← Chapters

အခန်း (၂၃၄)

Vol. 16 Ch. 234

အခန်း (၂၃၄)

Vol. 16 Ch. 234

လဲ့ဟိုင်ရှ သည် ရီရှင်းချန်ကြောင့် အစိတ်စိတ်အပိုင်းပိုင်း ဖြစ်ပြီးသွားသည့်နောက်မှာတော့ မိုင်တစ်ထောင် အဝေးမှာရှိသော အဘိုးအိုသည် တစ်စုံတစ်ခုကို ခံစားလိုက်မိ၏။ သူ၏မျက်လုံးထဲတွင်တော့ သတ်ဖြတ်လိုခြင်းဆန္ဒများနှင့် ပြည့်နှက်သွားတော့သည်။

သူသည် လင်းယုန်နက်ဂိုဏ်း၏ ပထမဦးဆုံးဂိုဏ်းချုပ်ပင်ဖြစ်၏။

သူ၏နာမည်အစစ်အမှန်အား မည်သူကမှ မသိရှိကြပေ။ သူ၏တပည့်များသည် သူ့အား ဟောခန်းသခင်ဟု ခေါ်ကြ၏။ မိစ္ဆာဂိုဏ်းများမှာတော့ သူ့အား ဝိညာဉ်အကြီးအကဲဟု ခေါ်ဆိုသည်။

အဘယ့်ကြောင့် ဝိညာဉ်အကြီးအကဲဟု ခေါ်ဆိုရသနည်း။

အဘယ့်ကြောင့်ဆိုသော် ပထမဦးဆုံးဟောခန်းသခင်သည် လှုပ်ရှားမှုနည်းစနစ်နှင့် ပတ်သက်၍ အလွန်အမင်း အားကောင်းသော နားလည်မှုကို ပိုင်ဆိုင်၏။

သူသည် ထိုလှုပ်ရှားမှုနည်းစနစ်အား အသုံးပြုလိုက်သည့်အချိန်၌ ဝိညာဉ်တစ်ကောင်ကဲ့သို့ အလွန်တရာ မြန်ဆန်စွာ သွားလာနိုင်သည်။

လဲ့ဟိုင်ရှ သည် ဝိညာဉ်အကြီးအကဲ၏ ချစ်ခင်ရဆုံးတပည့်လည်းဖြစ်သည်။

အဆင့်မြင့် သိုင်းနည်းစနစ်များကို ထပ်မံကျင့်ကြံနိုင်ဖို့ သူထွက်ခွာသွားသည့်အချိန်မှာတော့ ဂိုဏ်းတစ်ခုလုံးအား သူ၏ချစ်လှစွာသော တပည့်ဆီ ပေးအပ်ခဲ့၏။

ယခု ရုတ်တရက်ဆိုသလိုပဲ ဆက်သွယ်မှုပြတ်တောက်သွားသည်ဟု ခံစားမိတော့ ဆိုးရွားသည့်အရာတစ်ခု ဖြစ်သွားမိမှန်း သူနားလည်လိုက်မိသည်။

"ဘယ်သူလဲ …. ဘယ်သူငါ့ရဲ့ အချစ်ဆုံးတပည့်ကို သတ်ပစ်လိုက်တာလဲ။"

အကြီးအကဲဝိညာဉ်၏ မျက်လုံးများသည် ဒေါသတရားများနှင့် တောက်လောင်လာတော့သည်။

သူသည် လှိုဏ်ဂူထဲမှ လှမ်းထွက်ပြီး ညအချိန်ကြီး ဝိညာဉ်တစ်ကောင်ကဲ့သို့ ပြေးနေပေတော့သည်။ သူ၏ဦးတည်ရာမှာ ဟွာရင်နိုင်ငံပင် ဖြစ်တော့သည်။

ဤအမြန်နှုန်း ၊ ဤလှုပ်ရှားမှု နည်းစနစ်သည် ဝိညာဉ်ဆိုသည့်စကားလုံးနှင့် ထိုက်တန်လှစွာပဲ အလွန်တရာ မြန်ဆန်လှ၏။

