← Chapters

အခန်း (၂၂၈)

Vol. 16 Ch. 228

အခန်း (၂၂၈)

Vol. 16 Ch. 228

လင်းယုန်နက် ဂိုဏ်း၏ အမဲလိုက်အဖွဲ့သားသည် သိုင်းတပည့် အဆင့်ငါး သိုင်းပညာရှင် တစ်ယောက်ဖြစ်သည်ဆိုသော်လည်း အလွန်တရာ မြန်ဆန်သည့်နှုန်းအပြင် အအေးဓား၏ ထောက်ပံ့မှုနှင့် တိုက်ခိုက်လိုက်သော လီထျန်းထျန်း ၏ ဓားချက်ကိုတော့ မရှောင်ရှားနိုင်ပေ။

ဓားသည် အလွန်တရာ မြန်ဆန်လှ၏။

ထိုအရာမှာ လီထန်းထန်း၏ ရက်ပေါင်းများစွာ ကျားကုတ်ကျားခဲ လေ့ကျင့်ထားသော အကျိုးရလာဒ်ပင် ဖြစ်တော့သည်။

"မဆိုးဘူး။” ကျွင်းချောင်ရှောင်းသည် သဘောတကျဖြင့် ပြုံးလိုက်မိသည်။

ဤတပည့်သည် သူ၏ ကြောက်ရွံ့စိတ်အား ဖယ်ရှားနိုင်သည်ဆိုပါက လေ့ကျင့်ပေးရခြင်းနှင့် ထိုက်တန်သော လူတစ်ယောက် ဖြစ်လာလိမ့်မည်။

"ငါ လူတစ်ယောက်ကို ထပ်သတ်မိပြန်ပြီ။"

အဝေးတစ်နေရာသို့ လွင့်စင်သွားပြန်သော ဦးခေါင်းပြတ်ကြီးကို ကြည့်၍ လီထျန်းထျန်းသည် တွေဝေသွားမိ၏။

ထူးဆန်းလှချေသည်။

ရန်သူများအား သတ်ဖြတ်ပြီးသည့်နောက် သူ၏ စိတ်သည် တစ်ဖြည်းဖြည်းနှင့် တည်ငြိမ်လာခဲ့သည်။ သေချာ စဉ်းစားကြည့်မည်ဆိုလျှင် ထိုမျှ ကြောက်စရာ ကောင်းသော ကိစ္စရပ်လည်း မဟုတ်ပေ။

ကျန်းဝေနှင့် တစ်ခြားသူများသည် ရန်သူများကို တစ်ယောက်ပြီး တစ်ယောက် သတ်ဖြတ်ပြီးသည့်နောက် လူသားတွေကို သတ်ဖြတ်ရခြင်းသည် အလွန်ရိုင်းစိုင်းသော သားရဲများကို သတ်ဖြတ်ရခြင်းထက် လွယ်ကူကြောင်းကို နားလည်လိုက်မိကြ၏။

ထိုအရာမှာ သူတို့၏ အားအင် နှင့် လက်နက်များမှာ အလွန်တရာ အားကောင်းသောကြောင့်ဖြစ်သည်။

အမဲလိုက်အဖွဲ့သည် တိုက်ပွဲပေါင်းရာချီ၍ တိုက်ခိုက်ခြင်းတွင် အတွေ့အကြုံ ရှိသည်ဆိုသော်လည်း ဤမွန်းစတားကဲ့သို့ ငယ်ရွယ်ပြီး ထူးဆန်းလှသော လူငယ်များအား အနိုင်မတိုက်ခိုက်နိုင်ကြပေ။

အချိန်တိုအတွင်းမှာပဲ အမဲလိုက်အဖွဲ့ဝင်ရှစ်ဆယ်ကျော်တို့သည် သတ်ဖြတ်ခံလိုက်ရ၏။

ထိုထဲတွင် အများဆုံးသတ်ဖြတ်သူမှာ ရီရှင်းချန်ဖြစ်သည်။ သူသည် ဓားတစ်ချက်တည်း နှင့် လူနှစ်ဆယ်ကျော်ကို သတ်ဖြတ်ခဲ့၏။

