← Chapters

အခန်း (၂၀၈)

Vol. 15 Ch. 208

အခန်း (၂၀၈)

Vol. 15 Ch. 208

ဤခပ်ဝဝ သတ္တဝါလေးသည် ဝက်နှင့် အလွန်ဆင်တူလှ၏။

သို့ပေမဲ့ ဝက် မဟုတ်ဘူး ဆိုလျှင်တောင်မှ ကျိန်းသေပေါက် ကျားတစ်ကောင်တော့ မဟုတ်ပေ။

ထို့ကြောင့် ဂိုဏ်းချုပ် ထိုအကောင်လေးအား ဆင့်ခေါ်လိုက်ချိန်မှာတော့ သူမ၏ သိမြင်နားလည်ခဲ့သော ဗဟုသုတများ အားလုံးသည် မှားယွင်းနေပြီလားဟုပင် လီလိုရှု ကိုယ့်ကိုယ်ကို သံသယဝင်မိသွား၏။

"စီနီယာအစ်ကိုကြီး … ဒါက ဝက်မဟုတ်ဘူးလား။"

"အေး ဝက်နဲ့တော့တူတယ်။"

"ကျွန်တော် ကျားကို တစ်ခါမှ မမြင်ဖူးဘူးဆိုပေမယ့် ကျားဆိုတာ ကြောင်နဲ့တူတဲ့အကောင်မဟုတ်လား။"

တပည့်များသည် စတင်၍ ဆွေးနွေးနေကြသည်။

သားကောင်ဖမ်း ဘောလုံး ကို မှားပြီးထုတ်ယူလိုက်မိသော ကျွင်းချောင်ရှောင်းမှာတော့ အလွန်အမင်း ရှက်ရွံ့မိသွား၏။

သူသည် ဟန်ပါပါဖြင့် သရုပ်ပြချင်သော်လည်း အဘယ့်ကြောင့် ဤသို့ပြုလုပ်ရန် ခက်ခဲနေရသနည်း။

"ပြန်ဝင် …."

ကျွင်းချောင်ရှောင်းသည် တောဝက်လေးအား အော်လိုက်၏။

"ဝှစ်"

သားကောင်ဖမ်းဘောလုံး ပေါ်တွင်ရှိသော ထိုက်ကျိ ပုံရိပ်ယောင်များသည် ဖျက်ခနဲလင်းသွားပြီး ချက်ချင်းဆိုသလိုပဲ ခပ်ဝဝသတ္တဝါလေးအား ဘောလုံးအတွင်းသို့ စုပ်ယူသွားတော့သည်။

"သေချာကြည့်ကြ။"

ကျွင်းချောင်ရှောင်းသည် နောက်ထပ်သားကောင်ဖမ်း ဘောလုံးတစ်လုံးအား ထုတ်ယူကာ ပြောလိုက်၏။ "ဒီတစ်ကြိမ်မှာတော့ တကယ့်ကို ခရမ်းရောင်လျှပ်စီး ကျားသားပေါက်လေး။"

"ဝှစ်"

သူ ချက်ချင်းပဲ လက်ကိုရမ်းခါကာ ပြောလိုက်၏။ "ထွက်ခဲ့တော့ ခရမ်းရောင်လျှပ်စီးသားရဲ"

လီလိုရှု မျက်လုံးတွေ ချာချာလည်သွား၏။

မူလက အလွန်အမင်း စိတ်လှုပ်ရှားနေသော တပည့်များသည်လည်း ဂိုဏ်းချုပ် တောဝက်ကို ဆင့်ခေါ်လိုက်သည့်ချိန်မှာတော့ သူတို့၏စိတ်ဝင်စားမှုများ ပျောက်ဆုံးသွားခဲ့ပြီဖြစ်သည်။

"ဘန်း"

သားကောင်ဖမ်းဘောလုံးဆီမှ အလင်းတန်းတွေ ထွက်ပေါ်လာ၏။

"ဝေါင်း"

ခန့်ညားပြီး အလွန်တရာကြည့်ကောင်းလှသော ခရမ်းရောင် လျှပ်စီးသားရဲကြီးသည် သိုင်းလေ့ကျင့်ရေး ကွင်းပြင်ထဲ၌ မတ်မတ်ရပ်လျှက်ရှိပြီး အသံကျယ်ကြီးဖြင့် ဟိန်းလိုက်၏။

