← Chapters

အခန်း (၂၀၇)

Vol. 14 Ch. 207

အခန်း (၂၀၇)

Vol. 14 Ch. 207

အဓိက ဟောခန်းထဲမှာတော …

ကျွင်းချောင်ရှောင်းသည် လက်ဖက်ရည်တငုံကို သောက်ပြီး အသာပြောလိုက်သည် “ဂိုဏ်းရဲ့လက်ရှိ အခြေအနေက ကောင်းရဲ့လား”

“အားလုံးကသာမာန်ပါပဲ” လီလိုရှု ပြုံးကာ ပြောလိုက်သည်။

ဤ အတောအတွင်း သူမ သည် ဂိုဏ်းအား ကောင်းကောင်းမွန်မွန် စီမံခန့်ခွဲထားနိုင်သည်။ သူမသည် လုပ်ကြံသတ်ဖြတ်သူ ခေါင်းဆောင်တစ်ယောက် ဖြစ်သည် ဆိုပေမဲ့ စီမံခန့်ခွဲမှုမှာလည်း တော်သူဖြစ်၏။

ကျွင်းချောင်ရှောင်း လက်ဖက်ရည်ခွက်ကို အသာချရင်း ပြောလိုက်သည် “ပြင်ပ သတင်းတွေရော …”

လီလိုရှု ပြောလိုက်သည် “ချင်ဟောင်ရန် ပြန်ရောက်လာပြီ။”

“ရှောင်မိသားစုရော …”

ကျွင်းချောင်ရှောင်းသည် ဟောင်ချီ ဂိုဏ်းအား သိပ်ဂရုမစိုက်ပေ။ ရှောင်မိသားစု၏ လှုပ်ရှားမှုများကိုသာ စိတ်ပူပန်မိသည်။

လီလိုရှု ပြောလိုက်သည် “ဒီအတောအတွင်း ရှောင်မိသားစု က ငြိမ်နေတယ်။ သူတို့ရဲ့ စီးပွားရေး ကိစ္စတွေနဲ့ အလုပ်များနေတာ ထင်တယ်။”

ကျွင်းချောင်ရှောင်း သူ၏ လက်ချောင်းများအား ပွတ်သပ်ပြီး ပြောလိုက်၏ “အိုက်မိသားစု နဲ့ စီးပွားရေးရော ၊ မိုင်းတွင်းရောက ပျက်ဆီးသွားပြီ။ သူတို့ တော်တော်ခံလိုက်ပြီ ထင်တယ်”

“တခြားသတင်းတွေ ရှိသေးလား”

“ရှိပါတယ်”

လီလိုရှု ပြောလိုက်သည် “အိုက်မိသားစု က လဝက်အတွင်း လေလံပွဲ ကျင်းပမယ်။ ဒီတစ်ကြိမ်မှာတော့ တခြားနိုင်ငံတွေကိုပါ ပါဝင်ခိုင်းမယ် ကြားတယ်။ လေလံပွဲက ကြီးကျယ်မှာပဲ”

“လေလံပွဲက ကြီးမားပြီး ဈေးကောင်းကောင်းရဖို့ ကျုပ် မျှော်လင့်မိတယ်” ကျွင်းချောင်ရှောင်း တီးတိုးရေရွတ်လိုက်မိသည်။

အိုက်မိသားစုနှင့် ပူးပေါင်း၍ ဆေးလုံးများ ရောင်းချခြင်းသည် သူ၏ အဓိက ဝင်ငွေရလမ်းဖြစ်သည်။ ထို့ကြောင့် ဈေးပိုရလေ ကောင်းလေဖြစ်၏။

“ဪ .. ဟုတ်သားပဲ”

လီလိုရှု ဖိတ်စာတစ်စောင်ကို ထုတ်ယူကာ ပြောလိုက်သည် “လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက အိုက်မိသားစု ခေါင်းဆောင် ကိုယ်တိုင် ဖိတ်စာလာပေးတယ်။ လေလံပွဲတက်ရောက်ဖို့ ဂိုဏ်းချုပ်ကို လေးလေးနက်နက် ဖိတ်ခေါ်ပါတယ်တဲ့”

“ဘာလို့ တက်ရမှာလဲ။ ဆေးလုံးတွေ ဈေးမြင့်ပေးဖို့လား”

