပ်ရှားမှုကို ထုတ်ဖော်ရန် အခွင့်အရေးပင် မရခဲ့ချေ။

“ဒင်။

လက်ခံသူသည် အထူးတာဝန်အား ပြည့်စုံစေခဲ့သည်။ ထို့ကြောင့် အလယ်အလတ်အဆင့် သားကောင်ဖမ်း ဘောလုံးတစ်လုံး ၊ စွမ်းအင်တိုးမြှင့်ခြင်းအဆောင် ၊ အထူးအဆင့် ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်း ဆေးရည် ၊ အတွေ့အကြုံအမှတ်များ ရရှိပါသည်။”

ဟူး ဟူး။

သတိပေးချက်များ ထွက်ပေါ်လာပြီးနောက် ကျွင်းချောင်ရှောင်း၏ ဒန်ထျန်ထဲရှိ စိတ်ဝိညာဉ်စွမ်းအင်များသည် အလိုအလျှောက် ထွက်ပေါ်လာခဲ့သည်။

အရေအတွက်က တိုးပွားလာသည်သာမက စိတ်ဝိညာဉ်စွမ်းအင်များ၏ အရည်အသွေးသည်လည်း တိုးတက်လာခဲ့၏။

“ဒင် ….လက်ခံသူသည် သိုင်းဆရာ ပထမအဆင့်သို့ ချိုးဖြတ်ရောက်ရှိခဲ့သည်။

“ဒင် ….. ဒင် ….. ဒင် …..လက်ခံသူသည် သိုင်းဆရာအဆင့်လေး သို့ ရောက်ရှိလာခဲ့သည်။”

သူ၏ ဒန်ထျန်လေပွေထဲ၌ ရှိသော စိတ်ဝိညာဉ်စွမ်းအင်များသည် ပိုမို၍ သန့်စင်လာ၏။ သူ၏ ကျင့်ကြံခြင်းအဆင့်သည်လည်း တိုးတက်သွားခဲ့သည်။

နောက်ဆုံး သိုင်းဆရာအဆင့်လေးသို့ ရောက်ရှိချိန်မှာတော့ ရပ်တန့် သွားခဲ့၏။

ကျွင်းချောင်ရှောင်းသည် သူ၏ အားအင်များတိုးတက်လာသည်ကို ခံစားမိ၏။ သူသည် နှိုင်းယှဉ်၍ မရအောင် ပျော်ရွှင်သော ခံစားချက်မျိုး ခံစားနေရသည်။

"မဆိုးဘူး …." စနစ်မှ ပြောလိုက်သည်။ "တာဝန်ပြီးမြောက်မှုနှုန်းက နှစ်ရာရာခိုင်နှုန်းထိ ရသွားတယ်။ လက်ခံသူက သိုင်းဆရာအဆင့်တောင် မဟုတ်ဘူး သိုင်းဆရာအဆင့်ကို ရောက်ရှိခဲ့တာပဲ။"

ကျွင်းချောင်ရှောင်းသည် အလိုမကျသလို ပြောလိုက်သည်။ "ပထမ အထူးတာဝန်ပြည့်စုံတုန်းက ငါ အဆင့်ဆယ့်နှစ် မရီဒန်ဖွင့်ခြင်းကနေ အဆင့်ငါး သိုင်းတပည့်အဆင့်ကို ချိုးဖြတ်ရောက်ရှိခဲ့တယ်။"

စနစ်က အလိုမကျသလို ပြောလိုက်သည်။ "အဆင့်တွေ ပိုပြီးမြှင့်လာလေ တိုးတက်လာဖို ပိုပြီး ခက်ခဲလေပဲ။လက်ခံသူက များပြားလှတဲ့ တာဝန်ပြည့်စုံမှုကြောင့်သာ သိုင်းဆရာအဆင့်ကို ချိုးဖြတ် ရောက်ရှိခဲ့တာပဲ။

ဒုတိယတာဝန်အား ပြုလုပ်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းမှာ သိုင်းဆရာအဆင့်သို့ ရောက်ရှိခဲ့ရုံတင်သာမက သိုင်းဆရာ အဆင့်လေးသို့ပါ ရောက်ရှိသွားခဲ့သည်။ သူသည် အလွန်အမင်း အားကောင်းလာခဲ့ပြီဟု ပြောလျှင် ရနိုင်သည်။

မြေပေါ်တွင် မတ်တပ်ရပ်လျက်ရှိနေကြသော တစ်ခြားသူများအားလုံးသည် ဆွံ့အလျက်ရှိနေကြသည်။

ဂိုဏ်းချုပ်၏ ခန္ဓာကိုယ်မှ အဆင့်ချိုးဖြတ်သည့် အော်ရာများ ရှိနေသည်ကို သူတို့၏ ကိုယ်ပိုင်မျက်လုံးနှင့် မြင်နေရ၏။ ထို့အပြင် ဂိုဏ်းချုပ်သည် တစ်ခုပြီးတစ်ခု အဆင့် ကျော်ဖြတ်လျက်ရှိ၏။

"ကောင်းကင်ဘုံ …. ငါ ဘာတွေမြင်နေရတာလဲ။"

သိုင်းအင်ပါယာအဆင့်မှ ပြန်လည်မွေးဖွားလာခဲ့သော ရီရှင်းချန်သည်ပင်လျှင် ဂိုဏ်းချုပ်၏ အဆင့်ချိုးဖြတ်နေသည့် မြင်ကွင်းကို တွေ့တော့ တုန်လှုပ်မိနေ၏။

"သူ … ဒါ အဆင့်ကျော်ဖြတ်ခဲ့တာလား။ ဒါမှမဟုတ် ကျင့်ကြံခြင်းအဆင့်ကို သိုဝှက်ထားရာကနေ ပွင့်ပွင့်လင်းလင်း ချပြလိုက်တာလား။"

“ဟား ဟား ဟား။” ကျွင်းချောင်ရှောင်း အကျယ်ကြီး အော်ဟစ်လိုက်၏။

အထူးတာဝန်ကို ပြည့်စုံပြီးသည့်နောက်မှာတော့ သူသည် အဆင့်တိုးတက်လာခဲ့သည်သာမက အလယ်အလတ် အဆင့် သားကောင်ဖမ်း ဘောလုံးအားရရှိခဲ့သည်။

ထို့အပြင် အလယ်အလတ်အဆင့် အားအင်တိုးတက်ခြင်း အဆောင်။ ပြီးနောက် အထူး ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်း ဆေးရည်များကိုပါ ရရှိခဲ့သည်။

သူ အလွန်အမင်း ဝမ်းသာနေသည်မှာ သဘာဝကျလှသည် မဟုတ်လား။

သို့ပေမဲ့ တောင်ကြားတစ်ခုလုံး၌ တစ်ခြားသော သားရဲများ မရှိတော့သည်ကို အတည်ပြုပြီးသည့်နောက် သူသည် ဓားအား ဓားအိမ်ထဲသို့ ထည့်သွင်းလိုက်သည်။

ချက်ချင်းဆိုသလိုပဲ ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်ထဲတွင် ရှိသော စွမ်းရည်များအားလုံးသည် ကုန်ခမ်းသွားတော့၏။ ပြီးနောက် ခန္ဓာကိုယ်တစ်ခုလုံးသည် ရွံ့ကဲ့သိုပင် မြေပြင်ပေါ်သို့ ဘုတ်ကနဲ ပြုတ်ကျသွားတော့သည်။

All Chapters