အခန်း (၂၁၂)
Vol. 15 Ch. 212
စမ်းသပ်မှု မျှော်စင်ထဲသို့ တပည့် ငါးဆယ်ကျော် ဝင်ရောက်ခဲ့ပေမဲ့ သုံးဆယ်ကျော်သည်မှာ စိန်ခေါ်မှုကို အောင်မြင်ခဲ့သည်။ ရှောင်ကျီမှာ အကြာဆုံး နေနိုင်ခဲ့သူ အဖြစ် မှတ်တမ်းဝင်ခဲ့၏။
ထိုအရာသည် သာမာန်ပင်ဖြစ်သည်။
ဂိုဏ်းထဲ ဝင်ရောက်ခဲ့စဉ်ကတည်းက ယနေ့မထိ ရှောင်ကျီ သည် သူ၏ ခန္ဓာကိုယ်ကို ပိုမိုအားကောင်းလာစေရန် ပြုလုပ်ခဲ့သည်။ ထို့ကြောင့် မြေဆွဲအား တည်နေရာထဲတွင် အကြာဆုံး နေနိုင်ခဲ့ခြင်းမှာ သာမာန်ပင် ဖြစ်လေသည်
ဒုတိယအကြိမ်မြောက် ဝင်ရောက်ခဲ့သော တပည့်များမှာတော့ တစ်ယောက်မှ မအောင်မြင်ခဲ့ကြချေ။ အားလုံးသည် မြေဆွဲအား ဆယ်ဆ ၏ အောက်တွင် မည်သို့မှ တောင့်မခံနိုင်ခဲ့ကြချေ။
စမ်းသပ်မှု မျှော်စင်၏ ပထမအဆင့်သည် ခန္ဓာကိုယ်အား လေ့ကျင့်ရန် ဖြစ်ပြီး ဝိညာဉ်ကိုလည်း ပိုမို ကြံ့ခိုင်စေသည်။ ထို့ကြောင့် တပည့်များသည် ဤနေရာ၌ လေ့ကျင့်ပြီးလျှင် ပိုမို၍ အားကောင်းလာပေလိမ့်မည်။
မြေဆွဲအားကို တွန်းလှန်ပြီးနောက် ဝိညာဉ်သည် ခန္ဓာကိုယ်ထဲသို့ ပြန်ရောက်ချိန်တွင်နာကျင်မှု ကိုပါ တပါတည်း ခေါ်ဆောင်လာခဲ့သည်။ ထို့ကြောင့် အားမကောင်းလှသော တပည့်များ ၊ ခံနိုင်ရည် နည်းပါးသော တပည့်များ စမ်းသပ်မှုမျှော်စင်ထဲ ဝင်ပြီးလျှင် သေမလို ဖြစ်ကျန်ရစ်လေသည်။
ဖူး …။
မျှော်စင်၏ အပြင်ဘက်တွင်တော့ လီချင်းယန် နှင့် တခြားသော သူများသည် မြက်ခင်းပြင်ပေါ်တွင် လှဲလျောင်းရင် မောကြီးပန်းကြီးဖြင့် အသက်ရှုနေရသည်။ သူတို့၏ ခန္ဓာကိုယ်များသည် သူတို့၏ ကိုယ်ပိုင်မဟုတ်သလိုမျိုး ခံစားနေကြရ၏။
မြေဆွဲအား တည်နေရာသည် ကြွက်သားတည်ဆောက်ခြင်း အခန်းထက် ပို၍ အဆပေါင်းများစွာ ကြမ်းတမ်းလှသည်။
ကျရှုံးသွားခဲ့ကြသော တပည့်များအားလုံးသည် မျက်ဖြူစိုက်ပြီး ပါးစပ်ထဲမှ အမြုပ်တွေ ထွက်ကာ ခန္ဓာကိုယ်တစ်ခုလုံး တွန့်လိမ်လျက်ရှိ၏။
စမ်းသပ်မှု မျှော်စင်ကျရှုံးခြင်းသည် တကယ်တန်းသေဆုံးသွားတာမျိုး မဟုတ်ပေမဲ့ သေမလို ခံစားရလေသည်။ တနေကုန် နီးပါး ခံစားရခြင်းလည်း ဖြစ်သည်။
…
နောက်တစ်ရက် …
