← Chapters

အခန်း (၂၂၇)

Vol. 16 Ch. 227

အခန်း (၂၂၇)

Vol. 16 Ch. 227

သေခြင်းတရား၏ အရသာဆိုသည်မှာ ဘာလဲ။

ပြောရမည် ဆိုလျှင် ကျွင်းချောင်ရှောင်း နှင့် ရီရှင်းချန် တို့သည် ထိုအရာကို ကောင်းကောင်း ကြုံတွေ့ဖူးကြသည်။

သေဆုံးခြင်းကို ကြုံတွေ့ရချိန်တွင်မှ လောကကြီးသည် မည်မျှလှပပြီး နေချင်စရာကောင်းမွန်ကြောင်း နားလည်ပေလိမ့်မည်။

ထို့ကြောင့် ဝိညာဉ်ကူးပြောင်းလာပြီးနောက် ကျွင်းချောင်ရှောင်းသည် အလွန်တရာ ဝမ်းမြောက်မိသည်။

မဖြစ်နိုင်သော တာဝန်ကြီးတစ်ခုသည် သူ၏ ပခုံးထက်တွင် ရှိနေသည် ဆိုလျှင်တောင်မှ ကိုယ့်ကိုယ်ကိုယ် အားပေးပြီး နေထိုင်နိုင်သေး၏။

အမဲလိုက် အဖွဲ့သား နှစ်ဆယ်တို့သည် သေခြင်းတရား၏ အရသာကို ကောင်းကောင်းသိသွားကြပြီဖြစ်သည်။

သူတို့၏ လည်ပင်းပေါ်တွင် သေးငယ်လှသော ဓားဒဏ်ရာ တစ်ခုစီ ရှိနေကြပြီး သွေးတွေ ထွက်မလာသေးဘူး ဆိုလျှင်တောင်မှ သူတို့၏ သိစိတ် နှင့် ဝိညာဉ်များသည် ခန္ဓာကိုယ်မှ ကင်းလွတ်သွားခဲ့ပြီ ဖြစ်၏။

ဘုတ် ..

ဘုတ် ..။

လင်းယုန်နက်ဂိုဏ်းသား နှစ်ဆယ်တို့သည် မြေပေါ်သို့ လဲကျသွားတော့သည်။

သူတို့လည်ပင်းထက်ရှိ ဓားဒဏ်ရာသည် ပွင့်ထွက်လာပြီး သွေးတွေ တရဟော ထွက်ကျလာတော့သည်။

သူတို့သည် မိစ္ဆာဂိုဏ်းမှ လူများဖြစ်သည်မို့ သာမာန်လူများထက် သေခြင်းတရားကို နားလည်ကြပြီး သေဆုံးဖို့ကိုပင် အစဉ်အမြဲ ပြင်ဆင်တွေးတောထားကြသူများ ဖြစ်၏။

သို့ပေမဲ့ တကယ်တမ်း သေခြင်းတရားကို ကြုံလိုက်ရချိန်မှာတော့ နောင်တတရားတွေ တပွေ့တပိုက်နှင့် လောကသစ်သို့ ရောက်ရှိသွားခဲ့ကြသည်။

ဂလု ..။

ဒုတိယခေါင်းဆောင်သည် တံတွေးမြိုချလိုက်မိသည်။ သူ၏ မျက်လုံးထဲတွင်တော့ ကြောက်လန့်ခြင်း အရိပ်အယောင်တွေက နေရာယူထားသည်။ သူ၏ လက်များသည် တုန်ရင်လျက်ရှိ၏။

သူ၏ နောက်လိုက်နှစ်ဆယ်ကျော်သည် တင်းမာခက်ထန်သော ရုပ်သွင်နှင့်လူငယ်၏ ဓားချက်ကြောင့် သေဆုံးခဲ့ရသည်။ ထိုလူငယ်၏ အားအင်သည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။

သူတို့၏ ဂိုဏ်းချုပ်သည်ပင် ထိုသို့ လုပ်နိုင်မည်မထင်ချေ။

အသက်ရှုရှိုက်စာ အနည်းငယ်အတွင်း သတ်ဖြတ်သွားခဲ့ခြင်း မဟုတ်ပေ။ အသက်တစ်ရှိုက်စာ အတွင်း သတ်ဖြတ်သွားခဲ့ခြင်း ဖြစ်သည်။