ကျွင်းချောင်ရှောင်း ဖိတ်စာကို ယူပြီး အသာခေါင်းခါယမ်းလိုက်သည်။

လီလိုရှု ပြောလိုက်သည် “ကျွန်မ အထင်အရတော့ အိုက်မိသားစု ခေါင်းဆောင်က ဂိုဏ်းချုပ်ကို အပျော်လာကြည့်စေချင်တယ် ထင်တယ်။ အဆင့်ငါး ထက်မြင့်တဲ့ ဂိုဏ်းတွေလည်း လာမယ်ကြားတယ်”

“အဲလိုလား”

ကျွင်းချောင်ရှောင်း ဖိတ်စာကို ထုတ်ကြည့်လိုက်သည်။ ပလက်တီနံကတ်တစ်ခု နှင့် ဖိတ်စာတစ်စောင် အတွင်း၌ ရှိနေ၏။

လီလိုရှု အံ့အားသင့်မိသွားသည် “ဒါက အိုက်မိသားစု ရဲ့ အထူးအထူး ကတ်ပြားပဲ”

“အထူး ကတ်ပြားလား။” ကျွင်းချောင်ရှောင်း မေးလိုက်သည်။

လီလိုရှု ရှင်းပြလိုက်သည် “အိုက်မိသားစု ရဲ့ ကတ်တွေက သုံးမျိုးသုံးစားရှိတယ်။ ကြေး၊ ရေွှ နဲ့ ပလက်တီနံလေ။ ဒါက အမြင့်ဆုံးပဲ”

ကျွင်းချောင်ရှောင်း ကတ်ပြားအား စားပွဲပေါ် ပစ်တင်လိုက်ပြီး စိတ်မဝင်စားသလို ပြောလိုက်သည် “ကျုပ် အလုပ်များနေတယ်။ ဘာလို့ လေလံပွဲ တက်ရမှာလဲ”

လီလိုရှု “…….”

ဤသို့သော ပလက်တီနံ ကတ်သည် အလွန်ရှားပါးသည်။ အလွန့်အလွန်ကို ဂုဏ်သိက္ခာကြီးမားသော ဆရာကြီးတွေသာလျှင် ထိုကတ်ကို ရနိုင်၏။ သို့ပေမဲ့ ဂိုဏ်းချုပ်သည် တစ်ချက်ကလေးမှပင် စိတ်ဝင်စားပုံမပြချေ။

“ရှောင်ကလန်ကို စောင့်ကြည့်ထား။ တစ်ခုခု လှုပ်ရှားတာ တွေ့ရင် ချက်ချင်း သတင်းပို့” ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

“ကောင်းပါပြီ”

အလုပ်ကိစ္စများ ဆွေးနွေးပြီးသည့်နောက် လီလိုရှုသည် စားပွဲပေါ် မေးထောက်ပြီး ပြုံးကာ ပြောလိုက်သည် “ဂိုဏ်းချုပ် .. သေမင်း တောင်ကြားထဲက အကြောင်းကို ပြောပြပါအုံး”

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ကျုပ် မီးနဂါးကိုပဲ သတ်လိုက်နိုင်တယ်။ ဘာမှ ထူးထူးခြားခြား ပြောစရာမရှိဘူး”

လီလိုရှု အံ့အားသင့်သွား၏ “အဆင့်ငါး မီးနဂါးကြီးလား”

“ဟုတ်တယ်”

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ခင်ဗျား မီးနဂါးကို သိတယ် မလား”

“သေမင်းတောင်ကြားရဲ့ အရှင်သခင် နှစ်ပါး ထဲက တစ်ပါးပဲ။ သိတာပေါ့” လီလိုရှု ပြန်ပြောလိုက်သည်။

“အရှင်သခင်နှစ်ပါး ဟုတ်လား”

ကျွင်းချောင်ရှောင်း ပြောလိုက်၏ “နောက်တစ်ပါးက ဘယ်သူလဲ”

လီလိုရှု ခဏလောက် စဉ်းစားပြီး ပြောလိုက်သည် “ရှားပါးတဲ့ ကျောက်တုံးမွန်းစတားပဲ”

“ကျောက်တုံးလူသားလား”

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ကျောက်တုံးတွေနဲ့ လုပ်ထားတဲ့ ကောင်ကြီလေ။ အကြီးကြီးပဲ”

