← Chapters

အခန်း (၂၃၂)

Vol. 16 Ch. 232

အခန်း (၂၃၂)

Vol. 16 Ch. 232

ကျွင်းချောင်ရှောင်းသည် သူ၏ တပည့်များအား လင်းယုန်နက်ဂိုဏ်းသားများ အဖြစ် ဟန်ဆောင်ခိုင်းထားခြင်းမှာ ညအချိန်ဖြစ်နေသောကြောင့်ပင်။ တကယ်တမ်း နေ့အချိန်သာဆိုလျှင် တစ်ဖက်လူများသည် ချက်ချင်း သိရှိသွားမှာသေချာသောကြောင့် သူ ပြုလုပ်ခိုင်းလိမ့်မည် မဟုတ်ပေ။

ရန်ကျိသည် တစ်စုံတခု မှားယွင်းနေကြောင်း သတိပြုမိခဲ့သည်။ သို့ပေမဲ့ သူပါးစပ်ဟ၍ သတိပေးရန် ပြင်နေတုန်းမှာပဲ လီလိုရှုသည် သူ၏ ဦးခေါင်းအား သေနတ်ဖြင့် ပစ်ခတ်ခဲ့၏။

သူ မြေပေါ်သို့ ပြုတ်ကျသွားချိန်မှာတော့ လဲ့ဟိုင်ရှ နှင့် သူ၏ လူများသည် ဆွံ့အသွားကြသည်။

သေချင်ယောင်ဆောင်နေသော သံမဏိအရိုးဂိုဏ်း တပည့်များသည် မြေပေါ် ထရပ်လာကြပြီး သူတို့၏ လက်နက်များကို ထုတ်ယူလိုက်ကြ၏။

“တပည့်တို့ … နားထောင်ကြ”

ကျွင်းချောင်ရှောင်သည် အေးစက်စက် ပြောလိုက်သည် “ဒီမိစ္ဆာတွေအားလုံးကို သတ်ပစ်လိုက်”

“ကောင်းပါပြီ”

တပည့်များသည် သူတို့၏ စိတ်ဝိညာဉ်စွမ်းအင်များအား ထုတ်လွှတ်ပြီး ရှေ့သို့ လှမ်းတက်လိုက်ကြသည်။

လင်းယုန်နက် ဂိုဏ်သားများသည် သုံးရာနီးပါး အရေအတွက် ရှိသည်ဆိုသော်လည်း အနည်းငယ် သတ်ဖြတ်ပြီနောက်မှာတော့ သူတို့တွေသည် မစိုးရွံ့တော့ချေ။

“ဘာဖြစ်တာလဲ”

လဲ့ဟိုင်ရှသည် သူ၏ ဂိုဏ်းသားတစ်ယောက် အားလှမ်းမေးလိုက်သည်။

ဤဂိုဏ်းချပ်ဆိုသော သူသည် သူ့အား ထောင်ချောက်ဆင်၍ တစ်ဖက်မှ ခေါ်ယူခဲ့ခြင်း ဖြစ်ကြောင်း လုံးဝမရိပ်မိသေးချေ။

ဂိုဏ်းသားအဖြစ် ဟန်ဆောင်ထားသော လီချင်းယန်သည် ကိုယ်ကို လှည့်၍ စိတ်ဝိညာဉ်စွမ်းအင်များအား အသက်သွင်းလိုက်သည်။

တစ်ဖက်လူ၏ ရုပ်ကို မြင်တော့ လဲ့ဟိုင်ရှ သည် အေးစက်စက် ပြောလိုက်၏ “မင်း ဘယ်သူလဲ”

“ခင်ဗျားထင်နေတဲ့ ခင်ဗျားရဲ့ ဒုဂိုဏ်းချုပ်က ဒီမှာသေနေပြီ” လီချင်းယန်သည် ခြေထောက်ဖြင့် ညွှန်ပြလိုက်သည်။

လဲ့ဟိုင်ရှသည် သူ့လူ၏ သေဆုံးနေပုံကို မြင်တော့ မျက်လုံးထဲတွင် ဒေါသတရားတွေ မီးလိုတောက်လာ၏။

ဇွီ ..။

ထိုအချိန်မှာပဲ အသံတစ်ခု သူ၏ နောက်မှ ပေါ်လာသည်။

မြွေဟောက်လက်ထဲတွင် ရှိသော အအေးဓားသည် လင်းယုန်နက်ဂိုဏ်းသားတစ်ယောက်၏ ရင်ဘတ်အား ထိုးစိုက်သွားသည်။

