← Chapters

အခန်း (၁၉၉)

Vol. 14 Ch. 199

အခန်း (၁၉၉)

Vol. 14 Ch. 199

သားကောင်ဖမ်း ဘောလုံးသည် ထိမှန်သွားသည် ဆိုသည်နှင့် တစ်ပြိုင်နက်တည်း ဖမ်းဆီးလိုက်ပြီဖြစ်သည်။

ထို့အပြင် ဖမ်းဆီးသည့် သားရဲသည်လည်း အလိုအလျောက် ပဋိညာဉ် ရေးထိုးမှုကို ပြုလုပ်ပြီး ဖြစ်ပေလိမ့်မည်။ ရိုးရှင်း၍ ထိရောက်သည့် သားကောင်ဖမ်းဘောလုံးပင် ဖြစ်လေ၏။

ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီမှ သိုင်းပညာရှင်များသည် အဆင့်နိမ့်သားရဲများအား ထိန်းကျောင်း ချင်သည်ဆိုလျှင် သူတို့အနေနှင့် အလွန်တရာ ရှုပ်ထွေးလှသော လုပ်ရိုးလုပ်စဉ်များကို ပြုလုပ်ရပေလိမ့်မည်။

အမြန်ဆန်ဆုံးအနေဖြင့် နာရီအတော်ကြား ကြာမြင့်လိမ့်မည် ဖြစ်သည်။ နှေးကွေးလျှင် ရက်အတန်ကြာ ကြာရှည်လိမ့်မည် ဖြစ်သည်။ လအတော်ကြာလည်း ဖြစ်သွားနိုင်သည်။

ခရမ်းရောင် လျှပ်စီး ကျားသားပေါက်လေးသည် ကြက်သွေးရောင် မီးဝံပုလွေထက် အလွန်တရာပိုမို၍ ကြည့်ကောင်းလှ၏။

အောင်မြင်စွာဖမ်းယူပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ချက်ချင်းဆိုသလိုပဲ မြက်ခင်းပြင်ထဲတွင် ကျားသားရဲကြီးကိုစီးကာ သီချင်းအော်ဟစ်သီဆိုနေသည့် ပုံရိပ်ကိုပင် စိတ်ကူးယှဉ်မိနေ၏။

ဝေါင်း … ဝေါင်း။

သို့ပေမဲ့ ရုတ်တရက်ထွက်ပေါ်လာသော အော်သံတစ်ခုသည် စိတ်ကူးယဉ်ကမ္ဘာထဲမှ ကျွင်းချောင်ရှောင်းအား အစစ်အမှန်ကမ္ဘာဆီသို့ ပြန်လည်ခေါ်ဆောင်လာတော့သည်။

သူသည် ကြောက်လန့်တကြားဖြင့် အပေါ်သို့ မော့ကြည့်လိုက်ချိန်မှာတော့ အလွန်တရာကြီးမားလှသော မွန်းစတားကြီးတစ်ကောင်အား မြင်လိုက်ရ၏။

အနားပတ်ဝန်းကျင်တွင် ရှိရှိသမျှသော ကျောက်တုံးတို့သည် ရုတ်တရက်ဆိုသလိုပဲ လေထဲသို့ မြင့်တက်လာပြီး ထိုသတ္တဝါကြီး၏ ခန္ဓာကိုယ်အနားတွင် ဝိုင်း၍လှည့်ပတ်နေပြီး နောက်ဆုံးမှာတော့ သတ္တဝါကြီးနှင့် ပေါင်းစပ်သွားတော့သည်။

အဆုံးသတ်မှာတော့ ကျောက်တုံးများဖြင့် ပြုလုပ်ထားသော မွန်းစတားကြီးတစ်ကောင်သည် ကျွင်းချောင်ရှောင်း၏ ရှေ့၌ ပေါ်လာသည်။

အရင်တစ်ခေါက် သူတို့ ရင်ဆိုင်ခဲ့ရသော မြင့်မားလှပါသည်ဆိုသည့် မီးနဂါးသားရဲကြီးပင် လျှင် ဤမွန်းစတားကြီး၏ ရှေ့၌ အလွန်အရပ်ပုသည်ဟု သတ်မှတ်နိုင်သည်။