အကြီးအကဲဝိညာဉ်၏ အားအင်အဆင့်သည် မဆိုးလှချေ။

သူသည် ဟောခန်းသခင်အဖြစ်မှ နှုတ်ထွက်သွားပြီးသည့်နောက်မှာတော့ သွေးမှော်ကျမ်းအား နားလည်ခဲ့ပြီး သိုင်းစစ်သူကြီး အဆင့်သုံးသို ချိုးဖျက်ရောက်ရှိခဲ့ပြီဖြစ်သည်။

"ငါ့တပည့်ကို သတ်ပစ်တဲ့လူတွေ မင်းတို့ရဲ့မိသားစုတွေ ၊ ဆွေမျိုး ကိုးဆက်ရော ပြစ်ဒဏ်ခံရမယ်။ဘယ်တော့မှ ပြန်လည်မမွေးဖွားနိုင်တဲ့ထိ ငါ အားလုံးကို သတ်ပစ်မယ်။"

တောနက်ရိုင်းထဲမှာတော့ အလွန်တရာ ဒေါသကြီးမားသော အသံတစ်ခုသည် ထွက်ပေါ်လာသည်။ အိပ်တန်းဝင်နေကြသော သားရဲများသည် အလျင်အမြန်ပဲ ထွက်ပြေးသွားကြတော့၏။

……..

လင်းယုန်နက်တောင်၏ တောင်ခြေမှာတော့ …….

လဲ့ဟိုင်ရှအား သတ်ဖြတ်ခံလိုက်ပြီးနောက်မှာ လင်းယုန်နက်ဂိုဏ်း တပည့်များ အားလုံးသည် အလွန်အမင်း စိတ်ဓာတ်ကျဆင်းသွားခဲ့ကြပြီး သူတို့အားလုံးသည် သံမဏိအရိုးဂိုဏ်း တပည့်များ၏ သတ်ဖြတ်ခြင်းကို ချက်ချင်းပဲ ခံလိုက်ရ၏။

အဆင့်ခုနစ်ဂိုဏ်းတစ်ခု၊ ဂိုဏ်းချုပ်နှင့် ဂိုဏ်း၏လက်ရွေးစင်များအားလုံး သတ်ဖြတ်ခံလိုက်ရသည်။

တောင်ပေါ်တွင်တော့ လူအနည်းငယ်ရှိနေသေး၏။ သို့ပေမဲ့ ထိုသူများသည် ဂိုဏ်းအတွက် အရေးပါအရာရောက်သည့်သူများ ဟုတ်ဟန်မတူတော့ပေ။

"ရှာကြ။"

အရာအားလုံး ပြုလုပ်ပြီးသည့်နောက် ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

တပည့်များသည် မြန်မြန်ဆန်ဆန်ဆိုသလိုပဲ တစ်ဖက်လူများ၏အိတ်များ ၊ သိုလှောင်လက်စွပ်များကို စတင်၍ ရှာဖွေတော့သည်။

"သွေးမိစ္ဆာကျမ်း၊သွေးပေါက်ကွဲလက်သီး၊သွေးခြေလှမ်း"

ကျွင်းချောင်ရှောင်းသည် လဲ့ဟိုင်ရှ၏ သိုလှောင်လက်စွပ်ထဲတွင် မိစ္ဆာနည်းစနစ်သုံးခုရှိနေကြောင်း တွေ့လိုက်ရ၏။

ထိုနည်းစနစ်များသည် သူ့အတွက် အသုံးမဝင်ဘူးဆိုသော်လည်း သိုလှောင်လက်စွပ်ထဲသို့ ထည့်ကာ သိမ်းထားလိုက်သည်။

စနစ်မှ ပြောလိုက်သည်။ "မိစ္ဆာနည်းစနစ်တွေက အရမ်းကိုကြမ်းတမ်းတယ်။လက်ခံသူအနေနဲ့ အနာဂတ်ရဲ့ ကျင့်ကြံခြင်းလမ်းစဉ် ကို မသက်ရောက်စေဖို့ ဒီအရာတွေကို မကျင့်ကြံတာ အကောင်းဆုံးပဲ။"

"ငါဘာလုပ်ရမလဲဆိုတာ သိပါတယ်။" ကျွင်းချောင်ရှောင်းပြောလိုက်သည်။

တပည့်များအားလုံး သေချာ ရှာဖွေပြီးသည့်နောက်မှာတော့ သူသည် အလောင်းများအားလုံးကို သပ်ရပ်မီးအသုံးပြု၍ မီးရှိလိုက်တော့သည်။

