← Chapters

အခန်း (၂၂၀)

Vol. 15 Ch. 220

အခန်း (၂၂၀)

Vol. 15 Ch. 220

အိုက်မိသားစု၏ လေလံတည်နေရာမှာတော့ ကြေးကတ်ပြားကိုင်ဆောင်သူများအတွက် ထားရှိသော တည်နေရာထဲသို့ များပြားလှသောလူများ တိုးဝင်လာကြတော့၏။

သူတို့သည် ပွဲကိုလာကြည့်ရုံ သက်သက်သာဖြစ်သည်။

အဓိကလေလံပွဲကို ယှဉ်ပြိုင်ကြမည့် သူများမှာ ဒုတိယထပ်ရှိ သီးသန့်ခန်းများမှ လူများဖြစ်ကြ၏။

ထို့ကြောင့် တော်တော်များများသည် ထိုင်ခုံကိုထိုင်ပြီးသည့်နောက် လက်ဝါးများကိုပွတ်သပ်ကာ မျှော်လင့်တကြီးနှင့် စောင့်မျှော်လျက်ရှိကြသည်။

အဆင့်အမြင့်ဆုံးဖြစ်သော တတိယထပ်မှာတော့ အဆင့်ငါးဂိုဏ်းနှစ်ခုသည် တစ်ခုပြီးတစ်ခုဝင်လာကြ၏။

ထိုသူတို့သည် သူတို့၏ဘေးတွင် အဆင့်လေး မြောင်ဟွာဂိုဏ်းရှိနေသည်ကို သိရှိလိုက်ရချိန်မှာ ချက်ချင်းပဲ အသံတွေငြိမ်သွားကြသည်။

အဆင့်နိမ့်ဂိုဏ်းများ၏ မျက်လုံးများထဲတွင် အဆင့်ငါးဂိုဏ်းသည် ကြီးကျယ်ခမ်းနားလှ၏။

အဆင့်ငါးဂိုဏ်း၏ မျက်လုံးထဲတွင်တော့ အဆင့်လေးဂိုဏ်းသည် ကြီးကျယ်ခမ်းနားလှသည်။ သူတို့အနေနှင့် အပြစ်ပြု၍ မရချေ။

ဟုတ်ပေသည်။ တစ်ချိုသော အဆင့်ခြောက်ဂိုဏ်းများသည်လည်း ပလက်တီနမ်ကတ် ကို ကိုင်ဆောင်ထားနိုင်သူများရှိကြ၏။ ထိုသူများသည်လည်း တတိယထပ်တွင်နေရာရကြ၏။

သို့ပေမဲ့ သူတို့၏ အနားပတ်ဝန်းကျင်တွင် အဆင့်ငါးဂိုဏ်းများ ရှိသည်ကို သိရှိသောကြောင့် သေချာသတိထား၍ ပြောဆို နေထိုင်လျက်ရှိကြသည်။

တစ်ဖက်လူများကို အပြစ်လုပ်မိမည်ကို စိုးရွံမိနေကြ၏။

သို့ပေမဲ့ ပြတင်းပေါက်မှတစ်ဆင့် ကျွင်းချောင်ရှောင်းအား မြင်လိုက်ချိန်မှာတော့ သူတို့၏မျက်လုံးများသည် အံ့အားသင့်မှုများနှင့် ပြည့်နှက်သွားကြသည်။

အဆင့်ခြောက်ဂိုဏ်းတစ်ခု၏ အကြီးအကဲသည် ဇဝေဇဝါဖြစ်မိနေ၏။ "ဒါဘယ်ဂိုဏ်းရဲ့ တပည့်လဲ။ သူ့ကိုကြည့်ရတာ မရင်းနှီးဘူး။"

"အကြီးအကဲ …."