သံမဏိအရိုးဂိုဏ်းကရော မည်သည့်ဒဏ်ရာများ ရရှိနေသနည်း။

မြွေဟောက်မှလွှဲ၍ တစ်ခြားသော တပည့်များအားလုံးသည် အန္တရာယ် ကင်းရှင်းနေ၏။ သူတို့သည် ဒဏ်ရာလေးတစ်ချက်လေးတောင်မှ မရရှိရခဲ့ကြပေ။

ယေဘုယျအားဖြင့် ပြောရမည်ဆိုလျှင် လင်းယုန်နက်ဂိုဏ်း ၏ အဖွဲ့ဝင်များသည် လုပ်ကြံသတ်ဖြတ်သူများနှင့် ဆင်တူလှသည်။

သူတို့သည် လက်နက်ပုန်းများ ပစ်ခတ်ရာတွင် အလွန်တော်လှ၏။

ထို့ကြောင့် မသေဘူးဆိုလျှင်တောင်မှ သံမဏိအရိုးဂိုဏ်းသားများ အနေနှင့် ဒဏ်ရာအနည်းငယ်တော့ ရရှိခဲ့သင့်သည်။

သို့ပေမဲ့ ဤလူငယ်များ၏ ခန္ဓာကိုယ်ရှေ့တွင် စည်းအတားအစည်း အစီအရင်တစ်ခု ရှိနေသေးသောကြောင့် လက်နက်ပုန်းများအား အလွယ်တကူ တားဆီးထားနိုင်၏။

ဤအရာသည် စည်းအတားအဆီး၏ အစွမ်းကြောင့်ပင်ဖြစ်သည်။

သံမဏိအရိုးဂိုဏ်းတပည့်များသည် စည်းအစီအရင်အား ထိပ်ဆုံးထိရောက်အောင် ကျွမ်းကျင်သည်အထိ မကျင့်ကြံနိုင်သေးသော်လည်း ဂျင်တစ်သောင်းမျှသော လက်နက်ပုန်း၏ အားအင်ကိုတော့ လွယ်လွယ်ကူကူ တားဆီးထားနိုင်ကြသည်။ ထို့အပြင် သူတို့သည် သံမဏိဒိုင်းကာများနှင့်လည်း ခန္ဓာကိုယ်ကို ကာကွယ်ထားကြသေး၏။

ထို့ကြောင့် လက်နက်ပုန်းများသည် သူတို့အား မည်သည့် ထိခိုက်မှုကိုမှ မဖြစ်ပေါ်စေပေ။

“ချီးတဲ့မှ ….”

ရီရှင်းချန်နှင့် တိုက်ခိုက်နေသော အဖွဲခေါင်းဆောင်သည် သူ၏ တပည့်များ တစ်ယောက်ပြီးတစ်ယောက် လဲကျသေဆုံးသွားသည်ကို မြင်တော့ မျက်လုံးထဲတွင် ဒေါသမီးတောက်များ တောက်လောင်လာသည်။

သို့ပေမဲ့ ရန်သူသည် အလွန်တရာအားကောင်းလှကြောင်းကို နားလည်လိုက်သည်မို့ သူ နောက်သို့ ဆုတ် လိုက်မိ၏။

အရင်တုန်းကဆိုလျှင် သူသည်သာ တစ်ခြားသူအား နောက်ဆုတ်သွားအောင် ဖိအားပေး တိုက်ခိုက်နိုင်ခဲ့သူဖြစ်သည်။ ယနေ့မှာတော့ နောက်ဆုတ် ထွက်ပြေးချင်သူမှာ သူဖြစ်လို့နေသည်။

ဝှစ်။

အဖွဲ့ခေါင်းဆောင်သည် အခွင့်အရေးအား အရယူ၍ လီချင်းယန် ၏ တောင်ဖြိုလက်ဝါးတိုက်ခိုက်ချက်အား ရှောင်လိုက်၏။

သူသည် တောင်ပေါ်သို့ ပြေးတက်ရန် ပြင်ဆင်လိုက်ချိန်မှာတော့ ဒုတိယအဖွဲ့ခေါင်းဆောင်၏ ဦးခေါင်းသည် ပြတ်တောက်သွားသည်ကို မြင်လိုက်ရ၏။