ကျွင်းချောင်ရှောင်းသည် စောစောစီးစီး အိပ်ရာမှ ထလိုက်သည်။ သူ၏ ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်နေမှုများ အားလုံးသည် ယူပစ်သလို ပျောက်ကင်းသွားခဲ့သည်။ ခန္ဓာကိုယ်တစ်ခုလုံး အားအင်များနှင့် ပြည့်နှက်လျက် ရှိနေ၏။
သူ အကြိမ်ပေါင်းများစွာ ထခုန်၍ ကျွမ်းတွေ ထိုးကြည့်လိုက်သည် “တော်တော် ပေါ့သွားတာပဲ”
သူ လေ့ကျင့်ရေးခန်းမ ဆီ သွား၍ ညာလက်သီးဖြင့် အားအင်စမ်းသပ်ခြင်း စက် အား စမ်းသပ်ကြည့်လိုက်တော့ ဂျင် ၉၀၀၀၀ ဟု ပြသနေသည်ကိုမြင်လိုက်ရသည်။
ကျွင်းချောင်ရှောင်း ပြောလိုက်၏ “မနေ့ကထက် ပိုပြီး အားကောင်းလာတာပဲ”
သူ၏ လက်ရှိ အဆင့်အရ ကြွက်သားတည်ဆောက်ခြင်းအခန်းထဲတွင် တစ်ရက်လုံးလုံးနေမည် ဆိုလျှင်တောင်မှ အားအင် တိုးတက်မလာနိုင်တော့ပေ။
စမ်းသပ်မှု မျှော်စင်တွင် တစ်နာရီ နေထိုင်ခဲ့ြ့ခင်းကြောင့် အားအင်များ တိုးပွားလာခဲ့သည် ဆိုသည်မှာ အံ့အားသင့်စရာပင်။
စနစ်မှ ပြောလိုက်သည် “လက်ခံသူက ခန္ဓာကိုယ်အားအင်တင်မဟုတ်ဘူး။ စိတ်ဝိညာဉ်စွမ်းအင်တွေပါ တိုတက်လာခဲ့တာပဲ။ ဆက်ပြီး လေ့ကျင့်မယ်ဆိုရင် တော်တော်အကျိုးထူးလိမ့်မယ်”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “စမ်းသပ်မှု မျှော်စင်က တကယ့်ကို မဆိုးဘူးပဲ။ ဂိုဏ်းစုဆောင်းမှတ် တွေ အားလုံး သုံးလိုက်ရတယ် ဆိုရင်တောင်မှ တော်တော် တန်တယ်လို့ ဆိုရမယ်”
အရင်တုန်းက သူ့ကိုယ်သူ ဤနည်းလမ်းဖြင့် ရှာကြံနှစ်သိမ့်နေခြင်းဖြစ်သော်လည်း စမ်းသပ်မှုမျှော်စင်သည် တကယ်တန်းအသုံးပြုပြီးနောက်တွင် အသုံးဝင်ကာ ထိုက်တန်သော အရာဖြစ်လို့နေ၏။
“ဟားဟား …”
လီထျန်းရှန် သည် သိုင်းလေ့ကျင့်ရေး ကွင်းပြင်ထဲ၌ ခုန်ပေါက်လျက်ရှိသည်။ ပြီးနောက် အရူးတစ်ယောက်လို အော်ဟစ်နေသည် “ခုန်လိုက်ရင် ကောင်းကင်ပေါ် တက်တော့မလိုပဲ ဟေးဟေး။။။”
များပြားလှသော တပည့်များသည် သူတို့၏ အားအင်ကိုစမ်းသပ်ရန် လေ့ကျင့်ရေးခန်းမ ဆီသို့ ရောက်ရှိလာကြသည်။ သူတို့၏ အားအင်များ တိုးတက်နေသည်ကို မြင်ချိန်မှာတော့ အားလုံးသော သူတို့သည် အလွန်အမင်း ဝမ်းသာသွားကြတော့၏။
“သွားစို့ …. အထဲမှာ သွားလေ့ကျင့်ရအောင်”
