← Chapters

အခန်း (၂၃၀)

Vol. 16 Ch. 230

အခန်း (၂၃၀)

Vol. 16 Ch. 230

လင်းယုန်နက်ဂိုဏ်းမှ တပည့်များသည် ခြေထောက်တွင် ကြိုးတစ်ခုမှတောင် မချည်ဘဲနှင့် ချောက်ထဲသို့ ခုန်ချလိုက်သည်ကို မြင်တော့ ကျွင်းချောင်ရှောင်းသည် ချီးကျူးလိုက်မိ၏။

ထိုသူများသည် မိမိအသက်ကို ရင်း၍ ဤမျှ မက်စောက်၍ ကျောက်တုံး ၊ ကျောက်ခဲများ ရှိနေသော ချောက်ထဲသို့ အလွတ်ခုန်ချလိမ့်မည်ဟု သူ မထင်မိချေ။

ထို့ကြောင့် ရှစ်မှန်ဘီးလူးကို နှင့် သေသေချာချာကြည့်ရှုလိုက်သည်။

လင်းယုန်နက်ဂိုဏ်း၏ တပည့်များသည် လေထဲသို့ ရောက်ချိန်မှာတော့ သူတို့၏ လက်များကို ဖြန့်ကျက်လိုက် ၏။ ပြီးနောက် သူတို့၏ အနောက်ဘက်တွင် အတောင်ပံကဲ့သို့ အရာတစ်ခု ပေါ်ပေါက်လာသည်။

ထိုအရာသည် လေဟုန်စီးသည့် အရာဝတ္ထုတစ်ခုနှင့် ဆင်တူလှ၏။

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ရင်သွားသည် "သူတို့ဆီမှာ လေဟုန်စီးတဲ့ အရာတွေလည်း ရှိတာပဲ"

ဤအရာမျိုးသည် သူကြီးပြင်းလာခဲ့သော အဓိက ကမ္ဘာပေါ်တွင် ဂလိုက်တာဟု ခေါ်ဆိုသည်။ သို့ပေမဲ့ သူတစ်ခါမှ မစီးခဲ့ဖူးချေ။

လင်းယုန်နက်ဂိုဏ်းမှ အဖွဲ့သားများသည် ထိုသို့သော အရာဝတ္ထုကို စီးနင်းခြင်းမှာ ပထမဦးဆုံးအကြိမ် မဟုတ်လောက်ပေ။

အဘယ့်ကြောင့်ဆိုသော် သူတို့သည် လေဟုန်စီးသော အရာများကို ကျွမ်းကျွမ်းကျင်ကျင် ဖွင့်လှစ်ကာ သူတို့ဆင်းချင်သည့် နေရာများသို့ ရောက်ရှိရန် ထိန်းသိမ်း ပျံသန်းလျက်ရှိသည် ကို မြင်နေရသောကြောင့်ပင်။

"ဒီလောက်ငှက်တွေ အများကြီးပဲ။ အခွင့်အရေးကို အရယူပြီး ပစ်ရမယ်။"

ကျွင်းချောင်ရှောင်းသည် စနိုက်ပါရိုင်ဖယ်နှင့် ချိန်ရွယ်၍ နောက်ဆုံးတွင် ရှိနေသော လူတစ်ယောက်၏ ဦးခေါင်းအား ပစ်ချလိုက်တော့သည်။

ဝှစ်။

သေနတ်မောင်းကို ဆွဲယူပြီးသည့်နောက် ကျည်ဆံသည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ထွက်ခွာသွားသည်။ ပြီးနောက် လင်းယုန်နက်ဂိုဏ်းသား၏ ဦးခေါင်းအား ထိုးဖောက်သွားတော့၏။

ထိုသူ၏ စိတ်နှင့် ခန္ဓာကိုယ်သည် ချိတ်ဆက်မှု ပြတ်တောက်သွားခဲ့သည်။

ထို့နောက် ဟန်ချက်လည်း ပျောက်ဆုံးသွားခဲ့၏။ ရုတ်တရက် ပစ်ချခံလိုက်ရသော လေယာဉ်ပျံတစ်ခုကဲ့သို့ မြစ်ထဲသို့ ပြုတ်ကျသွားတော့၏။

လေဟုန်ကို သေချာဂရုစိုက်၍ စီးနင်းနေရသည်ဖြစ်သောကြောင့် ရှေ့တွင်ရှိသော သူများသည် သူတို့၏အဖော် သတ်ဖြတ်ခံလိုက်ရသည်ဆိုသည်ကို မသိရှိကြပေ။

