← Chapters

အခန်း (၂၁၄)

Vol. 15 Ch. 214

အခန်း (၂၁၄)

Vol. 15 Ch. 214

စမ်းသပ်မှု မျှော်စင်၏ ပထမအလွှာမှာတော့ ကျွင်းချောင်ရှောင်းသည် မြေဆွဲအား ဆယ်ဆအား တွန်းလှန်ပြီး ရပ်လျက်ရှိ၏။

သူတို့ ရောက်ရှိလာခဲ့သည်မှာ လေးနာရီကြာပြီးဖြစ်သည်။

သူသည် ဤနေရာသို့ နှစ်ကြိမ်တိုင်တိုင် ရောက်ရှိလာခဲ့ပြီဖြစ်သော်လည်း နေသားမကျသေးသလို ခံစားရ၏။

အခြားတစ်ဖက်မှာတော့ သူ့ဘေးတွင် ရှိသော လုချင်းချင်းသည် မျက်မှောင်ကုတ်နေသည်။

သူမ၏ နဖူးထပ်တွင် ချွေးစီးလုံးကြီးများ အလုံးလိုက်ကျလျက်ရှိ၏။

သို့သော်လည်း သူမကို ကြည့်ရသည်မှာ သက်တောင့်သက်သာနှင့် ရှိနေသေးသည်။

သူမသည် အဘယ့်ကြောင့် ကြွက်သားတည်ဆောက်ခြင်း အခန်းကို စိတ်မဝင်စားကြောင်း ကျွင်းချောင်ရှောင်း နောက်ဆုံးတွင် နားလည်သွားမိ၏။ သူမ၏ ခန္ဓာကိုယ်အားအင်သည် အစောကြီးကတည်းက အားကောင်းပြီးသားဖြစ်နေသောကြောင့်ပင်။ ထို့ကြောင့် ကြွက်သားတည်ဆောက်ခြင်းအခန်းအား အသုံးပြုရန် မလိုအပ်ချေ။

သူမသည် ငယ်ရွယ်သေး၏။ သို့ပေမဲ့ သူမ၏ ကျင့်ကြံခြင်း အဆင့်မှာဝောာ့ မြင့်မားနေသည်။ ထို့အပြင် အထူးသော ရေခဲ ဓာတ်သဘာဝကို ပိုင်ဆိုင်သေး၏။ ဤအကြီးဆုံးတပည့်ကြီးသည် မရိုးရှင်းလှပေ။

"ချင်းချင်း"

ကျွင်းချောင်ရှောင်းသည် မြေဆွဲအားကို တွန်းလှန်ရင်း ခက်ခက်ခဲခဲ ပြောလိုက်၏။ "မင်းရဲ့ နောက်ခံက ဘာလဲ။"

လုချင်းချင်း ပြောလိုက်သည်။ "ကျွန်မဆီမှာ နောက်ခံဆိုတာ မရှိဘူး။"

နောက်ခံမရှိဘူးဟုတ်လား။ ဒါကို အရူးတွေပဲယုံလိမ့်မယ်။

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "မင်းဆီမှာက သူတော်စင်အဆင့် စိတ်ဝိညာဉ်အမြစ်လည်း ရှိတယ်။ ပြီးတော့ ရေခဲဓာတ်သဘာဝကို ပိုင်ဆိုင်တယ်။ မင်းက မိသားစုကြီးတစ်ခုခုက ဆင်းသက်လာတာပဲ ဖြစ်ရမယ်။"

လုချင်းချင်း ကြောင်သွားသည်။

"ကျွန်မဆီမှာ သူတော်စင်အဆင့် စိတ်ဝိညာဉ်အမြစ်ရှိတာ ဘယ်လိုလုပ်သိလဲ။"

သူမသည် ဂိုဏ်းထဲ၌ မျက်နှာချင်းဆိုင် မတွေ့ချင်ဆုံးလူများမှာ ကျိုးဟုန်အပြင် ဂိုဏ်းချုပ်သာ ရှိ၏။

"သိတာပေါ့။"