ခန္ဓာကိုယ်တွင် ခရမ်းရောင်လျှပ်စီးများသည် တလက်လက်နှင့် တောက်ပလျက်ရှိပြီး ကြည့်ရသည်မှာ အလွန်အမင်း လှပလွန်းသည်။

ထွက်ပေါ်လာမည့် သားရဲအပေါ်တွင် လေးလေးနက်နက် စိတ်ဝင်စားမှုမရှိတော့သော လီလိုရှု နှင့် တစ်ခြားသောတပည့်များ အားလုံးသည် ခရမ်းရောင် လျှပ်စီးသားရဲကို မြင်လိုက်ချိန်မှာတော့ ပါးစပ်အဟောင်းသား နှင့် ဖြစ်မိသွားကြ၏။

အလွန်တရာ ကြီးမားလှသော သားရဲကြီးကို သူတို့ မြင်လိုက်ချိန်မှာတော့ သူတို့၏မျက်လုံးများပင် ပြူးထွက်လာမိသည်။

ခန္ဓာကိုယ်တွင် ခရမ်းရောင်လျှပ်စီးဓာတ်များ တလက်လက်နှင့် တောက်ပနေပြီး အနီရောင်ပါးစပ်ကြီးထဲတွင် ထက်မြက်လှသော အစွယ်ချွန်ချွန်ကြီး များနှင့် ပြည့်နှက်လျက်ရှိ၏။

ဤအရာသည် ကျိန်းသေပေါက် ကျားသားရဲကြီးပင်ဖြစ်သည်။

"ဒါက လျှပ်စီးကျားသားရဲ တကယ်ကြီးပဲ။ အရမ်းမိုက်တယ်။"

တပည့်များအားလုံးသည် ထိတ်လန့်သွားကြ၏

ကျွင်းချောင်ရှောင်းသည် ရှေ့သို့လှမ်းတက်လာပြီး ခရမ်းရောင်လျှပ်စီးသားရဲကြီး ခန္ဓာကိုယ်ပေါ်သို့ တက်ကာ လီလိုရှု အားပြောလိုက်၏။ "ကျုပ် ရဲ့ ပဋိညာဉ် ရေးထိုးထားတဲ့ သားရဲကမဆိုးဘူးမဟုတ်လား။"

ခရမ်းရောင် လျှပ်စီးသားရဲကို ဆင့်ခေါ်ရာတွင် သတ္တဝါမှားသွားသောကြောင့် သူ အရှက်ရခဲ့၏။

သို့ပေမဲ့ ခရမ်းရောင်လျှပ်စီးသားရဲကြီး ထွက်ပေါ်လာချိန်မှာတော့ သူ၏ဂုဏ်သရေသည် အားလုံး၏ရှေ့တွင် ပြန်လည် ထိုးတက်သွားခဲ့သည်ဟု ခံစားမိလိုက်သည်။

"...." လီလိုရှု။

……..

ညရောက်လာခဲ့၏။

အချိန်အတိုင်းအတာတစ်ခုထိ ကျင့်ကြံပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်သည် စာကြည့်ခန်းထဲ ၌ ထိုင်၍ အနာဂတ်အတွက် သေသေချာချာ လေးလေးနက်နက် စဉ်းစားလျက်ရှိသည်။

ဟန်လုပ်ကြွားဝါခြင်းဆိုသည်မှာ သူ၏ပျင်းရိစရာကောင်းသောဘဝကို ပျော်ရွှင်စေရန် တစ်ခါတစ်လေ ပြုလုပ်သည့်အရာ ဖြစ်သော်လည်း တကယ်တန်း သူ စဉ်းစားနေသည်မှာ သူ၏ဂိုဏ်းအား မည်ကဲ့သို့ အားကောင်းအောင် ပြုလုပ်မည်ဆိုသည့် အကြောင်းအရာပင်ဖြစ်၏။

ထို့အပြင် နတ်စမ်းချောင်းဂိုဏ်းသို့ သွား၍ စိန်ခေါ်ရန် ကိုးလသာ ကျန်ရှိတော့သည်။

"ချင်းယန်နဲ့ တစ်ခြားသူတွေ သိုင်းဆရာအဆင့်ကို ချိုးဖျက်ရောက်သွားပြီလား မသိဘူး။" ကျွင်းချောင်ရှောင်း တီးတိုးရေရွတ်မိ၏။

သူ့အမြင်အရဆိုလျှင် ဟောင်ချီဂိုဏ်းတွင် သိုင်းဆရာအဆင့် တပည့်များရှိသည် ဆိုသောကြောင့် နတ်စမ်းချောင်းဂိုဏ်းတွင်လည်း ကျိန်းသေပေါက် သိုင်းဆရာအဆင့် တပည့်များ အများအပြား ရှိပေလိမ့်မည်။