ရီရှင်းချန်သည် သွေးတွေ စွန်းထင်းနေသောဓားကြီးကို ကိုင်၍ ဦးခေါင်းမဲ့နေသော ခန္ဓာကိုယ်ကြီးရှေ့တွင် ရပ်လျက်ရှိသည်။ သူ၏မျက်နှာသည် အစောကတည်းကအတိုင်း အေးစက်လျက်ရှိသည်။

ဟူး

အဖွဲ့ခေါင်းဆောင်သည် သက်ပြင်းချလိုက်၏။

တပည့်နှစ်ဆယ်ကျော်တို့သည် ဤအေးစက်ပြီး မာနကြီးလှသော လူငယ် ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရ၏။ အားလုံးသည် လှေကားထစ်ရှေ့မှာတင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

သိုင်းဆရာပထမအဆင့်တွင် ရှိသော ဒုတိယအဖွဲခေါင်းဆောင်သည် သတ်ဖြတ်ခံလိုက်ရ၏။ ထိုလူငယ်သည် သူတို့၏ လမ်းကို ပိတ်ရပ်ရဲသည်မှာ အံ့အားသင့်စရာတော့ မဟုတ်တော့ပေ။

“ဟေး …”

လီချင်းယန် ၏အသံသည် သူ၏နောက်မှ ပေါ်လာသည်။

"အတွေးများမနေနဲ့။"

ဘုန်း။

တောင်ဖြိုလက်ဝါးသည် အဖွဲ့ခေါင်းဆောင်၏ နောက်ကျောဘက်ဆီသို့ ကျဆင်းလာတော့သည်။

ပြီးနောက် အလွန်အားကောင်းသော စွမ်းအားများသည် သူ့အား လွင့်စင်သွားစေ၏။

ဘုတ်။

မြေပေါ်သို့ ကျဆင်းပြီးသည့်နောက်မှာတော့ သူ၏ မျက်နှာတစ်ခုလုံးသည် ပျက်ရွင်းသွားသည်။ သူ၏ ခန္ဓာကိုယ်ထဲရှိ မရီဒန်များအားလုံးသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွား၏။ သို့ပေမဲ့ သူမျက်လုံးထဲတွင်တော့ အနီရောင်အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။

ဟမ်။

လီချင်းယန် သည် နည်းနည်း အံ့အားသင့်မိသွား၏။

ရွှီ။

ထိုအချိန်မှာပဲ အနီရောင်သွေး၏ အရှိန်အဝါသည် အဖွဲ့ခေါင်းဆောင်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ ပြီးနောက် သူသည် အနီရောင်အရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲပြီး လှစ်ခနဲ တောင်ပေါ်သို့ ပြေးတက် သွားတော့သည်။

သူသည် ရီရှင်းချန်ရှိရာ ဘက်သို့ မသွားပေ။

ထိုအစား နှစ်ဆယ်မီတာရှည်သော တောင်နံရံကြီးတစ်ခုပေါ်သို့ မျောက်တစ်ကောင်လို ခုန်တက်သွားတော့ သည်။

"မြန်လိုက်တာ။" ကျွင်းချောင်ရှောင် အံ့အားသင့်သွားမိ၏။

လီလိုရှု ပြောလိုက်သည်။ "ဒါက မိစ္ဆာလှုပ်ရှားမှု နည်းစနစ်တစ်ခုခုဖြစ်လိမ့်မယ်။"

သမာရိုးကျ ဂိုဏ်းများသည် သိုင်းပညာများအား တစ်ဆင့်ချင်းဆီ တိုးတက်စေရန် တည်တည်ငြိမ်ငြိမ်နှင့် လေ့ကျင့်တက်ကြ၏။ သို့ပေမဲ့ မိစ္ဆာကျင့်ကြံသူများမှာတော့ မိစ္ဆာနည်းစနစ်ကို အသုံးပြု၍ နည်းစနစ်များအား ချက်ချင်းလက်ငင်း တိုးတက်သွားအောင် ပြုလုပ်နိုင်စွမ်း ရှိကြသည်။

သို့ပေမဲ့ ပေးဆပ်မှုတော့ ရှိနေ၏။

အကျိုးရလာဒ်အနေ နှင့် ကျင့်ကြံခြင်း နည်းစနစ်သည် မြန်ဆန်သွားပြီး အားအင်များသည်လည်း အလွန်တရာ တိုးတက်လာပေလိမ့်မည်။

