← Chapters

အခန်း (၂၁၇)

Vol. 15 Ch. 217

အခန်း (၂၁၇)

Vol. 15 Ch. 217

ဟူရန်မြို့ …။

ကျွင်းချောင်ရှောင်း သည် လုချင်းချင်း နှင့် အတူ လျှောက်ဝင်လာလိုက်သည်။

ယနေ့သည် လေလံပွဲကျင်းပသည့် နေ့ဖြစ်သောကြောင့် နေရာအနှံ့တွင် ကျင့်ကြံသူများအား မြင်နေရသည်။ ထိုသူတို့၏ ဝတ်စုံကို ကြည့်လိုက်တော့ အနည်းဆုံး ထက်ဝက်လောက်သည် ချင်းယန်နိုင်ငံမှ မဟုတ်ကြောင်း သိရှိနိင်၏။

အိုက်ကလန်ဆီမှ ပြန်လည်ကောင်းမွန်ခြင်းဆေးလုံး နှင့် ခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံး တို့သည် အနီးအနား ပတ်ဝန်းကျင်တွေထိ ပျံ့နှံ့နေပြီ ဖြစ်သည်။

များပြားလှသော ကျင့်ကြံသူများသည် ဝယ်ယူရန် မတတ်နိုင်ကြသော်လည်း ဂိုဏ်းပေါင်းများစွာ လာရောက်ကြမည်ကို သိရှိသောကြောင့် အသိမိတ်ဆွေ ဖွဲ့ရန် လာရောက်ကြ၏။

ဟူရန်မြို့ စည်ကားလေ ကျွင်းချောင်ရှောင်း ပိုမိုနှစ်သက်လေ ဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော် ထိုမှသာ သူ ငွေများများ ရမည် မဟုတ်လား။

“အိုက်ရား .. ဂိုဏ်းချုပ်ကျွင်းပါလား”

လေလံပွဲရှိရာသို့ ဦးတည်လျှောက်နေတုန်းမှာပဲ ဟူရန်မြို့၏ မိသားစု ခေါင်းဆောင်တစ်ယောက်သည် သူ့အား ပြုံး၍ နှုတ်ဆက်လာသည်။

တစ်စုံတယောက်သည် အမှန်တကယ်ပဲ သူ့အား နှုတ်ဆက်လာခဲ့၏။

သို့ပေမဲ့ ထိုသူကို သူမသိရှိသောကြောင့် မည်သို့ ပြန်လည်ခေါ်ပြော နှုတ်ဆက်ရမည်ကို မသိရှိချေ။

ကျွင်းချောင်ရှောင်း ခဏလောက် စဉ်းစားပြီး လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်သည် “ပျော်ရွှင်စရာ သြင်္ကန်ပါ။”

အချိန်ကို တွက်ကြည့်မည် ဆိုလျှင် မကြာခင်မှာ မြန်မာနိုင်ငံ၏ အထိမ်းအမှတ် သြင်္ကန်ပွဲ ကျင်းပတော့မည် ဖြစ်ကြောင်း သူ သတိပြုမိသွားသည် ထို့ကြောင့် ပျော်ရွှင်စရာ သြင်္ကန်ဟု သူ ပြန်နှုတ်ဆက်ရန် ဆုံးဖြတ်ချက် ချလိုက်သည်။

သြင်္ကန် .. ပျော်ရမှာဟုတ်လား။

ဟူရန်မြို့မှ မိသားစုခေါင်းဆောင်သည် ဆွံ့အသွားသည်။

သြင်္ကန် ဆိုတာ ဘယ်သူလဲ။ လူတစ်ယောက်လား။ ငါ့ကို ရည်ညွှန်းတာလား။ မဟုတ်သေးဘူး။ ငါ့နာမည်က ကျန့်ကြွင်းလေ။

“ဂိုဏ်းချုပ်ကျွင်း …”

“ပျော်စရာ သြင်္ကန်ပါ”

“ဂိုဏ်းချုပ်ကျွင်း …”

“ပျော်စရာ သြင်္ကန်ပဲ”

ဂိုဏ်းချုပ်ကျွင်း လမ်းလျောက်လာသည်နှင့် တပြိုင်နက် တွေ့ဆုံသည့် လူများသည် ပြုံး၍ နှုတ်ဆက်နေကြသည်။