“ဟုတ်တယ်” လီလိုရှု ပြောလိုက်၏။

ကျွင်းချောင်ရှောင်း တီးတိုးရေရွတ်လိုက်သည် “ဒါဆို ငါ သတ်လိုက်တဲကောင်ကြီးက အရှင်နှစ်ပါးထဲက တစ်ပါးပဲပေါ့”

လီလိုရှု မယုံကြည်နိုင်သလို ဖြစ်သွားသည် “ဂိုဏ်းချုပ် ကျောက်တုံးလူကိုလည်း သတ်ခဲ့တာလား”

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ကျုပ် ခရမ်းရောင် လျှပ်စီးသားရဲကို ဖမ်းဆီးချိန်မှာ အမှတ်မထင် သူ့နေရာထဲ ရောက်သွားတာလေ။ ပြီးတော့ ပိတ်မိသွားတယ်။ ဒါကြောင့် သတ်လိုက်ရတာ။”

သူ အမှတ်တမဲ့ ပြောလိုက်ချိန်မှာတော့ လီလိုရှု ပို၍ ပဟေဋ္ဌိ ဖြစ်သွားမိသည် “ကျောက်တုံးမွန်းစတားက မီးနဂါးထက် ပိုပြီး အားကောင်းတယ်။ ဂိုဏ်းချုပ်ရဲ့ ကျင့်ကြံခြင်းအဆင့်အရ သတ်ခဲ့တာ ဟုတ်လို့လား”

ကျွင်းချောင်ရှောင်း သလင်းအမြူတေ တစ်ခုကို ထုတ်ယူပြီး ပြောလိုက်သည် “ဒီမှာ သူ့ရဲ့ သလင်းအမြူတေ လေ”

သလင်းအမြူတေဆီမှ ကြောက်မက်ဖွယ်ရာ အော်ရာတွေ ထွက်ပေါ်လာ၏ ။ တစ်ချက်ကြည့်လိုက်သည်နှင့် အလွန်အမင်း အားကောင်းသော ကျောက်တုံးမွန်းစတား၏ အမြူတေ ဖြစ်မှန်း သိသာလှ၏။

ကောင်းကင်ဘုံ …။

ဂိုဏ်းချုပ် က အရမ်းအားကောင်းလွန်းတယ်။ မီးနဂါးကြီးကိုရော ၊ ကျောက်တုံးလူကိုရော သတ်ခဲ့တာလား။

လီလိုရှု အမှန်ပင် တုန်လှုပ်မိ၏။

“နေအုံး …။”

သူမ ရုတ်တရက် ဆိုသလိုပဲ တစ်စုံတစ်ခုကို သတိရသွားသည်။ ပြီးနောက် အံ့အားတသင့်ဖြင့် ပြန်မေးလိုက်၏ “ကျောက်တုံးမွန်းစတားရဲ့ ပိုင်နက်ထဲကို ဘယ်လိုကြောင့် ရောက်သွားတယ်လို့ ပြောခဲ့တာလဲ။”

“ခရမ်းရောင် လျှပ်စီး သားရဲလေ။” ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

လီလိုရှုည် ချက်ချင်းဆိုသလို မတ်တပ်ထရပ်လိုက်မိသည် “သေမင်းတောင်ကြားထဲမှာ အဲလိုရှားပါးလွန်းတဲ့ လျှပ်စီးအမျိုးအစားသားရဲ ရှိနေတာလား”

“ဟုတ်တယ်”

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ကျုပ် မြင်တာနဲ့ တစ်ခါတည်း တန်းဖမ်းလိုက်တာ။ပြီးတော့ …”

သူ ခဏရပ်ကာ ဆက်ပြောလိုက်၏ “အင်း .. တော်တော် အားစိုက်ပြီး ဖမ်းခဲ့တာပေါ့”

သားကောင်ဖမ်းဘောလုံးကို အသုံးပြု၍ တစ်ခါတည်း ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ပြောလိုက်မည်ဆိုလျှင် တစ်ဖက်လူ တုန်လှုပ်သွားပေလိမ့်မည်။