ဆိုးကျိုးအနေနှင့် အသုံးပြုပြီးသည့်နောက်မှာတော့ ထိုက်တန်သည့် ပြန်လည်ပေးဆပ်မှုကို ပေးဆပ်ရသည်။

ဥပမာအားဖြင့် အဖွဲ့ခေါင်းဆောင် အသုံးပြုလိုက်သော မိစ္ဆာဂိုဏ်း၏ သွေးခြေလှမ်းနည်းစနစ်သည် တစ်စုံတစ်ယောက်၏ အမြန်နှုန်းနှင့် ခုန်ကျော်သွားနိုင်သည့် စွမ်းရည် ကို အလွန် တိုးတက်သွားစေသည် ဆိုသော်လည်း တကယ်တမ်းတွင်တော့ သွေးကို ပြန်လည်ပေးဆပ်ရ၏။

အသုံးပြုပြီးနောက်မှာတော့ အသုံးပြုသောလူသည် အလွန်အမင်း အားနည်းပြီး မြေပေါ်သို့ လဲကျသွားပေလိမ့်မည်။

ဆိုးဆိုးရွားရွား လက်လွန်သွားမည်ဆိုလျှင် သွေးတွေ ကုန်ခမ်းကာ သေတောင်သေဆုံးသွားနိုင်သည်။

"ရှောင်ကျီ"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "သူ့ကို ပစ်ချလိုက်။"

"ကောင်းပါပြီ။"

ရှောင်ကျီသည် ခုန်ဆွခုန်ဆွနှင့် တစ်နေရာမှတစ်နေရာသို့ ကူး၍ ဌာနချုပ်ဆီသို ပြန်ပြေးလျက်ရှိသော ဂိုဏ်းချုပ်အား ရှစ်ဆမှန်ဘီလူးဖြင့် ချိန်လိုက်၏။ ပြီးနောက် သေနတ်မောင်းကို ဆွဲချလိုက်တော့သည်။

ဝှစ်။

ကျည်ဆံသည် ပျံသန်းသွား၏ လေတိုးသံမှလွဲ၍ မည်သည့်အသံမှ ထွက်ပေါ်မလာချေ။

တောင်၏ ဂိတ်တံခါးဆီသို့ ရောက်ခါနီးတွင် အဖွဲ့ခေါင်းဆောင်သည် လုံခြုံသွားပြီဖြစ်သောကြောင့် စိတ်ချမ်းသာသွား၏။

သွေးကျွမ်းလောင်မှု မများစေရန်အတွက် သူသည် နည်းစနစ်အား အသုံးပြုနေရာမှ ရပ်တန့်လိုက်၏။

ရုတ် တရက်ဆိုသလိုပဲ အားကောင်းလှသော သေခြင်းတရား၏ အော်ရာများသည် သူ၏ အနားတစ်ဝှိက်တွင် ဖြစ်ပေါ်လာသည်။

ယခုလေးတင် အားအင်အဆင့်ကို လျော့ချလိုက်သော အဖွဲခေါင်းဆောင်သည်မျက်လုံးတွေ ကျဉ်းမြောင်းသွား ၏။

ပြီးနောက် သူသည် တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။ "မဟုတ်ဘူး။"

ဘန်း။

အလင်းတန်းတစ်ခုသည် သူ၏ နောက်စေ့အား ထိုးဖောက်သွားတော့သည်။ သွေးများသည် နေရာအနှံသို့ ပျံ့နှံ့သွားတော့သည်။

သူသည် ပုံမှန်အတိုင်းသာ ဆက်လက်ပြေးလွှားသွားမည်ဆိုပါက ရှောင်ကျီ၏ ကျည်ဆံသည် သူ၏ ဦးခေါင်းအား ထိမှန်လိမ့်မည် မဟုတ်ချေ။

သို့ပေမဲ့ သူသည် လုံခြုံပြီဟု ထင်မှတ်မိသောကြောင့် သူ၏ နည်းစနစ်အား အသုံးပြုနေရာမှ ရပ်တန့်လိုက်၏။ ထို့ကြောင့်ပင် ဦးခေါင်းအား ပစ်ခံလိုက်ရခြင်းဖြစ်၏။