တပည့်တစ်ယောက်က တီးတိုးပြောလိုက်၏။ "ဒါ သံမဏိအရိုးဂိုဏ်းချုပ် ကျွင်းချောင်ရှောင်းပါ။"

အကြီးအကဲသည် ဒေါသထွက်သွားသည်။ "ဘယ်လိုဖြစ်ပြီး အဆင့်ရှစ်ဂိုဏ်းတစ်ခုက ငါတို့နဲ့ အဆင့်တူဖြစ်နေရတာလဲ"

သူတို့၏ ဂိုဏ်းသည် အခြားနိုင်ငံတစ်ခုဆီမှ အဆင့်ခြောက်ဂိုဏ်းတစ်ခုဖြစ်၏။

သူတို့သည် ဟောင်ချီဂိုဏ်းထပ်ပင် ပို၍ အားကောင်းသည်။ ထို့ကြောင့်ပင် အလွန်တရာလည်း မောက်မာလှသည် ။

ပုံမှန်အားဖြင့်ဆိုလျှင် သူတို့ နှင့် တစ်ထပ်တည်းတွင် သံမဏိအရိုးဂိုဏ်းရှိနေခြင်းအား သူတို့မည်သို့မှ သည်းခံနိုင်မည်မဟုတ်ပေ။

ပြင်ပနိုင်ငံများရှိ တစ်ခြားဂိုဏ်းများမှလူများသည်လည်း တတိယထပ်တွင် အဆင့်ရှစ်ဂိုဏ်းတစ်ခုရှိနေသည်ကို သိရှိလိုက်မိကြတော့ သူတို့အား အရှက်ခွဲသလို ခံစားလိုက်မိကြ၏။

သူတို့သည် ကျွင်းချောင်ရှောင်းအား ရွံ့ရှာသလို ကြည့်မိလိုက်ကြသည်။

သူတို့၏ပိုင်နက်ထဲတွင်သာ ရှိသည်ဆိုလျှင် ချက်ချင်းဆိုသလိုပဲ ထ၍ပွဲကြမ်းလိုက်မိမှာ သေချာ၏။

အဆင့်မြင့်ဂိုဏ်းများတွင်လည်း မြင့်မားလှသည့် ဂိုဏ်း၏ ဂုဏ်သိက္ခာများတည်ရှိနေသည်မဟုတ်လား။ အဆင့်နိမ့်ဂိုဏ်းများနှင့် ပတ်သက်ဆက်နွယ်၍ သိက္ခာကျသည့်အဖြစ်မျိုးကို သူတို့အဖြစ်မခံနိုင်ပေ။

သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်းတွင် ပလက်တီနမ်ကတ်ရှိနေသည် ဆိုသောကြောင့် သူတို့အနေနှင့် ဘာမှပြုလုပ်၍ မရချေ။

တစ်ခြားသော အကြီးအကဲ ၊ ဂိုဏ်းချုပ်များ၏ မျက်လုံးပေါ်မှ အထင်သေးမှုများကို မြင်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းပြောလိုက်သည်။

"ကြည့်ရတာ ငါ မထိုင်သင့်တဲ့ အခန်းထဲမှာ ထိုင်နေရပုံပဲ။"

"သူတို့ရဲ့မျက်လုံးထဲမှာဆိုရင် ဂိုဏ်းချုပ်က ပထမထပ်မှာပဲ ရှိနေသင့်တယ်။" လုချင်းချင်းပြောလိုက်၏။

"ဒီလူတွေ ဒေါသထွက်နေတာလား။"

ကျွင်းချောင်ရှောင်းပြောလိုက်၏။ "ဒါဆိုလည်း ငါ့ကိုလာချကြလေ။"

……..

