အခန်း (၂၂၅)
Vol. 16 Ch. 225
လီလိုရှုသည် လင်းယုန်နက်တောင်သို့ တစ်ရက်စောပြီး ရောက်ရှိနေခြင်းပင်ဖြစ်၏။ ထို့အပြင် သူမသည် လမ်းပေါ်တွင် အမှတ်အသားများ ပြုလုပ်ထား၏။ ထို့ကြောင့်ပင် သူမသည် ကျွင်းချောင်ရှောင်းနှင့် အချိန်းအချက် ပြုလုပ်နိုင်ခြင်း ဖြစ်သည်။
ဤအတောအတွင်း သူမသည် လင်းယုန်နက် တောင်ရှိ တည်နေရာများအားလုံးကို ရှင်းလင်း ရှာဖွေထားပြီး ဖြစ်ကာ မိုးဆွေဟောခန်းမှ လူများသည် ဤကဲ့သို့သော လုပ်ဆောင်ချက်များတွင် အထူး ကျွမ်းကျင်သူများ ဖြစ်ကြ၏။
သို့ပေမဲ့ ညအင်ပါယာဆိုလျှင် ထိုကဲ့သို့သော အလုပ်မျိုးကို မည်သို့သော အခါတွင်မှ ပြုလုပ်လိမ့်မည် မဟုတ် ချေ။
ကျွင်းချောင်ရှောင်းသည် လင်းယုန်နက် ဂိုဏ်း၏ တည်နေရာတစ်ခုလုံးကို စောင့်ကြည့်စစ်ဆေးခိုင်းလိုက်သည်။ ပြီးနောက် လင်းယုန်နက် ဂိုဏ်းအား မည်ကဲ့သို့ ဖျက်ဆီးရမည်ကို စတင်တွေးတောနေမိသည်။
တပည့်များကို ခေါ်ဆောင်၍ သွားသတ်လိုက်ရမည်လား။ ဦးနှောက် အဆံချောင်နေသော သူများသာလျှင် ထိုကဲ့သို့ ပြုလုပ်ပေးလိမ့်မည်။
အချိန်အတော်ကြာပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် သူ၏ မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည် ။
"လင်းယုန်နက် တောင်ပေါ်မှာ တစ်ခြား ထောင်ချောက် တွေ ရှိနိုင်မလား မသိနိုင်ဘူး။ ဒီတော့ လမ်းဆုံလမ်းဂွ တွေမှာ စောင့်ပြီး တစ်ဦးချင်းကို သတ်ရင်ရော …. "
ကျွင်းချောင်ရှောင်းသည်လည်း ရန်ကျီနှင့် အတွေးတူညီနေသည်။ တစ်ဖက်လူ၏ တည်နေရာ တွင်စောင့်၍ တိတ်တဆိတ် လုပ်ကြံသတ်ဖြတ်ရန် စဉ်းစားနေ၏။
လီလိုရှူ ပြောလိုက်သည် "လင်းယုန်နက်ဂိုဏ်းရဲ့ ဒုဂိုဏ်းချုပ်ကို ဂိုဏ်းချုပ် သတ်ပစ်ခဲ့တာ လဝက်ကျော်ခဲ့ပြီ။ ဒါဆို သူတို့က စတင်ပြီး စုံစမ်းစစ်ဆေးနေလောက်ပြီ။ တကယ်လို သူတို့ သတင်းကြားသွားပြီဆို ချက်ချင်းစပြီး လှုပ်ရှားလိမ့်မယ်။သူတို့ လှုပ်ရှားပြီဆိုတာနဲ့ ဒီနေရာမှာ စပြီးတိုက်ခိုက်လိုက်တာ အလွယ်ကူဆုံး နည်းလမ်းပဲ။"
သူမသည် စနိုက်ပါရိုင်ဖယ်အား ပြင်ဆင်ထားပြီး ဖြစ်၏။