ပြီးနောက် သူသည် တောင်ပေါ်တွင်ရှိသော လင်းယုန်နက်ဂိုဏ်းအဆောက်အဦးကို လှမ်းကြည့်ကာ အေးစက်စက်ပြောလိုက်၏။ "တောင်ပေါ်ကိုတက်ပြီး ဂိုဏ်းတစ်ခုလုံးကို ရှာဖွေပြီး ရှင်းပစ်လိုက်။"

"ကောင်းပါပြီ။"

တပည့်များသည် မြန်မြန်ဆန်ဆန်ပဲ ပြေးလွှားသွားကြတော့သည်။

လင်းယုန်နက်ဂိုဏ်းသည် အဆင့်ခုနစ်ဂိုဏ်းတစ်ခု ဖြစ်သည့်အပြင် စုစုပေါင်း ဂိုဏ်းသားအရေအတွက် ငါးရာမှ ခြောက်ရာအထိရှိ၏။

ဂိုဏ်းချုပ်၊လင်ရွေးစင်တပည့်များအားလုံး သတ်ဖြတ်ခံရပြီးနောက် ဂိုဏ်း၏ဌာနချုပ်တွင် လူ သိပ်မကျန်တော့ပေ။

ရှောင်ကျီသည် လင်းယုန်နက်ဂိုဏ်း၏ ပင်မတံခါးကြီးအား လက်သီးဖြင့်ထိုးကာ ချိုးဖျက်လိုက်တော့သည်။

သံမဏိအရိုးဂိုဏ်းတပည့်များအားလုံးသည် ဂိုဏ်းအတွင်းသို့ ပြေးလွှားဝင်ရောက်သွားကြပြီး ကျန်ရှိနေသော သူများအားလုံးကို အမြစ်ဖြတ် သတ်ဖြတ်လိုက်ကြတော့၏။

ဤဂိုဏ်းသည်သာ လူကောင်းဂိုဏ်းတစ်ခု ဖြစ်မည်ဆိုလျှင် ကျွင်းချောင်ရှောင်းသည် ထိုလူများကို အသက်ရှင်ခွင့်ပေးပေလိမ့်မည်။

သို့ပေမဲ့ မိစ္ဆာဂိုဏ်းသားများ ဖြစ်သည့်အတွက်ကြောင့် သတ်ဖြတ်လိုက်သည်ကသာ အကောင်းမွန်ဆုံးသော ရွေးချယ်မှုဖြစ်၏။

မကြာခင်မှာပဲ စုရှောင်မိုသည် လင်းယုန်နက်ဂိုဏ်း၏ ရတနာခန်းအား အရင်ဆုံးရှာဖွေတွေ့ရှိခဲ့သည်။ ကြီးမားလှသော ကျောက်တံခါးကြီးအား တွန်းဖွင့်ပြီးသည့်နောက်မှာတော့ တလက်လက် တောက်ပနေသော ကျောက်မျက်ရတနာများအား သူ မြင်လိုက်ရသည်။ သူသည် မျက်စိများကျိန်း၍ မျက်လုံးတောင် မဖွင့်နိုင်ချေ။

မျက်လုံးကျင့်သားရပြီးသည့်နောက်မှာတော့ စုရှောင်မို သည် တောင်လိုပုံလျက်ရှိသော ရွှေငွေ ကျောက်သံပတ္တမြားတို့အား ကြည့်၍ မယုံကြည်နိုင်ဟန်ဖြင့် ပြောလိုက်သည်။

"များလိုက်တဲ့ ရတနာတွေ"

ထိုသတင်းကိုကြားချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် အလျင်အမြန်ပဲ တောင်ပေါ်သို့တက်လာ၏။

အကြမ်းဖျင်းတွက်ချက်ကြည့်လိုက်တော့ ထိုအရာများအားလုံးသည် ဆယ်သန်းနီးပါးခန့် တန်ဖိုးရှိမည် ဖြစ်ကြောင်း သူသိလိုက်မိ၏။

သူသက်ပြင်းချလိုက်မိသည်။ "ဒီ အဆင့်ခုနစ်ဂိုဏ်းက တော်တော်ချမ်းသာတာပဲ။"