ဤကျောက်တုံး မွန်းစတားကြီး၏ ခန္ဓာကိုယ်အသွင်အပြင်သည် လူသားတစ်ယောက်ကဲ့သို့ တူညီလှ၏။

ခေါင်းနေရာသည်လည်း ကျောက်တုံးများဖြင့် ပြုလုပ်ထားခြင်း ဖြစ်ပြီး အလင်းတန်းနှစ်ခု ထွက်ပေါ်ရာ နေရာကတော့ မျက်လုံးများဟု သတ်မှတ်ရမည် ဖြစ်၏။

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တဆတ်ဆတ် တုန်ရင်သွားသည်။

"ဒါက သရဲကြီးလား ဒါမှမဟုတ် မွန်းစတာကြီးများလား။"

ဤမွန်းစတားသားရဲကြီးသည် ကျောက်တုံးများဖြင့် ဖြစ်တည်လာသော ကျောက်တုံး လူသားတစ်ယောက်လို မျိုးဖြစ်ပြီး သိုင်းစစ်သူကြီးအဆင့်ငါး ကျင့်ကြံသူတစ်‌ယောက်ထက် ပိုမို၍ အားကောင်းလှသည်။ တိုက်ခိုက်ရေးစွမ်းအင်မှာလည်း အလွန်တရာ ကြမ်းတမ်းလှ၏။

မီးနဂါးသားရဲကြီးပင်လျှင် ဤသားရဲကြီးနှင့် ထိပ်တိုက်ရင်မဆိုင်ဝံ့ချေ။

ဝူး …..။

ကျောက်လူသားကြီးသည် ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူ၏ ပါးစပ်ကြီးကိုဟ၍ သားရဲတစ်ကောင်ကဲ့သို့ ဟိန်းဟောက်လိုက်တော့သည်။

နားကွဲလောက်စရာ အော်ဟစ်သံကြီးသည် ပေါ်ပေါက်လာ၏။

ကျွင်းချောင်ရှောင်းသည် မျက်မှောင်ကုတ်ကာ ပြောလိုက်သည်။ "ကောင်လေး … မြန်မြန်ဝင်။"

သူပြောပြီးပြီးချင်းမှာပဲ ခရမ်းရောင် လျှပ်စီးသားပေါက်လေးသည် သားကောင်ဖမ်း ဘောလုံးအတွင်းသို့ ဝင်ရောက် ပျောက်ကွယ်သွားတော့သည်။

"ချီးတဲ့မှ ….. ဒီကောင် တော်တော်မြန်တာပဲ"

ကျွင်းချောင်ရှောင်းသည် သားကောင်ဖမ်းဘောလုံးကို ဆွဲယူပြီး ချက်ချင်းဆိုသလိုပဲ အပြင်ဘက်ဆီသို့ ထွက်ပြေးလိုက်တော့၏။

ဤ ကျောက်တုံးလူသားကြီး၏ ကြီးမားလှသော ခန္ဓာကိုယ်ကို ကြည့်သည်နှင့် မီးနဂါးသားရဲကြီးထက် မည်သို့မှ အားနည်းလိမ့်မည် မဟုတ်ကြောင်း သူ အတပ်သိ၏။ အားမနည်းရုံသာမက အလွန်တရာပင် အားကောင်း နေနိုင်သေးသည်။

ကျောက်တုံးနှင့် လျှပ်စစ်ဓာတ်ဆိုသည်မှာ ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် အလွန်တရာ ရှားပါးသော ဓာတ်သဘာဝပင် ဖြစ်ပြီး မီးနှင့် ရေခဲ ဓာတ်ထက်ပင် ပို၍ အားကောင်းလှ၏။

ယခု သူမြင်နေရသော ကျောက်လူသားကြီးကို ကြည့်မည်ဆိုလျှင် ခန္ဓာကိုယ်တစ်ခုလုံး ကျောက်တုံးများဖြင့် ဖန်တီးထားသူဖြစ်ပြီး ထိုကျောက်တုံး၏ လက်သီးချက်သည်သာ သူ၏ ရင်ဘတ်ကို ထိမှန်သွားပြီဆိုပါက ချက်ချင်းဆိုသလိုပဲ အသားပြားကြီးတစ်ခုလို ပြားချပ်သွားမှာ သေချာသည်။