သေချာစဉ်းစားကြည့်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် တပည့်များအား လင်းယုန်နက်ဂိုဏ်း၏ အဝင်အထွက်နေရာများတွင် သေချာစောင့်ကြည့်ထားရန် အမိန့်ပေးလိုက်သည်။
လီလိုရှု ဦးဆောင်သော မိုးဆွေဟောခန်းမှ အဖွဲ့ဝင်များအားလုံးသည် အဖွဲ့တစ်ခု အဖြစ်သို့ ဖွဲ့လိုက်သည်။ ပြီးနောက် သူတို့သည် သီးခြားနေရာတစ်ခုတွင် နေရာယူ၍ လီလိုရှုသည် စနိုက်ပါကိုလည်း အဆင်သင့် ပြင်ဆင်ထားသည်။
ဘယ်ဘက်အခြမ်းတွင် တာဝန်ယူမည့်လူမှာ ကျွင်းချောင်ရှောင်းဖြစ်ပြီး ရှောင်ကျီအား အမြင့်ဆုံး သစ်ပင်တစ်ခုပေါ်သို့ တက်၍ စနိုက်ပါနှင့် ချိန်ရွယ်ထားရန် စီစဉ်ထားသည်။
ကံဆိုးစွာဖြင့် သူ့တွင် အမြှောက်များ မရှိခဲ့ပေ။
မဟုတ်လျှင် တောင်ခြေ၌ အမြှောက်များ တန်းစီချ၍ လင်းယုန်နက်ဂိုဏ်း တစ်ခုလုံးအား တိုက်ရိုက် ဖျက်ဆီးပစ်လိုက်ပေလိမ့်မည်။
မြွေဟောက်နှင့် တစ်ခြားအဖွဲဝင် နှစ်ဆယ်ကျော်တို့သည် အထက်မီတာ နှစ်ရာခန့်တွင် ပုန်းအောင်းနေကြ၏။
"အစ်ကိုမြွေ"
လီထျန်းထျန်း သည် နောက်မှ လိုက်လာပြီး ကြောက်ရွံ့စွာနှင့် ပြောလိုက်သည်။ "ကျုပ်တို့တကယ်ပဲ တစ်စုံတစ်ယောက်ကို သတ်ရတော့မှာလား။"
အမှောင်ထဲ၌ ပုန်းအောင်နေရင်းမှ အစ်ကိုမြွေသည် ခြေထောက်ဖြင့် အသာလှမ်းကန်ပြီး တီးတိုးပြောလိုက်သည်။ "ကြောက်မနေနဲ့ သစ်ပင်ပေါ်ကို တက်ပြီးနေ။"
လီထျန်းထျန်း သည် သစ်ပင်ပေါ်သို့ ခုန်တက်လိုက်သည်။ သို့ပေမဲ့ သူ၏ ခြေထောက်များသည် တုန်ရင်နေတုန်းပဲဖြစ်သည်။ သူသည် နာနာကျင်ကျင် ဖြင့် ပြောလိုက်သည်။ "ကျွန်တော်လည်း ခြေထောက်တွေ မတုန်ချင်ဘူး။ ဒါပေမဲ့ ထိန်းချုပ်လို့မှ မရတာ။"
သူသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးမှ လူသားတစ်ယောက်ဖြစ်သည် ဆိုသော်လည်း သူ၏ ဘဝတွင် ကြက်နှင့် ဘဲများကိုသာ သတ်ဖြတ်ခဲ့ဖူး၏။ လူသားတစ်ယောက်ကိုမှ အရင်တုန်းက မသတ်ဖြတ်ခဲ့ဖူးချေ။
သူသည် ဂိုဏ်းသို့ စတင်ရောက်လာစဉ်က ကိုယ့်ကိုကိုယ် အထင်ကြီးခဲ့၏။
သို့ပေမဲ့ တကယ်တမ်း လူသတ်ရမည့် တိုက်ခိုက်ပွဲများနှင့် ကြုံချိန်မှာတော့ သူ၏ ခြေထောက်များသည် တဆတ်ဆတ် နှင် တုန်ခါလျက်ရှိသည်။
