အခန်း (၂၀၂)
Vol. 14 Ch. 202
ခရမ်းရောင်လျှပ်စီးကျားပေါက်လေးသည် အသည်းငယ်၍ တော့မဟုတ်ချေ။ သို့ပေမဲ့ ကျောက်တုံး မွန်းစတားကြီးမှာ အလွန်တရာ အားကောင်းနေ၏။ ကျွင်းချောင်ရှောင်းသာ သူ့နောက်သို့ လိုက်ပါမလာခဲ့လျှင် ကျောက်တုံးလူသားကြီး၏ ပိုင်နက်ထဲသို့ ကျူးကျော် ဝင်ရောက်လိမ့်သည် မဟုတ်ပေ။
သို့ပေမဲ့ ဤကျောက်တုံး မွန်းစတားကြီး သေဆုံးပြီးသည်ကို သိရှိပြီးသည့် နောက်မှာတော့ ခရမ်းရောင်လျှပ်စီး ကျားပေါက်လေးသည် ပြန်လည်တည်ငြိမ်သွားတော့သည်။
သူသည် သူ့သခင်၏ နောက်ကွယ်မှာနေ၍ အသာလေး ခေါင်းထွက်ပြီး ချောင်းကြည့်လိုက်၏။
ဆွစ်။
ကျွင်းချောင်ရှောင်းသည် ကျားကလေး၏ ကျောပေါ်သို့ ခုန်တက်လိုက်၏။ ပြီးနောက် ကျားလေး၏ ဦးခေါင်းအား အသာပွတ်သပ်ကာ ပြုံးလိုက်သည်။ "ဒီနေ့ကစပြီး မင်းက ငါ့ရဲ့ စီးတော်ယာဉ်ဘဲ။"
ကျားလေး၏ ငြိမ်သက်သိမ်မေွှ့နေသော မျက်နှာအား မြင်ပြီးသည့်နောက် ဂိုဏ်းချုပ်သည် ဤကျားအား ထိန်းကျောင်းလိုက်နိုက်မည်ဖြစ်ကြောင်း ဂိုဏ်းသားအားလုံးက နားလည်မိသွားကြ၏။
သံမဏိအရိုးဂိုဏ်းတပည့်များအားလုံးသည် မနာလိုဖြစ်မိသလို ၊ တုန်လည်း တုန်လှုပ်သွားကြသည်။
ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် ပဋိညာဉ် ရေးထိုးပြီးသား သားရဲတစ်ကောင် ရရှိဖို့ဆိုသည်မှာ သိုင်းပညာရှင်များအတွက် အိမ်မက်ပင် ဖြစ်သည်။ ယခုလို ရှားပါးလှသော လျှပ်စီးသားရဲကို ရရှိဖိုဆိုသည်မှာ စိတ်ကူးယဉ်၍ပင် ရသည့်အရာမျိုးမဟုတ်ချေ။
"ဂိုဏ်းချုပ် … အရမ်းကြမ်းလွန်းတယ်။"
“ဝိုး….” လင်းယွမ်ရွှယ်သည် ချီးကျူးလိုက်၏။ "ဂိုဏ်းချုပ်က အရမ်းမိုက်တယ်။"
သေချာပေ၏။ ဤအလွန်တရာ ကြည့်ကောင်းလှသော ခရမ်းရောင်လျှပ်စီးကျားရဲသည် မိန်းကလေးများ၏ အာရုံကို အထူးဆွဲဆောင်လျက်ရှိသည်။
သို့ပေမဲ့ လုချင်းချင်းမှာဝောာ့ ထိုစာရင်းထဲတွင် မပါဝင်ချေ။
သူမသည် ကျားလေးအား တစ်ချက်မျှသာ ကြည့်ခဲ့၏။ ပြီးနောက် အသာလှည့်၍ ရေခဲကိုးလွှာ စည်းလက်ဝါးအား နားလည်အောင် ပြန်လည်ဆင်ခြင် သုံးသပ်လျက် ရှိနေသည်။
"ဂိုဏ်းချုပ် ….."