သူသည် လီထျန်းထျန်းကြောင့် ဒဏ်ရာရရှိသွားခဲ့ရပြီး တစ်ချက်ကလေးမှ မတိုက်ခိုက်ခဲ့ရချေ။ ထို့ကြောင့် လက်ရှိအချိန်တွင် ရှိသမျှ ဒေါသအားလုံးကို ဖြေလွှတ်ပြီး အားရပါးရ သတ်ဖြတ်လျက်ရှိ၏။

ပထမဆုံးတပည့်တစ်ယောက် သေဆုံးသွားပြီးနောက် ဂိုဏ်းနှစ်ခုကြား တိုက်ခိုက်မှုသည် တရားဝင် စတင်ပြီ ဖြစ်သည်။

စိတ်ဝိညာဉ်စွမ်းအင်များသည် နှစ်ဖက်စလုံးတွင် ပေါက်ကွဲဖြစ်တည်နေပြီး အခြေအနေ တစ်ခုလုံးကလည်း ရှုပ်ထွေးကုန်၏။

အစောကတည်းက အရေအတွက်အရ ပြင်ဆင်လာကြသော လင်းယုန်နက်ဂိုဏ်းသားများသည် လွယ်လွယ်ကူကူပဲ ပြန်လည် တုံ့ပြန်ကာ တိုက်ခိုက်နိုင်ကြသည်။ သို့ပေမဲ့ သံမဏိအရိုးဂိုဏ်း တပည့်များနှင့် တိုက်ခိုက်ချိန်မှာတော့ သူတို့တွေသည် ဖိအားတွေအောက် ကျရောက်သွားသည်။

အထူးသဖြင့် ဓားနှင့် ဓားမော့အား ကိုင်ဆောင်ထားကြသော သူများဖြစ်ပြီး ထိုသူများ၏ လက်နက်များသည် ကျန်းဝေတို့ကြောင့် ထက်ပိုင်းတွေ ပြတ်ကုန်ကြသည်။ အားလုံးသည် နေရာမှာတင် တွေတွေကြီး ရပ်၍ ဆွံ့အနေကြ၏။

ဇွိ …။

ဇွိ …။

ဓားအော်ရာများ ဖြတ်သန်းသွားပြီး နေရာအနှံ့တွင် ခြေပြတ်၊ လက်ပြတ်များနှင့် ပြည့်နှက်ကုန်သည်။

ပထမတစ်ကြိမ် တိုက်ခိုက်မှုတွင်တော့ လင်းယုန်နက်ဂိုဏ်းသား သုံးဆယ်ကျော်သည် သေဆုံးသွားခဲ့၏။

ကျင့်ကြံခြင်း အားအင်နှင့် လက်နက်ပစ္စည်းများ၏ ကောင်းမွန်မှုသည် လင်းယုန်နက်ဂိုဏ်းသားများသည် အရေအတွက် များပြားသည် ဆိုလျှင်တောင်မှ အမှိုက်သရိုက်များသာသာပင်။

ထိုသူများသည် မကြာခင်အတွင်း သေဆုံးကုန်ကြသည်။ တစ်ချို့သည် ဓားများ ၊ လှံများနှင့် တိုက်ခိုက်ခံရခြင်း ဖြစ်ပြီး တစ်ချို့မှာ ဘယ်ကမှန်းမသိသော လက်နက်ပုန်းများနှင့်တိုက်ခိုက်ခံရခြင်းကြောင့် သေဆုံးကုန်ကြ၏။

မိုးဆွေဟောခန်အဖွဲ့သားများသည် တိုက်ပွဲအတွင်း၌ ဝိညာဉ်များကဲ့သို့ ရွေ့လျားသွားလာ တိုက်ခိုက်နေကြသည်။

ဓားအလင်း၊ လှံအလင်း၊ များပြားလှသော လက်နက်ပုန်းများ၏ အလင်းများကြောင့် လင်းယုန်နက်ဂိုဏ်းသား များသည် သတိထား ခုခံကာကွယ်ရန် မဖြစ်နိုင်တော့ပေ။ ရက်ရက်စက်စက်ဖြင့် တစ်ယောက်ပြီး တစ်ယောက် သတ်ဖြတ်ခံနေရ၏။

လဲ့ဟိုင်ရှ သည် သူရပ်တန့်နေရာ နေရာတွင် ငူငူကြီး ရပ်လျက်ရှိသည်။

သူသည် မလှုပ်ရှားနိုင်ချေ။ သူ၏ အကြည့်များသည် လီချင်းယန် ဆီသို့ ရောက်ရှိနေသည်။ သူ၏ မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်များသည် ပိုပို၍ အားကောင်းလာသည်။

