← Chapters

အခန်း (၂၁၀)

Vol. 15 Ch. 210

အခန်း (၂၁၀)

Vol. 15 Ch. 210

စမ်းသပ်မှုမျှော်စင် ၏ ပထမထပ်မှာတော့ …..

ဤနေရာ၌ မည်သည့် အရာဝတ္ထုပစ္စည်းတစ်ခုကိုမှ မတွေ့ရချေ။

ရီရှင်းချန်နှင့် တစ်ခြားသူများသည် သူတို့၏ ဝိညာဉ်အခြေအနေနှင့် ပထမထပ်သို့ ရောက်ရှိလာချိန်ပြီးနောက် အလွန်အမင်း အံ့အားသင့်မိသွား၏။

စမ်းသပ်မှုမျှော်စင် တွင် အလွှာကိုးလွှာရှိသည့်အပြင် အထပ်တစ်ခုချင်းစီတိုင်းတွင် လွတ်လပ်သော တည်နေရာ တစ်ခုစီ အဖြစ် တည်ရှိနေသည်။ ထို့အပြင် အလွှာတစ်ခုချင်း စီတိုင်းသည် မတူညီသည့် စမ်းသပ်ခြင်း ပုံစံအမျိုးမျိုးအဖြစ် ဖြစ်တည်နေသေးသည်။

ပြောရမည်ဆိုလျှင် မျှော်စင်၏ အထပ်တစ်ခုချင်းစီတိုင်းသည် ဆန်းကြယ်လှ၏။ အပြင်ဘက်မှ မြင်ရသလို မီတာနှစ်ဆယ်ခန့်ရှိသော အဆောက်အဦးတစ်ခု ဖြစ်မနေပေ။

လီချင်းယန်တို့ အထဲကိုရောက်ရှိချိန်မှာတော့ စက်ဝိုင်းပုံစံ ကျောက်တုံးတစ်ခု ထွင်းထုထားသော တည်နေရာ အလွတ်ကြီးတစ်ခုကိုသာ မြင်တွေ့လိုက်ရ၏။

"ဒုတိယစီနီယာအစ်ကို။"

စုရှောင်မိုသည်လည်း အနားပတ်ဝန်းကျင်ကို ကြည့်ရှုကာ ပြောလိုက်သည်။ "ဒီမှာရှိတဲ့ အော်ရာတွေက နည်းနည်း ထူးဆန်းနေတယ်"

လီချင်းယန် လေးနက်စွာဖြင့် ပြောလိုက်သည်။ "စမ်းသပ်မှု မျှော်စင်ဆိုကတည်းက အန္တရာယ်တစ်ခုခုတော့ ရှိနေမှာပေါ့။ အားလုံးပဲ သတိထားကြ။"

"ကောင်းပါပြီ။"

အားလုံးသည် မြန်မြန်ဆန်ဆန်ပဲ တစ်ယောက်နှင့် တစ်ယောက် နီးကပ်အောင် နေလိုက်ကြသည်။ ထို့အပြင် သတိအပြည့်ထားလိုက်ကြ၏။

ထိုအချိန်မှာပဲ အသံတစ်ခု ပေါ်ပေါက်လာတော့သည်။ “တပည့်ငါးဆယ့်သုံးယောက်တို့သည် စုပေါင်း၍ စမ်းသပ်မှုမျှော်စင်၏ ပထမအထပ်အား စိန်ခေါ်ခဲ့သည်။”

"စပြီ။"

ရီရှင်းချန်၏ အမူအရာများသည် လေးနက်လာ၏။

စိန်ခေါ်ပွဲတွင် ဂိုဏ်းချုပ်သည် အောင်မြင်ခဲ့သည်ဆိုသော်လည်း အလွန်အမင်း ဆိုးရွားသည့် အခြေအနေမျိုးနှင့် ပြန်ထွက်လာခဲ့သည်။

