← Chapters

အခန်း (၂၀၅)

Vol. 14 Ch. 205

အခန်း (၂၀၅)

Vol. 14 Ch. 205

သူတို့၏ ဒုတိယခေါင်းဆောင်ဆီမှ သေချင်နေတာလားဟု ပြောဆိုလိုက်သည့် ဟိန်းဟောက်သံကို ကြားချိန်မှာတော့ လင်းယုန်နက်ဂိုဏ်း တပည့်များအားလုံးသည် သတိအပြည့်နှင့် ဖြစ်သွားကြ၏။

လင်းယုန်နက် ဂိုဏ်းသား တော်တော်များများသည် သိုင်းတပည့်အဆင့်များဖြစ်ကြပြီး သူတို့သည် အသက်ဆယ့်ခုနစ် ၊ ဆယ့်ရှစ်နှစ်အရွယ်လောက်သာရှိသော လီချင်းယန်နှင့် တစ်ခြားသောလူများကို ကြည့်လိုက်ကြသည်။ သူတို့၏မျက်လုံးထဲတွင်တော့ အထင်သေးသည့် အရိပ်အယောင်များနှင့် ပြည့်နှက်လျက်ရှိသည်။

ဤကလေးသူငယ်တစ်သိုက်သည် အမွှေးတောင်စုံအောင် ပေါက်သေးပုံမပေါ်ပေ။ ထိုသို့သော ကလေးများအား သူတို့လွယ်လွယ်ကူကူ သတ်ဖြတ်ပစ်နိုင်၏။

လီချင်းယန်နှင့် တစ်ခြားသူများတို့သည်လည်း အကင်များအား အသာလှမ်းယူ၍ ဝါးစားနေကြ၏။ သူတို့သည် ခေါင်းတွေတစ်ခါခါနဲ့ ဖြစ်မိနေကြသည်။

သေမင်းတောင်ကြားထဲမှာ လေ့ကျင့်ခဲ့ပြီးသည့်နောက်မှာတော့ သူတို့သည် တိုက်ခိုက်ရာမည်ကို မည်သို့မှ မကြောက်ရွံ့တော့ချေ။

ယခု သူတို့သည် လင်းယုန်နက်ဂိုဏ်းတပည့် ခြောက်ဆယ်ကျော်တို့နှင့် ရင်ဆိုင်ရမည်ဆိုသော်လည်း ထိုသူတို့၏ အားအင်အဆင့်သည် ကြက်သွေးရောင် မီးတောက်ဝံပုလွေများလောက် အားမကောင်းကြချေ။ ထို့ကြောင့် သူတို့အနေနှင့် ထိုသို့သောသူမျိုးများကို မျက်စိထဲတွင် မထည့်မိကြ။

ဒုတိယဂိုဏ်းချုပ်သည် ထူးမခြားနားသလို ပြောလိုက်၏။ "ဂိုဏ်းချုပ်ကျွင်း … ဒီမှာကျန်နေတဲ့ တပည့်နှစ်ဆယ်ကျော်က နောက်ဆုံးလက်ကျန်တပည့်တွေ မဟုတ်လား။"

"နောက်ဆုံးကျန်တာဟုတ်လား။" ကျွင်းချောင်ရှောင်း နားမလည်ပေ "ဘာကိုဆိုလိုတာလဲ။"

ဒုတိယဂိုဏ်းချုပ် အေးစက်စက်နှင့် ရယ်လိုက်၏။ "ဆိုလိုတာက သေမင်းတောင်ကြားထဲကို ခေါ်သွားတဲ့ တပည့်တွေ တော်တော်များများ သေကုန်ပြီး ဒီလူတွေပဲ ကျန်တာလားလို မေးတာ။"

ကျွင်းချောင်ရှောင်း နားလည်သွားမိ၏။

သူသည် သေမင်းတောင်ကြားထဲတွင် လေ့ကျင့်ရန် တပည့်တော်တော်များများကို ခေါ်ဆောင်သွားခဲ့ပြီး ယခု ကျန်ရှိသော တပည့်များမှာ နောက်ဆုံး အသက်ရှင်ကျန်ရစ်သူများဟု တစ်ဖက်လူတွေးနေကြောင်း သိရှိသွားသည်။