သူတို့အားလုံးသည် လက်နှစ်ဖက်ကို အသုံးပြု၍ လေဟုန်စီးသည့် ပစ္စည်းများအား ထိန်းချုပ်ကာ ဆက်လက်ကာ ပျံသန်းလျက်ရှိသည်။

ဝှစ် … ဝှစ် …. ဝှစ်။

ကျွင်းချောင်ရှောင်းသည် သေနတ်မောင်းအား တစ်ချက်ပြီးတစ်ချက်ဆွဲလိုက်၏။

သူသည် အဖွဲ့သား တစ်ဒါဇင်ကျော်အား သတ်ဖြတ်ခဲ့ပြီးဖြစ်သည်။ ကျွင်းချောင်ရှောင်းသည် ရှိရှိသမျှသော လူအားလုံးကို မသတ်ဖြတ်ခဲ့ပေ။ သူ၏ တပည့်များအတွက် လေ့ကျင့်စရာ ချန်ထားခဲ့သည်။

သူသည် လင်းယုန်နက်ဂိုဏ်း တစ်ဒါဇင်ကျော်အား သတ်ဖြတ်ပြီးသည့်နောက်မှာတော့ သေနတ်အား ဆက်လက်မပစ်တော့ပေ။

လင်းယုန်နက်ဂိုဏ်း၏ ဒုတိယဂိုဏ်းချုပ်နှင့် ဌာနခွဲမှူးများသည် တစ်ယောက်ပြီးတစ်ယောက် မြေပြင်ပေါ်သို့ ဆင်းသက်လာသည်။

သို့ပေမဲ့ သူတို့ဆင်းသက်လာချိန်မှာတော့ လူတစ်ဒါဇင်ကျော်သည် ပျောက်ဆုံးနေကြောင်း သိရှိလိုက်သည်။ အားလုံးသည် တစ်ယောက်ကို တစ်ယောက် ကြည့်မိလိုက်၏။

"ဒုတိယဂိုဏ်းချုပ်" ဌာနခွဲမှူးတစ်ယောက်က တီးတိုးပြောလိုက်သည်။ "သူတို့ အမှားများတစ်ခုခု လုပ်မိလ့ို မြစ်ထဲကျသွားတာလား မသိဘူး။"

"ဖြစ်နိုင်တယ်။"

ဒုတိယဂိုဏ်းချုပ်က ပြောလိုက်သည်။ "ဒါကိစ္စမရှိဘူး အမှောင်ထဲမှာ ရှိတဲ့ လူတွေကို အရင်ဆုံး သွားရှာရအောင်။ ပြီးတော့ ဟိုအကောင်တွေကို ရှာတွေ့ပြီဆိုတာနဲ့ ဂိုဏ်းချုပ်သိအောင် အချက်ပေးရမယ်။"

"ဒုတိယဂိုဏ်းချုပ် ဟုတ်လား။ လူတွေကို ရှာတွေ့မယ်ဆိုရင် အချက်ပေးရမယ် ဟုတ်လား။ ပြီးရင် ဝိုင်းပြီးတိုက်ခိုက်မယ်ပေါ့။"

ဤစကားလုံးများ အားလုံးသည် ရှစ်ဆမှန်ဘီလူးအား အသက်သွင်းထားသော ကျွင်းချောင်ရှောင်း နားထဲသို့ ဝင်ရောက်လာတော့သည်။

ကျွင်းချောင်ရှောင်းသည် ခေါင်းကို အသာခါယမ်းကာ ပြောလိုက်သည်။ "ဒီ လှည့်ကွက်လေးက တော်တော်တော့ ကောင်းတာပဲ။ ဒုတိယဂိုဏ်းချုပ်ပေါ့ … ဒါက ငါးကြီးကြီးပဲ။"

ကျွင်းချောင်ရှောင်းသည် သူ၏ ရှစ်ဆမှန်ဘီလူးဖြင့် ပစ်မှတ်အား ချိန်ရွယ်ထား၏။

ထိုသူတို့ ဦးတည်လာရာလမ်းကြောင်းသည် သူတို့ တည်ရှိနေရာလမ်းကြောင်း ဖြစ်သည်။ ထို့ကြောင့် သူသည် သူ၏ တပည့်များအား အချက်ပြလိုက်သည်။

ဝှစ် … ဝှစ်။

လီချင်းယန်၊ ရှောင်ကျီနှင့် တစ်ခြားသူများအားလုံးသည် သူတို့၏ လက်နက်နှင့်သံမဏိဒိုင်းကာများကို ဆွဲထုတ်လိုက်ကြသည်။