ထို့ကြောင့် သူတို့အနေနှင့် သတိလက်လွှတ် မပြုမူသင့်ချေ။

အားလုံးသည်လည်း လေးနက်သည့် အမူအရာများနှင့် ဖြစ်လာကြသည်။

ဘုန်း …..။

သူတို့ရပ်နေရာ ကျောက်ပြားကြီးသည် ရုတ်တရက်ဆိုသလိုပဲ အောက်ဆီသို့ နိမ့်ဆင်းသွား၏။

ဝှစ်။

ထူးဆန်းလာသော လေပြေ လေညှင်းများတိုက်ခိုက်လာပြီး အားကောင်းလွန်းသော အရှိန်အဝါ များ ဖြစ်တည်လာတော့သည်။

လီချင်းယန်သည် ပထမဦးဆုံး ရှေ့သို့ တိုးကာ လျှောက်သွား၏။

သူသည် ပြင်းထန်လှသော လေပြင်းများ တိုက်ခိုက်သည့် ကြားမှာတော့ ခန္ဓာကိုယ်အား ဟန်ချက်ညီအောင် မနည်း ထိန်းသိမ်းနေရသည်။။

ထိုအခြေအနေမှာပဲ သူသည် သတိအပြည့်နှင့် ထားရှိထား၏။

ရှောင်ကျီ၊ စုရှောင်မိုနှင့် တစ်ခြားသူများသည် သူတို့၏ စိတ်ဝိညာဉ်စွမ်းအင်များကို အဆင်သင့် ပြင်ထားပြီး အချိန်မရွေးတုန့်ပြန်နိုင်ရန် စီစဉ်သည်။

အခြေအနေသည် ပို၍ လေးနက်တည်ငြိမ်လာ၏။

သူတို့ ခြေတစ်လှမ်းလှမ်းလိုက်ချိန်မှာတော့ သူတို့၏ စိတ်ပိုင်းဆိုင်ရာသည် ပိုမို၍ တင်းကျပ်လာခဲ့သည်။

ဝှစ် … ဝှစ်။

လေပြင်းများသည် ပြင်းပြင်းထန်ထန်နှင့် တိုက်ခိုက်လာ၏။

ရှောင်ကျီနှင့် လီယုဝါတို့သည် သူတို့၏ သံမဏိဒိုင်းကာများကို ထုတ်ယူလိုက်ကြသည်။

သူတို့သည် ဝိညာဉ်ပုံစံပင်ဖြစ်နေသည်ဆိုသော်လည်း သိုလှောင်လက်စွပ်ထဲမှာ ရှိနေသော ပစ္စည်းများအားလုံးကို အသုံးပြုနိုင်စွမ်းရှိနေ၏။

"အားလုံး စုဝေးကြ"

လီချင်းယန်သည်လည်း သူ၏ သံမဏိဒိုင်းကာအား ထုတ်ယူကာ အော်ဟစ်လိုက်သည်။

တပည့်ငါးဆယ်ကျော်တို့သည် အတူတကွ စုစည်း၍ သူတို့၏ စီနီယာအစ်ကိုများ အနောက်တွင် ပုန်းကွယ်လျက်ရှိ၏။

ဟူး …. ဟူး။

လေပြင်းများသည် ခပ်ကြမ်းကြမ်း တိုက်ခတ်နေ၏။

ပထမတုန်းက လေပြင်းများ တိုက်ခိုက်ခြင်းဖြစ်ပြီး နောက်ဆုံးမှာတော့ လေမုန်တိုင်းများကဲ့သိုပင် အားကောင်းလာသည်။

ဒိုင်းဖြင့်ပင် ကာကွယ်၍ မဖြစ် နိုင်တော့ချေ။

စုရှောင်မို၏ နှုတ်ခမ်းများသည် တဆတ်ဆတ် နှင့် တုန်ရင် သွားသည်။

"စီနီယာအစ်ကို …. ဆိုးတာပဲ။"

"ရှောင် …. ရှောင်။" လီချင်းယန်ပြောလိုက်သည်။

ပြောပြီးချင်းမှာပဲ ပြင်းထန်လှသော လေမုန်တိုင်းတစ်ခုသည် သူတို့ဆီသို့ တိုးဝင်လာတော့သည်။

"ဒါက …."