ကျောက်တုံးဓာတ်သဘာဝသည် တိုက်ခိုက်ရာတွင် အလွန်အားကောင်းလှသည်သာမက ခုခံရာတွင်လည်း အလွန်တရာ အားကောင်းလှ၏။ တိုက်ခိုက်ခြင်းနှင့် ခုခံခြင်းတွင် မျှတလျက်ရှိသော ဓာတ်သဘာဝတစ်ခုဖြစ်၏။

မီးနဂါးသားရဲကြီး၏ မီးတောက်များသည်ပင်လျှင် ဤကျောက်လူသားကြီးကို ထိခိုက်အောင် ပြုလုပ်နိုင်မည် မဟုတ်ချေ။

ကျွင်းချောင်ရှောင်း၏ လက်ရှိအားအင်အဆင့်အရဆိုလျှင် ထိုကဲ့သို့သော သတ္တဝါကြီးကို အနိုင်ယူရန် မည်သိုမှ မဖြစ်နိုင်ချေ။ ထို့ကြောင့် ထွက်ပြေးခြင်းကသာလျှင် အကောင်းမွန်ဆုံး ဆုံးဖြတ်ချက် ဖြစ်ပေလိမ့်မည်။

ဘုန်း …. ဘုန်း။

သို့ပေမဲ့ သူ ထွက်ပြေးရန် ပြင်ဆင်နေတုန်းမှာပဲ သူ၏ ရှေ့တွင် ကျောက်နံရံကြီးတစ်ခု ရုတ်တရက် ပေါ်ပေါက်လာ၏။

ပြီးနောက် သူသွားမည့်လမ်းအား ရုတ်တရက် ပိတ်ဆိုထားလိုက်တော့သည်။

"ချီးတဲ့မှ။"

ကျွင်းချောင်ရှောင်း၏ ဦးနှောက်သည် အလွန်တရာ အားကောင်းလှ၏။ ထို့ကြောင့် သူ့အား ကျောက်တုံးများနှင့် ပိတ်ဆိုလိုက်သည်နှင့် တစ်ပြိုင်နက် သူသည် ထိုကျောက်တုံးများပေါ်သို့ ခုန်တက်ပြီး အပေါ်မှ ဖြတ်ပြေးရန် စဉ်းစားလိုက်မိ၏။

ဘုန်း …. ဘုန်း။

သူ့အား ပိတ်ဆို့ထားသော ကျောက်နံရံကြီးသည် တစ်ဖြည်းဖြည်းနှင့် ဆက်လက်၍ မြင့်တက်လာ၏။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ထို ကျောက်နံရံကြီးသည် နှစ်ဆယ်မီတာမှ သုံးဆယ်မီတာသို့ မြင့်တက်သွားသည်။

ကျွင်းချောင်ရှောင်းသည် ဝိညာဉ်ခြေလှမ်းအကွက်ကို အသုံးပြု၍ ငါးမီတာ ၊ ခြောက်မီတာလောက်ကို မည်သည့် ပြဿနာမှ မရှိဘဲ ခုန်ပျံကျော်လွှားသွားနိုင်၏။ သို့ပေမဲ့ သူ့တွင် ပျံသန်းနိုင်သော အတောင်ပံ မပါဝင်ချေ။

ထို့ကြောင့် ဆယ်မီတာလောက် အမြင့်သို တက်ပြီးသည့် နောက်မှာတော့ သူသည် ဆက်လက်၍ အပေါ်သို့ မတက်နိုင်တော့ပေ။

ထို့အပြင် ဆိုးရွားသည့် အရာမှာ ကျောက်တုံးများသည် အလွတ်တရာ ချောမောနေသေး၏။

ကျွင်းချောင်ရှောင်းသည် ခြေချော်ပြီး အောက်သို့ ရုတ်တရက် ပြုတ်ကျသွားတော့သည်။

သူသည် ပြုတ်ကျသွားရာ နေရာသို ကြည့်လိုက်ချိန်မှာတော့ ကျောက်လူသား၏ ခြေထောက်ပေါ်သို့ ရောက်နေပြီဖြစ်ကြောင်း သိရှိလိုက်ရသည်။