စုရှောင်မိုသည် ရှေ့နားသို့ အသာရောက်လာပြီး စပ်ဖြီးဖြီးနှင့် ပြောလိုက်သည်။ "ထိကြည့်လို့ရလား။"
ပြောနေတုန်းမှာပဲ သူ၏ လက်သည် ကျားကလေး၏ အမွှေးများအား ပွတ်သပ်ပြီး ဖြစ်၏။
ပြီးနောက် ရွှီ …. ရွှီ ဆိုသော အသံကို သူ ကြားလိုက်ရသည်။
ဘုတ်။
စုရှောင်မို သည် မြေပေါ်သို့ ပြုတ်ကျသွားတော့သည်။
ကျားကလေး၏ အမွှေးများထဲရှိ လျှပ်စီးဓာတ်ကြောင့် သူသည် တစ်ကိုယ်လုံး တွန့်လိမ်လျက် ရှိပြီး ပါးစပ်ထဲမှ အမြုပ်များပင် ထွက်လာတော့သည်။
ကျွင်းချောင်ရှောင်းသည် သခင်တစ်ယောက်ဖြစ်နေသည်မို့ ကျားလေး၏ လျှပ်စီးဓာတ်များအား လျစ်လျူရှုထားနိုင်၏။ သို့ပေမဲ့ တစ်ခြားသူများသည်တော့ ခရမ်းရောင် လျှပ်စီးသားရဲလေးကို ထိတွေ့ကိုင်တွယ်ဖို့ မဖြစ်နိုင်ချေ။
အသာလျှောက်လှမ်းလာပြီး ကိုင်ကြည့်ရန် စဉ်းစားနေသော လီဖေးနှင့် ရှောင်ကျီတို့သည်လည်း ချက်ချင်းဆိုသလိုပဲ နောက်ပြန်ဆုတ်လိုက်မိကြသည်.။
“ကောင်းကင်ဘုံ …. စီနီယာအစ်ကိုစု ဓာတ်လိုက်သွားတာပဲ။"
ရီရှင်းချန်သည် အဝေးတစ်နေရာမှာ ရပ်၍ ကြိတ်ကာ ရေရွတ်လိုက်မိသည်။ "သူ ဘာလို့ ဒီလောက်မြန်မြန်နဲ့ ခရမ်းရောင် သားရဲကြီးကို ပဋိညာဉ် ရေးထိုးနိုင်ခဲ့တာလဲ။"
ညအင်ပါယာသည် အရင်ဘဝတုန်းက ပဋိညာဉ် ရေးထိုးပြီးသား သားရဲတစ်ကောင်ကို ပိုင်ဆိုင်ခဲ့၏။
ထိုသားရဲသည် ကောင်းကင်ပြာ ကျောက်စိမ်းဟုခေါ်သော ရှေးသားရဲတစ်မျိုးပင်ဖြစ်၏။ သူ သေဆုံးပြီးသည့်နောက် သားရဲနှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။
ထိုစဉ်အခါက ဤသားရဲအား ရရှိရန်အတွက် ရီရှင်းချန်သည် သုံးရက် ၊ သုံးညတိုင်တိုင် တောင်စိမ်းကြီးပေါ်၌ တိုက်ခိုက်အနိုင်ယူခဲ့ရ၏။ ပြီးနောက် ပဋိညာဉ် ရေးထိုးနိုင်ရန် လေးဆယ့်ကိုးရက်တိတိ ကြာမြင့်ခဲ့ရ၏။
ထိုသို့ ပြုလုပ်ခဲ့သည့် အချိန်တုန်းက ညအင်ပါယာသည် သိုင်းဘုရင်အဆင့်မျှသာ ရှိနေသေး၏။
နောက်ပိုင်းမှာတော့ ဤသားရဲသည် သူ၏ စီးတော်ယာဉ် ဖြစ်သွားခဲ့ပြီး ဤသားရဲအား မြင်သည်နှင့် ညအင်ပါယာ၏ သားရဲဖြစ်ကြောင်း ကုန်းမြေတိုက်ကြီးတစ်ခုလုံးရှိ လူအားလုံးက သိရှိကြသည်။
သူ၏ ပဋိညာဉ် သားရဲအကြောင်း တွေးနေတုန်းမှာပဲ ရီရှင်းချန်သည် သက်ပြင်းချကာ ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်၏။ "မိတ်ဆွေဟောင်းကြီး … မင်း အဆင်ပြေရဲ့လား။"