သူ သည် ကြမ်းတမ်းလှသော သားရဲရိုင်းများကိုသာ သတ်ဖြတ်နိုင်ခဲ့၏။ ထို့ကြောင့် လူသားများကို သတ်ဖြတ်ရမည့် ကိစ္စကို စဉ်းစားမိတော့ အနည်းငယ် ထိပ်လန့်နေမိ ၏။
လက်ရှိတွင် ရှိနေသော တပည့်များထဲတွင် အတည်ငြိမ်ဆုံးသူမှာ ရီရှင်းချန်ပင် ပင်ဖြစ်သည်။ သူသည် အရင်ဘဝကတည်းက များပြားလှသော သူများကို သတ်ဖြတ်ခဲ့သောကြောင့် ဖြစ်သည်။
ကျွင်းချောင်ရှောင်းသည် သူ၏ တပည့်များအား ဤနေရာသို့ အဘယ့်ကြောင့် ခေါ်လာသည်ဆိုသော် လောက၏ ရက်စက်မှုများကို အသားကျစေရန်ပဲဖြစ်သည်။ သူ့၏တပည့်များအား ဖန်လှောင်အိမ်ထဲတွင် စိုက်ပျိုးထားသော ပန်းကလေးများ အဖြစ်သို့ မရောက်စေချင်ပေ။
"ဂိုဏ်းချုပ်။"
သစ်ပင်ပေါ်မှာ ရှိနေသော ရှောင်ကျီသည် မှန်ဘီလူးမှ တစ်ဆင့် လှမ်းကြည့်ပြီး တီးတိုးပြောလိုက်သည်။
"သူတို့ တောင်အောက်ကို ဆင်းလာပြီ။"
"ဘယ်နှစ်ယောက် ပါတာလဲ။" ကျွင်းချောင်ရှောင်း မေးလိုက်၏။
ရှောင်ကျီသည် သေချာလှမ်းကြည့်ပြီးနောက် ပြောလိုက်သည်။ "တစ်ရာလောက်ရှိတယ်။"
"များလှချည်လား။" ကျွင်းချောင်ရှောင်းသည် သူ၏ မေးစေ့ကို ပွတ်သပ်ကာ တီးတိုးရေရွတ်လိုက်၏။
"သူတို့ရဲ့ အဖော် အသတ်ခံလိုက်ရတယ်ဆိုတာကို သိသွားတာ။ သူတို့ ငါတို့ သံမဏိအရိုးဂိုဏ်းကို သွားဖို့ ပြင်နေတာပဲ။ ဂိုဏ်းချုပ်။"
လီလိုရှုသည်လည်း သူမ၏ မှန်ဘီလူးမှတစ်ဆင့် မြင်နေရ၏။ ထို့ကြောင့် တီးတိုး လှမ်းပြောလိုက်၏။ "ဒီလူတွေရဲ့ ခြေလှမ်းတွေက အရမ်းတည်ငြိမ်လွန်းတယ် အားမနည်းလောက်ဘူး။”
“ငါ့ကို လက်နတ်ပေး။"
ရှောင်ကျီသည် စနိုက်ပါသေနတ်အား ဂိုဏ်းချုပ်ဆီသို့ လှမ်းပေးလိုက်သည်။
ကျွင်းချောင်ရှောင်းသည် သူ၏ နေကာမျက်မှန်ကို ကောက်တပ်လိုက်ပြီး ဆင်းသက်လာသော ထိုလူများအား ရှစ်ဆမှန်ဘီလူးဖြင့် ကြည့်လိုက်သည်။
ဆင်းသက်လာကြသော လင်းယုန်နက် ဂိုဏ်းတပည့်တစ်ရာကျော်တွင် အနိမ့်ဆုံးအဆင့်မှာ သိုင်းတပည့်အဆင့်ငါးဖြစ်ပြီး သိုင်းတပည့် ထိပ်ဆုံးအဆင့် နှစ်ဆယ် နှင့် သိုင်းဆရာအဆင့်လည်း ပါသည်။
တောက်။