သို့ပေမဲ့ နှုတ်ဆက်သမျှ လူတိုင်းသည်လည်း ပါးစပ်အဟောင်းသားဖြင့် ကျန်ခဲ့ရ၏။ သြင်္ကန် ဆိုတာ မည်သူ ဖြစ်ကြောင်း သူတို့ မရှိကြချေ။ ထို့ကြောင့် နဝေတိမ်တောင်ဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်မိနေကြ၏။

ပြောရမည် ဆိုလျှင် ဟူရန်မြို့မှ လူများသည် အဘယ့်ကြောင့် ဂိုဏ်းချုပ်ကျွင်းအား ဤမျှ ရင်းရင်းနှီးနှီး နှုတ်ဆက်နေရသနည်း။

ဟောင်ချီဂိုဏ်း နှင့် မဟာမိတ်အဖွဲ့ကို အနိုင်ယူခဲ့သောကြောင့် သူတို့အား ပြဿနာလုပ်မည်ကို စိုးရွံ၍ မျက်နှာလုပ်သည့် သဘောမျိုး နှုတ်ဆက်နေကြခြင်း မဟုတ်ကြချေ။

အိုက်ကလန်ကြောင့်သာ ဖြစ်သည်။

ဟောင်ချီဂိုဏ်းနှင့် ယှဉ်ပြိုင်စဉ်က အိုက်ကလန်သည် သံမဏိအရိုးဂိုဏ်းအား လူသိရှင်ကြား ထောက်ပံ့ပေးခဲ့သည်။ ထို့ကြောင့် သံမဏိအရိုးဂိုဏ်း နှင့် အိုက်ကလန် တို့ကြား ဆက်ဆံရေးသည် လေးနက်နေမည် မှာ စဉ်းစားရန်ပင် မလိုအပ်ချေ။

ထို့ကြောင့် အိုက်ကလန် နှင့် ရင်းနှီးမှု ပိုမိုတိုးတက်စေချင်လျှင် သံမဏိအရိုးဂိုဏ်းနှင့်လည်း ဆက်ဆံရေး အဆင်ပြေမှ ဖြစ်မည်။

ဟောင်ချီ ဂိုဏ်းနှင့် မဟာမိတ် အဖွဲ့လား။သူတို့သည် ဟူရန်မြို့မှ မိသားစုများ ဖြစ်သောကြောင့် အိုက်ကလန် က သူတို့အတွက် ပို၍ အရေးကြီးသည်။

……..

အိုက်ကလန်၏ လေလံပွဲတည်နေရာမှာတော့ …

ကျွင်းချောင်ရှောင်းသည် လုချင်းချင်းအား ခေါ်ဆောင်လာပြီး အဝင်ဝတွင် ရပ်လိုက်သည်။

“ဂိုဏ်းချုပ်ကျွင်း …”

ဧည့်သည်များအား ကြိုဆိုနေသာ အိုက်ရှန်းကီ သည် ပြုံးကာ အပြေးလာလိုက်သည် “ကျုပ်တို့ လေလံပွဲကို တက်ရောက်တာ ကျေးဇူးတင်ပါတယ်”

တခြားနိုင်ငံရှိ အဓိက အင်အားစုများသည် ခေါင်းလှည့်ကာ ကြည့်လိုက်ကြ၏။

သံမဏိအရိုးဂိုဏ်းခေါင်းဆောင်ဟူသော ဤလူငယ်လေးသည် ဟောင်ချီဂိုဏ်းအား အနိုင်ယူခဲ့သူ ဖြစ်သည်။

သို့ပေမဲ့ ကြည့်ရသည်မှာ အလွန်အမင်း ငယ်ရွယ်နေပုံပေါ်၏။

“လောကကြီးက ဘာတွေဖြစ်ကုန်ပြီလဲ။ အဆင့်ရှစ် ဂိုဏ်းလေးတစ်ခုကတောင် အဆင့်ခြောက် ဂိုဏ်းကို အနိင်ယူ နေပြီလား”

“ဒီသတင်းကိုကြားတော့ ကောလဟာလ လို့ ထင်ထားတာ။ ဒါပေမဲ့ ချင်းယန်နိုင်ငံဆီလာမှ ဒါ တကယ်ကြီးမှန်း အတည်ပြုနိုင်ခဲ့တာ”