ဒုတိယဂိုဏ်းချုပ် သည် တစ်ခြားလူများထံမှ ပစ္စည်းလုယူရန်သာ စိတ်စောနေသောကြောင့် သံမဏိအရိုးဂိုဏ်း၏ ဂိုဏ်းအဆင့်ကိုသာ သူ မေးမြန်းခဲ့၏။ သေမင်းတောင်ကြားထဲကို ဝင်ရောက်ခဲ့သော လူအရေအတွက်ကို သူမမေးမိခဲ့ချေ။

အဆင့်ရှစ်ဂိုဏ်းတစ်ခုသည် သေမင်းတောင်ကြားထဲသို့ ဝင်မည်ဆိုလျှင် အနည်းဆုံး တပည့်တစ်ရာလောက် ခေါ်ဆောင်သွားရလိမ့်မည်။

သူ့ကိုပင် ဥပမာ ထားပြီး ပြောရမည်ဆိုလျှင် ဤတစ်ကြိမ်တွင် သူသည် သိုင်းတပည့်အဆင့် ဂိုဏ်းသားပေါင်းခြောက်ဆယ်ကျော်ကို ခေါ်ယူခဲ့၏။ ဤလူများထဲမှ တစ်ဝက်လောက် အသက်ရှင်လျက် ထွက်လာနိုင်မည်ဆိုလျင် အလွန်တရာ ကံကောင်းလှမည်ဟု သူ အစောတည်းက တွေးထားပြီးဖြစ်သည်။

ဟုတ်ပေသည်။ သံမဏိအရိုးဂိုဏ်းသည် တပည့်တစ်ရာကျော်ကို ခေါ်သွားခဲ့ခြင်းဖြစ်ပြီး ယခု လက်ကျန်ဖြစ်သော နှစ်ဆယ်ကျော်မှာ အသက်ရှင်ကျန်ခဲ့သူများ ဖြစ်သည်။ ထို့ကြောင့် သူတို့၏ကံတရားသည် မဆိုးလှဟု သတ်မှတ်ရမည်။

ထိုအရာမှာ လင်းယုန်နက်ဂိုဏ်း ဒုတိယဂိုဏ်းချုပ်၏ အတွေးပင်ဖြစ်လေသည်။ သူသည် ညအင်ပါယာထက်ပင် အတွေးများသူ ဖြစ်နေ၏။

ထိုသို့ တစ်ဖက်သတ် ကောက်ချက်ချခဲ့သည်ကလည်း ကောင်းမွန်ပေ၏။ သံမဏိအရိုးဂိုဏ်းသားများသည် နှစ်ဆယ့်ငါးယောက်သာ သေမင်းတောင်ကြားထဲသို့ ဝင်ရောက်သွားခြင်းဖြစ်ပြီး အကုန်လုံး အသက်ရှင်၍ ပြန်ထွက်လာသည်ကိုသာ သိရှိသွားလျှင် သူ သွေးပင်အန်သွားနိုင်သည်။

"ဘာဖြစ်တယ်။"

ကျွင်းချောင်ရှောင်း သူ၏နှာခေါင်းကို အသာကုတ်ကာ ပြောလိုက်၏။ "ခင်ဗျားက ကျုပ်တပည့်တွေ အကုန်လုံးကို သတ်ချင်နေတာလား။"

ဒုတိယဂိုဏ်းချုပ် အားရပါးရရယ်လိုက်သည်။ "ဂိုဏ်းချုပ်ကျွင်းသာ ကျုပ်ပြောသလို ပူးပေါင်းပြီး ကျုပ်တို့ကို ပစ္စည်းတွေပေးမယ်ဆိုရင် အိမ်ကို လုံလုံခြုံခြုံနဲ့ ပြန်ရမှာ သေချာတယ်။"