၎င်းတို့၏ ကျင့်ကြံခြင်း အဆင့်သည် မည်သို့မှ ဟောင်ချီဂိုဏ်းထက် နိမ့်ကျလိမ့်မည် မဟုတ်ပေ။

ကျွင်းချောင်ရှောင်း တီးတိုး ရေရွတ်လိုက်မိ၏။ "သူတို့ကို သိုင်းဆရာအဆင့်ကို ချိုးဖျက်ပြီး ပိုပြီးအားကောင်းလာအောင် လုပ်ခိုင်းရမယ်။"

ထို့အပြင် သူ့အနေနှင့် ကျင့်ကြံခြင်းအဆင့်ကို မြင့်တက်ချင်သည်ဆိုသော် အတွေ့အကြုံတွင် လစ်ဟင်းသွား၍ မရချေ။

များပြားလှသော အရင်းအမြစ်များကို ပံ့ပိုးပေးသည် ဆိုလျှင်တောင်မှ လှောင်အိမ်ထဲတွင် စိုက်ပျိုးထားသော ပန်းတစ်ပွင့် ဖြစ်သွားမည်ကို စိုးရိမ်မိ၏။

အစစ်အမှန် မုန်တိုင်းတွေ၊ လှိငု်းတွေထန်သည့်အချိန်မှာတော့ ထိုသို့သော ပန်းလေးသည် မည်သို့မှ မခံနိုင်ဘဲ ပျက်ဆီးသွားရမှာ သေချာသည်။

ထို့ကြောင့် ကျင့်ကြံသူများအနေနှင့် အရင်းအမြစ်များ အများအပြားရရှိလျှင်တောင်မှ သေခြင်းရှင်ခြင်းနှင့် ပတ်သက်သည့် အတွေ့အကြုံများကို ကောင်းကောင်းရယူရန် လိုအပ်နေ၏။

ဤကဲ့သို့ အတွေးအခေါ်ကို ကျွင်းချောင်ရှောင်းသည် တပည့်များအား သေမင်းတောင်ကြားထဲသို့ ခေါ်ဆောင်သွားခဲ့ပြီးသည့်နောက်မှာမှ ရရှိခဲ့ခြင်းဖြစ်သည်။

ထိုအတွေ့အကြုံများသည် တန်ဖိုးဖြတ်၍မရသည်ဆိုသည်ကို ကျွင်းချောင်ရှောင်း ကောင်းကောင်းနားလည်၏။

"မဆိုးဘူး။"

စနစ်မှပြောလိုက်သည်။ "သိုင်းပညာရှင်တွေအတွက် အားအင်အဆင့်ဆိုတာ အရင်းအမြစ် ကောင်းကောင်း သုံးစွဲရတာအပြင် တိုက်ခိုက်ရေး အတွေ့အကြုံလည်း လစ်ဟင်းနေလို့မဖြစ်ဘူး။"

ကျွင်းချောင်ရှောင်း တီးတိုးရေရွတ်လိုက်၏။ "ပိုပြီးအရင်းအမြစ်တွေရရှိတာအပြင် ပိုပြီးတော့ အတွေ့အကြုံတွေ ရရှိဖို့ဆိုတာက အရမ်းအရေးကြီးတဲ့အရာပဲ။"

အရင်းအမြစ်နှင့် ပတ်သက်လျှင် သူသည် အကြီးအကဲဝေ စိုက်ပျိုးထားသော ဆေးပင်များအပေါ်တွင် အားကိုးအားထားပြု၍ ရသည်။

အဘယ့်ကြောင့်ဆိုသော် ထိုဆေးပင်များသည် ဈေးကွက်တွင် ဝယ်ယူ၍ရသည့် ဆေးပင်များထက်ပိုမို၍ အရည်အသွေးကောင်းမွန်သောကြောင့် ဖြစ်၏။

"အရည်အသွေးမြင့် ဆေးပင်တွေကို အိုက်မိသားစုက နှစ်လအတွင်း ထပ်ပို့လိမ့်အုန်းမယ်။ဒါတွေကလည်း အသုံးဝင်လာလိမ့်မယ်။အတွေ့အကြုံကတော့ …."