သံမဏိအရိုးဂိုဏ်းဘက်တွင် လူနှစ်ဆယ့်သုံးယောက်ရှိပြီး ရီရှင်းချန်နှင့် ကျိုးဟုန်တို့ ပါမလာသေးချေ။

လင်းယုန်နက်ဂိုဏ်းမှာတော့ လူနှစ်ဆယ်နီးပါးခန့် ရှိ၏။

ဒုတိယဂိုဏ်းချုပ်သည် သိုင်းဆရာ အဆင့်နှစ် ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ ဂိုဏ်းခွဲမှူးများမှာတော့ သိုင်းဆရာ အဆင့်တစ် ကျင့်ကြံသူများဖြစ်သည်။

အဓိက တိုက်ခိုက်သူ နှစ်ယောက်ဖြစ်သည့် ရီရှင်းချန်နှင့် ကျိုးဟုန်တို့ ပါမလာသေးသောကြောင့် သူတို့သည် တိုက်ခိုက်ရာတွင် အောင်မြင်နိုင်မလား မသေချာလှချေ။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် ထိုသူများအား လွယ်လွယ်ကူကူ ရင်ဆိုင်နိုင်မည်ဟုပင် ယုံကြည်ချက်ရှိနေ၏

"ဒုတိယဂိုဏ်းချုပ် ….. ကျုပ်တို့ လင်းယုန်နက်ဂိုဏ်းကို ဘယ်က စောက်ရူးတွေ လာပြီး တိုက်ခိုက်နေတာလဲ။"

လာရာလမ်းမှာတော့ ဌာနမှူးတစ်ယောက်သည် တီးတိုး ပြောလိုက်၏။

တစ်ခြားဌာနမှူးတစ်ယောက်က ပြောလိုက်သည်။ "အမဲလိုက်အဖွဲ့ရဲ့ ခေါင်းဆောင်တောင် အသတ်ခံလိုက်ရတယ်။ တစ်ဖက်လူတွေက လွယ်ကူတဲ့ လူတွေတော့ မဟုတ်လောက်ဘူး။"

“ဟမ့်..။”

ဒုတိယဂိုဏ်းချုပ်သည် အေးစက်စက် ပြောလိုက်သည်။ "သူတို့က ကျုပ်တို့နယ်မြေထဲကို လာပြီး ကျုပ်တို့တပည့်တွေကို သတ်ဖြတ်ရဲတယ်ဆိုတော့ အသက်ရှင်နေရတာ ငြီးငွေ့နေလို့ပဲဖြစ်ရမယ်။"

ရှပ် …. ရှပ် …. ရှပ်။

ရုတ်တရက်ဆိုသလိုပဲ အသံတစ်ခု ပေါ်ပေါက်လာသည်။

"တစ်စုံတစ်ယောက်လာပြီ။" ဒုတိယဂိုဏ်းချုပ်သည် တီးတိုး ပြောလိုက်၏။

ချက်ချင်းဆိုသလိုပဲ သူ၏ အဖွဲ့သားများအားလုံးသည် အသင့်အနေအထားနှင့် ဖြစ်သွားကြသည်။

သို့ပေမဲ့သူတို့သည် မျက်လုံးများအား ကျဉ်းမြောင်း၍ အနားပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်သည့် အချိန်မှာတော့ မည်သည့်အရာကို မှ မတွေ့ခဲ့ရပေ။ သူတို့ နားကြားများ မှားလေသည်လား။

ရှပ် … ရှပ်။

လင်းယုန်နက်ဂိုဏ်းသားများအားလုံးသည် အလျှင်အမြန်ဖြင့် စုဝေးလိုက်ကြပြီး အနားပတ်ဝန်းကျင်တစ်ခုလုံးကို သေချာကြည့်ရှုလိုက်ကြသည်။ သို့ပေမဲ့ သူတို့သည် မည်သည့်တစ်ဦးတစ်ယောက်ကိုမှ မတွေ့ရှိကြပေ။

တစ်စ္စေခြောက်နေသည်ဟုပင် ထင်စရာ ရှိ၏။

ဂိုဏ်းခွဲမှူးများထဲမှ တစ်ယောက်က တီးတိုးပြောလိုက်သည်။ "လေတိုက်လို့ ဖြစ်တဲ့အသံတွေလား။"

"မဟုတ်နိုင်ဘူး။"