လီချင်းယန်၏ မျက်နှာ ပျက်ယွင်းသွားတော့သည်။

သူနှင့် သူ၏ ဂျူနီယာညီလေးများသည် အားအင်ကောင်းလှသော တစ်စုံတခု နှင့် ရင်ဆိုင်ရမည်ဟု တွေးထင်ထားခဲ့ကြသည်။ သို့ပေမဲ့ တကယ်တန်းမှာတော့ လေမုန်တိုင်းများ ကြားထဲတွင် ရှောင်ရှား နေရ၏။

အနည်းငယ်ကြောင်တောင်တောင် နိုင်သည့် အခြေအနေဖြစ်သည်ဟုလည်း ခံစားမိနေသည်။

စုရှောင်မိုသည် ဒိုင်းကာအား ဖယ်၍ အရှေ့သို့ လျှောက်ထွက်လိုက်၏။ သို့ပေမဲ့ ချက်ချင်းဆိုသလိုပဲ သူ၏ အမူအရာ သည် ပြောင်းလဲသွား၏။

အဘယ့်ကြောင့်ဆိုသော် သူခြေထောက်ကို လှမ်း၍ မလိုက်ချိန်မှာတော့ အလွန်အမင်း နှေးကွေးသည်ဟု ခံစားမိနေ၏။

"ဒုတိယ စီနီယာအစ်ကို" သူ ထအော်လိုက်မိသည်။ "ကျွန်တော့် ခန္ဓာကိုယ် ဘာဖြစ်တာလဲမသိဘူး။"

"ကျွန်တော်ရောပဲ …."

လီဖေးသည် ဖြေးညှင်းစွာနှင့် လျှောက်လှမ်းလာ၏။

သူတို့ကို ကြည့်ရသည်မှာ ခြေတစ်လှမ်းလှမ်းဖို့ အလွန်အမင်း ကြိုးစားနေရပုံပေါ်သည်။

လီချင်းယန် ရှောင်ကျီနှင့် တစ်ခြားသူများအားလုံးသည်လည်း သူတို့၏ လှုပ်ရှားမှုကို ကန့်သတ်ခံလိုက်ရသလို ဖြစ်နေကြောင်း သိရှိသွားရ၏။ သူတို့သည် လှုပ်ရှားရန်ပင် အလွန်အမင်း ခက်ခဲနေကြ၏။

"ဒါ နှေးကွေးစေတဲ့ အားအင်တစ်ခုလား။"

ရီရှင်းချန်၏ အမူအရာ သည် လေးနက်သွား၏။

အရင်ဘဝတုန်းက သူသည် ထိုကဲ့သို့ သိုင်းပညာရှင်များ၏ အမြန်နှုန်းကို ပိုမိုလျှင်မြန်လာစေရန် လေ့ကျင့်သည့် နှေးကွေးနယ်မြေများသို့ ရောက်ဖူးခဲ့၏။ (စီနီယာအဖြူသည် သေလမ်းရှာလွန်းသော လှိုင်းသုံးခု အား ထိုကဲ့သို့သော နယ်မြေထဲသို့ ပို့ဆောင်ခဲ့ဖူးသည်။)

"ခဏနေအုံး …. ဒါ နှေးကွေးတာ မဟုတ်ဘူး။" မမြင်ရသည့် အားအင်တစ်ခုသည် သူတို့အပေါ်သို့ ပိကျလာသည်ဟု အားလုံးက ခံစားလိုက်ရ၏။ သူတို့၏ လှုပ်ရှားမှုများသည် ပိုမို၍ လေးလံလာသည်။

ရီရှင်းချန်သည် တီးတိုးပြောလိုက်သည်။ "မြေဆွဲအားပဲ။"

…..