“ကျုပ်အထင်အရ ဆိုရင် ချင်းယန်နိုင်ငံက သေးလွန်းတယ်။ ဒါကြောင့် သူတို့ဆီက အဆင့်ခြောက်ဂိုဏ်း ဆိုတာ ကျုပ်တို့ဆီက အဆင့်ခုနှစ်ဂိုဏ်းလောက်ပဲ ရှိမယ် ထင်တယ်”

များပြားလှသော တခြားနိုင်ငံ၏ အင်အားစုကြီးများမှ အကြီးအကဲများသည် တီးတိုးပြောဆိုနေကြသည်။

အဆင့်ရှစ် ဂိုဏ်းတစ်ခုသည် အဆင့်ခြောက် ဂိုဏ်းတစ်ခုအား အနိုင်ယူနိုင်ခဲ့သည်။ ထိုအရာသည် သူတို့အတွက် ယုံကြည်ရန် ခက်ခဲနေစေ၏။

“သံမဏိအရိုးဂိုဏ်းက မကြာခင်မှာ နတ်စမ်းချောင်းဂိုဏ်းကို စိန်ခေါ်မယ်လို့ ကြားတယ်”

“နတ်စမ်းချောင်းဂိုဏ်း က သမိုင်းရှည်ကြီးကို ပိုင်ဆိုင်တဲ့ ဂိုဏ်းတစ်ခုပဲ။ အဆင့်ငါး ဂိုဏ်းတစ်ခုဖြစ်ပြီး ပါရမီရှင်တွေလည်း အများအပြားရှိတယ်။ သူတို့ကို စိန်ခေါ်တယ်ဆိုတာ သေလမ်းရှာတာနဲ့ တူတူပဲ”

“ငယ်ငယ်ရွယ်ရွယ် နဲ့ ဂိုဏ်းချုပ်ဖြစ်လာတော့ မျက်ကန်းတစ္ဆေမကြောက်ဆိုသလို ဖြစ်နေပြီ။ ဘာပဲပြောပြော ချီးကျုးသင့်တဲ့ လူငယ်ပဲ”

ကျွင်းချောင်ရှောင်း၏ အကြောင်းသည် လက်ရှိတွင် ပြောဆိုဆွေးအေကောင်းဆုံးအရာဖြစ်လို့နေသည်။

“ဂိုဏ်းချုပ်ကျွင်း …”

အိုက်ရှန်းကီ တီးတိုးပြောလိုက်သည် “ဒီလူတွေက ဒီလိုပဲ လျှောက်ပြောနေတာ။ စိတ်ထဲမထားပါနဲ့”

ကျွင်းချောင်ရှောင်း ပြောလိုက်၏ “မထားပါဘူး”

ပါးစပ်ဆိုသည်မှာ ခန္ဓာကိုယ်တွင် တွဲလျက် ပါလာသော အစိတ်အပိုင်းဖြစ်သည်။ ကိုယ်ပိုင် ပါးစပ်ဖြင့် ကိုယ်ပြောချင်ရာကို လွတ်လွတ်လပ်လပ် ပြောဆိုနိုင်သည် (ဗမှားပြည် မပါ)။

ထိုသို့ ပြောဆိုနေကြသည်ကို လိုက်လံခံစားနေမည် ဆိုပါက ဂိုဏ်းတစ်ရာ လူသစ်စုဆောင်းပွဲမှာကတည်းက ရင်နာရလွန်း၍ သွေးအန်သေဆုံးနေလောက်ပြီ ဖြစ်၏။

“ကျေးဇူးပြုပြီး …”

အိုက်ရှန်းကီ လက်သီးဆုပ်ကာ ပြောလိုက်သည်။

ကျွင်းချောင်ရှောင်းသည် လုချင်းချင်းနှင့် အတူ ပွဲထဲ ဝင်ရောက်ရန် ပြင်လိုက်၏။

သို့ပေမဲ့ သူ ဝင်ဖို့ ပြင်နေတုန်းမှာပဲ တစ်စုံတယောက်က ထအော်လိုက်သည် “အကြီးအကဲအိုက် .. ဂိုဏ်းချုပ်ကျွင်းက သူ့ကတ်ကို မပြဘဲ ဝင်လို့ရတယ်လား။ ဒါက စည်းမျဉ်း ချိုးဖျက်တာ မဟုတ်ဘူးလား”