သို့ပေမဲ့ …

အားသိပ်မစိုက်လိုက်ရဘူးဟု ပြောဆိုလျှင်ပင် လီလိုရှုမှာ အမှန်ပင် တုန်လှုပ်မိနေသေး၏။ သူမ သည် မျက်လုံးအပြူးသားနှင့် ပြောလိုက်မိသည် “ဂိုဏ်းချုပ် က ခရမ်းရောင်လျှပ်စီး သားရဲကို ထိန်းကျောင်းနိုင်ခဲ့တယ်လား”

“အင်းလေ”

သေမင်းတောင်ကြား၏ အရှင်သခင်နှစ်ပါးကို သတ်ဖြတ်ခဲ့ခြင်းအား သူမ လက်သင့်ခံနိုင်သေးသည်။ သို့ပေမဲ့ ခရမ်းရောင် လျှပ်စီးကျားသားရဲအား ထိန်းကျောင်းနိုင်ခဲ့သည် ဆိုခြင်းမှာ တရားလွန် လွန်းသည်ဟု သူမ ထင်မှတ်မိ၏။

“ခင်ဗျား မယုံဘူးလား”

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “သွားစို့ .. ကျုပ် အပြင်ကို ဆင့်ခေါ်ပြမယ်”

ပြောပြီးသည့်နောက် အဓိက ဟောခန်းထဲမှ လျှောက်ထွက်လိုက်သည်။

လီလိုရှု အလျှင်အမြန် လိုက်ပါလာသည်။ ဂိုဏ်းချုပ် တကယ်ပဲ ခရမ်းရောင်လျှပ်စီး ကျားသားရဲအား ထိန်းကျောင်းနိုင်ခဲသလား ဆိုသည်ကို သူမ သိချင်မိ၏။

…..

သိုင်းလေ့ကျင့်ရေး ကွင်းပြင်ထဲမှာတော့ …

စုရှောင်မိုသည် မီးနဂါးကြီးအား မည်သို့ သတ်ဖြတ်ခဲ့ကြောင်း စီကာပတ်ကုံး ချဲ့ထွင်၍ နားထောင်ကောင်းအောင် ပြောဆိုလျက်ရှိသည်။

မီးနဂါးကြီးအား သတ်ဖြတ်နိုင်ခဲ့သည့် တိုက်ပွဲသည် အလှည့်အပြောင်း၊ အကွေ့အကောက်တွေများစွာနှင့် ရင်တမမ နားထောင်ရသည့် တိုက်ခိုက်ရေး ဖြစ်စဉ်ကြီးလည်း ဖြစ်၏။

နားထောင်နေကြသော ဂိုဏ်းသားများသည် ရင်တဖိုဖိုနှင့် နှလုံးခုန် ၊ ရင်တုန်တောင် ဖြစ်မိနေကြသည်။

“တောက် …”

အဝေးတစ်နေရာမှာ ရှိနေသော ထျန်းချီ က ပြောလိုက်မိသည် “စီနီယာအစ်ကိုစု .. ပုံပြောတဲ့သူပဲ လုပ်သင့်တယ်။ အခုတော့ သိုင်းကျင့်ကြံရင်း သူ့ရဲ့ ပါရမီကို ဖြုန်းတီးနေတာပဲ”

“မှန်တယ်”

လီဖေး၏ နှုတ်ခမ်းတွေသည်လည်း တဆတ်ဆတ် တုန်ရင်လျက်ရှိ၏ “သူ ပြောတာ နားထောင်ပြီး မီးနဂါးကြီးကို သတ်တုန်းက ကျွန်တော် ပါခဲ့တာ ဟုတ်ရဲ့လားတောင် သံသယ ဝင်မိလာတယ်။”

စုရှောင်မို လေပေါနေတုန်းမှာပဲ ဂိုဏ်းချုပ် နှင့် ဟောခန်းသခင်လီတို့သည် အဓိက ဟောခန်းထဲမှ လျှောက်ထွက်လာကြောင်း အားလုံးမြင်လိုက်ကြရ၏။

“ပေါက်ကရတွေ လျှောက်မပြောနဲ့တော့”

ကျွင်းချောင်ရှောင်း လက်ကို ယမ်းခါပြီး ပြောလိုက်သည် “ဖယ်အုံး .. ငါ ဒီကွင်းကို ခဏသုံးမယ်။”

“မင်းတို့ ဇာတ်သိမ်းကို သိချင်ရင် ပြီးမှ ဆက်နားထောင်ကြတော့”