အပြင်ဘက်တွင်တော့ ကျွင်းချောင်ရှောင်းသည် ပြောလိုက်၏။ "စမ်းသပ်မှုရဲ့ ပထမအဆင့်က ခန္ဓာကိုယ်အားအင် စမ်းသပ်တာပဲ။ ဝင်ရောက်ယှဉ်ပြိုင်တဲ့ သိုင်းပညာရှင်ရဲ့ အားအင်အရ သူရင်ဆိုင်ရမယ့် အားအင်က ပိုပြီး တိုးလာလိမ့်မယ်။ ဒီတော့ ငါ့ရဲ့ တန်ဖိုးကြီးလှတဲ့တပည့်တွေ တစ်နာရီလောက် ခံနိုင်ပါ့မလား ကြည့်ရမယ်။"

စနစ်မှ ပြောလိုက်သည်။ “ဂိုဏ်းအဆောက်အဦ ရဲ့ ကန့်သတ်ချက်ကြောင့် ပထမအဆင့်ရဲ့ မြေဆွဲအားက ဆယ်ဆလောက်ပဲ ပိုပြီး ကောင်းတာလေ။ သူတို့အနေနဲ့ ခန္ဓာကိုယ်ဖြစ်တည်ခြင်း ဆေးလုံးနဲ့ ကြွက်သားတည်ဆောက်ခြင်း ဆေးလုံးတွေကိုတော့ သောက်သုံးထားတယ်ဆိုတော့ အသက်တော့ ရှင်နိုင်လောက်ပါတယ်။"

"ဒါဆိုရင် စမ်းသပ်ခြင်း မျှော်စင် ရဲ့ အဆင့်က ကြွက်သားတည်ဆောက်ခြင်း အခန်းလိုမျိုး အဆင့်မြှင့်တင်လို့ရတာလား" ကျွင်းချောင်ရှောင်း တီးတိုး ရေရွတ်လိုက်မိ၏။

စနစ်မှ ပြောလိုက်သည်။ "ဒီလိုမျိုး စဉ်းစားလို့ရတယ်။" ပြီးနောက် သူ ထပ်ပြောလိုက်သည်။ "တစ်နာရီဆိုတာက အဆင့်အတန်းမီမီနဲ့ အောင်မြင်တဲ့ အခြေအနေပဲ။ ဆက်ပြီးတော့ နေနိုင်မယ်ဆိုရင် ခန္ဓာကိုယ်က ပိုပြီးတော့ အားကောင်းလာလိမ့်မယ်။"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

သူသည် တစ်နာရီကြာအောင် နေထိုင်ခဲ့သည်ဆိုသော်လည်း ခန္ဓာကိုယ်၌ မည်သည့် ပြောင်းလဲမှုကိုမှ ထူးထူးခြားခြား မခံစားရပေ။

စနစ်မှ ပြောလိုက်၏။ "အကြောင်းပြချက်ရှာမနေနဲ့။ လက်ခံသူ မခံနိုင်လို့ ကိုယ့်ဘာသာကိယယ် ထွက်လာတာ မဟုတ်လား"

"မင်းတစ်နေ့လောက် င့ါကို ရင်နာအောင် မပြောဆိုရရင် နေသာထိုင်သာ မရှိဘူးလား။"

"ဟုတ်တယ်။"

"ချီးတဲ့မှ"

လေ့ကျင့်ရေးပထမထပ်မှာတော့ တပည့် ငါးဆယ်ကျော်တို့သည် နှေးကွေးစွာဖြင့် လှုပ်ရှားနေရ၏။

မြေဆွဲအား ဆယ်ဆတိုးလာပြီးသည့်နောက်မှာတော့ သူတို့၏ မျက်နှာတစ်ခုလုံးသည် ရှုံ့မဲ့နေကြတော့သည်။