မြေဆွဲအား တွန်းလှန်မှု၏ ချိုမြိန်သော အသီးအပွင့်ကို သိရှိပြီးသည့်နောက် တပည့်များသည် မနေ့တုန်းက နာကျင်ခဲ့ရသည်များအား မေ့လျော့သွားခဲ့ကြသည်။ အားလုံးသည် တောင်အနောက်ဘက်သို့ ဦးတည် ပြေးလွှားသွားကြသည်။
အထူးသဖြင့် စုရှောင်မို နှင့် လီဖေးတို့ဖြစ်သည်။ မနေတုန်းက သေမလိုဖြစ်ခဲ့သည်များကို မေ့လျော့ပြီး အပြင်စည်း တပည့်များထက် မြန်အောင် ရှေ့မှ ပြေးသွားလျက် ရှိ၏။
သေအောင် ရိုက်လျှင်ပင် ထိုနေရာသို့ မသွားတော့ ဟူသော သံဓိဠာန် ဆုံးဖြတ်ချက်များသည် သေအောင်ရိုက်လျှင်ပင် ရောက်အောင် သွားမည် ဟူ၍ ပြောင်းလဲသွားတော့သည်။
သို့ပေမဲ့ သူတို့တောင်အနောက်ဘက်သို့ရောက်ချိန်မှာတော့ သူတို့ထက် ဦးသူ ရှိနှင့်နေကြောင်းတွေ့လိုက်ရ၏။
မည်သူတွေနည်း။
လီချင်းယန်၊ ရှောင်ကျီ နှင့် ရီရှင်းချန် တို့ပင် ဖြစ်လေသည်။
သူတို့သုံးယောက်သည် အိပ်ရာမှ နိုးနိုးချင်း လေ့ကျင့်ရေးကွင်းပြင်သို့ စမ်းသပ်ရန် မသွားကြချေ။ သူတို့၏ ခန္ဓာကိုယ် နှင့် စိတ်ဝိညာဉ် စွမ်းအင်များ တိုးတက်လာကြောင်း ခံစားသိသည်မို့ စမ်းသပ်မှု မျှော်စင်ရှိရာသို့ တန်းပြေးလာကြခြင်းပင် ဖြစ်၏။
“ဝင်ရအောင် .. သွားမယ်”
တံခါးပွင့်သွာပြီးနောက် စုရှောင်မိုသည် မြန်မြန်ပဲ ဝင်သွားလိုက်သည်။ ထျန်းချီ နှင့် လီဖေးတို့သည်လည်း လိုက်ပါလာကြသည်
“စုရှောင်မို ပထမအလွှာ စမ်းသပ်မှုအား စိန်ခေါ်သည်။”
“ထျန်းချီ ပထမအလွှာ စမ်းသပ်မှုအား စိန်ခေါ်သည်။”
“လီဖေး ပထမအလွှာ စမ်းသပ်မှုအား စိန်ခေါ်သည်။”
သုံးယောက်သား တရားဝင် စိန်ခေါ်မှုကို ပြုလုပ်ပြီးသည်နောက် သူတို့၏ ဝိညာဉ်ပေါ်သို့ မြေဆွဲအား ဆယ်ဆည် ဆင်းသက်လာတော့သည်။
စွေ့ပုကျန့် ၊ လီထျန်းထျန်း နှင့် တခြားသော သူများသည်လည်း တစ်ယောက်ပြီး တစ်ယောက် ဝင်လာကြ၏။
အချိန်တိုအတွင်း ပထမအထပ်တွင် တပည့်ခုနှစ်ဆယ်ကျော် ရောက်ရှိလာပြီ ဖြစ်သည်။
သူတို့ထဲတွင် မြေဆွဲအား ဆယ်ဆအား ပထမဆုံးအကြိမ် ရင်ဆိုင်ဖူးသူများမှာ အလွန်အမင်း အံ့အားသင့်လျက် ရှိကြသည်။
ကြွက်သားတည်ဆောက်ခြင်းအခန်းတွင်ပင် အသားမကျသေးသော တပည့်များသည် မြေဆွဲအား ဆယ်ဆ နှင့် ရင်ဆိုင်ရချိန်မှာတော့ မည်သို့မှ မတတ်နိုင်ဘဲ ဒူးထောက် ထိုင်ချလိုက်ရတော့၏။