"ခင်ဗျား ကျပ်ကို ခြိမ်းခြောက်နေတာလား။" ကျွင်းချောင်ရှောင်း၏မျက်နှာသည် မည်းမှောင်သွား၏။

လင်းယုန်နက်ဂိုဏ်း၏ ဒုဂိုဏ်းချုပ်က ပြောလိုက်သည်။ "ဒီလိုပဲပြောနိုင်ပါတယ်။"

မိစ္ဆာဂိုဏ်းများအတွက် အကြီးမားဆုံး အခွင့်သာရရှိမှုမှာ တစ်ခြားသူများကဲ့သို့ မကောင်းတာတွေ လုပ်မည်ဆိုလျှင် ကွယ်ဝှက်သိုသိပ်စရာ မလိုအပ်ခြင်းပင်။ သူတို့အနေနှင့် လုပ်ချင်တာကို ပွင့်ပွင့်လင်းလင်း ပြုလုပ်နိုင်စွမ်းရှိကြသည်။

"မင်းတို့ကြားလား။"

ကျွင်းချောင်ရှောင်းပြောလိုက်သည်။ "လင်းယုန်နက်ဂိုဏ်းက မင်းတို့ကို သတ်ချင်နေတယ်။"

"ဟား ဟား ဟား"

စုရှောင်မိုသည် သူ၏ဗိုက်ကိုနှိပ်ကာ အားရပါးရ ရယ်လိုက်၏။ "ဂိုဏ်းချုပ် ဒီလူတွေက သေမင်းတောင်ကြားထဲက သားရဲတွေလောက်တောင် အားကောင်းတာမဟုတ်ဘူး။ဘယ်လိုအရည်အချင်းရှိလို့ ကျွန်တော်တို့ကို သတ်နိုင်မှာတုန်း။"

"ဒါအမှန်ပဲ။" လီဖေးပြုံးကာ ပြောလိုက်သည်။

"သူတို့က သားရဲတွေလောက်လည်း အားမကောင်းဘူး။ဒါကို ဘာလို့ ကိုယ့်ကိုယ်ကိုယ် ဒီလောက်ကြီး အထင်ကြီးနေကြတာလဲ"

ဒုတိယဂိုဏ်းချုပ်၏မျက်နှာသည် မှုန်ကုပ်သွား၏။ သူ၏မ ျက်လုံးထဲတွင်ရှိသော သတ်ဖြတ်လိုခြင်းဆန္ဒများသည် ပိုမို အားကောင်းလာ၏။

"ဒုဂိုဏ်းချုပ်ဟယ်"

လင်းယုန်နက်ဂိုဏ်း၏ တပည့်တစ်ယောက် အေးစက်စက်ပြောလိုက်သည်။ "ဒီသံမဏိအရိုးဂိုဏ်းတပည့်က အရမ်းကို မောက်မာတယ်။ကျွန်တော်တို့ အကုန်လုံးကို သတ်လိုက်ရအောင်။"

ဒုဂိုဏ်းချုပ်ဟယ် သည် ခပ်တည်တည်ဖြင့်ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း ….. မင်းတို့က ဒီလို ကလန်ကဆန်လုပ်နေမှတော့ ကျုပ်တို့ မယဉ်မကျေးပြုမူတာတွေအတွက် အပြစ်မယူနဲ့တော့။"

လင်းယုန်နက်ဂိုဏ်းတပည့်များ အားလုံးသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး အသာရှေ့သို့ လှမ်းတက်လာလိုက်၏။ တစ်ချို့ဆိုလျှင် သိုလှောင်လက်စွပ်ထဲမှ သူတို့၏ လက်နက်များကိုပင် ထုတ်ယူလိုက်ကြသည်။

သူတို့သည် လူပေါင်းများစွာကို သတ်ဖြတ်ခဲ့ဖူးသူများ ဖြစ်သောကြောင့် ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အော်ရာများမှာ အနည်းငယ်တော့ ကြောက်မက်ဖွယ်ရာ ကောင်းနေ၏။

"ဂိုဏ်းချုပ်ကျွင်း"