ကျွင်းချောင်ရှောင်းသည် ၁.၇၈ မီတာ အမြင့်ရှိသော အရပ်အမြင့်ကို ပိုင်ဆိုင်သူ ဖြစ်သည်။ သို့ပေမဲ့ သူ၏ အရပ်သည် ကျောက်လူသားကြီး၏ ခြေချင်းဝတ်ကိုပင် မမှီသေးချေ။

ထိုမျှအထိ ကျောက်လူသားကြီးသည် အလွန်တရာ ကြီးမားလှသော မွန်းစတားကြီး ဖြစ်လို့နေ၏။

“ဟဲ … ဟဲ”

ကျွင်းချောင်ရှောင်း အသာ ခေါင်းမော့ကာ ရယ်လိုက်၏။ "အစ်ကို ကျောက်တုံးကြီး ….. ဆုံတွေ့ရတယ် ဆိုတာ ရေစက်ပါလို့ပဲ။"

ကျောက်တုံးကြီးသည် မည်သည့်စကားမှ ပြန်မပြောပေ။ သူ၏ ခြေထောက်အား အသာမြှောက်ပြီး ဆောင့်ချလိုက်တော့သည်။

ဟူး။

လေတွေ တိုက်ခတ်လာပြီး ပြင်းထန်လှသော အားလှိုင်းများ ထွက်ပေါ်လာသည်။ ဤလှုပ်ရှားမှု အားအင်သည် ဂျင် ၆သိန်းလောက်အထိ ရှိနိုင်သည်။

ကျွင်းချောင်ရှောင်းသည် ချက်ချင်းဆိုသလိုပဲ ဝိညာဉ်ခြေလှမ်းကွက်ကို အသုံးပြု၍ ထွက်ပြေးလိုက်တော့သည်။

ဘုန်း။

ကြီးမားလှသော ခြေထောက်ကြီးသည် သူရှိရာနေရာဆီသို့ ကျဆင်းလာချိန်မှာတော့ တည်နေရာတစ်ခုလုံး တုန်ခါသွားတော့၏။

ဟူး ဟူး။

အလျှင်အမြန်ရှောင်ရှားလိုက်သော ကျွင်းချောင်ရှောင်းသည် အသက်ရှူသံတွေပင် မြန်ဆန်လာ၏။

သူ၏ နှဖူးနှင့် ကျောတစ်ခုလုံးတွင်လည်း ချွေးစေးများနှင့် ပြည့်နက်လာသည်။

သူ တွေးလိုက်မိ၏။ "ဒီကောင်ကြီးက အရမ်းအားကောင်းတာပဲ။"

ဟူး။

ထိုအချိန်မှာတော့ ကျောက်တုံးလူသားကြီးသည် ခန္ဓာကိုယ်အား အသာလှည့်၍ သူ၏ လက်သီးကြီးများနှင့် ထုနှက်ချလိုက်တော့သည်။

ကျွင်းချောင်ရှောင်းသည် ထိပ်တိုက်ရင်မဆိုင်ရဲချေ။

ထို့ကြောင့် ဝိညာဉ်ခြေလှမ်းကွက်ကို အသုံးပြု၍ အခြားတစ်ဖက်သို့ ရှောင်ရှားကာ ပြောလိုက်သည်။ "အစ်ကိုကျောက်တုံး …. ကျုပ်တို့ဆုံရတာ ရေစက်ကြောင့်ပါ။ ဘာလို့ အေးအေးဆေးဆေးထိုင်ပြီး စကားမပြောရတာလဲ။"

ဟူး။

အလွန်တရာ ပြင်းထန်လှသော လက်သီးချက်ကို ထုတ်လွှတ်နေသော လက်သီးများသည် ထပ်ခါထပ်ခါ ပေါ်ပေါက်လာသည်။

ဂိုဏ်းချုပ်ကျွင်းသည် မည်သို့မှ မတတ်နိုင်တော့ဘဲ ပြေးလွှား၍သာ နေရတော့၏။

ကျောက်တုံး လူသားကြီးသည် သူ၏ ခန္ဓာကိုယ်ကို အသုံးပြု၍ တိုက်ခိုက်မှု သို့မဟုတ် ခုခံမှု များ ပြုလုပ်နိုင်သလို အနားပတ်ဝန်းကျင်တွင်ရှိသော ကျောက်တုံးများကိုလည်း ထိန်းချုပ်အသုံးပြု၍ ရနိုင်သေးသည်။