အမဲလိုက်အဖွဲ့သည် ကိုယ်ခြံထဲမှာပင် ကြက်ကလေး၊ ငှက်ကလေးများကဲ့သို့ သတ်ဖြတ်ခံလိုက်ရသည်။ ထို့အပြင် ဒုဂိုဏ်းချုပ် သည်လည်း သတ်ဖြတ်ခံလိုက်ရသည်။ ထိုအရာအား လက်သင့်ခံနိုင်ဖို့ မဖြစ်နိုင်ချေ။

ဟူး ..ဟူး..။

သူ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တော့ သူ၏ ခန္ဓာကိုယ်ဆီမှ သွေးနီရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး အလွန်အားကောင်းသော အရှိန်အဝါများ ဖြစ်ပေါ်လာသည်။

“ဟေး..”

ရီရှင်းချန်သည် သူ၏ ရှေ့တည့်တည့်တွင်လာရပ်ပြီး ဂုဏ်မောက်စွာ ပြောလိုက်သည် “ခင်ဗျားရဲ့ ပြိုင်ဘက်က ကျုပ်ပဲ”

“ဂျူနီယာညီလေး .. ဒီလူ့ကို မင်းလက်ထဲ ထားလိုက်တော့မယ်”

လီချင်းယန် ပြောလိုက်သည် “ငါ တခြားသူတွေနဲ့ သွားပြီး ရင်ဆိုင်လိုက်မယ်”

ပြောပြီးသည့်နောက် သူသည် လှုပ်ရှားမှု နည်းစနစ်ကို အသုံးပြု၍ လှည့်ပတ်သွားလိုက်သည်။ ပြီးနောက် ရန်သူကြားထဲ တိုးဝင်၍ အစုလိုက်အပြုံလိုက် သတ်ဖြတ်တော့၏။

ကျိုးဟုန်သည်လည်း တိုက်ပွဲထဲသို့ ဝင်ရောက်လာသည်။

သူသည် အလွန်အမင်းကြမ်းတမ်း၏။ သက်တောင့်သက်သာဖြင့် လှည့်ပတ်သွားလာနေပုံပေါ်ပြီး အသက်တစ်ရှိုက်စာအတွင်း ဓားချက်ပေါင်းများစွာကို ထုတ်ဖော်နေသည်။ လင်းယုန်နက်အဖွဲ့သားများသည် တစ်ယောက်ပြီးတစ်ယောက် မြေပေါ် လဲကျသွားကြသည်။ ၎င်းတို့၏ လည်ပင်းပေါ်မှာတော့ ဓားရာကြီးတွေနှင့် ဖြစ်လေ၏။

ဓားသည် ဓားအလင်းတန်းပင် မထွက်သည်အထိ မြန်ဆန်လွန်းနေသည်။

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ဒီမှာရှိတဲ့ လင်းယုန်နက်ဂိုဏ်းသားအားလုံးကို သူတစ်ယောက်တည်း သတ်ဖြတ်နိုင်တာပဲ”

ဒါက ငါ့ရဲ့ သံမဏိအရိုးဂိုဏ်း အားအင်ပဲ …. ကြောက်ကြပြီလား။

လင်းယုန်နက်ဂိုဏ်းမှ တပည့်များသည် အလွန်အမင်း ကြောက်လန့်နေကြသည်။

သူတို့သည် အခြေအနေကို အကောင်းဆုံး တုံ့ပြန်ပြီး တန်ပြန် တိုက်ခိုက်ရန် စဉ်းစားမိသည်။ သို့ပေမဲ့ ဓားတစ်ချက်တည်းနှင့် လူပေါင်းများစွာအား သတ်ဖြတ်နေသော ကျိုးဟုန်ကို မြင်ချိန်မှာတော့ ၎င်းတို့၏ စိတ်နှလုံးများသည် အလုံးစုံ ပျက်ရွင်းကုန်ကြတော့၏။

တိုက်ပွဲတွင် အရေးကြီးဆုံးမှာ စိတ်ဓာတ်ပိုင်း ဆိုင်ရာ ဖြစ်သည်။

ယခု သူတို့၏ အပေါင်းအဖော်များ သေဆုံးကုန်ကြသည်ကို မြင်ချိန်မှာတော့ လင်းယုန်နက် ဂိုဏ်းသားများသည် မည်သို့မှ မတည်ငြိမ်နိုင်ကြတော့ပေ။