စုရှောင်မို သည် စကားကို အဆုံးသတ်ပြီး ဘေးတစ်ဖက်ဆီသို့ ထွက်လိုက်သည်။ ဂိုဏ်းသားများသည်လည်း အသာနောက်ဆုတ်ပြီး သိုင်းလေ့ကျင့်ရေး ကွင်းပြင် အား နေရာဖယ်ပေးလိုက်ကြသည်။

ကျွင်းချောင်ရှောင်းသည် သားကောင်ဖမ်း ဘောလုံးအား အသာထုတ်ယူပြီး ပြုံးကာ ပြောလိုက်၏ “ဒီမှာ အားလုံးရှိနေတယ် ဆိုတော့ ခရမ်းရောင် လျှပ်စီးသားရဲကို ပြမယ်”

ခရမ်းရောင်လျှပ်စီးသားရဲလာစ။

တပည့်များသည် ဇဝေဇဝါဖြင့် တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်မိကြ၏။

အဟမ်း .. အဟမ်း ..။

စုရှောင်မို လည်ချောင်းရှင်းပြီး ကျယ်လောင်စွာ အော်လိုက်သည် “ဂိုဏ်းချုပ် က မီးနဂါးကြီးကို သတ်ပြီးနောက်မှာ ရှားပါးလွန်းတဲ့ သားရဲကို ဖမ်းဆီးထိန်းကျောင်းနိုင်ခဲ့တယ်။ အဲအကောင်ကြီးက တစ်ကိုယ်လုံး ခရမ်းရောင် လျှပ်စီးတွေ တောက်နေပြီး ခန့်ညားလွန်းတယ်။”

“အိုး … လျှပ်စီးအမျိုးအစား သားရဲကြီးလား။”

“ဂိုဏ်းချုပ် က အရမ်းကြမ်းတယ်”

တပည့်များ၏ မျက်နှာပေါ်တွင် အလွန်အမင်းချီးကျုးပြီး သူတို့ဂိုဏ်းချုပ်အတွက် ဂုဏ်ယူနေသော အမူအရာတွေ ပေါ်လာတော့သည်။

ဝှစ် ..။

အားလုံး၏ အကြည့်အောက်မှာပဲ ဂိုဏ်းချုပ်ကျွင်းသည် လက်ကို ဟန်ပါပါ နဲ့ ယမ်းခါပြီး အော်လိုက်သည် “ထွက်ခဲ့စမ်း .. ခရမ်းရောင် လျှပ်စီးသားရဲ”

ဘုန်း..။

သားကောင်ဖမ်းဘောလုံးသည် လေထဲသို့ လွင့်စင်သွား၏။ ချက်ချင်းဆိုသလိုပဲ သိုင်းလေ့ကျင့်ရေး ကွင်းပြင်ထဲတါင် သားရဲတစ်ကောင် ပေါ်လာသည်

နားရွက်ကြီးကြီး ၊ နှာခေါင်းရှည်ရှည်နှင့် အကောင်လေး ဖြစ်သည်။

တည်နေရာတစ်ခုလုံး အပ်ကျသံပင်မကြားရလောက်အောင် ငြိမ်သက်သွား၏။

လီလိုရှု နှင့် တပည့်များသည် ထိုသားရဲအားကြည့်ပြီး စဉ်းစားမိနေကြသည် “ဒါက .. ခရမ်း …”

အု ..အု ..။

အကောင်လေးဆီမှာ အသံနှစ်ချက် ထွက်ပေါ်လာချိန်မှာတော့ တောဝက်ကလေးဖြစ်မှန်း သူတို့ သေချာသွားတော့၏။

ဟန်လုပ်နေသော ကျွင်းချောင်ရှောင်း၏ လက်သည် လေထဲမှာပဲ တန့်ခနဲ ဖြစ်သွားတော့သည်။ “ချီးတဲ့မှ .. သားကောင်ဖမ်း ဘောလုံး မှားထုတ်တာပဲ”

“ဂိုဏ်းချုပ် …”

လီလိုရှု အသာလှည်ကာ ပြောလိုက်သည် “ကျွန်မကို ကျားနဲ့ ဝက် မခွဲခြားနိုင်ဘူးလို့ ထင်နေတာလား”

All Chapters