အလွန်တရာမောက်မာလှသော သိုင်းအင်ပါယာတစ်ယောက် ဖြစ်သည်မို့ သူသည် အရင်ဘဝတုန်းက သူငယ်ချင်းများ မရှိခဲ့ပေ။ သူ့၏ ဘေးနား၌ အစဉ်အမြဲ တည်ရှိခဲ့သည်သာ ဤသားရဲသာ ဖြစ်သည်။
ပြန်လည်မွေးဖွားလာပြီးနောက် သူ၏ အရင်ဘဝ၌ သံယောဇဉ် တွယ်ညှိစရာ ရှိခဲ့သည်ဆိုသော် တစ်လျှောက်လုံး သူနှင့် အတူတူ ရှိခဲ့သော သားရဲသာ ဖြစ်ပေလိမ့်မည်။
"ငါ့ရဲ့ ဝိညာဉ်က ဖျက်ဆီးခံလိုက်ရတာ မဟုတ်ဘူး။ ဒါကြောင့် ပဋိညာဉ် ရှိနေတုန်းပဲ။"
ရီရှင်းချန် ခဏလောက် တွေးတောလိုက်မိသည်။ “ငါ့ရဲ့ အဆင့်က လုံလောက်တဲ့အထိ ကောင်းမွန်လာမယ်ဆိုရင် သားရဲကြီးနဲ့ ပြန်ပြီးတော့ ပြောဆိုဆက်သွယ်မှုတွေ ပြုလုပ်လာနိုင်မှာပဲ။”
သို့ပေမဲ့ အခြေအနေတစ်ခုတော့ ရှိနေသေး၏။ သားရဲကြီးသည် အသက်ရှင်နေမှ ဖြစ်မည်။
………
ညရောက်လာချိန်မှာတော့ မီးတွေစ၍ မွှေးရတော့သည်။
ရက်အနည်းငယ်အတွင်း ရီရှင်းချန်သည် ဂိုဏ်းချုပ်ဆီမှ တော်တော်များများကို သင်ယူခဲ့ရ၏။ လက်ရှိ အချိန်မှာတော့ သူသည် အကင်များကို ကျွမ်းကျွမ်းကျင်ကျင် ကင်လျက်ရှိ၏။
ကျွင်းချောင်ရှောင်းသည် သစ်ပင်ကြီးအောင်တွင် ချေချိတ်ထိုင်ပြီး ရီကျင်ကျင်း ကျင့်ကြံခြင်း နည်းစနစ်ကို လှည့်ပတ်ကာ အသက်သွင်းလျက်ရှိသည်။
ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ်စွမ်းအင်များသည် သူ၏ ခန္ဓာကိုယ်ထဲတွင် စုဝေးလာနေသည်။
သူ၏ စိတ်ဝိညာဉ်အမြစ်သည် အဆင့်မြင့်တက်လာပြီးသည့်နောက် စိတ်ဝိညာဉ်စွမ်းအင် စုပ်ယူနိုင်မှု အမြန်နှုန်းသည်လည်း အရင်တုန်းကထက် ငါးဆခြောက်ဆလောက် ပို၍ မြန်ဆန်လာ၏။
သူ မနေနိုင်ဘဲ ပြောလိုက်မိ၏။ "ငါ ကျင့်ကြံနေသရွေ့၊ ချီစုစည်းခြင်း ဆေးလုံးတွေကို စားနေသရွေ့ အကျိုးသက်ရောက်မှု ရှိမှာပဲ။"
အဆင့်မြင့် အထူးစိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်ကြသော လူများအတွက် များပြားလှသော ဂိုဏ်းများ တိုက်ခိုက်ကြသည် ဆိုခြင်းမှာ အစစ်အမှန် ဖြစ်ကြောင်း သူ နားလည်သွားမိသည်။
“ဒင် ….သီးခြားတာဝန် ပြည့်စုံခဲ့သည်။ လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ၅၀၀အား ရရှိခဲ့၏။ဓ
“ဂိုဏ်းစုဆောင်းမှတ် ၁၄၀၀/၁၀၀၀”
“ဒင် …..ဂိုဏ်းစုဆောင်းမှတ်သည် ပိုလျှံသွားပြီဖြစ်သောကြောင့်.....”