ဘုတ်။

အဖွဲ့ခေါင်းဆောင်သည် မြေပေါ်သို့ ပြုတ်ကျသွား၏။ သူ၏ အသက်မဲ့နေသော မျက်လုံးများသည် လင်းယုန်နက်ဂိုဏ်း၏ အဓိက ဂိတ်တံခါးဆီသို့ စူးစိုက်၍ ကြည့်နေသည်။

ဂိတ်တံခါးသည် ငါးဆယ်မီတာအဝေးတွင် ရှိနေလေသည်။ နီးနီးလေးမှ တကယ့်ကို နီးနီးလေးပင်။

ခရက်စ်။

တင်းတင်းပိတ်ထားသော တံခါးသည် ပွင့်လာပြီး လင်းယုန်နက်ဂိုဏ်း၏ တပည့်များသည် ပြေးထွက်လာကြ၏။

သူတို့သည် အမဲလိုက်အဖွဲ့၏ အဖွဲ့ခေါင်းဆောင် လဲကျနေသည်ကို မြင်လိုက်ချိန်မှာတော့ မျက်နှာအမူအရာများ ပြောင်းလဲသွားသည်။

"မကောင်းတော့ဘူး။"

"အဖွဲ့ခေါင်းဆောင်စွန်း အသတ်ခံလိုက်ရပြီ။"

……..

"ဂိုဏ်းချုပ်"

ရှောင်ကျီသည် ပစ်ခတ်ပြီးသည့်နောက်မှာတော့ သူ၏ ရှစ်ဆမှန်ဘီလူးနှင့် တောင်ပေါ်သို ချိန်ရွယ်ကာ ပြောလိုက်၏။

"လင်းယုန်နက်ဂိုဏ်းကလူတွေ သိသွားကြပြီ။"

ကျွင်းချောင်ရှောင်း ချက်ချင်းပဲ အော်လိုက်သည်။ "ဒီကဟာတွေကို မြန်မြန်ပဲ ရှင်းကြစို့။"

"ကောင်းပါပြီ"

တပည့်များသည် လက်နက်များကို ထုတ်၍ အချိန်တိုအတွင်းမှာပဲ အားလုံးအား သတ်ဖြတ်ပစ်လိုက်ကြတော့ သည်။

ထိုအချိန်မှာတော့ အမဲလိုက်အဖွဲ့သည် အမဲလိုက်ခံရသည့် သတ္တဝါများ အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး အမဲလိုက်သမားများမှာ သံမဏိအရိုးဂိုဏ်းသမားများ ဖြစ်လို့နေ၏။

"သူတို့ကို ရှာကြ။" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

တပည့်များသည် မြန်မြန်ဆန်ဆန်ဆိုသလိုပဲ သိုလှောင်လက်စွပ်များကို ချွတ်ယူ၍ အထဲတွင်ရှိသော ပစ္စည်းများအား ကြည့်ရှုလိုက်ကြတော့သည်။

ပြီးနောက် ချက်ချင်း ပြန်လည် ဆုတ်ခွာလိုက်၏။

………

မိနစ်အနည်ငယ်ကြာသောအခါ ဒုတိယဂိုဏ်းချုပ်သည် တပည့်သုံးရာကျော်အား ခေါ်ဆောင်၍ တောင်ပေါ်မှ ဆင်းသက်လာ၏။

အမဲလိုက်အဖွဲ့၏ အလောင်းများကို မြင်လိုက်ရချိန်မှာတော့ သူသည် မျက်လုံးတွေ ပြုတ်ထွက်တော့မတတ် ဒေါသထွက်လို့နေသည်။

"ဘယ်သူ လုပ်ခဲ့တာလဲ။"

သူ၏ ဒေါသသံသည် လေထုထဲတွင် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

ကျွင်းချောင်ရှောင်းသည် ထိုစကားသံကို ကြားသော်လည်း တပည့်များနှင့်အတူ နောက်ဆုတ်နှင့်နေပြီ ဖြစ်၏။

သူသည် စနိုက်ပါရိုင်ဖယ်အား ထုတ်ယူ၍ လမ်းဆုံတွင် ရှိနေသော လူများထံသို အချက်နှစ်ဆယ် ပစ်လွှတ်လိုက်သည်။