ပြောဆိုလိုက်သူမှာ တခြားနိုင်ငံမှ အဆင့်မြင့် ဂိုဏ်းတစ်ခု၏ ဂိုဏ်းသားတစ်ယောက်ဖြစ်လေသည်။

“အမှန်ပဲ”

တစ်ယောက်ကတည်း နောက်မှ လိုက်ပါပြောဆိုလိုက်သည် “ကျုပ်တို့ အားလုံးက ကတ်ကို ပြပြီးမှ ဝင်လို့ရတာလေ။ သံမဏိအရိုးဂိုဏ်းချုပ်ကျတော့ ဘယ်လိုလုပ် လက်ဗလာနဲ့ ဝင်လို့ရတာလဲ။ ခင်ဗျားတို့က ခွဲခြား ဆက်ဆံတာလား”

“ဒါက ….”

အိုက်ရှန်းကီ အနည်းငယ် ရှက်ရွံ့သွားမိသည်။

ကျွင်းချောင်ရှောင်း နှင့် သူတို့၏ ဆက်ဆံရေးသည် အလွန်တရာ နက်နဲလှသည် ဖြစ်သောကြောင့် အထူးကတ်ပြားအား ထုတ်ပြရန် သူ မတောင်းဆိုသည်မှာ သဘာဝင် ဖြစ်၏။

သို့ပေမဲ့ အပြင်လူများကတော့ ဤအခြေအနေကို နားလည်လိမ့်မည် မဟုတ်ချေ။

၎င်းတို့သည် အထဲဝင်နိုင်ရန် တန်းစီ၍ စောင့်ခဲ့ရသည်။ သို့ပေမဲ့ အဆင့်ရှစ် ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ် က ဤအတိုင်း ကြားဖြတ်ကာ ဝင်သွားသည်ကို လက်မခံနိုင်ကြပေ။

“အကြီးအကဲအိုက် .. ဒီကိစ္စကို ရှင်းပြမှ ဖြစ်မယ်”

“ကျုပ်တို့က ချင်းယန်နိုင်ငံ က မဟုတ်ပေမဲ့ အိုက်မိသားစုရဲ့ ကတ်ကို ရထားတဲ့ အထူးဖောက်သည်တွေကြီးပဲ။ ဒီလိုလူတွေတောင်မှ တန်းစီနေရတာကို ဘယ်လိုလုပ် စည်းဖောက်ပြီး ဘာမဟုတ်တဲ့ ဂိုဏ်းချုပ်လေး တစ်ယောက်ကို ဒီတိုင်း ဝင်စေတာလဲ”

“အိုက်အကြီးအကဲရဲ့ မျက်လုံးထဲမှာ ကျုပ်တို့လို အဆင့်ခြောက် ၊ အဆင့်ခုနှစ် ဂိုဏ်းတွေက ခင်ဗျားတို့ နိုင်ငံရဲ့ အဆင့်ရှစ် ဂိုဏ်းလောက်တောင် မကြီးကျယ်ဘူးလို့ ထင်နေတာလား။”

တခြားနိုင်ငံရှိ အင်အားစုများသည် ဝိုင်း၍ ဖိအားပေးကြတော့သည်။

သူတို့သည် ကျွင်းချောင်ရှောင်း နှင့် အိုက်မိသားစု ကို ပစ်မှတ်ထားနေရင်းကနေ ချင်းယန်တစ်နိုင်ငံလုံးကို ထပ် ထည့်၍ ပြောဆိုကြတော့သည်။

နိုင်ငံများသည် အချင်းချင်း စစ်မက်ဖြစ်ပွားမှု မရှိကြသော်လည်း ပြိုင်ဆိုင်မှုမှာတော့ ပြင်းထန်လှသည်။ ထို့ကြောင့် တစ်စုံတယောက်သည် တခြားနိုင်ငံသို့ ရောက်ရှိပါက ပညာပြချင်စိတ်တွေ ရှိလို့နေကြ၏။