ကျွင်းချောင်ရှောင်း တီးတိုးရေရွတ်လိုက်သည်။ "သူတို့ အတော်အားကောင်းတာပဲ။"
လူတစ်ရာကျော် ဆင်းသက်လာသည်ဆိုလျှင်တောင်မှ အနိမ့်ဆုံးအဆင့်သည် အဆင့်ငါး သိုင်းပညာရှင် တစ်ယောက်ဖြစ်နေ၏။
သူတို့သည် ကျိန်းသေပေါက် တစ်စုံတစ်ခု သွားလုပ်တာပဲ ဖြစ်ပေလိမ့်မည်။ မဟုတ်ပါက ဤကဲ့သို့ အားကောင်းသောလူများ တစ်စုတစ်စည်းထဲ စုဝေးဆင်းသက်လာမည် မဟုတ်ချေ။
"ဂိုဏ်းချုပ်"
လီလိုရှုသည် အသာစောင့်ကြည့်နေရင်းမှ ပြောလိုက်သည်။ "သူတို့ သံမဏိအရိုးဂိုဏ်းကို သွားမှာ။"
ဟမ်။
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ခင်ဗျား ဘယ်လို သိတာလဲ။"
လီလျိုရှု ပြုံးကာ ပြောလိုက်သည်။ "ကျွမ်းကျင်လှတဲ့ သတ်ဖြတ်သူတစ်ယောက်အနေနဲ့ နှုတ်ခမ်းဖတ် အတတ်ပညာကို တက်မြောက်ဖို့ကလည်း အရမ်း အရေးကြီးတယ်။"
ချီးတဲ့မှ …ဒီလောက် ဝေးကွာလှတဲ့ နေရာကို မှန်ဘီလူးကနေ ကြည့်ပြီး နှုတ်ခမ်း လှုပ်ရှားမှုကို ဖတ်တတ်ဖို့ဆိုတာက တကယ့်ကို ကျွမ်းကျင်လွန်းမှ ရလိမ့်မယ်။
ဤကိစ္စနှင့် ပတ်သက်၍ မြွေဟောက် ၊ တောကြောင် နှင့် မိုးဆွေ ဟောခန်းမှ တစ်ခြားသူများအားလုံးလည်း သူတို့၏ ခေါင်းဆောင်အား မနာလို ဖြစ်မိကြ၏။
မိုးဆွေ ဟောခန်း တွင် သူတို့၏ ခေါင်းဆောင် လီလိုရှုတစ်ယောက်တည်းသာလျှင် နှုတ်ခမ်းဖတ်ခြင်း အတတ်ပညာအား တတ်မြောက် သည်။ သူတို့သည် အရင်တုန်းက လေ့လာခဲ့ဖူးသည်ဖြစ်သော်လည်း အနည်းငယ်မျှ မတတ်ကျွမ်းကြချေ။
…….
တောင် ပေါ်ရှိကျောက်လှေကားများ အပေါ်မှာတော့ အမဲလိုက်အဖွဲ့၏ ခေါင်းဆောင်သည် အရှေ့ဆုံးမှ လျှောက်လာ၏။ ဒုတိယခေါင်းဆောင်နှင့် အဖွဲ့ဝင်များအားလုံးသည် အနောက်မှ နီးနီးကပ်ကပ် လိုက်ပါလာကြ၏။ သူတို့သည် အရင်ဆုံး စုံစမ်းစစ်ဆေးရမည်ဖြစ်သောကြောင့် အလျင်မလိုလှပေ။
ဒုတိယခေါင်းဆောင်သည် အထင်အမြင်သေးသလို ပြောလိုက်၏။
"ဂိုဏ်းချုပ်က ဘာလို့ ကျုပ်တို့ကို အဆင့်ရှစ် ဂိုဏ်းတစ်ခုကို စုံစမ်းဖို လွှတ်လိုက်ရတာလဲ။ ဒါက မရိုးရှင်းဘူးမလား။"
"ဟုတ်တယ်။"