“ဒင် ….လက်ခံသူသည် အချိန်အကန့်အသတ် တာဝန် ကို အောင်မြင်ခဲ့သည်။”
“ဒင် ….ဆုလာဒ် - အဆင့်မြင့် စိတ်ဝိညာဉ်အမြစ် အတွက် ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်း ဆေးရည်။”
ငါးနာရီကြာပြီးသည့်နောက်မှာတော့ အချိန်အကန့်အသတ်တာဝန်သည် ပြည့်စုံသွားခဲ့ပြီဖြစ်၏။
ကျွင်းချောင်ရှောင်းသည် သွားဖြီးကာ ပြောလိုက်၏။
"နောက်ထပ် အဆင့်မြင့် ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်း ဆေးရည်လား။ အရမ်းကောင်းတယ်။"
ရွှီ။
သူသည် ဝယ်ယူနိုင်သည့် ပစ္စည်းစာရင်းကို အသာဖွင့်၍ ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်းဆေးရည်ကို ထပ်မံ ဝယ်ယူရန် ပြင်လိုက်၏။
သို့ပေမဲ့ တစ်ခု ဝယ်ယူပြီးသည့်နောက်မှာတော့ အဆင့်မြင့် ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်း ဆေးရည်နေရာသည် အကွက်ကြီး ဖြစ်သွားခဲ့သည်။ ဤပစ္စည်းသည် တစ်နှစ်ကို သုံးပုလင်းသာ ဝယ်ယူ၍ ရနိုင်သည်။
"ချီးတဲ့မှ …. ဘာလို့ ဒီလိုမျိုး ကန့်သတ်ထားတာလဲ။"
စနစ်မှ ပြောလိုက်သည်။ "အဆင့်မြင့် ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်း ဆေးရည်ဆိုတာ ကောင်းကင်က ငြင်းပယ်ရတဲ့ ဆေးပဲ။ လက်ခံသူအနေနဲ့ အရမ်းကို များပြားပြီး ထက်မြက်လွန်းတဲ့ တပည့်တွေကို ဖန်တီးပြီး ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာ ရှိတဲ့ ဟန်ချက်ကို ဖျက်ဆီးမှာစိုးတာကြောင့် အကန့်အသတ်အနေနဲ့ ထားထားတာပဲ။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ “ဒါဆိုရင် ဟန်ချက်ပျက်အောင်လို့ ဘာလိုငါ့ကို စနစ်တစ်ခု ပေးထားတာတုန်း။"
“စိတ်ဝိညာဉ်စွမ်းအင်တွေ စုစည်းခြင်း ၊ စုပ်ယူခံရခြင်းဆိုတာက သံသရာလို လည်နေတာ။ အဆင့်မြင့် စိတ်ဝိညာဉ်အမြစ် ပိုင်ရှင်တွေ အရမ်းများပြားသွားမယ်ဆိုရင် လောကကြီးရဲ့ အရင်းအမြစ်တွေ မြန်မြန် ကုန်ခမ်းသွားလိမ့်မယ်။ ဒါဆိုရင် အရင်းအမြစ်တွေက ပျက်ဆီးလိမ့်မယ်။ အကုန်လုံး ရှုပ်ကုန်လိမ့်မယ်။” စနစ်မှ ပြောလိုက်သည်။
ကျွင်ချောင်ရှောင်း ငြိမ်သက်သွားသည်။
သူသည် နောက်ထပ် တစ်ခုကို ဝယ်ယူရန် စဉ်းစားခဲ့သည်။ သို့ပေမဲ့ အကန့်အသတ် ရှိနေသောကြောင့် လက်လျော့လိုက်ရန်သာ ရှိတော့၏။
“ဒါဆိုရင် ဆုလာဘ်ကို ဘယ်သူ့ကို ပေးရမှာလဲ။”
ကျွင်းချောင်ရှောင်းသည် ပထမဦးဆုံးအနေနှင့် အတွင်းတပည့်များကို စတင်၍ စဉ်းစားလိုက်၏။ သူသည် စုရှောင်မို ၊ လီဖေး ၊ ထန်းချီနှင့် ရီရှင်းချန်တို့ထဲမှ နှစ်ယောက်ကို ရွေးချယ်၍ ပေးရမည်ဖြစ်၏။
စုရှောင်မိုနှင့် ရီရှင်းချန်ကို အရင်ဆုံးပေးမှဖြစ်မည်။