လင်းယုန်နက်ဂိုဏ်းသည် ဓားပြများဖြစ်၏။

ထို့ကြောင့် သူတို့သည် အလွန်အမင်းချမ်းသာကြသည်။ သို့ပေမဲ့ ကံဆိုးစွာဖြင့် ထိုအရာများကို သုံးစွဲရန် အခွင့်အရေးမရှိခဲ့ပေ။ ရတနာများအား ကျွင်းချောင်ရှောင်းသည် ယူဆောင်သွားပြီးဖြစ်သည်။

ပြီးနောက် တပည့်များသည် လဲ့ဟိုင်ရှ၏ အခန်းအတွင်း၌ လျှို့ဝှက်ခန်းတစ်ခုအား ရှာဖွေတွေ့ရှိခဲ့ကြ၏။ ထိုအထဲတွင်တော့ စိတ်ဝိညာဉ်ကျောက်တုံးငါးရာကျော်ခန့် ရှိနေ၏။

ပြောနေစရာမလိုပေ။ ထိုအရာများ အားလုံးကို ကျွင်းချောင်ရှောင်းသိမ်းဆည်းလိုက်တော့သည်။

ဂိုဏ်းတစ်ခုလုံးကို ရှာဖွေပြီးသည့်နောက်မှာတော့ လင်းယုန်နက်ဂိုဏ်း၏ တန်ဖိုးရှိသော ရတနာပစ္စည်းများအားလုံး၊ သိုင်းနည်းစနစ်များ ၊ လက်နက်များအပါအဝင် အရာအားလုံးအား ကျွင်းချောင်ရှောင်းသည် သိမ်းဆည်းလိုက်ပြီဖြစ်သည်။

သူ၏သိုလှောင်လက်စွပ်သည် ငါးဆ ပိုမိုကျယ်ဝန်းသွားပြီဖြစ်သောကြောင့် နေရာလွတ်များ အများကြီးရှိသည်။

"ကောင်းပြီ ပြန်သွားရအောင်။"

"ဝှစ်"

အားလုံးသည် တောင်ပေါ်မှ ဆင်းသက်လိုက်ချိန်မှာတော့ လင်းယုန်နက်ဂိုဏ်း၏ ဌာနချုပ်သည် ရုတ်တရက်ဆိုသလိုပဲ မီးညွန့်မီးတောက်များနှင့် ကျွမ်းလောင်သွားတော့သည်။

လွန်ခဲ့သော နှစ်တစ်ရာခန့်က တည်ဆောက်ခဲ့သော အဆောက်အဦးများအားလုံးသည် မီးလောင်၍ ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်၏။

အဆင့်ခုနစ် မိစ္ဆာဂိုဏ်းတစ်ခု ဖျက်ဆီးခံလိုက်ရပြီဖြစ်ကြောင်းကို သိရှိလိုက်ရချိန်မှာတော့ ဟွာရင်နိုင်ငံရှိ လူများအားလုံးသည် မယုံကြည်နိုင်သလိုပင် ဖြစ်နေကြသည်။

ဤသတင်း မနက်တွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားပါက အကုန်လုံး အုတ်အော်သောင်းနင်း ဖြစ်သွားမှာ သေချာ၏။

……..

"ဝမ်းကွဲ …. ငါ မင်းအတွက် လက်စားချေမယ်။"

သံမဏိအရိုးဂိုဏ်းတပည့်များအားလုံး ဆုတ်ခွာသွားချိန်မှာတော့ သိုင်းပညာရှင်တစ်ယောက်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်၍ ကြီးမားလှသော ကျောက်တုံးနက်ကြီးနောက်မှ ထွက်ပေါ်လာသည်။

ထိုသူသည် ဂိုဏ်းသားသစ်စုဆောင်းရန် ချင်းယန်နိုင်ငံသို့ ကျွင်းချောင်ရှောင်းသွားသည့်အချိန်၌ တောနက်ထဲတွင် ရိုက်နှက်ခဲ့သော အစိမ်းရောင်မာဖလာနှင့် ကျင့်ကြံသူ တိုင်လု ဖြစ်ကြောင်းကို ည၏ အလင်းအကူအညီဖြင့် မြင်ရပေလိမ့်မည်။

စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းတစ်ခုလုံး ဖျက်ဆီးခံရပြီးသည့်နောက်မှာတော့ သူသည် နတ်စမ်းချောင်းဂိုဏ်းသို့ သွားခဲ့၏။

ဟုတ်ပေသည်။ တိုင်လုသည် နတ်စမ်းချောင်းဂိုဏ်းသို့ ဝင်ရောက်ပြီး ခက်ခဲလှသည့် စမ်းသပ်မှုများကို ကျော်ဖြတ်ပြီးသည့်နောက်မှာတော့ သူသည် အပြင်စည်းတပည့်တစ်ယောက် ဖြစ်လာခဲ့သည်။ အပြင်စည်း တပည့်များသည် အတွင်းစည်းတပည့်များနှင့်စာလျှင် အဆင့်နိမ့်ပါးကြ၏။

သူတို့၏ နေ့စဉ်လုပ်ဆောင်ရသည့် အလုပ်များမှာ သစ်ခုတ်ခြင်း၊ ရေသယ်ခြင်းနှင့် လယ်လုပ်ငန်းများ ပြုလုပ်ရခြင်းပင်ဖြစ်သည်။ ကျေးကျွန်များနှင့်ပင် မခြားနားကြချေ။

သို့ပေမဲ့ စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်း၏ အရင်ဂိုဏ်းချုပ်အတွက် လက်စားချေရန် တိုင်လု သည် အလွန်အမင်းကြိုးစားခဲ့၏။ အားရပါးရကျင့်ကြံခဲ့၏။

လက်ရှိအချိန်မှာတော့ သူသည် စွမ်းအင်ဖွင့်ခြင်းအဆင့်တစ်ဆယ်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။

လွန်ခဲ့သောလဝက်တုန်းက ဂိုဏ်းသည် ဟွာရင်နိုင်ငံသို့လာ၍ စာတစ်စောင်ပေးရန် သူ့အား တာဝန်ပေးအပ်ခဲ့၏။ သူသည် ထို့ကြောင့် ဤနိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်သည်။

သူ တာဝန်ကို ပြီးမြောက်အောင် ပြုလုပ်ပြီးသည့်နောက် ဂိုဏ်းဆီသို့ပြန်ရန် ပြင်ဆင်လိုက်သည်။

သို့ပေမဲ့ မြို့ထဲသို့ ရောက်ရှိန်တွင် လင်းယုန်နက်ဂိုဏ်းသား တစ်ယောက်ဖြစ်သော သူ၏ဝမ်းကွဲနှင့် တွေ့ဆုံခဲ့ရပြီး လင်းယုန်နက်ဂိုဏ်းသို့ အလည်အပတ်လိုက်လာခဲ့၏။

တိုင်လု၏ ဝမ်းကွဲသည် တိုင်လုအား လင်းယုန်နက်ဂိုဏ်းသို့ ဝင်ရောက်စေရန် အခွင့်အရေးရတုန်း ဆွဲဆောင်လျက်ရှိသည်။

သို့ပေမဲ့ မည်သူထင်မှတ်မိနေမည်နည်း။ သူ ဂိုဏ်းသို့ အလည် ရောက်သည့် ဒုတိယနေ့မှာပဲ ဂိုဏ်းတစ်ခုလုံး ဖျက်ဆီးခံလိုက်ရသည်။

တိုင်လုသည် သူ၏ဝမ်းကွဲနှင့်အတူ ဝိုင်တစ်ချို့ သောက်သုံးခဲ့၏။

ထို့ကြောင့် ညနက်ချိန်တွင် သေးပေါက်ချင်သောကြောင့် မူးနောက်နောက် နှင့် တောင်အနောက်ဘက်သို့ သွားရောက်ကာ သေးပေါက်နေခဲ့သည်။

ထိုအချိန်မှာပဲ အော်ဟစ်သံများကို ကြားခဲ့ရ၏။ သူ၏ အရက်မူးနေသည့် စိတ်များအားလုံးသည် ပျောက်ကွယ်သွားပြီး ချက်ချင်းဆိုသလိုပဲ သတိအပြည့် နှင့် ဖြစ်သွားခဲ့၏။