ဘန်း ဘန်း ဘန်း ။

ဘန်း ဘန်း ဘန်း။

ပစ်ခတ်ခံလိုက်ရသော လင်းယုန်နက်ဂိုဏ်း၏ တပည့်နှစ်ဆယ်ကျော်တို့သည် မည်သို့မှမရှောင်ရှားနိုင်ခဲ့ပေ။ ချက်ချင်းဆိုသလိုပဲ ထိမှန်ကာ လဲကျ သေဆုံးသွားခဲ့တော့သည်။

ထိုအချင်းအရာကို မြင်တော့ ဒုတိယခေါင်းဆောင်၏ အမူအရာသည် ပြောင်းလဲသွားသည်။ သူသည် ဤနေရာတွင် ဆက်လက်၍ မရပ်နေရဲတော့ချေ။

ထို့ကြောင့် ဒေါသထွက်နေသည် ဆိုသော်လည်း သူ၏ လူများကို ခေါ်ဆောင်၍ ဂိုဏ်းထဲသို့ ပြန်ဝင်သွားလိုက် သည်။

ကျွင်းချောင်ရှောင်းသည် သေနတ်အား ကျည်ပြန်ဖြည့်လိုက်သည်။ သို့ပေမဲ့ လင်းယုန်နက် ဂိုဏ်းသားများသည် တော်တော်ဝေးဝေး သို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် သူသည် ထပ်မံ၍ ပစ်ခတ်ရန် အကြံအစည်ကို လက်လျော့လိုက်၏။

ဝှစ်။

သေနတ်အား ရှောင်ကျီထံသို့ ပစ်ပေးပြီးသည့်နောက် သူသည် တပည့်များကို ကြည့်ကာ ပြုံးလိုက်၏။ "ဒီ သတ်ဖြတ်ရတဲ့ ခရီးစဉ်က ဘယ်လိုခံစားမိလဲ။"

"အရမ်းကောင်းပါတယ်။" လီထျန်းထျန်း ပြန်ပြောလိုက်သည်။

"တော်စမ်း။"

မြွေဟောက်သည် လီထျန်းထျန်း၏ ဖင်ကို လှမ်းကန်ကာ ပြောလိုက်သည်။ "ငါ မင်းကြောင့် သေတော့မလို့ ဘာကို အရမ်းကောင်းပါတယ်လဲ။"

"အစ်ကိုမြွေ"

လီထျန်းထျန်းသည် သူ၏ ဖင်ကို အုပ်ကာ၍ တောင်းပန်သလို ပြောလိုက်သည်။ "တောင်းပန်ပါတယ်။ အစပိုင်းတုန်းက အရမ်းကြောက်လန့်ပြီးတော့ အစ်ကိုကို ထိခိုက်စေခဲ့တယ်။"

"တောင်းပန်ရုံနဲ့ လုံလောက်လိုလား။"

မြွေဟောက်ပြောလိုက်သည်။ "ဂိုဏ်းကို ပြန်ရောက်တာနဲ့ မင်း နှစ်ဆလေ့ကျင့်ဖို့ လုပ်ရမယ်။"

အမ်။

လီထန်းထန်းသည် ထခုန်ကာ ပြောလိုက်သည်။ "အစ်ကိုမြွေ … ကျွန်တော်ရန်သူနှစ်ယောက်ကို သတ်ပြီးပြီ"

"ဒါက ထန်းချီရဲ့ အကူအညီနဲ့ပဲ။ ဒီတော့ အဲ့ဒါကို ထည့်မတွက်ဘူး။"

ဖူး။

လီထျန်းထျန်းသည် မြက်ခင်းပြင်ပေါ်သို့ လှဲချလိုက်၏။ သူ၏ စိတ်ထဲမှာတော့ အော်ဟစ်လျက်ရှိသည်။ "ဒါ သက်သက် လှည့်စားတာပဲ။"

“ဟား ဟား ဟား။”

လီထျန်းထျန်း၏ စိတ်ပျက်လက်ပျက် မျက်နှာကို မြင်တော့ သတ်ဖြတ်ပွဲအား ကိုယ်တိုင် အတွေ့အကြုံရလာခဲ့သော တပည့်များအားလုံးသည် သဘောကျစွာဖြင့် အားရပါးရ ရယ်မောလိုက်ကြတော့ သည်။

All Chapters