မည်သို့ပင် ဆိုစေကာမူ ချင်းယန်နိုင်ငံသည် အားအင်အဆင့်အရ မနိမ့်ကျသော်လည်း ချမ်းသားပြီး ကျယ်ဝန်း အားကောင်းလှသော နိုင်ငံများအတွက်တော့ ဘာမှမဟုတ်ချေ။ ထို့ကြောင့် ထိုသို့သော နိုင်ငံများမှ အင်အားစုများသည် မာနကြီးကြသည်မှာ သာမာန်ပင်ဖြစ်သည်။

အိုက်ရှန်းကီ ၏ မျက်နှာသည်ပိုမို၍ ပျက်ရွင်းလာသည်။

တစ်ဖက်လူများသည် ဤကဲ့သို့ အမှားထောက်ရန် စောင့်နေလိ့မ်မည်ဟု သူ မထင်မိခဲ့ချေ။

“ဟင်း …”

ကျွင်းချောင်ရှောင်း သည် သက်ပြင်းချပြီး လုချင်းချင်းနှင့် အတူ နောက်ပြန်ဆုတ်လိုက်သည် “အကြီးအကဲအိုက် .. ဒီထဲကို ဝင်ဖို့ စည်းမျဉ်းက ဘာလဲ”

“အရူး …”

တစ်ယောက်က ထအော်လိုက်သည် “ဒီလမ်းကနေ ဖြတ်လျှောက်သွားဖို့ ဆိုရင် မင်းဆီမှ ပလက်တီနံကတ် ရှိမှ ပဲ ဖြစ်မယ်။ မဟုတ်ရင် ငါတို့ နောက်မှာ တန်းစီ”

“အစ်ကိုဟန် .. ဒီမှာ တန်းစီဖို့ ဆိုရင်တောင်မှ ရွှေရောင်ကတ်ကို ကိုင်ထားဖို့ လိုသေးတယ်။ အဆင့်ရှစ် ဂိုဏ်းတစ်ခုက အဲလိုကတ်ကို ကိုင်နိုင်မယ် ထင်လို့လား”

“ရွှေရောင်ကတ်ရဖို့ အိုက်မိသားစု ဆီမှာ အနည်းဆုံး ငါးသန်းသုံးဖူးရမယ်။ အဆင့်ရှစ် ဂိုဏ်းမပြောနဲ့ အဆင့်ခုနှစ် ဂိုဏ်းမှာတောင် ဒါမျိုးရှိရင် မိုးနတ်မင်း မ,စ တာပဲ ဖြစ်မယ်။”

“ဟားဟား .. ချင်းယန် နိုင်ငံက နည်းနည်းတော့ ဆင်းရဲတယ်လေ။”

တခြားသော အင်အားစုများမှ အကြီးအကဲများသည် ရယ်မောလိုက်ကြ၏။

ချင်းယန်နိုင်ငံရှိ ဂိုဏ်းနှင့် ကလန်ကြီးများမှ လူများသည် မျက်နှာပျက်ရွင်းလာကြသည်။

အစပိုင်းတုန်းက ထိုသူများသည် သံမဏိအရိုးဂိုဏ်းအား ပစ်မှတ်ထားကြသည် ဆိုသော်လည်း လက်ရှိမှာတော့ ချင်းယန်နိုင်ငံတစ်ခုလုံးကိုပင် ပြောင်ပြောင်တင်းတင်း လှောင်ပြောင်လျက်ရှိသည်။ သူတို့သာ စိတ်မထိန်းနိုင်ဘူး ဆိုလျှင် ဤနေရာတစ်ခုလုံး သွေးချောင်းစီးတော့မှာ သေချာ၏။

ကျွင်းချောင်ရှောင်းသည် သိုသိုသိပ်သိပ်နေချင်သူဖြစ်သည်။ သို့ပေမဲ့ ဤမောက်မာလှသော သကောင့်သားများ၏ အပြောအဆိုကို ကြားရချိန်မှာတော့ မည်သို့မှ သည်းမခံနိုင်တော့ချေ။

“အကြီးအကဲအိုက် …”

သူသည် တန်းစီနေသောလူများအား လက်ညိုးထိုးကာ ပြောလိုက်သည် “အဲလမ်းမှာ တန်းစီဖို့ ရွှေရောင်ကတ် လိုတာပေါ့”