ရီရှင်းချန်သည် ဓားကိုဆွဲထုတ်လိုက်သည်။ ပြီးနောက် ဓားကို ပြန်သိမ်းလိုက်သည်။ ဤအတောအတွင်း တစ်ဖက်လူများသည် သေဆုံးသွားခဲ့ခြင်း ဖြစ်၏။

အလွန်တရာ မြန်ဆန်လွန်းလှသည်။

ဝှစ် …။

ဒုတိယခေါင်းဆောင်သည် အမှန်ကန်ဆုံးသော ဆုံးဖြတ်ချက်ကို ချမှတ်လိုက်သည်။ သူသည် ဂိုဏ်း၏ လှုပ်ရှားမှု ခြေလှမ်းကွက်ကို ထုတ်သုံးကာ နောက်ဆုတ်၍ ပြေးတော့သည်။

သို့ပေမဲ့ သူ ခေါင်းလှည့်ကြည့်လိုက်ချိန်မှာတော့ သူတို့၏ ခေါင်းဆောင်သည် ဘယ်ကမှန်းမသိသော လူတစ်စု နှင့် တိုက်ခိုက်နေကြောင်း မြင်လိုက်ရ၏။

တိုက်ခိုက်ခြင်း မဟုတ်ပေ။ တိုက်ခိုက်ခံနေရခြင်းဟု ပြောလျှင်ပိုမှန်မည်။

သူ၏ အမဲလိုက်အဖွဲ့သည် အသက်ဆယ့်ခုနှစ် နှစ်၊ ဆယ့်ရှစ် နှစ်လောက်သာ ရှိမည့် လူငယ်လေးများ၏ ရူးရူးမူးမူး သတ်ဖြတ်ခြင်းကို ခံနေရသည်။

အထူးသဖြင့် သူ့ထက် အားကောင်းသော ခေါင်းဆောင်သည် ပြန်လည်မတိုက်ခိုက်နိုင်လောက်အောင် ဆယ်ကျော်သက် လူငယ်လေး တစ်ဦး၏ တိုက်ခိုက်မှုကို ခံနေရ၏။

လီချင်းယန်သည် ရှေ့သို့ လှမ်းတက်လာပြီး သူ၏ လက်ထဲသို့ စိတ်ဝိညာဉ်စွမ်းအင်များ ဖြည့်သွင်းလိုက်သည်။ ပြီးနောက် တောင်ဖြိုလက်ဝါးကို အသုံးပြုကာ ခေါင်းဆောင်၏ လက်ထဲရှိ ဓားအား ရိုက်ချလိုက်သည်။

လက်ဝါးသည် ဓားအား နှစ်ပိုင်းဖြစ်သွားစေ၏။

ခေါင်းဆောင်ဆိုသူသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားရသည်။ သူ၏ မျက်လုံးထဲမှာတော့ မယုံကြည်နိုင်မှုတွေ အပြည့်နှင့် ဖြစ်ပြီး ကျိုးသွားသော သူ၏ ဓားအား ကြည့်မိနေသည်။

ဤဓားသည် သူတို့ ဂိုဏ်းချုပ်ပေးထားသော သာမာန်ဓား တစ်လက်ဖြစ်သည် ဆိုလျှင်တောင်မှ လက်ဝါး နှင့် ချိုးဖျက်ခံလိုက်ရသည် ဆိုသည်မှာ တရားလွန်လွန်း၏။

ရွှီး … ဇွိ။

ထိုအချိန်မှာပဲ လုံကျိရန် လက်ထဲရှိ ဓားသည် သူနှင့် မနီးမဝေး ရှိ လင်းယုန်နက် ဂိုဏ်းသား တစ်ယောက်၏ ရင်ဘတ်အား စိုက်ဝင်သွားသည်။

ဘုန်း ..။

သူသည် သေဆုံးသွားသော ထိုသူအား ကန်ကျောက်လိုက်ပြီး တီးတိုးရေရွတ်လိုက်၏ “လူသတ်ရတာ သားရဲတွေကို သတ်ရတာထက် ပိုပြီး ခံစားချက် ကောင်းမွန်တာပဲ”

ဇွိ …။

ဇွိ …။

အခြားတစ်ဘက်မှာတော့ စုရှောင်မို ၊ လီဖေးတို့သည် ဝိညာဉ်ခြေလှမ်းကွက် အား အသုံးပြုကာ သူတို့၏ စဦးအအေးဓား များနှင့် ရန်သူများအား ခုတ်ပိုင်းလျက်ရှိသည်။ နေရာအနှံ့တွင် ခြေပျက် ၊ လက်ပျက်များနှင့် တောင်လိုပုံ၍ သွေးတွေလည်း အိုင်ထွန်းနေတော့၏။