များပြားလှသော အင်အားစုများ နေရာယူပြီးသည့်နောက်မှာတော့ အိုက်ရှန်းရီသည် လေလံစင်မြင့်ထက် ၌ ပေါ်လာတော့၏။

ဆူညံပွက်လောရိုက်နေသော အသံများအားလုံးသည် ချက်ချင်းဆိုသလိုပဲ တိတ်ဆိတ်သွားတော့၏။

အိုက်မိသားစုခေါင်းဆောင်သည် အလွန်တရာ ရှင်းလင်းလှသော အသံဖြင့် ပြောလိုက်၏။ "မအားလပ်တဲ့ကြားကနေ ကျုပ်တို့အိုက်မိသားစုလေလံပွဲကို တကူးတက တက်ရောက်တဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။"

ထို့အပြင် ဤနေရာသို့ ရောက်ရှိလာသူများ အားလုံးသည် ဆေးလုံးများအတွက် ရောက်ရှိလာခဲ့ခြင်းဖြစ်၏။ မည်သူမှ အလ္လာပသလ္လာပ စကားများကို နားထောင်ချင်သူမရှိပေ။။

ထို့ကြောင့် သူသည် လိုရင်းကိုသာ ပြောလိုက်၏။ "ဆေးလုံးလေလံပွဲစတင်မယ်။"

ဤစကားစုသည် ပတ်ဝန်းကျင် တည်နေရာတစ်ခုလုံးအား အလွန်တရာ ငြိမ်သက်တိတ်ဆိတ်သွားစေ၏။

ဆေးလုံးကိုရယူရန် စိတ်ဆုံးဖြတ်ထားကြသော များပြားလှသည့်အင်အားစုများထဲမှ တစ်ချို့သည် သူတို့၏ အခန်းထဲ၌ မတ်တပ်ပင် ထရပ်လိုက်မိကြသည်။

အိုက်ရှန်းရီသည် လက်ကိုရမ်းခါပြီး လေလံစင်မြင့်ပေါ်သို ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးတစ်လုံးအား တင်လိုက်၏။

"ဒီပြန်လည်ကောင်းမွန်ခြင်းဆေးလုံးရဲ့ အစွမ်းသက်ရောက်မှုကိုတော့ ကျုပ် မရှင်းပြတော့ဘူး။ ဒီဆေးလုံးရဲ့ စတည်ဈေးက သုံးသိန်းပဲ။"

"သုံးသိန်းဟုတ်လား။"

အခန်းထဲတွင်ထိုင်လျက်ရှိသော ကျွင်းချောင်ရှောင်းသည် အံ့အားတသင့်ဖြင့် မေးလိုက်၏။ "ဈေးက မများလွန်းဘူးလား။"

"လေလံပွဲ စတင်မယ်။"

အိုက်ရှန်းရီပြောပြီးပြီးချင်းမှာပဲ ဒုတိယထပ်တွင်ရှိသော တစ်စုံတစ်ယောက်သည် ထအော်လိုက်၏။

"လေးသိန်း"

"ငါးသိန်း"

ပထမဦးဆုံးအကြိမ် လေလံပွဲအား လာရောက်ကြည့်ရှုသော ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် တုန်ရင်သွားမိ၏။

ကြည့်ရသည်မှာ အိုက်ကလန် စတင်၍ ဈေးဖွင့်သော ငွေသုံးသိန်းဆိုသည်မှာ ပြဿနာတစ်ခု ဖြစ်ပုံမပေါ်ပေ။

"တစ်သန်း"

ထိုအချိန်မှာပဲ တစ်ဖက်ခန်းမှ ကြည်လင်ရှင်းသန့်သော အသံတစ်သံ ထွက်ပေါ်လာ၏။ ထိုအသံပိုင်ရှင်သည် ရှစ်ကျန်းရွှမ်ပင် ဖြစ်တော့သည်။

ကျွင်းချောင်ရှောင်း မျက်လုံးပြူးသွားမိ၏။

လေလံဈေးနှုန်းအား ငါးသိန်းမှ တစ်သန်းအဖြစ်သို့ တိုးမြှင့်လိုက်သည့် ဤအမျိုးသမီးသည် အမှန်ပင် ပြတ်သားလှချေသည်။