အဖွဲ့သားတစ်ယောက်က ပြောလိုက်သည်။ "ကျုပ်တို့ အမဲလိုက်အဖွဲ့က အရင်တုန်းက အဆင့်ခြောက်ဂိုဏ်းတစ်ခုကိုတောင် တိုက်ခိုက်ခဲ့တယ်။ အခု ဘာလို့ သေးငယ်လှတဲ့ သံမဏိအရိုးဂိုဏ်းဆိုတာလေးကို စုံစမ်း စစ်ဆေးနေအုံးမှာလဲ။ တစ်ခါတည်း သတ်ပစ်လိုက်ရင် ပြီးတာပဲ။"
ခေါင်းဆောင် သည်လည်း မပျော်မရွှင် ဖြစ်နေ၏။ သို့ပေမဲ့ သူ ပြောလိုက်သည်။ "စောတကမတက်နဲ့။ ဂိုဏ်းချုပ် က အမိန့်ပေးလိုက်ပြီ ဆိုတော့ ငါတို့ အမဲလိုက်အဖွဲ့က အောင်အောင်မြင်မြင်နဲ့ လုပ်နိုင်အောင် ကြိုးစားရမယ်။"
"အစ်ကိုကြီး။"
ဒုတိယခေါင်းဆောင်က ပြောလိုက်သည်။ "တကယ်လို့ ဒုဂိုဏ်းချုပ်ရဲ့ သွေး သေချာတယ်ဆိုတာ ရှာဖွေတွေ့ရှိခဲ့ပြီဆိုရင် ကျုပ်တို့ ချက်ချင်းလှုပ်ရှားရမယ်လို ဂိုဏ်းချုပ် က ပြောခဲ့တယ် မဟုတ်လား။ အချိန်ရောက်လာရင် ကျုပ်တို့ သံမဏိအရိုးဂိုဏ်းက လူတွေအကုန်လုံးကို သတ်ဖြတ်ပစ်နိုင်မှာပဲ။ ဒီတော့အပြင်ကနေ စောင့်ပြီးတော့ တိတ်တဆိတ်လုပ်ကြံစရာ မလိုဘူးထင်တယ်။"
"သံမဏိအရိုးဂိုဏ်းက မရိုးရှင်းဘူးလို့ လူကြီးမင်းရန်က ပြောတယ်။ဒီတော့ ငါတို့ သတိထားတာ အကောင်းဆုံးပဲ။" ခေါင်းဆောင်သည် လေးလေးနက်နက်နှင့် ပြောလိုက်၏။
"တောက် …. ဒီလူကြီးမင်းရန် က လာပြန်ပြီ။"
ဒုတိယခေါင်းဆောင်နှင့် တစ်ခြားသော သူများသည်လည်း စိတ်ပျက်လက်ပျက် ဖြစ်မိသွားကြ၏။မိစ္ဆာဂိုဏ်း ကျင့်ကြံသူများ ဖြစ်သောကြောင့် သူတို့သည် ရက်စက်ကြမ်းကြုတ်ခြင်းနှင့် သတ်ဖြတ်ခြင်းအား နှစ်သက်ကြသည်။ ထို့ကြောင့် အရာကိစ္စ တစ်ခုခုပြုလုပ်ရာတွင် နှစ်ကြိမ် စဉ်းစားတတ်သည့် သူများကို အလွန်မုန်းတီးလှသည်။
သူတို့၏ ဂိုဏ်းချုပ်သည် ထိုသူအား အလွန်အမင်း မယုံကြည်နေလျှင် သူတို့သည် ထိုသူ၏ စကားကို တစ်စက်ကလေးမှ နားထောင်လိမ့်မည် မဟုတ်ချေ။
“ဟား ဟား။”
အဖွဲ့သားတစ်ယောက်သည် မိစ္ဆာဆန်ဆန် ရယ်လိုက်သည် "ချင်းယန်နိုင်ငံက မိန်းကလေးတွေက အရမ်းလှတယ်လို ကျုပ်ကြားဖူးတယ်။ သံမဏိအရိုးဂိုဏ်းမှာလည်း အရမ်းလှတဲ့ အမျိုးသမီးတပည့်တွေ ရှိနိုင်တယ်နော်။"
“ဟား ဟား ဟား”
တစ်ခြားသော အဖွဲ့ဝင်များသည် ဟာသလုပ်လိုက်၏။ "ဖင်မဲကြီး … မင်းက တောင်အောက်ကတောင် မဆင်းသေးဘူး မိန်းကလေးတွေကိစ္စ စဉ်းစားနေပြီလား။"