သူတို့နှစ်ယောက်သည် လင်းယုန်နက်ဂိုဏ်းသား တော်တော်များများအား သတ်ဖြတ်ခဲ့သည်။ သို့ပေမဲ့ တည်ငြိမ်နေတုန်းပင်။

ကျန်းဝေနှင့်တခြားသော သူများသည် သေမင်းတောင်ကြားထဲ၌ လင်းယုန်နက် ဂိုဏ်းသားများအား သတ်ဖြတ်ခဲ့ဖူးသည်။ ထို့ကြောင့် သူတို့သည် လက်ရှိအချိန် သတ်ဖြတ်နေစဉ်မှာတော့ မည်သို့သော တွေဝေမှု ၊ စိုးရွံ့မှုမှ မရှိတော့ချေ။

မည်သူမှသည် ရက်စက်တတ်သည့် သူတစ်ယောက်အဖြစ် မွေးဖွားလာသူ မဟုတ်ကြပေ။ မည်သူမှ သတ်ဖြတ်ရခြင်းကို ခုံမင်စွာဖြင့် မွေးဖွားလာသူ မဟုတ်ကြ။

သို့ပေမဲ့ သံမဏိအရိုးဂိုဏ်း တပည့်များသည် သတ်ဖြတ်ခြင်းကို ပြုလုပ်ပြီး စိတ်ဓာတ်များ ပိုမို သန်မာလာစေရန် ကျွင်းချောင်ရှောင်း မျှော်လင့်မိနေသည်။

လက်ရှိအချိန်တွင် ဖြစ်ပျက်နေသော တိုက်ပွဲမှာ တစ်ဖက်သတ် လူသတ်ပွဲကြီးလိုပင် ဖြစ်နေ၏။

အထူးသဖြင့် ဒုတိယအကြိမ်မြောက် လူသတ်ဖူးသော တပည့်များ၏ စိတ်သည် ပိုမို၍ တည်ငြိမ်လာကြသည်။ သူတို့၏ လက်တွေသည် မတုန်ရင်ကြတော့သလို ကြောက်စိတ်လည်း မရှိကြတော့။

ဤလောကကြီးသည် ကိုယ်ကမသတ်လျှင် ကိုယ့်ကို သတ်မည့် လောကကြီး ဖြစ်သည် မဟုတ်လား။ ထို့ကြောင့် မိမိ အသက်ရှင်စေဖို့ တစ်ဖက်လူအား သတ်ဖြတ်မှဖြစ်မည်။

ဂိုဏ်းချုပ်ဖြစ်သော ကျွင်းချောင်ရှောင်း ကတော့ မည်သည့် အရာကို မှ မလုပ်ဘဲ သစ်ပင်ထက်မှ ကြည့်ရှုလျက် ရှိသည်။

တပည့်များ အားရပါးရ သတ်ဖြတ်နေသည်ကို ကြည့်ရှုရင်း ကျွင်းချောင်ရှောင်းသည် သဘောခွေ့နေ၏။

သိုင်းပညာရှင်များသည်သာ လေးစားစရာအဖြစ် သတ်မှတ်ထားကြသော လောကကြီးတွင် သတ်ဖြတ်ခြင်း ဆိုသည်မှာ သဘာဝ ကိုယ်ရည်ကိုယ်သွေးဟုပင် ဆိုနိုင်သည်။ ထို့ကြောင့် အသက်ရှင်နေထိုင်ဖို့ လက်ယဉ်နေမှ ဖြစ်မည်။

“ဂိုဏ်းချုပ် …. ဂိုဏ်းချုပ် …”

ထိုအချိန်မှာပဲ လီထျန်းထျန်းသည် မြွေဟောက်ကို ပွေ့ကာ အပြေးတပိုင်း ရောက်လာသည်။ သူသည် အော်ဟစ်နေသည် “အစ်ကိုမြွေကို ကယ်ပါအုံး …”

မြွေဟောက်၏ မျက်နှာ ဖြူရော်နေပြီး လမ်းတလျောက် သွေးတွေ အန်လာကြောင်း သိရှိလိုက်ချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် သစ်ပင်ပေါ်မှ ခုန်ချပြီး မြွေဟောက်၏ ပါးစပ်ထဲသို့ ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံး တစ်လုံး ထည့်ပေးလိုက်သည်။