ဒုတိယဂိုဏ်းချုပ်သည် လေးလေးနက်နက် ပြောလိုက်သည်။ "ဒါက ခြေသံဆိုတာ ထင်ရှားတယ်။"

ရှပ် … ရှပ်။

ညအမှောင်ထဲမှာတော့ ဓားအလင်းတန်းတစ်ခု ဖြတ်ပြေးသွား၏။

ဓားအလင်းတန်းသည် အလွန်နီးကပ်စွာ ပေါ်လာခြင်း ဖြစ်၏။ သူတို့ သတိပြုမိချိန်မှာတော့ ဓားအလင်းတန်းသည် ရုတ်တရက်ဆိုသလိုပဲ ပျောက်ကွယ်သွားသည်။

ဘုတ်။

အနောက်ဘက်တွင် လမ်းလျှောက်လျက်ရှိသော တပည့်တစ်ယောက်သည် မြေပေါ်သို့ ပြုတ်ကျသွား၏။ သူ၏ ဦးခေါင်းသည် မည်သည့်နေရာသို့ ရောက်ရှိသွားကြောင်း မသိရှိတော့ပေ။

"ဟိုမှာ"

ဂိုဏ်းခွဲမှုး တစ်ယောက်သည် ရုတ်တရက်ထွက်ပြေးသွားသော လူတစ်ယောက်ကို မြင်လိုက်ရ၏။

ဝှစ် … ဆွစ် ….. ဝှစ်။

မိနစ်အနည်းငယ်အတွင်းမှာပဲ များပြားလှသည့် သူ၏ နောက်လိုက်တပည့်များသည် တစ်စုံတစ်ခုမှ မပြောဘဲ လက်နက်ပုန်းများအား အသဲအသန် ပစ်လွှတ်လိုက်ကြ၏။

တုန့်ပြန်မှု အမြန်နှုန်းမှာ အလွန်တရာ မြန်ဆန်လွန်းလှပြီး လူများကို လုယူ၍ သတ်ဖြတ်တတ်သော လူတွေ ဖြစ်မှန်း သိသာထင်ရှားလှ၏။ အတွေ့အကြုံသည် အရေးပေါ် အခြေအနေတွင် စကားပြောသည်။

ဒင် ….. ဒင် … ဒင်

စုရှောင်မိုသည် သတ်ဖြတ်ပြီးသည့်နောက်မှာတော့ သူ၏ နောက်တွင် သံမဏိဒိုင်းကာအား ထားရှိ၍ ထွက်ပြေးတော့သည်။

ထို့ကြောင့် လက်နက်ပုန်းများအားလုံးကို အောင်မြင်စွာဖြင့် တားဆီးထားနိုင်၏။

မည်မျှ မြန်ဆန်၍ အားကောင်းလှသော လက်နက်ပုန်းဖြစ်ပါစေ မာကျောလှသည့် အရာများ ကိုတော့ မထွင်းဖောက်နိုင်ပေ။

ဝှစ် ….. ဝှစ်။

အခြားတစ်ဖက်မှာတော့ လီ‌ဖေးသည် ဝိညာဉ်ခြေလှမ်းကို အသုံးပြု၍ ထိုသူများ၏ အနောက်ဘက်သို့ ပတ်ပြေးလိုက်သည်။ ထိုနောက် သူသည် လေထဲသို့ ခုန်တက်လိုက်၏။

သူ၏ ညာဘက်ခြမ်းမှာတော့ လက်သီးဆုပ်တစ်ခုအရွယ်ရှိသော ကျောက်တုံးတစ်ခုသည် ထွက်ပေါ်လာသည်။

သူ၏ ပစ်မှတ်သည် ဒုတိယဂိုဏ်းချုပ်ဆီသို့ ဖြစ်၏။

ဝှစ်

ဒုတိယဂိုဏ်းချုပ်သည် အမှတ်တမဲ့ မနေခဲ့ပေ။ လက်နက်ပုန်းတစ်ခု သူ့ဆီ ရောက်ရှိလာသည်ကို မြင်လိုက်ချိန်မှာတော့ လက်ထဲတွင် စိတ်ဝိညာဉ်စွမ်းအင်များကို စုစည်းကာ လက်သီးဖြင့် ထိုးလွှတ်လိုက်တော့သည်။

ဘုန်း။

ကျောက်တုံးသည် ကြေမွသွားခဲ့၏။

ဒုတိယဂိုဏ်းချုပ်သည် နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်မိ၏။ သူ၏ မျက်နှာပေါ်တွင်တော့ ထိတ်လန့်သည့် အရိပ်အယောင်များ ဖြစ်ပေါ်လာသည်။