ကျွင်းချောင်ရှောင်း သူ၏မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်၏။ "တပည့်တွေကို ကိုယ်ဘာကိုယ်အဖွဲ့လေးတွေဖွဲ့ပြီး တောရိုင်းတွေ ၊ အန္တရာယ်ရှိတဲ့နေရာတွေကို စေလွှတ် အတွေ့အကြုံယူခိုင်းရမယ်။"

စနစ်မှ ပြောလိုက်၏။ "ကြမ်းတမ်းလှတဲ့ သားရဲတွေနဲ့ တိုက်ခိုက်တယ်ဆိုတာ သူတို့ရဲ့ ကြမ်းတမ်းမှုကို ပိုပြီးတော့ တိုးတက်စေနိုင်တာ။သိုင်းပညာရှင်တွေက အလုံးစုံ အားအင်တွေ တိုးတက်လာစေဖို့အတွက်ကို တိုက်ခိုက်ကြရတာ ။ အားအင်ထုတ်ဖော်ပုံတွေ၊ တိုက်ပွဲ အတွေ့အကြုံတွေ၊ ဦးနှောက်အသုံးပြုပုံတွေ၊ အလုံးစုံ တိုးတက်လာဖို့ လိုတယ်"

"ဒါအမှန်ပဲ။"

ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည်။ "ဒါဆိုရင် တပည့်တွေကို ပြိုင်ပွဲတွေဆီ စေလွှတ်ပြီး သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေကို မြင့်တက်လာအောင် လုပ်ရမယ်။"

"အဲ့လောက်ကြီး ဒုက္ခရှာစရာ မလိုပါဘူး။"

စနစ်မှပြောလိုက်၏။ "ဂိုဏ်းရဲ့စမ်းသပ်မှု မျှော်စင်ဆိုတာ စတိုးထဲမှာရှိတယ်။ လက်ခံသူ ရဲ့ တပည့်တွေက အိမ်ကနေ တစ်ဖဝါးမှမခွာဘဲ အဲမှာ ကျင့်ကြံလို့ရတယ်။"

"ဂိုဏ်းရဲ့စမ်းသပ်မှုမျှော်စင် ဟုတ်လား"

ကျွင်းချောင်ရှောင်း ကြောင်သွားမိ၏။ ပြီးနောက် ပြောလိုက်သည်။ "ဒါကိုရဖို့ လွယ်ရဲ့လား။"

စနစ်မှပြောလိုက်၏။ "ဂိုဏ်းရဲ့အဆောက်အအုံက အဆင့်သုံးကို ရောက်သွားပြီ။ သီအိုရီအရ ပြောမယ်ဆိုရင် စနိုက်ပါရိုင်ဖယ်နဲ့ နတ်ဘုရားအဆင့် သိုင်းစနစ်တွေကိုတောင်မှ လွယ်လွယ်ကူကူ ရခဲ့သေးတာပဲ။"

ထိုအရာကိုကြားတော့ ကျွင်းချောင်ရှောင်း မျက်လုံးပင် ချာချာလည်သွားမိ၏။

သေမင်တောင်ကြားထဲတွင် သူသည် refresh ကို အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ရ၏။ သို့ပေမဲ့ နတ်ဘုရားအဆင့် သိုင်းစနစ်များကို ရရှိခဲ့သည် ဆိုရင်တောင်မှ သူသည် ဂိုဏ်းစမ်းသပ်မှုမျှော်စင် ဆိုသည့်အရာကို တစ်ခါမှ မမြင်ခဲ့ရချေ။

ထိုသို့ဆိုလျှင်တောင်မှ စနစ်သည် ဂိုဏ်း၏စမ်းသပ်မှုမျှော်စင်မှာ နတ်ဘုရားအဆင့် သိုင်းနည်းစနစ်များထပ်ပို၍ ရှာဖွေရ လွယ်ကူသည်ဟု ဆိုနေလေသည်။

စနစ်သည် ဆွံ့အသွားမိ၏။ "နတ်ဘုရားအဆင့်သိုင်းနည်းစနစ်က စမ်းသပ်မှုမျှော်စင်ထပ်ပိုပြီး တွေ့ရခဲတယ်။ ဘာလို့ လက်ခံသူက စိတ်အလိုမကျ ဖြစ်နေရတာလဲ။"

"ဒါလည်းဟုတ်တာပဲ။"

ကျွင်းချောင်ရှောင်း ကြောင်တောင်တောင်နှင့် ပြောလိုက်မိ၏။ "ဘာကို စိတ်အလိုမကျ ဖြစ်နေရတာလဲ။ ပိုပြီး ကောင်းတဲ့အရာကို ရခဲ့တာပဲလေ။"