သူမသည် သူမ၏ မျက်လုံးရောဂါအား ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးဖြင့် ကုသနိုင်မည်ဟု ထင်မှတ်နေသောကြောင့် သူမအနေဖြင့် ဆယ်သန်းဆိုလျှင်ပင် လိုလိုချင်ချင်နှင့် ဝယ်ယူလိမ့်မည် ဖြစ်ကြောင်း စဉ်းစားမိလိုက်၏။

အခြားတစ်ဖက်မှ စဉ်းစားကြည့်လိုက်တော့ သူသာ မျက်လုံးကန်းနေပြီး ကောင်းကင်ကငြင်းပယ်ရလောက်သည့် ပြန်လည်ကောင်းမွန်ခြင်းဆေးလုံး ရှိသည်ဆိုသည်ကို သိလျှင် မည်မျှကုန်ကျသည်ဖြစ်စေ ကျိန်းသေပေါက် ဝယ်ယူမိမှာ သေချာသည်။

"မိန်းကလေး မင်းကိုစိတ်ပျက်စေခဲ့ပြီ။"

ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးသည် မိန်းကလေး၏ မျက်လုံးရောဂါကို ကုသနိုင်ဖို့ မပြောနှင့် အဆင့်သတ်မှတ်ချက်နှင့်ပင် အသုံးပြု၍ ရနိုင်မည်မဟုတ်ပေ။

အဆင့်လေး ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ် ဖြစ်သော ခန်းမသခင်၏ အားအင်အဆင့်သည် သိုင်းတပည့် ဒါမှမဟုတ် စွမ်းအင်ဖွင့်ခြင်းအဆင့်သာ ရှိနေလိမ့်မည်ဟု ကျွင်းချောင်ရှောင်း မထင်မိချေ။

ထိုအဆင့်ရှိမှသာလျှင် ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးများအား အသုံးပြုနိုင်မည်မဟုတ်လား။

ရှစ်ကျန်းရွှမ် ဆီမှ တစ်သန်းဟူသောဈေးနှုန်း ထွက်ပေါ်လာသည်ကို ကြားလိုက်ရမှာတော့ လေလံပွဲတစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်သွား၏။

ဘယ်သူမှ အနောက်ကလိုက်၍ ဈေးမတိုးပေးရဲချေ။

သူတို့တွင် ပိုက်ဆံမရှိ၍ မဟုတ်ချေ။ လိုက်လံ၍ ဈေးမတိုးမြှင့်ပေးရဲသောကြောင့်ပင် ဖြစ်၏။

ထိုရှင်းလင်းကြည်လင်နေသော အသံသည် မြောင်ဟွာခန်းမဆောင်ပိုင်ရှင်၏ အသံဖြစ်မှန်း သူတို့အားလုံး သိရှိပြီးဖြစ်သည်။ အဆင့်လေးဂိုဏ်းတစ်ခုနှင့် ယှဉ်ပြိုင်၍ လေလံပွဲအား ဝင်ရောက်ပြိုင်ဆိုင်သည်ဆိုသည်မှာ အသက်ရှင်ရသည်မှာ ပင်ပန်းနေသောကြောင့်ပင် ဖြစ်ပေလိမ့်မည်။

ကျွင်းချောင်ရှောင်းသည် သူ၏နှာခေါင်းအား အသာကုတ်ပြီးပြောလိုက်သည်။

"မကောင်းဘူး။"

ရှစ်ကျန်းရွှမ်သည် ငွေတစ်သန်းဆိုသော ဈေးနုှန်းနှင့် ပတ်သက်၍ ကျိန်းသေပေါက် ပေးနိုင်ပေလိမ့်မည်။ ထို့ထက်လည်း ပို၍ ပေးနိုင်သေးသည်။ သို့ပေမဲ့ ပထမဦးဆုံးဈေးခေါ်သော အဆင့်ငါးဂိုဏ်းတစ်ခုသည် ထပ်မံ၍ ဈေးမတိုးမြင့်ပေးရဲတော့ချေ။