နောက်တော့ ကျွင်းချောင်ရှောင်းသည် တပည့်များနဲ့အတူ ပြန်လည်ထွက်ခွာသွားတော့သည်။

သူသည် လောင်ကျွမ်းနေသော မီးတောက်များ၏ အလင်းကြောင့် ကျွင်းချောင်ရှောင်းအား ချက်ချင်း မှတ်မိလိုက်သည်။

တိုင်လုသည် အမှန်တကယ်ကံကောင်းသည်ဟုဆိုရမည်။

ဂိုဏ်းချုပ်ကျွင်းသည် အခြားကမ္ဘာမှ ဝိညာဉ်ကူးပြောင်းရောက်ရှိလာပြီးနောက် ဂိုဏ်းနှစ်ခုအား ဖျက်ဆီးခဲ့သည်။ ဖျက်ဆီးခဲ့သော အချိန်တိုင်းတွင်လည်း တိုင်လုသည် ထိုဂိုဏ်းများ၌ ရှိနေပြီး အသက်ရှင် လွတ်မြောက်ခဲ့ရသည်။

ကံကောင်းသူတစ်ချို့သည် သေချင်နေလျှင်တောင်မှ မသေနိုင်ပေ။ ကံဆိုးလျှင်တော့ သေးသွားပေါက်သည့် အချိန်တွင် ဆိုင်းဘုတ်ပြားကြီး ပြုတ်ကျ၍ သေဆုံးသည့်အရာမျိုးလည်း ဖြစ်ပေါ်နိုင်၏။

"ကျွင်းချောင်ရှောင်း"

တိုင်လုသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး သူ၏စိတ်နှလုံးသားထဲကနေ ကြုံးဝါးလိုက်၏။

"ခင်ဗျား ကျုပ်ရဲ့ အဖွားရဲ့အမေရဲ့အဖေရဲ့ ဒုတိယဦးလေးရဲ့ မရီးရဲ့အစ်ကို ကို သတ်ပစ်ခဲ့တယ်။ ဒီအမုန်းတရားကို ဘယ်တော့မှ ငြှိမ်းသတ်နိုင်မှာ မဟုတ်ဘူး။"

"ဝမ်းကွဲ"

သူသည် အလွန်အမင်းကြီးမားကာ တောက်လောင်လျှက်ရှိသော မီးတောက်ကြီးဘက်ကို လှည့်ကြည့်ကာ ကြုံးဝါးလိုက်သည်။ "ငါ မင်းအတွက် ပြန်ပြီး ကလဲ့စားချေမယ်။"

တိုင်လုသည် အလွန်တရာ ဉာဏ်ကောင်းလှသူဖြစ်သည်။

သူသည် ချက်ချင်းမထွက်ခွာသွားချေ။ အောက်ဘက်တွင် သံမဏိအရိုးဂိုဏ်းတပည့်များ စောင့်စားနေမည်ကို စိုးရိမ်မိသောဖြစ်၏။

ထို့ကြောင့် သူသည် အမှောင်ထဲမှာ စောင့်စားလျက်ရှိသည်။

အရုဏ်တက်၍ ကောင်းကင်ကြီးတစ်ခုလုံး တောက်ပလာချိန်သည့်မှာတော့ သူ မြန်မြန်ဆန်ဆန်ဆိုသလိုပဲ တောင်အောက်သို့ ဆင်းသွားတော့၏။

သို့ပေမဲ့ သူ တောင်အောက်သို့ ဆင်းဆင်းချင်းမှာပဲ လေအေးတစ်ချက်သည် သူ့အားဖြတ်တိုက်သွားသည်။

အမည်းရောင်ဆံပင်တွေ နှင့် အဘိုးအိုတစ်ယောက်သည် ရုတ်တရက်ဆိုသလိုပဲ သူ၏ ဘေးနားတွင် ရောက်ရှိလာ၏။

ထိုသူ၏ မျက်လုံးထဲတွင် အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းသော သတ်ဖြတ်လိုခြင်းဆန္ဒများနှင့် ပြည့်နှက်နေသည်။

သံမဏိအရိုးဂိုဏ်းတပည့်များ တွေ့သွားမည်ကို စိုးရိမ်လျက်ရှိသော တိုင်လုသည် ရုတ်တရက် တစ်စုံတစ်ယောက် အနားမှာပေါ်လာသည်ကို တွေ့ရှိလိုက်ချိန်မှာတော့ ကြောက်လန့်တကြားနှင့် ထအော်လိုက်မိ၏။ "သရဲ"