ကျွင်းချောင်ရှောင်း ထပ်ပြောလိုက်သည်။ "မင်းက ဂိုဏ်းကြီး တစ်ခုခုက ဖြစ်လိမ့်မယ်"

ဂိုဏ်းကြီးတစ်ခုခုဟု အသံကို ကြားတော့ လုချင်းချင်း၏ မျက်လုံးပေါ်ရှိအရိပ်အယောင်များသည် ပြောင်းလဲသွားသည်။

ဤမိန်းကလေးသည် အလွန်အမင်း တည်ကြည်ဟန်ဖြင့် စိတ်ခံစားချက်များကို မျက်နှာပေါ်တွင် မပေါ်အောင် ထိန်းသိမ်းထားနိုင်သည်ဆိုသော်လည်း ကျွင်းချောင်ရှောင်းသည် အလစ်ငိုက်ဖမ်းနိုင်ခဲ့၏။

ဒီမိန်းကလေးက တကယ်ပဲ ဂိုဏ်းကြီးတစ်ခုခုက ဖြစ်ပုံပဲ။

သူတော်စင် နတ် စိတ်ဝိညာဉ်အမြစ်။

သူမသည် တတိယအဆင့် ဂိုဏ်းကြီးတစ်ခုမှ ဖြစ်ပေလိမ့်မည်။

သို့ပေမဲ့ ဂိုဏ်းကြီးတစ်ခုမှ လူတစ်ယောက်ဖြစ်သည်ဆိုလျှင် အဘယ့်ကြောင့် ချင်းယန် နိုင်ငံလေးထဲသို့ လာ၍ သူ၏ ဂိုဏ်းသေးသေးလေးသို ဝင်ရောက်ရသနည်း။

လက်ရှိအချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် စုံထောက်ကြီး ဦးစံရှား ဝင်စီးလိုက်သလိုပင် စဉ်းစားတွေးခေါ်မှုများကို ကွင်းတက်အချိတ်အဆက်များဖြင့် ပြုလုပ်လျက်ရှိသည်။

ဂိုဏ်းချုပ်ကျွင်းသည် သူ၏ ဦးနှောက်ကို အပြင်းအထန်အလုပ်ပေးပြီး နောက်ဆုံးမှာတော့ သူမသည် ဂိုဏ်းကြီးတစ်ခုခုမှ ထွက်ခွာလာရသည်ဖြစ်ကြောင်း အကြမ်းဖျင်း သုံးသပ်မိသွားသည်။

လုချင်းချင်း ပြောလိုက်သည်။ "ကျွန်မရဲ့ကိစ္စတွေကို ဂိုဏ်းချုပ်မသိတာ ပိုပြီး ကောင်းလိမ့်မယ်။"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "မင်း ဂိုဏ်းကြီးတစ်ခုခုမှာတစ်စုံတစ်ခု ဖြစ်ခဲ့တာပဲ ဒါကြောင့် ထွက်ခွာသွားဖို့ အတင်းဖိအပေးခံရတာ ဖြစ်လိမ့်မယ်။ဒီတော့ သံမဏိအရိုးဂိုဏ်းထဲကို ဝင်လာတယ်ဆိုတာက ပြဿနာတွေကို ရှောင်ရှားခြင်း ဖြစ်မယ်။"

"...." လုချင်းချင်း။

ဤမိန်းကလေး ငြိမ်သက်တိတ်ဆိတ်နေသည်ကိုမြင်တော့ ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ငါ့ရဲ့ခန့်မှန်းချက် က နီးစပ်တယ်မလား။"

လုချင်းချင်းသည် စကားပြောဆိုခြင်းကို ရပ်တန့်လိုက်ပြီး မြေဆွဲအားကို ခုခံရာ၌ပဲ အာရုံစိုက်ထားတော့သည်။

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

"မင်းက င့ါရဲ့သံမဏိအရိုးတပည့်အဖြစ် တစ်ရက်ရှိခဲ့တယ်ဆိုရင်တောင် တစ်သက်လုံး သံမဏိအရိုးဂိုဏ်း တပည့်ပဲ။ ပြဿနာတစ်ခုခု က မင်းရဲ့ အခန်းတံခါးကို လာခေါက်ပြီဆိုရင် ငါက မင်းရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေးမယ်။"