သာမန်ကျောက်တုံးလေးတစ်တုံးဖြစ်သည်ဆိုသော်လည်း အလွန်အမင်းပြင်းထန်သော အားအင်များ ပါဝင်နေသည်။ မည်ကဲ့သို့ လုပ်လိုက်လေသနည်း။

ဂိုဏ်းသို့ ပြန်‌ရောက်ပြီး လဝက်လောက် လေ့ကျင့်ပြီးသည့်နောက်မှာတော့ လီဖေးသည် အဆင့်ခုနှစ် မှ အဆင့်ရှစ် သိုင်းတပည့် သို့ ရောက်ရှိခဲ့ပြီဖြစ်၏။

ထို့အပြင် သူသည် စမ်းသပ်မှု မျှော်စင်ထဲတွင် လေ့ကျင့်ခဲ့သောကြောင့် သူ၏ ရွှေညာခြေထောက်သည် ဂျင်နှစ်သောင်းခွဲခန့် အားအင်မျိုး ထုတ်ဖော်နိုင်သည်။

ထိုသို့သော အားအင်သည် သိုင်းဆရာ အဆင့်တစ် တစ်ယောက်၏ အားအင်မျိုးနှင့် နှိုင်းယှဉ်၍ပင်ရနိုင်၏။

လီဖေးသည် အဆင့်ရှစ် သိုင်းတပည့်အဆင့် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်သော်လည်း သိုင်းဆရာအဆင့်တစ် ကျင့်ကြံသူတစ်ယောက်နှင့် နှိုင်းယှဉ်၍ ရနိုင်သည်ဆိုသည့် အဓိပ္ပာယ်ပင် ဖြစ်တော့သည်။

သူသည် အစောကတည်းက အားကောင်းပြီးသား ဖြစ်၏။

စုရှောင်မိုကဲ့သို့ အထူး စိတ်ဝိညာဉ်အမြစ် မရှိဘူးဆိုသော်လည်း သူသည် လူတစ်ယောက်အား လွယ်လွယ်ကူကူနှင့် သတ်ဖြတ်နိုင်စွမ်းရှိသည်။

ဝှစ် ….. ဝှစ်။

နှစ်ယောက်သား တိုက်ခိုက်ပြီးသည့်နောက်မှာတော့ သူတို့သည် ဆက်လက် မတိုက်ခိုက်တော့ပေ။ တိုက်ခိုက်ရမည့်အစား ဝိညာဉ်ခြေလှမ်းကွက်များကို အသုံးပြု၍ အသာရှောင်ရှားသွားကြ၏။

"လုပ်လိုက်ကြစို့။"

ကျွင်းချောင်ရှောင်း တီးတိုး ပြောလိုက်၏။

လီချင်းယန် ရှောင်ကျီနှင့် အနီးအနားတွင် ရောက်ရှိနေကြသော သူများသည် မြန်မြန်ဆန်ဆန်ပဲ ရှေ့သို့ တိုးသွားကြသည်။

သူတို့သည် အစောကတည်းက နေရာဖြန့်ကာ ယူထားကြပြီး ဖြစ်သောကြောင့် လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်တည်း ရန်သူအားလုံးအား စက်ဝိုင်းပုံစံမျိုး ဝိုင်းပိတ်ထားပြီး ဖြစ်နေ၏။

ဤတစ်ကြိမ်မှာတော့ လီချင်းယန် သည် လက်ဗလာဖြင့် မတိုက်ခိုက်တော့ပေ။

သူ၏ အအေးဓားအား ထုတ်ယူ၍ ဒုတိယဂိုဏ်းချုပ်အား ပစ်မှတ်ထားကာ အလေးအနက် တိုက်ခိုက်လိုက်တော့သည်။

ရှောင်ကျီသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်၍ ဂိုဏ်းခွဲမှူးများထဲမှ အားအကောင်းဆုံး လူဆီသို့ ခုန်ဝင်သွားသည်။

လင်းယုန်နက်ဂိုဏ်းအဖွဲ့ဝင်များသည် သူတို့အား သတိပြုမိသွား၏။

ထို့ကြောင့် သူတို့သည် လက်နက်များကို ထုတ်ယူလိုက်ကြပြီး တစ်ချို့မှာတော့ လက်နက်ပုန်းများဖြင့် အလျှင်အမြန် ပစ်လွှတ်ကြသည်။