“ဟုတ်ပါတယ်” အိုက်ရှန်းကီ ပြန်ဖြေလိုက်၏။

ကျွင်းချောင်ရှောင်းသည် ပခုံးတွန့်ကာ ပြောလိုက်သည် “ဒီမှာတန်းစီနေတဲ့သူတွေ က ဘာလို့ အမှိုက်တွေ များနေတာလဲ မှတ်တယ်။ တကယ်တော့ ပလက်တီနံကတ် ကို မကိုင်နိုင်တဲ့ ရွှေရောင်ကတ် ပိုင်ရှင်လေးတွေပဲ”

ဤစကားသည် ရန်စ စကားဖြစ်သည်။

တခြားနိုင်ငံမှ လူများသည် ချက်ချင်းပဲ ဒေါသထွက်သွားကြသည်။ သူတို့သည် တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြ၏ သို့ပေမဲ့ သူတို့၏ အမူအရာများသည် ချက်ချင်းဆိုသလို အေးခဲသွားကြသည်။ အဘယ့်ကြောင့် ဆိုသော် ကျွင်းချောင်ရှောင်း တစ်ယောက် ပလက်တီနံ ကတ်ကို ထုတ်ယူလိုက်ကြောင်း မြင်လိုက်ရသောကြောင့်ပင် ဖြစ်၏။

ကတ်ဆီမှ အရောင်တွေ တောက်နေသောကြောင့် သူတို့တွေသည် မျက်လုံးတောင် မှိတ်လိုက်မိကြသည်။

သူ .. သူ့ဆီမှ ဘယ်လိုလုပ် ပလက်တီနံကတ် ရှိနေတာလဲ။

အိုက်မိသားစု၏ ပလက်တီနံကတ်သည် အထူးသဖြင့် အဆင့်ခြောက်နှင့် အထက် ဂိုဏ်းများသာ ရရှိကြသည်။ အဆင့်ခြောက် ဂိုဏ်းများ အနေဖြင့် ငွေမည်မျှသုံးသုံး မရနိုင်ပေ။

“ရွှေရောင်ကတ်ပိုင်ရှင်လေးတွေ … တန်းစီ”

ကျွင်းချောင်ရှောင်းသည် သူ၏ ကတ်အား အသာ ဝေ့ယမ်းပြီး ဟန်ပါပါ နဲ့ ပြောလိုက်သည် “ဆရာကြီးကတော့ ဝင်နှင့်တော့မယ်”

“ဪ .. ဟုတ်သားပဲ” ခြေနှစ်လှမ်းလောက် လှမ်းပြီးသည့်နောက် အသာနောက်လှည့်ကာ ပြုံးလိုက်သည် “ကျုပ်ရဲ့ အဆင့်ရှစ်ဂိုဏ်းက ခင်ဗျားတို့ အဆင့်ခုနှစ်၊ အဆင့်ခြောက် ဂိုဏ်းတွေထက် ပိုပြီး အားကောင်းတယ်”

တခြားနိုင်ငံမှ လူများသည် ကျွင်းချောင်ရှောင်း မြောက်ကြွမြောက်ကြွ နှင့် ဝင်သွားသည်ကိုသာ ကြည့်နေကြရ၏။

သူတို့၏ မျက်လုံးများထဲတွင် ဒေါသတရားတွေ ပြည့်နေသည် ဆိုသော်လည်း ဘာတစ်ခုမှ မလုပ်နိုင်ပေ။ ထို့အပြင် တစ်ဖက်လူသည် ပလက်တီနံကတ်ကို ကိုင်ထားပြီး သူတို့ကတော့ ရွှေရောင်ကတ်ကိုသာ ကိုင်နိုင်သည် မဟုတ်လား။

ချင်းယန်နိုင်ငံမှ လူများသည် ထိုသူများ၏ မျက်နှာပေါ်မှ အမူအရာများအား မြင်ရတော့ အလွန်အမင်း စိတ်ကျေနပ်သွားမိ၏။

မောက်မောက်မာမာ ဟန်ရေးပြနေတာ ရပ်လိုက်စမ်း။ အခု ရင်ခံလိုက်ကြ။

All Chapters