ဒုဂိုဏ်းချုပ်ဟယ်သည် မျက်လုံးများကို ကျဉ်းကာ ပြုံးလိုက်၏။ "အခုချိန်မှာ ရှိတာတွေကို ပေးမယ်ဆိုရင် မင်းရဲ့အသက်နဲ့ မင်းရဲ့တပည့်တွေအသက်ကို ချမ်းသာပေးမယ်။"

"ကျုပ်က အသက်ရှင်ရတာကိုတော့ကြိုက်တယ်။ဒါပေမဲ့ တစ်ခြားအရာတွေကိုတော့ မပေးချင်ဘူး။" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

"ဟမ့်"

ဒုဂိုဏ်းချုပ်ဟယ်သည် လက်ကိုမြှောက်ကာ အေးစက်စက်ကြည့်လိုက်သည်။ "အားလုံးကိုသတ်ပစ်လိုက်။"

"ရွှီ"

ဓားအလင်းတန်းတစ်ခုသည် ဖြတ်သန်းသွားပြီး သွေးများနေရာအနှံ့သို လွင့်စင်သွားတော့သည်။

ဒုဂိုဏ်းချုပ်ဟယ် ဆွံ့အသွား၏။ ငါခေါ်လာတဲ့လူက အဲလောက်တောင်မြန်တာလား။

သို့ပေမဲ့ သူလှမ်းကြည့်လိုက်ချိန်မှာတော့ လည်ပင်းကို ထက်ပိုင်းပြတ်အောင် ခုတ်ဖြတ်ခံလိုက်ရသူမှာ သူ၏ တပည့်ဖြစ်နေကြောင်း တွေ့ရှိလိုက်ရ၏။

တိုက်ခိုက်လိုက်သူမှာ ရီရှင်းချန်ပင်ဖြစ်၏။ သူသည် ဓားကို အသာပြန်ရုတ်၍ ဓားထိပ်တွင်ရှိသော သွေးစက်များအား အသာခါရမ်းကာ ပြောလိုက်သည်။ "အမှိုက်"

"ဂျူနီယာအစ်ကို၊ ဂျူနီယာညီလေး၊စီနီယာအစ်ကို "

သူတို့၏ဂိုဏ်းသားတစ်ယောက် အသတ်ခံလိုက်ရသည်ကိုမြင်တော့ လင်းယုန်နက်ဂိုဏ်းမှ တပည့်များ အားလုံးသည် ဒေါသအကြီးအကျယ် ထွက်သွားကြသည်။

သူတို့သည် ချက်ချင်းဆိုသလိုပဲ လက်နက်ထဲသို့ စိတ်ဝိညာဉ်စွမ်းအင်များ ထည့်သွင်းကာ သံမဏိအရိုးဂိုဏ်းတပည့် မည်သူပဲဖြစ်ဖြစ် တွေ့ရာလူကို ခုတ်ပိုင်းကြတော့သည်။

"ချလွမ် … ချလွမ်"

လီချင်းယန်၊ရှောင်ကျီ နှင့် တစ်ခြားသူများအားလုံးသည် သူတို့၏ ဓားများကို ဆွဲထုတ်၍ မြန်မြန်ဆန်ဆန်ပဲ ပြန်လည်တိုက်ခိုက်လိုက်ကြ၏။

စုန့်ဟိုင် နှင့် တစ်ခြားသော ကျင့်ကြံသူနှစ်ယောက်တို့သည်လည်း သူတို့၏လက်နက်များကို ဆွဲထုတ်၏။

သူတို့သည် သံမဏိအရိုးဂိုဏ်းသားများ မဖြစ်သေးချေ။ ထို့ကြောင့် သူတို့သည် ဘာမှမလုပ်ပဲ အသာ ထိုင်နေနိုင်ကြ၏။

လင်းယုန်နက်ဂိုဏ်းသားများသည် အရေအတွက်များပြားသောကြောင့် လူအရေအတွက်ခြင်း ယှဉ်လျှင်ပင် သူတိုတစ်ပန်းရှုးနေပြီ ဖြစ်သည်။။