လုချင်းချင်းသည် သူ့အား ကြည့်ကာ ပြောလိုက်သည်။ "ကျွန်မရဲ့ရန်သူက သိုင်းဘုရင် ဒါမှမဟုတ် သိုင်းအင်ပါယာတစ်ယောက်ဖြစ်တယ်ဆိုရင်ရော ဂိုဏ်းချုပ် ကူညီအုံးမှာလား။"

သိုင်းဘုရင် ၊ သိုင်းစစ်သူကြီးဟုတ်လား။ ဤမိန်းကလေး၏ ရန်သူသည် ဤမျှ အားကောင်းနေသလား။

လုချင်းချင်း ပြောလိုက်သည်။ "ဂိုဏ်းချုပ် ဂိုဏ်းရဲ့ ဖွံဖြိုးတိုးတက်မှုမှာပဲ အာရုံစိုက်ထားသင့်ပါတယ်။ ကျွန်မရဲ့ ကိစ္စတွေကို ကိုယ်တိုင်ပဲ ကိုင်တွယ်ပါ့မယ်။"

"လုချင်းချင်း … သေချာနားထောင်။"

ကျွင်းချောင်ရှောင်းသည် သူ၏ ကွေးညွှတ်နေသော ခန္ဓာကိုယ်အား မတ်ကာ ပြောလိုက်သည်။

"ရန်သူ က အဆင့်မြင့်မားပြီး သိုင်းအင်ပါယာတစ်ယောက် ဖြစ်နေတယ်ဆိုရင်တောင် သံမဏိအရိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ ငါ မင်းရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပေးမယ်။"

သူ၏ စကားများသည် မာန်ပါပြီး အရှိန်အဟုန်လည်း ပြင်းထန်လှ၏။ သို့ပေမဲ့ မြေဆွဲအားဆယ်ဆကို တွန်းလှန်နေသည်ဖြစ်သောကြောင့် သူ၏ မျက်နှာမှာ ရှုံ့တွလျက်ရှိသည်။

လုချင်းချင်း ကြောင်သွားသည်။

ဖူး။

စကားပြောဆိုပြီး ရုတ်တရက် အာရုံပျောက်သွားသောကြောင့် ဂိုဏ်းချုပ်ကျွင်းသည် မြေပေါ်သို့ လဲကျသွားတော့၏။

သူ၏ဝိညာဉ်သည်လည်း စမ်းသပ်မှုမျှော်င်ထဲမှ ပြန်လည်ထွက်ခွာသွားတော့သည်။

ပထမထပ်တွင် ရပ်လျက်ရှိသော လုချင်းချင်း၏ နားထဲမှာတော့ ဂိုဏ်းချုပ်၏ မာန်ပါသော စကားလုံးများသည် အထပ်ထပ် ပဲ့တင်ထပ်လျက်ရှိနေသည်။

ခဏလောက်ကြာပြီးသည့်နောက် သူမ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာ၏။

ဤ ရေခဲတုံးလို အေးစက်လှသော မိန်းကလေးသည် နောက်ဆုံးတွင် ပြုံးခဲ့သည်။

အလွန်အမင်းလှပသော မိန်းကလေးသည် ပြုံးလိုက်ချိန်မှာတော့ ထိပ်တန်းအလှမယ်များပင် ရှုံးသွားနိုင်သည့် အလှမျိုးဖြစ်ပေါ်လာ၏။

ကံဆိုးစွာဖြင့် စမ်းသပ်မှု တံခါးမျှော်စင်မှ တုန်ချိချိနှင့် ပြန်လည်ထွက်ခွာနေရသည့် ဂိုဏ်းချုပ်ကျွင်းသည် သူမ၏ အပြုံးကို မမြင်နိုင်ခဲ့ချေ။

…….