ထိုအခွင့်အရေးကို အရယူ၍ လီချင်းယန် ၊ ရှောင်ကျီ နှင့် တခြားသော သူများအားလုံးသည် သူတို့၏ တိုက်ခိုက် သတ်ဖြတ်မှုများကို အရှိန်မြင့်တင်လိုက်သည်။ သူတို့ သွားရာ နေရာတိုင်းတွင် လင်းယုန်နက်ဂိုဏ်းသား များ၏ အလောင်းတွေနှင့် ဖြစ်ကုန်ကြ၏။

အားလုံးကို သတ်ဖြတ်ပစ်ရန် ဂိုဏ်းချုပ်သည် အမိန့်ပေးခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် သူတို့အနေနှင့် တစ်ယောက်မှ လွတ်မသွားအောင် တိုက်ခိုက်ရပေလိမ့်မည်။

သူတို့၏ ရန်သူများသည် အလွန်အမင်း အားကောင်းလှကြောင်း သိရှိသည်မို့ လင်းယုန်နက် ဂိုဏ်းသားများသည် စုပေါင်းခုခံ၍ စုစည်းလိုက်ကြသည်။

ဘုန်း..ဘုန်း..

လီယုဟွာသည် သူ၏ ဒိုင်းအားမြှောက်၍ တောရိုင်းကောင်ကြီး တစ်ကောင်ကဲ့သို့ ထိုစုဝေးလျက်ရှိသော လင်းယုန်နက် ဂိုဏ်းသားများဆီ တိုးဝင်ကာ သတ်ဖြတ်နေသည်။

လေထဲတွင်တော့ သွေးတွေ ပြန့်နှံ့လျက်ရှိပြီး နေရာအနှံ့တွင်လည်း ခန္ဓာကိုယ် အစိတ်အပိုင်းများနှင့် ဖြစ်လို့နေ၏။

ကံဆိုးစွာနှင့် ညအချိန်ဖြစ်နေခြင်းပင်။ နေ့အချိန်သာ ဆိုလျှင် သွေးပျက်စရာမြင်ကွင်းတစ်ခုဖြစ်နေမှာ ကျိန်းသေသည်။

အလွန်တရာကြောက်မက်ဖွယ်ရာ ကောင်းသော ရန်သူများဖြစ်ကြောင်း ကိုယ်တွေ့ကြုံရပြီးနောက် လင်းယုန်နက်ဂိုဏ်းသားများသည် ပိုပို၍ ထိတ်လန့်လာကြသည်။

သို့ပေမဲ့ သူတို့ကို တစ်ဖက်လူများသည် ဝိုင်းပိတ်ထားသည်မို့ မည်သို့မှ မလွတ်မြောက်နိုင်ကြတော့ပေ။

ငြိမ်ငြိမ်လေးထိုင်၍ အသတ်ခံရမည်ကို စောင့်နေဖို့တော့ သူတို့ စိတ်ကူးထဲတွင် မရှိချေ။ ထို့ကြောင့် သေမထူး၊ နေမထူး ပြန်လည် တိုက်ခိုက်ကြတော့သည်။ ခေါင်းဆောင်တစ်ယောက် သည် ဒေါသတကြီး အော်ဟစ်လိုက်၏ “သတ်ကြ ….”

ဘန်း ..။

သူ့အသံ ထွက်ပေါ်လာချင်းချင်းမှာပဲ သူ၏ ဦးခေါင်းအား အလင်းတန်းတစ်ခုသည် ဖြတ်သန်းသွားတော့သည်။

သစ်ပင်ပေါ်၌ ထိုင်လျက်ရှိသော လီလိုရှုသည် ပြုံးကာ ပြောလိုက်သည် “တော်တော် စကားများတဲ့ကောင်ပဲ”

ဘုန်း…ဘုန်း..

လီယုဟွာသည် သူ၏ ဒိုင်းအား အသက်သွင်း၍ စည်းအစီအရင်တစ်ခု ထုတ်ဖော်ကာ ကျွဲရိုင်းကြီး တစ်ကောင်ကဲ့သို့ တစ်ဖက်လူတွေကြား တိုးဝင် တိုက်ခိုက်နေဆဲပင်။

လုံကျိရန် နှင့် တခြားသူများစည် လှံများအား ကိုင်ဆောင်၍ အားရပါးရ သတ်ဖြတ်လျက်ရှိသည်။

ဤသို့နှင့် သူတို့သည် အကြိမ်အနည်းငယ် လှုပ်ရှားတိုက်ခိုက်ရင်း လူငါးဆယ်ကနေ ခြောက်ဆယ် နီးပါးထိ သတ်ဖြတ်ခဲ့ပြီး ဖြစ်၏။