သို့ပေမဲ့ ၎င်းတွင်လည်း အားနည်းချက်ဟူ၍ တည်ရှိနေသည်။ အားနည်းချက်မှာ အလွန်တရာ နှေးကွေးခြင်းပင် ဖြစ်၏။

ကျွင်းချောင်ရှောင်းသည် ထိပ်တိုက် မတိုက်ခိုက်ရဲချေ။

သို့ပေမဲ့ သူသည် ဝိညာဉ်ခြေလှမ်းကွက်ကို အသုံးပြုကာ ရှောင်ရှား၍တော့ ရနိုင်သေး၏။

ဘုန်း ဘုန်း ဘုန်း။

ကျောက်တုံးလူသားကြီးသည် သူ၏ လက်ကို မြှောက်၍ ဆက်တိုက်ဆိုသလိုပဲ တိုက်ခိုက်နေသေး၏။

ကျွင်းချောင်ရှောင်းမှာတော့ အလွန်တရာ ဖြတ်လပ်လှသော မျောက်ကလေးတစ်ကောင်ကဲ့သို့ပင် ဟိုနေရာကို ပြေးလိုက် ၊ ဒီနေရာကို ပြေးလိုက် ၊ ခုန်လိုက်နှင့် ကျောက်တုံးလူသား၏ တိုက်ခိုက်ချက်ကို ရှောင်ရှားနေရသည်။

"ဂိုဏ်းချုပ် …. အထဲမှာ တိုက်ခိုက်ခံနေရတာ ဖြစ်ရမယ်။"

"လှိုဏ်ဂူ၏ အဝင်ဝတွင် ရှိနေသော လီချင်းယန်နှင့် တစ်ခြားသူများအားလုံးသည် လှိုဏ်ခေါင်းထဲမှ ဖြစ်ပေါ်လာသော ကျယ်လောင်သည့် အသံများကို ကြားလိုက်ချိန်မှာဝောာ့ မျက်မှောင်ကုတ်မိသွားကြ၏။

ရီရှင်းချန်သည် မြင့်မားလှသော ကျောက်နံရံကြီးကို ကြည့်ကာ ခန့်မှန်းလိုက်သည်။ "ဒီထဲမှာ အရမ်းအားကောင်းလွန်းတဲ့ ကျောက်တုံးအမျိုးအစား မွန်းစတားကြီးတစ်ကောင်ကောင် ရှိနေတာ ဖြစ်လိမ့်မယ်။ ဒီကောင်ကြီးက ကျောက်တုံးတွေကို အသုံးပြုပြီး စည်းအဖြစ် ပိတ်ပင်ထားခဲ့တာပဲ။"

ဟမ်။

ရီရှင်းချန် နှင့် ရှောင်ကျီတို့၏ အမူအရာများသည် ပြောင်းလဲသွားသည်။ ကျောက်တုံးအမျိုးအစား မွန်းစတားဆိုသည်မှာ အလွန်တရာ ရှားပါးလှ၏။

ဂိုဏ်းချုပ်သည် ဤနေရာထဲတွင် ပိတ်မိနေသည်ဆိုလျှင် ကျိန်းသေပေါက် အန္တာရယ်ရှိနေပေလိမ့်မည်။

"ဂျူနီယာညီလေးစု"

လီချင်းယန်သည် အသာ လက်ညိုးထိုးကာ ပြောလိုက်သည်။ "အဲပေါ်ကို တက်နိုင်လား။"

"ကျွန်တော် စမ်းကြည့်လိုက်မယ်။" စုရှောင်မိုသည် အနောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်၏။ ပြီးနောက် ဝိညာဉ်ခြေလှမ်းကွက်ကို အသုံးပြုကာ ကျောက်နံရံကြီးပေါ်သို့ ပြေးတက်လိုက်သည်။ သို့ပေမဲ့ သူသည် အပေါ်ထိ ရောက်အောင် မတက်နိုင်ပေ။ လျှော၍ အောက်သို့ ပြုတ်ကျလာခဲ့၏။