"ဖင်မဲကြီးက တဏှာမီးတောက်နေတာပဲ။"
"သူက မိန်းလေးတွေနဲ့ တွေ့ရမယ်ဆိုရင် ငရဲပြည်တောင် ခုန်ချပြီး သွားမလား မသိဘူး။"
"ကျုပ်အထင်အရတော့ သူက သေရင်တောင် မိန်းကလေးတွေ လက်ထဲမှာ သေမယ်ထင်တယ်။"
အားလုံးက သူ့အား စနောက်လျက်ရှိကြသည်။
ဖင်မဲကြီးဟုခေါ်သော အဖွဲ့ဝင်က အော်လိုက်၏။ "ဘာမကောင်းတာရှိလို့လဲ။ ငါက မိန်းကလေးတွေကို နှစ်သက်တယ်လေ။ ဒါ့ကြောင့် မိန်းကလေးတွေ လက်ထဲမှာ သေရမယ်ဆိုရင် ပျော်ပျော်ကြီးသေလိုက်မယ်"
ခေါင်းဆောင်သည် ရယ်ကာ ပြောလိုက်သည်။ "ငါတို့အခု မရောက်သေးဘူးလေ။ ဒါကြောင့် ခဏလောက် တောင့်ခံထားအုံး။ သံမဏိအရိုးဂိုဏ်း ဟုတ်တယ်ဆိုတာကို အတည်ပြုပြီးရင် သူတို့ရဲ့ အမျိုးသမီးတပည့်တွေကို ကြိုက်သလို လုပ်လို့ရတယ်။"
ဖင်မဲကြီး၏ မျက်လုံးများသည် တောက်ပသွား၏
တစ်ခြားသော မိန်းကလေးနှစ်သက်သည့် အဖွဲ့ဝင်များအားလုံးသည်လည်း ထိုသို့ဖြစ်လာရန် မျှော်လင့်နေကြသည်။
သူတို့သည် တောင်အောက်သို့ ဆင်းလာသည်နှင့် တစ်ပြိုင်နက် ချင်းယန်နိုင်ငံ မှ သံမဏိအရိုးဂိုဏ်း တပည့်များအား မည်သို့ ဖျက်ဆီးပစ်မည်ဆိုသည့် အကြောင်းအရာများအား မစားရဝခမန်း ပြောဆိုနေကြသည်။
ထိုသူတို့ ပြောဆိုနေသည့် စကားလုံး တစ်ခုချင်းဆီ၏ အဓိပ္ပါယ်များကို သိရှိနေသောကြောင့် လီလိုရှု၏ မျက်လုံးထဲတွင် အလွန်တရာ အကောင်းလှသော သတ်ဖြတ်လိုခြင်းဆန္ဒများ ဖြစ်ပေါ်လာသည်။ "ဒီနေ့မှာ အားလုံးကို သတ်ပစ်မယ်။"
ကျွင်းချောင်ရှောင်းသည်လည်း ရှစ်ဆမှန်ဘီလူးအား ကြည့်ရှုနေခြင်း ဖြစ်သည်။
သူသည် ရှစ်ဆမှန်ဘီလူးအား အသက်မသွင်းထားသောကြောင့် ထိုသူတို့ ပြောနေသည့် စကားများအား မကြားရချေ။
သို့ပေမဲ့ ထိုသူတို့၏ အပြုံးနှင့် အမူအရာများကို ကြည့်ရှုလိုက်သည်နှင့် အရှက်မဲ့လှသော အကြောင်းအရာများကို ပြောဆိုနေခြင်း ဖြစ်မည်ဆိုသည်ကို သူ ခန့်မှန်းမိပြီး ဖြစ်သည်။။
လီလိုရှု၏ ပြောသံဆိုသံအရဆိုလျှင် ထိုသူတို့သည် သံမဏိအရိုးဂိုဏ်းအကြောင်း ပြောဆို နေခြင်းဖြစ်၏။ အထူးသဖြင့် ဂိုဏ်းမှ မိန်းကလေးများအကြောင်း ဖြစ်လိမ့်မည်။