အပြင်ဘက်တွင် ထိုင်ကြည့်နေသော ကျွင်းချောင်ရှောင်းသည် တီးတိုးရေရွတ်လိုက်မိသည် “မိနစ် အနည်းငယ်လောက် ဒီထဲမှာ စမ်းသပ်ရင်း အပြင်မှာ တနေကုန် လူသေလို ခံစားရတာ အချိန်ဖြုန်းတာနဲ့ တူတူပဲ”
စနစ်မှ ပြောလိုက်သည် “ဒါကြောင့် လက်ခံသူအနေနဲ့ ဒီထဲကို ဝင်မယ့် သူတွေ အတွက် အနည်းဆုံး ရှိသင့်တဲ့ အရည်အချင်း ကန့်သတ်ချက်ကို ချမှတ်သင့်တယ်။”
“အင်း …”
ကျွင်းချောင်ရှောင်း စဉ်းစားလိုက်မိသည်။
စွေ့ပုကျန့်၊ လီထျန်းထျန်း တို့၏ စွမ်းဆောင်ရည်ကို ကြည့်ပြီးနောက် ကြွက်သားတည်ဆောက်ခြင်း အခန်းထဲတွင် နှစ်လတာ မလေ့ကျင့်ဖူးသူများ ဤ စမ်းသပ်မှုမျှော်စင်အတွင်း ဝင်ခွင့်မပြူဆိုသော စည်းကမ်းကို သူ ချမှတ်လိုက်၏။
….
တစ်နာရီကျော်ကြာမြင့်ပြီးသည့်နောက် …
စမ်းသပ်မှုမျှော်စင်ထဲ ဝင်ရောက်၍ လေ့ကျင့်နေကြသော တပည့် ခြောက်ဆယ်ကျော်ထဲမှ တစ်ဝက်လောက်သည် ကျရှုံးသွားခဲ့ကြပြီ ဖြစ်သည်။
သို့ပေမဲ့ မနေ့တုန်းက စိန်ခေါ်မှုတွင် ပါဝင်ကြသူများမှာတော့ မနေ့ကထက် အချိန်အနည်းငယ် ပိုကြာအောင် နေနိုင်လာကြ၏
ဆိုလိုသည့် အဓိပ္ပာယ်မှာ ပိုမိုတိုးတက်လာခြင်းပင်။
လီချင်းယန်နှင့် တခြားသော နှစ်ယောက်တို့သည် တစ်နာရီ အချိန်ကာလကို ထပ်မံအောင်မြင်ပြီးသည့်နောက် တည်နေရာထဲတွင် ဆက်လက်နေထိုင်၍ စိန်ခေါ်လျက်ရှိသည်။
အဆုံးထိ အောင်မြင်ရမည်ဟု သူတို့တွေ မစဉ်းစားထားချေ။ ခန္ဓာကိုယ်အားအင်အား ပိုမို တိုးတက်စေချင်သည်မို့ သူတို့သည် အချိန်ကြာနိုင်သမျှ ကြာအောင် နေထိုင်ကြည့်ရန် ဆုံးဖြတ်ထားကြ၏။
စုရှောင်မို၊ ထျန်းချီ နှင့် လီဖေးတို့သည်လည်း သူတို့၏ အကန့်အသတ်ထိ ရောက်ရှိအောင် အချိန်အကြာဆုံး ဇွဲကောင်းကောင်းဖြင့် စိန်ခေါ်ကြသည်။
တပည့်များသည် ရှောင်ကျီ၏ မှတ်တမ်းကိုလည်း ချိုးနိုင်ရန် မျှော်လင့်နေကြ၏။
စမ်းသပ်မှုမျှော်စင်၏ လုပ်ဆောင်ချက်သည် တပည့်များ ပိုမိုကြိုးစားလာစေရန် ဖြစ်သည်။
သို့ပေမဲ့ စုရှောင်မိုတို့သည် ရှောင်ကျီလောက် ခန္ဓာကိုယ်ကြံ့ခိုင်ခြင်းတွင် မရူးသွပ်ကြချေ။ တစ်နာရီလောက် ဆက်လက်သည်းခံပြီးသည့်နောက် မည်သို့မှ တောင့်မခံနိုင်တော့ဘဲ အလိုအလျောက် ထွက်ခွာသွားရတော့၏။