သို့ပေမဲ့ စုရှောင်မိုသည် အလွန်တရာ ညဏ်ကောင်းလှသူ ဖြစ်သည်။

သူ၏ ခန္ဓာကိုယ်သည် ကျောက်တုံးများပေါ်မှ လျော၍ ကျချိန်မှာတော့ သိုလှောင်လက်စွပ်ထဲရှိ အအေးဓားအား ထုတ်ယူ၍ ကျောက်တုံး နံရံကြီးအား ထိုးစိုက်လိုက်တော့သည်။

ဒင် …..။

ကျောက်တုံးကြီးမှာ အလွန်တရာ မာကျောလှ၏။ ထို့ကြောင့် ဓားသည် ပြန်ကန်ထွက်သွားတော့သည်။

"ချီးတဲ့မှ ….. ဒါကြီးက မာလိုက်တာ"

အိုက်ရား … အိုက်ရား။

စုရှောင်မိုသည် စဉ်းစားနေရမည့် အချိန်မရှိပေ။ ချက်ချင်းဆိုသလိုပဲ ကျောက်နံရံပေါ်မှ လျောကျသွားတော့၏။

ဘုန်း ….. ဘုန်း။

စည်းခတ်ခံထားရသော လှိုဏ်ခေါင်းတည်နေရာထဲမှာတော့ ကျွင်းချောင်ရှောင်းသည် အကောင်းဆုံး ကြိုးစား၍ ရှောင်ရှားလျက်ရှိနေသည်။

သူသည် သူ၏ အမြန်နှုန်းကို အသုံးပြု၍ တိုက်ခိုက်ချက်များကို ရှောင်ရှားနေရသည် ဆိုသော်လည်း တစ်ကိုယ်လုံး ချွေးပြန်လျက်ရှိနေသည်။

သူသည် ကျောက်တုံးမွန်းစတားကြီး၏ တိုက်ခိုက်ချက်များကိုလည်း သေချာ သတိထား၍ ရှောင်ရှားနေရ၏။ တစ်ချက်လောက် ထိမှန်မိပါက အသားပြားကြီးအဖြစ်သို့ ပြောင်းလဲသွားမှာ သေချာ၏။

"ဟေ့ကောင်ကြီး"

အားကောင်းလှသော တိုက်ခိုက်မှုများကို ရှောင်ရှားပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် သူ၏ ဟန်ချက်ကို ထိန်းကာ ပြောလိုက်သည် "ဘာလို့ ငါ့ကို တိုက်ခိုက်နေရတာလဲ။"

ဝှစ်။

ကြီးမားလှသော ခြေထောက်ကြီးတစ်ဖက်သည် သူ့ဆီသို့ ရောက်ရှိလာခဲ့၏။

“ဒင် ….. သီးခြားတာဝန်အသက်ဝင်”

"ဘာလဲ … ဒီလိုအချိန်ကြီးမှာ တာဝန်ပေးတယ် ဟုတ်လား။"

ကျောက်တုံးလူသားကြီး၏ တိုက်ခိုက်ချက်ကို ရှောင်ရှားပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် မြန်မြန်ဆန်ဆန်ပင် စနစ်အား ဖွင့်ကြည့်လိုက်၏။ သီးခြားတာဝန်သည် အချိန်အကန့်အသတ် တာဝန်တစ်ခုဖြစ်ကြောင်း သူမြင်လိုက်ရ၏။

"အချိန်အကန့်သတ်တာဝန် ဟုတ်လား။ ဒါမျိုးကို ငါ ပထမဦးဆုံး ကြုံဖူးတာပဲ။ …. အချိန်အကန့်အသတ်တစ်ခုမှာ တာဝန်တစ်ခုကို ပြည့်စုံအောင် လုပ်ရမှာလား။"

ကျွင်းချောင်ရှောင်းသည် တာဝန်နေရာကို သေချာထောက်၍ ကြည့်လိုက်ချိန်မှာတော့ စည်းထဲတွင် ငါးနာရီကြာ နေထိုင်ရန်ဆိုသည့် တာဝန် ဖြစ်နေသည်ကို မြင်လိုက်ရ၏။

အချိန်အကန့်အသတ် - လေးနာရီ ငါးဆယ့်ကိုးမိနစ် ငါးဆယ့်ကိုးစက္ကန့်။

“ချီးတဲ့မှ ….. ဒါ ဘာကြီးလဲကွ။"

All Chapters