ထိုသို့ဆိုလျှင် ပိုက်ဆံများများစားစား မည်ကဲ့သို့ ရရှိတော့မည်နည်း။

အိုက်ကလန်သည်လည်း ဤပြဿနာအား စဉ်းစားမိ၏။ ထို့ကြောင့်ပဲ သူတို့သည် စတည်ကတည်းက ဈေးနှုန်းအား သုံးသိန်းအဖြစ် မြှင့်ထားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် အိုက်ကလန်သည် စည်းမျဉ်းတစ်ခုကို ချမှတ်ထား၏။

တူညီသော သိုင်းပညာရှင် သိုမဟုတ် ဂိုဏ်း၊ မိသားစုတစ်ခုခုဆီမှ တစ်စုံတစ်ဦးသည် ဒုတိယမြောက် လေလံ ပစ္စည်းကို ထပ်မံဝယ်ယူချင်သည်ဆိုလျှင် ဈေးနှုန်းအား နှစ်ဆပေးရပေလိမ့်မည်။ ထို့ကြောင့် ပထမ လေလံပစ္စည်းအား လေးသိန်းဖြင့် ရောင်းချနိုင်သည်ဆိုလျှင် ဒုတိယဆေးလုံးကို ထပ်မံဝယ်ယူမည်ဆိုပါက ရှစ်သိန်းအထိပေးရပေလိမ့်မည်။

ထို့ကြောင့် များပြားလှသော ဂိုဏ်းကြီးများသည် ဆေးလုံးတစ်လုံးကို တစ်ခါပဲ ဝယ်ယူချင်ကြ၏။

ဤတစ်ကြိမ် လေလံပွဲတွင် ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးမှာ စုစုပေါင်း နှစ်ဆယ်ရှိ၏။ ထို့ကြောင့် အားလုံးသည် ဆေးလုံးတစ်လုံးလောက်ရလျှင်ပင် လုံလောက်ပြီဟု စိတ်ထဲ၌ သတ်မှတ်ထားကြသည်။

မည်သူမှ ထပ်မံလိုက်ပါ၍ ဈေးနှုန်းမမြှင့်တော့သည်ကို မြင်တော့ အိုက်ရှန်းရီသည် သုံးကြိမ်တိုင်တိုင်အော်ပြီး ပထမဦးဆုံး ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးအား မြောင်ဟွာခန်းမဆောင်သို့ ငွေတစ်သန်းဖြင့် ရောင်းချလိုက်ကြောင်း ကြေညာ လိုက်တော့၏။

အချက်အလက်အားဖြင့် မြောင်ဟွာခန်းမဆောင်သည် ဤလေလံပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လိမ့်မည်ဟု သူသိရှိပြီးဖြစ်၏။ ငွေလေးသိန်းလောက် ပေးလျှင်ပင် အလွန်အမင်း ကောင်းမွန်နေပြီဖြစ်၏။ တစ်သန်းအထိတိုး၍ ပေးလိမ့်မည်ဟု သူမထင်မှတ်ခဲ့ချေ။

"အိုက်ခေါင်းဆောင်"

ရှစ်ကျန်းရွှမ်ပြောလိုက်၏။ "ဆေးလုံးကို တစ်ခါတည်း ယူလာပေးလို့ရမလား။"

"ရတာပေါ့။"

အိုက်ရှန်းရီသည် ချက်ချင်းဆိုသလိုပဲ တတိယထပ်သို အပြေးတက်သွားပြီး စားပွဲပေါ်သို့ ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးအား တင်လိုက်၏။

ဤအမျိုးသမီး ရည်ရွယ်ချက်ကို သူကောင်းကောင်း နားလည်၏။ ထို့ကြောင့် စာနာနားလည်စွာဖြင့် ထပ်မံ၍ သတိပေးလိုက်သည်။ "ခန်းမသခင်ရှစ် ဒီပြန်လည်ကောင်းမွန်ခြင်းဆေးလုံးက စွမ်းအင်ဖွင့်ခြင်းအဆင့်နဲ့ သိုင်းတပည့်အဆင့် ကျင့်ကြံသူတွေအတွက်ပဲ အကျိုးသက်ရောက်မှုရှိတာ။"