ပထမအလွှာတွင်တော့ လီချင်းယန် ၊ ရှောင်ကျီ နှင့် ရီရှင်းချန် တို့သည်သာ ကျန်ရစ်ခဲ့တော့သည်။
“ငါ ကျရှုံးလို့မဖြစ်ဘူး။ တောင့်ခံထားရမယ်”
မြေဆွဲအား ဆယ်ဆအား တွန်းလှန်နေသော ရီရှင်းချန်သည် သူ၏ လက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်လျက်ရှိပြီး နဖူးထက်ရှိ သွေးကြောမကြီးများသည်ပင် ဖောင်းကြွနေ၏။
သိုင်းအင်ပါယာ တစ်ယောက်အနေနှင့် သူသည် ရှုံးနိမ့်မှုအား မည်သို့မှ လက်မခံနိုင်ချေ။
သို့ပေမဲ့ သူဝိညာဉ်ကူးပြောင်းလာသောသူသည် သစ်ခုတ်သမားလေး တစ်ဦး၏ ခန္ဓာကိုယ် ဖြစ်သောကြောင့် ရှောင်ကျီနှင့် ခန္ဓာကိုယ်ချင်း ယှဉ်၍ မရချေ။ နောက်ဆုံးမှာတော့ လီချင်းယန် နှင့် အတူ ရှုံးနိမ့်စွာဖြင့် ထွက်ခွာခဲ့ရလေသည်။
နှစ်ယောက်သားသည် မနေ့တုန်းကထက် ဆယ်မိနစ်ကျော် နေထိုင်နိုင်ခဲ့ပြီး တိုးတက်မှုကို ပြသခဲ့၏။
ဖူး …ဖူး ..။
လီချင်းယန် နှင့် ရီရှင်းချန် တို့သည် တံခါးပေါက်မှ တုန်ချိတုန်ချိ ဖြင့် ထွက်လာပြီး မြက်ခင်းပြင်ပေါ်တွင် လူသေကောင်တွေကဲ့သို့ တုတ်တုတ်မှ မလှုပ်နိုင်ကြတော့ပေ။
ရှောင်ကျီသည်လည်း မကြာခင်မှာပဲ ပြန်ထွက်လာတော့သည်။ မနေ့တုန်းက မှတ်တမ်းကို ရှောင်ကျီ ကျော်ဖြတ်နိုင်ခဲ့သော်လည်း စမ်းသပ်မှုမျှော်စင်သည် မှတ်တမ်းသစ် အဖြစ် အသိအမှတ် မပြုခဲ့ချေ။
“ထူးဆန်းတယ်”
ရှောင်ကျီ ထွက်လာတော့ ကျွင်းချောင်ရှောင်း ဇဝေဇဝါ ဖြစ်မိနေသည် “ရှောင်ကျီ မနေ့ကထက် ပိုပြီး ကြာကြာ နေနိုင်ခဲ့တယ်။ ဒါပေမဲ့ ဘာလို့ မှတ်တမ်းသစ် မထွက်တာလဲ”
စနစ်မှ ပြောလိုက်သည် “တစ်နာရီ ကြာမှ မှတ်တမ်းသစ်အဖြစ် အသိအမှတ်ပြုမှာ”
“ငါ သိပြီ”
ကျွင်းချောင်ရှောင်း နားလည်သွားသည်။ မှတ်တမ်းသစ်အဖြစ် အသိအမှတ် ပြုချင်သည် ဆိုလျှင် တစ်စုံတစ်ယောက်သည် ယခင်ကထက် တစ်နာရီ ကျော် နေနိုင်မှ ဖြစ်မည်။
ထိုအရာသည် ခက်ခဲလှ၏။ သူဆိုလျှင်တောင်မှ ရှောင်ကျီ၏ မှတ်တမ်းအား ချိုးဖျက်ချင်သည် ဆိုလျှင် တစ်ရက် ၊ နှစ်ရက် အတွင်း ပြုလုပ်နိုင်မည် မဟုတ်တာ သေချာ၏။