ထို့ကြောင့် သူ၏ အကြည့်များသည် အေးစက်လာသည်။ "သူတို့ အောက်ကိုဆင်းလာပါလေ့စေ။ အောက်ရောက်တာနဲ့ အကုန်လုံးကိုသတ်။"
တပည့်များအားလုံးသည် အမိန့်ကို လက်ခံရယူပြီးဖြစ်သောကြောင့် သူတို့၏ စိတ်ဝိညာဉ်စွမ်းအင်များကို အဆင်သင့် ပြင်ဆင်ထားလိုက်ကြ၏။
လီယုဟွာနှင့် တစ်ခြားသူများအားလုံးသည် သ့မဏိဒိုင်းကာ ၊ လှံနှင့် တစ်ခြားအရာများကို ဆင့်ခေါ်လိုက်ကြသည်။
အမှောင်ထဲတွင် ပုန်းအောင်းလျက်ရှိကြသော မိုးဆွေဟောခန်းမှ အဖွဲ့ဝင်များ၏ လက်ထဲသို့ လက်နက်ပုန်းများ ရောက်ရှိလာကြ၏။
တောင်ပေါ်မှဆင်းသက်လာသောသူများသာ သူတို့၏ တိုက်ခိုက်နိုင်သော အကွာအဝေးသို့ ရောက်ရှိသည်နှင့် သူတို့သည် အညှာအတာမဲ့စွာဖြင့် တိုက်ခိုက်တော့မည်ဖြစ်သည်။
အခြေအနေသည် ပိုမို၍ တည်ငြိမ်လာသည်။ မုန်တိုင်းမတိုက်ခင် လေငြိမ်သည့် အခြေအနေမျိုးဟု ဆိုရမည်။
အမဲလိုက်အဖွဲ့ဝင်များအားလုံးသည် တောင်အောက်သို့ ဆင်းသက်လာချိန်မှာတော့ သူတို့အား လုပ်ကြံသတ်ဖြတ်ရန် အဖွဲ့အစည်းတစ်ခု ရောက်ရှိနေလိမ့်မည်ဟု မထင်မှတ်ခဲ့ကြပေ။
ထို့ကြောင့် အနှောက်အယှက်မရှိဘဲ မိန်းကလေးများ အကြောင်းအား တဏှာဆန်ဆန် ပြောဆိုနေကြခြင်း ဖြစ်သည်။
လုချင်းချင်း၏ မျက်လုံးများသည် အေးစက်နေ၏။ သူမသည် တိုက်ခိုက်ရန် အဆင်သင့်ပြင်ဆင်ထား၏။
“ဟမ် …”
ထိုအချိန်မှာပဲ ဆင်းသက်လာသောအဖွဲ့အစည်း၏ ခေါင်းဆောင်သည် တစ်စုံတစ်ခုကို သတိပြုမိသွားသည်။ သူသည် ညာဘက်ခြမ်းတွင်ရှိသော ခြုံပုတ်ထဲသို့ လှမ်းကြည့်ပြီး အေးစက်စက် ပြုံးလိုက်သည်။ "တစ်ယောက်ယောက်ရှိနေတယ်။"
အားရပါးရရယ်မောနေကြသော အဖွဲ့ဝင်များအားလုံးသည် လေးနက်သွားကြသည်။
သူတို့သည် လီထျန်းထျန်း ရှိရာ နေရာဆီသို့ လှမ်းကြည့်လိုက်ကြသည်။
လီထျန်းထျန်းသည် သစ်ပင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်လျက်ရှိပြီး သ၏ ခြေထောက်များ တဆတ်ဆတ်တုန်လျက်ရှိ၏။
"ချီးတဲ့မှ …."
အမှောင်ထဲတွင် ပုန်းအောင်းလျက်ရှိသော မြွေဟောက်သည် အလွန်အမင်း စိတ်ဓာတ်ကျသွား၏။ "ငါတော့ စောက်ရူးကောင်ကို အဖွဲ့ထဲ ခေါ်ခဲ့မိတာပဲ။"