သေချာစဉ်းစားကြည့်ပြီးသည့်နောက် သူ၏စိတ်ထဲတွင် ဆုံးဖြတ်ချက် ချလိုက်၏။
စုရှောင်မို၏ အားအင်အဆင့်သည် မဆိုးလှချေ။ ထို့အပြင် အမြန်နှုန်းအရာ တွင်လည်း သာမန်ထက် ထူးချွန်လှသည်။ ထို့ကြောင့် အရင်ဆုံး ပြုစုပျိုးထောင်ပေးရန် သင့်တော်လှသည်။
ရီရှင်းချန်မှာတော့ လီဖေးနှင့် ထန်းချီတို နောက်တွင်သာ ဂိုဏ်းထဲသို့ ဝင်လာခဲ့သည် ဖြစ်သော်လည်း သေမင်းတောင်ကြားထဲတွင် သူ၏ အားအင်အဆင့်ကို သက်သေပြခဲ့၏။ အထူးသဖြင့် ရှောင်ကျီအား မီးနဂါးကြီးတိုက်ခိုက်လိုက်ချိန်တွင် ထိခိုက်ဒဏ်ရာ ရမည်ကို မစိုးရိမ်ဘဲ ကာကွယ်ပေးခဲ့၏။
ဤအချက်တစ်ခုတည်းနှင့်တင် ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်း ဆေးရည်ကို ပေးရန် သင့်တော်နေပြီဖြစ်သည်။
ညအင်ပါယာသည် အမှန်တကယ်ပဲ ကျွင်းချောင်ရှောင်းတွင် ပစ္စည်းကောင်းများရှိသည်ကို သိ၏။ ထို့ကြောင့် သူသည် တက်တက်ကြွကြွနှင့် ထိုပစ္စည်းများ ရရှိအောင် ကြိုစားနေခြင်းဖြစ်သည်။
အခွင့်အရေးသည် ထိုင်စောင့်နေရုံဖြင့် မိမိဆီသို့ မရောက်ရှိလာပေ။ အခွင့်အရေး ရရှိရန် ကြိုးစားတိုက်ခိုက်ရပေလိမ့်မည်။
"လာ … လာ"
ကျွင်းချောင်ရှောင်းသည် သူတို့ နှစ်ယောက်ကို လှမ်းခေါ်၍ ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်း ဆေးရည်များ လှမ်းပစ်ပေးလိုက်သည်။
"ကျေးဇူးပါ ..ဂိုဏ်းချုပ်။" စုရှောင်မို စိတ်လှုပ်ရှားစွာ ပြောလိုက်၏။
ရီရှင်းချန်မှာတော့ အလွန်အမင်း တည်ငြိမ်လျက်ရှိသည်။
သို့ပေမဲ့ လူသူကင်းရှင်းရာ နေရာဆီသို့ သွားပြီး မြန်မြန်ဆန်ဆန်ပဲ ပုလင်းကို ဖွင့်ကာ သောက်ကြည့်လိုက်၏။
သံသယဖြစ်စရာ မလိုပေ။
သူတို့နှစ်ယောက်လုံးသည် ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်း ဆေးရည်ကို သောက်သုံးပြီးသည့်နောက်မှာတော့ စိတ်ဝိညာဉ် အမြစ်များသည် အဆင့်မြင့်အဆင့်မှ အထူးအဆင့်သို့ ပြောင်းလဲသွားခဲ့၏။ သူတို့၏ ကျင့်ကြံခြင်းအဆင့်သည်လည်း အဆင့်တစ်ဆင့်သို့ ပြောင်းလဲ တိုးတက်သွားခဲ့သည်။
"မယုံနိုင်စရာပဲ"
သူသည် ဤဆေးရည်ကို အကြိမ်ပေါင်းများစွာ သောက်ခဲ့သော်လည်း သောက်ခဲ့သည့် အခါတိုင်း သူ၏ ပင်ကိုယ်စွမ်းရည် ပြောင်းလဲသွားမှုကို ခံစားမိ၏။
ရီရှင်ချန် ၏ မျက်လုံးထဲတွင် အချိန်တိုင်းလိုလို တုန်လှုပ်အံသြမှု အရိပ်အယောင်တွေ ဖြစ်ပေါ်လျက်ရှိသည်။
ညအင်ပါယာသည် စိတ်ဓာတ်မခိုင်မာသောကြောင့် မဟုတ်ပေ။ တခြားသော သိုင်းအင်ပါယာများသည်လည်း ဤသို့သော ဆေးမျိုးရှိသည်ကို သိရှိလျှင် သူ့လိုပင် ခံစားရမှာ သေချာ၏။
……..