"ကျွန်မနားလည်တယ်။" ရှစ်ကျန်းရွှမ်ပြောလိုက်၏။

အိုက်ရှန်းရီသည် သူမအား ဆက်လက်၍ မနှောင့်ယှက်တော့ပဲ မြန်မြန်ဆန်ဆန် ပြန်လည်ထွက်ခွာလာကြ၏။

"ဒီသာမန်ပုံစံပဲရှိတဲ့ ဆေးလုံးက ဒဏ်ရာတွေကို ချက်ချင်းကုသနိုင်တယ်ဆိုတာ တကယ်လား။"

လီအာ မေးခွန်းထုတ်လိုက်မိသည်။

ရှစ်ကျန်းရွှမ်သည် မျက်လုံးကန်းနေသည်ဆိုသော်လည်း ဆေးလုံး၏ အသွင်အပြင်ကို သူမခံစားမိ၏။ ဆေးလုံးအား အသာဖြစ်ညှစ်ပြီး တီးတိုးရေရွတ်လိုက်မိ၏။ "ကောင်းမွန်တဲ့ ကံတရားတွေဖြစ်ပေါ်လာဖို ငါ မျှော်လင့်မိတယ်။"

ပြောပြောပြီးချင်းမှာပဲ သူမ၏ ချယ်ရီရောင် နှုတ်ခမ်းပါးများအား အသာဖွင့်၍ ဆေးလုံးအားမြိုချလိုက်တော့သည်။

ကံဆိုးစွာဖြင့် ဆေးလုံးသည် သူမ၏ခန္ဓာကိုယ်ပေါ်တွင် အကျိုးသက်ရောက်မှု မရှိခဲ့ပေ။ သူမ၏အမြင်အာရုံသည် မည်းမှောင်နေတုန်းပင်ဖြစ်၏။

ရှစ်ကျန်းရွှမ်၏ အမူအရာသည် တည်ငြိမ်သွား၏။ သူမသည် ဦးခေါင်းကို အသာငုံ၍ စိတ်အလိုမကျသလို ပြောလိုက်သည်။ "အလုပ်မဖြစ်ဘူးပဲ။"

"ခန်းမသခင်"

လီအာ သည် အလောတကြီးဖြင့် နှစ်သိမ့်လိုက်၏။ "အိုက်ခေါင်းဆောင်က အစောကြီးကတည်းက စွမ်းအင်ဖွင့်ခြင်းအဆင့်နဲ့ သိုင်းတပည့်တွေအတွက်ပဲ အကျိုးသက်ရောက်မှုရှိမယ်လို ရှင်းရှင်းလင်းလင်း ပြောထားတယ်လေ။ ဒါကြောင့် ခေါင်းဆောင်ရဲ့မျက်လုံးတွေကို ပြန်ပြီးမကုသနိုင်တာ သာမန်ပါပဲ။"

"ဟုတ်တယ်။"

တပည့်တစ်ယောက်က သဘောတူစွာဖြင့် ပြောလိုက်၏။ "အိုက်ခေါင်းဆောင်က ဒီထက်ပိုပြီးအားကောင်းတဲ့ ဆေးလုံးကို သန့်စင်နိုင်လိမ့်မယ်။ အဲ့ချိန်ကျရင် ကျိန်းသေပေါက် ဂိုဏ်းချုပ်ရဲ့မျက်လုံးကို ကုသနိုင်မှာပဲ။"

သူတို့၏ခန်းမသခင် စိတ်ဓာတ်ကျနေသည်ကို မြင်သည့်နောက်မှာတော့ မြောင်ဟွာခန်းမ၏ တပည့်များ အားလုံးသည် ထပ်မံ၍ စိုးရိမ်ထိတ်လန့်လာမိကြ၏။