ဆေးစွမ်းအင်များ ခန္ဓာကိုယ်ထဲ ပျံ့နှံ့ပြီးသည့်နောက် သေမလို ဖြစ်နေသော မြွေဟောက်သည် ချက်ချင်းပဲ မျက်လုံးပွင့်လာတော့၏။ သူ ပထမဆုံး ပြောလိုက်သည်မှာ “ခွေးကောင်လေး လီထျန်းထျန်း .. မင်းင့ါကို သတ်နေတာလား” ဟူ၍ ဖြစ်တော့သည်။

“သတိရလာပြီ။ သူ သတိရလာပြီ”

အစ်ကိုမြွေ မျက်လုံးပွင့်လာပြီး သူ့အား ဆဲဆိုနေသည်ကို မြင်တော့ လီထျန်းထျန်း ပျော်ရွှင်သွားမိ၏။

ဝှစ် …

ကျွင်းချောင်ရှောင်းသည် အအေးဓားအား ထုတ်ယူပြီး ပစ်ပေးလိုက်သည် “မင်း မြွေဟောက်ကို အားနာရင် တစ်ယောက်လောက် သွားသတ်လိုက်”

လီထျန်းထျန်းသည် အအေးဓားအား ဖမ်းယူလိုက်သည်။ သူ၏ အမူအရသည် အေးခဲသွားသည်။

အစ်ကိုမြွေ သူ့ကြောင့် လက်နက်ပုန်းများ ထိမှန်ခဲ့သည်ကို သတိပြန်ရတော့ လီထျန်းထျန်း၏ မျက်နှာအမူအရာသည် တင်းမာသွား၏။ သူ၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုခြင်း အရိပ်အယောင်တွေ ထင်ပေါ်လာတော့သည်။

ချလွမ် ..။

လီထျန်းထျန်းသည် ဓားအား ဆွဲထုတ်ကာ အော်လိုက်သည် “သတ်မယ်”

ပြောပြီးသည့်နောက် ရှေ့သို့ လှမ်းတက်သွား၏။

ကျွင်းချောင်ရှောင်း၏ လီထျန်းထျန်း၏ ဂုတ်အား လှမ်းဆွဲကာ တစ်ဖက်ခြမ်းဆီသို့ လက်ညိုးထိုးပြလိုက်သည် “ဘယ်သူမှ မရှိတဲ့ဘက်ကို ဘာသွားလုပ်မှာလဲ။ ဟိုဘက်ကို သွား”

“ဂိုဏ်းချုပ် …”

လီထျန်းထျန်း တုန်ရင်နေသော အသံဖြင့် ပြောလိုက်သည် “ကျွန်တော် .. ကျွန်တော် ကြောက်တယ်”

“မင်းကြီးတော်ကို ကြောက် …”

မြေပေါ်လှဲနေသော မြွေဟောက်သည် ဒေါသတကြီးဖြင့် ထအော်လိုက်သည် “ငါ့အတွက် လူသွားသတ်စမ်း။ မဟုတ်ရင် ပြန်ရောက်တာနဲ့ နှစ်ဆ လေ့ကျင့်ခန်းဆင်းရမယ်။”

နှစ်ဆ လေ့ကျင့်ခန်း ဆိုသည်ကိုကြားတော့ လီထျန်းထျန်းသည် ဓားကိုမြှောက်ကာ ပြေးထွက်သွားတော့၏။

မြွေဟောက် ကြောင်အအနှင့် ပြောလိုက်သည် “ဂိုဏ်းချုပ် …. ငကြောက်တစ်ကောင်လိုဖြစ်အောင် လေ့ကျင့်ပေးမိလို့ တောင်းပန်ပါတယ်။”

ကျွင်းချောင်ရှောင်း ခေါင်းအား ခါယမ်းလိုက်သည် “သတ်ဖြတ်တယ် ဆိုတာ လွယ်တဲ့ အလုပ်မဟုတ်ဘူး။ ဒီတော့ လီထျန်းထျန်း ကြောက်တယ် ဆိုတာ သာမာန်ပဲ”

မြွေဟောက်ငြိမ်သက်သွားသည်။ သူသည်လည်း အသက်ဆယ့်လေးနှစ်တုန်းက လူစသတ်ခဲ့ခြင်း ဖြစ်ပြီး ထိုစဉ်က ရက်အတန်ငယ်ကြာသည်အထိ ခြောက်ခြားခဲ့ရသည်။

လီလိုရှုသည် ပြုံးကာ ပြောလိုက်သည် “ဒီကောင်လေးက မင်းကို ကယ်ခဲ့တာပဲ။ သူ ပြေးတာ တော်တော်မြန်တယ်။”