ကံဆိုးစွာဖြင့် အလွန်အားကောင်းလှသော သံမဏိဒိုင်းကာနှင့် စည်းအစီအရင်၏ အကာအကွယ်အောက်တွင် လက်နက်ပုန်းများသည် အကျိုးသက်ရောက်မှု မရှိကြချေ။

လီချင်းယန် သည် အရင်ရောက်ရှိလာသည်။

ချက်ချင်းဆိုသလိုပဲ သူသည် ကိုးလှိုင်းဓားသိုင်းအား အသုံးပြုလိုက်၏။

အလင်းတန်းများအားလုံးသည် ထပ်တလဲလဲဖြစ်ပေါ်လာပြီး ဒုတိယဂိုဏ်းချုပ်၏ ခန္ဓာကိုယ်အား လွှမ်းခြုံသွားတော့သည်။

အခြားတစ်ဖက်တွင် ရှိသော ရှောင်ကျီမှာတော့ ပို၍ တိုက်ရိုက်ဆန်လှသည်။ သူသည် သူ၏ရန်သူ၏ရှေ့သို့ ချက်ချင်းပဲ ပြေးဝင်သွားလိုက်သည်။ ပြီးနောက် တောင်ဖြိုလက်ဝါးဖြင့် ရိုက်ချလိုက်တော့၏။

ဌာနမှုး တစ်ယောက်သည် နှာခေါင်းကို ရှုံ့၍ သူ၏ ထက်မြက်လှသော ဓားအား ဆွဲထုတ်ကာ ပြန်လည် တိုက်ခိုက်လိုက်သည်။

လက်ဝါးသည် မည်မျှ အားကောင်းသည် ဆိုဆို ဓားနှင့်တော့ ယှဉ်၍မရချေ။

ဘုန်း။

အလွန်အမင်း အားကောင်းလှသော လက်ဝါးရိုက်ချက်သည် ဓားသွားပေါ်သို့ ကျဆင်းလာချိန်မှာတော့ ဓားသည် နှစ်ပိုင်းပြတ်သွားတော့သည်။

ဌာနခွဲမှုး၏ မျက်နှာပေါ်ရှိ အပြုံးသည် ချက်ချင်းဆိုသလိုပဲ အေးခဲသွားသည်။

ဘန်း။

ရှောင်ကျီသည် သူ၏ အခြားလက်တစ်ဖက်ကို ဆန့်ထုတ်ပြီး ကျိုးပြတ်သွားသော ဓားအပိုင်းအစအား လှမ်းဆွဲလိုက်၏။

ပြီးနောက် ခန္ဓာကိုယ်ကို ကွေးညွှတ်၍ ရှေ့သို့ လှမ်းတက်ကာ ဖမ်းယူထားသော ဓားသွားဖြင့် ဌာနခွဲမှူး၏ လည်ပင်းအား လှီးဖြတ်လိုက်တော့သည်။

ဖောက်။

ဌာနခွဲမှူး၏ ဦးခေါင်းသည် ချက်ချင်းဆိုသလိုပဲ လွှင့်စင်သွားတော့သည်။ သူ၏ မျက်လုံးထဲမှာတော့ ထိပ်လန့်တုန်လှုပ်မှုများ ရှိနေတုန်းပင် ဖြစ်၏။

သူသည် သေသာ သေဆုံးသွားခဲ့သည်။ မည်ကဲ့သို့ သေဆုံးသွားမှန်း မသိရှိခဲ့ရပေ။

တစ်ဖက်လူ၏ လက်ဝါးရိုက်ချက်သည် အလွန်အမင်း အားကောင်းလှပြီး ဓားကိုပင် ချိုးဖြတ်နိုင်ခဲ့သည်။

ထို့အပြင် ကျိုးပြတ်သွားသော ဓားအားလည်း လက်ဗလာဖြင့် လှမ်းဖမ်း၍ သူ၏ဦးခေါင်းအား ခုတ်ဖြတ်ခဲ့သေး၏။ ဤကိစ္စမှာ အလွန်ပဲ တရားလွန်လှ၏။

ရှောင်ကျီ၏ လှုပ်ရှားမှုများမှာ အလွန်ပဲ ရိုးရှင်းပြီး တိကျလှသည်။

ပြောရမည်ဆိုလျှင် ရှောင်ကျီ သည် တစ်ချက်တည်း အပြီးပြတ်တိုက်ခိုက်လိုက်ခြင်းပင် ဖြစ်တော့သည်။

All Chapters