"ဒါလည်းဟုတ်တယ်။" ရှစ်ကျန်းရွှမ် ဦးခေါင်းကိုအသာမော့ကာဖြင့် တောက်ပစွာ ပြုံးလိုက်သည်။

"ဟူးး"

အားလုံးသည် စိတ်သက်သာရာရသလို သက်ပြင်းချလိုက်မိကြသည်။

မျက်နှာချင်းဆိုင်အခန်းထဲတွင် ရှိနေသော ကျွင်းချောင်ရှောင်းသည် တီးတိုးရေရွတ်လိုက်၏။ "ဒီမိန်းကလေးက ဆေးလုံးကို သောက်လိုက်ပြီ။ ဒါပေမယ့် အလုပ်မဖြစ်မှန်းသိရင် ကျိန်းသေပေါက် စိတ်ဓာတ်ကျသွားမှာပဲ။"

"အဲ့ဒါ ဂိုဏ်းချုပ်နဲ့ ဘာဆိုင်လို့လဲ။"

လုချင်းချင်း ရုတ်တရက် မေးလိုက်၏။

"ဟမ်"

ကျွင်းချောင်ရှောင်းဆွံ့အသွား၏။ ပြီးနောက် ပြောလိုက်သည်။ "ဆိုင်တော့မဆိုင်ဘူးပေါ့လေ။"

.......

အိုက်ခေါင်းဆောင်သည် လေလံပွဲစင်မြင့်စင်သို့ ပြန်လာပြီးသည့်နောက် လေလံပွဲကို ဆက်လက်ကျင်းပတော့သည်။

ဒုတိယဆေးလုံးကို ထုတ်ဖော်ပြီးသည့်နောက်မှာတော့ တတိယထပ်တွင်ရှိသော အဆင့်ငါးဂိုဏ်းတစ်ခုသည် ငွေလေးသိန်းဖြင့် စတင်ဈေးခေါ်လိုက်တော့၏။

ပါးစပ်ဟကာ ဈေးခေါ်ရန်ပြင်နေကြသော အင်အားစုများသည် ရုတ်တရက်ဆိုသလိုပဲ ပါးစပ်ပိတ်မိသွားကြ၏။

သူတို့သည် အဆင့်လေးဂိုဏ်းတစ်ခုအား အပြစ်ပြုမိ၍ မဖြစ်သလို အဆင့်ငါးဂိုဏ်းတစ်ခုအားလည်း အပြစ်ပြု၍ မဖြစ်ချေ။

အိုက်ခေါင်းဆောင်သည် မည်သူမှထပ်မံ ဈေးမတိုးပေးသည်ကို မြင်ချိန်မှာတော့ သက်ပြင်းချလိုက်မိတော့သည်။

ဤသို့ဖြစ်လာမည်ကို သူအစောကတည်းက မျှော်လင့်ပြီးဖြစ်သည်။ သို့ပေမဲ့ ငွေလေးသိန်းဆိုသည်မှာ အနည်းငယ်တော့ နည်းပါးနေသေး၏။

"ဟုန်ယွင်ဂိုဏ်း လေးသိန်းတစ်ကြိမ်။"

"ဟုန်ယွင်ဂိုဏ်း လေးသိန်းနှစ်ကြိမ်။"

"ဟုန်ယွင်ဂိုဏ်း လေးသိန်း"

အိုက်ခေါင်းဆောင်သည် သူ၏ တူအား ထုနှက်ရန် ပြင်ဆင်လိုက်ချိန်မှာတော့ တတိယထပ်ဆီမှ အသံတစ်သံ ထွက်ပေါ်လာတော့၏။

"ငါးသိန်း"

"ဟမ်" အိုက်ရှန်းရီ၏ အမူအရာသည် အေးခဲသွားသည်။

အဘယ့်ကြောင့်ဆိုသော် ဈေးတိုး၍ ခေါ်ဆိုလိုက်သူမှာ ဂိုဏ်းချုပ်ကျွင်း ဖြစ်နေသောကြောင့်ပင်။

All Chapters