နောက်တစ်ရက်မှာတော့ ကျွင်းချောင်ရှောင်းသည် စမ်းသပ်မှု မျှော်စင်၏ ပထမအလွှာအား တည်နေရာ နှစ်ခုအဖြစ် ခွဲခြားလိုက်သည်။

တည်နေရာတစ်ခုတွင် အမျိုးသားတပည့်များ လေ့ကျင့်ရန်ဖြစ်ပြီး အခြားတည်နေရာတစ်ခုမှာ အမျိုးသမီးတပည့်များ လေ့ကျင့်ရန်ဖြစ်၏။

အမျိုးသမီးတပည့်များအတွက် သီးသန့်ခွဲခြမ်းပြီးသည့်နောက်မှာတော့ အမျိုးသမီးများသည် ပိုမို၍ စမ်းသပ်မှု မျှော်စင်ထဲတွင် လာရောက်လေ့ကျင့်ကြတော့သည်။

သူမတို့သည် အမျိုးသားများနှင့် အတူတူ မလေ့ကျင့်ချင်ကြပေ။

အဘယ့်ကြောင့်ဆိုသော် မြေဆွဲအားကို တွန်းကန်သည့်အချိန်တွင် မျက်နှာတစ်ခုလုံးရှုူံ့တွပြီး အလွန်အမင်း အားအင်စိုက်ထုတ်မှု ပြုလုပ်ရသောကြောင့် ပုံပျက်ပန်းပျက်ဖြစ်ခဲ့ရသည် မဟုတ်လား။

ထို့ကြောင့်ပဲ သူမတို့၏ ဂုဏ်သိက္ခာ နှင့် အရှက်တရားကို ထိန်းသိမ်းသည့်အနေဖြင့် စမ်းသပ်မှု မျှော်စင်ထဲသို့ မဝင်ရောက်ခြင်းပင် ဖြစ်၏။

ယခုကဲ့သို့ အမျိုးသားနှင့် အမျိုးသမီး ခွဲခြားပြီးသည့်နောက် အမျိုးသမီး တပည့်များသည်လည်း ဝင်ရောက်လေ့ကျင့်ကြရင်း တစ်ယောက်ပြီးတစ်ယောက် စမ်းသပ်မှု မျှော်စင်၏ လေ့ကျင့်ခြင်းကို အောင်မြင်ခဲ့လေသည်။

‌လင်းယွမ်ရွှယ်သည်လည်း အလွန်အမင်း တိုးတက်လာခဲ့သည်။

အစတုန်းက မိနစ်သုံးဆယ်သာ ခံနိုင်ရည်ရှိခဲ့သည်ဆိုသော်လည်း နောက်ပိုင်းတွင် ငါးဆယ်ကျော် ကြာမြင့်လာသည်။ သူမသည် စိန်ခေါ်မှုကို အောင်မြင်ရန် နီးစပ်လာခဲ့၏။

အားနည်းသေးသော အမျိုးသားတပည့်များသည်လည်း မြေဆွဲအားကို ခုခံချိန်မှာတော့ အလွန်အမင်း ကြိုးစားပန်းစားနှင့် ခုခံတွန်းလှန်နေကြရ၏။

သူတို့သည် စမ်းသပ်မှုမျှော်စင်ထဲတွင် နေရသည်မှာ ခဏတာ ဖြစ်သော်လည်း မျက်နှာမဲ့ကာ အမြုပ်တွေထွက်ပြီး တကိုယ်လုံး တုန်ရင်နေသည်မှာ ပို၍ ကြာမြင့်နေသလိုဖြစ်နေ၏။

ခန္ဓာကိုယ်အားအင်များမတိုးတက်ဘဲ မျက်နှာ ကြွက်သားများ တဆတ်ဆတ် တုန်ရစေိုးရိမ်ရ၏။

စမ်းသပ်မှုမျှော်စင်ကို ရရှိပြီးသည့်နောက် လီချင်းယန်နှင့် တစ်ခြားသူများသည် သူတို့၏ စိတ်ဝိညာဉ်စွမ်းအင်များကို လေ့ကျင့်ရန် ခဏလောက် လက်လျော့ထားကြပြီး ခန္ဓာကိုယ်အားအင်ကို ပိုမိုသန်မာစေရန် အာရုံစိုက် လာကြ၏။