ဝှီ။
မြေပေါ်မှာတော့ သစ်ကိုင်းတစ်ခုသည် အသာလည်နေရာမှ ရပ်တန့်သွားသည်။
ပြီးနောက် မြေပေါ်တွင် ရေးထားသော refresh ဆိုသော စာသားအား သစ်ကိုင်းထိပ် မှ ညွှန်ပြလျက်ရှိ၏။
“ဟင်း ……”
ကျွင်းချောင်ရှောင်း အကူအညီမဲ့စွာသည် "ငါ့ကို refresh လုပ်ဖို့ ကံတရားက သတ်မှတ်ပေးခဲ့တာပဲ"
စနစ် “…….”
ဤဂိုဏ်းချုပ်ကျွင်းဆိုသည့် အကောင်သည် မြေပေါ်တွင် စက်ဝိုင်းဝိုင်းခဲ့၏။
ပြီးနောက် စက်ဝိုင်းအား တည်နေရာ ဆယ်ခု အဖြစ် အကန့်လေးများ ရေးဆွဲခဲ့ပြီး ဆယ်နေရာတွင် ကိုးနေရာ သည် refresh ဆိုသော စာသားကို ရေးသားထားသည်။
ကျန်သည့် တစ်နေရာ ဖြစ်သည့် အကွက်မှာတော့ ဝယ်ယူမည်ဆိုသည့် စာအား ရေးထား၏။ စတိုးအား refresh လုပ်ချင်လျှင် ဤအတိုင်း ရိုးရိုးသားသား refresh လုပ်လိုက်တာ ပို၍ မသင့်တော်ဘူးလား။
"မဖြစ်တော့ဘူး … ငါ ဂိုဏ်းစုဆောင်းမှတ် ၁၀၀ကို သုံးလိုက်တော့မယ်။"
ကျွင်းချောင်ရှောင်းသည် စတိုးဆိုင်ထဲဝင်၍ refresh လုပ်လိုက်သည်။
ပြီးနောက် ထုံးစံအတိုင်း သူ၏ ဂိုဏ်းစုဆောင်းမှတ်သည် ကုန်ဆုံး သွားခဲ့တော့၏။
ဂိုဏ်းစုဆောင်းမှတ် ၅၀၀ တိတိ ဆုံးရံှုးပြီးသည့်နောက်မှာတော့ သူသည် မည်သည့် ပစ္စည်းကောင်းကို မှ မတွေ့ခဲ့ပေ။ နေ့စဉ်သုံးပစ္စည်းများကိုသာ မြင်နေရသည်။
ဂိုဏ်းစုဆောင်းမှတ် ၅၀၀ ….. ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်း ဆယ်ပုလင်းစာသည် ကုန်ဆုံးသွားခဲ့ပြီဖြစ်၏။
ကျွင်းချောင်ရှောင်းသည် နှလုံးသားထဲတွင် သွေးစက်စက် ယိုလျက်ရှိသည်။ "ဘာလို့ ငါ့ကို မတားတာလဲ...."