အသေအချာ ရေတွက်ရမည် ဆိုလျှင် လင်းယုန်နက် ဂိုဏ်းသား ရာကျော်သည် သေဆုံးနှင့်ပြီးဖြစ်သည်။

အလောင်းများသည် နေရာအနှံ့တွင် ပြန့်ကျဲနေပြီး သားသတ်ရုံကြီးတစ်ခုကဲ့သို့ပင် အလားတူနေသည်။

ဘေးတစ်ဖက်ကနေ စောင့်ကြည့်နေသော ကျွင်းချောင်ရှောင်းသည် တီးတိုးရေရွတ်လိုက်၏ “ငါတို့ရဲ့ တိုက်ခိုက်ရေး စွမ်းရည်အရဆိုရင် နာရီဝက်အတွင်း အားလုံးကို သတ်ဖြတ်ပစ်နိုင်တယ်”

ပြောပြီးသည့်နောက် သူသည် လဲ့ဟိုင်ရှ အား လှမ်းကြည့်လိုက်သည်။

တပည့်များ တစ်ယောက်ပြီး တစ်ယောက် သတ်ဖြတ်ခံနေရပေမဲ့ ထိုသူသည် နေရာမှာတင် ရပ်လျက်ရှိနေသေးသည်။ သို့ပေမဲ့ သူ့ခန္ဓာကိုယ်မှ သွေးနီရောင် အလင်းများသည် ပိုမို၍ တောက်ပလာသည်။

ရီရှင်းချန်သည် မျက်ခုံးကို ပင့်ကာ မထီလေးစား ပြောလိုက်သည် “ခင်ဗျား သိုင်းနည်းစနစ်သုံးပြီး ချမှာလား”

လဲ့ဟိုင်ရှသည် သူ၏ သွေးနီရောင် တောက်ပနေသော လက်ကို လွှဲယမ်းပြီး ဒေါသတကြီး အော်ဟစ်လိုက်သည် “ဒီနေ့ မင်းတို့ အားလုံး သေရမယ်။”

ဘုန်း ..

လက်သီးသည် လေထုထဲတွင် ပေါက်ကွဲထွက်လာပြီး မိစ္ဆာစွမ်းအင်များ ဖြစ်တည်လာတော့သည်။

သွေးနီရောင် လက်သီးကြီးသည် လေထုထဲတွင် ပျောက်ကွယ်သွားပြီး တခြားတည်နေရာရှိ သံမဏိအရိုးဂိုဏ်း တပည့်များ၏ နောက်တွင် ပေါ်လာတော့၏။

သူသည် ရီရှင်းချန်အား တိုက်ခိုက်မလိုနှင့် သံမဏိအရိုးဂိုဏ်းတပည့်များအား တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ ထိုမှသာ သူ၏ ဂိုဏ်းသားများအတွက် လက်စားချေသလို ဖြစ်ပေလိမ့်မည်။

ဝှစ်. ..။

သွေးနီရောင် လက်သီးကြီးသည် ဖြတ်သန်းသွားသမျှ တည်နေရာရှိ အရာအားလုံးကို တိုက်စားသွားသည်။

သံမဏိအရိုးဂိုဏ်းတပည့်များအား အသည်းအသန် တိုက်ခိုက်နေသော သံမဏိအရိုးဂိုဏ်းတပည့်များသည် နောက်သို့ လှည့်ကြည့်လိုက်မိချိန်မှာတော့ အမူအရာများ ပြောင်းလဲသွား၏။

ဝှစ် ..

ရှောင်ကျီသည် ရှေှု့ကို တိုး၍ သူ့လက်ထဲမှ သံမဏိဒိုင်းကာဖြင့် စည်းကာ လိုက်သည်။

သေချင်နေတာပဲ။

လဲ့ဟိုင်ရှ နှာခေါင်းရှုံ့လိုက်သည်။

သူ၏ သွေးနီရောင်လက်သီးကြီးသည် အချိန်အတော်ကြာ အားစုစည်းပြီးမှ တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် ဂျင် တစ်သိန်းနီးပါး အားအင်ရှိသည်။ သိုင်းဆရာ အဆင့် တစ် တစ်ယောက်က မည်ကဲ့သို့ ခုခံနိုင်မည်နည်း။

ဘုန်း ..

သွေးနီရောင် လက်သီးကြီးသည် ဒိုင်းနှင့် တိုက်ရိုက် တွေ့ဆုံသွား၏။

မြင်လိုက်ရသော မြင်ကွင်းကို ကြည့်ပြီး လဲ့ဟိုင်ရှ ၏ မျက်လုံးများသည် ပြူးထွက်သွားတော့သည်။

All Chapters