သို့ပေမဲ့ နှစ်ဖက်သား တိုက်ခိုက်သည့်အချိန်မှာတော့ သံမဏိအရိုးဂိုဏ်းသားများ၏ အားအင်အဆင့်သည် သူတို့ကို ထိတ်လန့်တုန်လှုပ်မိစေ၏။ ထို့ကြောင့် သူတို့ပါ သံမဏိအရိုးဂိုဏ်းသားများနှင့် ပူးပေါင်း၍ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ကြ၏။

"ရွှီ ….. ရွှီ"

ဓားအလင်းများဖြတ်သန်းသွားပြီး သွေးများ နေရာအနှံ့သို့ ပျံ့နှံနေ၏။

ဒုဂိုဏ်းချုပ်ဟယ်၏ မျက်လုံးများသည် ပြူးထွက်နေသည်။

အသက်ရှူရှိက်စာ အနည်းငယ်အတွင်းမှာပဲ သူ့တပည့်ခြောက်ဆယ်ထဲမှ နှစ်ဆယ်ကျော်သည် သံမဏိအရိုးဂိုဏ်းသားများ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရ၏။

ထိုသူများသည် ဓားကိုဆွဲယူ၍ ခုတ်ဖြတ်သည်။ ပြီးနောက် ဓားကိုပြန်သွင်းလိုက်သည်။ ဤအလုပ်ကိုသာ ရိုးရိုးရှင်းရှင်း ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

အဆင့်ရှစ်ဂိုဏ်းတစ်ခုသည် အဘယ့်ကြောင့် ဤမျှအားကောင်းရသနည်း။

သူဘာကို မြင်နေရသနည်း။

ဒုဂိုဏ်းချုပ်ဟယ်သည် မျက်လုံးကို အသာပွတ်သပ်လိုက်၏။

သို့ပေမဲ့ ထို့သို့မျက်လုံးကို ပွတ်သပ်နေစဉ်အတောအတွင်းမှာပဲ သူ၏တပည့်တစ်ဒါဇင်ကျော်သည် ထပ်မံ၍ အသတ်ဖြတ်ခံလိုက်ရတော့သည်။

တပည့်များ အားရပါးရ သတ်ဖြတ်နေသည်ကို မြင်သည့်နောက် ကျွင်းချောင်ရှောင်းသည် အသာခေါင်းလှည့်၍ ဆက်မကြည့်တော့ချေ။ လင်းယုန်နက်ဂိုဏ်း တပည့်ခြောက်ဆယ်ကျော်တိုသည် ကျိန်းသေပေါက် သေဆုံးသွားမည် ဆိုသည်ကို သူ သိရှိပြီးဖြစ်၏။

မှန်ပေသည်။ ကြက်သွေးရောင် မီးတောက်ဝံပုလွေများနှင့် နှိင်းယှဉ်မည်ဆိုလျှင် …. အမ် မဟုတ်သေးပေ မြေကမ္ဘာမီးဝံပုလွေများထက်ပင် အားနည်းသော ဓားပြအဆင့်သာသာများကို သူ၏ဂိုဏ်းသားများအနေဖြင့် မည်သို့မျှ မှုလိမ့်မည်မဟုတ်ကြောင်းကို သူ သိသည်။

"သေစမ်း"

ဒုဂိုဏ်းချုပ်ဟယ် သည် ချက်ချင်းဆိုသလိုပဲ သူ၏အားအင်အဆင့်ကို စုစည်းကာ ကျွင်းချောင်ရှောင်းကို အားရပါးရ တိုက်ခိုက်လိုက်တော့သည်။

"ဝှစ်"

ဤလက်သီးချက်သည် ဂျင်ခြောက်သောင်းနီးပါးခန့် အားအင်ပါ၏။

သို့ပေမဲ့ ဤမျှပြင်းထန်လှသော လက်သီးချက်အား ကျွင်းချောင်ရှောင်းသည် လက်ဝါးဖြင့် အသာ ဆုပ်ဖမ်းထားသည်။ သူသည် လွယ်လွယ်ကူကူ ဖမ်းယူခဲ့ခြင်းဖြစ်သည်။