"ဝှစ်"

ဝိညာဉ်အကြီးအကဲသည် မြန်မြန်ဆန်ဆန်ပဲ တိုင်လု၏ လည်ပင်းအား ဆွဲကိုင်လိုက်၏။

ထူးဆန်းသည့်အော်ရာများသည် ထွက်ပေါ်လာပြီး တိုင်လု၏ သိစိတ်ပင်လယ်ထဲသို့ ဝင်ရောက်သွားတော့သည်။ ထိုအရာမှာ အလွန်တရာ ကြမ်းတမ်းလှသော မိစ္ဆာနည်းစနစ်တစ်ခုဖြစ်ပြီး တစ်ခြားသူ၏ မှတ်ဉာဏ်များကို စုပ်ယူနိုင်စွမ်းရှိသည်။

အသုံးပြုသူသည် ပစ်မှတ်၏ မှတ်ဉာဏ်များကို အတင်းရှာဖွေ၍ သူလိုချင်သည့် သတင်းအချက်အလက်များကို ရယူခြင်းဖြစ်၏။

ခဏလောက်ကြာတော့ ဝိညာဉ်အကြီးအကဲသည် သူ၏လက်အား လွှတ်လိုက်၏။ သူ၏မျက်လုံးများသည် မှုန်ကုတ်လျက်ရှိ၏။ "သံမဏိအရိုးဂိုဏ်း …. မင်းတို့က ငါ့အချစ်ဆုံးတပည့်ကို သတ်ပစ်လိုက်ရုံတင်မကဘူး ငါ့ရဲ့ လင်းယုန်နက်ဂိုဏ်းကိုလည်း ဖျက်ဆီးခဲ့တယ်။ဒီအဖိုးကြီးက အကြွေးကို အဆတစ်ထောင်လောက် ပြန်တောင်းတတ်တယ်။"

ပြောပြောပြီးချင်းမှာပဲ ထိုသူသည် ပျောက်ကွယ်သွားသည်။

မှတ်ဉာဏ်များအား အတင်းထုတ်ယူခံလိုက်ရသော တိုင်လုမှာတော့ ခန္ဓာကိုယ်တစ်ခုလုံး မြေပေါ်သို့ လဲကျသွားသည်။

သူသည် သူ၏ဦးခေါင်းအား လက်နှစ်ဖက်ဖြင့်ကိုင်၍ နာကျင်စွာအော်ဟစ်နေ၏။ သူ၏အသိစိတ်သည် တဖြည်းဖြည်းနှင့် ပျောက်ကွယ်နေ၏။

"ငါသေတော့မယ်။" တိုင်လုသည် လက်ကျန်ကျန်ရှိနေသော သေးငယ်လှသော သိစိတ်ကလေးဖြင့် သေသေချာချာ စဉ်းစားလိုက်မိ၏။

သူ၏ အရင်ဂိုဏ်းချုပ်ဟောင်း၊ သူ့ဝမ်းကွဲအတွက် လက်စားချေရန် သူသည် မသေချင်သေးပေ။ သူ၏နှလုံးသားထဲတွင် အလွန်တရာ အားကောင်းလှသော အသက်ရှင်စိတ်များရှိနေ၏။ သို့ပေမဲ့ သူ့အတွက် မလွယ်ကူလှချေ။

သေခြင်းတရားသည် တဖြည်းဖြည်းနှင့် နီးကပ်လာနေသည်။

"ငါမသေချင်ဘူး။"

ရုတ်တရက်ဆိုသလိုပဲ တိုင်လု၏ခန္ဓာကိုယ်တစ်ခုလုံးအား အစိမ်းရောင်အလင်းတွေက လွှမ်းခြုံသွားတော့သည်။

သူ၏အမည်းရောင် ဆံပင်များသည်ပင် စိမ်းနုရောင်များအဖြစ် ပြောင်းလဲသွား၏။

ရုတ်တရက် ပျေက်ကွယ်လုနီးပါးဖြစ်နေသော အသက်ဓာတ်များ အားလုံးသည် ဖြည်းဖြည်းချင်း ပြန်လည် ကောင်းမွန်လာတော့သည်။

All Chapters