ပခုံးပေါ်တွင် ကြီးမားနေရသော တောင်ကြီးတစ်ခု ကို ထမ်းထားရသလို ခံစားနေရပြီး သူတို့၏ ကြွက်သားများသည်လည်း တင်းမာလျက်ရှိ၏။

"ဒုတိယ စီနီယာအစ်ကို"

စုရှောင်မို၏ မျက်နှာသည် ပိုမို၍ ရှုံ့မဲ့လာ၏။ သူ၏ နောက်ကျောဘက်သည်လည်း ကွေးညွှတ်လာသည်။ “အရမ်း …..အရမ်းလေးတယ်။”

လီချင်းယန်သည်လည်း သက်တောင့်သက်သာ မခံစားရပေ။ သို့ပေမဲ့ သူသည် ခပ်မတ်မတ်တော့ ရပ်နေနိုင်သေး၏။

"ဒါက ဂိုဏ်းမျှော်စင်ရဲ့ ပထမအဆင့်ပဲ။ အားလုံးပဲ တောင့်ထား။"

သူတို့အားလုံး တောင့်ခံထားရမည်ဖြစ်သည်။

ထို့အပြင် ဝင်လာသော တပည့်များသည် လုချင်းချင်းမှ လွဲ၍ ကြွက်သားတည်ဆောက်ခြင်း အခန်းထဲ၌ လေ့ကျင့်ခဲ့ကြသူများဖြစ်၏။

သို့ပေမဲ့ လက်ရှိခံစားနေရသော ဖိအားများသည် ကြွက်သားတည်ဆောက်ခြင်းအခန်းထဲတွင် ထိုးနက်ခံရသည်ထက်ပို၍ ကြမ်းတမ်းပြင်းထန်ပြီး အားပါလှသည်။

ကြာကြာမခံနိုင်မည်ကို သူတို့ စိုးရိမ်မိ၏။

"ထူးဆန်းတယ်။"

လုချင်းချင်းသည် ခန္ဓာကိုယ်ဖြစ်တည်ခြင်း အခန်းထဲသို့ တစ်ခါမှ မသွားဖူးပေ။ သို့ပေမဲ့ သူမသည် မြေဆွဲအား ဆယ်ဆရှိသော နေရာတွင် ခပ်မတ်မတ် ရပ်နေသေး၏။

ဤအမျိုးသမီးသည် သူမ၏ ခန္ဓာကိုယ်ဆီမှ စိတ်ဝိညာဉ်စွမ်းအင်များ ထုတ်သုံးကာ မြေဆွဲအားကို ရင်ဆိုင်ထားသည်။

စမ်းသပ်မှု မျှော်စင်၏ ပထမထပ်သည် ဝင်ရောက်ယှဉ်ပြိုင်သူ တပည့်များ၏ ကျင့်ကြံခြင်း အဆင့်နှင့် အားအင်အပေါ်တွင် မူတည်၍ ဆယ်ဆပိုမိုတိုးသွားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ကျင့်ကြံခြင်းအဆင့်မြင့်လေ မြေဆွဲအားကို ခံစားရမှုသည် ပိုမို၍ ပြင်းထန်လေဖြစ်၏။

လုချင်းချင်း၏ အားအင်အဆင့်သည် ဘာမှန်းမသိချေ။ သို့ပေမဲ့ သူမသည် ကျိန်းသေပေါက် အားမနည်းတာ တော့ သေချာသည်။

ဆယ်ဆမြင့်မားသော မြေဆွဲအားနှင့် ရင်ဆိုင်ပြီးသည့်နောက်မှာတော့ သူမ၏ နဖူးထက်တွင် ချွေးများစတင်၍ ဖြစ်တည်လာတော့သည်။

လီချင်းယန်၊ စုရှောင်မို နှင့် တစ်ခြားသူများသည်လည်း အခြေအနေမကောင်းချေ။

ဆယ်မိနစ်လောက်ကြာပြီးသည့်နောက်မှာတော့ သူတို့အားလုံးသည် ချွေးတစ်ပေါက်ပေါက် ကျလျက် ရှိနေကြတော့၏။