ထို့အပြင် ခိုင်မာလှသော ခန္ဓာကိုယ် အခြေခံသည် ကျင့်ကြံခြင်း လမ်းစဉ်အား အကူအညီ ကြီးကြီးမားမား ပေးလိမ့်မည် ဖြစ်သည်။

အရင်ဘဝတုန်းက ဒုက္ခရောက်ခဲ့ရသော ရီရှင်းချန်သည်လည်း ထိုအရာကို လေးလေးနက်နက် နားလည်မိ၏။

ထို့ကြောင့် သူသည် နောက်တစ်ရက်မှာ ပြန်လည်ကောင်းမွန်ပြီးသည့်နောက် ချက်ချင်းဆိုသလိုပဲ သူ၏ အားအင်များကို သန်မာ‌အားကောင်းလာစေရန် စမ်းသပ်မှု မျှော်စင်ထဲသို ထပ်တလဲလဲ ဝင်ရောက်တော့သည်။

ဒီဘဝမှာတော့ ငါ့ရဲ့ခန္ဓာကိုယ်က ခိုင်မာလှတဲ့ ခန္ဓာကိုယ်ဖြစ်မယ်ဆိုရင် သိုင်းအင်ပါယာဖြစ်ပြီ ဆိုတာနဲ့ လေဟာနယ်တစ်ခုလုံးကို ဆုတ်ဖြဲဖို အဆင်ပြေသွားလိမ့်မယ်။

မြေဆွဲအားဆယ်ဆကို ခုခံနေသော သိုင်းအင်ပါယာ၏ စိတ်ထဲတွင် မျက်လုံးထဲတွင် တောက်ပသည့်အလင်းတန်းများနှင့် ပြည့်လျက်ရှိသည်။

အဆုံးသတ်မှာတော့ သူသည် လေးနာရီကြာအောင် ခုခံနိုင်ခဲ့၏။

ထိုအရာသည် မလုံလောက်သေးချေ။ သူ့အနေနှင့် ခြောက်နာရီကျော်နေနိုင်ရန် လိုအပ်သေးသည်။

ဆယ်ရက်ကျော်ကြာပြီးသည့်နောက်မှာတော့ စမ်းသပ်မှုမျှော်စင်ကို သွားခဲ့ကြသော သံမဏိအရိုးဂိုဏ်းတပည့် အားလုံးနီးပါးသည် တစ်နာရီကျော်ကျော်ကြာ နေနိုင်သွားကြပြီဖြစ်၏။

အထူးသဖြင့် လီချင်းယန်နှင့် တစ်ခြားသော အတွင်းစည်းတပည့်များပင်ဖြစ်သည်။

တစ်နာရီကြာ နေထိုင်‌နိုင်ပြီးနောက်မှာ သူတိုအားလုံးသည် ‌မြေဆွဲအားဆယ်ဆနေရာတွင် အသားကျအောင် ဆက်လက်နေထိုင်ခဲ့ကြ၏။

သူတို့အနေနှင့် ခန္ဓာကိုယ်ကို ပိုမိုတိုးတက်စေချင်တယ်ဆိုလျှင် သူတို့၏ အကန့်အသတ်အား ချိုးဖြတ်နိုင်ရမည်ဖြစ်သည်။

လီချင်းယန် ၊ ရီရှင်းချန်နှင့် ရှောင်ကျီတို့အားလုံးသည်လည်း မြေဆွဲအားဆယ်ဆနှင့် အသားကျရန် အလွန်အမင်း ကြိုးစားလျက်ရှိသည်။ သူတို့သည် သူတို့၏ ခန္ဓာကိုယ်များကို ပိုမိုအားကောင်းလာစေရန် အာရုံစိုက်ထားကြ၏။

စုရှောင်မို၊ လီဖေးနှင့် တစ်ခြားသူများအားလုံးသည် သူတို့အား အမှီလိုက်ရန် မျှော်လင့်ချက် မရှိကြပေ။ ထို့ကြောင့် သူတို့သည် ဒုတိယထပ်သို့ တက်ရန် စဉ်းစားနေမိ၏။