စနစ် “…….”
“ဒင် ….လက်ခံသူသည် ဖုံးကွယ်ထားသော တာဝန်အား ပြည့်စုံခဲ့သည်။ ဂိုဏ်းစုဆောင်းမှတ် အလွန်အကျွံ သုံးဆွဲခြင်းကြောင့် ဆုလာဘ် အဖြစ် ဂိုဏ်းစုဆောင်းမှတ် ၁၀၀ ရရှိခဲ့သည်။ ထို့အပြင် ရက်ရောလှသည့် မင်းသားလေး ဟူသော ဘွဲထူးကိုလည်း ရရှိခဲ့၏။”
“ဂိုဏ်းစုဆောင်းမှတ် ၇၀၀/၁၀၀၀”
“ဒင် ….ဘွဲထူးသည် လက်ခံသူနှင့် အလိုအလျှောက် လိုက်ဖက်ညီသွား၏။ စနစ်၏ အသေးစိတ်အချက်အလက်သည် စစ်ဆေးကြည့်ရှုနိုင်ရန်နှိပ်ပါ။”
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တဆတ်ဆတ် တုန်ရင်သွားသည်။
ဂိုဏ်းစုဆောင်းမှတ် အများအပြား သုံးစွဲပြီးသည့် နောက် သူသည် ဖုံးကွယ်သည့် တာဝန်ကို ပြည့်စုံအောင် ပြုလုပ်နိုင်သလိုပင် ဖြစ်နေခဲ့သေး၏။ ထို့အပြင် ဘွဲထူးဆိုတာ ဘယ်လို သောက်ကျိုးနည်းအရာကြီး ဖြစ်သနည်း။
ကျွင်းချောင်ရှောင်း မြန်မြန်ဆန်ဆန်ဆိုသလိုပဲ စနစ်အား ဖွင့်ကြည့်လိုက်၏။
ပြီးနောက် ဂိုဏ်းချုပ် ကျွင်းချောင်ရှောင်းဆိုသည့် နေရာ နောက်တွင် ကွင်းစ ကွင်းပိတ်ဖြင့် ရက်ရောလှသည် မင်းသားလေး ဆိုသော ဘွဲထူးအား ရေးသားထားသည်ကိုမြင်လိုက်ရသည်။
နာမည်နေရာ အား ထပ်မံနှိပ်ကြည့်လိုက်သည့် အချိန်မှာတော့ လေးထောင့်ကွက်လေးများ ပေါ်လာခဲ့ပြီး ရေးထားသားသည့် စာလုံးများမှာ …
လက်ခံသူ - ကျွင်းချောင်ရှောင်း
ကံတရားတန်ဖိုး - ၁
ဘွဲထူး - ရက်ရောလှသော မင်းသားလေး။
စနစ်မှ ပြောလိုက်၏။ “ဂိုဏ်းရဲ့စနစ်က အဆင့် အထိသို့ တိုးတက်သွားခဲ့တယ်။ ဒါ့ကြောင့် လက်ခံသူရဲ့ ကံတရားတန်ဖိုးကိုလည်း စစ်ဆေးကြည့်ရှုလို့ ရသွားပြီ။ ကံတရားတန်ဖိုး မြင့်လာလေ စတိုးထဲမှာ ရနိုင်တဲ့ ပစ္စည်းတွေက ပိုပြီးကောင်းလာလေပဲ။”
ကျွင်းချောင်ရှောင်းသည် စိတ်ပျက်သလို ပြောလိုက်သည်။ "တစ်ဆိုတာ မရှိရင် သုံညဖြစ်မှာပဲ မဟုတ်လား။ ဘာမှ သိပ်ထူးမှာ မဟုတ်ပါဘူး။
စနစ်မှ ပြောလိုက်၏။
"ကံတရားတန်ဖိုး သုံည မှာတောင်မှ စနိုက်ဘာ ရိုင်ဖယ်နဲ့ နဂါးစိမ်း လခြမ်း ဓားမော့ကို ရခဲ့တာပဲ။ မဟုတ်ဘူးလား။"