သူတို့၏မျက်နှာ အမူအရာများအားလုံးသည် ရှုံ့မဲ့လျက်ရှိ၏။ သို့ပေမဲ့ သူတို့သည် ပျော်ရွှင်နေကြသည်။

တစ်ချို့သော သူများမှာတော့ အလွန်အမင်း တည်ငြိမ်နေသည်။ အထူးသဖြင့် ရှောင်ကျီနှင့် ရီရှင်းချန်တို့ပင် ဖြစ်၏။

ရှောင်ကျီသည် ခန္ဓာကိုယ်အား အဆုံးစွန်ထိ လေ့ကျင့်ထားသောကြောင့် မြေဆွဲအား ဆယ်ဆနှင့် ရင်ဆိုင်ရသည့်အချိန်တွင် သူ၏ အမူအရာသည် အနည်းငယ်သာ ပြောင်းလဲခဲ့သည်။

ရီရှင်းချန်သည် ခန္ဓာကိုယ်အားအင်ကို အဆုံးစွန်ထိ လေ့ကျင့်ထားခြင်း မရှိသော်လည်း ထိုက်ရွှန်ကျမ်းအား အသက်သွင်းကာ မြေဆွဲအားကို တွန်းလှန်နေနိုင်၏။

ဤသို့နှင့်ပဲ တပည့်ငါးဆယ့်သုံးယောက်တို့သည် ကောင်းကောင်းဖိနှိပ်ခံနေရသည်။ တော်တော်များများ၏ ခန္ဓာကိုယ်များသည် စတင်၍ ကွေးညွှတ်လာသည်။

…….

အချိန်များသည်လည်း ကုန်လွန်သွား၏။

မိနစ်သုံးဆယ်လောက်ကြာပြီးသည့်နောက်မှာတော့ သူတို့၏ စီနီယာနောက်တွင် ပုန်းကွယ်ကာ လိုက်လာကြသော တပည့်များအားလုံးသည် မြေပေါ်တွင် ဆောင့်ကြောင့်ထိုင်နေကြပြီ ဖြစ်သည်။

သူတို့၏ အမူအယာများအားလုံးသည်လည်း အခြေအနေ ဆိုးရွားမှုကို ညွှန်ပြလျက်ရှိ၏။ သူတို့ဆက်လက်၍ တောင့်မခံနိုင်တော့ပေ။

ဟူး။

စွေ့ပုကျန့် သည် မည်သို့မှ မခံနိုင်တော့ပေ။ ထို့ကြောင့် မြေပေါ်သို့ ပြုတ်ကျသွားတော့သည်။

သူ၏ ဝိညာဉ်သည် ဘုတ်ကနဲပြုတ်ကျသွားပြီး ပထမအဆင့်မှ ပျောက်ကွယ်သွားတော့၏။

“စွေ့ပုကျန့် … စိန်ခေါ်မှု ကျရှုံးသည်။”

ဘန်း ဘန်း။

မိနစ်အနည်းငယ်အတွင်းမှာပဲ များပြားလှသော တပည့်များသည် မည်သို့မှ မခံစားနိုင်သောကြောင့် မြေပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် ပြုတ်ကျသွားတော့သည်။

သူတို့၏ ဝိညာဉ်များသည် မူလ ခန္ဓာကိုယ်ထဲသို့ ပြန်လည်ရောက်ရှိသွားကြသည်။

သို့ပေမဲ့ ခန္ဓာကိုယ်ထဲသို့ ပြန်ရောက်ပြီးသည့်နောက်မှာတော့ သူတို့သည် ပက်လက်လန်ကာ မျက်လုံးများ ချာချာလည်လျက်ရှိ၏။ ပါးစပ်မှ အမြုပ်များ ထွက်ပေါ်နေပြီး ခန္ဓာကိုယ်သည်လည်း တွန့်လိမ်နေတော့၏။

All Chapters