တစ်နာရီကျော်ကြာ စမ်းသပ်မှုမျှော်စင်ထဲတွင် နေထိုင်ပြီးသည့်နောက်မှာတော့ ခြေလက်တို့သည် လှုပ်ရှား သွားလာရာ၌ အလွန်အမင်း ‌ပင်ပန်းကြီး၍ လေးလံလှသည် ဆိုသော်လည်း သူတို့သည် သူတို့၏ ခြေထောက်များကို ခက်ခက်ခဲခဲ မ, ယူ၍ ဒုတိယထပ်ဆီသို့ သွားကြ၏။

စုရှောင်မို ပြောလိုက်သည်။ "ဒုတိယထပ်ကို ခြေလှမ်းမယ်"

သူ ၊ လီဖေးနှင့် ထန်းချီတို့သည် အံ့ကြိတ်ကာဖြင့် သူတို့၏ ခြေထောက်များကို မကာ လှမ်းလျှောက်ခဲ့၏။

နောက်ဆုံးမှာတော့ သူတို့သည် ဒုတိယထပ်ဆီသို့ တက်ရောက်သွားနိုင်သော လှေကားထစ်ဆီသို့ ရောက်ရှိသွားကြ၏။

ပထမထပ်တွင် ရုန်းကန်နေကြသော တပည့်များ၏ မျက်လုံးထဲတွင် မနာလိုမှုများနှင့် ပြည့်နက်သွားကြသည်။ သူတို့ကိုယ် သူတို့ တွေးလိုက်မိကြသည်။ "ငါတို့လည်း ကြိုးစားရမယ်။ ဒါမှ ငါတို့ စီနီယာအစ်ကိုတွေလို ဒုတိယထပ်ကို သွားနိုင်မှာ"

ဝှစ်။

စမ်းသပ်မှုမျှော်စင်၏ ဒုတိယထပ်သည် အလင်းတန်းများနှင့် ပြည့်ဝသွားသည်။

ဆွစ်။

“စုရှောင်မို စမ်းသပ်မှုမျှော်စင်၏ ဒုတိယထပ်ကို စိန်ခေါ်သည်။

လီဖေး …………………… စိန်ခေါ်သည်။

ထျန်းချီ ………. စိန်ခေါ်သည်။”

သို့ပေမဲ့ မိနစ်အနည်းငယ်လောက် ကြာမြင့်ပြီးနောက်မှာတော့ အသံတစ်သံ ထွက်ပေါ်လာ၏။

“စုရှောင်မို ၊ လီဖေးနှင့် ထျန်းချီတို့ ကျရှုံးသည်။”

ကျွီ …. ဝှစ် ဝှစ်။

စမ်းသပ်မှု မျှော်စင်၏ တံခါးပင့်သွားပြီး စုရှောင်မို ၊ လီဖေးနှင့် ထန်းချီတို့ လွင့်စင်ထွက်လာကြ၏။

သူတို့သုံးယောက်လုံး၏ မျက်လုံးများသည် ချာချာလည်နေပြီး ပါးစပ်ထဲမှ အမြုပ်တွေ ထွက်နေသည်။ ခန္ဓာကိုယ်သည် တွန့်လိမ်လျက်ရှိပြီး စွေ့ပုကျန့်နှင့် တစ်ခြားသူများ ပထမအကြိမ်တုန်းက ဖြစ်ပျက်ခဲ့သည်ထက်ပင် ပို၍ ဆိုးရွားသော အခြေအနေကို ကြုံနေရပြီဖြစ်သည်။

ဟူး။

ဒုတိယထပ်သို့ သွားရန် စိတ်ဆုံးဖြတ်ထားသော တပည့်များသည် စီနီယာအစ်ကိုများ၏ ဆိုးရွားလှသော အခြေအနေများကို မြင်ပြီးသည့်နောက် သက်ပြင်းအရှည်ကြီးချလိုက်မိကြ၏

"ဒုတိယအဆင့်က တကယ့်ကို ကြက်သီးထစရာကောင်းလောက်အောင် ကြောက်ဖို့ကောင်းမှာ သေချာတယ်။"

All Chapters