"မင်း …"

ဒုဂိုဏ်းချုပ်ဟယ် ဆွံ့အသွားမိ၏။

သူ၏လက်သီးသည် ထိုလူငယ်၏လက်ထဲတွင်ရောက်ရှိနေပြီး ပြန်ဆွဲထုတ်၍မရဖြစ်နေ၏။

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "မလောနဲ့ …. သေချာကြည့်ပါအုံး။"

အဘယ့်ကြောင့် မလောရမည်နည်း။ သူသာ ဆက်ကြည့်မည်ဆိုလျှင် ကျန်ရှိနေသော တပည့်များအားလုံး သတ်ဖြတ်ခံသွားရနိုင်၏။

ဒုဂိုဏ်းချုပ်ဟယ်သည် အားကုန်ထုတ်၍ သူ၏လက်အား ပြန်ဆွဲလိုက်၏။ သို့ပေမဲ့ တစ်ဖက်လူ၏ လက်ငါးချောင်းသည် ညှပ်ကြီးတစ်ခုကဲ့သို့ သူ၏လက်သီးအား မြဲမြဲ ဆုပ်ကိုင်ထားပြီး မည်မျှ သူ အားသုံးကာရုန်းရုန်း မလွတ်မြောက်နိုင်ပေ။

"ရ …ွှီ ရွှီ"

လင်းယုန်နက်ဂိုဏ်းသားများအားလုံးသည် သံမဏိအရိုးဂိုဏ်းသားများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရ၏။

အထူးသဖြင့် သတ်ဖြတ်နေသူမှာ ရီရှင်းချန်ဖြစ်သည်။ သူသည် ခြေဆယ်လှမ်းအတွင်း လူတစ်ယောက်ကို သတ်ဖြတ်နေပြီး အလွန်တရာလည်း ရက်စက်လှ၏။

သိုင်းတပည့် အဆင့်နှစ်နှင့် အဆင့်သုံး ကျင့်ကြံသူများ အဖွဲ့သည် လေပွေဝံပုလွေအုပ်လိုက်ကြီးကိုပင် တိုက်ခိုက်ဖျက်ဆီးခဲ့သော အဖွဲ့နှင့်လာ၍ တိုက်ခိုက်နေသည်။

ထိုသူများသည် အသက်ရှင်ရမှာကို အလွန်တရာ ပျင်းရိနေပုံပေါ်၏။

ကံဆိုးစွာဖြင့် လင်းယုန်နက်ဂိုဏ်းသားများသည် သံမဏိအရိုးဂိုဏ်းသားများ၏ ကြမ်းတမ်းလှသော တိုက်ပွဲများကိုမသိခဲ့။

မရင့်ကျက်သေးသော လူငယ်လေးများအဖွဲ့ဟု ထင်မှတ်မိသည်က သူတို့၏အသက်ကို ဆုံးရှုံးစေမည့် ကိစ္စဖြစ်လာတော့သည်။

ကျွင်းချောင်ရှောင်းသည် အသာပြောလိုက်သည်။ "အားလုံးကိုသတ်လိုက်။"

"ဝှစ် …… ဝှစ်"

လီချင်းယန်နှင့် တစ်ခြားသူများသည် မြန်မြန်ဆန်ဆန်ဆိုသလိုပဲ အအေးဓား၊လှံများကို ထုတ်ယူ၍ ကျန်ရှိနေသေးသော လင်းယုန်နက်ဂိုဏ်းသားနှစ်ဆယ်ကျော်အား သတ်ဖြတ်ပစ်လိုက်ကြ၏။

လက်ရှိအချိန်၌ လင်းယုန်နက်ဂိုဏ်းသား ခြောက်ဆယ်ကျော်တို့သည် အကုန်လုံး သတ်ဖြတ်ခံလိုက်ရပြီဖြစ်သည်။ ကျွင်းချောင်ရှောင်း၏ဖမ်းချုပ်ခြင်းကို ခံထားရသော ဒုဂိုဏ်းချုပ်ဟယ်ကလွဲရင် မည်သူတစ်ဦးတစ်ယောက်မှ မကျန်ရှိတော့ပေ။