ပြီးနောက် သူသည် စနစ်အားဖွင့်၍ စဦးအဆင့်စတိုးအား ဖွင့်ကြည့်လိုက်သည်။

သူ၏ကံတရားတန်ဖိုးသည် တစ်မှတ်ဖြစ်နေသည်ကို ကြည့်ရှုပြီးသည့်နောက်မှာတော့ refreshလုပ်ရန် စဉ်းစားလိုက်မိ၏။

refreshလုပ်ပြီးသည့်နောက် သူသည် ပစ္စည်းသစ်တစ်ခု ကို တွေ့လိုက်ရသည်။

ထိုအရာမှာ စကြဝဠာမောင်းပြန်ဟုခေါ်သော လက်နက်တစ်ခုဖြစ်၏။

အသေးစိတ်အား ကြည့်ရှုလိုက်သည့် အခါမှာတော့ ကျည်ဆံအများအပြားကို ပစ်လွှတ်တိုက်ခိုက်၍ရပြီး ဈေးနှုန်းမှာ ဂိုဏ်းစုဆောင်းမှတ် နှစ်ဆယ်သာရှိနေသည်။

"ဒါ မဆိုးဘူးပဲ။" ကျွင်းချောင်ရှောင်းနှစ်ခုဝယ်ယူလိုက်၏။

ပြီးနောက် စတိုးထဲရှိ တစ်ခြားသော ပစ္စည်းများ ကြည့်ရှုပြီးသည့်နောက် စည်းအတားအဆီးဟုခေါ်သော အကာအကွယ် သိုင်းနည်းစနစ်တစ်ခုကို သူမြင်လိုက်ရသည်။

ထိုနည်းစနစ်၏ အရည်အသွေးသည် အဆင့်မြင့်စဦးအဆင့်တွင် ရှိသည်ဆိုသော်လည်း စည်းကို အသက်သွင်းပြီးသည့်နောက်တွင် ခန္ဓာကိုယ်၏ရှေ့၌ စည်းအစီအရင်တစ်ခု ဖြစ်တည်လာမည်ဖြစ်၏။

ထို့အပြင် ဈေးနှုန်းမှာလည်း ဂိုဏ်းစုဆောင်းမှတ်ငါးဆယ်သာရှိသည်။

ဂိုဏ်းအနေနှင့် အကာအကွယ်သိုင်းနည်းစနစ်များကို ကျင့်ကြံသူဟူ၍မရှိချေ။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် တစ်ချက်လေးမှ မနှောင့်နှေးဘဲ ဝယ်ယူ၍ မိတ္တူအဆောင်တစ်ထောင်ဆွဲလိုက်၏။

"ဒင် … လက်ခံသူဝယ်ယူလိုက်သော သိုင်းနည်းစနစ်သည် ဂိုဏ်း၏သိုင်းနည်စနစ်အဖြစ် လိုက်ဖက်ညီသွားခဲ့၏။"

လက်ရှိအချိန်တွင် သံမဏိအရိုးဂိုဏ်း၏ သိုင်းနည်းစနစ်များမှာ ရီကျင်ကျင်း ကျင့်ကြံခြင်းနည်းစနစ်၊ လခြမ်းဓားကွက်၊ ပေါက်ကွဲလက်သီး နည်းစနစ် နှင့် တောင်ဖြိုလက်ဝါးတို့အပြင် စည်းအတားအဆီးဟူ၍ ရှိသွားခဲ့ပြီဖြစ်၏။

ကျင့်ကြံရန် အလွန်အမင်းခက်ခဲလှသော လင်းကျန့်ဓားသိုင်းနှင့် မိုးဆွေအဆောက်အဦး၏ ဝိညာဉ်ခြေလှမ်းကွက်များကို ထည့်သွင်းမထားချေ။

ဂိုဏ်း၏ကျင့်ကြံခြင်းနည်းစနစ်၊ လှုပ်ရှားမှုနည်းစနစ်၊ ဓားနည်းစနစ်၊ လက်ဝါးနည်းစနစ်၊ လက်သီးနည်းစနစ်၊ စိတ်ဝိညာဉ်အမျိုးအစား တိုက်ခိုက်ရေးနည်းစနစ် နှင့် အကာအကွယ် သိုင်းနည်းစနစ်အားလုံး စုံသွားခဲ့ပြီဖြစ်သည်။