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “သူ့ကို သတ္တိကောင်းအောင် လေ့ကျင့်ပေးလိုက်။ ဒါဆိုရင် မိုးဆွေဟောခန်း အတွက် အားကိုးရသူဖြစ်လာလိမ့်မယ်။”

“လူတော်တော်သတ်ပြီးရင် သူ့သတ္တိတွေ ပိုကောင်းလာလိမ့်မယ်။” လီလိုရှု ခဏလောက် ရပ်ကာ ပြောလိုက်၏ “မြွေဟောက် .. ပြန်ရောက်ရင် သူ့ကို နှစ်ဆ လေ့ကျင့်ပေးလိုက်”

“ကောင်းပါပြီ” မြွေဟောက် ပြန်ဖြေလိုက်၏။

….

နှစ်ဆလေ့ကျင့်ခန်းကို မပြုလုပ်ချင်သောကြောင့် လူသတ်ရန် သွားနေသော လီထျန်းထျန်းသည် မလွတ်မြောက် နိုင်ကြောင်းသာ သိရှိမည် ဆိုလျှင် ထိုင်ငိုနေမိလိမ့်မည်။

“အား ….”

လီထျန်းထျန်းသည် ရန်သူများဆီ ပြေးဝင်ကာ ပတ်ပြေးလျက်ရှိသည်။

အမဲလိုက် အဖွဲ့နှင့် တိုက်ခိုက်နေသော ထျန်းချီ သည် လီထျန်းထျန်း သတ်ဖြတ်နိုင်ရန် အခွင့်အရေး အများကြီး ဖန်တီးပေးခဲ့သည်။ သို့ပေမဲ့ လီထျန်းထျန်းသည် ပတ်ပြေးလျက်ပင် ရှိသေးသည် “မင်း ဘာလို့ မသတ်သေးတာလဲ”

“ရွှီး …”

လီထျန်းထျန်းလက်ထဲမှ အအေးဓားသည် ရန်သူတစ်ယောက်၏ ကိုယ်ထဲသို့ တိုးဝင်သွားသည်။

သွေးများသည် ထျန်းချီ၏ မျက်နှာဆီသို့ လာမှန်၏။ “ချီးတဲ့မှ .. ဒီလောက် သတ်လို့ရအောင် လုပ်ပေးထားတာကို ။ ငါ့မျက်နှာကို စင်မယ့် နေရာဆီ ဓားနဲ့ထိုးရလား”

ဝှစ်…။

ဓားကို ပြန်ဆွဲထုတ်ပြီးနောက် အလောင်းသည် မြေပေါ်လဲကျသွားသည်။

အမေ …။

သား လူသတ်မိပြီ။

ရွှီး .. ရွှီး ..။

လက်နက်ပုန်းများသည် အနောက်ဘက်ဆီမှ တိုးဝင်လာ၏။

ဒင် .. ဒင် ..။

လီယုဟွာသည် ဒိုင်းကို မြှောက်ကာ၍ တားဆီးလိုက်သည် “ဂျူနီယာ ညီလေး .. ပစ်တဲ့သူကို မင်း တာဝန်ယူလိုက်တော့”

ထပ်သတ်ရမှာလား။

လီထျန်းထျန်းသည် ဓားပေါ်မှ သွေးစီးကြောင်းကြီးအားကြည့်ရှုရင်း သူ၏ လက်များ တုန်ရင်နေမှုသည် ငြိမ်သက်သွားကြောင်း သတိပြုမိသည်။

အား ..

သူသည် သတ္တိမွေးသည့် အနေဖြင့် အော်ဟစ်ရင်း ရှေ့သို့ တိုးသွား၏။

ဝှစ် .. ဝှစ် ..။

လီထျန်းထျန်း သည် ထပ်မံရောက်ရှိလာသော လက်နက်ပုန်းများအား ဝိညာဉ်ခြေလှမ်းကွက်အား အသုံးပြု၍ ရှောင်ရှားရင်း ပစ်လွှတ် တိုက်ခိုက်နေသူအား အအေးဓားဖြင့် သတ်ဖြတ်လိုက်တော့သည်။

ရွှစ် ..။

အားကုန်လွှဲ၍ ခုတ်ပိုင်းလိုက်သောကြောင့် တစ်ဖက်လူ၏ ဦးခေါင်းသည် အဝေးသို့ လွင့်စင်သွားတော့သည်။

All Chapters