ဒုဂိုဏ်းချုပ်ဟယ်၏ မျက်လုံးများထဲတွင် အလွန်တရာ ထိတ်လန့်တုန်လှုပ်သည့် အရိပ်အယောင်များနှင့် ပြည့်နှက်နေ၏။

သူသည် သေမင်းတောင်ကြားထဲ လေ့ကျင့်ရန် တပည့်များအား ခေါ်ဆောင်လာပြီး လူတစ်ဝက်လောက်နှင့် အသက်ရှင်ကာ ပြန်လည်ထွက်ခွာနိုင်မည်ဟု မျှော်လင့်ခဲ့သည် ။ အဆုံးသတ်မှာတော့ သူတို့သည် တောင်ကြားထဲကို ဝင်တောင်မဝင်ခဲ့ရသေးပေ။ အားလုံးသတ်ဖြတ်ခံလိုက်ရပြီဖြစ်၏။

သံမဏိအရိုးဂိုဏ်းသည် ကြင်နာလှသည့်လူများမဟုတ်ကြောင်း ဒုဂိုဏ်းချုပ်ဟယ် နားလည်သိရှိသွားမိ၏။

သူသည် သံမဏိပြားအား သွား၍ ကန်ကျောက်မိခဲ့၏။

"ဟေး"

ကျွင်းချောင်ရှောင်း ပြုံးကာပြောလိုက်၏။ "ခင်ဗျားရဲ့တပည့်တွေအားလုံး သေကုန်ပြီ။"

ထိုအပြုံးသည် အလွန်တရာ အပြစ်ကင်းစင်လှ၏။ သို့ပေမဲ့ ဒုဂိုဏ်းချုပ်ဟယ်၏မျက်လုံးထဲတွင်တော့ အလွန်တရာ မိစ္ဆာဆန်သော အပြုံးတစ်ခုလို ဖြစ်နေလေသည်။

"ဂိုဏ်း … ဂိုဏ်း … ဂိုဏ်းချုပ်ကျွင်း"

သူအလောတကြီးပြောလိုက်သည်။ "ဒါ နားလည်မှုလွဲတာလို ထင်ပါတယ်။"

ကျွင်းချောင်ရှောင်းသည် ကန္ဓာရလင်းယုန်လက်နက်အား အသာမြှောက်၍ ခေါင်းကို ချိန်လိုက်၏။ ပြီးနောက် အေးစက်စွာဖြင့် ပြောလိုက်သည်။ "မှတ်ထား နောက်ဘဝမှာ လူဖြစ်မယ်ဆိုရင် သံမဏိအရိုးဂိုဏ်းကို ဘယ်တော့မှ ရန်မစနဲ့။"

"ဘန်း"

သေနတ်ကျည်ဆံသည် ထွက်ပေါ်လာပြီး ဒုဂိုဏ်းချုပ်ဟယ်၏ဦးခေါင်းအား ဖောက်ထွင်းသွားတော့၏။

"ဘုတ်"

လင်းယုန်နက်ဂိုဏ်း၏ ဒုဂိုဏ်းချုပ်သည် မြေပေါ်သို့ ပြုတ်ကျသွားသည်။ အသက်လည်းမရှိတော့ပေ။

ဟုတ်ပေသည်။ သူသည် သံမဏိပြားအား သွား၍ ကန်ကျောက်မိခဲ့သည်။

ဤသံမဏိပြားသည် အလွန်တရာ မာကြောရုံတင်မက အလွန်တရာ ရက်စက်သည့်အလုပ်များကိုလည်း လုပ်ကိုင်ရဲကြ၏။

သံမဏိအရိုးဂိုဏ်းသည် မိစ္ဆာဂိုဏ်းများနှင့် နှိုင်းယှဉ်မည် ဆိုလျှင်ပင် အလွန်တရာ ပို၍ ရက်စက်သည်ဟု သတ်မှတ်ရမှာဖြစ်သည်။

All Chapters