ဂိုဏ်းကြီးများမှာလို သိုင်းနည်းစနစ်တွေ အများအပြားမရှိဘူးဆိုသော်လည်း သိုင်းနည်းစနစ်တစ်ခုချင်းစီသည် တစ်ခြားဂိုဏ်းများနှင့် နှိင်းယှဉ်လျှင် အလွန်အမင်း သာလွန်သည့်အဆင့်၌ ရှိနေ၏။

"ကံတရား အမှတ် တစ်မှတ်တိုးလာတော့ ထွက်လာတဲ့ပစ္စည်းတွေက အရင်ကနဲ့ မတူဘူး။" ကျွင်းချောင်ရှောင်း စပ်ဖြီးဖြီးနှင့် စတိုးအား ဆက်၍ ကြည့်လိုက်၏။ နောက်ဆုံးမှာတော့ သူသည် အော်ငိုချင်စိတ်ပင် ပေါက်သွားသည်။

အဘယ့်ကြောင့်ဆိုသော် လေးကြိမ်တိတိ refresh လုပ်ပြီး ဂိုဏ်းစုဆောင်းမှတ် ရှစ်ဆယ်အား အသုံးပြုပြီးသည် ဆိုသော်လည်း အသုံးဝင်လှသည့် ပစ္စည်းဟူ၍ တစ်ခုတစ်လေမှ သူ ထပ်မတွေ့ခဲ့ပေ။

"ကံတရားအမှတ်က တစ်မှတ်ရှိလာတော့ကော ဘာသုံးလိုရလို့လဲ။"

ကျွင်းချောင်ရှောင်း ဒေါသထွက်သွားမိ၏။ သို့ပေမဲ့ သူသည် refreshထပ်လုပ်နေမိသည်။

Refresh လုပ်ပြီးသည့်နောက်မှာတော့ ပထမဦးဆုံးအနေနှင့် သူ၏မျက်စိထဲတွင် ပေါ်လာသည်မှာ သေးငယ်လှသော စေတီပုံစံ အရာလေးတစ်ခုပင်ဖြစ်၏။

ထိုအရာ၏ အောက်တွင် ရေးသားထားသည်မှာ ဂိုဏ်းစမ်းသပ်မှု မျှော်စင်ဟူ၍ ဖြစ်သည်။

"ဟား ဟား ဟား ….. နောက်ဆုံးတော့ ငါရခဲ့ပြီ။"

ကျွင်းချောင်ရှောင်း အလောတကြီးနှင့် အသေးစိတ်အား ကြည့်လိုက်၏။

"ဂိုဏ်းစမ်းသပ်မှု စေတီ"

"မိတ်ဆက် - သိုင်းပညာရှင်များ လေ့ကျင့်ရန်အတွက် စမ်းသပ်မှု မျှော်စင် တစ်ခုဖြစ်ပြီး စုစုပေါင်း အထပ်ကိုးထပ်ရှိ၏။"

"အထပ်တစ်ခုချင်းစီတိုင်းတွင် လေ့ကျင့်ရေးနှင့် သက်ဆိုင်သည့် အရာတစ်ခုစီရှိနေ၏။ ဂိုဏ်း၏ အဆင့်မြင့်လာလေ လေ့ကျင့်ရာတွင် ပိုမိုခက်ခဲလာလေ ဖြစ်လိမ့်မည်။"

"အသုံးဝင်ပုံ - ဂိုဏ်းအဖွဲ့ဝင်များသည်သာ ထိုထဲသိုဝင်ရောက်၍ လေ့ကျင့်နိုင်စွမ်းရှိ၏။"

"စမ်းသပ်မှု မျှော်စင် ထဲသို့ ဝင်ရောက်လေ့ကျင့်သူများသည် ဝိညာဉ်ပုံစံများဖြင့် ဝင်ရောက်လေ့ကျင့်ရမည်ဖြစ်ပြီး ကျဆုံးခဲ့ပါက မသေဆုံးသည့်တိုင်အောင် အချိန်အတိုင်းအတာတစ်ခုထိ အားနည်းသွားပေလိမ့်မည်။"

"ဈေးနှုန်း - ဂိုဏ်းစုဆောင်းမှတ်နှစ်ရာမှတ်"

"ဒင် …. လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ်နှစ်ရာအား အသုံးပြု၍ ဂိုဏ်း၏ စမ်းသပ်မှု မျှော်စင်အား ရရှိခဲ့သည်။ ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပိုဆောင်ခဲ့သည်။"

"ဒင် …..ဂိုဏ်းစုဆောင်းမှတ် - ၃၀၃/၁၀၀၀"

All Chapters